Author Topic: အမောပြေဟာသမှတ်စု ( ၂ )  (Read 86551 times)
0 Members and 1 Guest are viewing this topic.
Offline SnowFlake
  • မဟာကျောင်းသူ
  • ***
  • Posts: 1064
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Female
  • နောက်ဆုံး ထွက်သက်ထိ ချစ်သွားမှာပါ............
  • Respect: +28478
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #100 on: January 19, 2015, 07:50:09 AM »
စမ်းသပ်မခံတဲ့ အချစ်
သူနဲ့  ကျမ သူငယ်ချင်းဖြစ်တဲ့နေ့ က အမှတ်တရ လက်ဆောင်တစ်ခု ပေးပါရစေလို့  သူပဲပြောတာပါ။ ကာတီယားစိန်တိုက်က သုံးလုံးစီးလေး တစ်ပွင့်တည်းပါတဲ့ မောင်းကွင်း လက်စွပ်လေးတစ်ခုပဲ ကျမပူဆာခဲ့တာ။ ချစ်အဖြေပေးတဲ့နေ့ က ရိုမန်တစ်ဆန်ဆန်လေးဖြစ်ချင်လို့  ဘာလီကျွန်းကို ကျမရွေးခဲ့တာ သူ့ အတွက် အမှတ်တရဖြစ်ဘို့ သက်သက်ပါ။
ချစ်သူဘ၀ရဲ့ မနက်ခင်းတွေမှာ မုန့် ဟင်းခါးနှစ်ပွဲထက် ကျမပိုမစားခဲ့ပါဘူး။ ဂျန်းရှင်းစကွဲက ရွေပေါ်မြတင် မုန့် ဟင်းခါးကို ရွေးမိတာတော့အပြစ်မပြောနဲ့ လေ။ ကျမကို ရွှေပေါ်မြတင် ထားပါ့မယ်လို့  သူ ကတိပေးထားတာကိုး။
နေ့ လည်ခင်း ကော်ဖီချိန်မှာ ဘာဂါလေး သုံလေးခုလောက် စားတတ်တာကို သူက မျက်လုံးပြူးချင်တယ်။ ရုံးဆင်းလို့  အိမ်အပြန်မှာ ကြေးအိုးသောက်ကြတော့ သူမကုန်နိုင်ဘူးဆိုလို့  ကျမ ကူစားပေးတာပါ။ ၀ိတ်တက်မှာစိုးလို့  ညစာထမင်း မစားတဲ့ ကျမအတွက်တော့ ကြေးအိုး (၂)ပွဲလောက်က ဘာဆန်းသလည်းနော်။
ပိတ်ရက်လေးတွေ ဟိုနားသည်နား သွားဖြစ်ရင် တက်ဆီ စီးတာ မျက်နှာမပျက်နဲ့ လေ။ သူပိုင်ဆိုင်ရမယ့် ကျမ ပစ္စည်းတွေ သူများ ထိတာ၊ တိုးတာ၊ ထောက်တာ မခံချင်လို့ ပဲဟာကို။ စီဒိုးနားမှာ ဂျင်မ် ကစားတာတို့  ဆံပင်နဲ့  ခန္ဓာကိုယ် အသားအရေ ထိန်းသိမ်းဘို့  အေဗွန်နဲ့  ဟဲလ်သီးရှော့ပ် က ကော့စမတ်တစ်တွေ စီးရီးလိုက် ကျမရွေးချယ်တာတို့ .. သူက ငြိုငြင်လာတယ်။ တကယ်က ကျမရဲ့ အလှအပဆိုတာ
သူ ခံစားဘို့  ပဲ မဟုတ်ဘူးလား။
စမ်းသပ်မခံတဲ့ သူ့ အချစ်ကို ကျမ ဘယ်လို ယုံကြည်ရပါ့မလည်း။ နောက်ဆုံးတော့ သူ့ ကို ကျမ ကျောခိုင်းလိုက်တယ်။
တော်ပါပြီ.. သခွားသီးပဲကောင်းပါတယ်။
 ;D ;D ;D
+19
အဆင်ပြေရင် ထောင်ပေးနော်
  လက်မ
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 848
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12388
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #101 on: January 30, 2015, 02:38:08 PM »
                            ဆရာဝန်ဖြစ်မဲ့ဇာတာ
ယောင်္ကျား......" မိန်းမရေ...ငါတို့  သားလေးကကြီးလာရင်  ဆရာဝန်ဖြစ်မဲ့ဇာတာကွ...."
မိန်းမ.........." ကျမတောင် သတိမထားမိဘူး.. ရှင်က ဘယ်လိုလုပ် သိတာတုန်း.."
ယောင်္ကျား...." သိတာပေါ့ဟ..ငါ့သားက မိန်းမတစ်ယောက်ကို မြင်ရင် နားကြပ်ထောက်တဲ့နေရာနဲ့ ဆေးထိုးမဲ့နေရာကို အရင်ဆုံး
                တန်းကြည့်တာ..အဲ့ဒါ ဆရာဝန် ဖြစ်မဲ့ဇာတာပေါ့ကွ..."
+14
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 848
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12388
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #102 on: January 30, 2015, 02:42:16 PM »
အိမ်ထောင်ကျစ ယောင်္ကျားက သူ့ မိန်းမကို မေးလိုက်တယ်...။
" ချစ်....ကိုယ်နဲ့ မယူခင်တုန်းက ရည်းစားဘယ်နှစ်ယောက် ထားခဲ့ဘူးလဲ...? "
ငါးမိနစ်လောက်ကြာတဲ့အထိ သူ့ မိန်းမက အသံတိတ်နေတာကြောင့် ယောင်္ကျားဖြစ်သူက ထပ်မေးလိုက်တယ်..။
" ကိုယ်မေးတာ မဖြေပဲနဲ့  ဘာလို့ ငြိမ်နေရတာလဲ ချစ်...."
မိန်းမဖြစ်သူ ပြန်ပြောလိုက်တာက...
" နေစမ်းပါဦးရှင်..တော်လုပ်တာနဲ့  အစကနေ ပြန်ရေရတော့မယ်..."  ;D ;D ;D
တိန်..
+19
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 848
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12388
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #103 on: February 05, 2015, 12:51:06 PM »
" မီး ဘ၀မှာ ဒါဟာ မီးအတွက် ပထမဆုံးပါပဲရှင်.....ခုထိ ကြောက်နေတုန်းမို့ .ဖြစ်နိုင်ရင်
  ငြင်ငြင်သာသာလေးပဲ လုပ်ပါ.."
" အား.......နာတယ်...နာတယ်....ဖြေးဖြေး.."
" အား...............ဒီမှာ သေတော့မယ်...အရမ်း မလုပ်ပါနဲ့ ..."
" ရှင့်ဟာက အကြီးကြီးပဲရှင့်....ကျမထဲကို အတင်းတိုးဝင်နေတာ...."
" အောင်မယ်လေး...ထွက်ကုန်ပြီ..အများကြီးပဲ..ထွက်ကုန်ပြီ..."
" အမေရေ...မီးကို ကယ်ပါဦး..ဒီမှာ..သွေးတွေ...သွေးတွေ..ထွက်ကုန်ပြီ..."
"
(click to show/hide)
့ "  ;D ;D ;D ;D
+13
« Last Edit: February 05, 2015, 12:57:11 PM by မင်းခေါင် »
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 848
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12388
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #104 on: February 26, 2015, 10:46:00 AM »
                                      သေမဲ့သာကြံ...
သူငယ်ချင်းတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း မောင်မင်းခေါင်ရဲ့ ဖုန်းက မြည်လာတယ်..။
မိန်းခလေး.. " ကိုကိုလား..နိုနိုပါ...ချစ်လေး အခု ပွဲစားတန်းရောက်ပြီး. ကိုမော်ကြီးတို့ နဲ့ တွေ့ နေတာ..၊ အဲ့ဒါ ချစ်လေးစီးနေတဲ့ကားကို ကာဒီးနားနဲ့ 
                  လဲမလားတဲ့...အလိုက် ၂၀၀ ပေးရမယ်တဲ့..လဲလိုက်မယ်နော်ကိုကို.."
မင်းခေါင်...." အင်း..လဲလိုက်လေ..."
မိန်းခလေး.." ဟယ်...တကယ်.ကိုကိုက အရမ်းချစ်ဖို့ ကောင်းတာပဲ....ပြီးတော့လေ..ပြောရဦးမယ်..မနက်ကလေ..ကိုကိုထွက်သွားပြီးတော့မှ ဒေါ်ဒေါ်
                 ကြည် ရောက်လာပြီး စိန်လက်စွပ်တကွင်း လာပြတယ် ကိုကိုရဲ့ ...ဈေးကလည်း ၈၀ ထဲဆိုတော့ တန်လွန်းလို့ ဝယ်ထားလိုက်မိတယ်...
                 ကိုကို မဆူရဘူးနော်..."
မင်းခေါင်..." အင်းပါ..."
မိန်းခလေး.." ဟီး..ဒါကြောင့် ကိုကို့ ကို ချစ်တာ..၊ ပြီးတော့လေ..အခု ဆန်းဒေးကျရင် ဒေစီတို့  မင်္ဂလာဆောင် သွားရဦးမှာ ကိုကိုရဲ့ ..အဲ့ဒါ ဗိုလ်ချုပ်ဈေး
မင်းခေါင်...." အင်း..သုံးလိုက်လေ..."
မိန်းခလေး.." ဟယ်...ဒီနေ့  ကိုကို အရမ်းသဘောတွေ ကောင်းနေပါလား...ခါတိုင်းများ ဒီလောက်ဆို ဘီလူးဆိုင်း တီးနေပြီ...ဘာပဲ ဖြစ်ဖြစ်လေ..ချစ်လေးတော့
                 လိုချင်တာတွေရလို့  ပျော်တယ်.....ဒါဘဲနော် ကိုကို....အာဘွားစ်..."
ဖုန်းချသွားသောအခါမှ ဘေးနားက သူငယ်ချင်းက မောင်မင်းခေါင်ကို လှမ်းမေးသည် ။
သူငယ်ချင်း.." မျက်နှာက ပြုံးစိစိနဲ့ ...ဘယ်က ဖုန်းလဲဗျ..."
မင်းခေါင်...." သိဘူးဗျ...ဖုန်းမှားဝင်လာတာ..."  ;D ;D ;D ;D
+15
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 848
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12388
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #105 on: March 05, 2015, 01:13:03 PM »
                             မွေးကင်းစအတိုင်းပဲ
online မှာ ရည်းစားဖြစ်ပြီး အိမ်ထောင်ပြုမယ် လုပ်တော့..ကောင်မလေးက ပြောတယ်..
" မောင်....မောင့်ကို ကျမ ၀န်ခံစရာတစ်ခုရှိတယ်..မောင် စိတ်မဆိုးရဘူးနော်..."
" ဘာဖြစ်လို့ လဲ ချစ်ရဲ့ .."
" အမှန်မှန်တော့လေ..ကျမမှာ..ရင်သား မရှိဘူးမောင်ရဲ့ ..."
" အိမ်ထောင်ရေးမှ ရင်သားမရှိလဲ ပြဿ     နာ မရှိပါဘူးကွယ်.. မောင်တို့  နှစ်ယောက် နားလည်မှုရှိဘို့  အဓိကပါပဲ..
  မောင်လဲ ချစ်ကို ၀န်ခံစရာ တစ်ခုရှိတယ် ချစ်ရဲ့ ..."
" ပြောလေ..မောင်.."
" မောင့် တန်ဆာကလေ မွေးကင်းစ ကလေးအတိုင်းပဲ..အဲ့ဒါကြိုပြီး ၀န်ခံထားချင်လို့ ..."
" ဒါလဲ အရေးမကြီးပါဘူးမောင်ရယ်...ကျမတို့  နားလည်မှု ရှိရင် ပြီးတာပါပဲ..."
မင်္ဂလာဦးညရောက်တော့ ကောင်မလေးက အကျီ င်္ အ၀တ်အစားတွေ ချွတ်လိုက်တယ်...သူမ ပြောထားသလိုပဲ ရင်သားကမရှိဘူး.
ပြားကပ်နေတာပဲ...။ ကောင်လေးကလည်း အ၀တ်အစားတွေ ချွတ်လိုက်တယ်..။ အတွင်းခံ ဘောင်းဘီချွတ်လိုက်တော့ ကောင်မလေး
မေ့လဲ သွားပါရော...။ သတိပြန်ရတဲ့အချိန် တုန်တုန်ရီရီနဲ့ ပြောရှာတယ်..။.
" မောင် ပြောတော့ မွေးကင်းစ ကလေးလိုပဲဆို..."
" အင်းလေ...မွေးကင်းစ ကလေးလိုပဲ..အရပ်က ၂၁ လက်မ..အလေးချိန်က ၅ ပေါင် ၈ အောင်စလေ..."
 ;D ;D ;D ;D ;D
+16
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 848
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12388
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #106 on: March 07, 2015, 12:44:41 PM »
                               အပျိုကြီးဖြစ်ရသည့် အကြောင့်းအရင်း
အသက် ( ၁၆ ) နှစ်.......ယူမဲ့ယောင်္ကျားက အသက်ငယ်ရမယ်...၊ ရုပ်ချောရမယ်...၊ ပိုက်ဆံချမ်းသာရမယ်..၊ လူပျို ဖြစ်ရမယ်..။
အသက် ( ၂၀ ) နှစ်...... အသက်မငယ်ရင်နေပါစေ..၊ ရုပ်ချောမယ်.၊ ပိုက်ဆံရှိပြီး လူပျိုဖြစ်ရင် ရပြီ...။
အသက် ( ၂၅ ) နှစ်......အို...အသက်မငယ်..ရုပ်မချောလည်း ရတယ်..၊ ချမ်းသာပြီး လူပျို ဖြစ်ရင် ပြီးတာပဲ..။
အသက် ( ၃၀ ) နှစ်......အသက်မငယ် ရုပ်မချောလည်းရတယ်..မချမ်းသာလည်းနေပါစေ..လူပျိုဖြစ်ရင် ပြီးတာပဲ...။
အသက် ( ၃၅ ) နှစ်......ဘာပဲ ဖြစ်နေနေ...ယောင်္ကျားဆိုရင် ပြီးတာပဲ.... ;D ;D ;D ;D
(click to show/hide)
+14
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 848
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12388
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #107 on: March 07, 2015, 12:47:25 PM »
                                     မိန်းမတို့ ဥာဏ်ရည်
တခါက ဦးနှောက်နှင့် အာရုံကြော ဆရာဝန်ကြီးဆီသို့ အမျိုးသမီး လူနာ တဦး ဆေးခန်း လာပြသည်။ ဆရာဝန်ကြီးက ရာဘာလက်အိတ်ကို လက်မှာစွပ်ပီး လူနာကို ကြည့်လိုက်ရင်းက နောက်ပြောင်လိုသည့် သဘောဖြင့် ..
" ဒီလက်အိတ်ကို ဘယ်လို လုပ်တာလဲ သိလား.."
လူနာ အမျိုးသမီးက ခပ်ကြောင်ကြောင် ပုံစံဖြင့် " ဘယ်လိုလုပ်သိမှာလဲ "
" မသိရင် ပြောပြမယ်..ဒီလက်အိတ်ကို လုပ်ဘို့အတွက် လူတစုဟာ နေအရမ်းသာနေတဲ့ နေရာကို သွားရတယ်.၊ ပီးတော့ ရာဘာ အနှစ်ရည်တွေထဲကို သူတို့ရဲ့ လက်တွေကို ထည့်စိမ်ရတယ်..ပီးတော့ အဲ့ဒီလက်ကို လေထဲမှာ မြှောက်ပီး နေရောင်နဲ့ ခြောက်သွားအောင် ထောင်ထားရတယ်၊ ခြောက်သွားတဲ့ အခါကျတော့မှ ဒီလို ပုံစံလေးဖြစ်သွားတာပေါ့ (လက်ထောင်ပြလိုက်ရင်း)..အဲ့ဒီတော့မှ သူတို့နဲ့ မလှမ်း မကမ်းမှာ ရှိတဲ့ စက္ကူဗုံးထဲကို အဲ့ဒီလက်အိတ်တွေ ချွတ်ပီး ပစ်ထည့်ရတယ်..အဲ့ဒီနည်းနဲ့ ရာဘာလက်အိတ်ဆိုတာ ဖြစ်လာရတာ " လို့ ဆရာဝန်ကြီးက ခပ်တည်တည်နှင့် နောက်လိုက်သည်.။
ဆရာဝန်ကြီး စကားဆုံးပီးအတော်ကြာတဲ့အထိ လူနာအမျိုးသမီးက ငြိမ်နေပီးတော့မှ ရုတ်တရတ် ခွီးခနဲ ထရီတယ်....
.
ဆရာဝန်ကြီး , " အွန် .. ဘာလို့ရီတာလဲ .. မယုံလို့လား.."
လူနာအမျိုးသမီး " မဟုတ်ပါဘူး ဆရာရယ်.၊ ဆရာပြောတာနဲ့ ဆက်စပ်ပီး ကွန်ဒုံးကို ဘယ်လိုလုပ်တာလဲဆိုတာကိုပါ တွေးမိလို့ပါ.."
( မှတ်ချက် ။ ။ အမျိုးသမီးများဟာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဦးနှောက်ကောင်းတယ်ဆိုတာလေး ပြောပြချင်လို့ပါ..)
ခရက်ဒစ်...ဖိုးသူတော်..
+15
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 848
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12388
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #108 on: March 07, 2015, 01:00:16 PM »
                           ပြောစကား နားထောင်သူ
သူငယ်ချင်း လေးဦးဟာ တောထဲကို အပျော်ခရီးထွက်ဖို့ ရက်သတ္တပတ်ပေါင်းများစွာ တိုင်ပင်ခဲ့ကြပါတယ်။
ခရီးမထွက်ခင် နှစ်ရက်အလိုမှာတော့ အဖွဲ့သားတစ်ဦး ဖြစ်တဲ့ ရော့တ်ရဲ့ဇနီးဟာ ခင်ပွန်းသည်ကိုခရီးမလွှတ်တော့ဖို့ ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ရော့တ် မလိုက်နိုင်တော့တာကြောင့် သူ့သူငယ်ချင်းတွေဟာ စိတ်မကောင်းဖြစ်ကြပေမယ့် သူတို့အနေနဲ့ ဘယ်လိုမှမတတ်နိုင်တာမို့ သုံးယောက်ပဲသွားဖို့
ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ ခရီးထွက်လို့ စခန်းချမယ့်နေရာကို ကျန်တဲ့ သုံးဦး ရောက်သွားတဲ့ အခါမှာတော့ ရွက်ဖျင်တဲထိုးပြီး ဖိုထားတဲ့မီးဖိုနဲ့
ညစာချက်နေတဲ့ ရော့တ်ကို တွေ့လိုက်ရပါတယ်။
"ဘယ်လိုဖြစ်တာလဲ ရော့တ်ရေ။ ဒီကို ဘယ်အချိန်ကတည်းက ရောက်နေတာလဲ။ဒီကို လာခွင့်ရအောင် မင်းမိန်းမကို ဘယ်လို ပြောလိုက်တာလဲကွ"လို့
သူငယ်ချင်းတွေကမေးကြပါတယ်။
"မနေ့ကတည်းက ရောက်နေတာကွ။ မနေ့က ညနေပိုင်းမှာ ကုလားထိုင်မှာ ထိုင်နေတုန်း ငါ့နောက်ကို မိန်းမ ရောက်လာပြီး ငါ့မျက်လုံးကို ပိတ်လိုက်တယ်ကွ။ ပြီးတော့ ဘယ်သူလဲ.. ခန့်မှန်းကြည့်' လို့ မေးတယ်ကွ"လို့ ရော့တ်က ပြောလိုက်ပါတယ်။
"သူ့လက်ကို ဖယ်ကြည့်လိုက်တော့ ထိုးဖောက်ပြီးမြင်ရတဲ့ ည၀တ်အင်္ကျီဝတ်ထားတယ်ကွ။ အဲဒါနဲ့ ငါ့ကို အိပ်ခန်းထဲ ဆွဲခေါ်သွားတယ်။ အခန်းထဲမှာ ဖယောင်းတိုင်တွေ ထွန်းထားပြီးနှင်းဆီပွင့်ဖတ်တွေကိုလည်း ဖြန့်ခင်းထားသေးတယ်။
"ခုတင်ပေါ်မှာတော့ လက်ထိတ်နဲ့ ကြိုးတွေ တင်ထားတယ်ကွ။ သူ့ကို ခုတင်ပေါ်မှာ ကြိုးနဲ့ တုပ်ပြီး လက်ထိတ်ခတ်ဖို့ ငါ့ကို ပြောတယ်ကွ။ သူပြောတဲ့အတိုင်း ငါလုပ်ပြီးတော့ 'ခုချိန်ကစပြီး ရှင်လုပ်ချင်ရာ လုပ်တော့'လို့ ပြောတာနဲ့ ခုဒီစခန်းမှာ ငါရောက်နေတာပေါ့ကွာ" ;D ;D ;D
ဖိုးသူတော် (www.phothutaw.com)
+14
Offline tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #109 on: March 07, 2015, 01:10:05 PM »
                                          မစွပ်စွဲပါဘူး..
ကိုရီးပြူးက ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ နယ်ဘက်မှာ တံတားဆောက်ဖို့ တာဝန်ကျတယ်။ သူ့မိန်းမက ကျောင်းဆရာမ၊ မြို့ပေါ်မှာ တာဝန်ကျတယ်။
ဒီတော့ မိန်းမလုပ်သူက ယောက်ျားတာဝန်ကျရာကို လိုက်နေလို့ မရဘူး။သီတင်းကျွတ်မှာ ကျောင်းက တပတ်ပိတ်တော့ ကိုရီးပြူး ရှိရာကို သူ့မိန်းမ
လိုက်လာတယ်။ ကျန်တာက ပြသနာမရှိပေမယ့် အိမ်ဖော်ကောင်မလေး ခေါ်ထားတာက ပြသနာဖြစ်နေတယ်။
‘ရှင့် အိမ်ဖော်ကလဲ ချောလှချည်လား ကိုရီးပြူးရဲ့’
‘ချောလား မချောလား မသိပါဘူးကွာ၊ အဝတ်လျှော် ထမင်းချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက်တာပါ’
‘ရှင်နဲ့ရော ကင်းရှင်းရဲ့လား’
‘ရှင်းပါ့’
‘တအိမ်လုံးမှာ ရှင်တို့နှစ်ယောက်ထဲ ဆိုတော့’
‘ဘာဆိုင်လဲကွာ၊ ညမိုးချုပ်တာနဲ့ သူ့အခန်းသူအိပ်၊ ငါ့အခန်းငါအိပ် သီးခြားဆီပါ’
‘ပြီးတာပါပဲ’
ဒီလိုနဲ့ ကျောင်း ပြန်ဖွင့်တော့ သူ့မိန်းမလည်း ပြန်သွားတယ်။နှစ်ရက်၊ သုံးရက်နေတော့ အိမ်ဖော်လေးက သတင်းပို့တယ်။ ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေတယ်တဲ့။ ဆရာမ ပြန်သွားကတည်းက ပျောက်တာ၊ မှားများပါသွားလေသလား မေးကြည့်ပါအုံး ဆိုတော့….ကိုရီးပြူး လည်း သူ့မိန်းမဆီ စာရေးပြီး မေးရတာပေါ့… …
‘မိန်းမရေ…မင်းယူတယ်လို့ မစွပ်စွဲပါဘူး မင်းပြန်သွားကတည်းက ဒယ်အိုးကြီး ပျောက်နေလို့’
သူ့မိန်းမဆီက စာပြန်လာတယ်… …
‘ယောက်ျားရေ…ရှင်တို့ အတူအိပ်တယ်လို့ မစွပ်စွဲပါဘူး သူသာ သူ့အိပ်ယာမှာ သူအိပ်ရင် ဒယ်အိုးကို ပြန်တွေ့တာ ကြာပြီ၊
ဒယ်အိုးက သူ့ခေါင်းအုံးအောက်မှာ’
တိန်... ;D ;D ;D ;D ;D
+16
Tags: