Author Topic: အမောပြေဟာသမှတ်စု ( ၂ )  (Read 91706 times)

0 Members and 1 Guest are viewing this topic.

Offline ကြောင်ပါး

  • ဘွဲ့ရ
  • ******
  • Posts: 1013
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +11466
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #40 on: September 10, 2013, 01:11:23 PM »
ကလေးအတွေး
▬▬▬▬▬▬


မောင်ကျေးညိုလေး မနေ့က ကျောင်းပျက်လို့ ဆရာမက စစ်ဆေးနေတယ်... ...

"မင်း... မနေ့က ဘာလို့ ကျောင်းပျက်တာလဲ"

"ကျနော်တို့က မွေးမြူရေးလုပ်ပါတယ် ဆရာမ"
"အင်း... "

"မနေ့က အိမ်ကနွားမကြီး ဇီးတင်ဖို့ ရှိပါတယ်"
"အဲဒီတော့..."

"အဲဒါနဲ့ ဟိုဘက်ရွာမှာ နွားသိုးသွားဆွဲဖို့ ကျနော့်ကို အဖေကခိုင်းလို့ပါ"
"ဟဲ့... အဲဒါ မင်းအဖေ သူ့ဟာသူ လုပ်လို့ရရဲ့သားနဲ့"

"ဟာ... အဖေနဲ့မရဘူး ဆရာမ၊ နွားသိုးနဲ့မှ ရတာ"


(တွေးတွေးပြီးတော့မှ ရယ်ပါ)
သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko
+10

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 771
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6461
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #41 on: September 13, 2013, 12:22:30 PM »
ဆန္ဒမစောပါနဲ့

မကြာမှီ ရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းတော့မယ်
အင်တာကွန်းကနေပြီး လေယာဉ်မှူးက နုတ်ဆက်စကားပြောတယ်...

"ခရီးသည်အားလုံး မင်္ဂလာပါ၊ ကျနော် ကပ္ပတိန်ဇော်နူပါ၊ မကြာမှီ မင်္ဂလာဒုံကွင်းကို ဆင်းသက်တော့မှာ ဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ပုဇဉ်းရင်ကွဲ လေကြောင်းလိုင်းကို အားပေးစီးနင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ပြသနာက နုတ်ဆက်စကားပြောပြီးပေမယ့် မိုက်ကရိုဖုန်းခလုပ်ကို ပြန်မပိတ်မိဘူး
ဒီတော့ လေယာဉ်မောင်းခန်းက ပြောသမျှ ခရီးသည်အားလုံး ကြားနေရတယ်
လေယာဉ်မှူးက တွဲဖက်လေယာဉ်မှူးကို မေးနေတာ... ...

"ဟကောင်ကြီး ရန်ကုန်မှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲကွ"

"လောလောဆယ် ဗိုက်အရမ်းနာနေတော့ ဟိုတယ်ကိုပြေးပြီး အိမ်သာတက်မယ် ဆရာ၊ ပြီးမှ ရေမိုးချိုးမယ်"
"ပြီးတော့ရော"

"ပြီးတော့... ခု ပါလာတဲ့ ဟို လုံးကြီးပေါက်လှလေယာဉ်မယ်ကို အခန်းလာဖို့ ချိန်းထားတယ် ဆရာ၊ အဲဒါ သူရောက်လာတာနဲ့ တညလုံးဘေမယ် ဆရာရေ့"
"ကောင်းကွာ..."

ခရီးသည်တွေက ပြုံးစိစိနဲ့ လေယာဉ်မယ်ကို ဝိုင်းကြည့်ကြတယ်
ဒါနဲ့ လေယာဉ်မယ်လည်း မဖြစ်ချေဘူး မိုက်ပိတ်ဖို့ သွားပြောမှ ဆိုပြီး ခေါင်ခန်းဆီပြေးသွားတယ်...
ဖြစ်ချင်တော့ လျှောက်လမ်းမှာ မှောက်လျှက်လဲပါလေရော
ဘေးခုံမှာ ထိုင်နေတဲ့ အဖွားကြီးတစ်ယောက်က ဆွဲထူပေးရင်း ပြောတယ်... ...

"ဖြေးဖြေးသွား သမီး၊ အချိန်ရပါသေးတယ်၊ သူအိမ်သာတက်ပြီး ရေချိုးအုံးမှာပါ"... တဲ့

Credit - FB
+16
« Last Edit: September 22, 2013, 12:52:57 PM by နိုးတူး »
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 771
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6461
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #42 on: September 19, 2013, 01:44:10 PM »
ယဉ်ကျေးတဲ့ အသုံးအနှုန်း

သတင်းထောက်အသစ်လေးတစ်ယောက်ဟာ ယာဉ်တိုက်မှုသတင်းတစ်ခု ရလာပါတယ်
ဒါနဲ့ အဲဒီသတင်းကိုရေးပြီး အယ်ဒီတာဆီ တင်လိုက်တယ်

အယ်ဒီတာက ဖတ်ကြည့်လိုက်တော့...
"... အဆိုပါ ယာဉ်တိုက်မှုတွင် အဆိုတော်မလေး၏ နို့တွင် ပေါက်ပြဲဒဏ်ရာ ရသွားသည်" ... ဆိုတဲ့ အပိုဒ်က ပြသနာဖြစ်နေရော

အယ်ဒီတာက သူ့ကိုခေါ်ပြောတယ်...
"နို့ ဆိုတဲ့အသုံးဟာ ရိုင်းစိုင်းတယ်ကွ ပြင်ရေးစမ်း"

ခဏနေတော့ ပြင်ရေးထားတာ လာပေးတယ်...
"... ... အဆိုတော်မလေး၏ ရင်သားတွင် ပေါက်ပြဲဒဏ်ရာ ရသွားသည်" တဲ့

အယ်ဒီတာက ခေါ်ပြောပြန်တယ်...
"ရင်သား လို့ ရေးတာလည်း ရိုင်းစိုင်းတာပဲကွ ပြန်ပြင်ရေး"

ဘယ်လိုပြင်ရေးရမှန်း မစဉ်းစားတတ်တော့ဘူး
ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး အကြံတောင်းကြည့်တော့ ဟိုဖက်က ပြန်ပြောတယ်...
"လွယ်လွယ်လေး ဟေ့ကောင်၊ ငါက ဖေ့စ်ဘုတ်နေ့တိုင်း သုံးတယ်၊ ဒို့ ဖေ့စ်ဘုတ်မှာ ဆဲတာတောင် ယဉ်ယဉ်ကျေးကျေး ဆဲလို့ရတယ်၊ မင်း ရင်သားလောက်တော့ အပျော့၊ ဒီလိုရေး # @ $ & "

ဒါနဲ့ သူငယ်ချင်းပြောတဲ့အတိုင်း ရေးလိုက်ပြီး အယ်ဒီတာကို ပေးလိုက်တာ
အယ်ဒီတာခမျာ ဖတ်ကြည့်ပြီး မျက်လုံးပြဲသွားရှာတယ်...
သူပြင်ရေးတဲ့စာက

"... အဆိုတော်မလေး၏ ( . )( . ) တွင် ပေါက်ပြဲဒဏ်ရာ ရသွားသည်" တဲ့

Credit - FB
https://www.facebook.com/thanlayko
+10
« Last Edit: September 22, 2013, 12:54:49 PM by နိုးတူး »
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 771
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6461
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #43 on: September 22, 2013, 12:49:12 PM »
ထက်မြက်သော ကယ်တင်ရှင် လွှတ်တော်အမတ်

လေ့လာရေးခရီး ထွက်လာတဲ့ လေယာဉ်လေးတစ်စီးပေါ်မှာ ဘုန်းတော်ကြီးတစ်ပါးရယ်၊ ကျောင်းသားလေးတစ်ယောက်ရယ်၊ ဆရာဝန်တစ်ယောက်ရယ်၊ လွှတ်တော်အမတ်တစ်ဦးရယ် ပါလာတယ်။

ပျံသန်းနေရင်း လမ်းခုလတ်မှာ လေယာဉ်မှူးက ပြောတယ်.... ...
"ခရီးသည်အားလုံး နားထောင်ပါ၊ ကျနော်တို့လေယာဉ်ဟာ အင်ဂျင်ချွတ်ယွင်းသွားပါပြီ၊ မကြာခင်ပျက်ကြပါတော့မယ်"
"ဟာ... ဘုရား ဘုရား ဘယ်လိုလုပ်ကြမလဲ"

လေယာဉ်မှူးက ဆက်ပြောတယ်... ...
"ဒီလေယာဉ်ပေါ်မှာ လူငါးယောက်ပါတယ်၊ လေထီးက လေးခုထဲ ရှိတာ၊ တစ်ယောက်ယောက်တော့ အနစ်နာခံရလိမ့်မယ်၊ ကျနော်က လေယာဉ်မောင်းတဲ့လူဆိုတော့ လေထီးတစ်ခုယူမယ်၊ သွားပြီဗျို့"

... ဆိုပြီး လေထီးအိတ်တခုကို လွယ်လို့ ခုန်ချသွားတယ်

ကျောင်းသားလေးက ပြောတယ်... ...
"ကျနော်က လူ့ဘဝကိုရောက်တာ မကြာသေးဘူး၊ ဆက်အသက်ရှင်ချင်သေးတယ်၊ ကျနော်လည်း လေထီးတခုယူမယ်၊ သွားပြီဗျို့"

... ဆိုပြီး လေထီးအိတ်တခုကို လွယ်လို့ ခုန်ချသွားတယ်

လွှတ်တော်အမတ်က ပြောတယ်... ...
"ကျနော်က တိုင်းပြည်ကိုဦးဆောင်နေရတဲ့ အရေးကြီးပုဂ္ဂိုလ်ဖြစ်တယ်၊ တိုင်းပြည်ကို ကယ်တင်ဖို့ ကျနော်တို့လို ထက်မြက်ထူးချွန်တဲ့ လူတွေလိုတယ်၊ လေးထီးတခုယူမယ်၊ သွားပြီဗျို့"

... ဆိုပြီး လေထီးအိတ်တခုကို လွယ်လို့ ခုန်ချသွားတယ်

ဆရာဝန်က ဘုန်းတော်ကြီးကို လေထီးအိတ်တခု လာပေးတယ်
ဘုန်းတော်ကြီးက ပြောတယ်... ...
"ဒီနောက်ဆုံးကျန်တဲ့ လေထီးကို တကာကြီးယူပါ၊ ဘုန်းဘုန်းက အသက်လည်းကြီးပါပြီ။ သတ္တဝါအားလုံး အေးချမ်းကြပါစေ"
"ဒီလေထီးကို ဘုန်းဘုန်းယူပါ၊ နောက်တခုကျန်ပါသေးတယ်"
"ဟင်... ဘယ်လိုဖြစ်လို့ ကျန်ရတာလဲ"

ဒီတော့ ဆရာဝန်က ပြန်ပြောတယ်.. ...

"ခုနက နိုင်ငံတော်ကိုကယ်တင်မယ့် ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ကြီးက တပည့်တော်ရဲ့ဆေးအိတ်ကို လေထီးအိတ်မှတ်လို့ ယူသွားလေရဲ့"

Credit - FB
https://www.facebook.com/thanlayko
+10
« Last Edit: September 22, 2013, 12:54:03 PM by နိုးတူး »
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Offline ကြောင်ပါး

  • ဘွဲ့ရ
  • ******
  • Posts: 1013
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +11466
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #44 on: October 02, 2013, 10:07:50 AM »
ကမ္ဘာမကျေ

 ညောင်လေးပင် မြို့တွင် နှစ်ပိသာ အလေးချိန်ရှိသော ကြက်ဥကို ကြက်မတစ်ကောင်က ဥ လိုက်လေ၏။

ထိုသတင်းသည် ရွာနီးချုပ်စပ်မှတဆင့် ပျံနှံသွား၏။

မီဒီယာခေတ်ဖြစ်သည်နဲ့အညီ မြန်မာ သတင်းထောက်များလည်း ရောက်လာပီး ကြက်မ ကို အင်တာဗျူး လုပ်လေတော့၏။

သတင်းထောက်။ ။ဘယ်လိုနည်း နဲ့ ဒီလောက်ကြီး တဲ့ ဥ ကို ဥနိုင်တာပါလဲဗျာ။

ကြက်မ ။ ။ဒါ လှို့ဝှက်ချက်ရှင့် ။

သတင်းထောက်။ ။အော်။ဟုတ်ကဲ့ပါ။ဒါနဲ့ အနာဂတ် မှာရော ဘယ်လို ရည်ရွယ်ထားပါသလဲဗျာ။

ကြက်မ ။ ။ငါး ပိသာလေးတဲ့ ဥ ကို ဥ ပါမယ်ရှင်။

ထို့နောက် သတင်းထောက်များလဲ ဖခင်ဖြစ်သော ကြက်ဖ ကိုဆက်ပီးဗျူးကြ၏။

သတင်းထောက်။ ။ဒီလို အံ့ဖွယ် ကိစ္စ ကို ဘယ်လိုနည်းနဲ့ ဖန်တီးလိုက်တာပါလဲဗျာ။

ကြက်ဖ ။ ။ဒါ လှို့ဝှက်ချက်ပါ။

သတင်းထောက်။ ။အနာဂတ် ရည်ရွယ်ချက်လေး သိပါရစေ ။

ကြက်ဖ ။ ။ငှက်ကုလားအုတ်ကို....လက်သီးနဲ့ ထိုးမယ်။ဒါဟာ ကျုပ်ရဲ့ တခုတည်းသော ရည်မှန်းချက်ပဲ။

တိန်...အိစ်

ရီမောပျော်ရွှင်ပါစေ

ကိုလုံ( Lon Ely )

"မေ့ဆေးပြယ်ချိန်"

မေ့ဆေးပေးခွဲစိပ်မှုကို ခံထားရတဲ့ ယောက်ျားဖြစ်သူဟာ လူနာကုတင်ပေါ်မှာ မေ့မြောနေဆဲ ရှိပါသေးတယ်။
သူ့ကုတင်ဘေးမှာတော့ မိန်းမဖြစ်သူက ထိုင်စောင့်နေတယ်။

အဲဒီအချိန်မှာဘဲ လူနာသတိရလာတယ်။
မျက်လုံးလေး ပုတ်ခပ်ပုတ်ခပ်လုပ်ကြည့်ပြီး သူ့မိန်းမကို မြင်သွားတော့… …
“မင်း သိပ်သိပ်လှတာဘဲကွယ်”
….လို့ပြောပြီး ပြန်မေ့သွားတယ်။

မိန်းမဖြစ်သူလည်း တော်တော်လေး ကျေနပ်အံ့သြသွားတယ်၊
သူတို့ ပေါင်းသင်းလာတာကြာပြီ၊ တခါမှ အဲလိုချီးမွမ်း မခံရဖူးဘူးလေ။

ခဏနေပြန်တော့ လူမမာသတိရလာပြန်တယ်
ခုနလိုဘဲ မျက်လုံးလေးဖွင့်ကြည့်ပြီး ပြောပြန်တယ်…
“လှတယ်”
…ဆိုပြီး ပြန်မေ့သွားပြန်တယ်၊
မိန်းမဖြစ်သူစိတ်ထဲ နဲနဲဘဝင်မကျဘူးဖြစ်သွားတာပေါ့

ဒါနဲ့
ဘယ်မှ မသွားဘဲ ကုတင်ဘေးမှာ ပေပြီးစောင့်နေတယ်။
မကြာပါဘူး လူမမာ သတိရလာပြန်တယ်၊
ခုနလိုဘဲ မျက်လုံးလေးဖွင့်ကြည့်ပြီး ပြောတယ်… ….
“အင်း…ရုပ်လေးက မဆိုးရှာပါဘူး”

ဒီလိုလဲပြောရော တော်တော်လေးကိုမကျေမနပ်ဖြစ်သွားတဲ့ မိန်းမက မေးတော့တယ်… …

“ဘယ်လိုဖြစ်လို့ ကျမရဲ့အလှက လျော့လျော့သွားရတာလဲ”

ဒီတော့ ယောက်ျားလုပ်သူက ပြန်ဖြေတယ်… …

“အော်... မိန်းမရယ်၊ မေ့ဆေးကလဲ တဖြေးဖြေး ပြယ်လာတာကိုး”….တဲ့။


https://www.facebook.com/thanlayko

+6

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 771
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6461
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #45 on: December 19, 2013, 10:52:11 AM »
သဘောကျလို့ပါ



Credit -> FB
+4
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Offline Nite.Gal

  • ကောလိပ်ဂျင်
  • ****
  • Posts: 214
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Female
  • အိပ်ရာခင်းကိုဆုပ်၊ မျက်လုံးလေးတွေ မှေးပြီး ...
  • Respect: +4809
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #46 on: December 20, 2013, 07:48:19 AM »
သဘောကျလို့ပါ



Credit -> FB

You can also show it to your daughter when she asks :)
+2

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 771
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6461
+4
« Last Edit: December 25, 2013, 02:41:23 PM by နိုးတူး »
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Offline minchitko

  • စီနီယာ
  • ***
  • Posts: 273
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • minchitkokomg@gmail.com
  • Respect: +2003
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #48 on: December 27, 2013, 01:17:45 AM »
ဖေ့စ်ဘွတ်  " လိုက် " အလန်းစား

(ကွန်မန့် သွားပေးမိ၍ အရိုက်ခံရလျင်တာဝန်မယူ .... ခွိခွိ  :P )

+2
« Last Edit: December 27, 2013, 02:59:57 AM by minchitko »

Offline minchitko

  • စီနီယာ
  • ***
  • Posts: 273
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • minchitkokomg@gmail.com
  • Respect: +2003
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #49 on: December 27, 2013, 03:02:52 AM »
ကျွန်တော်အကြိုက်ဆုံးကား တံဆိပ်များ " Mercedes & BMW "   :-*


+2
« Last Edit: December 27, 2013, 03:03:32 AM by minchitko »

Tags: