Author Topic: ကိုကိုထွန်းအေးတင်တဲ့ဟာသများ  (Read 217269 times)
0 Members and 1 Guest are viewing this topic.
Offline tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
       "     အကျင့်ပါနေပြီ     "
       မော်စကိုမြို့ ၏တစ်နေရာတွင် ယာဉ်ထိန်းရဲ အီဗန်နော့ တာဝန်ကျသည် ။ မိုးက တစ်ဖွဲဖွဲ ရွာနေသဖြင့် ယာဉ်မောင်းများ အရှိန်လျှော့ပြီး
ဂရုတစိုက် မောင်းကြသည် ။ မည်သူမှ လမ်းစည်းကမ်းကို မဖောက်ကြပေ ။ ညနေသာစောင်းလာသည် နေ့ တွက်လုံးဝ မကိုက်သဖြင့် အီဗန်
နော့ အကြီးအကျယ် စိတ်တိုနေသည် ။ ဒီကြားထဲ မိုးတွေက ရွှဲနေသေးသည် ။
       တာဝန်ပြီး၍ အိမ်ကိုပြန်လာသည် ။ ဒေါသဖြစ်နေတာက မပြေသေး..။ မိန်းမကို ရန်လုပ်ဖို့ ကြံသည် ။ ဘယ်လိုမှ အကြောင်းရှာမရချေ ။
ညစာကို အဆင်သင့်ခူးခပ်ထားသည် ။ပြီးတော့ ခံတွင်းတွေ့ အောင်ဆိုပြီး ယောင်္ကျားအတွက် ဗော်ဒကာတစ်ခွက်
အဆင်သင့်ထည့်ပေးထားသည် ။
       သားကို အပြစ်ရှာဖို့  ဆုံးဖြတ်လိုက်သည် ။
       "     မောင်ပီတာ...မင်းရဲ့ လေ့ကျင့်ခန်းစာအုပ် ယူလာခဲ့စမ်း     "
       တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့ မှာမှ ချာတိတ်က ဂရိတ် တူး ပဲ ရသည် ။ အမေ့ဆီပြေးကာ အကူအညီ တောင်းသည် ။
       "     အမေ..ကျနော် ဘာလုပ်ရမလဲ..ဒီနေ့  ကျနော် ဂရိတ်တူးပဲ ရတယ်..အဖေသတ်တော့မှာပဲ     "
       အမေဖြစ်သူက လေ့ကျင့်ခန်းစာအုပ်ထဲသို့  ဒေါ်လာငါးဆယ်တန်တစ်ရွက်ညှပ်ပြီး သားကိုအဖေ့ဆီ လွှတ်လိုက်သည် ။ အီဗန်နော့
လေ့ကျင့်ခန်းစာအုပ်ကို ဖွင့်သည် ။ တဖြည်းဖြည်း ၄င်း၏ မျက်နှာ ၀င်းလက်လာသည် ။ ထို့ နောက် မိမိဟာ မိမိ ကျေနပ်သံဖြင့် ပြောသည် ။
       "     အင်း......အိမ်မှာ အဆင်ပြေလို့  တော်ပါသေးရဲ့        "
+11
Offline tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
       "     ဒိန်  ခဲ  ပျောက်  ဆုံး  ခြင်း     "
       ရုရှားနိုင်ငံ ၊ ဆိုက်ဘေးရီးယားရှိ " တိုင်ဂါ " တောနက်ထဲတွင် ဖြစ်သည် ။ ဒိန်ခဲတစ်တုံးကို ပါးစပ်တွင်ခဲလျက် ကျီးကန်းတစ်ကောင်
သစ်ပင်ပေါ်နားနေသည် ။ မြေခွေးတစ်ကောင် ဖြတ်လျှောက်လာသည် ။ ကျီးကန်းကိုမြင်သော် ဒိန်ခဲကို မည်သို့ ရယူရမည်နည်းဆိုသည်ကို
စဉ်းစားသည် ။ ခဏမျှ စဉ်းစားပြီး ကျီးကန်းကို လှမ်းအော်ပြောသည် ။
       "     ဟေ့..ကျီးကန်း...တို့ တောထဲမှာ ရွေးကောက်ပွဲလုပ်ရရင် မကောင်းဘူးလားဟေ့     "
       ကျီးကန်း ဘာမှ ပြန်မပြော..။
       "     ဘာလဲ...ရွေးကောက်ပွဲ မလုပ်ချင်ဘူးလား     "
       ကျီးကန်း ဆိတ်ဆိတ်နေမြဲ   ။
       "     ခုခေတ်ဟာ ဒီမိုကရေစီခေတ်ကွ..လူတွေ ရွေးကောက်ပွဲ လုပ်နေကြပြီ..။ တို့ တောထဲမှာလည်း ရွေးကောက်ပွဲ လုပ်သင့်
             တာပေါ့...၊ ဒါကြောင့် မင်းဆန္ဒကို ငါမေးနေတာကွ...။ ပြောစမ်းပါ..ရွေးကောက်ပွဲကို လိုလားသလား     "
       "     လိုလားတယ်..   "
       ဒိန်ခဲ အောက်သို့ ကျလာသည် ။ ဒိန်ခဲကို ကောက်ချီပြီး မြေခွေးထွက်သွားသည် ။ ခေါင်းကုတ်ပြီး ကျီးကန်း သူ့ ဟာသူ ပြောသည်။
       "     အင်း....မလိုလားဘူး လို့  ငါပြောလဲ ဒိန်ခဲကို လက်လွှတ်ရမှာ ပါပဲလား     "
+14
Offline tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
       "     မ  လှောင်   နဲ့      "
       ချောင်းကိုဖြတ်၍ ဆောက်ထားသော တံတားလေးတစ်ခု၏ အလည်တွင် စကားထစ်သူ နှစ်ဦး မျက်နှာချင်းဆိုင်
ဆုံမိကြသည် ။ တစ်ယောက်က စပြောသည် ။
       "     လမ်း...လမ်း...ဖယ်...ဖယ် ...ပေး..  "
       "     ခင်.....ခင်...ဗျား...အရင်..အရင်...ဖယ်ပေး     "
       "     ခင်......ခင်....ခင်ဗျား.....ကျုပ်...ကျုပ်..ကျုပ်ကို မ...မ...မလှောင်နဲ့ ... "
       "     ခင်......ခင်....ဗျား....လဲ...ကျုပ်...ကျုပ်..ကို..မ.....မ...လှောင်နဲ့ ... "
       တိုတိုပြောရလျှင် ရန်ဖြစ်ထိုးကြိတ်ကြသည် ။ ထိုးကြိတ်ရင်း တစ်ယောက်သည်  တံတားအောက်သို့  ကျသွားသည် ။
အောက်သို့ အကျတွင် ၄င်းက အော်သည် ။
       "     ကယ်....ကယ်...ကယ်ကြ....ပါ...   "
       တံတားပေါါ်က ကိုအထစ် က  မကျေမနပ် ပြောသည် ။
       "     ကျ...ကျ...ကျတာ....တောင်...လှောင်...လှောင်....လှောင်နေ..သေး...သေး..တယ်..   "
+7
Offline tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
       "     ပျောက်   သွား   ပြီ     "
       အီတလီနိုင်ငံတွင် ဖြစ်သည် ။ ဆရာဝန်၏ အခန်းထဲမှ မယ်သီလရှင်တစ်ယောက် ကသောကမျော ပြေးထွက်လာပြီး
ဆရာဝန်စမ်းသပ်ခ မပေးဘဲ သုတ်သီးသုတ်ပြာ ပြန်သွားသည် ။ ၄င်းနှင့် မရှေးမနှောင်း ဆရာဝန် လိုက်ထွက်လာရာ သူနာပြု
ဆရာမက မေးသည် ။
       "     ဒေါက်တာ ..ဘယ်လို ဖြစ်တာလဲဟင်     "
       "     သူမဆီမှာ ကိုယ်ဝန်ရှိနေပြီလို့  ဆရာ ပြောလိုက်တယ်     "
       "     ဟာ....ဒါ ဖြစ်မှ မဖြစ်နိုင်တာပဲ     "
       "     ဟုတ်ပါတယ်.. မဖြစ်နိုင်မှန်း ဆရာ သိပါတယ် ။ ဒါပေမဲ့ သူမရဲ့  စကားထစ်တဲ့ ရောဂါတော့ ယူပစ်သလို
             ပျောက်သွားတယ်     "
+8
Offline tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
     "     ဖြစ်   တတ်   ပါ   တယ်     "
       ကိုချူချာ  မယားငယ်အိမ် ရောက်နေသည် ။ ရုတ်တရက် မိုဘိုင်းလ်ဖုန်း မြည်လာသဖြင့် ကောက်ကိုင်လိုက်ရာ
တစ်ဖက်မှ ဇနီးသည်၏ အသံကို ကြားရသည် ။
       "     ဟဲလို     "
       ကိုချူချာ စိုးရိမ်သံဖြင့် ပြန်မေးသည် ။
       "     ငါ ဒီရောက်နေတာ မင်းဘယ်လိုလုပ် သိသလဲကွ ဟေ     "
+7
« Last Edit: August 31, 2012, 10:11:08 AM by tunaye2011 »
Offline tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
       "     ချွတ်   ယွင်း   ချက်     "
       အာဖရိကနိုင်ငံ တစ်ခုတွင် ဖြစ်သည် ။ မျိုးရိုးကောင်းသော မိသားစုမှ ဆင်းသက်လာသူ သတို့ သားသည် ၄င်း ယူမည့်
မိန်းခလေး၏ မိဘများကို ပြောသည် ။
       "     အိပ်နဲ့ စွပ်ထားတဲ့ ဆိတ်ကို ကျနော် မ၀ယ်ဘူး.. အဲ့ဒါကြောင့် ကျနော်တို့ လက်မထပ်ခင် မိန်းခလေးကို မိမွေးတိုင်း
             ဖမွေးတိုင်းပုံစံနဲ့  ကျနော် အရင်မြင်ရမှ ဖြစ်မယ်     "
       ကောင်မလေး၏မိဘများ အကြပ်ရိုက်သွားသည် ။ သက်သက်တင်စီးတာပဲ ဆိုတာကို သိသော်လည်း သမီးဖြစ်သူကို ဆွေကြီး
မျိုးကြီးထဲ ၀င်စေချင်သည့် စေတနာကြောင့် သတို့ သမီးလောင်း၏ မိဘများ သဘောတူလိုက်ရသည် ။ မိမွေးတိုင်း ဖမွေးတိုင်းပုံစံဖြင့်
ရပ်နေသော ကောင်မလေးကို လူငယ် သေသေချာချာ ကြည့်သည် ။ ထို့ နောက် ၄င်း၏ ဆုံးဖြတ်ချက်ကို ပြောသည် ။
+9
Offline tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
       "     နောက်   တာ   လား   ချာ   တိတ်   ရယ်     "
       မော်စကိုမြို့  ။ ရုရှားနိုင်ငံ၏ အထွတ်အမြတ်ထားသော နှစ်ပတ်လည်နေ့ တစ်ခုကို ရည်စူး၍ ကရင်မလင်နန်းတော်တွင်
နိုင်ငံတော်ဧည့်ခံပွဲကို အကြီးအကျယ် ကျင်းပရန် ပြင်ဆင်နေသည် ။ ဧည့်ခံပွဲမစမီ မိနစ်အနည်းငယ် အလိုတွင် ခန်းမထဲ`၌ အ
ကြမ်းဖက် အုပ်စုတစ်စုက ဗုံးထောင်ရန် သို့ မဟုတ် အစားအစာကို အဆိပ်ခပ်ရန် တိုင်ပင်နေကြသည်ကို  မိမိကြားခဲ့ရကြောင်း 
အမည်မသိ လူတစ်ဦးက ဖုန်းဆက်သတင်းပေးသည် ။
       အထူးလုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ပထမဦးစွာ အစားအသောက်များကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည် ။ လမ်းပေါ်က
ခွေးလေးတစ်ကောင်ကို ဧည့်သည်များအတွက် ရည်စူးထားသည့် အစာများကို အ၀ ကျွေးလိုက်သည် ။ ထို့ နောက် ဧည့်ခံပွဲ ကျင်း
ပမည့် ခန်းမကို စေ့စေ့စပ်စပ်ရှာသည် ။ နှစ်နာရီခန့် ကြာသွားသည် ။ မည်သည့်ဗုံးကိုမျှ မတွေ့ ရချေ ။ စောစောက ခွေးလည်း အ
သက်မသေပဲ လမ်းပေါ် ပြေးလွှားနေသည်ကို မြင်ရာ ရထားသည့် သတင်းမမှန်ဟု ကြေညာကာ ဧည့်ခံပွဲကို စတင် ကျင်းပသည် ။
       ဧည့်ခံပွဲစပြီး တစ်နာရီလောက်ကြာသွားသည် ။ ဧည့်သည်တွေ ဘယ်သူမျှ မပြန်ကြသေး ။ ရုတ်တရက် ချာတိတ်တစ်ယောက်
ပြေးဝင်လာပြီး " ခွေးကလေး သေသွားပြီ...ခွေးကလေး သေသွားပြီ  "  ဟု အော်ပြောသည် ။ သည်မှာတင် ဧည့်သည်တွေကို ဆေး
ရုံပို့ ပြီး အဆိပ်ဖြေဆေးတိုက်ခြင်း ၊ ၀မ်းချူခြင်း ၊ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ ဖြင့် အားလုံးအလုပ်ရှုတ်ကုန်ကြသည် ။ နောက်
နာရီအနည်းငယ် ကြာသောအခါ အထူးလုံခြုံရေးတပ်ဖွဲ့ မှူးထံ စောစောက ချာတိတ်ကို ခေါ်လာသည် ။ ရဲမှူးက မေးသည် ။
       "     ချာတိတ်.. ခွေးကလေး သေသွားတယ်ဆိုတာ သေချာလားကွ     "
       "     သေချာပါတယ်     "
       "     မင်းကိုယ်တိုင် မြင်လို့ လား     "
       "     မြင်တာပေါ့... ကုန်တင်ကားကြီး တက်ကြိတ်တာ ဒီကောင် အရိုးတစ်ခြား အသားတစ်ခြားစီ ဖြစ်သွားတာပဲ
             မြင်လို့ တောင် မကောင်းဘူး..   "
+7
Offline tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
       "     မ   ကြား   ချင်   တော့   ဘူး     "
       "     အရက်လျှော့သောက်ပါ..ဒါမှ နားလေးတာ ပျောက်မယ်     "  ဟု နားမကြားသည့် လူနာကို ဆရာဝန်က ပြောသည် ။
နောက်ခြောက်လအကြာတွင် ယင်းလူနာကို လမ်းမှာတွေ့ ရာ "  အခြေအနေ ဘယ်လိုလဲ   "  ဟု ဆရာဝန်က မေးသည် ။ လူနာက
ပြန်ပြောသည် ။
       "     ဒေါက်တာ. ကျနော့်ကို ဒီလောက်အကျယ်ကြီး အော်ပြောစရာ မလိုဘူးခင်ဗျ ၊ ကျနော် အရက်ဖြတ်လိုက်ပြီ..ဒါကြောင့်
             နားကောင်းကောင်း ကြားနေပါပြီ     "
       နောက် ခြောက်လ ထပ်ကြာသွားသည် ။ သူတို့ နှစ်ဦး ဆုံမိကြပြန်သည် ။ သို့ သော် ဤတစ်ခေါက်တွင် လူနာသည် နားကောင်း
ကောင်း မကြားတော့ ပြန်ချေ ။ သူက ဆရာဝန်ကို ပြောသည် ။
       "     ဒေါက်တာ ..ကျနော် အရက်ပြန်သောက်နေပြီ ခင်ဗျ     "
       "     ဘာ...ဘာဖြစ်လို့  ပြန်သောက်ရတာလဲ..ဒုက္ခပါပဲ     "
       "     နားနဲ့ ဆတ်ဆတ် ကြားရတာတွေက စိတ်မချမ်းသာစရာ.. ထိတ်လန့် စရာတွေချည်း ဖြစ်နေလို့ ပါ     "
+9
Offline tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
       "     စိုး   ရိမ်   မိ   တယ်     "
       အကြိမ် ( ၂၀ ) မြောက် ဆိုဗီယက်ကွန်မြူနစ်ပါတီ ညီလာခံ အပြီးတွင် ကရူးရှက်သည် စတာလင်၏ ရုပ်ကလာပ်
ကို ဗိမာန်မှ ဖယ်ရှားရန် ဆုံးဖြတ်လိုက်သည် ။ စတာလင်၏ရုပ်ကလာပ်ကို ယူမည့်နိုင်ငံ ရှိ မရှိ လိုက်လံ စုံစမ်းသည် ။ မည်
သည့် နိုင်ငံမှ လက်မခံပေ ။ အစ္စရေးနိုင်ငံကို နောက်ဆုံးထား၍ မေးမြန်းစုံစမ်းသောအခါ လက်ခံယူမည်ဟု ဖြေသည် ။ ဤ
အကြောင်းကို ကရူးရှက်အား အစီရင်ခံရာ ကရူးရှက်က ခါးခါးသီးသီး ငြင်းသည် ။
       "     မဖြစ်ဘူး..မဖြစ်ဘူး.. အစ္စရေးကိုပေးလို့ မဖြစ်ဘူး..အဲ့ဒီ့ရောက်မှ စတာလင် အသက်ပြန်ရှင်လာရင် ဒုက္ခ     "
+8
Offline tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19372
       "     ဆို   ရှယ်   လစ်   လုပ်   သား   ကောင်း     "
       ညီလာခံ တစ်ခုတွင် ဘရက်ဇညက် မိန့် ခွန်းပြောနေသည် ။
       "     ရဲဘော်တို့ ..၁၉၈၀ပြည့်နှစ်ရောက်ရင် ကျွန်တော်တို့ ဆီမှာ အသားနဲ့ အသားထွက်ပစ္စည်းတွေ ဘာမှရှိမှာ
             မဟုတ်တော့ဘူး..။ ဘာအကြံပြုချင်ကြပါသလဲ     "
       တစ်ခန်းလုံး ငြိမ်နေကြသည် ။ ရုတ်တရက် အသံတစ်သံ ပေါ်ထွက်လာသည် ။
       "     တစ်နေ့ ကို ၁၀ နာရီ အလုပ် လုပ်ကြပါမယ်     "
       ဘရက်ဇညက် ဆက်ပြောသည် ။
       "     ရဲဘော်တို့ ..၁၉၈၂ ခုနှစ်ရောက်ရင် ကျွန်တော်တို့ ဆီမှာ နို့ နဲ့ နို့ ထွက်ပစ္စည်းတွေ လုံးဝ ပျောက်သွားဘို့ 
             ရှိတယ် ။ အကြံပြုစေချင်ပါတယ်     "
       တစ်ခန်းလုံး ငြိမ်နေကြသည် ။ စောစောက အသံကို ကြားရသည် ။
       "     တစ်နေ့ မှာ ၁၂ နာရီ အလုပ် လုပ်ကြပါမယ်     "
       "     ရဲဘော်တို့ ..၁၉၈၄ ခုနှစ်ရောက်ရင် ပေါင်မုန့် နဲ့  ဂျုံထွက်ပစ္စည်းတွေ ရှိမှာ မဟုတ်ဘူး.. ဘယ်လို ဖြေရှင်း
             ကြမလဲ     "
       စောစောက အသံပင် ပေါ်ထွက်လာသည် ။
       "     တစ်နေ့ ကို ၂၄ နာရီ အလုပ် လုပ်ကြပါမယ်     "
       ကြည်နူးစိတ်ဖြင့် ဘရက်ဇညက် မျက်ရည်ပင် စို့ လာသည် ။
       "     ပါတီရဲ့ လမ်းစဉ်ကို ထောက်ခံမှုပေးတဲ့အတွက် ရဲဘော်ကို အထူးပဲ ကျေးဇူးတင်ပါတယ်..။ ဒါနဲ့  ရဲဘော်က
             ဘယ်မှာ အလုပ်လုပ်တယ်ဆိုတာ သိပါရစေလား     "
       "     သင်္ချိုင်းမှာပါ .ရဲဘော် ဘရက်ဇညက်     "
+10
Tags: