Author Topic: ကိုယ်တိုင်ရေး သရော်စာ  (Read 66751 times)

0 Members and 1 Guest are viewing this topic.

Offline SnowFlake

  • မဟာကျောင်းသူ
  • ***
  • Posts: 1068
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Female
  • နောက်ဆုံး ထွက်သက်ထိ ချစ်သွားမှာပါ............
  • Respect: +29092
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #100 on: December 11, 2014, 01:58:32 PM »
အူလဒူကျွန်ုပ် နှင့် ၂၀၀၀ ကျပ်တန် နန်းကြီးသုတ်


မွေးရပ်ဌာနီ မြန်မာပြည်၏ ဟေမာန်ကာလ…

အိုဇုန်းလွှာ ဒဏ်ရာ ရနေသဖြင့် အပူဓါတ်က ယနေ့ တိုင် လျော့သည် မရှိချေ။ ကျွန်ုပ် ပေါက်ကျော်မ တစ်ယောက်လည်း သည်နှစ်မွေးနေ့ အတွက်
မေမေထိုးပေးသော ဆွယ်တာ လှလှလေးကို ၀တ်ရန် လမ်းမရှိသဖြင့် ထုတ်ကြည့်လိုက် ပြန်သွင်းလိုက် ဖြင့် တစ်ကိုယ်တည်း
အထုတ်အသွင်း လုပ်နေရသည်မှာ ရက်အတန် ကြာခဲ့ချေပြီ။ (အင်္ကျီကို  အင်္ကျီကို… ဘီဒိုထဲက ဘီဒိုထဲက… :P)။

သည်မနက်တော့ဖြင့် နှင်းလိုလို မိုးလိုလို ဘာမှန်းမသိသော ရာသီဥတုကြောင့် လောကဓါတ် တစ်ခွင်သည်
အေးချင်ယောင် ဆောင်နေချေသည်။ ကျွန်ုပ်လည်း ရသည့် အခွင့်အရေးကို မည်သို့ မျှ လက်လွတ် မခံနိုင်ရကား
ဘီဒိုထဲမှ ဆွယ်တာကို ထုတ်ဝတ်ကာ မေမေနှင့် အတူ နံနက်စောစော ဈေးလိုက်ခွင့်ရရန် အောက်ပါအတိုင်း ပူဆာလိုက်လေသည်။  ;)

“မေ့… ဈေးသွားမို့  ဆို မီးမီးလိုက်မယ်နော်…”

“ဘာလိုက်လုပ်ဦးမှာလည်း ရုံးနောက်ကျနေဦးမယ်.. နေခဲ့…”

“နန်းကြီးသုတ် စားချင်လို့ ပါ မေရဲ့.. ဆိုင်မှာ ထိုင်စားချင်တာ…” (မေမေ ၀ယ်လာခဲ့မယ်ပြောမှာ စိုးလို့ ) ;)

“ကဲကဲ လိုက်ချင်လည်း လာလာ.. မြန်မြန်.. အဲ့ အကျီကြီးက ဘာလုပ်တာတုန်း.. အေးဖြင့် မအေးဘဲ…”

“မီးကိုယ်ထဲ ချမ်းစိမ့်စိမ့်နဲ့  မို့ ပါ မေမေရဲ့…” (၀တ်ချင်လို့ ပါ ဆိုမှ… ဂယ်ဘဲ) >:(

ဤသို့ ဖြင့် ဈေးရောက်သော်… ရှေးဦးစွာ ငါးဝယ်လေ၏။ မေမေက “ငါးကြင်း ဘယ်ဈေးလည်း ညီမ..” ဟုဈေးသည်ကို မေးလေ၏။
ဈေးသည် လက်မအားပါ။ ပါးစပ်လည်း မအားပါ။ အဘယ်ကြောင့်ဆိုသော် လက်က ဖုန်းကို ကိုင်ကာ ပါးစပ်က ဖုန်းပြောနေသောကြောင့်ပင်။
မေမေ စိတ်မရှည်တော့ပါ။ ကြက်သားဆိုင်ဘက် ကူးကာ ကြက်သားဝယ်ရန် ပြင်ဆင်၏။ ငါးဟင်း မကြိုက်သော
ကျွန်ုပ် ဖုန်းပြောနေသော ငါးဆိုင်ရှင်ကို ကျေးဇူးတင်မိပါသည်။  ;D

ကြက်သားဆိုင်သို့  ရောက်လတ်သော် မေမေ့စိတ်ကြိုက် ကြက်သားကိုရွေးချယ် ၀ယ်ယူပြီး ဈေးသည်အား
“ခုတ်လိုက် ညီမ အတုံးတွေ သိပ်မကြီးစေနဲ့ …” ဟုပြောလိုက်၏။ ကြက်သားသည်က “ဟုတ်ကဲ့ အစ်မ..”
ဟုပြောကာ စဥ့်နှီးတုံးနှင့် ဓါးကို ပြင်စဉ်.. “နားနားဘေးမှာ နားနားဘေးမှာ နေချင်လို့ ပါ… နားနားဘေးမှာ နားနားဘေးမှာ နေချင်လို့ ပါ… ”
ကျွန်ုပ် ပေါက်ကျော်မ သီချင်းအော်ဆိုခြင်း မဟုတ်ပါ။ ကြက်သားသည်၏ ဖုန်းမြည်သံပင်တည်း။  ;D ;D ;D

ကြက်သားသည်က မေမေ့အား “ခဏလေးနော် အစ်မ..” ဟုပြောကာ..............


ဆက်ပါဦးမည်။
+17
« Last Edit: December 11, 2014, 02:02:35 PM by SnowFlake »
အဆင်ပြေရင် ထောင်ပေးနော်
  လက်မ

Offline SnowFlake

  • မဟာကျောင်းသူ
  • ***
  • Posts: 1068
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Female
  • နောက်ဆုံး ထွက်သက်ထိ ချစ်သွားမှာပါ............
  • Respect: +29092
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #101 on: December 12, 2014, 07:47:53 AM »
ကြက်သားသည်က မေမေ့အား “ခဏလေးနော် အစ်မ..” ဟုပြောကာ ဖုန်းကိုထုတ်၏။ နားကျပ်ကြိုးကို ယူကာ နားတွင်ချိတ်ရင်း တစ်ဘက်ကို ဖုန်းအပေါက်တွင် ထိုး၍ “ဟလို… ဟလို..” ဟုကျယ်လောင်စွာ အော်လေသည်။ ကြက်သားခုတ်ရင်း တစ်ဘက်က ဖုန်းပြောရန် စီစဉ်နေသော အနှီဈေးသည်၏ အမြော်မြင်ကြီးပုံကို ကျွန်ုပ် သဘောကျကာ ပြုံးမိပါ၏။ မေမေကတော့ မျက်မှောင်ကျုံ့ နေပါသည်။
 
ထိုအခိုက် ကျွန်ုပ် မြင်လိုက်ရသည်က သူမ၏ နားကျပ်ကြိုးတွင် မိုက်ခရိုဖုန်းဟု ခေါ်ရမည်ဖြစ်သော မည်းမည်းလေးထောင့် တုံးကလေးက ပါးစပ်နှင့် အတန်ငယ်လှမ်းနေရကား သူခမျာ အဆင်မပြေရှာပါ။ လက်က ဓါးကိုကိုင်ရင်း နံထင်ဘေးမှသည် ပါးပြင်တလျှောက် တွဲလောင်းကျနေသော ကြိုးမှ အနှီ မိုက်ခရိုဖုန်း ရှိရာဘက်သို့  စောင်းကာတေ့ကာ ပြောနေသည်မှာ ဟာသလူရွှင်တော်တစ်ဦးက လေဖြတ်သည့် လူမမာ စကားပြောနေသည့်ပုံစံ သရုပ်ဆောင်ပြနေသကဲ့သို့  ဖြစ်နေပေသည်။

နေရာတကာ ကူညီချင်သော ကျွန်ုပ်လည်း ၀င်ပါမိပြန်ပါ၏။ ကြက်သားသည်အဒေါ်ကြီး ဖုန်းပြောရင်း ကြက်သားခုတ်နိုင်ရန် အလို့ ငှာသူမ၏ နားကျပ်ကြိုးမှ မိုက်ခရိုဖုန်းကလေးကို ပါးစပ်နားသို့  ကိုင်၍ တေ့ပေးလိုက်ခြင်းပင်ဖြစ်သည်။ အဒေါ်ကြီးလည်း အဆင်ပြေသွားသဖြင့် ကြက်ကို စ တင်ခုတ်ရန် ပြင်လေတော့သည်။ ကျွန်ုပ်ကူညီလိုက်သဖြင့် တစ်ဘက်သား အဆင်ပြေသွားသည်ကို မိခင်အား ဂုဏ်ယူဝင့်ကြွား နိုင်စေခြင်း အလို့ ငှာ မေမေ့ဘက်လှည့်ကာ အောင်မြင်စွာ ပြုံးပြလိုက်ပါသည်။ မေမေက မျက်စောင်း ထိုးလျက် “တော်တော့.. ခုတ်မနေနဲ့ တော့… ငါ့ဘာသာ အိမ်ရောက်မှ ခုတ်မယ်… ထည့်လိုက်တော့ အဲ့အတိုင်း…” ဟု ခပ်တည်တည်ပြောကာ ကျွန်ုပ်၏ အောင်မြင်မှုကို ထောပနာ ပြုလိုက်လေတော့သည်။

ထိုမှ တဖန် အသုတ်ဆိုင်ဘက်သို့  ကူးကာ ကျွန်ုပ်ပူဆာသည့်အတိုင်း သားအမိနှစ်ယောက် နန်းကြီးသုတ် ထိုင်စားရန် ကြံစီကြလေ၏။ အသုတ်ဆိုင်သို့ ရောက်လတ်သော် အလွန်ပင် လက်ရာကောင်းလှသော ၄င်း အသုတ်ဆိုင်တွင် အလှူပေးနေသည့် အလား ထိုင်စားနေကြသည်မှာ ကျွန်ုပ်တို့  သားအမိအတွက် ထိုင်စရာနေရာပင် မရှိပါချေ။ မေမေက “ပါဆယ်ပဲ ၀ယ်လိုက်တော့ မီးမီး.. ပိတ်ရက်ကျမှ ထိုင်စားချင်စား…” ဟု ပြောကာ ကျွန်ုပ်အား ဆိုင်ဘက်သို့ မေးငေါ့ကာ သွားဝယ်စေ၏။ သမီးလိမ္မာလေးတစ်ဦး ဖြစ်သော ကျွန်ုပ်လည်း “ဟုတ် မေမေ…” ဟုပြောကာ အသုတ်ပါဆယ် သွားဝယ်လိုက်ပါ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ အဓိက လိုရင်းမှာ အသုတ်ထိုင်စားရန်ထက် ဆွယ်တာအသစ်နှင့် လမ်းထွက်ရရေးသာ ဖြစ်သောကြောင့်ပင်။ အသုတ် (၂) ပွဲမှာပြီး ရပ်စောင့်နေစဉ်…….

ဆက်ပါဦးမည်..........
+19
« Last Edit: December 12, 2014, 07:50:16 AM by SnowFlake »
အဆင်ပြေရင် ထောင်ပေးနော်
  လက်မ

Offline SnowFlake

  • မဟာကျောင်းသူ
  • ***
  • Posts: 1068
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Female
  • နောက်ဆုံး ထွက်သက်ထိ ချစ်သွားမှာပါ............
  • Respect: +29092
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #102 on: December 12, 2014, 10:31:26 PM »
အသုတ် (၂) ပွဲမှာပြီး ရပ်စောင့်နေစဉ် ကျွန်ုပ် ပေါက်ကျော်မ.. ပိုက်ဆံအိတ်ထဲမှ ဆန်မစောင်း ဂယ်လက်ဆီ အမျိုးအစား ပွတ်စကလင် ဟန်းဆက် တယ်လီဖုန်း(စာလုံးပေါင်း မှန်ရဲ့လားဟင်.. လူရှိန်အောင်သာ ထည့်ရေးတာ တကယ် မကိုင်ဘူးတော့ သိဘူးရယ်…)ကို ထုတ်လိုက်စဉ် ဈေးလယ်ခေါင် လူကြားထဲ ဖုန်းပြောခြင်းကို အလွန်တရာ မျက်မုန်းကျိုးနေသော မေမေက “ဘာလုပ်ဦး မလို့ တုန်းးးး….” ဟု မျက်စောင်းချီကာ မြည်တွန် တောက်တီးလေ၏။ “နာရီကြည့်တာပါ မေ ရဲ့…” ဟု ကျိုးကြောင်း ဆီလျှော်စွာ ပြန်ပြောလိုက်တော့ မေမေ မဆူတော့ပါ။ ဖုန်းကိုင်သူတိုင်း ဖုန်းဖြင့် နာရီကြည့်သော ခေတ်ကာလ၏ ရေစီးကြောင်း သဘောတရားကို (၂၁) ရာစု မေမေ ပီပီ ကောင်းစွာ သဘောပေါက်ပုံ ရပါသည်။

စားပွဲထိုး ကောင်လေး ထံသို့  ကျသင့်ငွေ လှမ်းပေးပြီး အသုတ်ထုပ်များ လှမ်းယူစဉ် “အိုပါ ဂမ်းနမ်းစတိုင်… အိုပါဂမ်းနမ်းစတိုင်….” ထိုကောင်လေး၏ အကျီအိပ်ကပ်ထဲမှ ဆူညံစွာ ထွက်ပေါ် လာသော ဖုန်းသံဖြစ်ပါသည်။ မေမေ့မျက်နှာ စူပုပ်ကောက်ချိတ်သွားပါ၏။ ကျွန်ုပ်လည်း ခွိကနဲ ရယ်မိပါ၏။ ကောင်လေးက အသုတ်ထုပ်များ ကျွန်ုပ်ထံလှမ်းပေးခြင်း၊ ငွေပြန်အမ်းခြင်း စသော အမှုများကို ဖုန်းပြောရင်းတစ်ဘက်ကပင် ကျွမ်းကျင်စွာ လုပ်ဆောင်သွားပါသည်။ သည်သူငယ် မခေလှပါချေ။ လိုအပ်သည်များ ၀ယ်ခြမ်းပြီးနောက် အချိန်အတန်ငယ် လင့်သွားသဖြင့် ကျွန်ုပ် ရုံးနောက်ကျမည်ကို စိုးရိမ်သော မေမေသည် မိခင်တို့ ၏ ကြီးမားသော မေတ္တာဖြင့် ပိုက်ဆံ ကုန်ကာမှ ကုန်ရော ဆိုက္ကား စီးပြီး အိမ်ပြန်ရန် ဆုံးဖြတ် ပါလေသည်။

ဆိုက္ကားစီးကာ ပြန်လာစဉ် တစ်ခုသော လမ်းကွေ့ အရောက်တွင် ဆိုက္ကားဆရာသည် အနည်းငယ် အားစိုက်ရန် အလို့ ငှာ မတ်တပ်ရပ်လျှက် ကုန်းကုန်းကွကွ နှင့် နင်းလေ၏။ ထိုစဉ် “အောက် အီ အီး အွတ်…. အောက် အီ အီး အွတ်…. အောက် အီ အီး အွတ်….” ဆိုက္ကား ခေါင်းခန်းတွင် ထိုင်လိုက်လာသော မေမေ… ခြေထောက်နှစ်ချောင်းကြားတွင် ချထားသည့် ဈေးခြင်းတောင်းကို ရုတ်တရက် အလန့် တကြား ငုံ့ ကြည့်လေသည်။ ၀ယ်လာသော ကြက် ထအော်သည် ဟုများ ထင်သွားလေရော့သလားပင်။ အမှန်တော့ ထိုအသံ၏ တရားခံမှာ ဆိုက္ကားဆရာ၏ ခါးကြားမှ တယ်လီဖုန်း ဖြစ်ပါသည်။ သည်တစ်ကြိမ်တော့ မေမေ မနေတော့ပါ။ “နင်တို့  ဟာကလည်း ဟယ်… ဆိုက္ကားနင်းနေတုန်းတော့ ဖုန်းလေး ပိတ်ထားသင့်တာပေါ့… လမ်းပေါ်မှာ ကားတွေက ရှုပ်ပါဘိသနဲ့ …” ဟု ပြောပါတော့သည်။

အလိုက်သိသော ဆိုက္ကား ဆရာက မေမေ့ကို ပြန်ပြောပါသည်။ “စိတ်ချပါ အန်တီ… ကျနော်က ဖုန်းကို ပိတ်သာ မထားဖြစ်တာပါ.. ဆိုက္ကားနင်းရင်းတော့ ဖုန်းမပြောဘူးအန်တီရ… ကျနော့ ပါစင်ဂျာ အန္တရယ် ဖြစ်မှာ စိုးလို့ လေ…” ကတ်စတမ်မာကို ညာဘက်မှာ ထားသော အနှီဆိုက္ကားဆရာ လူငယ်၏ စိတ်နေ သဘောထား မြင့်မြတ်မှုကို ကျွန်ုပ် အသိမှတ် မပြုဘဲ မနေနိုင်ပါ။ သို့ သော် ခက်သည်က သူ၏ ဖုန်းမှ ကြက်ဖတွန်သံသည် လမ်းတစ်လျှောက် မရပ်မနား အော်မြည်နေခြင်းပင် ဖြစ်တော့သည်။ လမ်းဘေးဝဲယာမှ ဈေးသွားငါးဝယ် လူအများလည်း ကျွန်ုပ်တို့ စီးလာသော ဆိုက္ကားကို သမင်လည်ပြန် ဒရယ်လည်ပြန် ကြည့်ကြလေတော့သည်။ ဆွယ်တာ အသစ်လေးဝတ်ကာ လှချင်တိုင်းလှနေသော ကျွန်ုပ်နှင့် ဤကြက်ဖတွန်သံမှာ အလွန်တရာ ဆန့် ကျင်ဘက် ဖြစ်နေရကား ကျွန်ုပ်မှာ မျက်နှာ မထား တတ်အောင်ပင် ရှက်ရပါတော့၏။ ဤသို့ လျှင် ကြက်ဖတွန်သံ တညံညံဖြင့်……………

ဆက်ပါဦးမည်……

(click to show/hide)
+17
အဆင်ပြေရင် ထောင်ပေးနော်
  လက်မ

Offline SnowFlake

  • မဟာကျောင်းသူ
  • ***
  • Posts: 1068
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Female
  • နောက်ဆုံး ထွက်သက်ထိ ချစ်သွားမှာပါ............
  • Respect: +29092
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #103 on: December 13, 2014, 02:13:02 PM »
ဤသို့ လျှင် ကြက်ဖတွန်သံ တညံညံဖြင့် လမ်းမတန်း တလျှောက်မှသည် အိမ်ရှေ့ သို့  ရောက်ခဲ့ ပါတော့သည်။ အိမ်ပေါ်ရောက်သည်နှင့် ရေအမြန်ချိုးကာ ရုံးသွားရန် ပြင်ဆင်ရလေတော့၏။ “သမီးတစ်ကောင် ထွန်စက် တစ်ထောင်…” ဟူသော ဆိုရိုးနှင့် အညီ ရုံးနောက်ကျပြီဖြစ်၍ သေကောင်ပေါင်းလဲ ၀ုန်းဒိုင်းကျဲ နေသော ကျွန်ုပ်၏ ဖြစ်အင်ကို ကောင်းစွာ သဘောပေါက်သော မေမေက ၀ယ်လာသော နန်းကြီးသုတ်ကို ဗူးနှင့်ထည့်ကာ ရုံးခြင်းတောင်းအတွင်း အဆင်သင့် ပြင်ဆင် ပေးထားရှာပါသည်။ ထုံးစံအတိုင်း အော့ဖစ်ဆာ နှင်းလွှာ အော့ဖစ်ရောက်မှ ဆာရ ပေဦးမည် တကား။ ထိုစဉ်အောက်မှ ဖယ်ရီကား၏ဟွန်းသံက ဆူညံစွာ ထွက်ပေါ် လာပေတော့သည်။ ကျွန်ုပ် မှာကား သနပ်ခါးလူးလျှက် တန်းလန်း ဖြစ်နေသောကြောင့် မေမေကပင် ဖယ်ရီကားသို့  ကျွန်ုပ် မလိုက် ဖြစ်တော့ကြောင်း လှမ်းကာ အော်ပြောရပါတော့သည်။

ကျွန်ုပ်လည်း စတွန့် ထိုးကာ အလှပြချင်သော အကျိုးကြောင့် ရုံးနောက်ကျတော့မည့် အရေးကို တွေးကာ စိတ်ညစ်မိပါတော့သည်။ လူတွေ့ လျှင် ဂျာရန်ချောင်းနေ.. အဲအဲ အပြစ်ရှာရန် ချောင်းနေသော မန်နေဂျာ၏ မျက်ခွက်ကြီးကိုလည်း မြင်ယောင်မိပါသည်။ စည်းကမ်းအရ (၉) နာရီ နောက်ဆုံး ထား၍ ရုံးသို့  ရောက်ရမည် ဖြစ်ရာ ယနေ့  အဘို့  မဖြစ်နိုင်တော့သည်ကို.. ၄င်းမန်နေဂျာ ရုတ်တရက် မရိပ်မိစေရန် ရုံးဆင်း၊ ရုံးတက် မှတ်တမ်းဘုတ်အုပ်တွင် နှင်းလွှာ ရုံးရောက်ချိန် (၈) နာရီ (၉၀) မိနစ်ဟု မကြာခဏ ရေးနေကျထုံးစံအတိုင်း ရေးရပေဦးမည်။ ဖင်းဂါးပရင့်စက် ပျက်နေခြင်းကိုပင် ကျေးဇူး တင်ရသေးတော့၏။

ယူနီဖောင်းဝတ်.. ခြင်းတောင်းဆွဲကာ ရုံးသွားရန် အဆင်သင့်ဖြစ်ချိန်တွင်မတော့ ကုတင်ပေါ်တွင် ချွတ်ပုံထားသော ဆွယ်တာ လှလှလေးကို တစ်ချက် ငဲ့စောင်းကာကြည့်မိပါသေးသည်။ အနှီဆွယ်တာ အသစ်၏ ကောင်းမှုကြောင့် ရုံးသို့  တက်ကဆီနှင့် ဒိုးရပေတော့မည်။ (ကျွန်ုပ် တာဝန် ထမ်းဆောင်နေသော ရုံးမှာ ကားမှတ်တိုင်နှင့် ဝေးလှပါသဖြင့် ဘတ်စ်ကား စီးခြင်းငှာ မစွမ်းသာပါချေ) ညှိုးငယ်သော စိတ်ထားဖြင့် အိမ်မှ ထွက်လာသော ကျွန်ုပ်.. လမ်းတစ်လျှောက် မြင်ရသည်က ဖုန်းကြီးဖုန်းငယ် အသွယ်သွယ်ဖြင့် လမ်းသွားရင်း လေကန်နေကြသူများ။ လွန်ခဲ့သော နှစ် အနည်းငယ်က အင်မတန် ဟန်းဖုန်းကိုင်ချင်သော သူငယ်ချင်းတစ်ဦး ကျွန်ုပ်အား ပြောခဲ့ဘူးပါသည်။ “ငါ ဟန်းဖုန်း ၀ယ်ပြီးရင် နင် ငါ့ဆီ လမ်းဘေးဖုန်းကနေ ၁၀ မိနစ်တစ်ခါ ဆက်စမ်းပါဟယ်…” ဟူ၍။ ယခုတော့ ထိုသူငယ်ချင်းကော ကျွန်ုပ်ပါ ဟန်းဖုန်းကလေး ကိုယ်စီနှင့် စတိုင်ကျနေချေပြီ။

မည်သို့ ပင်ဆိုစေကာမူ တရိပ်ရိပ်တိုးတက်နေသော ကုန်ဈေးနှုန်းကို.. အဲအဲ အမိနိုင်ငံတော်ကြီးကို ဂုဏ်ယူမိသည်တော့ အမှန်ပင်။ အပြောမဟုတ် အလုပ်နှင့် သက်သေပြသွားကြသော အူလဒူ.. တယ်လီနော တို့ ၏ စေတနာ (ပုဂံသို့  ဘုရားဖူးသွားကြသူများ ဟိုရောက်တော့ ဘာလိုင်းမှ မမိပါဟု ပြောပင် ပြောကြသော်ငြား) ကိုလည်း အသိမှတ် မပြုဘဲ မနေနိုင်ပါချေ။ သို့ ပါသော်လည်း ယူကြုံးမရ… အိုင်ကြုံးရ.. ဖြစ်မိသည်က အချစ်ကျောင်းတော်ကြီး၏ ကျောင်းတော်သူကျွန်ုပ်.. လက်တွေ့ ကျကျ ချစ်နိုင်ရန်.. တနည်း ဂွတီးဂွကျ ဂုဏ်ယူစရာ ဘ၀ ရောက်ရှိနိုင်ရန် ယောင်္ကျားတင်တောင်းဘို့ အရေး စုဆောင်းထားသော ငွေအသပြာများအနက်မှ တက်ကဆီဘိုး (၂၀၀၀) ဆုံးရှုံးရပေတော့မည်။ မေမေ ထည့်ပေးလိုက်သော နန်းကြီးသုတ်ဗူးကို တစ်လှည့်.. မြန်မာငွေ (၂၀၀၀) ကျပ်ကို တစ်လှည့်ကြည့်ကာ ကျွန်ုပ်ခံစားမိသည်က ယနေ့ မနက် အူလဒူကျွန်ုပ် စားရမည့် မနက်စာသည် (၂၀၀၀) ကျပ်တန် နန်းကြီးသုတ် ဖြစ်ချေတော့သည်တကားးးးး

ပြီးပါပြီ။

(click to show/hide)
+14
အဆင်ပြေရင် ထောင်ပေးနော်
  လက်မ

Offline နတ်ဆိုးကြီး

  • PDF Creator
  • ဂုဏ်ထူးတန်း
  • *****
  • Posts: 380
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • သင် ဆိုးလျှင် ကျွနုပ် ရိုင်းမည်
  • Respect: +7227
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #104 on: October 31, 2015, 11:00:52 AM »
ပွတ်ပွတ်..ပွတ်ပွတ်...မြန်မာပြည်...

ရွှေးကောက်ပွဲ နီးချေပြီတကား.....ထိုသို့ စဉ်းစားနေခိုက်....

ဖောင်း.........ဖောင်း.......

ထိုစဉ်မီးပျက်သွားချေပြီ တမုံ....။

ဗျောက်အိုးသံတို့ကား ဆူဆူညံညံ...။ဟေး..ဟု အော်သူကအော်...တောက်ခေါက်သူကခေါက်...လပြည့်နေမို့ မီးဖျက်ပေးတာ ပြောသူပြောနှင့်။ ကျွနုပ် နတ်ဆိုး ဖတ်လက်စ ဖေ့ဘုတ်ကို ဖုန်းထဲမှ ဆက်ကြည့်နေမိ၏...ကျွနုပ် ဖတ်နေသော အကြောင်းအရာသည်ကား..

 သံချောင်းပါတီအကြောင်းပင်တည်း..။ သံချောင်းပါတီသည်ကား နယ်နယ်ရရ မဟုတ်....အရက်သမား ကိုသံချောင်းမှ ထူထောင်ထားသော ပါတီပင်..။ပါတီဝင် ဦးရေ ကိုကြည့်မည် ဆိုပါက ဘုံဆိုင်ခေါ် အရက် ဆိုင်တို့တွင် ပါတီဝင် အပြည့်။ လက်ဖက်ရည် ဆိုင်တွင် ၂၀ % ၊ ဖျော်ရေမကာဆိုင်တွင် ၈၀% နှင့် ရပ်ကွက်လူ၏ ၄၀ % တို့သည် ၄င်း ပါတီဝင်များဖြစ်သည် ဆိုထားပြန်၏..။ပါတီ၏ မူဝါဒကား နဲနဲသောက် များများမူး လွပ်လတ်စွာမူးပိုင်ခွင်ရှိရန် ဖြစ်၏ ။ပါတီကို ကို သံချောင်းမှ ဥက္ကဌ ယူထားပြီး ဒု ဥက္ကဌ အနေဖြင့် ၄င်း ညီ..သံခဲ က ယူထားသည်။ စည်းရုံးရေးမှူးနေရာတွင် ငရစ် နှင့် ကိုကြွတ်တွင်း တို့က တာဝန်ယူပြီး ပါတီဝင်များအဖြစ် ရစ်ထုတ်ကြီး ၊ ငမူး ၊ ငရမ်း ၊ လေအိုး အပြင် အသောက်ဆရာကြီးများ ဝန်းရံထားလေသည်..။ထန်းသီး အဖွဲ့မှ ထန်းရေသောက်..အဖွဲဝင်များအပြင်..ဘီအီ အဖွဲ့ ၊အာမီရမ်အဖွဲ့ ၊ ဇေအဖွဲ့ များ ဝန်းရံကြလေ၏...

မဲဆွယ်ရာတွင် ပြောသော အချက်များသည်ကား..

(၁) အရက်မှောင်ခိုများ ကင်းစင်စေရမည်။
(၂)အရက် အတုများ ကင်းစင်စေရမည်။
(၃)ကံစမ်းမဲ အနဲဆုံး ၂၀၀ ပါရမည်။
(၄) အသဲအားဆေးများ အခမဲ့ ဖြန်ဝေပေးမည်။
(၅) သံပုရာသီးများ အခ မဲ့ ပေးဝေပေးမည်။
(၆)နိုင်ငံခြား အရက်များ ဈေးသက်သာစွာ သောက်သုံးနိုင်ရမည်။..ဟု ဆိုလေ၏..

ဖတ်ရင်းနှင့်ပင် ကျွနုပ် နတ်ဆိုး လေချဉ်များပင် တတ်လေတော့သည်...။မဆိုးဘူးဟု ကောက်ချက်ဆွဲမိလေသည်...။

သို့သော်....ပြိုင်ဘက် ပါတီကား ရှိချေပြီ...။ထိုပါတီကား....မြန်ကြီး ဦးဆောင်သော..ဘီယာ ပါတီဖြစ်လေသည်။..မြန်ကြီးပါတီသည်ကားလဲ နယ်နယ်ရရ မဟုတ်....ဘီယာသမား ကိုမြန်ကြီးမှ ထူထောင်ထားသော ပါတီပင်..။ပါတီဝင် ဦးရေ ကိုကြည့်မည် ဆိုပါက စားသောက်ဆိုင် ဆိုင်တို့တွင် ပါတီဝင် အပြည့်နီးနီး။ လက်ဖက်ရည် ဆိုင်တွင် ၁၀ % ၊ ဖျော်ရေမကာဆိုင်တွင် ၅၀% နှင့် ရပ်ကွက်လူ၏ ၅၀ % တို့သည် ၄င်း ပါတီဝင်များဖြစ်သည် ဆိုထားပြန်၏..။ပါတီ၏ မူဝါဒကား များများသောက် နဲနဲမူး လွပ်လတ်စွာမူးပိုင်ခွင့်ရှိရန် ဖြစ်၏ ။ပါတီကို ကို မြန်ကြီးမှ ဥက္ကဌ ယူထားပြီး ဒု ဥက္ကဌ အနေဖြင့် ၄င်း ညီ..ပေါက်ကြီး က ယူထားသည်။ စည်းရုံးရေးမှူးနေရာတွင် ငဖော နှင့် ကိုဗိုက်ပူ တို့က တာဝန်ယူပြီး ပါတီဝင်များအဖြစ် ကိုဂျားကြီး ၊ ငခွက် ၊ ငမြည်း ၊ဗိုက်ကြီး အပြင် ဘီယာဆရာကြီးများ ဝန်းရံထားလေသည်..။ABC အဖွဲ့မှ တိုက်ကား အဖွဲဝင်များအပြင်..ချမ်း အဖွဲ့ ၊ V အငွေ့ထွက်အဖွဲ့ ၊လန်ဒန် အငေါ့ထွက် အဖွဲ့ အပြင် အခြားသော အငွေ့ထွက် အဖွဲများ ဝန်းရံကြလေ၏...ထူးခြားသည်က စီးပွားရေး သမားများ ပါဝင်သောကြောင့် ဓန အင်အားတောင့်လေ၏

မဲဆွယ်ရာတွင် ပြောသော အချက်များသည်ကား..

(၁) အယ်ကိုဟော နည်းနိုင်သမျှ နည်းရမည်။
(၂)ဘုရားဟော တရားများနှင့် ကင်းလွတ်ရမည်
(၃)ကံစမ်းမဲ အနဲဆုံး ၅၀၀ ပါရမည်။
(၄) ဆီးရွှင်ပြီး ကျန်းမာရေး ညီညွှတ်စေရမည်။
(၅) နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် မှန်ကန်စေရမည်
(၆)အမူးလွန်ပြီး ခေါင်းကိုက်တာမျိုး မဖြစ်စေရ။..ဟု ဆိုလေ၏..

ဒီပါတီလဲ မဆိုး ဘူးဟု ထင်ကြေးပေးမိလေသည်။ မဲဆွယ်ပုံများ အောက်တွင် အပြိုင် အဆိုင် တတ်လာလေသည်။ ထန်းရေသောက် ကျောင်းသူများပုံနှင့် ဆေးလိပ်သောက် ကျောင်းသူပုံ...
အောက်ကမှ ထန်းရေသောက်မလား ဆေးလိပ်သောက်မလား..ဟု ဆိုထားပြန်သည်။ ကွန်မန့် ဟုခေါ်သော ရန်ဖြစ် သောနေရာတွင်..
ကို အာကြီးမှ ထန်းရေသောက်က ဘွပျက်နိုင်သည် ။ဆေးလိပ်သောက်က ဘွ အပျက်နိုင်ဟု ရေးသားရာ..အောက်မှ ငမူးရစ် မှ ထန်းရေးသောက်က အသားလှ မြန်မာ့ ရိုးရာ စစ်စစ်..ဆေးလိပ်သောက်က ကျောက်ကပ်ထိမည်ဟု ချေပထားပြန်သည်...။

ထိုသို့ ပွတ်ကောင်းနေခိုက်..ဖုန်းမှ MPT မက်ဆေ့ တဆောင်တတ်လာလေသည်..your balance is 0 Kyats.Pleace.........
ကျနုပ်နတ်ဆိုး စဉ်းစားမိတာကတော့ ပွတ်ပွတ်...ပွတ်ပွတ်ပြီး ကိုယ်ပိုက်ဆံကိုယ် အကုန်ခံ အဆဲဖတ်ရသော မဲဆွယ်ကာလ ....
ရန်ဖြစ်နေကြသော အင်တာနတ်မှ လူများ...အပွတ်ခံရသော မြန်မာပြည်...ထို့ကြောင့် နတ်ဆိုး စဉ်းစားမိတာက ဘယ်ပါတီမှ မထည့်ပဲ သာကေတ ဇော်လတ်ထံမှ ၆ ပေဓါး ငှားကာ ကွကိုယ်သာ သတ်သေချင်မိတော့သည် တကား.....

ရွှေးကောက်ပွဲ အကြို အမှတ်တရ သရော်စာ(31.10.2015)
နတ်ဆိုးကြီး
+5
« Last Edit: October 31, 2015, 11:04:27 AM by နတ်ဆိုးကြီး »

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3363
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19903
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #105 on: January 15, 2016, 10:30:34 AM »
ကွန်ပြူတာ ဂန့် နေတဲ့ရက်ကလွဲပြီး တနေ့ တနေ့  ရှိသမျှတော့ပစ်..တင်သမျှပို့ စ်တွေလိုက်လိုက်ဖတ်လိုက်ရတာ
အသည်းလေးတောင် နီရောင်မသန်းရဲတော့ဘူး...။ ဗဟုသုတရမဲ့ ပို့ စ်တွေလည်း အစုံအလင်တွေ့ မိတယ်..။
ထူးထူးဆန်းဆန်း ပို့ စ်တွေလည်းတွေ့ ရပါ့..။ တစ်ယောက်ချင်းရဲ့ 18+ ရူးသွပ်မှုဆိုတော့လည်း ပြောဘို့ မတတ်
သာဘူးပေါ့လေ...။ တကယ့်ကို ထူးထူးဆန်းဆန်း ပီအမ်လည်း အပို့ ခံရဘူးပါရဲ့ ..။ ဒါပေမဲ့  ကျောင်းထဲမှာ
မဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေ မရှိသေးတာလည်း သတိထားလိုက်မိတယ်....။
လွန်ခဲ့တဲ့ ၂၀၁၅ မတ်လက စာအုပ်တစ်အုပ် လက်ဆောင် ရခဲ့တယ်..။ အားနာပါးနာနဲ့ စိတ်ဝင်စားမှုအခံကလဲ
ရှိနေတော့ ယူထားလိုက်တယ်..။ တော်တော်နဲ့ မဖတ်ဖြစ်ပါဘူး..။ မာတိကာကိုကျော် နိဒါန်းတောင်ဆုံးအောင်
မဖတ်ဖြစ်လိုက်ဘူး. ထုံးစံအတိုင်း စားပွဲပေါ်မှာတော့ လူမြင်ရင် အထင်ကြီးအောင် တင်ထားလိုက်တာပေါ့ ။
အရင်လကတော့ ကွန်ပြူတာ ဂန့် နေတာနဲ့  ဘာလုပ်ရမှန်းမသိ မျောက်သစ်ကိုင်းလွတ်နေချိန်ကျမှ စားပွဲပေါ်က
စာအုပ်ကို သတိပြန်ထားမိတယ်..။ ဒါနဲ့ ကောက်ဖတ်ပေါ့လေ..ဖတ်ရင်းဖတ်ရင်းနဲ့  ဆုံးခန်းတိုင်ပါလေရော..။

ကျွန်ုပ် ခေါင်း ၊ ကိုယ် ၊ လက် ၊ ခြေဟူ၍ မသိတော့ပေ..။ ပရမတ်ဝါယော ၊ ဓါတ်ဝါယော ဖြစ်သော ပရမတ်
အစစ်ကိုသာ သိနေခြင်းဖြစ်သည် ။ လေပြည်လေညှင်းများ တဖျတ်ဖျတ်တိုက်ခတ်နေသကဲ့သို့  ခန္ဓာကိုယ်
တစ်ကိုယ်လုံး တရွရွ ဖြစ်နေသည် ။ တဖွဖွ ဖြစ်နေသည် ။

ကိုင်း စိတ်ပါဝင်စားကုန်သော တက္ကသိုလ်ကျောင်းသားကျောင်းသူအပေါင်း သူတော်ကောင်းတို့  တော့ပစ်
အသစ်ဖွင့်ပြီးဆွေးနွေးလိုကြလျှင် ပြောကြကုန်လော့..။ ဆောင်းတွင်းအခါ သွေးလေခြောက်ခြား၍
ဂယောင်ကတမ်းဖြစ်လို့ လား အရင်လိုဆိုလျှင်ဖြင့် အနှုတ်ခံခြင်လိုလား မသိ..
တွေးမိတွေးရာ..ရေးမိရေးရာ ရေးလိုက်လေ၏

+8
« Last Edit: January 27, 2016, 01:00:25 PM by tunaye2011 »

Offline MTK

  • စီနီယာမမ
  • ***
  • Posts: 422
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +2391
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #106 on: January 15, 2016, 01:17:55 PM »
ကွန်ပြူတာ ဂန့် နေတဲ့ရက်ကလွဲပြီး တနေ့ တနေ့  ရှိသမျှတော့ပစ်..တင်သမျှပို့ စ်တွေလိုက်လိုက်ဖတ်လိုက်ရတာ
အသည်းလေးတောင် နီရောင်မသန်းရဲတော့ဘူး...။ ဗဟုသုတရမဲ့ ပို့ စ်တွေလည်း အစုံအလင်တွေ့ မိတယ်..။
ထူးထူးဆန်းဆန်း ပို့ စ်တွေလည်းတွေ့ ရပါ့..။ တစ်ယောက်ချင်းရဲ့ 18+ ရူးသွပ်မှုဆိုတော့လည်း ပြောဘို့ မတတ်
သာဘူးပေါ့လေ...။ တကယ့်ကို ထူးထူးဆန်းဆန်း ပီအမ်လည်း အပို့ ခံရဘူးပါရဲ့ ..။ ဒါပေမဲ့  ကျောင်းထဲမှာ
မဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေ မရှိသေးတာလည်း သတိထားလိုက်မိတယ်....။
လွန်ခဲ့တဲ့ ၂၀၁၅ မတ်လက စာအုပ်တစ်အုပ် လက်ဆောင် ရခဲ့တယ်..။ အားနာပါးနာနဲ့ စိတ်ဝင်စားမှုအခံကလဲ
ရှိနေတော့ ယူထားလိုက်တယ်..။ တော်တော်နဲ့ မဖတ်ဖြစ်ပါဘူး..။ မာတိကာကိုကျော် နိဒါန်းတောင်ဆုံးအောင်
မဖတ်ဖြစ်လိုက်ဘူး. ထုံးစံအတိုင်း စားပွဲပေါ်မှာတော့ လူမြင်ရင် အထင်ကြီးအောင် တင်ထားလိုက်တာပေါ့ ။
အရင်လကတော့ ကွန်ပြူတာ ဂန့် နေတာနဲ့  ဘာလုပ်ရမှန်းမသိ မျောက်သစ်ကိုင်းလွတ်နေချိန်ကျမှ စားပွဲပေါ်က
စာအုပ်ကို သတိပြန်ထားမိတယ်..။ ဒါနဲ့ ကောက်ဖတ်ပေါ့လေ..ဖတ်ရင်းဖတ်ရင်းနဲ့  ဆုံးခန်းတိုင်ပါလေရော..။

ကျွန်ုပ် ခေါင်း ၊ ကိုယ် ၊ လက် ၊ ခြေဟူ၍ မသိတော့ပေ..။ ပရမတ်ဝါယော ၊ ဓါတ်ဝါယော ဖြစ်သော ပရမတ်
အစစ်ကိုသာ သိနေခြင်းဖြစ်သည် ။ လေပြည်လေညှင်းများ တဖျတ်ဖျတ်တိုက်ခတ်နေသကဲ့သို့  ခန္ဓာကိုယ်
တစ်ကိုယ်လုံး တရွရွ ဖြစ်နေသည် ။ တဖွဖွ ဖြစ်နေသည် ။

ကိုင်း စိတ်ပါဝင်စားကုန်သော တက္ကသိုလ်ကျောင်းသားကျောင်းသူအပေါင်း သူတော်ကောင်းတို့  တော့ပစ်
အသစ်ဖွင့်ပြီးဆွေးနွေးလိုကြလျှင် ပြောကြကုန်လော့..။ ဆောင်းတွင်းအခါ သွေးလေခြောက်ခြား၍
ဂယောင်ကတမ်းဖြစ်လို့ လား အရင်လိုဆိုလျှင်ဖြင့် အနှုတ်ခံခြင်လိုလား မသိ..
တွေးမိတွေးရာ..ရေးမိရေးရာ ရေးလိုက်လေ၏

မဲတူလည်း ကိုပူတာပျက်ရင် ဖတ်ဦးမှ.... ::) ::) ::)
+3
« Last Edit: January 27, 2016, 01:01:25 PM by tunaye2011 »
Now & Forever.

Offline မင်းခေါင်

  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12924
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #107 on: March 30, 2016, 10:22:17 AM »
Hi..
Hi..Hi..
ကွီးတို့  ညေးတို့ ..ခေးတို့  မင်လာဘာနော်..ကျော့်ကို ခင်ရင် ပြန် Hi ကြပါ..။ ကျော်က ဟိုနေရာ ပါ..ဒီနေရာ
ပါ..ဆိုတော့ အားလုံး သိကြမယ် ထင်တယ်...။ ဟိုနေရာပါ ဒီနေရာပါ ဆိုတာ ဟိုတော့ပစ် ၀င်ဖွ..ဒီတော့ပစ်
ဝင်ဖွတာကို ပြောတာနော်...။ နေရာတကာ ၀င်ပါလွန်းလို့  ကိုယ်တိုင်တော့ပစ်ဖွင့်ပြီး မောင်ပိုင်စီးထားတဲ့တစ်
ယောက်ကဆို..ဟိုကလင့်တွေ ဒီကလင့်တွေကို ကိုယ်တိုင် upload မလုပ်ပဲနဲ့  မတင်ပါနဲ့ ဆိုပြီး ပြောယူရတဲ့
အထိဗျာ..။ ကျော်ကလဲ ကျော်ပါပဲ..ဆိုက်တကာ့ဆိုက်တွေက ကောင်မလေးပုံတွေများတွေ့ လို့ ကတော့ ပြန်
တင်ပြီးသားပဲ..ကျော့် ဘဒိုတွေကို ဂလုစေချင်လို့ ပါ...။ မူဗီတွေတွေ့ ရင်လည်း အလုပ်ပျက် အကိုင်ပျက် တင်
လိုက်ရတာ...။ ရွှေလား..အာစီယံလားတောင် မစစ်တော့ဘူး..အဲ့ဆိုက်က ရွှေဆိုရင် ရွှေလိုက်တော့တာပဲ..။
စာရေးတာလဲ ၀ါသနာက ပါသေးသဗျ...။ မက်ဇင်းထုတ်မယ်ဆိုလို့  မနေနိုင် မထိုင်နိုင် ၀င်ရေးလိုက်သေး...။
မရွေးဘူးဆိုတာ သိလိုက်တော့ ရင်နာနာနဲ့  စာရေးခြင်းအလုပ်ကို စွန့် လွှတ်လိုက်ရတယ်ဗျာ..။ မာစတာပိစ်
တစ်ပုဒ်ရေးပြီး နော်ကထပ်ဘာမှ မရေးတော့တဲ့ ဆြာမကြီးမှတ်ချက်ကိုလဲ လွန်မှ မလွန်ဆန်ရဲပဲကိုး...။ ဒါနဲ့ ပဲ
ရတဲ့နေရာ ၀င်ရေးမဟဲ့ဆိုပြီး..ဓါတ်ပုံတင်တဲ့တော့ပစ်လဲ တင်ထားတဲ့ပုံကို ကုတ်လုပ်ပြီး ဟိုလိုလုပ်မယ်.ဒီလို
လုပ်မယ်..ဟိုလိုလို ဒီလိုလိုလုပ်မယ်ဆိုပြီး ၀င်ဝင်ရေးလိုက်တာ..အက်ဒမင်တွေ ဘာမှ မလုပ်ရပဲ ပို့ စ်တွေ
လိုက်ပေါင်းပေးနေရတာနဲ့ တင် တနေကုန်ပါရောလား..။ 18+ ဖိုရမ်ဆိုတော့ မိန်းခေး နာမည်များတွေ့ လို့
ကတော့ shout box ကနေ စကားပြောရအောင် ခေါ်လိုခေါ်..ပီအမ်ပို့ ပြီး ဟိုလိုလုပ်ချင်တယ်. ဒီလို လုပ်
ချင်တယ်ဆိုပြီး ရေးရတာလဲ အမော..။ ဒါနဲ့ မဖြစ်ချေသေးဘူး. အတန်းတက်ရအောင် လုပ်မှ ဖြစ်မယ်ဆိုပြီး
ကျော့် မော်ဒယ်ကောင်မလေးပုံတွေ တင်မယ်လို့  စိတ်ကူးရလာတယ်...။ စိတ်ကူးရတော့လဲ တင်တာပေါ့ဗျာ..
အတန်းကလဲတက်ချင်သေးတာကိုး...။ ဓါတ်ပုံတင်သူများ လိုက်နာရန်လား..ဖတ်ကို မဖတ်ဖူး..ကိုယ်တင်ရ
ပြီးရောပဲဟာ...ဖင်တွေရင်တွေတောင်ဖော်ထားသေးတာ..မျက်နှာပေါ်ပေါ် ဘာပေါ်ပေါ်ပေါ့..။ spoiler ဆို
တာလား...သိသားပဲ...။ ဖိုရမ် မလေးအောင်..page တွေ သက်သာအောင်  spoiler ခံပေးရတာလေ..။
သိလဲ လုပ်ပါဘူးဗျာ...မော့တွေ အက်ဒမင်တွေ ရှိသားပဲ..သူတို့ လုပ်လိမ့်မပေါ့..မသကာ .သတိပေးခံရယုံပဲ
ရှိတဲ့ဟာ..ခရက်ဒစ်ဆိုလဲ fb သာ တပ်ပေးလိုက်...ဘူသိတာမှတ်လို့ ...။ ခ်ခ်...ဒါမဲ့ ကျော့် ကိုတော့ လက်မ
လေးတွေ ထောင်ပေးခဲ့ကြနော်...ကျော့် ချစ်ချစ်ပုံလေးတွေ တင်မို့  သက်လား..လက်မ ၁၀၀ ကျော်ရင်တင်
ပေးမယ်ဗျာ..ကျော်က ကျော့်အကြောင်း ကျော်ရေးတာနော်.. ကွီးတို့ ..ညေးတို့ ..ခေးတို့ .ပြောတယ်မထင်နဲ့ 
တော်ကြာ..ကျော့်ကို ၀ိုင်းဆဲ..အဲ...၀ိုင်းပြီး မေတ္တာပို့ ..၀ိုင်းပြီးရီပို့ ထု လို့ ..ကျော့် အကောင့်လေး ပျက်သွားမှာ
စိုးလို့ ပါ....မမေ့နဲ့ နော်....လက်မ ၁၀၀.. ;D ;D ;D ;D စဒါဘာာာာာ နောက်တာပါ..အတည်ပြောတာပါ
ဟီးဟီး
+36
« Last Edit: March 30, 2016, 02:56:20 PM by မင်းခေါင် »

Tags: