Author Topic: အမောပြေဟာသမှတ်စု ( ၂ )  (Read 91744 times)
0 Members and 1 Guest are viewing this topic.
Offline နိုးတူး
  • ဂုဏ်ထူးတန်း
  • *****
  • Posts: 771
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6465
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #130 on: October 04, 2015, 12:10:14 PM »
ကွန်ပျူတာ ဆေးစာ
လူတစ်ယောက်ဟာ သူ့ညာဖက် လက်မောင်းနာနေလို့ ဆရာဝန် နဲ့ ပြကြည့်မယ် ဆိုတော့ သူ့သူငယ်ချင်းက အလကား ပိုက်ဆံကုန်အောင်ကွာ၊
ကွန်ပျူတာစက်ကို “ဆီး” အစစ်ခိုင်းပြီး ရောဂါရှာလိုက်ရင် ဆယ်စကန့်အတွင်း သိရမယ်၊
ပြီးတော့ ဆယ်ဒေါ်လာပဲ ကုန်မယ် ဆိုလို့ စိတ်ဝင်တစား ဖြစ်မိတာနဲ့ ဆေးခန်းရှေ့က ကွန်ပျူတာစက်ဆီကို ရောက်သွားမိတယ်။
ရောက်ရောက်ချင်း ကွန်ပျူတာထဲ ဆယ်ဒေါ်လာထည့်လိုက်တော့ ကွန်ပျူတာက ဆီးထည့်ဖို့ ပုလင်းထုတ်ပေးမယ်။
ဆီးတွေကို ကွန်ပျူတာနဲ့ ချိတ်ထားတဲ့ ခွက်ထဲ လောင်းထည့်လိုက်ပြီး ဆယ်စကန့် အကြာမှာ ကွန်ပျူတာက ဆေးအညွှန်း စာရွက် ထုတ်ပေးတယ်။
သင့် လက်မောင်း နာနေတယ်၊ စိုးရိမ်စရာ မရှိ။ ရေနွေးနွေးနဲ့ ကြပ်ပူ တိုက်ပေးပါ။ အလေးအပင် မမ,ပါနဲ့။ တစ်ပတ်အတွင်း ကောင်းသွားမှာပါ” တဲ့။
ဆေးစာကိုကြည့်ပြီး သူတော်တော် အံ့သြသွားတယ်။ ကွန်ပျူတာကို တော်တော်လေးလည်း အထင်ကြီးသွားတယ်။
အိမ်ပြန်ရောက်တော့ ကွန်ပျူတာကို အရူးလုပ်ချင်စိတ်လည်း ပေါက်သွားတယ် တဲ့။ ဒါနဲ့ ဆီးထည့်တဲ့ ပုလင်းထဲကို
    ၁။ ရေပိုက်ထဲက ရေနည်းနည်း
    ၂။ ခွေးဆီက
    ၃။ သမီးဆီက
    ၄။ ဇနီးဆီက ဆီးနည်းနည်းစီရောထည့်
    ၅။ သူ့ဆီးကိုတော့ ကွန်ပျူတာက သိပြီးသား ဆိုတော့ မာစတာဘိတ်လုပ်ပြီး သူ့ရဲ့ သုက် အနည်းငယ် ပေါင်းထည့်ပြီး ကွန်ပျူတာဆီ သူ ပြန်သွားတယ်။
အရင်အတိုင်းပဲ ဆယ်ဒေါ်လာ ထည့်လိုက်တော့ ကွန်ပျူတာက စစ်ဆေးတော့တာပဲ။ အဲ ဆယ်စကန့်နဲ့တော့ မပြီးဘူး ဖြစ်နေသတဲ့၊ ကွန်ပျူတာ ခေါင်း နည်းနည်း စားသွားတယ်။
အတော်လေးကြာမှ ဆေးစာ ထုတ်ပေးတယ်။ “သင် သိလိုတဲ့ အဖြေအားလုံးကို သိရဖို့ ဒေါ်လာ ၄၀ ထပ်ထည့်ပါ” တဲ့။
ဟုတ်တယ်လေ၊ သူ့ဟာက ငါးမျိုးဖြစ်နေတာကိုး။
ဒေါ်လာ ၄၀ လည်း ထည့်လိုက်ရော ဆေးစာ အပြည့်အစုံ ထွက်လာတယ်။ ဒီလို…….
    ၁။ သင့်ရေပိုက်ခေါင်းက သံချေးတွေ တက်နေပြီး ရေက နံနေတယ်၊ ဒီရေကို သုံးစွဲရန် မသင့်၊ ရေပိုက်ခေါင်း အသစ် အမြန်လဲပါ ။
    ၂။ သင့်ခွေးမှာ ၀ဲပေါက်နေတယ်၊ လူကို မကူးစက်ခင် ၀ဲပျောက်ဆေးလူးပြီး ရေချိုးပေးပါ ။
    ၃။ သင့် သမီးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးစွဲနေတယ်၊ ဆရာဝန် နဲ့ အမြန်ပြပြီး ဆေးဖြတ်ပေးပါ၊ AIDS ဖြစ်လာနိုင်ခြေ ရှိတယ် ။
    ၄။ သင့် ဇနီးမှာ ကိုယ်ဝန်ရှိနေပြီ၊ မိန်းကလေး အမွှာပူး၊ သင်နဲ့ ရတာ မဟုတ်။ ကွာရှင်းဖို့ ရှေ့နေတစ်ယောက် အမြန်ရှာထားပါ။
    ၅။ အဲသလိုသာ လက်ကမျင်းနေရင် ညာဖက်လက်မောင်း နာတာ ဘယ်တော့မှ မပျောက်ဘူး မှတ်ပါ......
တဲ့။
အဲဒီလူ ဖြုံသွားတယ်။ နောက် မစရဲတော့ဘူး။  ;) ;) ;) ;) ;)
ခွက်ဒစ် -> ဇင်ဝေသော် ရဲ့ ပြုံးစိစိ ချဉ် ငန် စပ်လေးများ စာအုပ်မှ ပြန်လည်မျှဝေပါသည်။
+9
« Last Edit: October 04, 2015, 12:12:04 PM by နိုးတူး »
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +13036
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #131 on: October 10, 2015, 11:07:47 AM »
                                    အိမ်တွင်းစည်းကမ်း
ယောင်္ကျားက စာအုပ်ကြီးသမား..။ မိန်းမကလည်း မဟုတ်မခံ..။ သူတို့ က မိဘတွေပေးစားလို့  အိမ်ထောင်ကျလာတာ ။
မင်္ဂလာဆောင်တဲ့နေ့ မှာတင် ယောင်္ကျားလုပ်သူက သူ့ စည်းကမ်းတွေကိုစာရွက်မှာ ရေးပြီး နံရံမှာ ကပ်ထားလိုက်တယ် ။
အိမ်ထောင်ဦးစီး၏စည်းကမ်း
၁ ။ည အိမ်ပြန်လာချင်လာမယ်..မလာချင် မလာဘူး.။
   မှတ်ချက် မည်သည့်အကြောင်းပြချက်မှ မပေး..။
၂။ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တိုင်း အမဲလိုက် ၊ ငါးမျှား ၊ ဖဲရိုက်သွားမည် ။
    မှတ်ချက် မည်သည့် မြည်တွန်တောက်တီးမှုမှ လက်မခံ..။
၃ ။သူငယ်ချင်းများနှင့် ကမ်းခြေအပန်းဖြေခရီး ၊ တောင်တက်ခရီးများ အခါအားလျော်စွာသွားမည် ။
    မှတ်ချက် ငြူစူခြင်း ၊ ကန့် ကွက်ခြင်း လုံးဝ မပြုလုပ်ရ..။
နောက်နေ့ ကျတော့ မိန်းမလုပ်သူကလည်း စည်းကမ်းစာရွက် ကပ်လိုက်တယ်..။
အိမ်ရှင်မ၏ စည်းကမ်း
၁ ။ ဒီအိမ်မှာ ညစဉ် ၈ နာရီထိုးတိုင်း မေထုန်မှီဝဲမည် ။
    မှတ်ချက်... အိမ်ထောင်ဦးစီး ရှိသည်ဖြစ်စေ...မရှိသည်ဖြစ်စေ...
မှတ်ကရော.. ;D ;D
+16
« Last Edit: October 10, 2015, 11:10:22 AM by မင်းခေါင် »
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +13036
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #132 on: October 10, 2015, 12:20:12 PM »
                                        မေးရဲသေးလား
စာသင်ခန်းထဲတွင်ဖြစ်သည် ။ ဆရာမက တပည့်များကို " လိုလိုမယ်မယ် " ဟူသောစကားလုံးကို ၀ါကျ ဖွဲ့ ခိုင်းသည် ။
ဆရာမ....။ အေးနွယ်...အရင် စဖြေပါ..။
အေးနွယ် ။ ကျမ စာမေးပွဲဖြေသောအခါ "လိုလိုမယ်မယ် " ဘောပငါ သုံးချောင်း ယူလာပါသည် ။
ထိုကဲ့သို့ စာမေးနေရင်း အခန်းထောင့်တွင် အိပ်ငိုက်နေသော မောင်မြကို မြင်သွားသည် ။ ဒါနဲ့ 
ဆရာမ..။ ဟဲ့ မောင်မြ.." လိုလိုမယ်မယ် " ဆိုတဲ့ စကားလုံးကို ၀ါကျ ဖွဲ့ ပြစမ်း..။မောင်မြ ခေါင်းလေးကုတ်ခါကုတ်ခါနှင့် အိပ်ချင်မူးတူး
ဖြေသည် ။
မောင်မြ ။ ကျနော့်ဦးလေးသည် မိန်းမ ငါးယောက်တောင် ယူထားပါသည် ။ လိုလိုမယ်မယ် ဆရာမ ဖုန်းနံပါတ်ကိုပါ ပေးထားလိုက်ပါသည် ။
ငင်...တေနာလေး...
+12
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +13036
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #133 on: October 10, 2015, 12:25:58 PM »
                                        ဆရာမကို နမ်း
ဒီမှာ မင်းခေါင်..ရဲမေတစ်ယောက်ကို ဘယ်တော့မှ သွားမနမ်းမိစေနဲ့ ..နမ်းရင် သူက ဒီလိုပြောလိမ့်မယ်ကွ...
" ရပ်စမ်း.....လက်မြှောက်လိုက်.."
အေး...ဆရာဝန်မတစ်ယောက်ကိုလည်း မနမ်းမိစေနဲ့ ကွ...သူကျ ဒီလိုပြောလိမ့်မယ်...
" ပြီးပြီ...နောက်တစ်ယောက်...."
မင်း နမ်းချင်ရင်တော့..ကျောင်းဆရာမကိုရွေးနမ်း.. မင်းနမ်းပြီးရင်တော့ .ဒီလိုပြောလိမ့်မယ်....
" မှားတယ်...နောက်တခေါက် ဆက်လုပ်..."  ;D ;D ;D ;D
+9
Offline phyokyaw
  • ကျောင်းသားကြီး
  • **
  • Posts: 61
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • ပတ်ဝန်းကျင်ကအတင်းတွေကို လိုက်မခံစားနဲ့
  • Respect: +803
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #134 on: October 29, 2015, 01:32:46 AM »
ဒီလောက်ဆိုရပြီ
--------------
ရုရှားနိုင်ငံ Hawlloen party  တခုတွင်ဖြစ်သည်၊
လူမျိုးစုံလူငယ်များကားကိုယ်စီနှင့် နောက်ဖုံးတွင် ဝူဖါ များတပ်ဆင်၍ခုန်ပေါက်သူများ မတ်တပ်ရပ်စကားပြောသူများနှင့်ပြည့်နှက်နေသည်။ညဥ့်နက်လာသောအခါ လူငယ်တအုပ် မှ ဂျပန်မနှစ်ယောက်မှာသောက်စရာများကုန်ပြီထပ်ဝယ်ရန်ပြောလေသည်။ထိုစဉ်သူတို့ ခဏငြိမ်သက်ပြီးအကြံထုတ်ကြသည်။ရုရှားလူငယ်တယောက်မှ
"Ok ငါမှာနည်းလမ်းရှိတယ် မင်းတို့ငါ့ကိုဒီမှာခဏစောင့်ကြ ကာဇုမိ နဲ့ဟီကာရူး ကားနောက်ခန်းကလိုက်ခဲ့"
ဟုပြောကာ ဗန်ကားလေးကိုမောင်းထွက်သွားသည်။ရုရှားလူငယ်လေး ကားတလှိမ့်ချင်းမောင်းကာတစုံတခုရှာနေသည်။ထို့နောက်  Kluger နောက်ဖုံးတွင်ဝူဖါများအပြည့်တပ်ဆင်ကာ ကနေကြသော လူငယ်အုပ်နားကားဖင်ချင်းဆိုင်ရပ်ကာ ကနေသောလူများကိုလှမ်းအော်ပြောလိုက်သည်။
"Guys ငါတို့ ဘယ်သူဝူဖာပိုကျယ်လဲ ဘီယာ ၂ ဖာကြေးလောင်းဖို့စိတ်ဝင်စားလား"
ကမ်းလှမ်းခံရသောဘက်မှကားပိုင်ရှင်က အထင်သေးပြုံးပြုံးကာ
"Ok မြည်းကြည့်လိုက်သားလေး"
ဟုဆိုပြီး အသံဂိတ်ဆုံးချဲ့လိုက်သည်။တအောင့်ကြာတော့ ဝူဖာပိတ်ပြီးရုရှားလေးကိုပြန်ပြောလိုက်သည်။
"မင်းအလှည့် ပြပါဦး မင်းရဲ့ဘူးသီးလောက်ဝူဖါကြီး"
ဟုဆိုကာဝိုင်းဟားကြသည်။ရုရှားလေးနောက်ဖုံး ဖွင့်လိုက်သည်။ထိုအခါ ဟိုလူငယ်က
"အဲဒါ...?"
ရုရှားလူငယ်လေးကအေးအေးဆေးဆေး မိတ်ဆက်ပေးသည်။ "ဒါက ကာဇုမိနဲ့ဟီကာရူး ဂျပန်ကငါ့သူငယ်ချင်းတွေလေ"
Kluger လူငယ်လေးသူသူငယ်ချင်းတယောက်ကိုအော်ပြောလိုက်သည်။
"Hey Mak,ဘီယာ ၂ဖာပေးလိုက်တော့ကွာ "
+3
« Last Edit: October 29, 2015, 01:37:06 AM by phyokyaw »
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +13036
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #135 on: October 30, 2015, 03:58:22 PM »
ကဲ..၀ါလကင်းလွတ် သီတင်းကျွတ်ပြီဆိုတော့ လူပျိုကြီး အပျိုကြီးတွေလည်း ကျွတ်ချင်ကြမှာပေါ့...
အပျိုကြီးတွေအတွက် ယောင်္ကျားကောင်းတစ်ယောက်နဲ့ အိမ်ထောင်ပြုနိုင်ဘို့ အတွက် အောက်ကအချက်တွေနဲ့ 
တိုက်ဆိုင်စိစစ်ပြီး ယူကြပေါ့ဗျာ...
           ယောင်္ကျားကောင်း
၁။ အရက်မသောက်ဘူး....
၂။ ဆေးလိပ်မသောက်ဘူး..
၃။ ဖဲမရိုက်ဘူး
၎။ ဘောပွဲမလောင်းဘူး..
၅။ မိန်းမ မလိုက်စားဘူး....
၆။
(click to show/hide)
;D ;D ;D ;D ;D
+9
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +13036
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #136 on: November 28, 2015, 09:58:45 AM »
                                       ဘာသာပြန် တော်ချက်
မိုမို       ။ ဦးဦး..သမီးကို ဟိုကောင် ရည်းစားစာ ပေးသွားတယ်..အင်္ဂလိပ်စာတွေနဲ့  နားမလည်လို့  ဘာသာပြန်ပေးဦး..
မင်းခေါင် ။ ပြစမ်း သမီး အဲ့စာကို..." If you be my star .I'll be your sky "
            ဒါလေးများ လွယ်ပါတယ် သမီးရ..ဦးဦး တစ်လုံးခြင်း ရှင်းပြမယ်..
            " If " ဆိုတာက  တကယ်လို့ .
            " you " က မင်း..
            " star " ဆိုတာက  ကြယ်...
            " i "  က ငါ..
            " sky " က ကောင်းကင်
မိုမို       ။ အင်း ..အားလုံ ဘာသာပြန်တော့ ဘာတဲ့လဲ ဦးဦး..
မင်းခေါင် ။ ဟာ....ဒီကောင်တော်တော်ဆိုးတာပဲ...
            တကယ်လို့  မင်းသာ ငါ့အတွက် ကျယ်မယ်ဆိုရင်
            ငါ..မင်းကို ကောင်းကောင်း ကင်မယ်
တဲ့..
မိုမို       ။ ငင်..တကယ်လားဦး..အဲ့ကောင် သေပြီသာ မှတ်...... ;D ;D ;D
cd...fb
+11
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +13036
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #137 on: January 21, 2016, 01:09:11 PM »
ဇနီးသည်ရဲ့  ( ၄၅ ) နှစ်မြောက်မွေးနေ့ အတွက် ကိုမင်းခေါင် မွေးနေ့ ကိတ်မုန့်  သွားမှာတယ်..။
တဖြည်းဖြည်း အသက်ကြီးလာလို့  စိတ်ညစ်နေတဲ့  ဇနီးချော စိတ်ဖြေနိုင်ဘို့ အတွက် ကိတ်မုန့် ပေါ်မှာ
ရေးချင်တဲ့ စာကြောင်းလေးက ဒီလို ....
" အသက်ကြီးတယ်ဆိုတာ အိုဟောင်းသွားတာမဟုတ်..ပိုကောင်းလာတာပါ " တဲ့..
ဒါနဲ့ ကိတ်မုန့် လုပ်တဲ့သူကို မောင်မင်းခေါင် သေသေချာချာမှာတယ်..။
" စာတမ်းကို သုံးကြောင်း ခွဲရေးပေးပါ.."
" ဟုတ်ကဲ့..ဘယ်လို ခွဲရေးပေးရမှာလဲခင်ဗျ "
" အပေါ်ပိုင်းမှာ အသက်ကြီးတယ် ဆိုတာကိုရေး..အလယ်ပိုင်းမှာ အိုဟောင်းသွားတာ မဟုတ်  ကိုရေး..
  အောက်ပိုင်းမှာ..ပိုကောင်းလာတာပါ လို့ ရေးပေးပါ..."
" စိတ်ချ စိတ်တိုင်းကျ ဖြစ်စေရမယ်.."
ဒီလိုနဲ့  မွေးနေ့ ပွဲရောက်တော့ ကိတ်မုန့် လာပို့ သွားတယ်..။ ပရိတ်သတ်အလယ် ကိတ်မုန့် လှီးမယ်ပြင်ကာမှ
ကိတ်ပေါ်က စာကို ဖတ်ကြည့်မိလိုက်တယ်..။
" အပေါ်ပိုင်းမှာ အသက်ကြီးတယ်ဆိုတာ
   အလယ်ပိုင်းမှာ အိုဟောင်းသွားတာ မဟုတ်..
  အောက်ပိုင်းမှာ ပိုကောင်းလာတာပါ
" တဲ့..။
ကိတ်မုန့် ဆရာကတော့ ပြောတဲ့အတိုင်းရေးတာပဲ..မောင်မင်းခေါင်သာ.မွေးနေ့ မှာ ငတ်သွားတာ..
 :( :( :(
+10
« Last Edit: January 21, 2016, 01:49:15 PM by tunaye2011 »
Offline lover08
  • စီနီယာ
  • ***
  • Posts: 67
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • ♡ ♡ ♡ Hi Girl♡ ♡ ♡
  • Respect: +1428
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #138 on: February 15, 2016, 09:37:23 PM »
တစ်​ခါက နိုင်​ငံခြားမှာအလုပ်​ထွက်​လုပ်​​နေတဲ့ အလုပ်​သမား​လေးတစ်​​ယောက်​ အာဖရိကကသူ့အ​မေဆီကိုဖုန်းဆက်​တယ်​....
ကောင်​​လေး။......။အ​မေ သားမှာ AIDS ​ရောဂါဖြစ်​​နေပီ အဲ့ဒါ ဘယ်​အလုပ်​ရှင်​က လက်​မခံ​တော့ဘူး အာ့နဲ့ သားအ​မေတို့ဆီပြန်​လာခဲ့ ​တော့မလို့ပါ အ​မေ...
အ​မေ။.......။ အ​မ​လေး အဖြစ်​ဆိုးလှ​ချေလားသားရဲ့...ပြန်​​တော့မလာပါနဲ့ကွယ်​...အာ့မှာပဲ​နေပါ အ​မေတို့ဒီက​နေပိုက်​ဆံလှမ်းပို့​ပေးပါမယ်​.......အဟင့်​....ဟီး...ဟီး...ဟီး
ကောင်​​လေး။........။ဘာဖြစ်​လို့ သားအ​မေတို့ဆီပြန်​လာလို့မရ ရတာလည်းအ​မေ.....
အ​မေ။.........။မင်းပြန်​လာခဲ့ရင်​ မင်းဆီက​ရောဂါက မင်းမိန်းမဆီကူးမယ်​.....မင်းမိန်းမဆီက​နေ မင်းအကိုဆီကူးမယ်​....မင်းအကိုဆီက​နေ အိမ်​​ဖော်​မ​လေးဆီကူးမယ်​....အိမ်​​ဖော်​မ​လေးဆီက​နေ မင်းအ​ဖေဆီကူးမယ်​....မင်းအ​ဖေဆီက​နေ ငါ့ဆီကူးမယ်​....ငါ့ဆီက​နေ ခြံ​စောင့်​ကြီးဆီကူးမယ်​......ခြံ​စောင့်​ကြီးဆီက​နေ မင်းညီမဆီကူးမယ်​.....မင်းညီမဆီက​နေ တစ်​မြို့လုံး ​ရောဂါကူးကုန်​မှာ​ပေါ့ ဟဲ့......
ကောင်​​လေး။........။...................
+12
Offline နတ်ဆိုးကြီး
  • PDF Creator
  • ဂုဏ်ထူးတန်း
  • *****
  • Posts: 380
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • သင် ဆိုးလျှင် ကျွနုပ် ရိုင်းမည်
  • Respect: +7261
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #139 on: August 05, 2016, 01:20:06 PM »
စဉ်းစားမိတာလေး...ရေးပြချင်လို့
ခေတ်သစ် သစ်ခုတ်သမားပုံပြင်လေး ကျော်င်တော်သားတို့ သိပြီးသားပါ...အဲလိုပဲ တွေးမိတာက
တနေ့ ဖေ့ဘုတ် မှာ တခု ဖတ်လိုက်ရတယ်
 long long ago ကပေါ့ကွယ်...
အရမ်းချောတဲ့ မိဖုရားတပါးရှိသတဲ့...
ဘုရင်က ညီလာခံ ဝင်ဖို့ မိဖုရား အဆောင်ကို အတိုင်ပင်ခံဘိုးဘိုးကြီး ကို မိဖုရားခေါ်ဖို့ လွတ်လိုက်တာပေါ့
မိဖုရားအဆောင်ရောက် တံခါးဖွင့်သံကို မိဖုရားကြားတော့ ...
အင်း ..ရှင်ဘုရင်တော့ဖြင့် မောနင်းတစ်ကြောင်းဆွဲဖို့ ရောက်လာတယ်ထင်ပြီ...Sexy Post နဲ့ အိပ်ချင်ယောင်ဆောင်နေတာပေါ့
အတိုင်ပင်ခံကြီး ဝင်လာတော့ မိဖုရားကြီးရဲ့ Sexy Post ကို မြင်သွားတာပေါ့.. :-[ :-[ :-[
ဇွန်ကြီးလောက်နီးနီး Post ပေးကောင်းတဲ့ မိဖုရားကြီး အလှကိုမြင်ပြီး ညီလာခံ မတတ်နိုင်တော့ပဲ အိမ်ကို ပြန်ပြေး Hand play ဆွဲရတော့တာပေါ့... :D :D :D
အတိုင်ပင်ခံကြီး Hand Play များပြီး အားအင်ချိနဲလာပြီး အစားအသောက် မမှန်တာကြောင့် ဂိတော့မဲ့ အခြေအနေ ရောက်လာတာပေါ့
ဒါကို သိတဲ့ မိဖုရားက အတိုင်ပင်ခံကို ခေါ်ပြီး lesson ပေးဖို့ကြံတော့တာပေါ့..
မိဖုရားခေါ်ခိုင်းကြောင်း အတိုင်ပင်ခံကြီး သိတော့ စမန်ထပြီး သွားတွေ့တာပေါ့..
မိဖုရားဆီရောက်တော့ အတိုင်ပင်ခံကို ဆွဲရင်ခံမယ် သို့သော် အားမရှိမှာ စိုးရိမ်သောကြောင့် ဆီဒိုရာ ကို ရေဖျော်ထားတဲ့ ခွက် ၃ ခွက်သောက်ခိုင်းတာပေါ့
အတိုင်ပင်ခံကြီးလဲ free ကုန်းဆင်းရတော့မယ်ဆိုတော့ သောက်တာပေါ့...
၃ ခွက်လုံးကုန်သွားတော့ မိဖုရားကြီးက မေးတယ်..အတိုင်ပင်ခံကြီး ဘာအရသာရှိလဲပေါ့..
အမတ်ကြီးကလဲ ခါးပါတယ် ဘုရားပေါ့...
အဲတော့မှ မိဖုရားကြီးက ရွှေခွက်နဲ့ ထည့်ထားလဲ ခါးတာပဲ ..
ငွေခွက်..ကြေးခွက်နဲ့ထည့်လဲ ခါးတာပဲ လို့ပြောလိုက်တော့ အတိုင်ပင်ခံကြီး သဘောပေါက်သွားပြီး ..
အင်း မိဖုရားကြီးလဲ ခါးမှာပဲ အိမ်ကဟာမကြီးလဲ ခါးမှာပဲ ဆိုပြီး မိဖုရားကြီးတိုက်တဲ့ ဆီဒိုရာ အစွမ်းနဲ့ အိမ်ကဟာကြီးပဲ အတိုးချ ဝုန်းတော့တာပေါ့.. မိဖုရာကို ဝုန်းမိရင် အရှော့ခံရမှာကိုး.... :P :P :P
(ဒီအထိက ဖေ့ဘုတ်က ဖတ်ထားတာကို နတ်ဆိုး အရေးနဲ့ အတွေး ပေါင်းစပ်တင်ပြတာပါ..နတ်ဆိုးတွေးမိတာ ဆက်တင်ပြပါ့မယ်..)
ဆီဒိုရာတိုက်သည့် ကိစ္စ ဘုရင်ကြီး သိသွားသော အခါ ထိုမိဖုရားကို Lesson ပြန်ပေးမည်ဟု ကြံမိလေသည်။
မင်းကြီးက မိဖုရားအား ခေါ်စေပြီး ရှေ့ ရောက်သော အခါ...အုပ်ဆောင်းအလုံ ပိတ်အုပ်ထားသော ပန်းကန် ၃ ချပ်ကို ချထားလေသည်..
မင်းကြီးမှ မိဖုရားကြီးအား ပထမ ပန်းကန်ကို ဖွင့်ခိုင်းလေသည်...
ထွက်လာတာက ငှက်ပျောသီး အခွံနွှာပြီးသား ဖြစ်လေသည်။ ထို ငှက်ပြောသီးကို စားခိုင်းလေသည်။
ဒုတိယ ပန်းကန်ကို ဖွင့်ခိုင်းလေသောအခါ ခရမ်းသီး မီးဖုတ် ထွက်လာလေသည်။ ၄င်းကို စားခိုင်းပြန်သည်
တတိယ ပန်းကန် ကို ဖွင့်ခိုင်းပြန်ပြီး ဖွင့်လိုက်သော အခါ သခွားသီး ထွက်လာလေသည် ။၎င်းကိုလဲ စားခိုင်းလေသည်။
အကုန်စားပြီးနောက် မိဖုရားအား အရသာနှင့် အသွင် အပြင် အကြောင်းမေးလေသည်။
မိဖုရားက ပထမ ငှက်ပျောသီး ဖြစ်ပါတယ် အလုံးကတော့ အနေတော် နှင့် တချောက်လုံး အနဲငယ်ကောက်နေပါတယ် ..စာကောင်းသော်လဲ ထပ်စားချင်နေသေးကြောင်း..ဒုတိယ မှာ ခရမ်းသီးမီးဖုတ် ဖြစ်ပါတယ်...အလုံးကြီးသောကြောင့် မဆံမပြဲ စားရပါတယ်..အရသာက ၁ လုံးတည်းနှင့် အိစိမ့်သောကြောင့် ထပ်စားရန် မဝံရဲပေမဲ့ ထပ်မစားပဲလဲ မနေနိုင်ကြောင်း..နောက်ဆုံးသခွါးသီးမှာ အလုံး အနဲငယ် ကြီးနေသော်လဲ ပါးစပ်နှင့် ဆံ့ကြောင်း ..စားရသည်မှာ အရည် တရွန်းရွန်းနဲ့မို့ လျှောကနဲ ဝင်ပါကြောင်း ကြာကြာ အစားမခံသောကြောင့် ထပ်စားချင်ပါကြောင်း....ပြောလေသည်..။မင်းကြီးလဲ အစားများကို အသစ်လဲခိုင်းပြီး ကြိုက်ရာ တခု ယူသွားစေသည်။ မင်းကြီးသဘောပေါက်လိုက်သည်က အော် မိန်းမများသည် အကုန်စားကြောင်း ဖြစ်ပြီး မိဖုရား သဘောပေါက်တာကတော့ အရသာမတူကြောင်း ဖြစ်လေသည်။
တခုမေးပါရစေ မိဖုရား ဘာယူသွားသည်ဟု သင်ထင်ပါသလဲ..
အဖြေကို ဖွင့်ကြည့်ပါ။
(click to show/hide)
သင်ပြုံးမိပါက ကျွနုပ်ရေးရကျိုးနပ်ပါသည်။
ကူးယူဖော်ပြနိုင်သည် ခရတ်တစ် ထည့်ပေးစေလိုသည်။
နတ်ဆိုး
+3
Tags: