Author Topic: အမောပြေဟာသမှတ်စု ( ၂ )  (Read 87215 times)

0 Members and 1 Guest are viewing this topic.

Offline hackerz

  • ကောလိပ်ဂျင်
  • ****
  • Posts: 201
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3387
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #50 on: January 08, 2014, 08:40:04 PM »

   Facebook ပေါ်မှာဖတ်လိုက်ရတဲ့ဟာသလေးပါ။
   စားသောက်ဆိုင်တစ်ဆိုင်မှာ သူငယ်ချင်းလေးယောက်အတူတူ အစားစားနေကြတယ်။ အဲဒီအချိန်မှာပဲ သူတို့ထဲက တစ်ယောက်က သန့်စင်ခန်းကို သွားလိုက်တယ်တဲ့။ သူသွားနေတုန်း ကျန်တဲ့ သူငယ်ချင်းသုံးယောက်က ကိုယ့်သားအကြောင်းကိုယ် ကြွားကြတယ်။ ပထမဆုံးတစ်ယောက်က ပြောတယ်
   "ကျွန်တော့်သားက အခုကားကုမ္ပဏီမှာ ရာထူးအကြီးဆုံးဗျ။ ပြီးခဲ့တဲ့ ခရစ်စမတ်တုန်းကတောင် သူ့ချစ်သူကို နောက်ဆုံးပေါ်ကားတစ်စီး လက်ဆောင်ပေးလိုက်တယ်တဲ့ဗျာ။"
     ဒုတိယတစ်ယောက်ကလည်း ကြွားတယ်
   " ကျွန်တော့်သားလည်း ခြံတွေမြေတွေကို ၀ယ်ရောင်းလုပ်နေတာ အရမ်းချမ်းသာနေပြီဗျ။ ပြီးခဲ့တဲ့ ခရစ်စမတ်တုန်းက သူ့ချစ်သူကို ခြံအကြီးကြီး တစ်ခြံလက်ဆောင်ပေးလိုက်သေးတယ်ဗျ။ "
    တတိယ တစ်ယောက်ကလည်း အားကျမခံ ပြန်ပြောတယ်
    " ကျွန်တော့်သားကတော့ လေယဉ်ကုမ္ပဏီမှာ လုပ်နေတယ်လေဗျာ။ လစာကတော့ သုံးမကုန်အောင်ရတာပေါ့ဗျာ။ သူလည်း သူ့ချစ်သူကို လေယဉ်ပျံတစ်စီး ခရစ်စမတ်လက်ဆောင်အဖြစ်ဝယ်ပေးထားတာဗျ။"
     ခဏနေတော့ သန့်စဉ်ခန်းသွားတဲ့ သူငယ်ချင်းပြန်လာတယ်။ အဲဒါနဲ့ ကျန်တဲ့သုံးယောက်က သူ့ကိုဝိုင်းမေးတယ်။
    "ကျွန်တော်တို့ ကိုယ့်သားတွေအကြောင်းပြောနေကြတာဗျ။ ခင်ဗျားသားအကြောင်းလည်းပြောပါဦး"
     "အေးဗျာ ကျွန်တော့်သားကတော့ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းဝန်ခံထားတယ်ဗျ။ သူဟာ မိန်းကလေးတွေကို သဘောမကျဘဲ ယောကျာ်းလေးတွေကိုမှ သဘောကျတယ်တဲ့ဗျာ။"
     သူ့ရဲ့သားအကြောင်းကိုကြားတော့ ကျန်တဲ့ သူငယ်ချင်းသုံးယောက်က ၀ိုင်းပြီးလှောင်ကြတာပေါ့
     "ခင်ဗျားသားရဲ့ အဖြစ်ကလည်းဗျာ။ဒါဆိုခင်ဗျားသားက အခြောက်ပေါ့။"
      "အေးဗျာ ခင်ဗျားတို့ပြောလည်းခံရတော့မှာပဲ။ ဒါပေမယ့် ကျွန်တော့်သားကို အခြောက်တွေက ၀ိုင်းကြိုက်ကြတယ်ဗျ။ ပြီးသွားတဲ့ ခရစ်စမတ်ကတောင် ကျွန်တော့်သားကို အရမ်းကြိုက်နေတဲ့ အခြောက်သုံးယောက်က နောက်ဆုံးပေါ်ကားတစ်စီးရယ် ခြံအကျယ်ကြီးတစ်ကွက်ရယ် လေယဉ်ပျံတစ်စီးရယ် လက်ဆောင်ပေးထားတယ်ဗျ။"
      " တိန်  "
+8

Offline ကြောင်ပါး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 891
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +10357
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #51 on: January 25, 2014, 10:35:35 AM »
ဆုံးအောင် ဖတ်ကြည့်

အိမ်က ငါ့ယောက်ကျားလေ.. ဒုတ်ကြီးရှည်ပြီး အလကားပါဟယ်.. တစ်ညနေလုံး တစ်ချက်မှကို မဝင်ဘူး... အဲ့ဒီမဝင်တဲ့ဒုတ်ကျတော့ အပြစ်မပြောဘူး..ငါ့ဘက်လှည့်မဲတယ်.. ငါအငြိမ်မနေလို့တဲ့... ငါလဲ တတ်နိုင်သလောက်တော့ ငြိမ်နေပေးပါတယ်ဟယ်.... ကြာတော့လဲ ညောင်းတယ်ဟ. မခံနိုင်လွန်းလို့ ဟိုလှုပ်ဒီလှုပ်လုပ်တော့လဲ လှုပ်ပြန်ပြီ... စကားလေးပြောမိတော့လဲ.. မင်းစကားပြောရင်ကို အာရုံပျောက်ပျောက်သွားတယ်တဲ့.. သူ့အဖြစ်မရှိတာကျမပြောဘူး.. တကယ် စိတ်တိုတယ်... တော်ပြီ .. ငါဆုံးဖြတ်လိုက်ပြီ.. နောက်ကို သူဂေါက်ကွင်းသွားရင် ဘယ်တော့မှ မလိုက်တော့ဘူး........"ကောင်မ..... ဂေါက်ကွင်းကို အရင်ပြောပါလား"(အေးလေ.. ငါလဲ ခေါင်းစဉ်ကို နောက်မှာထားမိသကိုး..)

>>>မောင်ဟာသ<<<

credit : ရယ်စရာ Photo Comment လေးများ ( Facebook )
+6

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 766
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6284
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #52 on: January 26, 2014, 12:09:06 AM »
လူတစ်ယောက် ဟမ်ဘာဂါဆိုင်ထဲကို ဝင်လာပြီး၊ ဟမ်ဘာဂါတစ်ခု မှာတယ်။
ခဏနေတော့ စာပွဲထိုးက သူ့ရဲ့ဟမ်ဘာဂါကို ယူလာပေးတယ်။
အဲဒါကို သူ တစ်ကိုက် ကိုက်လိုက်တယ်၊ အဲဒီမှာ အမွေးလေးတစ်မျှင်ကို ဟမ်ဘာဂါထဲမှာ တွေ့လိုက်ရတယ်။
သူ အလန့်တကြားနဲ့ စာပွဲထိုးကို အော်တယ်... ...
"စာပွဲထိုး... ငါ့ ဟမ်ဘာဂါထဲမှာ အမွေးတစ်မျှင် တွေ့တယ်၊ ဘာဖြစ်လို့လဲဆိုတာ ငါကြည့်ချင်တယ်"

ဆိုတော့... စာပွဲထိုးက သူ့ကို စာဖိုမှူးအလုပ်လုပ်နေတဲ့ နောက်ဖေးဘက်ကို ခေါ်သွားတယ်။
စာဖိုမှူးက အသားစင်းကောကို ယူလိုက်ပြီး၊ သူ့ဂျိုင်းကြားမှာ ပြားအောင်လုပ်လိုက်တာကို သူမြင်လိုက်ရတယ်။
"ဒါ တော်တော်ရွံစရာ ကောင်းပါလား" ... လို့ သူပြောတယ်။
ဒါနဲ့ စာပွဲထိုးက ပြောတယ်... ...
"အဲဒါကို ရွံစရာကောင်းတယ်လို့ ခင်ဗျားကထင်နေတာ၊ သူ ဒိုးနတ် လုပ်တာကို ခင်ဗျား မြင်စေချင်တယ်"



Credit - https://www.facebook.com/thanlayko
+9
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Offline ကြောင်ပါး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 891
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +10357
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #53 on: February 07, 2014, 10:46:55 PM »
ဖောက်ပြန်တဲ့ယောကျာင်္းနဲ့သဝန်တိုတဲ့မိန်းမ

အချိန်ပိုဆင်းရတဲ့အတွက်..ညဖက်အိမ်ပြန်နောက်ကျသွားတဲ့...ဇနီးဖြစ်သူဟာ အိပ်ခန်းတံခါးကို ညင်သာစွာတွန်းဖွင့်ပြီးဝင်လိုက်ပါတယ် ။
သူမတို့ရဲ့မင်္ဂလာမွေ့ယာကြီးပေါ်က စောင်အောက်မှာ ခြေထောက်တွေဟာ (၂)ချောင်းဖြစ်နေရမယ့်အစား
(၄)ချောင်းတိတိဖြစ်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့
သေချင်းဆိုးကြီး
ဖောက်ပြန်တဲ့ယောက်ကျား
သစ္စာမရှိတဲ့အကောင်.........................................စတဲ့အတွေးတွေနဲ့အတူ

အနီးနားမှာတွေ့တဲ့ ထီးတစ်ချောင်းကိုဆွဲယူလိုက်ပြီး
စောင်ပေါ်ကို ရှိသမျှအားအကုန်သုံးပြီး ဆက်တိုက်ဆိုသလို..ရိုက်ပြီးရင်းရိုက်ပါလေရော
စိတ်ကျေနပ်လောက်အောင်ရိုက်ပြီးသွားတဲ့အခါမှာတော့.....
ယောက်ကျားဖြစ်သူရဲ့မျက်နှာရော..ဟိုဟာမမျက်နှာကိုပါမကြည့်ချင်တဲ့အတွက်
မီးဖိုချောင်အခန်းထဲကို ရေသောက်ဖို့အတွက် ၀င်လိုက်တဲ့အခါမှာတော့...
မဂ္ဂဇင်းတစ်စောင်ကိုဖတ်နေတဲ့ယောက်ကျားဖြစ်သူကို တွေ့လိုက်ရပါတယ်...
ဟေး...မိန်းမ...ပြန်လာပြီလားကွ
မင်းမိဘတွေ..ငါတို့ဆီကိုလာလည်တယ်ကွ...
အဲ့ဒါကြောင့်...ငါတို့အိပ်ခန်းမှာပေးအိပ်ထားလိုက်တယ်...
သွားနှုတ်ဆက်လိုက်ပါအုံး......

...........................................

၆လ ၊ ၆ပတ်၊ ၆နှစ်တဲ့

ချစ်စကားပြောချိန်
၆ ပတ် - ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်။
၆ လ - ချစ်တာပေါ့ကွာ။
၆ နှစ် - မင်းကို ငါ မချစ်ရင် အစကတည်းက အားအားယားယား ချစ်ခွင့်တောင်းမလားဟ။
အလုပ်ပြန်လာချိန်
၆ ပတ် - အချစ်ရေ၊ ကိုယ်ပြန်လာပြီ။
၆ လ - ငါပြန်လာပြီကွ။
၆ နှစ် - မင်းအမေ ကနေ.ဘာဟင်းချက်တုန်း။
လက်ဆောင်ပေးရာတွင်
၆ ပတ် - အချစ်ရေ၊ မင်းဒီလက်စွပ်လေး သဘောကျလိမ့်မယ်လို. မျှော်လင့်တယ်။
၆ လ - ပန်းချီးကား တချပ်ဝယ်လာတယ်၊ ဧည့်ခန်းမှာထားရင် အဆင်ပြေမယ်ထင်တယ်။
၆ နှစ် - ရော့ ပိုက်ဆံ။ နင့်ဖာသာ ကြိုက်တာသွားဝယ်။
ဖုန်း မြည်လာလျှင်
၆ ပတ် - အချစ်ရေ၊ ဖုန်းလာနေတယ်။
၆ လ - ရော့၊ နင့်ဖုန်း။
၆ နှစ် - နင့်ဖုန်းမြည်နေတယ်၊ မြန်မြန်လာကိုင်။
ချက်ပြုတ်စဉ်
၆ ပတ် - မင်းဒီလောက် ဟင်းချက်ကောင်းလိမ့်လို. မထင်ခဲ့ဘူးကွာ။
၆ လ - ကနေ.ညစာ ငါတို.ဘာစားကြမှာလဲ။
၆ နှစ် - လာပြန်ပြီ။ဒီဟင်း။
အ၀တ်အစားသစ်
၆ ပတ် - မင်း ဒီအကျီလေး ၀တ်လိုက်တော့ နတ်သမီးလေးလား အောက်မေ့၇တယ်ကွာ။
၆ လ - အကျီအသစ် ၀ယ်ပြန်ပလား။
၆ နှစ် - အဲ့ ဒါ ဘယ်လောက်တောင် ပေးလိုက်ရတုန်း။ ကုန်ပါပြီ။
ခရီးသွားရန်စီစဉ်
၆ ပတ် - ငပလီကို ၁ပတ်လောက် အပန်းဖြေခရီးသွားရအောင်လေ၊ တခြားဘယ်နေရာ သွားရင်ကောင်းမလဲ။အကြံပေးပါဦး။
၆ လ - ငပလီကို မသွားချင်ဘူး ဟုတ်လား၊ ။ ဂျီးများမနေနဲ.။
၆ နှစ် - ဘာ!! ခရီးသွားဦး မယ်။ အိမ်မှာနေရတာ ဘာပြုနေလို. အားတိုင်း ထွက်ချင်နေရတာလဲ။
တီဗွီကြည့်စဉ်
၆ ပတ် - ကနေ.ည ဘာကားကြည့်ချင်လဲ အချစ်။
၆ လ - ငါဒီကား ကြိုက်တယ်။တခြား Channel မပြောင်းနဲ.။
၆ နှစ် - ငါကနေ.ည ESPN လိုင်းကြည့်မှာ၊ မကြည့် ချင် ရင်စောစောသွားအိပ်

.....................
credit : http://bluenavyblog.blogspot.com/
+2

Offline ကြောင်ပါး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 891
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +10357
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #54 on: February 10, 2014, 10:08:49 AM »
ဒီလိုကြုံမှမကြုံဖူးပဲဟာ

ခရီးသည် တစ်ယောက်....... taxi ကားငှားစီးလာ၏။
ရုတ်တရက် တစုံတခု မေးချင်လာသဖြင့် taxi ဒရိုင်ဘာ ပုခုံး ကိုလှမ်း ပုတ်လိုက်သည်။

" အောင်မလေးဗျ " ဟု ဒရိုင်ဘာကြောက်လန့်တကြားအော်ကာ ကားလက်ကိုင် မထိမ်းနိုင်ပဲ ဖြစ်သွား၏။

ကားသည်ရှေ့တွင်ရပ်ထားသော bus ကား ကို ၀င်တိုက်မလိုဖြစ်သွား၏။
ထိုမှတဖန် လူသွားလမ်းပေါ်တက်သွား၏။

လူသွားလမ်းမှ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေသည့်လူများအားတိုက်မလိုဖြစ်ပီး...ဆက်သွား၏။

နောက်ဆုံး...ကွမ်းယာဆိုင်နောက် ရှိ စတိုးဆိုင်ကြီးတဆိုင်၏ မှန် တံခါးရှေ့တည့်တည့် ၆ လက်မ အလိုခန့်တွင် ရပ်တန့်သွား၏။

မိနစ်အနဲငယ်မျှ taxi ကားပေါ်တွင် တိတ်ဆိတ်သွား၏။
ခဏ အကြာတွင် ခြောက်ကပ်သောအသံဖြင့် ဒရိုင်ဘာကပြောသည်။

" ဟေ့လူ။နောက်ကို ဒီလိုဘယ်တော့မှမလုပ်နဲ့သိလား။ကံကောင်းလို့ ကား တိုက်မှု မဖြစ်တယ် "

" ကျနော်တောင်းပန်ပါတယ်။ပုခုံးကိုအသာလေးပုတ်တာနဲ့ လန့်သွားမယ်လို့ဘယ်လိုမှမထင်မိလို့ပါဗျာ "

ခရီးသည်ကအထက်ပါအတိုင်း တောင်းပန်စကားဆိုသဖြင့် ဒရိုင်ဘာပြန်ပြောလိုက်ပုံက....

" တကယ်တော့ ခင်ဗျား အပြစ်မဟုတ်ပါဖူး။ ကျနော်က ဒီနေ့မှ taxi တက်မောင်းသူလေ....၂၅ နှစ်လုံးလုံး အသုဘယာဉ် ကိုပဲ မောင်းခဲ့တာမို့ပါ "

" ငင် "

credit --> original writer


မမြင်ရစေနဲ့

ကုမ္မဏီပိုင်ရှင် သူဌေးတစ်ဦးက သူ့စက်ရုံကို ဝင်ရောက်လေ့လာပါတယ်။ လူတစ်ဦးဟာ အလုပ်မလုပ်ပဲ နံရံမှီနေတာတွေ့တော့ သူဌေးဟာ အင်မတန် စိတ်ဆိုးပြီး သူ့ကို ယခုလို စကားအေးအေးဆေးဆေးပဲ ပြောပါတယ်။

သူဌေး - ဒီမယ် မောင်ရင်၊ မင်းရဲ့  တစ်လ ဝင်ငွေ ဘယ်လောက်ရှိလဲ.

လူငယ် - ဒေါ်လာ ၂ထောင်ပါ ခမျာ.

သူဌေး - ရော့ဒီမှာ မင်းအတွက် ဒေါ်လာ ၆ ထောင်၊ သုံးလ အတွက် လောက် တယ်မလား၊ နောက်ခါ ဒီစက်ရုံနဲ့ ငါ့မျက်စိရှေ့ မှာ ဘယ်တော့မှ မမြင်ရစေနဲ့၊ သွားတော့

လူငယ် - ဟုတ်ကဲ့ပါ ဆရာ .

ဒီလိုနဲ သူဌေးက အလုပ်လုပ်နေတဲ့ အခြားအလုပ်သမား တစ်ဦးကို ထွက်သွားတဲ့ လူငယ်အကြောင်းကို မေးတော့ ဒီလိုဖြေပါတယ်။

" သူက ပီဇာပို့သမားပါစရာ။ ဒီစက်ရုံက မဟုတ်ပါဘူး "

သူဌေး - ဟေ............

--
Ref: funylol
အောင်ခမ်း ( ရိုးရာလေး )
+4

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 766
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6284
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #55 on: February 24, 2014, 09:36:43 PM »
ဆိုဒ်ထဲ ဗုံးခွဲတဲ့ မြန်မာ

တရက်ကပေါ့... ...
ကျနော်တို့ လုပ်ငန်းခွင်ထဲမှာ၊ Safety Officer ဖြစ်တဲ့ မလေးလူမျိုးတစ်ယောက်က မီးသတ်ဘူးအသုံးပြုပုံကို သင်တန်းပေးနေတယ်... ...

ကွက်လပ်အလယ်မှာ မီးပုံကြီးလည်း ဖိုထားတယ်။
တရုတ်၊ ကုလား၊ ထိုင်း၊ မြန်မာ လူမျိုးပေါင်းစုံ သင်တန်းသား လုပ်သားတွေက မီးဖိုကြီး ပတ်ပတ်လည်မှာ ထိုင်နေကြတယ်။
မီးပုံဘေးမှာတင် လက်တွေ့ သင်တန်းပေးနေတာလေ... ...

Safety officer က ပြောတယ်... ...

"မီးငြိမ်းဖို့ မီးသတ်ဘူးကို အသုံးပြုမယ်ဆိုရင် အဆင့်လေးဆင့်ရှိတယ်၊ အင်္ဂလိပ်လို P-A-S-S လို့မှတ်
P = pull the safety pin
A = Aim target
S = Squeeze handle
S = Sweep nozzle.... ဒါပဲ"

အဲဒီအချိန်မှာ ဗမာကောင်လေးတစ်ယောက်က ငုတ်တုတ်ကြီးနဲ့ ငိုက်နေတယ်
ရှေ့က ဆရာ ဘာသင်နေမှန်း မသိဘူး။
ဖြစ်ချင်တော့...
Safety officer က သူပြောစရာရှိတာ၊ သင်စရာရှိတာ သင်ပြီးတဲ့အခါ ခုနက ငိုက်နေတဲ့ ကောင်လေးကို ရှေ့ထွက်ခိုင်းပြီး လက်တွေ့ သရုပ်ပြခိုင်းတယ်... ...

"တန့်ဇင်၊ ရှေ့ထွက် သရုပ်ပြပါ"

ခက်ပြီ... ...
ရှေ့ထွက်ဆိုလို့သာ ထွက်လာရ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ
မီးသတ်ဘူးကြီးကိုင်လို့ လူရှေ့ထွက်ပြီး ငေါင်တောင်တောင်နဲ့ ရပ်နေတယ်...
သူအကျပ်ရိုက်နေတာကို သိတဲ့ တခြားဗမာလေးတစ်ယောက်က မြန်မာလို မကြားတကြားလှမ်းပြောတယ်... ...

"ဟကောင်၊ အဆင့်တစ်က ပင်ကိုဆွဲဖြုတ်တာကွ၊ လက်ပစ်ဗုံးလိုကွာ လက်ပစ်ဗုံးလိုလုပ်ရတာ၊ လက်ပစ်ဗုံးလိုလုပ်..."

ဒီတော့မှ ကိုယ့်ဆရာသန့်ဇင်လည်း မျက်နှာကြီး ပြုံးသွားတယ်...
လက်ပစ်ဗုံးလိုလုပ်တာများ ခက်တာမှတ်လို့
ဒို့နိုင်ငံက ရုပ်ရှင်တွေထဲ အမြဲမြင်နေတာ
င့ါ ဒါမျိုးလာမစမ်းနဲ့...

ဆိုပြီး... ...
-မီးသတ်ဘူးကပင်ကို ဆွဲဖြုတ်လိုက်တယ်
-ပြီးတာနဲ့ မီးသတ်ဘူးကို မီးပုံထဲ လှမ်းပစ်ထည့်လိုက်တယ် 'အင့် ဟာ'

အေးရော... ...

လက်ပစ်ဗုံးလိုလုပ်လို့ ပြောတာကိုး... ...

အဲ...
အဲဒီမှာ... ...
ရှိသမျှ သင်တန်းသားတွေရော၊ ဆရာတွေရော နီးစပ်ရာ အုတ်နံရံဘေးကို ဝရုန်းသုန်းကား ပြေးဝပ်ကြတာမှ ပြားပြားကို ကပ်လို့ဗျာ...

ပါးစပ်တွေကလည်း အသံမျိုးစုံထွက်လို့... ... ...

"ကာနီးနား..."
"ဖားခရု..."
"မအေပေး..."
"ချီးဘိုင်း..."
"ဆယ့်နှစ်လက်မဘစ်..."
"ခွီးမတား..."



Credit -> သန်၎ကို - https://www.facebook.com/thanlayko

+9
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 766
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6284
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #56 on: February 24, 2014, 09:44:20 PM »
ခေါင်းပြတ်ကြီး

စင်္ကာပူနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအများစုတော့ သိကြမယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်လောက်...
-လူမျိုးပေါင်းစုံတာ ရှိမယ် မထင်ဘူး။
-ဘာသာစကားပေါင်းစုံတာ ရှိမယ် မထင်ဘူး။
-ဓလေ့စရိုက်၊ အကျင့်စုံတာ ရှိမယ် မထင်ဘူး။

စင်္ကာပူမှာ ပြောနေတဲ့ အင်္ဂလိပ်စကားက စင်္ကလစ်ခ်ျ လို့ခေါ်တဲ့ အင်္ဂလိပ်ဇာတ်ပျက် စကား။
အဲလို ဇာတ်ပျက်စကားကို မဏ္ဍိုင်ထားပြီး ပြောနေတဲ့ ကျနော်တို့ Construction site တွေထဲမှာကျတော့ လူမျိုးပေါင်းစုံရဲ့ စကားတွေပါ အသုံးတွင်ပြီး နေရာယူနေကြပြီ။
မလေးစကားတွေ၊ အင်ဒီးယားစကားတွေ၊ တရုတ်စကားတွေက စင်္ကလစ်ခ်ျနဲ့ ရောနှောလို့ ... ဖြစ်ချင်တိုင်းကို ဖြစ်နေတာ

နဂိုက ကိုယ်နည်းနည်းသိခဲ့တဲ့ အင်္ဂလိပ်သဒ္ဒါတွ၊ အသုံးတွေ၊ ဒီရောက်ပြီး တစ်နှစ်လောက်အကြာမှာ ဘဝပျက်ကုန်ရော....

ခုတော့လည်း လုပ်ငန်းခွင်ထဲမှာ အလုပ်ဖြစ်အောင် ပြောဆို ဆက်ဆံရင်းနဲ့ လိုက်လျောညီထွေ ဖြစ်နေပါပြီလေ

ကိုနှင်းမောင်လို သဒ္ဒါနည်းကျ အလွန်အဆင်မြင့်တဲ့ လေယူလေသိမ်းတွေ လာမလုပ်နဲ့ ရိုက်မလွတ်ရင် ကံကောင်းတယ်လို့မှတ်... ...
Word form တွေ၊ verb form တွေ၊ tense တွေ ဘာတွေ လာမပြောနဲ့ ဘုကြည့်ကြည့်ခံရမယ်။

တကယ်တန်းကျတော့ ကျနော်တို့လို အင်ဂျင်နီယာတွေနဲ့ အောက်ခြေမှာ အကြိတ်အနယ် တွယ်ရတာက အင်ဒီယား အလုပ်သမား၊ ဘင်္ဂလား အလုပ်သမား၊ တရုတ်အလုပ်သမားတွေများတယ်...

ကိုယ်ပြောချင်တာကို သူတို့နားလည်အောင် အတိုဆုံး၊ အရှင်းဆုံး အင်္ဂလိပ်စကားနဲ့ ပြောရတယ်။
ပြောပြီးလို့ "နားလည်သလား you understand?" လို့ မေးကြည့်လိုက်... ...

"I many many understand"... လို့ ပြန်ဖြေလိမ့်မယ်။

"နားလည်တာမှ နည်းနည်းမဟုတ်ဘူး အများကြီး အများကြီး နားလည်တယ်"... လို့ပြောတာ
ဟွင်း... တေတွားမယ်

ဥပမာ...
write ဆိုပါတော့
Write တွေ၊ wrote တွေ၊ written တွေ နားမလည်းဘူး၊
"ရေးတာ" ကို ပြောချင်ရင်... writing ပဲ။

"Who writing?" (ဘယ်သူရေးတာလဲ)
"I no writing" (ကျနော် ရေးတာ မဟုတ်ဘူး)

"မင်းနာမည်ကို ဒီနေရာမှာ ရေးပါ" ဆိုရင် "you writing your name here" ပဲ။
ကဲ... ကောင်းဘူးလား။

ထားပါ... ပြောရင် ရှည်ပါတယ်၊ တကယ်ပြောချင်တာက... cutting အကြောင်း။
Site ထဲမှာက...
တခုခု ဖြတ်ရင်လည်း cutting ပဲ။
ပြတ်သွားရင်လည်း Cutting လို့ပဲ ပြောကြတယ်။

"ဒီသစ်သားချောင်းကို ဖြတ်စမ်း" ဆိုရင် "You cutting this Kayuu" တဲ့။
(အဲဒီနေရာမှာ သစ်သားကို wood တွေ၊ Timber တွေ မခေါ်ဘူး၊ ကာယူး လို့ ခေါ်တာ၊ မလေးစကားထင်ပါရဲ့)

တခါက အလုပ်သမားတစ်ယောက် Site ထဲမှာ အက်စီးဒင့် ဖြစ်တယ်။
သူ့ဘေးနားမှာရှိတဲ့ ဘင်္ဂလားအလုပ်သမားက အက်စီးဒင့်ဖြစ်တော့ သက်ဆိုင်ရာ Safety supervisor ဆီ Grid ဝေါ့ကီတော့ကီ နဲ့ လှမ်းခေါ်တယ်... ...

"Hello... Ba-yar, my friend Husein head cutting, head cutting, come come"

အိုး... မိုင်ဂေါ့... ဟူစိန်တစ်ယောက်တော့ ခေါင်းပြတ်သွားပြီ ဆိုပါလား
အမှုတော့ ရှုပ်ပြီ။
ဘယ်က ဘယ်လို ဖြစ်ရတာပါလိမ့်
အင်း... ပြသနာကတော့ မိုးမီးလောင်တာကမှ သက်သာအုံးမယ်... ဆိုပြီး
....အဲဒီ Safety supervisor က သူ့အထက်က safety officer ဆီ သတင်းပို့၊ Safety officer ကလည်း ကမန်းကတန်း site ထဲက Ambulance ကို ခေါ်...
အိုး... ဘာပြောကောင်းမလဲ
Project manager တွေရော၊ Project Director တွေရော.. ရှိသမျှ လူကြီးတွေလည်း အဲဒီအခင်းဖြစ်တယ်ဆိုတဲ့ နေရာကို ကသောကမြော ပြေးကြရတာပေါ့

စင်္ကာပူမှာက လုပ်ငန်းခွင်အတွင်း အလုပ်သမားသေရင် ပြသနာက အကြီးကြီး။
ပြစ်မှုထင်ရှားရင် တာဝန်ရှိသူတွေကို ၂နှစ်ထိ ထောင်ချတယ်၊ ဒဏ်ငွေ ၂သိန်းထိ တပ်တယ်။

...ဆိုတော့... လူကြီးတွေလည်း စိုးရိမ်တကြီးနဲ့ ပြေးကြတာပေါ့
အခင်းဖြစ်တဲ့နေရာကို ရောက်တော့ Safety officer က အရင်ပြေးသွားပြီး ဝိုင်းအုံကြည့်နေတဲ့ အလုပ်သမားတွေကို အော်တယ်... ..
"သွေးသံရဲရဲ မကြည့်ရဲတဲ့သူတွေ ဘေးဖယ်၊ မဆိုင်တဲ့သူတွေ ဘေးဖယ်"

လူတွေဘေးကို ရှဲသွားကြတယ်
လူအုပ်အလယ်မှာက... ...
ခုနက ဝေါ့ကီတော့ကီနဲ့ အကြောင်းကြားတဲ့ ဘကုန်းရယ်
သူ့ဘေးမှာ နဖူးလေးကို လက်နဲ့ဖိထားပြီး မျက်နှာငယ်လေးနဲ့ ထိုင်နေတဲ့ နောက်ဘကုန်းတစ်ယောက်ရယ်ကို တွေ့ရတယ်
ခေါင်းပြတ်ကြီးရယ်၊ ကိုယ်လုံးရယ်က မတွေ့ရဘူး၊ တာလပတ်နဲ့များ အုပ်ထားလားလို့ ဘေးဘီဝဲယာ ကြည့်တော့လည်း မတွေ့ရ...

ဒါနဲ့ မေးတာပေါ့... ...
"ဘယ်မှာလဲ ဟူစိန်က"
"ဒီမှာ..." ... ဆိုပြီး နဖူးဖိထားပြီး ထိုင်နေတဲ့ ကောင်ကို လက်ညိုးထိုးပြတယ်။

"ငင်... နင်ပြောတော့ ဟူစိန် ခေါင်းပြတ်သွားပြီ Head cutting ဆို"
"ဂျာ... အနော်ပြောတာက သူ့ခေါင်းကို သစ်သားစထိပြီး ပြတ်(ရှ) သွားလို့ cutting လို့ ပြောတာ"
"ဟင်... မအေ @%$^&n %^$#@!"

နေ့လည်က ကျနော်တက်ခဲ့ရတဲ့ SIC သင်းတန်းမှာ သင်တန်းဆရာက မတူညီတဲ့ စက်တွေကြောင့် ဖြစ်နိုင်တဲ့ ဒဏ်ရာတွေကို ဘာဒဏ်ရာဖြစ်မလဲလို့ သင်တန်းသားတွေကို မေးတယ်... ..
ဘာမေးမေး Cutting ချည့်ပဲ ဖြေနေကြတော့ အဲဒီ ဟူစိန်ခေါင်းပြတ်ကြီးကို သွားပြီး သတိရမိလို့ပါ...

သန်၎ကို-writing သည်။

Credit => https://www.facebook.com/thanlayko
+6
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 766
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6284
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #57 on: March 05, 2014, 12:22:01 AM »


Mr.Bean က ပို့ဆောင်ေ၇းလုပ်ငန်းတခုမှာ မီး၇ထားမောင်းတယ်။

တနေ့မှာ သူမောင်းလာတဲ့ ၇ထားဟာ လမ်းချော်ပြီး လယ်ကွင်းထဲထိုးကျသွားတယ်.။

လူတွေ တော်တော်များများ ဒဏ်၇ာ၇ ကုန်တယ်။ဒီအခါ ၇ဲက Bean ကိုခေါ်မေးတယ်။

၇ဲ။……..။“မင်း ဘာလို့ ဒီလိုနမော်နမဲ့ နိုင်၇တာလဲ။မီး၇ထားမောင်းတယ်ဆိုတာ လူ့အသက်တွေ အ များကြီးကို မင်းလက်ထဲထည့်ပြီး မောင်း၇တာကွ.။မင်းဘာလို့ ခုလိုလုပ်၇တာလဲ။”

Bean။…….။“ဟုတ်ကဲ့။ကျွန်တော် လူအများကြီး၇ဲ့အသက်တွေကို တန်ဖိုးထားပါတယ်။ဒါပေမယ့် ဒီနေ့ ကျွန်တော် ၇ထားမောင်းလာတော့ ၇ထားလာနေတဲ့ လမ်းမှာ လူတယောက်က မှောက်အိပ် နေတယ်ဗျ။ကျွန်တော် အဝေးကြီးကနေ ဥသြဆွဲတယ်။တခါဆွဲတယ်.။သူမထဘူး.။နောက် တခါ ထပ်ဆွဲတယ်။သူမထဘူး။နောက်တခါထပ်ဆွဲတယ်။သူမထဘူးခင်ဗျ.။”

၇ဲ။…….။“သူမထတာများ မင်းဝင်တိုက်လိုက်တော့ပေါ့ကွာ။လူ့အသက်တချောင်းထဲကို ငဲ့ပြီး လူတွေအများကြီးပါတဲ့ ၇ထားကြီးကို လယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ။”

Bean။……။“ဟုတ်ကဲ့။ကျွန်တော်လဲ တိုက်လိုက်တော့မယ်ဆိုပြီး ဆုံးဖြတ်ပြီး သူ့နားေ၇ာက်သွား တဲ့အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားတယ်ခင်ဗျ။”

Credit ->> https://www.facebook.com/myanmaronlinemedianews
+3
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 766
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6284
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #58 on: March 13, 2014, 09:58:19 PM »
ဘယ်သူ ပိုခိုးတတ်လဲ

ဆရာဝန်နဲ့ အင်ဂျင်နီယာ သူငယ်ချင်း နှစ်ယောက် စတိုးဆိုင်ထဲကို ဝင်သွားပါတယ်။

ဆိုင်ကထွက်လာတော့ ဆရာဝန်က အင်ဂျင်နီယာကို ယခုလိုပြောပါတယ်။

"ဟေ့ကောင် ဒီမှာ ငါ့အိတ်ကပ်ထဲက ချောကလက် ၃ ချောင်း။ မင်းငါ့လို ခိုးနိုင်လား၊ ငဲငဲ"

Ref: joke
အောင်ခမ်း (ရိုးရာလေး)


ဒီတော့ အင်ဂျင်နီယာက -

"အဲ့ထက် ကောင်းတဲ့ ခိုးနည်းတွေရှိပါတယ်ကွာ။ မင်းမြင်ချင်လား။ စတိုးဆိုင် ပြန်လိုက်ခဲ့"

ဒီတော့ နှစ်ယောက်သား စတိုးဆိုင်ထဲရောက်သွားပြီး ကောင်တာက လူငယ်လေးကို အင်ဂျင်နီယာက ယခုလို ပြောပါတယ်။

"ညီလေး။ အကိုမင်းကို မျက်လှည့်ပြရင် ကြည့်မလား"

ဒီတော့ ကောင်တာမှ လူငယ်ကလည်း "အင်း. ကြည့်မယ်လေ"

အင်ဂျင်နီယာက ချောကလက်တစ်ချောင်း တောင်းပါတယ်။ လူငယ်က လည်း ပေးလိုက်ပါတယ်။ သူ့ရှေ့ မှာပဲ အခွံခွာ ထုတ်စားပြီး နောက် တစ်ချောင်း ထပ်တောင်းပါတယ်။ ပြီးတော့ နောက် တစ်ချောင်းတောင်းပြီး လူငယ်ရှေ့ မှာပဲ ကုန်အောင် စားပစ် ပါတယ်။

ပြီးတော့ မင်သက်စွာ ကြည့်နေတဲ့ လူငယ်လေးကို အင်ဂျင်နီယာက ယခုလို မေးပါတယ်။

"အကို စားခဲ့တဲ့ ချောကလပ်သုံး ချောင်း ဘယ်ရောက်သွားလဲသိချင်လား"

လူငယ်က ဟုတ်ကဲ့လို့ ဖြေတော့ အင်ဂျင်နီယာက အောက်ပါအတိုင်း ဖြေပါတယ်။

"အင်း ဘေးက အကို့သူငယ်ချင်း အိတ်ကပ်ထဲမှာ ရှိတယ်"

Ref: joke
အောင်ခမ်း (ရိုးရာလေး)
+4
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Offline thuraphe

  • စီနီယာ
  • ***
  • Posts: 323
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +1678
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #59 on: April 01, 2014, 10:28:03 PM »
"ရှည်တော်မူပ့ါ"

ညားကာစ စုံတွဲတစ်တွဲ ဝတ်လစ်စလစ်ကမ်းခြေတစ်ခုကို အလည်ရောက်လာတယ်။
ကမ်းခြေမှာ လျှောက်ကြည့်ကြရင်း Tattoo ထိုးတဲ့ ဆိုင်တစ်ဆိုင်ရှေ့ ရောက်လာကြတယ်။
ကောင်မလေးက သူ့ကောင်လေးကို အချစ်စမ်းသတဲ့… …
“မောင်…ကျမကို တကယ်ချစ်ရင် မောင်လိင်တံမှာ ကျမနာမည် Tattoo ထိုးပါလားဟင်”
ကောင်လေးကလည်း သဘောတူလိုက်တယ်။ Tattoo ထိုးမယ်လုပ်တော့ ဆိုင်ရှင်ကပြောတယ်… …
“ခင်ဗျား လိင်တံကို မာတောင့်လာအောင် အရင်လုပ်၊ ပျော့နေရင် Tattoo ထိုးလို့ အဆင် မပြေဘူး”
ပြောတဲ့ အတိုင်း မာတောင်လာအောင် လုပ်လိုက်ပြီး ကောင်မလေးရဲ့နာမည် Wendy ကို လိင်တံပေါ်မှာ အောင်မြင်စွာ ရေးထိုးပြီးသွားသတဲ့။
လိင်တံပြန်ပျော့သွားတဲ့အခါမှာတော့ Wendy စာလုံးက အပြည့်မပေါ်ဘဲ Wy လို့သာ ပေါ်တယ်။ အရေပြားက ရှုံ့သွားတာကိုး။
ဒါနဲ့ ပြီးသွားတော့ ကမ်းခြေမှာ နေစာလှုံကြတယ်။ အဲလိုနေစာလှုံနေတုံး သူတို့ဘေးမှာ နေစာလှုံနေတဲ့ လူမဲတစ်ကောင်ရဲ့ လိင်တံကို ကောင်လေးက အမှတ်မထင် ကြည့်မိလိုက်တယ်။
လူမဲရဲ့လိင်တံမှာလဲ Wy လို့ Tattoo ထိုးထားတာကို တွေ့လိုက်ရတော့ အံ့သြသွားပြီး သွားစပ်စုသတဲ့… …
“အကိုကြီးမှာ ချစ်သူ ရှိတယ်ထင်တယ်”
“ရှိတာပေါ့ကွ”
“အကိုကြီးချစ်သူကို တော်တော်ချစ်တယ်မလား”
“ချစ်တာပေါ့ကွ”
“အကိုကြီးချစ်သူနာမည်ကလည်း Wendy မဟုတ်လား”
“ဟုတ်ပါဘူး၊ မေရီပါကွ၊ ဘာလို့ မင်းက အဲလို ထင်တာလဲ”
…ဆိုတော့ ကောင်လေးက သူ့အဖြစ်နဲ့ ယှဉ်ပြီးစဉ်းစားတာကိုပြောပြတယ်... …
“ကျနော့်မှာလဲ Wy လို့ပေါ်တယ်လေ၊ အကိုကြီးမှာလဲ Wy ဆိုတော့ ဆင်တူဖြစ်နေလားလို့ပါ”
ဒီတော့ လူမဲကြီးကပြန်ပြောတယ်… …
“င့ါမှာရေးထားတာက Welcome to Jamaca, have a nice day ကွ”…တဲ့။
+3
ိအတန်းတက်ချင်လှဘီ။ လိင် ကိစ သတင်းတွေ,Post  တွေ ဖတ်ပြီး vote up please . Many more to come  .     Do mercy!!! Please spare me. What I only need is your beloved up vote.

Tags: