Author Topic: အမောပြေဟာသမှတ်စု ( ၂ )  (Read 85684 times)

0 Members and 1 Guest are viewing this topic.

Offline mg lynn

  • ပထမနှစ်
  • *
  • Posts: 74
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +268
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #20 on: May 04, 2013, 01:50:39 AM »
အရူးကတစ်မူးသာ

စိတ်ရောဂါ စွဲကပ်နေသော လူနာကို နောက်ဆုံးးပေါ် အထူးစနစ်ဖြင့်ကုသ စမ်းသပ်စစ်ဆေးရန် ဆရာဝန်တစ်ဥိးမှ ဆုံးဖြတ်လိုက်၏။
လူနာအား ဆရာဝန်မှ ပြော၏။
" မင်း...သိရဲ့လား...လွန်ခဲ့တဲ့ တနဂ်နွေနေ့ က ကမ်းနား လမ်းမကြီး ပေါ်မှာ အင်မတန်ကျေကွဲဖွယ် ကောင်းတဲ့ ကား တိုက်မှူ တစ်ခုဖြစ်ခဲ့တယ်။
ငါကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။ လမ်းဖြတ်ကူးလာတဲ့ လူငယ်ကို အရှိန်နဲ့လာတဲ့ ကုန်တင်ကား တစီးက နင်းကြိတ်လိုက်တာ...လူငယ်ရဲ့ ခေါင်းပြတ်ထွက်သွားတယ်ကွ။

ဒါပေမဲ့ လူငယ်ဟာ လဲနေရာက ထပီး သူရဲ့ဦးခေါင်းကိုကောက်ယူတယ်...။ အနီးဆုံးဆေးခန်းကိုရှာတယ်။

ကံကောင်းစွာပဲ အတိုက်ခံရတဲ့ နေရာနဲ့ မနီးမဝေးမှာ ခြမ်းမြေ့ လို့ခေါ်တဲ့ အရိုးအကြောပြန်ဆက်ပေးနိုင်တဲ့ နံမည်ကြီး တရုတ်ဆေးခန်းရှိတယ်။

အဲဒီ နောက် သူ့ခေါင်းပြတ် ကို သူ့ရဲ့ကိုယ်နဲ့ ပြန်ဆက်ဖို့အတွက် အဲဒီ ကမ်းနားလမ်းမပေါ်မှာရှိတဲ့တရုတ် ဆေးခန်း ကို ကိုင်ပီး ထွက်သွားတယ်......။ "

ထိုနေရာတွင် လူနာ သည် မယုံကြည်သည့်မျက်နှာဖြင့် ဟက်ဟက်ပက်ပက် ရယ်လေသည်။

ထို့နောက်......လူနာပြန်ပြောလိုက်တာက.....

" ဒေါက်တာပြောတဲ့ ဇာတ်လမ်း မှာ အရေးကြီးတာတခုလွဲနေတယ်ဗျ။

အဲဒီကမ်းနားလမ်းက ချမ်းမြေ့ လို့ခေါ်တဲ့ တရုတ်ဆေးခန်း က တနင်္ဂနွေနေ့ မှာ မဖွင့်ဖူးလေဗျ.ာ.."....
+4
« Last Edit: June 28, 2013, 03:41:40 PM by tunaye2011 »

Offline mg lynn

  • ပထမနှစ်
  • *
  • Posts: 74
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +268
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #21 on: May 04, 2013, 01:54:24 AM »
ဘယ်လိုသိလဲ

တစ်ခါက အလွန်ချမ်းသာသော လူတစ်ယောက်သည် မြေ ဧက ၄၀၀ ကျော်သော မြေတစ်ကွက်ကိုဝယ်လိုက်၏။

ထိုသို့ ၀ယ်ရာတွင် တန်ဖိုးထက် အဆမတန် ပိုပေး၍ ၀ယ်လိုက်ခြင်းဖြစ်၏။ ဤသို့ ၀ယ်ရခြင်းမှာလည်း ၄င်းခြံထဲတွင် သက်တမ်းနှစ် ၃၀၀ ကျော် ပြီဖြစ်သော ထင်းရူးပင်ကြီး တစ်ပင် ရှိသောကြောင့်ဖြစ်လေသည်။

ူသူဌေးကြီးမှ မိတ်ဆွေများအား ထင်းရူးပင် ကြီး အကြောင်းကို ပြောပြသောအခါ မယုံကြည်ကြပေ။...

သို့နှင့် သဌေးကြီးလည်း မိတ်ဆွေများအား သက်သေပြရန် ထိုခြံစောင့်လုပ်သူကို ခေါ်ပီး .....ထင်ရူးပင် သက်တမ်း အတိအကျ သိရအောင် စုံစမ်းရန် စေလွှတ်လိုက်၏။

လေးရက်ခန့် ကြာသောအခါ ထိုခြံစောင့်ပြန်ရောက်လာ၏။
သဌေးကြီး ကိုလည်း သူတွေ့ ရှိခဲ့သည်များကို ၀မ်းသာအားရနှင့် ပြောပြ၏။

" သတင်းကောင်းပဲ......သဌေးကြီး ခင်ဗျာ။ အဲဒီ ထင်းရူးပင်ကြီးဟာ သက်တန်း ၃၃၂ နှစ် ရှိပါပြီ ...."

သဌေးကြီးလည်း မိတ်ဆွေများရှေ့တွင် ပြုံးရွှင်စွာဖြင့်.......

" တယ်ဟုတ်ပါလားကွ။....မင်းတယ်တော်ပါလား...။ဒါနဲ့ ဒီလို အတိအကျ သိရအောင် မင်းဘယ်လို စုံစမ်းခဲ့သလဲ ဟေ့..".ဟုမေးလေသည်။

ထိုအခါ ခြံစောင့်မှ ပြန်ဖြေလိုက်တာက........

" လွယ်လွယ်လေးပါ ခင်ဗျာ....။သစ်ပင်ကြီးကို ခုတ်လှဲပီး ပင်စည်က အ၀ိုင်း တွေကို ရေတွက်ကြည့်လိုက်တယ်လေ...
+4
« Last Edit: June 28, 2013, 03:28:45 PM by tunaye2011 »

Offline mg lynn

  • ပထမနှစ်
  • *
  • Posts: 74
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +268
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #22 on: May 04, 2013, 01:59:39 AM »
အနာဂတ်

ဖခင်တစ်ဦးဟာ သားကြီးလာရင် ဘာဖြစ်နိုင်မလဲဆိုတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ စမ်းသပ်မှုမှာ ဖခင်က စားပွဲခုံပေါ် ပစ္စည်း(၃)မျိုးတင်လိုက်တယ်။

၁ဝတန်ဒေါ်လာတစ်ရွက်---- ဘဏ်လုပ်ငန်းရှင်
ကျမ်းစာတစ်အုပ် -------- ဘာသာရေးအကြီးအကဲ
ဝီစကီတစ်ပုလင်း -------- အရက်သမား

ဖခင်ဟာ စားပွဲပေါ်ပစ္စည်းတွေတင်ပြီး သားပြန်အလာကို တံခါးနောက်ကနေ ချောင်းကြည့်နေခဲ့တယ်။ တအောင့်နေတော့ သားဟာ လေလေးချွန်ပြီး ပြန်လာပါတယ်။

စားပွဲပေါ်က ပစ္စည်းတွေကိုတွေ့တော့ ဘေးဘီကို လှည့်ကြည့်လိုက်တယ်။ အခန်းထဲမှာ တစ်ယောက်မှမရှိမှန်း သိတော့ ဒေါ်လာကိုယူပြီး အလင်းမှာထောင်ကြည့်လိုက်တယ်။

ပြီးတော့ ကျမ်းစာကို လှန်လျောကြည့်တယ်။ ပြီးတော့ ဝီစကီပုလင်းကိုဖွင့်ပြီး နမ်းကြည့်တယ်။ အဲဒီနောက် ပိုက်ဆံကို အိတ်ကပ်ထဲထည့်၊ ကျမ်းစာကို လက်မောင်းကြားညှပ်ပြီး ဝီစကီပုလင်း မ,ပြီး လေလေးချွန်လို့ ပြန်ထွက်သွားတယ်။

သားအပြုအမှုကို ကြည့်ပြီး ဖခင်ဖြစ်သူ လန့်သွားတယ်။ ပါးစပ်ကလည်း စကားတစ်ခွန်း ခုန်ထွက်ပါလာတယ်။

"အလို... သူ နိုင်ငံအကြီးအကဲ လုပ်မှာပါလား!"
+7
« Last Edit: June 24, 2013, 02:22:32 PM by tunaye2011 »

Offline mg lynn

  • ပထမနှစ်
  • *
  • Posts: 74
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +268
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #23 on: May 04, 2013, 02:03:10 AM »
ဘယ်သူသတ်တာလဲ

တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောက်ကို မေးလိုက်ပါတယ်။

"ကနောင်မင်းသားကို ဘယ်သူ သတ်သလဲကွ"

ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။

အသံတွေတုန်ပြီး… "ကျ ကျနော်မသတ်ဘူး" တဲ့။

ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး  အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-

"ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေအချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်" တဲ့။

စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီးပြန်သွားပါတယ်။ နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဆီ စာတင်လိုက်သတဲ့။

ဒီလိုနဲ့ မကြာခင် ၀န်ကြီးက အခုလို စာပြန်လာပါတော့တယ်။

"ကနောင်မင်းသား သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်မနေပါနဲ့တော့"...ဟူသတည်း။
+7
« Last Edit: June 24, 2013, 01:47:41 PM by tunaye2011 »

Offline mg lynn

  • ပထမနှစ်
  • *
  • Posts: 74
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +268
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #24 on: May 04, 2013, 02:08:48 AM »
တရားခံ

အဝေးပြေးလမ်းတွင်ယာဉ်တိမ်းမှောက်မှု တစ်ခုအတွက် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကြသည်။ အခင်းဖြစ်ပွားမှုတွင် ယာဉ်ပေါ်တွင်ပါလာသော လူအားလုံးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြပြီး
ထို ယာဉ်ပေါ်တွင်ပါလာသော မျောက်တကောင်သာ အသက်ရှင်ကျန်ရစ်သည်။ ရဲများမှာ အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းရန် အတွက် အခက်တွေ့နေကြသည်။ ကံကောင်းချင်တော့ ထိုကားပေါ်တွင် ပါလာသော မျောက်မှာ လူတို့ပြောစကား နားလည်ပြီး သူကိုယ်တိုင်ကလဲ ခြေဟန်လက်ဟန်နှင့် ပြန်ပြောနိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် အမှုအတွက် အခြားသက်သေများ မရသည့် အဆုံး မျောက်အား အမှုစစ်ကြရသည်။

ရဲအရာရှိ(မေး)။ ။....ကဲဒီကားပေါ်မှာ လူဘယ်နှစ်ယောက်ပါလာလဲ
မျောက်(ဖြေ) ။ ။၁၄ယောက်(လက်၁၀ချောင်းအပြင်ခြေ ၄ချောင်း ပါ ထောင်ပြသည်)

ရဲအရာရှိ(မေး)။ ။ဟုတ်ပြီ ဒါဆို သူတို့တွေ ဘာလုပ်နေလဲ
မျောက်(ဖြေ)။ ။လက်မကို မော့သည့်ပုံ လုပ်ပြသည်။

ရဲအရာရှိ။ ။သြော် အရက်သောက်ကြတယ်ပေါ့(မျောက်ကထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်သည်)
ရဲအရာရှိ(မေး)။ ။ပြီးတော့ရော
မျောက်(ဖြေ)။ ။ ခုန်ဆွ ခုန်ဆွဖြင့် ကသည့်ဟန်လုပ်ပြသည်(ရဲက သြော် ဒါဆို သူတို့ မူးပြီး ကကြတယ်ပေါ့...မျောက်က ခေါင်းကိုထပ်ညိတ်သည်)

ရဲအရာရှိ(မေး)။ ။ဘယ်နှစ်ယောက်တောင် မူးကြတာလဲ
မျောက်(ဖြေ)။ ။၁၄ ယောက်လုံး (လက်၁၀ချောင်းအပြင်ခြေ ချောင်း ၄ ချောင်းပါ ထပ်ထောင်ပြသည်)

ရဲအရာရှိ။ ။ဟ ဒါဆိုဒရိုင်ဘာ ကရော ဘာလုပ်နေတုန်း
မျောက်(စိတ်မရှည်ဟန်ဖြင့်)။ ။မူးသည့်ဟန်နှင့် ကသည့်ဟန်ပါလုပ်ပြသည်

ရဲအရာရှိလဲ စိတ်ညစ်လာပြီးမေးသည်.....
"ကိုင်း ကားတစီးလုံးက ဒီလိုမူးရူးပြီး ပျော်ပါးနေတာ ကားကို ဘယ်အကောင်မောင်းတုန်းကွ"

ထိုအခါကျမှ မျောက်က သူပြောချင်သည့်အပိုင်းရောက်လာသောကြောင့် ဘ၀င်ကြသွားသည့် ဟန်ဖြင့်
သူ၏ ရင်ဘတ်ကိုကော့ပြီး တဘုန်းဘုန်း ပုတ်ပြလိုက်လေတော့သည်။။

ရဲအရာရှိ။  ။အရက်တွေကျန်သေးလား?
မျောက်။  ။ခေါင်းငြိမ်ပြ၏
ရဲအရာရှိ။  ။(၀မ်းသာသောအမူအရာဖြင့်) Ok ဘယ်မှာလဲ ? ဘယ်မှာလ?ဲ
မျောက်။  ။ဗိုက်ပုတ်ပြ၏။

ထိုအခါ ရဲအရာရှိက ဆက်မေးသေးသည်...
အရက်လက်ကျန်တွေရှိနိုင်ဦးမလား။
မျောက်။  ။ဗိုက်ပုတ်နေသောလက်ကိုအောက်သို့ဆင်းကာ ထပ်ပုတ်ပြလိုက်လေသတည်း....။
+5
« Last Edit: June 24, 2013, 10:02:18 AM by tunaye2011 »

Offline ကြောင်ပါး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 777
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +9352
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #25 on: June 18, 2013, 12:40:16 PM »
ဘောင်းဘီထဲ ဘဲအရှင် .

တစ်ခါတုန်းက တောရွာတစ်ရွာမှာနေထိုင်တဲ့ လူကြီးတစ်ဦးက
မြို့မှာနေတဲ့သူရဲ့သားဆီကို အလည်အပတ်သွားပါသတဲ့၊
သူသွားရာမှာ ဘဲအရှင်တစ်ကောင်ကိုလည်းယူဆောင်သွားပါတယ်။

မြို့ရောက်တော့ ဘဲတစ်ကောင်ကိုင်ပြီး လျှောက်သွားနေတဲ့သူ့ကို မြို့ကလူတွေ
...လိုက်ကြည့်တာကိုခံရတော့
စိတ်ညစ်ညစ်နဲ့ ဘဲကိုလူမမြင်အောင် ဘောင်းဘီထဲထည့်တားလိုက်ပါရော၊

ပြီးတော့ ဘဲအသက်ရှုနိုင်ဖို့ ဘောင်းဘီကို ကြယ်သီးသာတတ်ပြီး
ဇစ်ကိုဆွဲမတင်ထားတော့ပဲ ဟထားလိုက်ပါသတဲ့ ၊

ကားမှတ်တိုင်မှာ ကားစောင့်နေခိုက်မှာ သူနဲ့သက်တူရွယ်တူ
မိန်းမကြီးတစ်ယောက်က သူ့ရဲ့ဘောင်းဘီဇစ်အဟကို
သေသေချာချာ စိုက်ကြည့်နေတာကိုတွေ့တော့ သူတော်တော်စိတ်ဆိုးသွားပြီး မေးလိုက်တယ်

“ခင်ဗျားက ဘာကြည့်နေတာလဲဗျ ကြည့်နေတာ မမြင်ဘူးတာကြနေတာပဲ”
အဲဒီမိန်းမကလည်း ခပ်ဆတ်ဆတ်ပဲ ပြန်ဖြေလိုက်တာကတော့

“မမြင်ဘူးလို့ ကြည့်တာမဟုတ်ဘူး၊
ဒီလိုပေကလပ် ပေကလပ် လုပ်ပြနေတဲ့ဟာကိုတော့
ခုမှမြင်ဘူးလို့ သေသေချာချာကိုကြည့်သွားတာ”


.........................


+6
« Last Edit: June 24, 2013, 01:34:33 PM by tunaye2011 »

Offline ၀င်း

  • ကောလိပ်ဂျင်
  • ****
  • Posts: 106
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3501
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #26 on: June 22, 2013, 09:35:15 PM »
                   
                                                                         " ကျွန်ုပ်၏ မဟာတီထွင်မှုကြီး ၆ ခု"

                                                ကျွန်ုပ်သည် စက်မှုတက္ကသိုလ် ပထမနှစ် ကျောင်းသားဘဝကပင် တီထွင်မှုများစွာကို လုပ်ဆောင်ခဲ့သည်။
ကျွန်ုပ်၏ တီထွင်မှုများ၊ တွေးခေါ်ဆင်ခြင်မှုများမှာ တစ်နှစ်ထက်တစ်နှစ် များစွာမြင့်မားလာခဲ့ရာ၊ စတုတ္ထနှစ်အရောက်တွင် ဆရာများမှ တောင်းပန်သည်ဖြစ်၍ ကျောင်းမှ နုတ်ထွက်ပေးခဲ့ပါသည်။


မိမိတစ်ဦးတည်း ဥာဏ်ပညာများစွာမြင့်မားနေပြီး ကျန်သည့်ကျောင်းသားများ လိုက်မမှီဖြစ်ကာ စိတ်ဓါတ်ကျမည်ကို စိုးရိမ်ပူပန်သော ဆရာများ၏စိတ်ကို ကျွန်ုပ် နားလည်နိုင်ပါသည်။

ကျောင်းမှ မထွက်မှီ (ယခင်က) တံတားလေးလမ်းဆုံအနီးရှိ ဌာနတစ်ခုသို့ သွားရောက်၍ ကျွန်ုပ်၏ ဥာဏ်ရည်ဥာဏ်သွေး (IQ)  အား သွားရောက်ပြသစစ်ဆေးကြပါသေးသည်။

ထိုဌာနမှဆရာများမှလည်း ကျွန်ုပ်အား ကျောင်းဆက်တက်ရန် မလိုလောက်အောင် တတ်သိနားလည်ပြီး ဖြစ်ကြောင်း ပြောဆိုထောက်ခံကြပါသည်။

သို့ဖြစ်၍ ကျောင်းမှ နုတ်ထွက်ပေးခဲ့ကာ ကျွန်ုပ်ကိုယ်ပိုင် စမ်းသပ်ခန်းတစ်ခုအား တည်ဆောက်၍ တီထွင်မှုများစွာကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ခဲ့ပေသည်။
လူသားများ ကြုံတွေ့နေရသော အခက်အခဲများကို ပြေလည်စေရန်ရည်ရွယ်၍ တီထွင်ပေးခဲ့သော်လည်း တစ်ချို့မှာ ကျွန်ုပ်၏ စေတနာကို နားမလည်နိုင်ကြဘဲ ပြစ်တင်ဝေဖန်ကြလေ၏။
မည်သည့်အရာမဆို အကျိုးနှင့်အပြစ် နှစ်မျိုးလုံး ရှိတတ်သည်မှာ ဓမ္မတာပင်ဖြစ်သည် မဟုတ်လော။
အောက်တွင် ကျွန်ုပ်၏ တီထွင်မှုများကို ဖော်ပြလိုက်ပါသည်။

တီထွင်မှု အမှတ် (၁)
အမည်      -      Water-proof towel (ရေစိုခံတဘက်)
ရည်ရွယ်ချက်   -  ရေချိုးပြီး၍ တဘက်ဖြင့် သုတ်သောအခါ၊ တဘက်ရေစိုသဖြင့် လျှော်ဖွတ်ရခြင်း၊ အခြောက်လှန်းရခြင်းများမှ ကင်းဝေးစေရန်။
အားနည်းချက် -   ရေမစိုနိုင်သဖြင့် ရေလည်းမစုပ်နိုင်။ ထို့ကြောင့် သင့်ခန္ဓာကိုယ်ပေါ်ရှိ ရေများကိုယ်လည်း စုပ်ယူလိမ့်မည်မဟုတ်။
အများ၏ဝေဖန်ချက်  -   ‘တဘက်ပါဆိုမှ ရေမစုပ်နိုင်မှတော့ ဘယ်ကလာ သောက်သုံးကျတော့မှာလဲ’
               


တီထွင်မှု အမှတ် (၂)
အမည်      -      Solar powered flashgun (နေစွမ်းအင်သုံး ကင်မရာမီး)
ရည်ရွယ်ချက်  -  ကင်မရာများတွင် ဓါတ်ခဲများ အသစ်လဲလှယ်ရခြင်း၊ အားပြန်သွင်းရခြင်း အစရှိသည့် ဒုက္ခတို့မှ ကင်းဝေးစေရန်
အားနည်းချက်  -  နေ၏အလင်းရောင် ကောင်းစွာရရှိရန်လိုအပ်သည်။ အလင်းရောင်အားနည်းသောနေရာနှင့် ညအချိန်များတွင် အသုံးပြု၍ မရနိုင်
အများ၏ဝေဖန်ချက်  -   ‘နေရောင် အလင်းရောင် ကောင်းကောင်းရနေမှတော့ နင့်လင်ကြီးကို သုံးစရာ မလိုပါဘူးဟ’

တီထွင်မှု အမှတ် (၃)
အမည်   - Submarine mosquito proof window screen
    (ရေငုပ်သင်္ဘောများအတွက် ခြင်လုံဇကာ)
ရည်ရွယ်ချက် -   ရေငုပ်သင်္ဘောများတွင် တာဝန်ထမ်းဆောင်နေသော ရေတပ်သားများ ခြင်ကိုက်ခြင်းမှ ကင်းဝေးစေရန်
အားနည်းချက်   - ခြင်တော့လုံသည်။ ရေမလုံ
အများ၏ဝေဖန်ချက်  -  ‘ဟကောင်၊ ရေအောက်မှာ ခြင်မရှိဘူး၊ ရှိလည်း ရေမလုံတဲ့နင့်ဟာကြီးကို ရေငုပ်သင်္ဘောမှာတပ်တော့ ခြင်ကိုက်လို့မသေဘဲ ရေမြုတ်လို့သေကုန်မှာ’

တီထွင်မှု အမှတ် (၄)
အမည်  -  Ejector seat in a helicopter (အရေးပေါ်ခုန်ထွက်ထိုင်ခုံ)
ရည်ရွယ်ချက်  -  တိုက်လေယာဉ်မှုးများနည်းတူ ဟယ်လီကော်ပတာမောင်းသူများကိုလည်း အရေးပေါ်အခြေအနေတွင် ခုန်ထွက်နိုင်စေရန် ဂျက်အင်ဂျင်တပ် အလိုအလျှောက်ခုန်ထွက် ထိုင်ခုံ
အားနည်းချက်   - အားနည်းချက် မရှိပါ
အများ၏ဝေဖန်ချက် -   ‘တိုက်လေယာဉ်မှာက အပေါ်ကိုခုန်ထွက်သွားလို့ ပြဿနာမရှိဘူး၊ ဟယ်လီကော်ပတာမှာက အပေါ်မှာပန်ကာကြီးနဲ့၊ ဟယ်လီကော်ပတာပျက်လို့ မသေ၊ ပန်ကာခုတ်လို့ ခေါင်းပြတ်ပြီး သေမှာ’

တီထွင်မှု အမှတ် (၅)
အမည်  -  Pedal-powered wheelchair (ခြေနင်းအားသုံး ဘီးတပ်ကုလားထိုင်)
ရည်ရွယ်ချက် -   ဘီးတပ်ကုလားထိုင်ကို အသုံးပြုနေရသော ဒုက္ခိတများအတွက် တွန်းပေးဖို့လူလိုခြင်း (သိုမဟုတ်) ဘက်ထရီအားသွင်းရခြင်းများမှ ကင်းလွတ်၍ ကိုယ့်အားကိုယ်ကိုး သွားခြင်ရာ သွားနိုင်တော့မည်
အားနည်းချက် -   အားနည်းချက် မရှိပါ
အများ၏ဝေဖန်ချက်  -  ‘ကောင်းပ့ါဗျာ၊ ဒုက္ခိတပါဆိုမှ ဘယ်က ခြေထောက်နဲ့ သွားနင်းရမှာတုန်း မအေပေးရဲ့’

တီထွင်မှု အမှတ် (၆)
ယခု နောက်ဆုံးတင်ပြလိုသော တီထွင်မှုမှာ ကမ္ဘာမှာ မြန်မာဟေ့လို့ ဝံ့ကြွားနိုင်လောက်အောင်ပင် ထူးခြားဆန်းကျယ်လှပေသည်။

အမည်      -      Cat-bread Power (ကက်-ဘရက် စွမ်းအင်)
ရည်ရွယ်ချက်  -  လျှပ်စစ်ဓါတ်အား မလုံလောက်သော မြန်မာနိုင်ငံအတွက်၊ ရေအားမလို၊ ဓါတ်ငွေ့မလို၊ လောင်စာဆီမလိုဘဲ လျှပ်စစ်ဓါတ် ထုတ်လုပ်နိုင်မည့် နည်းပညာ
အားနည်းချက်  -  ကမ္ဘာ့တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၏ ကန့်ကွက်မှုတော့ ခံရနိုင်သည်
တွေ့ရှိချက် ၁  -  ကြောင်ကို အမြင့်မှ ပစ်ချလျှင် မြေကြေီးပေါ်ကို ခြေထောက်နှင့် အရင်ကျသည်။
တွေ့ရှိချက် ၂  -  ပေါင်မုန့်ထောပတ်သုတ် လက်ထဲမှလွတ်ကျလျှင် ထောပတ်ရှိသောဘက်မှာ မြေကြီးနှင့်အရင် အပ်မိသည်။

တီထွင်ချက်        -အဆိုပါ တွေ့ရှိချက် ၁ နှင့် ၂ ကို ပေါင်းစည်း အသုံးချမည်။

-ကြောင်၏ကျောကုန်းတွင် ပေါင်မုန့်ထောပတ်သုတ်ကို ပူးချည်ကာ အမြင့်တစ်နေရာမှ လွှတ်ချလိုက်မည်။

-ထိုအခါ ကြောင်ကလည်း ခြေထောက်နှင့်အရင်ကျအောင် ကြိုးစားလိမ့်မည်။ ပေါင်မုန့်ထောပတ်သုတ်ကလည်း ထောပတ်မျက်နှာပြင်နှင့် အရင်ကျအောင် ကြိုးစားလိမ့်မည်။

-၎င်းကဲ့သို့ သူ့ထက်ငါ အရင်ကျအောင် အပြန်ပြန်အလှန်လှန်ကြိုးစားမှု (Alternate Action) ဖြစ်ပေါ်လာကာ မြေကြီးနှင့်ထိရန် လက်မအနည်းငယ်အလို လေထဲတွင် ချာလပတ်လည်နေလိမ့်မည်။

-ဤအခြေအနေတွင် ကြောင်၏ဖင်ကို ဝင်ရိုးထိုးကာ၊ ဝင်ရိုး၏ထိပ်တွင် ပင်နယံတပ်၍ ဒိုင်နမိုနှင့်ချိပ်လိုက်လျှင် လျှပ်စစ်ဓါတ်အား ရရှိပြီဖြစ်သည်။

-အိမ်သုံးလျှပ်စစ်အတွက် ကြောင်ခပ်သေးသေးတစ်ကောင်နှင့် ရိုးရိုးပေါင်မုန့်ကို အသုံးပြုမည်။
-မန္တလေးမြို့အတွက်ဆိုလျှင်
မန္တလေးတောင်လောက်ရှိသော ကြောင်အကြီးကြီးတစ်ကောင်နှင့် အောင်ပင်လယ်လောက်ကျယ်သော ပေါင်မုန့်ထောပတ်သုတ်ရလျှင် အဆင်ပြေပါသည်။

လိုအပ်ချက်    - နေပြည်တော်ရှိ တိရိစ္ဆာန်ဥယျာဉ်မှ အကောင်ဘလောင်များအား မောင်းထုတ်၍ ကြောင်မွေးမြူရေးစခန်း ပြုလုပ်ရန်။
    -ဂွတ်မောနင်းပေါင်မုန့်စက်ရုံ နှင့် မန်းတိုင်း သ/မ နို့ချက်စက်ရုံများအား ပြည်သူပိုင်သိမ်းရန်။

အများ၏ဝေဖန်ချက်  -  ‘ခု မင်းရဲ့ IQ ကို စစ်ဆေးပေမယ့်ဌာနက ရွာသာကြီးကို ပြောင်းသွားပြီ င့ါကောင်ရေ့၊ မှီရာ မြို့ပတ်နဲ့ လိုက်ပေတော့’


နည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ…

သန်၎ကို


credit to Irrawaddy Blog
+7
« Last Edit: June 24, 2013, 01:25:54 PM by tunaye2011 »
Stop child abuse!!( ကလေးသူငယ်များကို ကာကွယ်ပါ)

Offline ကြောင်ပါး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 777
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +9352
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #27 on: June 23, 2013, 12:03:35 AM »
ဖောက်ပြန်သောယောင်္ကျားနှင့် သဝန်တိုသောမိန်းမ

အချိန်ပိုဆင်းရတဲ့အတွက်..ညဖက်အိမ်ပြန်နောက်ကျသွားတဲ့...ဇနီးဖြစ်သူဟာ အိပ်ခန်းတံခါးကို ညင်သာစွာတွန်းဖွင့်ပြီးဝင်လိုက်ပါတယ်
သူမတို့ရဲ့မင်္ဂလာမွေ့ယာကြီးပေါ်က စောင်အောက်မှာ ခြေထောက်တွေဟာ (၂)ချောင်းဖြစ်နေရမယ့်အစား
(၄)ချောင်းတိတိဖြစ်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့
သေချင်းဆိုးကြီး
ဖောက်ပြန်တဲ့ယောက်ကျား
သစ္စာမရှိတဲ့အကောင်....
.....................................စတဲ့အတွေးတွေနဲ့အတူ


အနီးနားမှာတွေ့တဲ့ ထီးတစ်ချောင်းကိုဆွဲယူလိုက်ပြီး
စောင်ပေါ်ကို ရှိသမျှအားအကုန်သုံးပြီး ဆက်တိုက်ဆိုသလို..ရိုက်ပြီးရင်းရိုက်ပါလေရော
စိတ်ကျေနပ်လောက်အောင်ရိုက်ပြီးသွားတဲ့အခါမှာတော့.....
ယောက်ကျားဖြစ်သူရဲ့မျက်နှာရော..ဟိုဟာမမျက်နှာကိုပါမကြည့်ချင်တဲ့အတွက်
မီးဖိုချောင်အခန်းထဲကို ရေသောက်ဖို့အတွက် ၀င်လိုက်တဲ့အခါမှာတော့...
မဂ္ဂဇင်းတစ်စောင်ကိုဖတ်နေတဲ့ယောက်ကျားဖြစ်သူကို တွေ့လိုက်ရပါတယ်...
ဟေး...မိန်းမ...ပြန်လာပြီလားကွ
မင်းမိဘတွေ..ငါတို့ဆီကိုလာလည်တယ်ကွ...
အဲ့ဒါကြောင့်...ငါတို့အိပ်ခန်းမှာပေးအိပ်ထားလိုက်တယ်...
သွားနှုတ်ဆက်လိုက်ပါအုံး......


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၆ ပတ်၊ ၆ လ၊ ၆ နှစ်

ချစ်စကားပြောချိန်

၆ ပတ် - ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်။
၆ လ - ချစ်တာပေါ့ကွာ။
၆ နှစ် - မင်းကို ငါ မချစ်ရင် အစကတည်းက အားအားယားယား ချစ်ခွင့်တောင်းမလားဟ။
အလုပ်ပြန်လာချိန်
၆ ပတ် - အချစ်ရေ၊ ကိုယ်ပြန်လာပြီ။
၆ လ - ငါပြန်လာပြီကွ။
၆ နှစ် - မင်းအမေ ကနေ.ဘာဟင်းချက်တုန်း။

လက်ဆောင်ပေးရာတွင်

၆ ပတ် - အချစ်ရေ၊ မင်းဒီလက်စွပ်လေး သဘောကျလိမ့်မယ်လို. မျှော်လင့်တယ်။
၆ လ - ပန်းချီးကား တချပ်ဝယ်လာတယ်၊ ဧည့်ခန်းမှာထားရင် အဆင်ပြေမယ်ထင်တယ်။
၆ နှစ် - ရော့ ပိုက်ဆံ။ နင့်ဖာသာ ကြိုက်တာသွားဝယ်။

ဖုန်း မြည်လာလျှင်

၆ ပတ် - အချစ်ရေ၊ ဖုန်းလာနေတယ်။
၆ လ - ရော့၊ နင့်ဖုန်း။
၆ နှစ် - နင့်ဖုန်းမြည်နေတယ်၊ မြန်မြန်လာကိုင်။

ချက်ပြုတ်စဉ်

၆ ပတ် - မင်းဒီလောက် ဟင်းချက်ကောင်းလိမ့်လို. မထင်ခဲ့ဘူးကွာ။
၆ လ - ကနေ.ညစာ ငါတို.ဘာစားကြမှာလဲ။
၆ နှစ် - လာပြန်ပြီ။ဒီဟင်း။

အ၀တ်အစားသစ်

၆ ပတ် - မင်း ဒီအကျီလေး ၀တ်လိုက်တော့ နတ်သမီးလေးလား အောက်မေ့၇တယ်ကွာ။
၆ လ - အကျီအသစ် ၀ယ်ပြန်ပလား။
၆ နှစ် - အဲ့ ဒါ ဘယ်လောက်တောင် ပေးလိုက်ရတုန်း။ ကုန်ပါပြီ။

ခရီးသွားရန်စီစဉ်

၆ ပတ် - ငပလီကို ၁ပတ်လောက် အပန်းဖြေခရီးသွားရအောင်လေ၊ တခြားဘယ်နေရာ သွားရင်ကောင်းမလဲ။အကြံပေးပါဦး။
၆ လ - ငပလီကို မသွားချင်ဘူး ဟုတ်လား၊ ။ ဂျီးများမနေနဲ.။
၆ နှစ် - ဘာ!! ခရီးသွားဦး မယ်။ အိမ်မှာနေရတာ ဘာပြုနေလို. အားတိုင်း ထွက်ချင်နေရတာလဲ။

တီဗွီကြည့်စဉ်

၆ ပတ် - ကနေ.ည ဘာကားကြည့်ချင်လဲ အချစ်။
၆ လ - ငါဒီကား ကြိုက်တယ်။တခြား Channel မပြောင်းနဲ.။
၆ နှစ် - ငါကနေ.ည ESPN လိုင်းကြည့်မှာ၊ မကြည့် ချင် ရင်စောစောသွားအိပ်


http://bluenavyblog.blogspot.com/

+2
« Last Edit: June 24, 2013, 10:05:36 AM by tunaye2011 »

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4761
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #28 on: July 08, 2013, 10:42:16 PM »
(အဲဒါကျွန်တော့်မိန်းမလေ)

မိန်းကလေးသူငယ်ချင်းတစ်စု..ကမ်းခြေတစ်ခုကိုသွားကြတယ်.

နောက်တစ်ပတ်ကြာတော့....ယောက်ျားတစ်ယောက်ကကမ်းခြေကိုရောက်

လာပြီး.

အဲဒီမိန်းမတွေတည်းတဲ့ဟိုတယ်မှာပဲတည်းတယ်.

ဟိုတယ်က၀န်ထမ်းကိုဓာတ်ပုံတစ်ပုံထုတ်ပြတယ်.

ဟိုတစ်ပတ်ကလာတည်းသွာတဲ့အမျီုးသမီးတွေပုံ။ "ခင်ဗျားသိလား"ဆိုတော့.

ဝန်ထမ်းက"သိတယ်"တဲ့.

"သူတို့တော်တော်ပျော်ကြလား"လို့မေးတော့.

"ပျော်တာထက်...တော်တော်ကဲကြတယ်ကွာ"လို့ပြောတယ်.

ဒါနဲ့..အဲဒီထဲကမိန်းမတစ်ယောက်ပုံကိုလက်ညှိုးထိုးပီး

"ဒီမိန်းမကရော..တော်တော်ကဲသလားလို"့မေးတော့

ဝန်ထမ်းက"မကဲဘူးအဲဒီမိန်းမကအငြိမ်ဆုံးပဲ"တဲ့

ယောက်ျားကအရမ်းပျော်သွားပြီး...

"အဲဒါကျွန်တော့်မိန်းမလေ"ဆိုတော့..

"ဟင်.ဒါဆို ဟိုတစ်ပတ်က ပါလာတဲ့ ယောက်ျားက

သူ့ယောက်ျားမဟုတ်ဘူပေါ့"..............
+2

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4761
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #29 on: July 08, 2013, 10:43:00 PM »
(သတင်းထောက်)

တစ်ခါတုန်းက

မြစ်ကူးတံတားပေါ်တွင် အမျိုးသမီးတစ်ယောက်ရပ်နေတယ်။

သူမရဲ့ဂနာမငြိမ်တဲ့အမူအရာအရ သူမဟာမြစ်ထဲခုန်ဆင်းကာ

ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ကြံရွယ်နေတာထင်ရှားနေတယ်။

သူမရဲ့အနီးကို သတင်းထောက်တစ်ဦးရောက်လာတယ်။

ပြီးတော့ သတင်းထောက်က

သူမရဲ့အနီးအနားမှာခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ပြီး

လက်မှာပတ်ထားတဲ့နာရီကိုခဏခဏကြည့်နေတယ်။

အဲဒီအမျိုးသမီးကိုဘာအကူအညီမှမပေးပါ။

ဘာမှလည်းဖြောင့်ဖြစကားမပြောပါ။

နောက်ဆုံးသတင်းထောက်ဟာ စိတ်မရှည်တဲ့လေသံနဲ့

ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ကြံရွယ်နေတဲ့အမျိုးသမီးကို

စကားပြောလာပါတယ်။

သတင်းထောက်ပြောလိုက်တာက...

" ခင်ဗျား အခု ခုန်ချရင်ခုန်ချ၊

ခုန်မချဘူးဆိုရင် ဒီနေ့ညနေထုတ်သတင်းစာမှာ

ခင်ဗျားအကြောင်းပါလာမှာမဟုတ်ဘူးနော်"တဲ့

--
အားလုံးပျော်ရွင်ပါစေ
+4

Tags: