Author Topic: ကိုကိုထွန်းအေးတင်တဲ့ဟာသများ  (Read 217275 times)

0 Members and 1 Guest are viewing this topic.

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
                                                        မကပ်ဖူး..

တစ်ခါက တိုင်းပြည်အကြီးအကဲ တစ်ဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်တင်ချင်သည့်အတွက် ၄င်း၏ပုံကို တံဆိပ်ခေါင်းအဖြစ် ထုတ်ဝေခဲ့သည် ။ထုတ်ဝေပြီး
တစ်လခန့် အကြာတွင် ရောင်းအားကောင်း မကောင်းစာတိုက်ကြီးသို့  ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည် ။

အကြီးအကဲ..." ငါ့ပုံနဲ့  တံဆိပ်ခေါင်း ရောင်းကောင်းသလားဟေ့.."

စာတိုက်မှူး..." ကောင်းပါတယ်..ဒါပေမဲ့ တံဆိပ်ခေါင်းက သိပ်မကပ်ဖူးလို့  ပြောကြတယ်.."

အကြီးအကဲ.." မဖြစ်နိုင်တာ.."

တံဆိပ်ခေါင်းတစ်ခုကို ကိုယ်တိုင်ယူပြီး နောက်ကျောကို တံတွေးထွေးကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည် ။

အကြီးအကဲ.." ကပ်လိုက်တာမှ မြဲနေတာပဲကွာ.."

စာတိုက်မှူး..." သူတို့ က တံတွေးကို တံဆိပ်ခေါင်းရဲ့  ရှေ့ မှာ ထွေးကြလို့ ပါ ခင်ဗျ.."
+14
« Last Edit: August 25, 2015, 01:31:21 PM by tunaye2011 »

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
Warning: this topic has not been posted in for at least 120 days.
Unless you're sure you want to reply, please consider starting a new topic. တဲ့
ဟာနေတာတွေလည်း မသနိုင်..ရီဘို့ နေနေသာသာ မောမော နေရတာနဲ့  ၆ လကျော် ဘာမှ မတင်ဖြစ်ခဲ့ပါလား.. :( :(
အခုတော့ ဦးပေါ်ဦးကို ပင်တိုင်ထားပြီး ဟို အပျိုကြီးကို စချင်လို့ ရေးလိုက်ဦးမှ.... ;D ;D ;D

                          အိမ်း..ဟုတ်ပေသားပဲ..

" ဟဲ့..ပေါ်ဦး..အပျိုကြီး ဖြစ်ရတာ ရှုံးလား မြတ်လားဟဲ့..? "
" မှန်ပါ့..သေသေချာချာတွေးကြည့်ရင် ရှုံးကြောင်းပါဖျား..
  အဖေနဲ့ အမေ နှစ်ယောက်က သူ့ ကို မွေးလိုက်တာ သူက နှစ်ယောက်ပြန်မွေးမှ အရင်းပဲ ရှိပါတယ်ဖျား..
  ခုတော့ တစ်ယောက်တောင် ပြန်မမွေးနိုင်မှတော့ ခွက်ခွက်လန်အောင် ရှုံးနေကြောင်းပါ့ ဖျားး...."

(click to show/hide)
+11
« Last Edit: August 25, 2015, 01:30:39 PM by tunaye2011 »

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
ကျနော့် အိမ်နားမှာ နေတဲ့ ကိုဖိုးတုတ် တရက်မှာ သူ့သား စာမေးပွဲမှာ ၃ ဘာသာကျလို့
ဆရာမက ကျောင်းကို လာတွေ့လှည့်ပါလို့ စာရေးပြီး ခေါ်တွေ့တယ် ။ကိုဖိုးတုတ်က ကျနော့်ကို သူနဲ့
လိုက်ခဲ့ပေးပါခေါ်လို့ လိုက်သွားခဲ့တာ ကံကောင်းလို့ ရဲစခန်း မရောက်တယ်

ဖြစ်ပုံက
ဆရာမက သူ့သားဟာ စာမကြိုးစားကြောင်း လေ့ကျင့်ခန်းစာအုပ်ကို ကိုယ်တိုင်မလုပ်ဘဲ ကူးချကြောင်း အိမ်စာပေးလဲ မလုပ်ကြောင်း ဒီပုံစံအတိုင်း သွားနေရင် အတန်းမတက်ဘဲ ကျမှာ ဖြစ်ကြောင်း ကိုဖိုးတုတ်ကို ပြောတယ် ။ ဆရာမက အရွယ်တင်တယ်ကိုယ်လုံးကိုယ်ပေါက်လည်း လှတယ်
မျက်နှာမှာလည်း မိတ်ကပ်ပါးပါး နှုပ်ခမ်းနီရဲရဲနဲ့ အတော်ကြည့်ကောင်းတယ် ။ ကိုဖိုးတုတ်က ဆရာမ
ပြောနေတာကို နားထောင်ရင်း ဆရာမကိုမျက်တောင်မခပ်တန်း ငေးကြည့်နေတယ် လှလည်းလှတာကိုး
ဆရာမက ကိုဖိုးတုတ်ကို စာမေးပွဲကျတာ သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ် ။ ထိုးပေးပြီး အေးဆေး
မပြန်ဘဲ လောကွတ်စကားသွားပြောတဲ့ ကိုဖိုးတုတ်
အစကမှ သူ့မျက်လုံးဒဏ်ကြောင့် အနေရ အထိုင်ရ ခက်နေတဲ့ ဆရာမတခါတည်း ပေါက်ကွဲပြီး
ကျောင်းအုပ်နဲ့တိုင်မယ် အိနြေ္ဒဖျက်ဆီးမှုနဲ့ အမှုဖွင့်မယ်နဲ့ လုပ်လို့ ကြားက ကျနော်တောင်းပန်ပြီး အမြန်ဆွဲခေါ် ပြန်ပြေးခဲ့ရတယ် ။ သူပြောတာက
" ဆုံးမပါဆရာမရယ်
  ဆရာမ သားလို သဘောထားပါ
  ဆရာမက
  သားရဲ့ဒုတိယ အမေပါဘဲ " တဲ့

ပြောပုံ ကိုက အနှောင့်အသွား မလွတ်နေရာတကာ အမေ အမေ နဲ့ လေးစားတာလိုလို
အသားယူတာလိုလို

Credit to Origin
+6

Tags: