Author Topic: အမောပြေဟာသမှတ်စု ( ၂ )  (Read 89965 times)

0 Members and 2 Guests are viewing this topic.

Offline မင်းခေါင်

  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12947
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #90 on: October 17, 2014, 10:17:22 AM »
ကယ်ရီယာမပါလို့  ရှေ့ မှာပဲထိုင်ပါဆိုပြီး ကောင်လေးကပြောတာနဲ့ ကောင်မလေးက စက်ဘီးရှေ့ ကနေပဲ လိုက်လာခဲ့တယ်..။
သစ်ပင်ရိပ်ကောင်းကောင်း ချုံ အကွယ်ကောင်းကောင်းရောက်လို့  စက်ဘီးရပ်ပြီး ကောင်မလေးဆင်းလိုက်တယ်..။ ကောင်လေး
တွန်းလာတဲ့ စက်ဘီးကို ကြည့်မိပြီး ကောင်မလေး မေ့လဲ သွားပါတယ်..။
စက်ဘီးက ရှေ့ ဘားတန်းလဲ မပါလို့ ပါ...။
+15

Offline SnowFlake

  • မဟာကျောင်းသူ
  • ***
  • Posts: 1068
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Female
  • နောက်ဆုံး ထွက်သက်ထိ ချစ်သွားမှာပါ............
  • Respect: +29096
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #91 on: November 13, 2014, 08:06:34 AM »
အဟွာလေ.. ကွကို ပေါက်ကရ ရေးရတာ နည်းနည်း အားကုန်လာလို့  တူများရေးထားတဲ့ ပေါက်ကရလေးတွေ ကူးချလာတာ..  ;D


သူငယ်တန်း ကျောင်းသား ဂျော်နီ တစ်ယောက် အတန်းထဲမှာ စာသင်နေတုန်း ဆရာမကို စကား သွားပြောပါတယ်။

"ဆရာမ. တား သုံးတန်း တက်ချင်ပါတယ်။ အိမ်က တား အမထက် စာပို့ရလို့ သုံးတန်း ပို့ပေးပါ"

ဒီတော့ အံ့သြသွားတဲ့ ဆရာမက သူ့ကို ကျောင်းအုပ်ကြီး အခန်းထဲ ခေါ်သွား ပြီး အကျိုးအကြောင်း ရှင်းပြပါတယ်။ ဒါနဲ့ပဲ ကျောင်းအုပ်ကြီးက ကလေးကို ဥာဏ်စမ်းပါတော့တယ်။

ကျောင်းအုပ်ကြီး - ၃ နဲ့ ၃ မြောက်ရင် ဘာရလဲ။

ဂျော်နီ - ၉

ကျောင်းအုပ်ကြီး - ၆ နဲ့ ၆ မြောက်ရင်

ဂျော်နီ - ၃၆

ကျောင်းအုပ်ကြီး - ဟုတ်တယ် ဆရာမရဲ့ ။ သုံးတန်းပို့ပေးလိုက်ပါ။

ဆရာမ- အို။ ဆရာကြီးက လွယ်တဲ့ မေးခွန်းတွေ မေးတာကို။ ကျမလည်း မေးအုံးမယ်။ နွားမှာ လေးချောင်းပါတယ်။ လူမှာ ၂ ချောင်းပါတယ်။ အဲဒါဘာလဲ။

ဂျော်နီ - ခြေထောက်

ဆရာမ - ဆရာမ ဆီမှာ မရှိဘူး။ သားဘောင်းဘီထဲမှာ ရှိတာဘာလဲ။

ဂျော်နီ - အိတ်ကပ်

ဆရာမ - C နဲ့ စတယ် T နဲ့ဆုံးတယ်။ လုံးဝိုင်းတယ်။ အရသာ ရှိတယ်။

ဂျော်နီ - Coconut

ဆရာမ - လွယ်လွယ်နဲ့ မထွက်ဘူး။ ထွက်တော့လည်း ချွဲကျိကျိနဲ့။
(ကျောင်းအုပ်ကြီး မျက်လုံးပြုးနေပါပြီ)

ဂျော်နီ - ဆပ်ပြာပူပေါင်း

ဆရာမ - အမွေးထူတယ် အစေ့စားလို့ကောင်းတယ်။

ဂျော်နီ - ပြောင်းဖူး

ဆရာမ - ကဲ။ ဒါဆိုလည်း F နဲ့စပြီး K နဲ့ ဆုံးတဲ့ အင်္ဂလိပ်စကားလုံးက ဘာလဲ။

ဂျော်နီ - Firetruck

ဆရာမ - ကဲ။ ဆရာ။ သူ့ကို ၆ တန်းသာ တင်ပေးလိုက်ပါတော့။ ကျမ မေးခွန်း အမှား ငါးခုကို သူမှန်အောင် ဖြေနိုင်တယ်။

Ref:jokelol

(click to show/hide)
+37
အဆင်ပြေရင် ထောင်ပေးနော်
  လက်မ

Offline dipper111

  • ကောလိပ်ဂျင်
  • ****
  • Posts: 102
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3783
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #92 on: December 13, 2014, 10:28:36 PM »
အားလုံးမှန်ပါသည်

တစ်ခါကတိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်စိုးသတဲ့။ တစ်ရက်တော့ အဲဒီဘုရင်ကြီးဟာ လယ်ထွန်မင်္ဂလာ ကျင်းပလိုပြီး သူ့ရဲ့ လယ်ထွန်မင်္ဂလာမှာ မြို့တော်သူမြို့တော်သားများ တက်ရောက် စေလိုသောကြောင့် အောက်ပါအတိုင်း ကြေငြာမောင်းခတ်စေလေသတဲ့။

‘တိုင်းသူ ပြည်သား လူအများတို့လေ။ ဘုန်းကံကြီးမြတ်လှသော ရေမြေ့သခင် အရှင်မင်းမြတ်ကြီး၏ လယ်ထွန် မင်္ဂလာ အခမ်းအနားကို မနက်ဖြန်တွင် ကျင်းပမည် ဖြစ်ပါသဖြင့် မြို့သူမြို့သား အားလုံးတက်ရောက်ရန် ကြေငြာမောင်း ခတ်လိုက်သည်’

ဒူဒူ…ဒူ

ကြေငြာမောင်းထုသူများ ထိုသို့ကြေငြာအပြီးတွင် အမတ်ကြီးတစ်ဦးရောက်လာပြီး

‘အရှင်မင်းမြတ်ခင်ဗျား ကျွန်တော်မျိုး အကြံတစ်ခုပေးပါရစေ။ ရေမြေ့သခင် အရှင်မင်းကြီးရဲ့ အမိန့်ဖြစ်ပြီး လူတွေကို ဒီအတိုင်းရိုးရိုးခေါ်တာတော့ မကောင်းပါဘူး ဘုရား။ တကယ်လို့ မလာကြရင် အရှင့်ရဲ့ သိက္ခာကျရချေရဲ့။ အဲတော့ မလာတဲ့သူကို တစ်ခုခုတော့ အပြစ်ပေးသင့်တာ ပေါ့ဘုရား’

ဘုရင်မင်းမြတ်လည်း အမတ်ကြီးရဲ့ လျှောက်တင်ချက်ကို စဉ်းစားပြီး သင့်တော်သည်ဟု ထင်သဖြင့်

‘အိမ်း ဟုတ်ပေသားပဲ ဒါဆိုအမိန့်တော်မှာ ပြစ်ဒဏ်ထည့်စေ’

ဟုဆိုသဖြင့် အမိန့်ကြော်ငြာသမားတို့ မောင်းထုပြီး အောက်ပါအတိုင်း ကြေငြာရပြန်သည်။

‘တိုင်းသူ ပြည်သား လူအများတို့လေ။ ဘုန်းကံကြီးမြတ်လှသော ရေမြေ့သခင် အရှင်မင်းမြတ်ကြီး၏ လယ်ထွန် မင်္ဂလာ အခမ်းအနားကို မနက်ဖြန်တွင် ကျင်းပမည် ဖြစ်ပါသဖြင့် မြို့သူမြို့သား အားလုံးတက်ရောက်ရန် ကြေငြာမောင်း ခတ်လိုက်သည်။……. ပျက်ကွက်ပါက သေဒဏ်။’

ဒူဒူ…ဒူ

ထိုအမိန့်တော်ကို ကြေငြာအပြီး ခဏတွင် ထိုမင်းကြီးကိုးကွယ်သော ဆရာတော်ကြီး နန်းတော်သို့ အပြေး ရောက်လာပြီး။

‘ဒကာတော်မင်းမြတ်။ ဒကာရဲ့ လယ်ထွန်မင်္ဂလာကို မလာတဲ့သူသေဒဏ်ပေးမယ်ဆိုတော့ အပြစ်ဒဏ်က ကြီးလွန်းမနေဘူးလားဘုရား။ အဲလိုသာတကယ်ဆိုရင် အရှင်မင်းကြီး အကြင်နာတရား မပြည့်ဝတဲ့ မင်းကြီးဖြစ်နေပါပေါ့။ မေတ္တာတရားရဲ့ ပြည့်ဝတဲ့ မင်းကြီး ဘယ်ဖြစ်ပါ့တော့မလဲဒကာ။ စဉ်းစားပါဦး’

ထိုအခါမင်းကြီးလည်း ဆရာတော်၏ လျှောက်တင်ချက်ကို သေချာစဉ်းစားပြီး သင့်မြတ်လှသည်ဟု ထင်သဖြင့် မူးကြီးမတ်ကြီးများနှင့် တိုင်ပင်ပြီး အမိန့်တော်ကို ပြင်ဆင်စေရာ အမတ်ကြီးတစ်ဦးက

‘အရှင်မင်းကြီးခင်ဗျား။ ရာဇာတို့၏ နုတ်ထွက်စကားသည် မပြင်ကောင်းပါဘုရား။ သို့အတွက်ကြောင့် အမိန့်တော်ကို မပြင်ပဲ ထပ်မံသာ ဖြည့်စွက်သင့်ပါသည်ဘုရား’

ဟုလျှောက်တင်ရာ အရှင်မင်းကြီးလည်း ‘ဟုတ်ပေသားပဲ’ ဟုဆိုကာ မူးမတ်ကြီး၏ အကြံပေးချက်အတိုင်း အောက်ပါအတိုင်း ပြင်စေပြန်သည်။

‘တိုင်းသူ ပြည်သား လူအများတို့လေ။ ဘုန်းကံကြီးမြတ်လှသော ရေမြေ့သခင် အရှင်မင်းမြတ်ကြီး၏ လယ်ထွန် မင်္ဂလာ အခမ်းအနားကို မနက်ဖြန်တွင် ကျင်းပမည် ဖြစ်ပါသဖြင့် မြို့သူမြို့သား အားလုံးတက်ရောက်ရန် ကြေငြာမောင်း ခတ်လိုက်သည်။. ….ပျက်ကွက်ပါက သေဒဏ်။ …..သေဒဏ်ဟုဆိုသော်လည်း သိပ်ကြောက်ရန်တော့ မလို။’

ဒူဒူ…ဒူ

ထိုအမိန့်တော်ကို မောင်းထုသူတို့ကြေငြာပြီး ခဏတွင် မင်းတိုင်ပင် အမတ်ကြီးတစ်ဦး နန်းတော်ထဲ သို့ ပြေးလာပြီး လျှောက်တင်ပြန်လေသည်။

‘အရှင်မင်းကြီးဘုရား။ ကျွန်တော်မျိုးလျှောက်တင်ပါသည်။ အရှင်မင်း၏ ကြေငြာချက်သည် သေဒဏ်ဟု ကြေငြာထားသော်လည်း သိပ်ကြောက်ရန်တော့ မလိုဟုဆိုသဖြင့် လူအများပေါ့ပျက်ပျက်ဖြစ်နေပြီး ရယ်စရာ ဖြစ်နေပါတယ်ဘုရား။ သို့အတွက်ကြောင့် မင်းတို့၏ စကား မပြင်စကောင်းလည်း မဖြစ်စေရန်၊ လူလည်း လေးစားစေရန် ထပ်မံဖြည့်စွက်သည့်ပါသည်ဘုရား’

ဟုအကြံပေးပြန်ရာ နောက်ဆုံးတွင် အမိန့်စာမှာ အောက်ပါအတိုင်းဖြစ်သွားလေသတည်း။

‘တိုင်းသူ ပြည်သား လူအများတို့လေ။ ဘုန်းကံကြီးမြတ်လှသော ရေမြေ့သခင် အရှင်မင်းမြတ်ကြီး၏ လယ်ထွန် မင်္ဂလာ အခမ်းအနားကို မနက်ဖြန်တွင် ကျင်းပမည် ဖြစ်ပါသဖြင့် မြို့သူမြို့သား အားလုံးတက်ရောက်ရန် ကြေငြာမောင်း ခတ်လိုက်သည်။…….. ပျက်ကွက်ပါက သေဒဏ်။……. သေဒဏ်ဟုဆိုသော်လည်း သိပ်ကြောက်ရန်တော့ မလို။…… သို့သော်လည်း ပေါ့တော့ မပေါ့နှင့်။’

ဒူဒူ…ဒူ ဟူ၏။
+6

Offline dipper111

  • ကောလိပ်ဂျင်
  • ****
  • Posts: 102
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3783
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #93 on: December 13, 2014, 10:42:46 PM »
အဘက အလကား လုပ်ပါ့မလားကွယ့်

တစ်ခါကကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကဒီလိုပါ။

လူငယ်တစ်စုတဲ့ မေမြို့ကို ပျော်ပွဲစားသွားကြသတဲ့။ သူတို့ထဲက တစ်ယောက်က မေမြို့မှာ ခြံနဲ့ အိမ်ပိုင် လေသည်။ သူတို့လည်းအဲဒါနဲ့ အဲဒီခြံမှာ တည်းကြတာပေါ့။ အဲဒီခြံထဲမှာ ခြံစောင့် အဘိုးကြီး တစ်ယောက်လည်း ရှိလေသည်။ ညနေရောက်တော့ သူတို့က အရက်သောက်ချင်လာကြတယ်လေ။ သွားဝယ်ရမှာကလည်းပျင်းတာနဲ့ အဘိုးကြီးကို ပိုက်ဆံပေးပြီး

‘အဘ ကျွန်တော်တို့ကို အရက်သွားဝယ်ပေးစမ်းပါ’

ဆိုပြီး လွတ်လိုက် ကြတယ်။ အဘိုးကြီးလည်း ခဏနေတော့ အရက်ပုလင်းလေးဝယ်ပြီး ပြန်လာလေသည်။ လူငယ်များသည်လည်း ပျော်ပျော် ပါးပါးနဲ့ အရက်သောက်ကြရာ တစ်လုံးကုန်သော်လည်း မမူးသဖြင့် ထပ်ဝယ်ခိုင်းလေသည်။ ထို့နောက် ထပ်သောက်ကြပြန်ရာ ထိုအခါလည်း မမူးပေ။ သို့နှင့် သူတို့လည်း မသင်္ကာတော့ သဖြင့် အဘိုးကြီး ကိုမေးကြသည်။

‘အဘကြီး ကျွန်တော်တို့ အရက်ကို သောက်ပြီး ရေရောများလာသလား’

အဘိုးကြီးက ပြန်ဖြေလေသည်။

‘ငါ့တူတို့ရယ် အဘကအလကား လုပ်ပါ့မလားကွဲ့’

‘ဒါဆိုလည်း ပြီးရောဗျာ ထပ်ဝယ်ချေဦး’

သူတို့ ထပ်သောက်ကြပြန်သည်။ ဒီတစ်ခါလည်း မမူးချေ။ အဘိုးကြီးကို ထပ်မေးကြပြန်သည်။

‘အဘ မလိမ်နဲ့ နော် အဘသောက်ပြီး ရေရောထားတယ်ထင်တယ်’
‘သြော် ငါ့တူတို့ရယ် အဘက အလကား လုပ်ပါ့မလားကွယ့်’

သို့နှင့် သူတို့ ထပ်ဝယ်ခိုင်းပြီး သောက် မမူး ထပ်မေး။ နောက်ဆုံးတော့ အဘိုးကြီးက

‘ငါတူတို့ရယ် အဘအလကား လုပ်ပါ့မလားကွဲ့’

ဟုဆိုကာ မူးလဲသွားလေသတည်း။
+5

Offline မင်းခေါင်

  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12947
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #94 on: January 07, 2015, 12:56:07 PM »
                   အရွယ်သုံးပါး

မိန်းမ

ပထမအရွယ်...... မိဘကို ဒုက္ခပေးတဲ့အရွယ်..
ဒုတိယအရွယ်..... ယောင်္ကျားကို ဒုက္ခပေးတဲ့အရွယ်.
တတိယအရွယ်... ယောက္ခမကို ဒုက္ခပေးတဲ့အရွယ်.

ယောင်္ကျား

ပထမအရွယ်..... မိဘကို ဒုက္ခပေးတဲ့အရွယ်.
ဒုတိယအရွယ်.... မိန်းမကို ဒုက္ခပေးတဲ့အရွယ်.
တတိယအရွယ်.. ကိုယ့်ကိုကိုယ် ဒုက္ခပေးတဲ့အရွယ်.
+11

Offline မင်းခေါင်

  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12947
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #95 on: January 07, 2015, 01:00:57 PM »
                  မိန်းမများ၏ ဆန္ဒသဘောထား

၁။ ဗလအားကိုး ယောင်္ကျားဆိုး
   အလောင်းအစားမက်သော ယောင်္ကျားများအား ဆန့် ကျင်ကြ ။

၂။ ညကြီးအချိန်မတော် မာဆတ် ( ခေါ် )
   အနှိပ်ခန်းတွင် ပျော်တတ်သော ယောင်္ကျားများအား ဆန့် ကျင်ကြ ။

၃။ အိုင်တွေ့ တိုင်း ခြေဆေး
   မိန်းမမြင်တိုင်း ငေးတတ်သော ယောင်္ကျားများအား
   ဘုံရန်သူအဖြစ် သတ်မှတ် ခြေမှုန်းကြ..။


အောင်မ ငီး..
+11

Offline မင်းခေါင်

  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12947
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #96 on: January 07, 2015, 01:04:31 PM »
                တစ်ယောက်တစ်မျိုး

" ရှင်တို့  ယောင်္ကျားတွေက မယူခင်က အပြောတစ်မျိုး
  ယူပြီးတော့ တစ်မျိုး.... >:( "

" မင်းတို့ မိန်းမတွေက မယူခင်က ဆိုက်တစ်မျိုး
  ယူပြီးတော့ ဆိုက်တစ်မျိုး.. ;D ;D "
+12

Offline မင်းခေါင်

  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12947
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #97 on: January 17, 2015, 12:54:53 PM »
                            တို့ စားမှာ...

ဈေးထဲတွင် အဖွားအိုတစ်ယောက် ဟင်းသီးဟင်းရွက်များ ရောင်းနေသည် ။

ပထမ အမျိုးသမီး.. " အဖွား..သခွားသိးတစ်လုံးလောက်..."

အဖွား...           " ရော့...."

                    " ဟင့်အင်း..အဲ့ဒါ မယူဘူး..ကြီးတာလေးပေး..."

                    " ရရစေမယ်...ရော့.."

ဒုတိယအမျိုးသမီး.." အဖွား သခွားသီး ခပ်ရှည်ရှည်လေး တစ်လုံး.."

အဖွား..           " ကဲ..ရော့..အရှည်ဆုံးပဲ.."

ထိုအမျိုးသမီးများ မပြန်ခင် နောက်ထပ် အမျိုးသမီးတစ်ယောက် ရောက်လာပြန်သည် ။

အမျိုးသမီး.. ..    " အဖွား..သခွားသီး တစ်လုံး..."

အဖွား........     " သမီးကရော.ဘယ်လို သခွားသီး လိုချင်တာလဲ.."

အမျိုးသမီး...      " ရတယ်အဖွား..ကြိုက်တာသာ ပေးပါ....သမီးက  တို့ စားမှာ..."  ;D ;D ;D

+12

Offline မင်းခေါင်

  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12947
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #98 on: January 17, 2015, 01:03:06 PM »
                မအိပ်နိုင် မစားနိုင်..

ယောင်္ကျားလေး.........

" နင်နဲ့ ပထမဆုံး သူငယ်ချင်းဖြစ်တဲ့နေ့ က စပြီး..

  ငါ့မှာ မအိပ်နိုင်..မစားနိုင် ဖြစ်နေတာပါဟာ.."

ကောင်မလေး....

" အို...ဒါဆို နင်က ငါ့ကို အဲ့ဒီအချိန်ထဲက ကျိတ်ပြီး

  ကြွေနေတာပေါ့..ဟုတ်လား..."

ကောင်လေး.....

" မဟုတ်ပါဘူးဟာ..အဲ့ဒီအချိန်ထဲက

  နင်ဝယ်သမျှ..စားသမျှကို ငါပဲ ပိုက်ဆံ ရှင်းပေးခဲ့တာလေ...

  အခု ငါ မွဲနေပြီ..ဟ "
+9

Offline မင်းခေါင်

  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12947
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #99 on: January 17, 2015, 01:25:01 PM »
အမျိုးသမီးတစ်ဦး. ဖုန်းနံပါတ်တစ်ခုကို နှိပ်ပြီး ဖုန်းခေါ်လိုက်သည် ။

အမျိုးသမီး.. " ဟယ်လို.. ဦးတိုနီရဲ လားရှင်..ကျမ ရှင့်ကို  ပြောစရာရှိလို့ ပါ.."

အမျိုးသား.. " မင်းက ဘယ်သူလဲ..ငါ့ကို သိလို့ လား..."

အမျိုးသမီး.." ရှင်က ကျမကလေးတွေထဲကမှ ကလေးတစ်ယောက်ရဲ့  အဖေလေ.."

အမျိုးသား.." ဟင်...မင်းက သီတာလား..."

အမျိုးသမီး. " မဟုတ်ပါဘူးရှင်..."

အမျိုးသား ." ဒါ..ဒါဆို..ကြည်ပြာ လားဟင်.."

အမျိုးသမိး.." No.ပါ.. "

အမျိုးသား.." ဒါဆို..မူယာ ဟုတ်တယ်ဟုတ်.."

အမျိုးသမီး.." မဟုတ်သေးပါဘူး.."

အမျိုးသားက နောက်ထပ် နာမည် သုံးလေးခု  ထပ်ရွတ်ပြသည် ။ အမျိုးသမီးက နောက်ဆုံးစိတ်ပျက်လာသဖြင့်

" ကျမက ရှင့်သားရဲ့ ဆရာမပါရှင်...ရှင့်သား..ဒီနေ့  ကျောင်းပြေးပြီး ရုပ်ရှင်သွားကြည့်တယ်လို့  သိရလို့  ရှင့်ဆီ လှမ်းတိုင်တာပါ..."
+11

Tags: