Author Topic: အမောပြေဟာသမှတ်စု ( ၂ )  (Read 91750 times)

0 Members and 1 Guest are viewing this topic.

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4864
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #10 on: March 28, 2013, 07:34:46 AM »
~~~~~~~~နားထိုင်းဘယ်သူလဲ ~~~~~~~~

မောင်ဘ ဆေးခန်းကိုလာပြီး ဆရာဝန်နဲ့တိုင်ပင်လေတယ်။

မောင်ဘ ။ ။''ဒေါက်တာ ၊ ကျုပ်မိန်းမ နားထိုင်းနေပြီထင်တယ် ။ စကားပြောရင် ပြန်မထူးဘူး ။အဲဒါ.. ဘယ်လိုလုပ်ရမလဲ ဒေါက်တာ ။''

ဒေါက်တာ ။ ။ ''ခင်ဗျားမိန်းမကို ဘယ်လောက် ထိုင်းနေလဲဆိုတာကို စမ်းသပ်မှု တော့ တစ်ခုလုပ်ရမယ် ။ ''

မောင်ဘ။ ။ ''ဟုတ်ကဲ့ ။ ဘာလုပ်ရမလဲ ပြောပါ ။ ''

ဒေါက်တာ။ ။ ''အခု အိမ်ပြန်ရောက်ပြီ ဆိုတာနဲ့ ခင်ဗျားမိန်းမရဲ့ ၅ ကိုက်( ၁၅ ပေအကွာ )လောက်ကနေ စကားစပြော ကြည့် ။

မကြားရင် ၄ ကိုက်လောက်ကပ်ပြော ။ မကြားရင် ၃ ကိုက်။ မကြားရင် ၂ ကိုက် ၊ ၁ ကိုက် ကပ်ကပ်ပြီးပြောကြည့် ဗျာ ။

ပြီးရင် ဘယ်နှစ်ကိုက် လောက်မှာ စကြားရလဲ လာပြန်ပြောဗျာ ။ ပြီးရင်တော့ ဆေးကုဖို့ စတာပေါ့။ ဟုတ်ပီလား ''

မောင်ဘလဲ ဟုတ်ကဲ့ လို့ ပြောပြီး အိမ်ပြန်လာတယ် ။ အိမ်ရောက်တော့ မိန်းမက ထမင်းချက်နေတယ် ။

မိန်းမ မမြင်အောင် ၅ ကိုက်လောက်က စပြီး................

'' မိန်းမရေ ဒီနေ့ ဘာဟင်းချက် လဲကွ'' လို့ မေးလိုက်ပါ တယ် ။

မိန်းမဆီက ဘာသံမှ ထွက်မလာဘူး ။

ဒါနဲ့ ၄ ကိုက်လောက်က ပြန်မေးတယ် ။ ဘာမှပြန်မထူးဘူး ။

အဲဒါနဲ့ ၃ ကိုက် ၂ ကိုက်မေးတော့လဲ ဘာမှ ပြန် မဖြေဘူး ။

ဒါနဲ့ နောက်ဆုံး ၁ကိုက် ( ၃ပေ )..လောက်ကနေ အနားနားကပ်ပြီး....

နောက်ဆုံး......တော်တော်တင်းလာပီး ( ဂရုဏာသံနဲ့....ရောဂါရှင် ..ဖြစ်နေတာကိုး)

''သဲလေး ဒီနေ့ ဘာဟင်း ချက်လဲ '' လို့ မေးမှ မိန်းမဖြစ်သူက ပြန်ဖြေလိုက်တာပုံက.....

မိန်းမ။ ။ '' ရှင့်နယ်တော် ၅ ကြိမ် ရှိပြီ ဖြေနေတာ ။ ကြက်သားဟင်း တော်ရေ ။ကြက်သားဟင်း... ''.......တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ
+10

Offline ကြောင်ပါး

  • ဘွဲ့ရ
  • ******
  • Posts: 1013
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +11485
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #11 on: March 30, 2013, 03:53:25 PM »
ဒူးထောက်ရတာပဲ

တနေ့တွင် ကိုစိုးနိုင်နှင့် မာဃလုလင်တို့ သူငယ်ချင်းနှစ်ဦး ဆုံတွေ့လေရာ
…မာဃလုလင်သည် ညက သူ့မိန်းမနှင့် ရန်ဖြစ်လာသည့် အကြောင်းကို ပြောပြသည်။
မာဃ။  ။“ နောက်ဆုံးတော့ကွာ ငါ့ေ၇ှ့မှာ ငါ့မိန်းမ ဒူးထောက်ရတာပဲဟေ့…”
ကိုစိုးနိုင်။  ။ “အဲဒီတော့ မင်းမိန်းမက ဘာပြောသလဲ”
မာဃ။   ။ “ခုတင်အောက်က ခုထွက်ခဲ့စမ်းတဲ့”
ကိုစိုးနိုင်။  ။ “ တိန်”

       xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

   * * * *

    လူပျိုကြီးတစ်ယောက်သည် အသက် ငါးဆယ်ကျော်ခါမှ မိန်းမယူချင်စိတ်ပေါက်လာသည်။ ထို့ကြောင့် သူ့ထက် ငါးနှစ်လောက်ငယ်သော အပျိုကြီးတစ်ယောက်ကို ကြံစည်လေသည်။
ဟိုကလည်း အပျိုကြီးပီပီ ဇီဇာကြောင်သူဖြစ်၏။
    တစ်ရက်မှာတော့ အပျိုကြီးအိမ်သို့ သွားလည်သည်။ လူပျိုကြီးသည် ကွမ်းစားတတ်သူဖြစ်သောကြောင့် စကားပြောရင်း ကွမ်းတံတွေး တပျစ်ပျစ်ထွေးနေ၏။ ဒါကိုမြင်တော့ အပျိုကြီးက ရှုံ့မဲ့လိုက်ပြီး...
    "ကျွန်မကတော့ ကွမ်းစားတာကို လုံးဝသဘောမကျဘူး။ ကြည့်ပါလား ကွမ်းသိပ်စားတော့ သွားတွေတောင် မည်းနေပြီ"
    လူပျိုကြီးမှာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားပြီးမှ...
    "သွားတွေမည်းပေမယ့် ဆံပင်ကတော့ ဖြူပါတယ်ဗျာ"
    ဟု ပြောမိပြောရာ ပြောလိုက်လေသည်။

                            * * * *

မိန်းကလေးအမျိုးအစားများ

၁။ Hard Disk Girls

အရာအားလုံးကို အမြဲတမ်းမှတ်မိသူ

၂။ RAM Girls

ပိတ်လျှင် မေ့သွားတတ်သော အမျိုးအစား

၃။ Screen Saver Girls

ကြည့်ရန်အတွက်သာ

၎။ Server Girls

လိုအပ်လျှင် အမြဲတမ်းမအားတတ်သူ

၅။ Multimedia Girls

ဘယ်လောက်ဆိုးဆိုး လှအောင် ဖန်တီးတတ်သူ

၆။ Internet Girls

မြင်ရန် (Access လုပ်ရန်) ခက်ခဲ

၇။ Virus Girls

These type of girls are normally called 'WIFE' once enters in your system don't leave even after format... :x Tongue

...............................

+5

Offline ကြောင်ပါး

  • ဘွဲ့ရ
  • ******
  • Posts: 1013
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +11485
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #12 on: March 31, 2013, 11:29:20 AM »
တိုက်ဆိုင်မှု

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီအိပ်အိုက်နေသဖြင့်မကြားသော်ကြောင့် သူမနောက်တွင်ထိုင်နေသောကိုဖြိုးမှ ဘော့ပင်နှင့်ထိုး၍ သတိပေးလိုက်သည်။
ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေးသည်ကို မနီမကြား ၊ အိပ်လို့ ကောင်း နေသည် ၊ ထို့ကြောင့်ကိုဖြိုးမှ ဘော့ပင်ဖြင့်ထိုး၍သတိပေးရပြန်သည်။
မနီ။ ။"ဂျီးဆပ် ခရစ်"(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော် ပြန်လေသည် )
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။
+9

Offline ကြောင်ပါး

  • ဘွဲ့ရ
  • ******
  • Posts: 1013
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +11485
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #13 on: April 04, 2013, 02:24:04 PM »
မှားယွင်းမိသောအတွေးများ
လူရယ်လို့ ဖြစ်လာကတည်းက လူတိုင်းအတွေးမျိုးစုံ တွေးကြတာပါပဲ ။ ကျွန်တော်လည်း အပါအ၀င်ပေါ့ ။ အဲဒီအ ထဲကမှ ရယ်စရာကောင်းတဲ့အဖြစ်လေးတွေ ၊ သင်ခန်းစာ ယူစရာကောင်းတဲ့အဖြစ်လေးတွေကို ရေးသား ပါဦးမယ် ။ တစ်ခါတုန်းကပေါ့ ။ အဲဒီတုန်းက ကျွန်တော် ဆေးကျောင်း 1st year တက်နေပြီ ။ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ နိုင်ဇော်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် ။ သူကတော့  ငယ်ငယ်ရွယ်ရွယ်နဲ့စွံ တယ်လို့ပဲ ပြောရမလား ။ အရွယ်မတိုင်ခင် ၀န်ပိတယ်ပဲ ပြောရမလား ။ ၁၀ တန်းကတည်းက မိန်းမရနေပြီ ။ သူနဲ့ကျွန်တော်နဲ့က ငယ်သူငယ်ချင်းတွေ ။ သူရသွားတဲ့ မိန်းမကလည်း ( အမှန်ပြောရရင် ကျွန်တော်တို့ ၀ိုင်း လှော်ပေးလို့ အဓိက ကျွန်တော်ပေါ့ ) ကျွန်တော်တို့ သူငယ်ချင်းပါပဲ ။ ဒင်းတို့ ဘယ်လို ညားသွားကြသလည်း ဆိုတာ ကျွန်တော်မြှားနတ်မောင်လုပ်ခဲ့တဲ့အကြောင်း နောက်မှပြောပါဦးမယ် ။ နိုင်ဇော်နဲ့ ကျွန်တော်နဲ့က စားအိမ်သောက်အိမ်ဆိုတော့ အမြဲဝင်ထွက်နေကြ ၊ စားသောက်နေကြပေါ့ ။

တစ်နေ့ပေါ့...။ အဲဒီတစ်နေ့မှာ လူက ပျင်းပျင်းရှိတာနဲ့ နိုင်ဇော့်ကိုခေါ်ပြီးဂိမ်းသွားဆော့မယ်ဆိုပြီး ထွက်လာခဲ့ပါတယ် ။ (ဂိမ်းဆော့တယ်ဆိုလို့ ကလေးမထင်လိုက်နဲ့နော် Mario တို့လို တင့်ကားတို့လို ဆော့တာ မဟုတ်ဘူး ဘောလုံးကန်ရင်ကန် မကန်ရင် Resident Evil တို့လို Final Fantasy တို့လို ဇတ်လမ်း ဂိမ်းတွဲတွေ ဆော့တာပါ ) အဲလေ...ပြောရင်း ချော်ကုန်ပြီ ။ အဲဒီလိုနဲ့သူတို့ အိမ်ရှေ့ရောက်တော့ လူတစ်ယောက်မှ မတွေ့ဘူးခင်ဗျ ။ ဘယ်ရမလည်းလေ ဒင်းတို့ အိမ်နောက်ဖေးဖက်က ဘယ်တော့မှ ပိတ်လေ့မရှိဘူးဆိုတာ သိတာပေါ့ ။ သူတို့ လင်မယားက တခါတခါ အဲဒီလို အိမ်ရှေ့တံခါးကြီး ပိတ်ပြီး ဘာလုပ်မှန်းမသိပါဘူး ။ (တမျိုးမထင်နဲ့နော် အပျင်းထူပြီး တံခါးကို ထမဖွင့်တာ ကျွန်တော်အသိဆုံး ) ဒါနဲ့ ကိုယ်လည်း အိမ်ဘေး ကနေပတ်ပြီး အိမ်နောက်ဖေးပေါက်ကို ပတ်သွားတာပေါ့ ။ အိမ်အလည် မရောက်တရောက်မှာပဲ ကြားလိုက် ရတဲ့အသံကြောင့် ကျွန်တော့်ခေါင်းတွေ ထူပူသွားပါတယ် ။

“ ကိုကို...ဆောင့်လေကွာ အားမရှိဘူးလား တကတည်း ယောင်္ကျားမဟုတ်တဲ့အတိုင်းပဲ ”

“ ဟ.. ဆောင့်တာပဲဟ ငါလည်း အားကုန်နေပြီ နင့်ဟာက ထွက်မှမထွက်ပဲ ”

“ အာ..ကိုကိုဆောင့်နေပုံနဲ့ ဒီနေ့ပြီးတော့မှာမဟုတ်ဘူး ဖယ်ဖယ်မိန်းမဆောင့်ပြမယ် ”

ဟိုက်..ကြားလိုက်ရတဲ့အသံတွေကြောင့် ကျွန်တော့်မှာ ဆက်ပြီးပဲ ၀င်ရမလို နောက်ပဲ ပြန်ဆုတ်ရမလိုနဲ့ ကိုယ်လာ တာ အခွင့်မသင့်ဘူးလားမသိဘူး ဆိုပြီးတော့လည်း တွေးလိုက်မိသေးတယ် ။ ဆက်နားထောင် ကြည့် ပါဦး ။

“ ဟ..မိန်းမရ ဖြည်းဖြည်းဆောင့်ပါဟ ကျိုးကုန်တော့မှာပဲ ”

“ အို..ကိုကိုကလည်း အဲဒါမှ ထွက်မှာပေါ့လို့ ဟွန်း ”

ကြားရတဲ့အသံတွေကလည်း ဇွပ်..ဇွပ်နဲ့ ကျွန်တော်လည်း ခြေဖျားလက်ဖျားတွေ အေးစက်လာပြီး မဖြစ်ချေ တော့ဘူးဆိုပြီး အသံပေးလိုက်ပါတယ် ။

“ အဟမ်း..ဟမ်း ”

“ အော့..သက်တန့်လား လာဟေ့ ဒီမှာ ငါ့မိန်းမကို ကူဆောင့်ပေးပါဦး လာဝင်ခဲ့ နောက် ဖေးတံခါးဖွင့်ထားတယ် ”

“ ဟေ..ငါ ..ငါ ၀င်လာရမှာလား ”

“ အောင်မလေး သက်တန့်နော် နင်ကလည်း ဒီမှာငါ့ကို ကူဆောင့်ပေးပါဆို တကတည်း အထာကိုင်နေလိုက်တာ လာမြန်မြန်”

“ အော်..အင်းအင်း..”

ကျွန်တော်လည်း ပုစ္ဆာတစ်ပုဒ်ကို အဖြေအမြန်သိချင်တတ်တဲ့ ဥာဉ်အတိုင်း တံခါးဖွင့်ပြီး ၀င်ကြည့်တော့မှ လား..လား ဒင်းတို့ ၂ ကောင်က ၁ ယောက်က ရေပိုက်လုံးကိုင် သူ့မိန်းမက အပေါ်က ပိုက်လုံးကို ဒုတ်နဲ့ ထိုးချပြီး ဘေ စင်ကရေပိုက်ဆို့နေလို့ ပြင်နေကြတာကိုး ဟိဟိ..။ ဒါကြောင့် ဒင်း မိန်းမက တော်ဆောင့်နေတဲ့ပုံနဲ့ ဒီနေ့ ထွက်မှာ မဟုတ်ဘူးဆိုတာ ဆို့နေတဲ့ အမှိုက်တွေကိုပြောတာကိုး ဟားဟား..။ ဒါကြောင့် ခင်ဗျားတို့လည်း အသံ လေးကြားယုံနဲ့ ဘာကိုမှ ဆုံးဖြတ်ချက်မချလိုက်ပါနဲ့ ။ တခါတလေ လွဲမှားတဲ့အတွေးတွေ ဖြစ်နေတတ်လို့ပါပဲ ။

from- သက်တန့်ချို

    Thank You

+9

Offline ကြောင်ပါး

  • ဘွဲ့ရ
  • ******
  • Posts: 1013
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +11485
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #14 on: April 07, 2013, 09:45:25 PM »
အခေါ်အပြော
စစ်သားလင်မယား
ယောက်ျား - ခြင်ထောင်ထဲ ၀င်ခွင့်ပြုပါ
မိန်းမ - အမြန်ဝင် ပြီးရင် သတင်းပို့
ရှေ့နေလင်မယား
ယောက်ျား - ခြင်ထောင်ထဲဝင်ရောက်ရန် အကြောင်းပေါ်ပေါက်ပါပြီလား
မိန်းမ - လျော်ကန် သင့်မြတ် သဖြင့် ၀င်ခွင့်ပြုလိုက်သည်
လွှတ်တော်အမတ်လင်မယား
ယောက်ျား - အပြင်မှာ ခြင်များ သောင်းကျန်းနေပါသဖြင့် ခြင်ထောင်ထဲ ပေးဝင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါတယ်
မိန်းမ - ကလေးသေးတည်ပြီးသည့် ( ကော်မရှင်ဖွဲ့ချိန်= စဉ်းစားချိန်)အချိန်တွင် စဉ်းစားပေးမည် ဖြစ်ကြောင်း။
ဆရာဝန်လင်မယား
ယောက်ျား -သွေးလွန်တုပ်ကွေး ရောဂါ ကျရောက်မှာစိုးရတယ်
မိန်းမ -ခြင်ထောင်အပြင်မှာ ခြင်ဆေးခွေ ထွန်းပီး ၀င်ခဲ့လေ ဒေါက်တာ။
မီးသတ်လင်မယား
ယောက်ကျား - မိန်းမရေ ငါခြင်ထောင်ထဲ ၀င်လာ.ပီဟေ့......ဝေါ်..ဝေါ် ..ဝေါ်.....( ဒုန်း )
မိန်းမ - အွတ်စ် ...တေပါပီရှင်။ ခြင်ထောင်ထဲမှာ မီးမလောင်ဖူးရှင့်။
ရဲလင်မယား
ယောက်ကျား - တာဝန်အရခြင်ထောင်ထဲဝင်မယ်
မိန်းမ- ဆူပူ မှူ မဖြစ်ရန် နဲ့ တည်ငြိမ်မှူ ရရှိဖို့ ၀င်လာခဲ့။ဒါပဲ

xxxxxxxxxxxxxxxxxxxxxxxxxx
+13

Offline kyawkyawlwin

  • ပထမနှစ်
  • *
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +199
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #15 on: April 10, 2013, 01:44:46 PM »
Facebook မှာ သူငယ်ချင်းတစ်ယောက် share ထားတာလေးပါ .. သဘောကျ လို့ တင်လိုက်တာပါ..

အမေ ။ ။ လုံးဝ သဘောမတူနိင်ဘူး ..
ငါတို့က ကိုယ့် Post ကိုယ့် Note နဲ့ နေတဲ့ မျိုးရိုးအေ့ ။
သူတို့လို ဟိုကဒီကနေ လမ်းဘေး Copy တွေကို
Credit မပေးပဲ ခိုးချနေတဲ့ မျိုးရိုးနဲ့ လုံးဝ သဘောမတူနိင်ဘူး ..

သမီး ။ ။ မဟုတ်ပါဘူး.. အမေရယ်
သမီး ကောင်လေးက Share ပဲ လုပ်တာပါ ..

အမေ ။ ။ အိုအေ .. Share ပဲလုပ်လုပ် ဘာပဲလုပ်လုပ်
Post တခုတောင် လက်ကြောတင်းအောင် မတင်နိင်တဲ့
အကောင်နဲ့တော့ ဘယ်လိုမှ သဘောမတူနိင်ဘူး ...

အဖေ ။ ။ ဟုတ်တယ် သမီး .. သမီး ကောင်လေး ဟိုတခါ
ဖေဖေ့ Post အောက်မှာလည်း ဝင်ဆဲသွား သေးတယ် ။

အကို ။ ။ ဒီမှာ ညီမလေး .. ဒီကောင်က ကုပ်ကမြင်း ..
Wall ပေါ်မှာ ဘုရား ဘုရား ၊ Chat Box မှာ ကားယားကားယားလုပ်နေတဲ့ ကောင် .. ။ နင် ဒီကောင်နဲ့ မပတ်သတ်နဲ့ ။

အမေ ။ ။ မဖြစ်ဘူး .. မဖြစ်ဘူး ။ ညည်းကို ငါ့ မိတ်ဆွေ Page Admin ရဲ့ သားနဲ့ မြန်မြန် Relationship လုပ်ခိုင်းမှ ဖြစ်တော့မယ် ။ မနက်ဖြန် ကျရင် သူတို့ တမိသားစုလုံးက အကောင့်တွေကို ညည်း Add ထားရမယ် ။ ဒါပဲ ။

အကို ။ ။ ကြာတယ်ဗျာ .. မနက်ဖြန် ဒီကောင့် Account ကို Report ဝိုင်းတင်ကြမယ် ။ တဆွေလုံး တမျိုးလုံး Report လုပ်ရင် သေချာပေါက် ပျက်တယ် ။


သမီး ။ ။ ရက်စက်လိုက်တာ .. အမေတို့ရယ် ...အဟင့် (ကျဥ ကျဥ )


- နောက်ဆုံး တကယ် အကြီးကြီး ကြေကွဲဖို့ ကောင်းတာက Facebook ပေါ်မှာ .......


ကောင်မလေး ။ ။ သူ .. သူနဲ့ ဒို့ ကို မိဘတွေက Like မလုပ်နိင်ဘူးတဲ့ ။ ဒို့ကိုလည်း Page Admin တယောက်ရဲ့ သားနဲ့ Relationship လုပ်ခိုင်းကြတော့မယ် ။ ဒို့ကို Unfriend လိုက်ပါတော့ ကွယ် ... အဟင့်ဟင့် ( ပလောက် .. ပလောက် )

ကောင်လေး ။ ။ ဘာ !!!
မင်းတို့ မိသားစု အဲ့လောက် Like တွေ ၊ Share တွေ မက်မှန်း အစက မသိခဲ့ဘူးကွာ ... ခုတော့ Page Admin ရဲ့သားနဲ့ ဆိုတော့ ... ဟားးး
မင်း တဘဝလုံး အတွက် Connection ကောင်းပြီပေါ့ကွာ ... ဟားဟားဟားး (ဂရား ဂရားး)

ကောင်မလေး ။ ။ အဲ့လိုမျိုး မပြောပါနဲ့ သူရယ် ....
ဒို့က ငယ်ငယ်တည်းက မိဘတွေ Suggest သမျှကို
Confirm ရတဲ့ သူပါ ...တခါမှကို Cancel မလုပ်ရဲတဲ့ သူပါကွယ်.. ဒို့ကို ခွင့်လွှတ်ပါနော် ..ဒို့ကို Unfriend မြန်မြန်လုပ်လိုက်ပါတော့နော်... ဒို့ မခံစားနိင်တော့ဘူး ..
ကြာရင် ဒို့ Accocount ကို ဒို့ Deactivate လုပ်မိတော့မယ် .. .အဟင့်ဟင့် ( ကျအု .. ကျအု )

ကောင်လေး ။ ။ ဂလောက် ဖစ်နေတာာ .. မတာမ .. Block ပြီဟ .. ...Block ပြီ / Block !!!!!!


ထိုအချိန်မှ အစပြ၍ အနှီ သူငယ်သည် Facebook ပေါ်တွင် မဖြစ်ညစ်ကျယ် Page လေးတခု
ထောင်ကာ ပေါက်တတ်ကရများကို ရေးသား နေလေတော့သည် တမုံ့ ။
+11

Offline ကြောင်ပါး

  • ဘွဲ့ရ
  • ******
  • Posts: 1013
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +11485
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #16 on: April 22, 2013, 10:24:05 AM »
အဲ့ဒါတော့ စိတ်ချ

          ဆေးရုံတွင်တက်ရောက်ကုသနေသော လူငယ်တစ်ဦးက သူနာပြုဆရာမလေးတစ်ဦး၏လက်ကိုကိုင်ကာ ပြောလေသည်-

လူငယ်။          ကိုယ်မင်းကို အရမ်းစိတ်ဝင်စားနေပြီကွာ၊

သူနာပြု။         ဘေးမှာ လူတွေရှိတယ်ရှင့်၊

လူငယ်။           ကိုယ် ဂရုမစိုက်နိုင်တော့ဘူးကွာ၊

သူနာပြု။         တော်တော်ခက်တာပဲ၊

လူငယ်။           ရောဂါလည်း မပျောက်ချင်တော့ပါဘူး၊

သူနာပြု။         ဘာဖြစ်လို့လဲ၊

လူငယ်။           ဆေးရုံက မဆင်းချင်တော့လို့လေ၊

သူနာပြု။         အဲ့ဒါတော့ စိတ်ချ၊

လူငယ်။           ဘာဖြစ်လို့လဲ၊

သူနာပြု။         ရှင် ကျမလက်ကို ကိုင်ပြီးစကားပြောနေတာကို ဒေါက်တာတွေ့သွားတယ်လေ၊

လူငယ်။            အဲ့ဒီတော့............၊

သူနာပြု။          သူကလည်း ကျမကိုစိတ်ဝင်စားနေတာဆိုတော့......ရှင့်ရောဂါပျောက်ဖို့ မလွယ်တော့ဘူးပေါ့၊

လူငယ်။            ဗျာ...........................။

================================
အသံကျယ်ကျယ်ခေါ်ပေးပါ

           စတိတ်ရှိုးပွဲတစ်ခုတွင် သီချင်းဆိုပြီးနောက် စင်အောက်သို့ဆင်းလာသော အဆိုတော်တစ်ဦးအား အမှတ်တရလက်မှတ်ရေးထိုးခိုင်းသူ ပရိတ်သတ်များ ၀ိုင်းဝိုင်းလည်လျှက်ရှိရာ အမျိုးသားကြီးတစ်ဦးရောက်လာပြီး မေးလေသည်-

အမျိုးသားကြီး။          သီချင်းဆိုတာသိပ်ကောင်းတယ်နော်၊

အဆိုတော်။                လေ့ကျင့်ထားလို့ပါ၊

အမျိုးသားကြီး။          သံစဉ်တွေနဲ့ တီးလုံးတွေနဲ့ကလည်း မြိုင်ဆိုင်နေတာပဲ၊

အဆိုတော်။                ၀ိုင်းဝန်းအားဖြည့်ပေးကြတာပေါ့၊

အမျိုးသားကြီး။          အသံကိုလည်း ဟိန်းထွက်အောင်ဆိုနိုင်တယ်နော်၊

အဆိုတော်။                ပါရမီပေါ့ဗျာ၊

အမျိုးသားကြီး။          အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ၊

အဆိုတော်။                ပြောပါဗျာ.... အမှတ်တရလက်မှတ်ရေးထိုးပေးရမလား၊ သီချင်းခွေထုတ်ချင်လို့များလား၊

အမျိုးသားကြီး။          မဟုတ်ပါဘူး.... ကျနော့ဇနီး ပွဲခင်းထဲမှာရှာမတွေ့လို့ အသံကျယ်ကျယ်နဲ့ အော်ခေါ်ပေးဖို့ပါပဲ၊

အဆိုတော်။                 ဗျာ.......................။

credit: Myanmar Network
+6
« Last Edit: June 28, 2013, 04:45:37 PM by tunaye2011 »

Offline ကြောင်ပါး

  • ဘွဲ့ရ
  • ******
  • Posts: 1013
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +11485
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #17 on: April 23, 2013, 11:32:51 PM »
“ပညာတတ်မှ ဖြစ်တော့မယ်ဗျာ….”


တရုတ်ပြည် ကန်တုန်မှာ ဘဏ်ကိုဝင်တိုက်သောဓါးပြတွေက

“အားလုံးမလှုပ်နဲ့၊ ပိုက်ဆံကအစိုးရဟာ၊ အသက်က မင်းတို့ဟာ။ ”

ဟု တရားသဘောဆန်ဆန် အော်ဟစ်လိုက်သည်နှင့် တပြိုင်နက်၊ ဘဏ်ဝန်ထမ်း အားလုံး ငြိမ်သက်စွာ
ဝမ်းလျားမှောက်လျက် နေကြကုန်၏။

ထိုအချိန် ဓါးပြက စားပွဲပေါ် ပက်လက်လေးလှန်ကါ လှဲလျောင်းနေရှာသော ဘဏ်စာရေးမလေးကို တချက်လှမ်းကြည့်ရင်း

” အမြင်မတော်ကွာ၊ သိမ်သိမ်မွေ့မွေ့လေး နေစမ်း၊ ဒါဓါးပြတိုက်တာ၊ မုဒိမ်းလာကျင့်တာ မှုတ်ဘူး။ ”

အိမ်ပြန်ရောက်ပြီးနောက်၊ M.Sc ဘွဲ့ရဓါးပြပေါက်စလေးက

” ဆရာ… တိုက်ရတဲ့ ပိုက်ဆံတွေ ရေတွက်ရအောင်။ ”

မူလတန်းသာအောင်သော ဓါးပြဗိုလ် ပြောလိုက်သည်မှာ

“တော်တော်နုံချာတဲ့ကောင်၊ ဒီလောက်များတဲ့ဥစ္စာ ဘယ်အချိန်ထိ ရေတွက်နေရမှာလဲကွာ၊ ဒီညTV သတင်း စောင့်နားထောင်ကြည့်ရင် သိရောပေါ့။ ”

ဓါးပြထွက်ခွာသွားပြီးနောက် ဘဏ်ဥက္ကဌက

” သွား…မြန်မြန်ရဲသွားတိုင်စမ်။ ”

ဘဏ်မန်နေဂျာ လှည့်ထွက်မည်အပြုမှာ ဘဏ်ဥက္ကဌ အလျင်စလိုထပ်ပြောလိုက်သည်မှာ

” နေအုံး…တလောတုန်းက ငါတို့အလွဲသုံးစားထားတဲ့ သန်း ၅၀ ပါတခါထဲ ပေါင်းထည့်ပလိုက်ကွာ ”

ဘဏ်မန်နေဂျာက အဓိပ္ပါယ်ပါပါ တချက်ခိုးပြုံးကာ ဆက်ပြောလိုက်သည်မှာ

” တလတခါလောက် လာတိုက်ရင် သိပ်ကောင်းမှာကွာ…”

နောက်တနေ့… ဘဏ်ယွမ်ငွေ သန်း ၇၀ ဓါးပြတိုက်ခံရကြောင်း TV သတင်းအရ ကြားသိရ၏။

ဓါးပြတွေ အဖန်တလဲလဲ ရေတွက်ကြည့်လည်း သန်း ၂၀ မျှသာရှိသည်။

ဓါးပြဗိုလ် အော်ဆဲလိုက်သည်မှာ

” တောက်…ငါအသက်ကိုဖက်နဲ့ထုပ်ပြီး တိုက်တာတောင်မှ သန်း ၂၀ ပဲရတယ် ဘဏ်ဥက္ကဌက ပါးစပ်ဖျားလေးလှုပ်လိုက်ရုံနဲ့ သန်း ၅၀ အမြတ်ပေါ်သွားပြီ။

ဒီခေတ်ကြီးကြည့်ရတာ ပညာတတ်မှ ဖြစ်တော့မယ်ဗျာ…။

+6
« Last Edit: June 28, 2013, 04:39:20 PM by tunaye2011 »

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +371
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #18 on: April 29, 2013, 07:22:54 AM »
Cheating Box

When John and Mary first got married John said, “I am a sex addict and I’m putting a box under the bed to help control my addiction. You must promise never to look in it.”
In all their 30 years of marriage Mary never looked. However, on the afternoon of their 30th anniversary, curiosity got the best of her and she lifted the lid and peeked inside. In the box were 3 empty beer cans and $81,874.25 in cash. She closed the box and put it back under the bed. Now that she knew what was in the box, she was doubly curious as to why there even was such a box with such contents.

That evening they were out for a special Anniversary dinner. After dinner Mary could no longer contain her curiosity and she confessed, saying, “I am so sorry. For all these years I kept my promise and never looked into the box under our bed. However, today the temptation was too much and I gave in. But now I need to know why do you keep the 3 beer cans in the box?”

John thought for a while and said, “I guess after all these years you deserve to know the truth. Whenever I was unfaithful to you I put an empty beer can in the box under the bed to remind myself not to do it again.”

Mary was shocked, but said, “Hmmm, Jennifer, Paula and Monica. I am very disappointed and saddened by your behavior. However since you are addicted to sex, I guess it does happen and I guess 3 times is not that bad considering your problem.”

John thanked her for being so understanding. They hugged and made their peace.

A little while later Mary asked John, so why do you have all that money in the box?

John answered; “Well, whenever the box filled up with empty cans, I took them to the recycling center and redeemed them for cash.”
   --------------------------------------------------------

The Priest and The Passenger

A beautiful young woman, on an international flight, asked the priest beside her, “Father, may I ask a favour?”

“Of course you may. What can I do for you?”
“Well, I bought this expensive electronic hair dryer that is well over the Customs limits and I’m afraid that they’ll confiscate it from me. Is there anyway that you could carry it through Customs for me? Under your robes perhaps?”

“I would love to help you, dear, but I must warn you: I will not lie.”

“With your honest face, Father, no one will question you.”

When they got to Customs, the young lady let the priest go ahead of her. The Customs Officer asked, “Father, do you have anything to declare?”

“From the top of my head down to my waist, I have nothing to declare.”

The Officer thought this answer strange, so he asked, “And what do you have to declare from your waist to the floor?”

“I have a marvelous little instrument designed to be used on a woman, but which is, to date, unused.”

Roaring with laughter, the Officer said, “God bless you, Father, go ahead.”
---------------------------------------------

+1
« Last Edit: June 28, 2013, 03:52:02 PM by tunaye2011 »

Offline ကြောင်ပါး

  • ဘွဲ့ရ
  • ******
  • Posts: 1013
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +11485
Re: အမောပြေဟာသမှတ်စု ( ၂ )
« Reply #19 on: May 03, 2013, 03:48:48 PM »
မောင်……

ချစ် ကိုမကြာခင်နိုင်ငံခြားကရောက်လာမယ့် Iphone 6 နဲ့ပေးစားတော့မယ် မောင်…..
အမေတို့က andriod မိသားစုနဲ့သဘောမတူနိုင်ဘူးတယ့်…
လူကြီးတွေရဲ့စိတ်ကို ချစ် နားမလည်တော့ဘူးမောင်….
မေမေတို့က အမျိုးတူ IOS မှအထင်ကြီးတာ…
Touch screen ခြင်းအတူတူ ဘာလို့သဘောမတူရတာလဲမသိဘူးနော်…
ချစ်ကတော့ touch မကောင်းရင်နေပေ့စေ
ကိုင်လို့ကောင်းတယ့်
Andriod ကိုပဲချစ်တယ်မောင်…
ချစ်ကို ၁၅၀၀ တန် sim card တွေမထွက်ခင်အမြန်လာခိုးပါတော့နော်….
MPT တာဝါတိုင်အောက်ကစောင့်နေမယ်...
မောင်လာမခိုးရင်ချစ် ကိုယ့်ကိုကိုယ် Jailbreak လုပ်ပစ်မှာနော်…
ချစ်ခြင်းများစွာဖြင့်…..


ချစ်ပန်းသီး

Myanmar News Update
+9
« Last Edit: June 28, 2013, 03:46:56 PM by tunaye2011 »

Tags: