Author Topic: အမောပြေဟာသမှတ်စု ( ၂ )  (Read 85653 times)

0 Members and 1 Guest are viewing this topic.

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4761
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #30 on: July 08, 2013, 10:43:52 PM »
(ဖော်ကောင်လုပ်မိလို့)

လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့

အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက

သူ့ကို ထောင်ဒဏ်

၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့

အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က

နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က

နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိုဖော်ကောင်လုပ်တဲ့အတွက်ပါ"

ဟင်............
+4

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4761
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #31 on: July 08, 2013, 10:45:03 PM »
နာရီဘယ်လောက်မြန်လဲနော်

လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။

နတ်သားတစ်ဦးက သူ့ကိုဦးဆောင်ပြီး နတ်ပြည်အနှံ့

လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ နာရီအပြည့်ချိတ်ထားတဲ့

အခန်းတစ်ခုကို ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့ နာရီတစ်ချို့က

အလုပ်လုပ်နေပြီး၊ တစ်ချို့က ရပ်နေတယ်။ နတ်သားက "ဒီနာရီတွေက

လူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်း

ဒီထဲမှာရှိတယ်" လို့ ရှင်းပြတယ်။

နာရီတစ်ချို့က မြန်လိုက်၊ နှေးလိုက် ဖြစ်နေတာကို တွေ့တော့ နတ်သားက "

လူတစ်ချို့ မုသားစကားပြောနေတဲ့ အချိန်မှာ သူ့ကိုယ်စားပြု နာရီက

အရမ်းမြန်နေတတ်တယ်" လို့ ထပ်ရှင်းပြတယ်။

နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား "ဒါဆို

ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူးလား ကျွန်တော့်ကို

ခဏပြလို့ရမလား" လို့ တောင်းဆိုလိုက်တယ်။

နတ်သားပြန်ဖြေလိုက်တာက "ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။

နတ်မင်းကြီးက ပူလို့ဆိုပြီး အဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူသွားလို့ပါ။
+3

Offline ကြောင်ပါး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 776
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +9351
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #32 on: July 11, 2013, 10:31:50 AM »
အမျိုးသားတစ်ဦးက .....
သူ့ချစ်သူအတွက် ဘရာစီယာသွားဝယ်တယ်။
ဆိုင်ရောက်တော့ အရောင်းစာရေးမက ....
ဘရာစီယာသုံးမျိုးရှိတယ်လို့ ပြောသတဲ့.....။

အဲဒါတွေကတော့
တပ်မတော်......
အရင်းရှင် နဲ့
နိုင်ငံရေး......တို့ပဲဖြစ်တယ်တဲ့......။

အမျိုးသားက နားမလည်တော့ .....
အရောင်းစာရေးမက ဒီလိုရှင်းပြတယ်.....။

တပ်မတော်ဆိုတာက .....
လျှော့ရဲရဲဖြစ်နေရင် ထိန်းသိမ်းပေးတဲ့ ဘရာစီယာပါ.....။
အရင်းရှင်ဆိုတာက ......
ကိုယ့်မှာရှိတာတွေကို .....
အစုလိုက်အပြုံလိုက် ထုတ်ပြတဲ့ ဘရာစီယာပါ.......။
နိုင်ငံရေးသမားဆိုတာကတော့ .......
မရှိမဲ့ရှိမဲ့ အရာတွေကို တဆိတ်တအိတ် လုပ်ပြီး ......
ထုတ်ပြတဲ့ ဘရာစီယာပါ တဲ့........။

အဲဒါနဲ့ အမျိုးသားက .......
သဘောအကျကြီးကျပြီး ......
အရင်းရှင်တစ်ထည် ၀ယ်သွားသတဲ့ကွယ်.... ။
ငိငိ.... ဒချိ ဒချိ.......။

( credit - ဥက္ကာကိုကို )
Myawady News
+5

Offline ရုက္ခစိုး

  • ပထမနှစ်
  • *
  • Posts: 38
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +264
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #33 on: July 20, 2013, 11:12:17 PM »
ဖြိုးကြီးသည် အရက်ဖြတ်ရန် ဘုရားကျောင်းသို့သွားသည်။ တစ်လခန့် အရက်ကို ကြိုးစားဖြတ်ပြီးနောက် ဘုန်းတော်ကြီးက ဖြိုးကြီးအား ရေထဲတွင် ၃ ကြိမ်နှစ်၍

"ကဲ မောင်ဖြိုးကြီး မင်း အရက်လဲပြတ်သွားပြီ အပြစ်တွေ အားလုံး မရှိတော့ဘူး ဒီနေ့ကစပြီး လူသစ်စိတ်သစ်နဲ့ ဘဝသစ်ပြန်စတော့ နာမည်အသစ်ပါပြောင်းပေးလိုက်မယ် မင်းနာမည် ဒိတ်ဒိတ်ကျဲ ဖြစ်သွားပြီ "

သို့နှင့် ဒိတ်ဒိတ်ကျဲ အိမ်ပြန်ရောက်လာသည်။ ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ရေခဲ ပွင့်လေးများတွဲခိုနေသော ဘီယာဗူးလေးများက စီရရီရှိနေကြသည်။
ဒိတ်ဒိတ်ကျဲ အံကို ကျိတ်လျက် ဘီယာတစ်ဗူးယူလိုက်ပြီး ရေဇလုံထဲသို့ ၃ ကြိမ်နှစ်လိုက်သည်။

"ကဲ မင်းလဲ နာမည်ပြောင်းလိုက်တော့ မင်းနာမည် ဘီယာမဟုတ်တော့ဘူး လိမ္မော်ရည်ဖြစ်သွားပြီ "

ဟုဆိုပြီး ... ဖောက် .. ရှူး .. ဂလု ဂလု ..

Credit to; Ye Khaung
နောက်ဆုံးတော့လည်း ရေနွေးနဲ့ပဲ သေရတယ်
******************
ရှေးရှေးတုန်းကပေါ့ဗျာ.... ငတက်လုံးဆိုတဲ့လူတစ်ယောက်ဟာ တိုင်းပြည်မှာအလုပ်အကိုင်ကရှားပါးတော့ ကြံရာမရဖြစ်ပြီး ရှင်ဘုရင်ရဲ့ ရွှေတိုက်ကိုဝင်ခိုးသတဲ့...ရှင်ဘုရင်ရဲ့ ရွှေတိုက်ကိုမှဝင်ခိုးရတာကလည်း အကြောင်းရှိတယ်ဗျ...တိုင်းပြည်ထဲမှာ

သူဝင်ခိုးရလောက်အောင် ဘယ်သူမှ မချမ်းသာဘူးလေ (ရှင်ဘုရင်ရဲ့ အမျိုးတွေကလွဲပြီးပေါ့)...ဒါနဲ့ရှင်ဘုရင်ရဲ့ရွှေတိုက်ကို

ဝင်ခိုးရာမှာ ကံဆိုးစွာနဲ့ပဲရဲမက်တွေသိသွားပြီး အဖမ်းခံရတော့တယ်...ရဲမက်တွေက ငတက်လုံးကို ဘုရင်ဆီခေါ်သွားတော့

ဘုရင်ကစစ်ဆေးမေးမြန်းမရှိ ပြစ်မှုထင်ရှားတယ်ဆိုပြီး တခါတည်း အမိန့်ချလိုက်တယ်..“ငါကိုယ်တော်မြတ်ရဲ့ရွှေတိုက်ကို

ဝင်ခိုးတဲ့ဒီငမိုက်သားကို ရွှေတစ်ပိဿာအရည်ဖျော်ပြီး ပါးစပ်ထဲလောင်း၍သတ်စေ”

ဒီလိုနဲ့ တိုင်းပြည်ရဲ့ တရားသူကြီးချုပ်ဆီရောက်တော့ တရားသူကြီးချုပ်ကစဉ်းစားတယ်..“အင်း....ဒီကောင်ကိုသတ်ဖို့ရွှေတစ်

ပိဿာမလိုပါဘူး ရွှေငါးဆယ်သားနဲ့လည်းသေနိုင်တာပဲ”လို့စဉ်းစားပြီးရွှေငါးဆယ်သားကို သူယူပြီး“ဒီ ငမိုက်သားကို ရွှေငါးဆယ်

သားအရည်ဖျော်ပြီးပါးစပ်ထဲလောင်း သတ်စေ”ဆိုပြီးမြို့တော်ဝန်ဆီ ပို့လိုက်တယ်...

မြို့တော်ဝန်ကလည်း ဒီလိုပဲ စဉ်းစားပြီး “ရွှေအစိတ်သားအရည်ဖျော်ပြီး ပါးစပ်ထဲလောင်းသတ်စေ”ဆိုကာသတ်မဲ့အာဏာပါးကွက်

သားဆီပို့လိုက်တယ်..သူကလည်းဘာထူးမှာလည်း ငတက်လုံးကိုခေါ်ပြီး“ဟဲ့ ငတက်လုံး မောင်မင်းကို ရေနွေးပူနဲ့လောင်းပြီးသတ်

စေလို့ရှင်ဘုရင်က အမိန့်တော်ချလိုက်တယ်...ကဲ ကဲပါးစပ်ဟထားရေနွေးပူနဲ့လောင်းပြီး သေဖို့တာပြင်ပေတော့”တဲ့
်f.b က ရတာတွေ ပါ။
+4

Offline ရုက္ခစိုး

  • ပထမနှစ်
  • *
  • Posts: 38
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +264
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #34 on: July 21, 2013, 12:01:14 AM »
ဆရာကြီး၏ နောက်ဆုံးဆေးလုံး
*******
တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကိုသွားပင့်ကြလေသည်။
မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာ ကာစုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။
စုန်းမကြီး နှင့်ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။
ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
ဆရာကြီး- သိကြသေးတာပေါ့ဟုဆိုကာ သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့်မြေကြီးကို ရိုက်လိုက် လေသည်။
သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့်အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်းဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။
သို့သော် အချည်း အနှီး ပင်။ ဆရာကြီး၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန်ဆေးလုံး တစ် လုံးထုတ်ပြီး မန်းပြန်လေသည်။
ပြီးနောက် ထိုဆေးလုံးဖြင့်ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။ဆရာကြီးက မကြောက်ရန်ပြောပြီး
“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှလက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။
ထိုအခါမှမီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားလေတော့ သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီးလက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။
“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်းတစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး
“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ဟူ၏။
 :) :) :)
သူပါပဲ
****
မော်စကိုမြို့စွန်ရှိ ဘားတခုတွင် လူတယောက်ဘီယာထိုင်သောက်နေသည်။ မယ်သီလရင်တယောက် လမ်းလျှောက်လာသည်။ ထိုလူရှေ.တွင်ရပ်လိုက်ပြီး ပြစ်တင်ရှုံ.ချသောလေသံဖြင့် ပြောသည်။
"လမ်းမှားရောက်နေတဲ.သူတွေ၊ သူခိုးဂျပိုးတွေ ကျက်စားတဲ့ နေရာမှာမှ ရှင်မို့ အချိန်လာဖြုန်းနေတယ်။"
"ဒီမှာ ထိုင်ပြီး ဘီယာလာသောက်တာနဲ. မကောင်းဘူးလို့ ပြောလို့မရပါဘူး စစ္စတာရယ်၊ ကျွန်တော်က အေးအေးဆေးဆေး ဘီယာပဲထိုင်သောက်နေတာပါ။"
"ဒါပေမဲ. အရက်သေစာသောက်တာ ဘုရားသခင် မကြိုက်ဘူး"
"နေပါဦး,စစ္စတာကကော စမ်းသောက်ကြည့်ဖူးလို.လား?"
"ဘယ်တော့မှ မသောက်ဘူး" ဒေါသသံနှင့် စစ္စတာအန်နာ ပြန်ပြောသည်။
"မသောက်ကြည့်ပဲနဲ. မကောင်းတဲ.အလုပ်လို. ဘယ်လိုပြောလို. ရမှာလဲ၊ လာပါ တခွက်လောက် သောက်လိုက်၊ ကျွန်တော် တိုက်ပါ့မယ်။"
"ဟင့်အင်း,ဘာလဲ မယ်သိလရှင် ဘီယာသောက်တာကို လူတွေမြင်စေချင်လို.လား?"
"ဪ,ဒီအတွက် စိတ်မပူပါနဲ.၊ဘီယာသောက်တာမသိအောင် ကော်ဖီခွက်ထဲ ထည်.တိုက်မယ်လေ၊ ဘယ်လိုလဲ?"
ခက်ခက်ခဲခဲ ဆုံးဖြတ်ရဟန်ဖြင့် စစ္စတာအန်နာ ခေါင်းငြိမ့်သည်။
ဘားကောင်တာဘက်သို့ လျှောက်သွားသည်။ ကောင်တာမှ ဘားမင်းကို အော်ဒါပေးလိုက်သည်။
"ဘီယာ၂ခွက်ထည့်ပေးပါ။ တခွက်က ကော်ဖီခွက်နဲ့ ဖြစ်ပါစေ"
ဘားမင်း ခေါင်းမော့ပြီး ပြန်မေးသည်။
"ဘာလဲ၊ စစ္စတာအန်နာ ရောက်နေပြီလား...?"
 :) :) :)
+4

Offline ရုက္ခစိုး

  • ပထမနှစ်
  • *
  • Posts: 38
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +264
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #35 on: July 21, 2013, 09:14:33 PM »
အလုပ် အင်တာဗျူး တစ်ခုတွင် ဖြစ်သည်။ ကုမ္ပဏီ ပိုင်ရှင်သူဌေးကြီး ဦးပွ တစ်ယောက် အတွင်းရေးမှူး အသစ်ခန့်ရန် အတွက် အင်တာဗျူးနေလေသည်။ ပထမဆုံး တစ်ယောက်စ၀င်လာလေသည်။

“ နာမည်ပြောပါ”

“ မယ်မျိုး”

“ အလုပ်အကိုင်”

“ နတ်ကတော်”

“ ငင် နတ်ကတော်က ဒီကို ဘာလာလုပ်တာတုန်း”

“ အို သူတို့ပဲ အတွင်းရေးမှူး အလိုရှိသည်ဆိုလို့ လာတာပဲဟာကို ဟွန့်”

“ အွန် ဟုတ်ပါပြီ ဟုတ်ပါပြီ ပညာအရည်အချင်းနဲ့ ရခဲ့တဲ့ ဘွဲ့လေးတွေ တစ်ချက် ပြောပါအုံး”

“ ရေကျော်မှာ အသေပျော် မင်္ဂလာဒုံမှာ ဖင်ခါတုန် မြေနီကုန်းမှာ အသေအပီကြုံး လမ်းမတော်မှာ နှုတ်ခမ်းထော် ဥက္ကလာမှာ ဆပ်စလူးခါ ရွှေပြည်သာမှာ နေခြည်ဖြာ ဘောက်ထော်မှာ အခြောက်ကျော် ဥက္ကံမှာ မဟုတ်မခံ ဒဂုံတောင်မှာ လုံချည်ပေါင် ရွာသာကြီးမှာ ခါလာကြီး သုံးခွမှာ တစ်ဆုံးရွ ကျောက်တန်းမှာ အခြောက်ကြမ်း စတဲ့ဘွဲ့တွေ ရခဲ့ပါတယ်ရှင်”

“ အလို ဘုရားဘုရား နဲတဲ့ ဘွဲ့တွေလား”

“ အဟင်း ဒါတောင် တချို့ဟာတွေ မေ့နေလို့”

“ ငင် ကျန်သေးတာလား ဟုတ်ပါပြီ ဟုတ်ပါပြီ ဒီအလုပ်လာလျှောက်တဲ့ရည်ရွယ်ချက်က”

“ သူဌေးကတော် ဖြစ်ချင်လို့”

“ ငင် နင့်ဟာက ကတော်တွေချည်းပါပဲလား အစတုန်းက နတ်ကတော် အခုတော့ သူဌေးကတော် အမငီး”

“ သမီးက ပွင့်ပွင့်လင်းလင်း ပြောတတ်လို့ပါချင်”

“ ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါဆို ဗဟုသုတမေးခွန်းလေးမေးကြည့်ရအောင် ဟိုတလောက မြန်မာပြည်ကိုလာတဲ့ အမေရိကန် သမ္မတ နာမည်လေး ပြောပါအုံး”

“ တွံတေးသိန်းတန်”

“ ငင် အဲ့ဒါ မြန်မာအဆိုတော်နာမည်ကြီးလေ ဒါဆို သမ္မတ စီးခဲ့တဲ့လေယာဉ်မှာ နာမည်ရှိတယ် သိလား“

“ စကိုင်းနက်”

“ ငွန့် ဘာလို့အဲ့လောက်တော်ရလဲ သမီးရယ်”

“ ဒါတောင်လျှော့ဖြေထားတာ”

“ ငွင် ဟုတ်လား ဟုတ်ပါပြီ ဒါဆို နောက်ဆုံး တစ်ခု အနေနဲ့ သမီးဘ၀မှာ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေးရှိရင် ပြောပြပါလား”

“ သဘောကောင်းတယ် သွားကြားထိုးပက်စက်တယ်”

“ ငင် ဘီလိုကြီးတုန်း ရပါပြီ သမီးရယ် ရပါပြီ အလုပ်ခန့် ဖြစ်ရင် အကြောင်းကြားလိုက်ပါ့မယ်ညော် ကဲ နောက်တစ်ယောက်ခေါ်ပါဟေ့”

“ နာမည်လေးပြောပြပါ”

“ စိန်မိုခ”

“ အမယ် ဇာတ်မင်းသားလား ဘာအလုပ်လုပ်လဲ”

“ နတ်ကတော်အောက်ဆွဲ”

“ ဖွီး ဘာကြီးတုန်း တစ်ခါမှ မကြားဖူးပါလား”

“ နတ်ကတော်တွေ နတ်ကန္နားပေးလို့ နတ်ကနေတုန်း သူ့ကိုယ်ပေါ်ကအောက်ပြုတ်ကျလာတဲ့ ပိုက်ဆံတွေကို ပြေးဆွဲတာလေ”

“ တယ်ကောင်းတဲ့ အလုပ်ပါလား ပညာအရည်အချင်းနဲ့ ဘွဲ့လေးပြောပြပါအုံး”

“ မျှော်တော်ယောင်မိုခ “

“ အော် မျှော်တော်ယောင်သီချင်းဆိုလွန်းလို့လား”

“ မဟုတ်ဘူး ပိုက်ဆံ ပြုတ်ကျလာတာကို မျှော်ရလွန်းလို့ ကျန်သေးတယ် ဇာဘော်လီမိုခ”

“ ငင် ဇာဘော်လီရောင်းလို့လား”

“ မဟုတ်ဘူး ပိုက်ဆံ ပြုတ်မကျလာလို့ စိတ်မရှည်ဘဲ နတ်ကတော်ရင်ဘတ်က ချိတ်ထားတဲ့ ပိုက်ဆံပြေးလုတာ ဇာဘော်လီကြီးပါ ပါလာလို့”

“ အင်း လူစွမ်းကောင်းပေပဲ”

“ ကျန်သေးတယ် ဗုံးမိုခ”

“ ဘုရား ဘုရား သောင်းကျန်းသူ အဖွဲ့ကလားငင်”

“ မဟုတ်ပါဘူးဗျာ ၀မ်းခဏ ခဏ ချုပ်လွန်းလို့ ၀မ်းချူဗုံး ထည့်ရလွန်းလို့ပါ”

“ ငင် ဟုတ်ကဲ့ပါ ဒါဆို ဗဟုသုတ မေးခွန်းလေးမေးရအောင် ဟိုတလောက ခရစ်ယာန်ဘုရားကျောင်းထဲမှာ ပြဿနာတက်တဲ့ မင်းသားကိုသိလား”

“ ဗြဲတိုက်”

“ ငင် အဲ့လိုကြီးတော့ မဟုတ်သေးဘူးလေ အဲ့ဒါက အရင်ခေတ်က မြို့ရိုးတွေမှာ ရှိတဲ့ဟာ အခုဟာက တစ်လုံးမှန်တယ် စဉ်းစားကြည့်ပါအုံး”

“ မီးပြတိုက်”

“ မဟုတ်သေးဘူး အဲ့လိုပဲ အဆောက်အအုံ အကြီးကြီးလေ”

“ ကန်ထရိုက်တိုက် လား မဟုတ်သေးဘူး အုတ်တိုက် အီး”

“ အဲ နီးစပ်လာပြီ နီးစပ်လာပြီ”

“ ရေခဲတိုက် လား”

“ ငင် ဒီလောက်ဆိုရပါပြီ နောက်ဆုံးအနေနဲ့ လက်ကိုင်ထားတဲ့ဆောင်ပုဒ်လေးရှိရင် ပြောပြပါအုံး”

“ မင်းတို့လက်တွေလေထဲကိုမြှောက်ထားလိုက်”

“ ငင် ဒါကြီးက ဆောင်ပုဒ်လား”

“ ဟုတ်တယ်လေ ဒါမှ ပိုက်ဆံကျလာရင် အတော်ဖြစ်မှာ”

“ ငွန့် ကဲ နောက်တစ်ယောက်သွင်းပါဟေ့”

“ နာမည်လေးပြောပါ”

“ မောင်ရွဲ”

“ အလုပ်အကိုင်”

“ ကူလီဇက်ကြောဆွဲ”

“ ငင် လုပ်ပြန်ပြီ အဲ့ဒါ ဘာအလုပ်ကြီးတုန်း”

“ အော် ကုန်ထမ်းတဲ့ကူလီတွေ ညောင်းလာရင် ဇက်ကြောဆွဲပေးတာပါ အမယ် အထင်မသေးနဲ့ ကိုက်တယ်နော်”

“ ဟုတ်လား ဒါနဲ့ ဘာဘွဲ့တွေ ရဖူးတုန်းဗျ”

“ ပထ၀ီမောင်ရွဲ”

“ ပထ၀ီ ဂုဏ်ထူးထွက်တယ်ပေါ့လေ”

“ မဟုတ်ဘူး ပထ၀ီကြော ကိုင်တာ ကျွမ်းလို့တဲ့မယုံရင် ကိုင်ပြမယ် မှောက်လိုက်”

“ ဟုတ်ကဲ့ မှောက်ပြီ ငင် မဟုတ်သေးပါဘူး ဘာလို့မှောက်ရမှာလဲ”

“ မယုံမှာ စိုးလို့ပါဗျာ”

“ ထားပါတော့ ထားပါတော့ ဗဟုသုတလေးမေးရအောင် ကိုလိုနီ လက်အောက်မရောက်ခင် မြန်မာနိုင်ငံရဲ့ နောက်ဆုံး မင်းက ဘယ်သူလဲဗျ”

“ နေမင်း “

“ ငင် အဲ့ဒါက မင်းသားကြီးလေ အဲ့မင်းနာမည်က ရှမ်းပြည်က မြို့တစ်မြို့နာမည်လေ”

“ တောင်ကြီးမင်း”

“ ငင် မဟုတ်ဘူး အောက်နဲနဲ ဆက်ဆင်း”

“ အောက်ဆင်းမင်း”

“ အာ အဲ့လိုပြောတာ မဟုတ်ဘူးလေ မြို့ကို အောက်နဲနဲ ဆက်ဆင်းလို့ပြောတာ”

“ လောက်ကိုင်မင်း တာချီလိတ်မင်း “

“ အဟင့် အဲ့မင်းတွေ ဘယ်တုန်းက တက်သွားမှန်းတောင် မသိလိုက်ရပါလား”

“ အော် သိပြီ သိပြီ”

“ ဟေ ဟုတ်လား ပြောလိုက်စမ်း ရဲရဲကြီး”

“ ရာဇာမင်း”

“ ငင် အဲ့ဒါက ကားလိုင်းနာမည်ကြီးလေ ရပါပြီ ရပါပြီ နောက်ဆုံး အနေနဲ့ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေးပြောပြပါလား”

“ တစ်မျိုးသားလုံး၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြင့်မားရေး”

“ ငင် အမလေး ငါ့ကို သွေးကျဆေး သွေးကျဆေးပေးကြပါ”

“ ဆရာ ဆရာ ဆရာ”
 :) :) :)
ခရက်ဒစ် ဘိုင် ကိုပွ ဖေ့(စ်)ဘွတ်(ခ)  ;) ;) ;)
+4

kolugyi

  • Guest
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #36 on: August 21, 2013, 02:13:08 PM »
>>မယားကြီးမယားငယ် ဆုံမှတ်<<

ဟဲ့ကောင်မ လင်ခိုးမ ကြာကူလီမ ထွက်ခဲ့စမ်းးးး

အောင်မာ ငါ့အိမ်ရှေ့လာပြီး အော်ကြီးဟစ်ကျယ်နဲ့ သောက်ရှက်မရှိဘူလား အပေါက်ချောင်မရဲ့

ဟဲ့ ငါ့ဖာသာ အပေါက်ချောင်ရုံမကလို့ နှစ်ခြမ်းကွဲကွဲ နင့်လို အပေါက်မသရမ်းဘူး လင်ခိုးမရဲ့

နင့်လင်ကို ခိုးထားတာ မဟုတ်ဘူး ဟေ့ အဝင်အထွက်မတူလို့ ကြင်ဖက်ကို ပစ်ပယ်ပြီး ဟော့ဒီ (ရင်ဖက်ကို တဘုန်းဘုန်းလက်နဲ့ရိုက်) ကောင်မဆီ နင့်လင် လာငတ်နေတာ ……ရှင်းလားး

ဟဲ့ အဝင်အထွက်မတူရအောင် နင်က ဖင်နဲ့ပါဧည့်ခံ ပေးလိုက်လို့လားး ကျက်သတုံးမရဲ့ ဟင်းးး အိမ်က သေနာကောင်ဟာလည်း ကတ်ကြေးနဲ့ဖြတ်ပြီး ခွေးကျွေးပစ်တောင် နင်က ခွေးနဲ့အပြိုင် ဝင်ဆွဲချင် ဆွဲနေဦးမှာ ဟစ်ဟစ်

တော်ကြပါတော့ဟာ ရှက်ဖို့ကောင်းလိုက်တာ (ရပ်ကွက်လူကြီး)

ရပ်ကွက်လူကြီး အာ့ကောင်မကို ကျမ ယောင်္ကျားနဲ့ ဆက် မပက်သက်ဖို့ ပြောပေးစမ်းပါ ကျမ လူလို ပြောနေတာကို ဒင်းက နားမလည်ဘူး

ဟ နင်က လူလိုပြောလို့ သူက နားမလည်တော့ ငါက ခွေးလို သွားပြောရမှာလားးး

ရှင် အာ့လို မဟုတ်ပါဘူးလူကြီးရယ် အထင်မလွဲပါနဲ့ကန်တော့ ကန်တော့

ဟေ့ ဒီမှာ မအဝှာ ခင်များကြောင့် သူများ အိမ်ထောင်ရေး ပြသနာ တက်အောင် တော့ မလုပ်နဲ့လေဗျာ ဆင်ဆင်ခြင်ခြင်နေမှပေါ့ဗျာ

အော် ရှင်က ခုမှ ဆင်ခြင်မှပေါ့ ဟတ်လား ရှင် ကျမဆီ လာသရမ်းတုန်းက အာ့ ပါးစပ်က တအားအားနဲ့ ဒီလိုမှန်းသိ အာ့ ပါးစပ်ထဲ ခုံဖိနပ် ချီးသုတ်ပြီး ထည့်ပလိုက်တယ် ထွီ

အော် ရပ်ကွက်လူကြီး ရှင်ကပါ ဒီကောင်မနဲ့ #$&#&***&*#**#-@--@*&&#*#*#**&$*--#--*$:***@*@*&

အာ့လိုနဲ့ နှောင်ချိန်ပလေးကုန်ကြရောဗျာ အာ့ ဟိုတနေက ရက်ကွက်တစ်ခုက ဇာတ်လမ်း ကြားသလောက်လေး ရေးပေးတာ စကားလုံးတွေ ကြမ်းရင် သည်းခံပါဗျာ
+7

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 755
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6203
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #37 on: August 30, 2013, 10:29:25 AM »
"ဘယ်သူလွန်သလဲ”

လင်မယား နှစ်ယောက် ညဘက်အိပ်ပျော်နေတုန်း အောက်ထပ် တံခါးကို ဖွင့်သံကြားတယ်။

မိန်းမက ရုတ်တရက်လန့်နိုးလာပြီး ဘေးမှာအိပ်ပျော်နေတဲ့ယောက်ျားကို အလန့်တကြားပြောတယ်

”သွားသွား မြန်မြန်ပြေးတော့.. ကျမ ယောက်ျား ပြန်လာပြီ”

ယောက်ျားလည်း မပြောမဆိုနဲ့ အိပ်ခန်းပြတင်းပေါက်ကနေ ဝုန်းကနဲ ခုန်ဆင်းပြေးတယ်။

နောက်မှ.. ဖုန်အလူးလူးနဲ့ အိမ်ရှေ့တံခါးကနေ ပြန်ဝင်လာရင်း မိန်းမကို ဒေါသတကြီးပြောတယ်

”ကျမယောက်ျား ပြန်လာပြီ ပြေးပြေး လို့ပြောရအောင် ငါက မင်းယောက်ျားမဟုတ်ဘူးလား.. မိန်းမယုတ် ဖောက်ပြန်နေတယ်”

မိန်းမကလည်း ပြန်အော်ရော
.
.
.
.
.
.

”ပြေးဆိုတာနဲ့ ရှင်ကရော ဘာလို့ ကမူးရှူးထိုး ထ ပြေးသလဲ။ အယုတ်တမာကောင်”

(ကာတွန်းလေးတစ်ခုကို ဘာသာပြန်ထားတာပါ)

Credit To > FB

+6
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Offline ကြောင်ပါး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 776
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +9351
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #38 on: September 05, 2013, 03:45:21 PM »


သူလည်းတစ်ချိန်က

တစ်ခါက သားအဖနှစ်ယောက်စကားပြောဝိုင်းတွင် အဖေလုပ်သူက သားကိုပြောသည် ။
အဖေ ။   ။ သား အဲ့ဒီမိန်းခလေးကို ယူကိုယူရမယ် ။
သား  ။   ။ ဟာ အဖေကလည်းဗျာ သူကအပျိုမှမဟုတ်တာဗျ ။
အဖေ ။   ။ သြော်သားရယ် သူလည်းတစ်ချိန်က အပျိုပါသားရယ်...ယူလိုက်ပါကွာ.. ။

ထမင်းဝိုင်းတွင်
အဖေ ။   ။ သား မင်းရဲ့ ဟင်းတွေကလည်း ဝါးတွေကိုချက်ထားတာပါလား .....
             စားလို့မှမရတာ သားရယ် ။
သား  ။   ။ သြော် အဖေရယ် သူလည်းတစ်ချိန်က မျှစ်ပါ အဖေရယ်..စားလိုက်ပါနော်

            credit : http://www.pauksa.net/
+4
« Last Edit: September 05, 2013, 04:18:02 PM by tunaye2011 »

Offline ၀င်း

  • ကောလိပ်ဂျင်
  • ****
  • Posts: 106
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3494
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #39 on: September 08, 2013, 02:05:42 AM »

လူတစ်ယောက် ဆံပင်ညှပ်ရင်း ဆံသဆရာနဲ့ ရောက်တတ်ရာရာ ပြောနေတယ် ... ..

"သပ်သပ်ရပ်ရပ်လေး ညှပ်ပေးဗျ၊ ကျနော်က မနက်ဖန် ရောမကို ခရီးထွက်မှာ"
"ရောမ ဘာလုပ်ဖို့လဲ၊ လူတွေကရှုပ်၊ မြို့ကညစ်ပတ်နဲ့၊ အီတာလျံတွေ ကောင်းတာမဟုတ်ဘူး"
"ဟုတ်လား"
 -
 

"ဘယ်လေကြောင်းလိုင်းနဲ့ သွားမှာလဲ"
"IAI နဲ့"

"ဟင်း... IAI က အလွန်ညံ့တဲ့ လေကြောင်းလိုင်း၊ အချိန်ကမမှန်၊ လေယာဉ်မယ်တွေက ရုပ်ဆိုးဆိုး"
"ဟုတ်လား"

"ဘယ်ဟိုတယ် တည်းမှာလဲ"
"Swan ဟိုတယ်မှာ"

"အား.. အဲဒီဟိုတယ် ဝန်ဆောင်မှုကညံ့၊ ဈေးကကြီး၊ အခန်းတွေကကျဉ်း၊ မစွံဘူး"
"ဟုတ်လား"

"ဘာလုပ်ဖို့ သွားမှာလဲ"
"ဗာတီကန်စီးတီးကို သွားပြီး ပုပ်ရဟန်းမင်းကြီးကို ဖူးဖို့ပါ"

"သူ့ကို လာဖူးတဲ့ လူတစ်သန်းလောက်ကြား၊ ခင်ဗျား သူ့ကိုမြင်ရလှ မှုန်ပျပျပေါ့"
"ဟုတ်လား"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီလိုနဲ့ နောက်တစ်လလောက်ကြာတော့ အဲဒီလူနဲ့ ဆံသဆရာ ကော်ဖီဆိုင်မှာ တွေ့ကြတယ်။

ဆံသဆရာက မေးတယ်... ...

"ဘယ်လိုလဲ ခင်ဗျား ခရီးစဉ် အဆင်ပြေလား"

"ပြေတယ်၊ ရောမမြို့ကြီးကလဲ အရင်လိုမဟုတ်တော့ဘူး၊ သန့်ရှင်းသပ်ရပ်ပြီး မြို့သူမြို့သားတွေလဲ ဖော်ရွေကြတယ်"
"ဟုတ်လို့လား"

"IAI ကလဲ အချိန်အတိအကျ ပျံတယ်၊ လေယာဉ်မယ်လေးတွေလည်း ငယ်ငယ်ချောချောလေးတွေ"
"ဟုတ်လို့လား"

"Swan ဟိုတယ်လည်း ပြင်ဆင်မွမ်းမံထားတော့ အခန်းတွေလဲကျယ်၊ ဝန်ဆောင်မှုလဲကောင်း၊ ဈေးလဲချိုတယ်"
"ဟုတ်လို့လား"

"ဟုတ်ပါတယ်"
"ဒါပေမယ့် ခင်ဗျား ပုပ်ရဟန်းမင်းကြီးကိုတော့ အဝေးကနေ မှုန်ပျပျပဲဖူးခဲ့ရတာမလား"

"မဟုတ်ဘူးဗျ၊ ပုပ်ရဟန်းမင်းကြီးက တနေ့ကို လူတစ်ရာရွေးပြီး တဦးချင်း ဖူးတွေ့ခံတယ်"
"ဟုတ်လို့လား"

"ဟုတ်တယ်၊ ကျနော်ကံကောင်းတယ်၊ သူ့ကို တဦးချင်း အနီးကပ် ဖူးခဲ့ရတယ်"
"ဟုတ်လို့လား"

"ဟုတ်တယ်၊ သူကတောင် မေးလိုက်သေးတယ်"
"ဘာမေးတာလဲ"

"ဆိုးလိုက်တဲ့ ဆံပင်ပုံ၊ ဘယ်ဆိုင်မှာ ညှပ်တာလဲ တဲ့"

"ဂိန်..."
သန်၎ကို-ဘာသာပြန်သည်
ဧရာဝတီ blog
+5
Stop child abuse!!( ကလေးသူငယ်များကို ကာကွယ်ပါ)

Tags: