Author Topic: ကိုကိုထွန်းအေးတင်တဲ့ဟာသများ  (Read 216446 times)

0 Members and 2 Guests are viewing this topic.

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
       ဆိုဗီယက်ခေတ်အဆက်ဆက်တွင် ဟာသများ ပေါ်ထွက်ခဲ့ပါသည် ။ သို့ ရာတွင် အင်ဒရိုပေါ့ နှင့် ချယ်နင်ကို တို့ နှစ်ဦးမှာ

ကျန်းမာရေးမကောင်းသဖြင့် နိုင်ငံ့တာဝန်ကို ကြာရှည် မထမ်ဆောင်နိုင်ခဲ့ကြချေ ။ ထို့ ကြောင့် ၄င်းတို့ နှစ်ယောက်အကြောင်း ဟာသ

များ သိပ်မပေါ်ခဲ့ပေ ။ " ပယ်ရီစထရိုက်ကာ " ( ပြန်လည်တည်ဆောက်ရေးလမ်းစဉ် ) နှင့် " ဂလက်စနော့ " ( ပွင့်လင်းခြင်း ) ကို

အကောင်အထည်ဖော်ရန်ကြိုးပမ်းသူအဖြစ် လူသိများခဲ့သော ဂေါ်ဘာချော့ လက်ထက်ကျမှ ဟာသတွေ အမြောက်အများ ပြန်ပေါ်

လာခဲ့သည် ။ ထူးခြားသည်မှာ ဂေါ်ဘာချော့ အကြောင်းကို  ပြည်သူတွေကသာ ပျက်လုံးထုတ်သည်မဟုတ်ပဲ  ဂေါ်ဘာချော့ ကိုယ်တိုင်က

ရယ်ရယ်မောမော ပြောပြတတ်ခြင်းဖြစ်သည် ။

       "     အ   ၀   မ  စား   ပါ   နဲ့      "


       စားသောက်ကုန်များ ဆိုင်ပေါ်မှ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး အထွေထွေရှားပါးမှုနှင့် ရင်ဆိုင်ရစဉ်က ဖြစ်သည် ။

ဂေါ်ဘာချော့  ယူကရိန်းသို့ ရောက်လာသည် ။ ယူကရိန်းခေါင်းဆောင် " ကရာချူ " က လေဆိပ်မှာ လာကြိုသည် ။ အမျိုးသမီးငယ်

တစ်ဦးက ပေါင်မုန့် နှင့် ဆားခွက်ပါသော လင်ပန်းကို  ကိုင်ကာ ဧည့်သည်တော်၏ ရှေ့ တွင် လာရပ်သည် ။

       ရိုးရာဓလေ့ထုံးစံအရ ဧည့်သည်တော်သည် ပေါင်မုန့် ကို အနည်းငယ်ဖဲ့ကာ ဆားနှင့်ဟန်ပြတို့ စားရသည် ။ ဂေါ်ဘာချော့ ကမူ

ပေါင်မုန့် တစ်လုံးလုံးကို ဆွဲယူပြီး အားရပါးရစားသည် ။ ဂရုတစိုက်ကြည့်နေသော "  ကရာချူ  " က တိုးတိုးလေး ပြောသည် ။

      "     မီဟိုင်း ဆာဂေးယေဗစ်ခ်ျ ( ဂေါ်ဘာချော့ ) အရင်မလိုပါနဲ့ ...။ ကျနော်တို့  နေ့ လည်စာတည်ခင်းကျွေးမွေးဘို့ 

             ရှိပါသေးတယ် ခင်ဗျ     "
+5

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
       "     ပ   ထ   မ   အ   ဆင့်     "


       ပယ်ရီစထရိုက်ကာခေတ် ပေါ်လစ်ဗျူရိုအဖွဲ့ အစည်းအဝေးတွင် ဖြစ်သည် ။

       အထွေထွေအတွင်းရေးမှူး ဂေါ်ဘာချော့က မေးသည် ။

       "     အရက်သေစာ သောက်စားမှု တိုက်ဖျက်ရေး လူပ်ငန်းရဲ့  အခြေအနေ ဘယ်လို ရှိသလဲ     "

       ပေါ်လစ်ဗျူရိုအဖွဲ့ ဝင်  လီဂါချော့ က အားတက်သရော ဖြေသည် ။

       "     ပထမအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်လိုက်နိုင်ပါပြီ...။ အမြည်းစားစရာ မရှိတော့ဘူး.   "
+7

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
       "     ကံ   ကောင်း   တယ်   မှတ်   ပါ     "



       တမလွန်ဘ၀တွင် စတာလင် ၊ ဘရက်ဇညက် နှင့် ဂေါ်ဘာချော့ တို့ ဆုံမိကြသည် ။ သုံးယောက်သားလမ်းလျှောက်

လာကြရာ လက်ဝါးကပ်တိုင် တင်ခံနေရသော ယေရူခရစ်ကို တွေ့ သည် ။ မည်သူက မည်သို့  ဘ၀တွင် ကံကောင်းခဲ့ သ

နည်းဆိုသည်ကို မေးရန် ဆုံးဖြတ်လိုက်ကြသည် ။ ပထမဦးဆုံး စတာလင်က မေးသည် ။

       "     ကျနော့်ဘ၀မှာ ဘယ်လို ကျနော် ကံကောင်းခဲ့ပါသလဲ ခင်ဗျ     "

       "     မောင်မင်း ကံကောင်းခဲ့တာက ပြည်သူတွေရဲ့ အကူအညီနဲ့  စစ်ကိုအောင်နိုင်ခဲ့တယ်ဆိုတဲ့ အချက်ပဲ     "

       "     ကျနော်ကကော ဘယ်လိုကံကောင်းခဲ့ပါသလဲ     "   ဘရက်ဇညက်က မေးသည် ။

       "     မင်းက ကိုယ်တိုင်လဲ သောက်တယ်..ပြည်သူတွေကိုလည်း သောက်ခွင့်ပေးခဲ့တယ်     "

       ဂေါ်ဘာချော့ ၏ အလှည့်ရောက်လာသည် ။

       "     ကျနော်ကကော ခင်ဗျာ..   "

       ယေရူခရစ်၏ လက်နှစ်ဘက် လှုပ်သွားသည် ။ ထို့ နောက်  အံကြိတ်ပြီး ပြောသည် ။

       "     င့ါ လက်နှစ်ဘက်စလုံး နှုတ်မရတာ မင်းအတွက် ကံကောင်းတယ်မှတ်     "
+6

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
       "     ရှင်း   ပဲ   ရှင်း   တတ်   တယ်     "



       ဂေါ်ဘာချော့သည် တစ်စုံတစ်ခုကို နက်နက်နဲနဲ တွေးနေဟန်ဖြင့် ယဲလ်စင် ( ထိုစဉ်က ရုရှားပြည်သူ့ လွှတ်တော်

ဥက္ကဌ ) ထံသို့  ရောက်လာသည် ။ မျက်နှာအမူအယာလည်း မကောင်းချေ ။ ယဲလ်စင်က မေးသည် ။

       "     ခင်ဗျား မျက်နှာ မကောင်းပါလား...ဘာဖြစ်လို့ လဲ     "

       "     ကျနော်တို့ ရဲ့ လမ်းစဉ်ကို ကျနော် နားမလည်နိုင်ဘူး ဖြစ်နေတယ်ဗျာ...  "

       "     ကိုင်း...ကျနော် ရှင်းပြမယ်     "

       "     ရှင်းပြတာတော့ ကျနော်လဲ ရှင်းပြတတ်ပါတယ်ဗျာ...နားမလည်နိုင်တာပဲ ခက်နေတာ...  "
+7

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
       "     ကျွန်   တော်   တို့    လူ     "


       ဆိုဗီယက် ကွန်မြူနစ်ပါတီ ၂၇ ကြိမ်မြောက် ညီလာခံ ကျင်းပနေသည် ။ ဂေါ်ဘာချော့ မိန့် ခွန်းပြောသည် ။

       "     ရဲဘော်တို့ ...ပယ်ရီစထရိုက်ကာခေတ်မှာ  ကျွန်တော်တို့   အရင်ကထက်ပိုပြီး ကောင်းကောင်းမွန်မွန်

             နေကြရပါလိမ့်မယ်    "

       "     ကျွန်တော်တို့   ဆိုတာ ဘယ်သူ့ ကို ပြောတာလဲ     "  ခန်းမထဲက အသံတစ်သံ ထွက်လာသည် ။

       "     ရဲဘော်က ဘယ်သူလဲ     "   ဂေါ်ဘာချော့ ပြန်မေးသည် ။

       "     ကျွန်တော့ နာမည် ယဲလ်စင် .. ဗဟိုကော်မတီဝင်ပါ    "

       "     ဟာ...အဲ့ဒါဆို ကျွန်တော်တို့  အထဲမှာ ခင်ဗျားလဲပါတယ်..စိတ်ချ     "
+5

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
       "     ထင်  ပေါ်  ကြော်  ကြား  သူ  များ  ၏  ဂွ  တီး  ဂွ  တ  မှတ်  ချက်  များ     "


       "     ဘားနတ်ရှော ဟာ တကယ့်လူကောင်း... ရန်သူမရှိဘူး.. ။ တစ်ခုပဲ ရှိတယ်..

            သူငယ်ချင်းတွေ တစ်ယောက်မှ သူ့ ကို မချစ်ဘူး.     "     (  အော်စကာဝိုင်းလ်  )


       "     အချက် သုံချက်ကြောင့် မာတ်ခ်တွိမ်း ကို ကျနော် ကြိုက်တယ် ။ တစ် ၊ စာရေးကောင်းတယ် ။

             နှစ် ၊ ကျနော့်ကို ဖျော်ဖြေမှု ပေးတယ် ။ သုံး ၊ သူ သေသွားပြီ..။     "  (  ဟဲလ်မင်းဝေး  )


       "    လူသားထက်ဝက်က  ဘုရားသခင်ကို မယုံဘူး..။  ကျန်တစ်ဝက်က  ကျနော့်ကို မယုံဘူး.     "

             (  အော်စကာဝိုင်းလ်   )



       "     ကိုယ်စာအုပ်ကို ဘယ်သူ့ မှ မငှားနဲ့  ။ ငှားလိုက်ရင် အဲ့ဒီစာအုပ်ကို ခင်ဗျား ပြန်မတွေ့ ရတော့ဘူးလို့ မှတ်..။

             ကျနော့်ကိုယ်ပိုင်စာကြည့်တိုက်မှာ တခြားလူဆီက ငှားဖတ်တဲ့စာအုပ်တွေပဲ ရှိတော့တယ်     "

             (  အနာတိုဖရန့်  ၊ ၁၈၄၄ - ၁၉၂၄ ၊ ပြင်သစ်စာရေးဆရာ  )
+4

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
   

       "     သူမကလွဲပြီး ဘယ်သူ့ ကိုမှ မချစ်ဘူးလို့  ကတိမပေးခင်  မိန်းမတွေ အားလုံးကို ကြည့်ဘို့ လိုတယ်...

             ဒါမှ မဟုတ်... ဒင်း တစ်ယောက်ကိုပဲ .ကြည့်     "    ( ဘူအတ်  )


       "     ရိုးသားတယ်ဆိုတဲ့ မိန်းမအများစုဟာ ဘယ်သူမှ မရှာရသေးလို့  ခြေရာလက်ရာ မပျက်ပဲ ရှိနေတဲ့.

             ရတနာသိုက်နဲ့ တူတယ်   
"   ( လာရိုဖူးကို  )


       "     အသက်ကြီးတဲ့ ယောင်္ကျားကို ရထားတဲ့ မိန်းမတွေဟာ သူတို့ ရဲ့ မျက်ရည်တွေကို ဘယ်သူလာသုတ်ပေးမလဲဆိုတာ

            ယောင်္ကျား အသက်ရှင်နေတုန်းမှာကတည်းက စဉ်းစားကြတယ်     "    ( ကာလိုဂိုဒီနီ   )


       "     မိန်းမတွေရဲ့ အမြင်မှာ မလှတဲ့ ယောင်္ကျား မရှိဘူး..။ မချမ်းသာတဲ့ ယောင်္ကျားပဲ ရှိတယ်.    "
+5

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
 

       နန်စီအက်စတာ က ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီကို ပြောသည် ။

       "     ကျွန်မသာ ရှင့်ဇနီးဖြစ်ရင် ရှင်သောက်မယ့် ကော်ဖီခွက်ထဲကမှာ အဆိပ်ခပ်လိုက်မယ်..   "

       ချာချီက ပြန်ပြောသည် ။

       "    ခင်ဗျားသာ ကျွန်တော့ မိန်းမ  ဖြစ်ခဲ့ရင် အဲ့ဒီကော်ဖီခွက်ကို ကျွန်တော် သောက်ပစ်လိုက်မယ်     "


       နန်စီအက်စတာ ( ၁၈၇၉ - ၁၉၆၄ ၊ ဗြိတိသျှပါလီမန်၏ ပထမဆုံး အမျိုးသမီးပါလီမန် အမတ် )
+7

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
      "     ကံ   ဆိုး   သူ   မောင်   ရှင်     "


       ရပ်ကွက်ဘောလုံးပွဲတွင် ထောင်ကန်ဘော ကန်ရန်ဖြစ်လာသည် ။ ကန်မည့်ဆဲဆဲတွင် ဘောလုံသမားထံ ဒိုင်လူကြီး

ပြေးလာပြီး တစ်စုံတစ်ခုကို ရှင်းပြသည် ။ ၄င်း ရှင်းပြနေသည်ကို ဘောလုံးသမား နားထောင်နေစဉ် ပရိသတ်ထဲမှ တစ်ဦး

က နောက်ပြောင်လိုသည်နှင့် ဘောလုံးကို အခြားဘောလုံးတစ်လုံးနှင့် လဲလိုက်သည် ။ လဲလိုက်သော ဘောလုံးမှာ သံဘော

လုံးဖြစ်သည် ။ ရိုးရိုးဘောလုံးနှင့် ဘယ်လိုမှ ခွဲမရသော ဘောလုံးဖြစ်သည် ။

       ဘောလုံးသမားသည် အရှိန်ယူပြီး ထောင့်ကန်ဘောကို တအားကန်လိုက်သည် ။ သတိရ၍မျက်လုံးကို ဖွင့်ကြည့်လိုက်

သောအခါ အပေါ်မှ မိုးကြည့်နေသော ဆရာဝန်ကို မြင်ရသည် ။ သို့ နှင့်မေးသည် ။

       "     ကျနော့် ဒဏ်ရာ တော်တော်ဆိုးသလား ဒေါက်တာ     "

       "     ညိုသကျီးရိုး ကျိုးသွားတယ် ..ခြေမကနေ ခြေသန်းအထိ စိစိညက်ညက် ကြေသွားတယ်     "

       "     ဒီလောက်တောင်ပဲလား ဆရာရယ်     "

       "     ကံကောင်းတယ်မှတ်... ခေါင်းတိုက် ဂိုးသွင်းသွားတဲ့ ငနဲကို မောင်ရင် မြင်စေချင်တယ်.   "
+9
« Last Edit: October 06, 2012, 10:31:33 AM by tunaye2011 »

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
       "     ပျား   ရည်   ဆမ်း     "



       မကြာမီကမှ လက်ထပ်လိုက်ကြသည့် အသက် ၈၀ အရွယ်စီ ရှိနေကြပြီ ဖြစ်သည့် အဖိုးကြီး နှင့် အဖွားကြီး

ပျားရည်ဆမ်းခရီး ထွက်ကြသည် ။ ပထမည...။

       နှစ်ယောက်သား စိတ်လှုပ်ရှားစွာဖြင့် အိပ်ရာထဲ ၀င်ကြသည် ။ အဖိုးကြီးက အဖွားကြီး၏လက်ကို ဆွဲယူပြီး

ရင်ဘတ်ပေါ်တင်သည် ။ ခဏအကြာတွင် အိပ်ပျော်သွားသည် ။ ဒုတိယည..  ။

       မနေ့ ကအတိုင်း အဖွားကြီး၏လက်ကို ဆွဲယူပြီး အဖိုးကြီးက သူ့ ရင်ဘက်ပေါ် တင်သည် ။ ခဏအကြာတွင်

အိပ်ပျော်သွားသည် ။ တတိယည..။

       ယခင်ညများအတိုင်း အဖွားကြီး၏ လက်ကို ယူပြီး အဖိုးကြီးက သူ့ ရင်ဘတ်ပေါ် တင်သည် ။ ခဏအကြာတွင်

အိပ်ပျော်သွားသည် ။ စတုတ္ထည.။

       ဇနီးသည်၏ လက်ကို အဖိုးကြီး ဆွဲယူဘို့ လုပ်သည် ။ အဖွားကြီးက ငြင်းသည် ။

       "     ဟင့်အင်း..ဟင့်အင်း..ဒီည ကျမ ခေါင်းသိပ်ကိုက်နေတယ် အစ်ကို.   "
+8
« Last Edit: October 08, 2012, 10:02:34 AM by tunaye2011 »

Tags: