Author Topic: အမောပြေဟာသမှတ်စု ( ၂ )  (Read 93949 times)

0 Members and 1 Guest are viewing this topic.

Offline zinzin1996

  • ပထမနှစ်
  • *
  • Posts: 26
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +246
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #140 on: August 13, 2016, 12:52:14 AM »
"မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းပြီ"
.

ကမ္ဘာ့အိုလမ်ပစ်ပွဲ (Olympic Games Rio 2016) သို့ မြန်မာနိုင်ငံမှ အားကစားသမား ၁၁ ဦး သွားရောက်ယှဉ်ပြိုင်ရာ၊ ၁၁ ဦးစလုံး ရွှေတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြတယ်လို့ T4K သတင်းဌာနမှ ကြေငြာသွားပါတယ်။

ရွှေတံဆိပ်ဆုရှင် အားကစားသမားတွေကတော့... ...

1. သေနတ်ပစ်ပြိုင်ပွဲအတွက် - သီဟတင်စိုး

2. မာရသွန်ပြိုင်ပွဲအတွက် - ကဗျာဘွဲ့မှူး

3. မယ်ပြိုင်ပွဲအတွက် - ဇွန်သဉ္စာ

4. တေးဂီတပြိုင်ပွဲအတွက် - ဖိုးလပြည့်

5. ရေကူးပြိုင်ပွဲအတွက် - ဝေဠုကျော်

6. သစ်သီးဝလံပြပွဲအတွက် - မိုးယုစံ

7. အလှကုန်ပြိုင်ပွဲအတွက် - မိုးဟေကို

8. မြင်းစီးပြိုင်ပွဲအတွက် - သဇင်

9. ဒိုင်ဗင်ပြိုင်ပွဲအတွက် - လူမင်း

10. မောင်ပြိုင်ပွဲအတွက်  - ဗေလုဝ

11. နဘမ်းပြိုင်ပွဲအတွက် - ထက်ထက်မိုးဦး

... တို့ ဖြစ်ကြပါတယ်။
.
.
(တားဂ ချစ်လို့ စထှာ ငိ ငိ)
.

သန်၎ကို - ပေါက်ကရ၄၀
+8

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3431
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +20471
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #141 on: September 21, 2017, 10:10:33 AM »
#Mg Bo Hla

ဖုန်းဝင်​လာလို့ ​ကောက်​ကိုင်​လိုက်​တာ
ဖေ့စ်​ဘုတ်​ ​ပေါ်မှာ မ​နေ့ကမှ ချစ်​သူဖြစ်​သွား တဲ့ ​ခေး​လေးရဲ့ ဖုန်းဖြစ်​​နေ​တော့ ကျုပ်​​ပျော်​သွားတယ်
" ဦး "
" ​ပြော ခလိန်း "
" ဦး ​ပျော်​လို့ရပြီ သိလား "
ချိန်းတွေ့တော့မယ်ထင်တယ်လို့ တွေးမိပြီး ကျုပ် ပီတိတွေ ဖျာနေမိတယ်။
“အွန်း ဘာလို့လဲ”
“ခလိန်းမှာ ဦးနဲ့ရတဲ့ ကိုယ်ဝန် ရှိနေပြီလေ”
“ဖူးးးးးး ”
သောက်နေတဲ့ ကော်ဖီတောင် ပါးစပ်က ပြန်ထွက်ကုန်တယ်။လခွမ်းမှပဲ။
“ဟဲ့ နေပါဦး ခလိန်း ဘာပြော”
“ခလိန်းမှာ ဦး နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေပြီလို့ ခစ်ခစ်”
“ဟယ် ဘယ့်နှာလုပ် ကိုယ်ဝန် ရှိနေသတုန်း နင်နဲ့ငါ အပြင်မှာလည်း တစ်ခါမှ မတွေ့ဖူးပဲနဲ့”
“ဦးနော် ဘာလဲ ခေါင်းရှောင်ချင်တာလား တရားစွဲလိုက်ရမလား ပြော”
တစ်ဖက်က လေသံမာလာတော့ ကျုပ် ဘာပြောရမှန်း မသိတော့ဘူး။ဒါနဲ့–
“ဟွာလေ ခလိန်းက ကိုယ်နဲ့ဘယ်တုန်းက ဟွာပြုမိလို့ ဘယ်လို ကိုယ်ဝန်ရှိသွားတာလဲလို့”
“သြော် ဦးက စားပြီးနားမလည် ဝါးပြီးထွေးထုတ်တတ်တဲ့ လူစားကိုး”
“ငင့် ဘလိုလား”
“မနေ့ညက cb မှာ ခလိန်းကို ဦးက ပြောတယ်လေ”
“ဘာကို”
“ခလိန်း နားမှာ ဦးအမြဲရှိနေတယ်ဆို ပြီးတော့ ခလိန်းဘေးနားမှာ ဦးရဲ့လိပ်ပြာလေး အမြဲရစ်ဝဲနေတယ်ဆို”
“အင်းလေ”
“ဦး အဲ့လိုပြောနေတုန်း ညက ခလိန်းအခန်းမှာ မီးပျက်သွားတယ် ပန်းအိုးကျကွဲတယ် ပန်းအိုးထဲက နှင်းဆီပန်းတွေ ကြေမွသွားတယ်”
“ငှယ် ဘလိုတောင်လား”
“အဲ့ဒါ မနက်ကြတော့ ပျို့ချင်သလို ဖြစ်နေလို့ ဆေးခန်းသွားပြတာ ဆရာဝန်က ပြောတယ်”
“အင်း ဘာပြောသတုန်း”
“ခလိန်းမှာ ကိုယ်ဝန် သုံးလ ရှိနေပြီတဲ့”
“ဗုဒ္ဓေါ”
“အဲ့ဒါ ဦးနဲ့ရတာ မဟုတ်ရင် ဘယ်သူနဲ့ ရမတုန်း”
ကျုပ် မျက်ရည်ပါ ဝိုင်းလာတယ်။သောက်ကျိုးနည်း ဖြစ်ပုံများ။
ဖေ့ဘုတ်ပေါ် ရည်းစားထားတဲ့ တဏှာတစ်ကြော ခုတော့
အဲ့ ကလေးမကို ဘလော့လိုက်ရတယ်။ဖုန်းနံပတ်ကို ဘလက်လစ်ထဲ ထည့်ရတယ်။
ဦး ဆိုတဲ့ ခေါ်သံကြားရင် အခုထိ ကြက်သီးတဖြန်းဖြန်း ထတုန်း။နင့်မေကလွှားမှပဲ။
*************
6.9.2017
(ဤစာကို မျက်ရည်စက်လက်ဖြင့် ရေးသည်။)
+10
« Last Edit: September 21, 2017, 10:11:24 AM by tunaye2011 »

Offline waiyanlin75

  • ကျောင်းသား
  • *
  • Posts: 71
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • ပျော်ပျော်နေ သေခဲ၊ ဘီယာသောက်ရင်း နေမြဲ၊
  • Respect: +384
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #142 on: December 03, 2017, 11:47:50 AM »
စဉ်းစားပြီးပြုံး

ဇီးထုပ်မှာပါတဲ့ အကောင်းဆုံး ဟောစာတမ်း
ငါမြင်တယ်၊ ငါမေ့တယ်။
 ငါတွေ့တယ်၊ ငါမှတ်မိတယ်။
 ငါလုပ်တယ်၊ ငါနားလည်သွားတယ်။
 :D :D :D

သင်္ဘောပျက်ပြီး ကျွန်းပေါ်ရောက်သော အဓိပ္ပါယ်ဖွင့်ဆိုချက်
ကျွန်းပေါ်မှာ တယောက်တည်း - အထီးကျန်နေတယ်
ကျွန်းပေါ်မှာ နှစ်ယောက် - လူမှုပါတ်ဝန်းကျင်
ကျွန်းပေါ်မှာ သုံးယောက် - နိုင်ငံရေး
 ::) ::) ::)

ခင်တဲ့
waiyanlin
+1

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 777
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6553
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #143 on: January 18, 2018, 12:45:25 PM »
အရက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည် ။
ညနေ၅နာရီ။

လူသန့်သန့်ချောချောတစ်ယောက်ဝင်လာသည်။
ဝီစကီတစ်ခွက်တွင် ၂ပက်ဆီထည့်ခဲ့
တစ်ခါထဲ ၃ခွက်ယူခဲ့ဖို့ မှာသည်

ပီးတော့ ၃ခွက်စလုံး တပြိုင်နက်တည်းသောက်လိုက်သည်။
ဆိုင်ထဲကလူတွေအားလုံးသူ့ကိုသတိထားမိသည်။

သူကအဲ့အတိုင်းနေ့တိုင်းလာသောက်သည်။
ဆိုင်ရှင်ကမေးကြည့်သည်
အစ်ကိုဘာလို့အဲ့လိုသောက်တာလဲ
သူကအေးဆေးပဲပြန်ဖြေသည်

သယ်ချင်း၃ယောက်ရှိလို့ပါ
ကျွန်တော်ကဒီမှာ
၁ယောက်က လန်ဒန်မှာ
နောက်၁ယောက်ကပဲရစ်မှာ
သိပ်ချစ်ကြသည်

ဒါကြောင့်တိုင်ပင်ထားကြသည်။
ညနေ၅နာရီထိုးတိုင်း ကိုယ့်အရပ်မှာ အရက်၃ ခွက်မှာပီး တူတူသောက်ကြမည်ပေါ့
Good idea ပဲ

သူအကြောင်း တစ်ဆိုင်လုံး သိသွားကြသည်။
သူကလည်းနေ့တိုင်းမှန်မှန် လာသောက်သည်

တစ်နေ့ သူရောက်လာသည်
အရက်၂ခွက်ပဲမှာသည်။
တစ်ဆိုင်လုံး စိတ်မကောင်းဖြစ်သွားကြသည်
ဆိုင်ရှင်သူ့ဆီလာပီးဝမ်နည်းစကားပြောသည်၊
အခြားသူတွေလည်းဝမ်နည်းစကားလာပြောကြသည်၊
သူအံသြသွားသည်။

ဘာဖြစ်လို့်လာဝမ်းနည်းနေကြတာလဲ
အားလုံးကပြော သည်
အဝေးက သယ်ချင်းထဲကဘယ်သူသေလို့လဲပေါ့
၃ခွက်ပုံမှန်က၂ခွက်ဖြစ်သွားတာကိုး။

သက်ပြင်းချသည်
သူပြန်ဖြေသည်

ဘယ်သူမှမသေပါဘူး

ကျော် အရက်ဖြတ်လိုက်တာပါတဲ့

Cမ့်  :D :D :D :D

Credit : Facebook
+7
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Tags: