Author Topic: ကိုကိုထွန်းအေးတင်တဲ့ဟာသများ  (Read 222352 times)

0 Members and 1 Guest are viewing this topic.

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3345
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19644
       "     စေ   တ   နာ   အ   ကျိုး   ပေး     "




       "     မသီတာ..ဒိတစ်လထဲမှာ ရှင့်ယောက္ခမကြီး မှိုအဆိပ်သင့်တာ သုံးကြိမ်တောင် ရှိပါပကော     "

       "     အဲ့ဒါ ကျမ အပြစ်မဟုတ်ပါဘူးရှင်..။ ကျမစားဖို့ ဆိုပြီး ယောက္ခမကြီးက မှိုဟင်းချက်တယ်..ဒါပေမဲ့

             အသက်ကကြီးတော့ သတိမေ့ပြီး သူ့ ဟာသူ ယူစားမိတာလေ...အဲ့ဒါကြောင့်ပါ..   "





       "     သ   တိ   ပေး   စာ   တမ်း     "


       စားသောက်ဆိုင်တွင် ချိတ်ထားသော သတိပေးစာတမ်း..

       "     အရာခပ်သိမ်းကို မေ့ပစ်ချင်တဲ့စိတ်နဲ့  လူကြီးမင်း အရက်လာသောက်တာဖြစ်တယ်..

             ဒါကြောင့် ပိုက်ဆံ ကြိုရှင်းပါ..   "






+15

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3345
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19644
      "     ခက်   ခက်   ခဲ   ခဲ     "



      ထောင်ထဲရောက်နေသော မာဖီးယားခေါင်းဆောင်ထံ ၄င်း၏ရှေ့ နေ လာတွေ့ သည် ။ မာဖီးယားခေါင်းဆောင်က

ပြောသည် ။

      "     ရော့ .. ဟော့ဒီ အတက်ချီကေ့စ်ကို ယူသွား..။ အထဲမှာ ဒေါ်လာ တစ်သန်း ပါတယ်..။ ကျုပ်ကို ထောင်ဒဏ်

            တစ်နှစ်ပဲ ချဘို့  တရားသူကြီကို စည်းရုံးပါ..  "

      "     ကျနော် စဉ်းစား ပါရစေ     "

      "     ဘာမှ မစဉ်းစားနဲ့ ..ခင်ဗျားစဉ်းစားတာ ကျုပ် စိတ်မ၀င်စားဘူး..ပိုက်ဆံယူပြီး. ကျုပ်ခိုင်းတာလုပ်..ဒါပဲ    "

      အိတ်ကို ဆွဲပြီး ရှေ့ နေ ထွက်သွာားသည် ။ စီရင်ချက်ချမည့်ရက် ရောက်လာသည် ။ တရားရုံးမှာ ပရိသတ်တွေ အတော်

များများ ရောက်နေကြသည် ။ တရားသူကြီးက စီရင်ချက်ကို ဖတ်ကြားသည် ။

      "     ထောင်ဒဏ် တစ်နှစ် ကျခံစေ.... "

      ရှေ့ နေကို မာဖီးယားခေါင်းဆောင် ၀မ်းသားအားရ ပုခုံးကို ဖက်ပြီး မေးသည် ။

      "     မှန်မှန် ပြောစမ်းပါ... ထောင်ဒဏ်တစ်နှစ်ပဲပေးဘို့  တရားသူကြီးကို သိမ်းသွင်းရတာ အတော် ခက်သလား    "

      "     ခက်တာတော့ မပြောနဲ့ တော့...သူက ခင်ဗျားကို ကွင်းလုံးကျွတ် လွှတ်မလို့  လုပ်နေတာ ..  "
+22

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3345
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19644
" တွေ့ လိုသူ  "

ကိန်းရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ပြပြီး ဧည့်ခံပွဲတစ်ခုလုပ်၏ ။ ဧည့်သည်များအကြား

အမျိုးသမီးတစ်ဦးက တစ်စုံတစ်ယောက်ကိုရှာရင်း

" ဂျင်မီဝုဖ် ကိုတွေ့ မိလားရှင် " ဟု ဓါတ်ပုံဆရာကို မေးလိုက်သည် ။

" မတွေ့ မိဘူးဗျ..ရုပ်ရှင်မင်းသား မိုက်ကယ်ဒေါက်ကလပ်တော့ ဟိုမှာ ရှိတယ် ."

" အို...ကျမ လက်ထပ်ထားတာ မိုက်ကယ်ဒေါက်ကလပ် မဟုတ်ဘူးရှင့် "


" တစ်ခုတော့ ခွင့်ပြုပါ  "

ဥရောပနှင့် မြောက်အမေရိကတိုက်သို့ သွားသည့် လေယာဉ်ခရီးစဉ်`၌ လေယာဉ်ပေါ်တွင်

ဆေးလိပ်မသောက်ရန် စင်္ကာပူလေကြောင်းလိုင်းက ပိတ်ပင်တားမြစ်ထားသည် ။ ခရီးသည်

တစ်ဦးက စည်းကမ်းမဲ့ သောက်မည်အပြုတွင် လေယာဉ်မယ်ရောက်လာပြီး

" လေယာဉ်ပေါ်မှာ ဆေးလိပ်သောက်ခွင့်မပြုပါဘူးရှင်.. "

" ဒါဆို မသောက်တော့ပါဘူး..လေယာဉ်ပေါ်မှာ တစ်ယောက်ထဲ သွားလာရတဲ့ ကျနော့်ကို

  အပျင်းပြေ ရည်းစားစကားတော့ ပြောခွင့်ပြုစေချင်ပါတယ်.."
+9

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3345
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19644
                                           သေရှာပြီ..

ကျောင်းစိမ်းဝတ်စုံတူညီ ကျောင်းသား ကျောင်းသူလေးများနှင့် ဆရာမလေးတို့  ဓါတ်ပုံအတူတူ

ရိုက်ကြသည် ။ ပြီးနောက် အတန်းသူအတန်းသားအားလုံး ဓါတ်ပုံ ယူကြရန်အတွက် ဆရာမလေး

စည်းရုံးသည် ။

" ဒီဓါတ်ပုံလေးတွေက နောင်တစ်ချိန်ကြရင် အမှတ်တရ ဖြစ်လာမှာကွဲ့ ..ဒါကြောင့်အားလုံး

အားလုံး.တစ်ယောက်တစ်ပုံ ယူကြရမယ်နော်..."

" အသက်ကြီးလာလို့  ပြန်ကြည့်ဖြစ်တဲ့အခါ..ဒါကတော့..မောင်လူကြီး..အခုတော့ ဗိုလ်မှူးကြီး

ဖြစ်နေပြီ..ဒီတစ်ယောက်က မမဲတူ..သူက စိန်ဆိုင်ပိုင်ရှင်ဖြစ်နေပြီလေ.."

ကျောင်းသားတစ်ယောက်အသံက ကြားဖြတ်ထွက်လာသည်..။

" ဒါကတော့..ဒို့ ဆရာမပေါ့..အခုတော့..သေရှာပြီ... "
+10
« Last Edit: January 14, 2014, 03:10:29 PM by tunaye2011 »

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3345
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19644
မင်းဘယ်သူလဲ

အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ဖြစ်သည် ။ အမျိုးသမီးတွေသီးသန့် စုရုံးပြီး တည်မြဲတဲ့ အိမ်ထောင်တစ်ခု

တည်ဆောက်ခြင်း ဆိုတဲ့ အကြောင်းအရာကို ဟောပြောပို့ ချနေခြင်းဖြစ်သည် ။ ဟောပြောနေသူက ကိုယ့်

အမျိုးသားကို  အမှန်တစ်ကယ်ချစ်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ ဟု အမျိုးသမီးတွေကို မေးသည် ။

အမျိုးသမီးအားလုံး လက်ညှိုးထောင်ကြသည် ။

နောက်တစ်ခါ  ကိုယ့်အမျိုးသားကို ဘယ်နေ့ က ချစ်တယ်လို့  နောက်ဆုံးပြောခဲ့သလဲ လို့  ထပ်မေးပြန်သည် ။

ဒီတစ်ခါတော့ အချို့ က ဒီနေ့  ၊ အချို့ က မနေ့ က  အချို့ က မှတ်တောင် မှတ်မိဘူးဟု ဖြေကြသည် ။

ထိုအခါ ဟောပြောနေသူ အမျိုးသမီးကြီးက ကိုယ့်ယောင်္ကျားတွေဆီကို  I Love You , Sweetheart .ဆိုတဲ့

စာတစ်စောင် ပို့ ခိုင်းသည် ။ ထို့ နောက် ဖုန်းတွေ အပြန်အလှန်လဲပြီး ပြန်စာကို ဖတ်ခိုင်းပါတယ်.။

တစ်ချို့ ပြန်စာတွေကတော့

" ကလေးအမေရေ..မင်းဖျားနေတာလား.."

" ဘာလဲ..ကားတိုက်မှု ဖြစ်ပြန်ပြီလား.."

" နင်.အခု ဘာတွေပြောနေတာလဲ..ငါနားမလည်ဘူး.."

" ???????????? "

" ဒီစကားချည်းလာပြောမနေနဲ့ ..ငွေဘယ်လောက်လိုလို့ လဲ."

" ကိုယ်အိပ်မက်ထဲ ရောက်နေတယ်ထင်တယ်.."

" ဒီ message က ဘယ်သူအတွက်လည်းဆိုတာ ငါသေချာမသိရင် နင် ဒီနေ့ သေဘို့ ပြင်ထား "

" အရက်မသောက်ပါနဲ့ လို့  အတန်တန်တားထားရဲ့ နဲ့ ကွာ.."

အဲ့ဒီထဲမှာ အကောင်းဆုံး ပြန်စာကတော့

" မင်း ဘယ်သူလဲ "
+7

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3345
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19644
                   အရွယ်က စကားပြောတယ်

တောလမ်းခရီးတစ်ခုမှာ လူငယ်တစ်ယောက်နဲ့  အဖိုးအိုတစ်ဦး တွေ့ ကြတယ်.။

" အဘ ..ဘယ်သွားမလို့ လဲ "

" ဟိုဘက်ရွာကွာ "

" ဒါဆို အတူတူ သွားကြတာပေါ့ "

" အေး "

" ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ "

" အငြိမ့်ကမယ်ပြောလို့  သွားကြည့်မှာကွ.."

" ဟင်...ကျနော်သာ အဘအရွယ်ဆို အငြိမ့်မကြည့်တော့ဘူး "

အဖိုးအိုကတော့ ဘာမှ ပြန်မပြောဘူး ။ ခဏနေတော့ အဖိုးအိုက ပုလင်းတစ်လုံးထုတ်ပြီး

မော့သောက်လိုက်တယ် ။

" ဘာတွေလဲ အဘ "

" အရက် "

" ဟင်..ကျနော်သာ အဘအရွယ်ဆို အရက်မသောက်တော့ဘူး.."

ခဏနေတော့ အပင်တစ်ပင်အောက်မှာ ခရီးတစ်ထောက်နားကြတယ်..။ လူငယ်က

အပင်ပေါ်မော့ကြည့်ပြီး ပြောတယ် ။

" ဟာ..အဘ ..သရက်သီးတွေဗျ.."

" ဟုတ်တယ်..ဒီအပင်က အသီးက တော်တော်ကောင်းတာ..ငါတို့ ငယ်ငယ်တုန်းက

ခူးစားနေကျကွ "

" စားချင်တယ်ဗျာ "

" ငါသာ မင်းအရွယ်ဆို အပင်ပေါ်တက်ခူးတယ်.." ဆိုတော့ လူငယ်လဲ မခံချင်ဖြစ်ပြီး

အပင်ပေါ် တက်ခူးပါလေရော..။ ခူးပြီးလို့ ပြန်ဆင်းတော့ မဆင်းတတ်တော့ဘူး ။

" အဘ..လုပ်ပါဦး ဒီဂွကြားကနေ ဆက်မဆင်းတတ်တော့ဘူး "

" ငါသာ မင်းအရွယ်ဆိုရင် အဲ့ဒီ ဂွကြားကနေ ခုန်ချတယ် "

ဒါနဲ့ အဟုတ်မှတ်ပြီး ခုန်ချလိုက်တာ ခြေထောက်နှစ်ချောင်း သွင်သွင်ကျိုးပါလေရောဗျာ..။

" အား....ကျိုးပြီအဘရေ  "

" ကျိုးမှာပေါ့ .ဒီလောက်အမြင့်ကြီးက ခုန်ချတာ "

" ဗျာ...ခုနပြောတော့ ကျနော့်အရွယ်သာဆို အဘ ခုန်ချတယ်ဆို.."

" အေးလေ..ငါမင်းအရွယ်တုန်းက ဒီအပင်က နိမ့်နိမ့်လေးကွ.."

" သေပါတော့ဗျာ..."

+10
« Last Edit: January 28, 2014, 12:26:32 PM by tunaye2011 »

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3345
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19644
                         အရက်သောက်ခြင်းသည်

အရက်ရဲ့ ဆိုးကျိုးတွေကို သိစေချင်လို့ အဖေက သားကို လက်တွေ့  ပြပါတယ်..။

ဖန်ခွက်နှစ်ခွက်ကိုယူပြီး တစ်ခွက်မှာ ရေထည့်လိုက်တယ် ။ နောက်တစ်ခွက်မှာတော့

ဝီစကီထည့်ထားလိုက်တယ် ။ ပြီးတော့ အဲ့ဒီခွက်တွေထဲကို တီကောင်တစ်ကောင်စီ

ထည့်ပြလိုက်တယ်..။ ပထမရေခွက်ထဲကို တီကောင်တစ်ကောင်ထည့်တော့ တီကောင်က

အသက်ရှင်နေပြီး..၀ီစကီခွက်ထဲကိုထည့်လိုက်တဲ့ တီကောင်ကတော့ တွန့် လိမ်ပြီး အသက်

ထွက်သွားပါတယ်.။ ဒီတော့ အဖေက ပြောတယ်..။

" ကဲ..သား..ဒါက ဘာကိုဆိုလိုတယ်ဆိုတာ သားအမြင်လေး ပြောစမ်းပါဦး.."

ဒီတော့ သားဖြစ်သူက ပြန်ဖြေတယ်..။

" ဟုတ်ကဲ့..အရက်သောက်ခြင်းဟာ ၀မ်းထဲမှာ ရှိတဲ့ သန်ကောင်တွေကို သေစေနိုင်ပါတယ်.."
+14

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3345
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19644
                           လိုင်စင်ပိတ်တယ်...

ကိုဘမောင် သူငယ်ချင်းက ယာဉ်ထိန်းရဲမေ တစ်ယောက်နဲ့ လက်ထပ်လိုက်တယ်.။

မနေ့ ညက သူ့ ရဲ့  မင်္ဂလာဦးည လေ..

ယောင်္ကျားချင်းဆိုတော့ သူ့ အတွေ့ အကြုံလေးသိချင်တာနဲ့  ကိုဘမောင် ဖုန်းဆက်မေးလိုက်တယ် ။

" ဟရောင်...မင်းရဲ့ လူပျိုဘ၀ နောက်ဆုံးညလေးအကြောင်း ဖောက်သယ်ချပါဦးကွ..ဟီ ဟိ.."

" မဟီဟိနဲ့ ဟေ့ရောင်..."

" ဟင်....ဘာဖြစ်လို့ တုန်းဟ ."

" ညက ငါ့ကို over speed ဆိုပြီး ဒဏ်ငွေ ၅၀၀၀ိ တပ်တယ်..။ မရပ်ရမဲ့ နေရာမှာ ရပ်လို့ .

ဒဏ်ငွေ ၅၀၀၀ိ...၊ မ၀င်ရတဲ့လမ်းကို ၀င်လို့ ဆိုပြီး ဒဏ်ငွေ ၁၀၀၀၀ိ တပ်တယ်.."

" ဟင်...လွန်တာပေါ့ကွ..."

" ဒဏ်ငွေက ပြဿနာမရှိဘူး...ကျွမ်းကျင်မှု မရှိလို့ ဆိုပြီး..လိုင်စင် တပါတ် ပိတ်လိုက်တာက

ဆိုးတာ...အီး.ဟီးဟီး..."

" ငင်........"

+15

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3345
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19644
                      အနမ်းချင်းအတူတူ

" ဒီမယ်.ကိုဘမောင်

  ခင်ဗျား..ရဲမေကိုတော့ သွားမနမ်းနဲ့ နော်..ခင်ဗျား သွားနမ်းလို့ ကတော့

  ရပ်စမ်းးးး.....လက်မြှောက်လိုက်
လို့  ပြောလိမ့်မယ်.. "

" ဆရာဝန်မကိုလဲ သွားမနမ်းလေနဲ့ ဗျို့ ..ခင်ဗျားနမ်းပြီးရင်..

  ပြီးပြီ...နောက်တစ်ယောက် လို့  ပြောလိမ့်မယ်ဗျ.."

" အဲ..နမ်းချင်ရင်တော့ ကျောင်းဆရာမကိုသာ နမ်းဗျို့ ...

  ခင်ဗျား နမ်းပြီးရင် မှားတယ်..နောက်ထစ်ခါ ထပ်လုပ် လို့  ပြောလိမ့်မယ်.. ;D ;D ;D ;D "
+19

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3345
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19644
အရေးအကြီးဆုံး

၁။ သင့်မှာ အိမ်မှုကိစ္စတွေ ကူညီပေးဘို့  ၊ သင့်ကို ချက်ပြုတ်ကျွေးမွေးဘို့  မိန်းမကောင်းတစ်ယောက် ရှိဘို့  အရေးကြီးတယ်..။

၂။ သင့်မှာ သင်စိတ်ညစ်လာတဲ့အခါ ပျော်ရွှင်လာအောင် ဟာသလေးတွေနဲ့ စိတ်အပန်းဖြေပေးတတ်တဲ့ မိန်းမကောင်းတစ်ယောက် ရှိဘို့ အရေးကြီးတယ်.။

၃။ သင့်မှာ ယုံကြည်စိတ်ချရပြီး ဘယ်တော့မှ လိမ်မပြောတတ်တဲ့ မိန်းမကောင်းတစ်ယောက် ရှိဘို့  အရေးကြီးတယ်..။

၎။ သင့်မှာ သင့်ကို ယုယကြင်နာတတ်တဲ့ မိန်းမကောင်းတစ်ယောက် ရှိဘို့ အရေးကြီးတယ်..။

၅။ အရေးအကြီးဆုံးက အဲ့ဒီမိန်းမလေးယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် မသိဘို့ အရေးကြီးတယ်..။
+14

Tags: