Author Topic: ကိုယ်တိုင်ရေး သရော်စာ  (Read 63212 times)
0 Members and 1 Guest are viewing this topic.
Offline moeset
  • ပါမောက္ခ
  • *****
  • Posts: 661
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +522
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #90 on: April 19, 2014, 06:59:21 PM »
သရော်ဆရာကြီး ကိုဇော်ရဲ (ဆြာဂျီးဇက်) ပျောက်နေတုန်း လက်စွမ်းပြ သွားတဲ့ နတ်နတ်ခေး ကို ကျေးဇူးပါဗို့  ...
ရှေ့ ဆုံးက ထောင်သွားပါဒယ် ( လက်မ )
ကိုနတ်လဲ မခေသူပဲကို...
ကိုဇော်ရဲပြန်လာပြီ... လာတုန်းလေး သွားအပူကပ်လိုက်ဦးမယ်... လက်စွမ်းပြန်ပြခိုင်းရမယ်...
+5
Offline lwanthu
  • ကောလိပ်ဂျင်မမ
  • ****
  • Posts: 218
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Female
  • Respect: +4588
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #91 on: April 19, 2014, 07:52:45 PM »
နတ်ခေးက တော်လိုက်တာကွယ်...ဆက်ကြိုးစားနော်.... :-* :-* :-*
+6
I believe that two people are connected at the heart, and it doesn't matter what you do , or
who you are, or where you live;
there are no boundaries or barriers
if two people are destined to be together  .........
                                                        Julia Roberts
Offline hackerz
  • ကောလိပ်ဂျင်
  • ****
  • Posts: 200
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3373
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #92 on: April 19, 2014, 11:49:57 PM »
  နတ်နတ်ရေ သရော်စာဖတ်ချင်နေတဲ့ဆန္ဒတွေကိုဖြည့်ပေးလို့ကျေးဇူးတင်ပါတယ်။ ဖတ်လို့လည်းကောင်းမှကောင်းဗျာ။ တစ်ခုတော့သတိပေးပါ့ရစေ နာ့ကို ဇာတ်လမ်းထဲမှာထည့်ရေးရင်တော့ နာ့အကြာင်းသိမယ်ဟွင်း။ ( ဟာဒီကောင်က ဘာကောင်လဲ သူ့များကြောက်စရာလား တမင်ကိုထည့်ရေးလိုက်ဦးမယ်။ ) အဲလိုစိတ်တိုပြီး ဇာတ်လမ်းထဲမှာနာ့ကိုထည့်ရေးအောင် ဆွပါသည်။ :P :P
+6
Offline zawye
  • အငြိမ်းစား ကထိက
  • ***
  • Posts: 1055
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7564
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #93 on: May 02, 2014, 04:05:24 PM »
ဆရာကြီးဇက်နှင့် သင်္ကြန်အလွဲ
ဆရာကြီးဇက်လည်း အလုပ်မအားတာတစ်ကြောင်း ကိုးနတ်ရှင်မတင်ဖြစ်တာက တစ်ကြောင်း စာမရေးဖြစ်တာကြာလေပြီ။ ယခုအချိန်သမယကား ဆရာကြီးဇက် အားအားယားယားဖြစ်နေသော ကြောင့် ဤစာကိုရေးလေ၏။
ဆရာကြီးဇက် သင်္ကြန်ကာလ အလုပ်အားသောကြောင့် မဒမ်ဇက် ပူဆာသည်ကတစ်ကြောင်း ခယ်မ ၃ယောက် က ၀ိုင်းဝန်း ပူဆာသောကြောင့် သင်္ကြန်ကာလကို ရတနာပုံ ဟုအမည်တွင်လတံသော မန္တလေး ကို သင်္ကြန် အကျတ်နေ့ လည်လေသတည်း။ ဆရာကြီးဇက်တို့နေထိုင်သည်က ပြင်ဦးလွင် မှမနက်စောစော ထ၍ချီတက်ကျလေသတည်း။ မန္တလေး သို့ရောက်လေလျှင် ရှေးဦးစွာကြုံရသည်က အုန်းချောရွာ အကျော်တွင် ပက်ကျလေသော မီးသတ်ပိုက်နှင့်ဗွက်ရေများသာ ဖြစ်လေသည်…။
မနက်စာစားလေပြီးလျှင် မန္တလေးအထင်ကရဖြစ်လေသည့် ကျုံးကိုပတ်ချင်သဖြင့် တောင်ဖက်မှစ၍ ၀င်လေသတည်း။ စစချင်းစောက်နှင့်ထွင်းဆိုသလို အစကတည်းက ယဉ်ဆိုသလိုပင် တွေ့ရသည်က တန်းစီနေသော မီးသတ်ပိုက်များဖြစ်လတ္တံ ထိုမှတဖန် အနီးသို့ရောက်သောအခါတွင်ကား ၁ပေမျှသာ ဝေးသော လူများကို မီးသတ်ပိုက်များဖြင့် အားပါးတရ ပျော်ပျော်ရွင်ရွင် ပိုးစိုးပက်စက် ထိုးကျလေသတံ။
အစပိုင်းတွင် ၂ခါ ၃ခါမျှ ခံနိုင်ရေရှိသော်လည်း ၄ယောက်ပေါင်းမှ ပေါင် ၃၀၀ ပင်မပြည့်ချင်သော မဒမ်ဇက် နှင့် ခယ်မတစ်သိုက်မှာ ကျောကော့အောင်ခံနေရလေတော့သည်။ ဆ၇ာကြီးဇက်လည်း မနေနိုင်တော့သဖြင့် ကြီးမားလှသော ဆရာကြီးဇက်၏ အတ္တဘောခန္ဒာကိုယ် ကြီးဖြင့် ကာကွယ်လေတော့သည်။ မောင်မင်းကြီးသားမီးသတ်ပိုက်သမားများကလည်း မကြေနပ်၍ထင် ဆရာကြီးဇက်အား အားရပါးရ နေရာပေါင်းဆုံမှဝိုင်းဝန်းထိုးကျလေတော့သတတ်။
ခေသူမဟုတ်သော ဆရာကြီးဇက်လည်း သူတို့ထိုးသမျှကို ကာကွယ်ရင်းကာကွယ်ရင်း မီးသတ်ပိုက်ဖက်သို့ နောက်ကျောပေးအနေအထားသို့ရောက်မှန်းမသိရောက်နေလေတော့သည်။ ထိုစဉ်အချိန်တွင် အကွက်ကောင်းစောင့်နေသော မောင်မင်းကြီးသားမီးသတ်ပိုက်သမားများကလည်း ဆရာကြီးဇက်၏ တင်းရင်းလှပတောင့်တင်းဖြောင့်စင်းသော တင်ပါး၂လုံးကြားကို အောက်မှပင့်၍ ၀ိုင်းဝန်း ထိုးကျလေတော့သည်။ ဆရာကြီးဇက်လည်း အစပိုင်းတွင် အမျိုးအမည်မသိ အရသာတစ်မျိုးကို ခံစားရလေသော်လည်း နည်းနည်းလေး နေရာရွေ့သွားသောအခါ အုတက်မတက် ခံစားရလေတော့သတည်း။ ထိုကြောင့် လက်ကလေးပိတ် ကွတကွတ နှင့် ခုန်ဆွခုန်ဆွ ဖြစ်နေသော ဆရာကြီးဇက်ကို ထပ်၍ထပ်၍ ထိုးကျလေတော့သည်။ ၃နာရီခန့် ထရစပ် နီးပါး အထိုးခံပြီးဆရာကြီးဇက်လည်း ကုန်းတုန်းကွတ မြန့်မာ့အလှ အကဖြင့်ဖြော်ဖြေနေသလိုဖြစ်နေသတည်း။ ထိုနေ့ပြီးသော် ဆရာကြီးဇက် လည်း ထိုင်လည်းမထိုင်နိုင် ထလည်းမထနိုင် လေးဖက်လေးထောက်ပြီးသင့်တော်သလိုနေရလေသတည်း။ ကြောက်လိုက်တာ မန္တလေးသင်္ကြန်ရယ်……………-ုနှစ်လုံးနာပါတယ်…………..
+7
sex is something we do but love is main thing we live
Offline နတ်ဆိုးကြီး
  • PDF Creator
  • ဂုဏ်ထူးတန်း
  • *****
  • Posts: 374
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • သင် ဆိုးလျှင် ကျွနုပ် ရိုင်းမည်
  • Respect: +6787
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #94 on: May 02, 2014, 05:24:50 PM »
နတ်နတ် နှင့်ကျောင်းတော်မှ ဆြာကြီးများ
ဆရာကြီးဇက်...ဆရာကြီးဇက်နှင့် နာမည်ကျော်သရော်ဆြာကြီး လက်စွမ်းပြချေပြန်ပြီတမုံ.....။နတ်နတ်လဲ...ဆြာကြီးမိုးစက်....
ပြောသလို.......... မခေသူ တမူထူးလို့......... ဆြာဇက်နှင့် ပခုံးချင်းတိုက် လေပြီ.......တကား။ သို့နှင့် .......အတိုက်မတော် .........အမှတ်ပင်လျော့နိုင်သေးသည့်.. ရန်ကလဲစောင့်မျှော်တော့သည်....လေ။ အားမလျော့ မာန်ခဲလို့ ပုရွက်ဆိတ်လဲ ပုရွက်ဆိတ်အား ပြရမည်မဟုတ်ပါလား....။..ပူအိုက်သောရာသီ..ချွေးများပါသီးသီကျ...  ကွန်မကောင်းသည့်ကြား...ရသမျှ ညှစ်ထုတ်....အဟုတ်တကယ်...အပြောကြွယ်ရရင်....ဆြာကြီးဇက်ဆိုတဲ့.....ချာတိတ် ထိပ်ရိုက်လို့ ပြေးတော့.....လို့သာ....။ကိုဟက်ကာလဲ မဆိုင်ပဲ.....ဂလိုင်...သံချောင်းနှင့်ခေါက်သေး......။ဦးရင်ပြုံးက အရင်ထောင်...ဟန်ကျသည်က တမျိုး....။ကိုတော်ဝင်က ...အေးဆေး...သူမသိသလို.....။ကိုပုတုတို့များ...မာနက ခပ်ကြီးကြီး.... ။အရူးလေးက မာန်တတ်....ဟန်မပျက် ချက်ခန်းဝင်....။တမူထူးတဲ့ ...ကနိုးတူးက ....ချက်ခန်းမှာအိပ်ပျော်...။
နတ်နတ်မျော်တာက ...မိလွမ်း......တကယ်တန်းတွေးရင် ပြူးပြူး ပြတာက မဲတူ။၎င်း၎င်း...သော ဆြာကြီးများကို ....စိန်ခေါ်...တိမ်ပေါ်က စောင့်မဲ့ နတ်မင်း....အခင်းတကယ်ပြုလို့ ..စစ်ကြေညာလိုက်သည်...ဆြာကြီးဇက်နဲ့ အပေါင်းအပါ တသိတ်...ခေါင်းချင်းရိုက်လို့ ....တွေးခေါ်ကြပါကုန်......
+8
Offline SnowFlake
  • မဟာကျောင်းသူ
  • ***
  • Posts: 1064
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Female
  • နောက်ဆုံး ထွက်သက်ထိ ချစ်သွားမှာပါ............
  • Respect: +28438
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #95 on: May 18, 2014, 10:47:35 PM »
ပြန်လာပါဘီ..(ကိုရီးယားကားထဲကစတိုင်)
ကျောင်းထဲပြန်ရောက်တာနဲ့ ပြောစရာက များလာတော့တာပဲ..
တကယ်က အမိမြန်မာပြည်ရဲ့  မြို့ တော်ကြီးမှာ နေတာပါလို့ …
(ဘုရင်တွေနေတဲ့နေရာလည်းဟုတ်ဘူးနော်)
ညနေ ၆ နာရီ အိမ်ပြန်ရောက်ရင် ရေမိုးချိုး၊ရှိသမျှ အိုးခွက်လှန်
မမေချက်ထားတာ အဆင့်သင့်စားပြီး တရေးအိပ်တတ်ပါကြောင်း…
(ရုံးမှာက ပင်ပန်းတယ်လေ..အရင်က အလုပ်က တစ်ခုတည်း..အခုက လစ်တာနဲ့ ချက်တဲ့ လစ်ချက် အလုပ်တစ်ခုပိုလာတယ်ကော)
ည ၁၀ နာရီလောက်ဆို ပုံမှန် တရေးကနိုး..
လူခြေကလည်းတိတ်တော့ ကျောင်းထဲဝင်...
တာင်လုပ်မြောက်လုပ်ပေါ့..ဂလိုပါ..။
ကျောင်းထဲလည်းရောက် chat box ကလည်းဖွင့်ထားဆိုတော့
ှနှင်းက ဘယ်နိုင်ငံမှာလည်းလို့ မေးကြရော..အဲဒီတော့ သူငယ်ချင်းတွေလည်း မေးခွန်းထုတ်ရ သက်သာအောင် မိနှင်း မြန်မာပြည်မှာ နေပါကြောင်း ၊ မြန်မာပြည်ကို ချစ်ကြောင်း ပြောမလို့ ပါ..။
နှင်းတို့ မြန်မာပြည်က အင်မတန် ပျော်စရာကောင်းတာပါ..။
အမှိုက်ဆိုလည်း ကြုံသလို ပစ်။ကိုကို တွေဆို လမ်းဘေးမှာ
ရှူ ရှူ ပေါက်ချင်ပေါက်။အုတ်နံရံ က ကွမ်းသွေး တွေကလည်း
ကြည့်တတ်ရင် ကဗျာပါပဲ…။
သာယာတာလည်းမပြောနဲ့ တော့..တချို့  လမ်းတွေ များ
မိုးရာသီဆို စမ်းချောင်း ဖြစ်သွားတာ..။
မိုးသံလေသံလေးများကြားရင် EPC က မီးဖြတ်ပေးသေး..။
လျှပ်စစ်ဘေး ပူစရာမလိုဘူးပေါ့။ အဲ..အဲ…ဒီလို ဆိုလို့ များ မိနှင်းတို့ မြန်မာပြည် မီးရှားတယ်မထင်နဲ့ နော်..။
သတင်းစာကိုင်တာနဲ့ လင်းထိန်နေတာရှင့်..။
ဟို..ဘုရင်တွေနေတဲ့ နေရာမှာ ထွန်းထားတာများ တံတားဘယ်နှစ်စင်းဆောက်လို့ ရတယ်မှတ်သတုန်း..။
ပြီးတော့ ရှိသေးတယ် ပညာရေး ကွန်ယက် ကျယ်ပြန့် တာပြောပါတယ် ..ကျောင်းအုပ်ကြီးကို ကန်တော့ဘို့ ဆိုရင် ကျောင်းနံမယ်သာပြောလိုက် ဘာအရောင်ဘာအဆင် ကြိုက်တယ်ဆိုတာ အတတ်သိပြီးသား ဆိုင်တွေ ရှိတယ်တော့..။
ကိုယ်စိတ်နဲ့ မှန်းရင်တောင် လွဲနိုင်သေးတယ်..။အဲဒီအခြေခံ အုတ်မြစ်လေးက ဘယ်ထိခိုင်သွားလည်းသိလား..။
ဟို စာရင်းထဲဝင်မဲ့ ဟိုဒင်းတွေကို တွေကို လေ့ကျင့်ပေးတဲ့University မှာလေ..အိပ်ရာကို စနစ်တကျ မသိမ်းရင် အမှတ် လျှော့သတဲ့..။အဲဒီ အခက်အခဲကို ဘယ်လိုရှင်းသလဲ ဆိုတော့ ကိုယ့်အိပ်ရာကို လုံးထွေးပြီး Box ထဲထည့်..၊ကုတင်ပေါ်မှာ ကျောင်းက ပိုက်ဆံပေးငှားထားတဲ့ အသင့်ခေါက်ပြီးသား အိပ်ရာလေး တင်ထားလိုက်ရုံပဲတော်ရေ့ ..။..ဂလို..ဂလို..။
တနေ့ က မိနှင်းတို့ ရုံးမှာ ဌာန တစ်ခုနဲ့ ပက်သက်ပြီး ကြန့် ကြာနေတဲ့ အလုပ်ကလေး တစ်ခု..၊
မိနှင်းနဲ့ မမမန်နေဂျာ ဖြေရှင်းလိုက်ရသေးတယ်..။
သိပ်မခက်ပါဘူး..ခြင်းတောင်းပလုံးထဲ ပုံး ထည့်ပြီး ကြာဇံကေနဲ့ ဘဘကို အစ်ကိုကြီးလို့    နာနာခေါ်ပေးလိုက်တာ မကြာမနှေး ပြီးသွားပါပကော..။
ဒါပဲလေ..မြန်မာ့စိတ်ရင်း ကူညီခြင်းဆိုတာ..။
ဒီလို စိတ်ရင်းကောင်းလို့ လည်း တိုင်းပြည်ချမ်းသာတာပေါ့။
လွန်ခဲ့ တဲ့ ဆယ်စု နှစ်ကဆို ၁၅၀၀ တန်ဖုန်းကို ၁၅ သိန်းနဲ့ 
ဝယ်ကိုင်ကြတာနော်..။မိနှင်းတော့ မပါ ပါဘူးလေ..။
မိနှင်းတို့ က အခုမှ ပင်စင်စားတွေအတွက် ချပေးတဲ့ ဖုန်းကို လမ်းတ၀က်က ဖြတ်ခုတ်ရတာပါ..။ဒါကလည်း ပင်စင် မစားသေးတဲ့ သူတွေအတွက် အားပေးယုံလေးပါအေ..။
အင်း..ကျောင်းထဲစကားပြောရင်း မိနှင်းတို့ အမိ University ကို သွားသတိရမိတယ်..မြကျွန်းညိုညို တော့ဟုတ်ဘူးပေါ့နော်..။
လွင်တီးခေါင်ခေါင်..ကွင်းပြောင်ပြောင်..။ တစ်ခုတော့ ကောင်းတယ်ရှင့် 
အိမ်မှာ တစ်ညလုံးစာကျက်..၊ကျောင်းကားပေါ် တမုန်းအိပ်..။ သွားရတဲ့ လမ်းတလျှောက် လှိုင်းလေးက တငြိမ့်ငြိမ့်..။ဇိမ်ပဲ..။
ကျောင်းလည်းရောက်ကော လန်းနေလိုက်တာများ နေ့ နဲ့ ညတောင်မှားပါတယ်ဆို..။
ကျန်းမာရေး နဲ့ ပက်သက်လို့ လဲ ဘာမှပူနဲ့ ဆေးလေးသာ ၀ယ်သွား..ဆေးရုံတွေကတော့ ပေါမှပေါ..။
ကျန်းမာခြင်းသည်လာဘ်တစ်ပါး..အလကားစကားမှမဟုတ်ဘဲရှင်..။
လာဘ် မရှိလို့ ကတော့ သေဘို့ သာ..အဲ..အဲ..
ဘာတွေပြောမိကုန်ပါလိမ့်..။
နားရွက်ဆွဲပီး ထိုင်ထ အခါတစ်ရာ လုပ်မယ်လေ..နော့..။ဟီး..ဟီး။
အမှားပါရင် ပြင်ဖတ်ပေးကြပါ..။
တိုက်ဆိုင်မှုလေးတွေရှိခဲ့ ရင်ခွင့်လွှတ်ပေးကြပါ..။
အပျော်သက်သက် ကလေးပါလို့ …။
အရှုပ်ထုပ်ကလေး…နှင်းလွှာ..။
+30
အဆင်ပြေရင် ထောင်ပေးနော်
  လက်မ
Offline နတ်ဆိုးကြီး
  • PDF Creator
  • ဂုဏ်ထူးတန်း
  • *****
  • Posts: 374
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • သင် ဆိုးလျှင် ကျွနုပ် ရိုင်းမည်
  • Respect: +6787
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #96 on: July 18, 2014, 11:36:31 AM »
ဗိုလ်ချုပ် အောင်ဆန်း နှင့် ကျွနုပ်ကောင်းကင် နတ်မင်း ခေတ္တ တွေ့ဆုံခြင်း
အိမ်း အမေရိကန်ပြည်မှာ သမ္မတ လင်ကွင်း ကို ဆေးထိုးပြီး ပြန်အသက်သွင်းသည်ဟု ဆိုသည်။ သမ္မတ လင်ကွန်းသည် ခေတ္တ ခဏ နိုးထ လာပြီး စကားပြောသည် ဆိုပါလား....အိမ်း...ထူးဆန်းပေစွ....တကား။ကျွနုပ် ကောင်းကင်နတ်မင်း ဖတ်နေသော ဆောင်းပါး အား အတွေးဝင်နေတုန်း......ကောင်းကင်နတ်မင်းဆိုတာ မင်းလားဟေ့...ဟု ဆိုသော အသံနှင့်အတူ ကျွနုပ်ကောင်းကင်နတ်မင်းမှာ ဖတ်လက်စ စာအုပ်ကို ကျော်ပြီး ကြည့်လိုက်သည်။ စစ်ဝတ်စုံ ခပ်နွမ်းနွမ်းဖြင့် လူတဦး....
ကျွနုပ်။   ။ ဟာ...ဗိုလ်ချုပ်အောင်ဆန်းပဲ....အဘ ..လာပါဗျာ
ဗိုလ်ချုပ်။  ။ဟ...ဘာ...အဘလဲဟ .....
ကျွနုပ်။   ။အော်..ဗိုလ်ချုပ်ရယ်...အခုခေတ်က ဗိုလ်ချုပ် မပြောနဲ့ ဗိုလ်ကြီးလောက်တောင် အဘ ခေါ်နေရတာ....
ဗိုလ်ချုပ်။  ။ဟေ....
ကျွနုပ်။   ။ ဟုတ်တယ်ဗျ နုတ်ကျိုးနေလို့ပါဗျာ....ဟဲဟဲ
ဗိုလ်ချုပ်။  ။ဟေ့ ကောင်းကင်နတ်မင်း ဆေးကရက်ရှိလား....ငါ့ တလိပ်လောက် တိုက်ပါလား
ကျွနုပ်။   ။ ရပါ့ဗျာ....ထမင်းစားချိန်တောင် နီးတော့မယ်....ထမင်းစားရအောင်ဗျာ
ဗိုလ်ချုပ်။  ။အေး..ကောင်းသားဟ
ကျွနုပ်။   ။ နေအုံး ....ဟင်းသွားဝယ်အုံးမယ်ဗျာ.....လိုက်ခဲ့ပါလား...
ဗိုလ်ချုပ်။  ။သွားတာပေါ့
ကျွနုပ်။   ။ ဘာဟင်းစားမလဲ..ဗျ....ဒီမှာက ၁ ထောင် ၆၀၀ လားရှိတာဗျ..ဟီး
ဗိုလ်ချုပ်။  ။ဟေ..... ၁ ထောင် ၆၀၀ ဆို သူဌေးပေါ့ဟ...ပြစမ်းပါအုံး ဘယ်မလဲ
ကျွနုပ်။   ။ ဒီမှာလေ ၅၀ တန်က ၄ ရွက်....၁၀၀ တန်က၂ ရွက် ၂၀၀တန်က ၁ ရွက် ၅၀၀တန်က ၂ ရွက်လေ
ဗိုလ်ချုပ်။  ။ဟေ...ကိုးဆယ်တန်..တို့ လေးဆယ့်ငါးကျပ်တန်တို့ ရှိတော့ဘူးလားဟ...နောက်ပြီး တရိစ္ဆာန်ပုံတွေနဲ့.....
ကျွနုပ်။   ။ ဟာ...ဗိုလ်ချုပ်ကလဲ ..အဲဒါတွေက အသိမ်းခံရတယ်လေ...တရိစ္ဆာန်တွေကလဲ တယ်ပြေးတယ်ဗျ
ဗိုလ်ချုပ်။  ။ဘာ..ပြေးတာလဲ
ကျွနုပ်။   ။ ထမင်းဆိုင်တောင်ရောက်ပြီ မကြာခင်သိလိမ့်မယ်ဗျ
ဗိုလ်ချုပ်။  ။အော်..အေးအေး
ကျွနုပ်။   ။ ဒီမှာတွေ့လား ဝက်သားဟင်း တပွဲ ၈၀၀ တဲ့ ကန်စွန်းရွက်ကျော်..၂၀၀ ဖိုး ..ချဉ်ရည်ဟင်း ၂၀၀ ဖိုး
ဗိုလ်ချုပ်။  ။ဟ....ညနေ အတွက်ရော...
ကျွနုပ်။   ။ ညနေစာက လျှော့စားတဲ့ ...အဲဒါကြောင့်..ဟီး
ဗိုလ်ချုပ်။  ။ဟေ...ဘယ်သူကလဲဟ...ငါလဲ ခေတ်တွေနဲ့ အဆက်ပျက်နေပြီ
ကျွနုပ်။   ။ ဒီလိုပါဗျာ....ဒုသမ္မတကြီးက တနေ့ ၂ ထောင်ဖိုးပဲစားတဲ့ ..နောက်ပြီး ဝန်ကြီးတပါးက ထမင်းတနပ်လျှော့စားတဲ့ဗျ
ဗိုလ်ချုပ်။  ။ဟေ...လွန်တာပေါ့ဟ
ကျွနုပ်။   ။ တိုးတိုး ပြောပါ ဗိုလ်ချုပ်ရယ် ပါးရိုက်ခံနေရအုံးမယ်...
ဗိုလ်ချုပ်။  ။ဟေ.....မြန်မာပြည် လွတ်လပ်ရေးရပြီမဟုတ်လား..ဘယ်က ဂျပန်က ပါးရိုက်မှာလဲ
ကျွနုပ်။   ။ဟာ....လွတ်လပ်ရေးရပြီလေ.....သို့သော်...ပါးရိုက်ဝန်ကြီးဆိုတာ ရှိသဗျ
ဗိုလ်ချုပ်။  ။တယ်ထူဆန်းတာပဲဟ....
ကျွနုပ်။   ။ အင်း ဒါမျိုးတွေ အပြင်မှာ တကယ်ရှိသဗျ
ဗိုလ်ချုပ်။  ။အော် ....အေးအေး.....
ကျွနုပ်။   ။ကဲကဲ ..၄ ရာ ဖိုး နွားနို့ ဝယ်ရအောင်ဗျာ
ဗိုလ်ချုပ်။  ။ဟ...ဘာလုပ်ဖို့လဲဟ
ကျွနုပ်။   ။ သမ္မတ ကြီးက ပြောတယ် နို့သောက်တဲ့ဗျ
ဗိုလ်ချုပ်။  ။အင်း ကောင်းသားဟ.....
ကျွနုပ်။   ။ ဟာ ..ဆန္ဒပြတဲ့ လူတွေနဲ့ တိုးပြန်ပြီကွာ...လာ...ဗိုလ်ချုပ် ဟိုဘက်လမ်းကသွားရအောင်
ဗိုလ်ချုပ်။  ။နေပါဦးဟ...ဘူတွေလဲ ..အလံကလဲ ဘာကြီးလဲ..တော်လှန်ရေး အလံလဲ မဟုတ်ဘူး...ဘာကြီးလဲ
ကျွနုပ်။   ။ အော် ခွတ်ဒေါင်း အလံလေ....၅၉(စ)နဲ့ (ဃ) အတွက် လေ..ဗိုလ်ချုပ် သမီး ပါတီပေါ့ဗျ
ဗိုလ်ချုပ်။  ။ဟေ.....၅၉(စ) နဲ့ (ဃ) က ဘာလဲဟ...
ကျွနုပ်။   ။ ၂၀၀၈ အခြေခံ ဥပဒေပေါ့ဗျာ...နိုင်ငံတော် သမ္မတဟာ လူမျိုးခြား(သို့) လူမျိုးခြားရဲ့ ဇနီး မဖြစ်ရဘူးဆိုတာလေ
ဗိုလ်ချုပ်။  ။ဟေ....ဒါဆို ..စုကြည်က နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတာလား....ဘုရား..ဘုရား
ကျွနုပ်။   ။ ဟုတ်တယ်လေ....အဲဒါ ဒီမိုကလေစီ ပေါ့ဗျ..ဟီး ဒါ သူ့ လွတ်လပ်ပိုင်ခွင့်ပဲလေ...
ဗိုလ်ချုပ်။  ။ဒီမိုကလေစီ...ဒီမိုကလေစီ
ဆရာ နတ်မင်း ဒီမိုကလေစီ နေ့စဉ်ထုတ် သတင်းစာ ရောက်ပြီဗျို့...ဟု သတင်းစာ သမားက အော်တော့မှ ကျွနုပ် နတ်မင်း လန့်ကာ နိုးလေတော့သည်။သို့သော်...ကျွနုပ် အတွေးထဲမှာတော့....စောစောက ခေတ္တတွေ့ရသော ဗိုလ်ချုပ် အောင်ဆန်းအား နောက်တခါ ထပ်တွေ့လျှင် ပြောချင်သော စကားများကို စဉ်းစားပြီး နေပါတော့သည် တမုံ။.....။
အာဇာနည်နေ့အား ဂုဏ်ပြုရေးသားအပ်ပါသည်။ အမှားပါတာရှိရင် သည်းခံပေးပါဗျာ။ဘာကိုမှ မရည်ရွယ်ပါ။
Post  by: ကောင်းကင်နတ်မင်း@အချစ်တက္ကသိုလ်
+10
Offline နတ်ဆိုးကြီး
  • PDF Creator
  • ဂုဏ်ထူးတန်း
  • *****
  • Posts: 374
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • သင် ဆိုးလျှင် ကျွနုပ် ရိုင်းမည်
  • Respect: +6787
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #97 on: October 18, 2014, 11:39:16 AM »
အချစ်တက္ကသိုလ် ကန်တော့ပွဲနှင့်  နိဗ္ဗာန်ဈေးပွဲတော်
တနေ့သောအခါ ကျွနုပ်ကောင်းကင်နတ်မင်း သည် တိပ် ခွေအဟောင်းများကြား ခေါင်းဆိုက်...နှိုက်လိုက်ရာ...ဗိုလ်အောင်ဒင်ဇာတ်လမ်းခွေကိုစမ်းမိ ကပ်ဆက် အစုတ်လေးထဲ ထည့်ဖွင့် နားထောင်နေလေသည်.....
"......ဝါခေါင်လ မို့...တမ်းတကာရီ.....ချိန်ရာသီတော်သလင်းလမှာ....မျှော်ရင်း ကျမ ကတော့ လွမ်းရပါသည်.....ဆီမီးရောင်ချည် ထိန်းထိန်းလင်းတော့..သီတင်းကျွတ်တော့မည်...သီတင်းကျွတ်တော့မည်....တန်ဆောင်မုန်းမှာ မောင်ဘုန်းမလာတော့  လွမ်းရပါသည်….."
ကပ်ဆက်လေးက တကြော်ကြော် အော်မြည်လေလေတော့သည် တမုံ။
ထိုအချိန်..ကိုမနီလင်း( manik linn)မှ
" ဟေ့ နောင်ကတ်.."
"ဟ.....မနီကြီးပဲ ....လာဗျာ....ထိုင်....လာလည်တာပဲလား၊ နေကောင်းတယ်နော် ၊အရင်မိန်းမနဲ့ပဲလား ၊တိုက်မိတဲ့ကားဘော်ဒီရော ဘယ်လိုနေလဲ၊ နတ်မင်းပေးထားတဲ့ handset လေးရော သုံးလို့ရသေးလား၊ သီတင်းကျွတ်ပြီးပြီဆိုတော့ ကားရော ချောင်လားဗျ။”
ဟု ကျွနုပ် နတ်မင်း အဆက် မပြတ် နုတ်ဆက်လေသည်။ မနီကြီးကလဲ အားကျ မခံ….
“အေး ၊ ကောင်းပါတယ် အရင်မိန်းမပဲ နဲနဲတော့ ဘော်ဒီပိန်သွားတာပေါ့ သုံးလို့တော့ ရသေးတယ် နဲနဲတော့ ချောင်သဟ….အွန့် ..မတာရေး…ဘာတွေမေးမှန်းမသိဘူး….တေတော့မှာပဲ…”
ထိုသို့ ယဉ်ကျေးစွာဖြင့် ပြန်လှည်နုတ်ဆက်တော့သည်။
“လာရင်း ကိစ္စလေးတောင် ပျောက်သွားတယ် … ငါတို့ တက္ကသိုလ် ဆရာ ကန်တော့ပွဲ မလုပ်ရသေးဘူး.ဟ သီတင်းကျွတ်တောင်ပြီးပြီ…တန်ဆောင်တိုင်တောင်ရောက်တော့မယ်ဟ…”
“မနီကြီးရယ် ကျောင်းစတုဒီသာ နိဗ္ဗာန်ဈေးလေးနဲ့ ဆရာကန်တော့ပွဲလေးပေါင်းလုပ်ကြတာပေါ့”
“အေး ငါ မတည်ပြီး ဦးထွန်းနဲ့ ပေါင်းလုပ်တာပေါ့ဟ….”
“ကောင်းသလို စီစဉ်ပေါ့ဗျာ..လိုရင် နတ်မင်း တတ်နိုင်တဲ့ ဘက်ကကူညီတာပေါ့..”
********* ********** ********** *****
သိုနှင့် တန်ဆောင်မုန်းလ သို့ပင်ရောက်လာတော့သည်။
ကျောင်းထဲမှ လူများ စုံစုံညီညီ တတ်ရောက်ကြသည်။ တက္ကသိုလ် ဝင်ပေါက်တွင်တော့ အချစ်တက္ကသိုလ် တန်ဆောင်တိုင် ဆရာကန်တော့ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်…ဟူ၏။ ကျောင်းသားခန်းမှ အလံတိုင်များက ဒီနေ့တွင် အစီအရီ….နိဗ္ဗာန်ဈေးတွင် တာဝန်ကျသူက ကိုဟက်နှင့် ကိုချာ..။ အရင်ဆုံးတွေ့ရတဲ့ နိဗ္ဗာန်ဈေး နံပါတ် ၁ က ဦးထွန်းအေးရဲ့  ဘီလူး ၅ကောင် ဆေး အလှူ ။ ၂ က တော့ ကိုနိုတူး မှ ပဲမြစ်..၃ က လွမ်းသူ၏ ဖရဲသီး ၄ က နှင်းလွာ၏ အိုးအလှူ… ၅ က တစ်တော့၏ ဘီယာလား ဘာလားတော့ မသိ အဝါရင့်ရောင် ဗူးများ….အလှူ..စသည်ဖြင့် ဒါနသည်သာ အဓိကထား ပေးလှူရန် အသင့်ပြင်နေကြသည်။ လော်စပီကာမှ ကိုသရဲ အသံ ထွက်လာသည်။
“အချစ်တက္ကသိုလ်ရှိကျောင်းသား ကျောင်းသူများ ခင်ဗျား….ဆရာကန်တော့ပွဲပြီမှ နိဗ္ဗာန်ဈေး လက်မှတ်များပေးမှာ ဖြစ်ပါတယ်..ဒါကြောင့် ဆရာကန်တော့ပွဲ ပြုလုပ်မည့် ဓမ္မာရုံသို့ လာရောက်ပါရန် ဖြစ်ပါတယ်ခင်ဗျားးးး”
သို့နှင့် ကျောင်းသား ကျောင်းသူများ ကန်တော့ပွဲကျင်းပရာ ဓမ္မာရုံသို့ ရောက်လာလေသည်။ ဦးပြုံးက စင်မြင့်ထက်တွင် ခြင်ရုပ်ပုံထိုးထားသောတိုက်ပုံ အကျီ င်္ ကြီးဝတ်ကာ ဟိုဘက်ဒီဘက် လမ်းလျှောက်နေသည်။ ဦးထွန်းကတော့ ပန်းရောင်ရင်ဖုံးကြီးဖြင့် စင်ပေါ်သို့ ခပ်သုတ်သုတ် တတ်မည် အလုပ်..ကျွနုပ်မှ လှမ်းနုတ်ဆက်လိုက်လေသည်…
“ဟ  လေးလေး…ရင်ဖုံးကြီးနဲ့ ပါလား လေဒီထွန်းဆီက မလာတာလား”
“တိုးတိုးသာသာ လုပ်ပါ နောက်ကတ်ရာ….ရင်ဖုံးတိုက်ပုံတွေ ခေတ်ထနေလို့ လိုက်ရှာတာ မတွေ့ဘူးဟ ..ဒါနဲ့ပဲ ..ငါ့ လေဒီချစ်ချစ်ဆီက ရင်ဖုံး ကောက်စွပ်လာတာ…”
“ညှက်ချာဖျား….!!!!”
ကိုသရဲမှ ..မိုက်ကို မလွတ်တန်း ကိုင်ပြီး ဆက်အော်လေသည်…။
“အချစ်တက္ကသိုလ်မှ ပါချုပ်များ ၊ မော်ကွန်းထိန်း ၊ တွဲဘက် ပါမောက္ခများ ၊ ကထိက များ ၊ တွဲဘက် ကထိကများ စင်မြင့်ထက်မှာ နေရာယူပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်”
ကျွနုပ်လဲ စင်မြင့်ပေါ်တတ်ရန် အပြု….
“ပထမနှစ်များ ၊ကျောင်းသား ၊ကျောင်းသားကြီးများ ၊ စီနီယာ ကျောင်းတော်သားများ ၊ကောလိပ်ဂျင် ကျောင်းတော်သားများ၊ ဂုဏ်ထူးတန်း ကျောင်းတော်သားများ ၊ဘွဲ့ရ ကျောင်းတော်သားများ စင်အောက်တွင် ငြိမ်ငြိမ် နေပေးပါ..သင့်တော်သလို ထိုင်ပေးကြပါ ..မကြာခင် …ကန်တော့ပွဲကျင်းပပါတော့မယ်…”
ကျွနုပ် အပေါ်တတ်ရမလို အောက်ပဲ ဆင်းရလို ဖြစ်နေတုန်း ..
“ညီလေး နတ်မင်း လာလေ..” ကိုကြီးဦးစားကြီး နှင့် ကိုကြီး ဘီအိုဘီတို့မှ လှမ်းခေါ်လေသည်…ထို အချိန်..
“နောင်ကတ်…နင်အပေါ်တတ်ရင် နာ မကန်တော့ တော့ဘူး..ပြန်မယ်..”
ပြောသူက လွမ်းသူ…။ဟုတ်တယ်ဟေ့…..နောင်ကတ် ဆင်းလာခဲ့….ဟု ကို ပင့်ကူ ကိုဖိုးသား ကိုပူပြင်း တို့က ဝိုင်းအော်တော့သည် တမုံ …..
“ဆင်းဟ…ဖယ်ပေး…ခု ဖယ်ပေး…..”
******* **** ********** ***********
“ဆင်းဟ…ဖယ်ပေး…ခု ဖယ်ပေး…..” ဟု မဒမ်နတ်မှ ထအော်လေတော့သည်။ မပြောချင်ဘူး ည ကလဲ တည လုံးမအိပ် ဘူး …သူ မအိပ်တော့ ဒီကလဲ အိပ်မရဘူး…..ပြီးတော့လဲ သိုးချဉ်နေအောင် ဦးအောင် အရင် အိပ်တယ်…ဒီကတော့ မျက်စိတွေ ကြောင်ပြီး အိပ်မရဘူး….မပြောချင်ဘူးနော်….ဒီဂိမ်းပဲဆော့နေ…ကြာကြာနေ ဖုန်းပျက်လို့ အသစ်ဝယ်ပေးဆိုရင်တော့ Sorry ပဲ…ခုလဲ လူကို ခွပြီး ကုလားသေ ကုလားမော အိပ်နေလိုက်တာ…ဖယ်..ဒီခြေထောက်ကြီး…..ကိုယ်ဟာ့ကိုယ် အပျို ပဲကောင်းတယ် ယောင်္ကျားယူပြီး နေ့မအိပ်ရ ည မအိပ်ရ……………………………………………..
စသည်ဖြင့် မြည်တွန်ကာ မနက် အာရုံကို နံနက်ချိန်ခါတေးသံသာဖြင့် မဒမ်နတ်ဖွင့် ပေးတော့သည်…..မဟုတ်ပါလား…..
Post  by: ကောင်းကင်နတ်မင်း@အချစ်တက္ကသိုလ်
+7
Offline မင်းခေါင်
  • ဘွဲ့ရ
  • ******
  • Posts: 848
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12301
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #98 on: November 24, 2014, 10:57:08 AM »
ဘကြီးပြုံး စိတ်ပူနေသည် ။ မကြီးနှင်းက မလာသေး.အဲ..ကျောင်းမတက်သေး..။
မြန်မြန်နေကောင်းဘို့  ဆုတောင်းပါသည် ။ ကျောင်းတော်ကြီးလည်း ခြောက်သွေ့ နေသည် ။
ပို့ စ်များလည်း သိပ်မတက်ပါ..။ တက်သည့်ပို့ စ်မှာလည်း တစ်ပို့ စ်တည်းကို ၃ နေရာလောက် ခွဲတင်နေသည် ။
ဘကြီးထွန်းလည်း စိတ်ညစ်ပြီ..။ ညစ်တွန်း တွန်းပြီး ပြန်ဖြေပုံရသည် ။ ချက်ခန်းထဲမှာတောင် ငိုချင်း ချ၏
(click to show/hide)
မမလွမ်းလည်း မနေနိုင်ပါ..။ တတ်နိုင်သမျှ ၀င်ဖြေသွား၏ ။ ထို့ ကြောင့် ကျောင်းအတွင်း မှာ နာမည်ကြီးသည် ။
ကျန်တာများလည်း ကြီးပါ၏ ။
ကျောင်းသူလေးများ ကျောင်းပြေးကြသည် ။ ကျောင်းတက်လျှင်လည်း ဘာမှ မတင်တော့ပါ ။
ကျူလို့ မရရင် အကစ်ခံရမှာ ကြောက်ကြ၏ ။ ဒေါ်လေးမဲတူကိုတော့ ကြောက်ကြသည် ။ အမြင်မတော်လျှင် ဘုတော၏ ။
တော်တော်များများ ရှောင်ကြသည် ။ မရှောင်သူများလည်း ရှိပါသည် ။ တွတ်ပီ ပြောသလို မရှောင်လျှင် လွတ်၍ဖြစ်သည် ။
ယောင်တောင်ပေါင်တောင် မောင်မင်းခေါင် မနေနိုင်မထိုင်နိုင် ပြောမိပါသည် ။ အနှုတ်ခံရမှာ သိပါ၏ ။
+11
Offline SnowFlake
  • မဟာကျောင်းသူ
  • ***
  • Posts: 1064
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Female
  • နောက်ဆုံး ထွက်သက်ထိ ချစ်သွားမှာပါ............
  • Respect: +28438
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #99 on: December 04, 2014, 07:14:07 AM »
ဘကြီးပြုံး စိတ်ပူနေသည် ။ မကြီးနှင်းက မလာသေး.အဲ..ကျောင်းမတက်သေး..။
တယ်.. ဒီကလေး ယောင်တောင် ပေါင်တောင်နဲ့  ပြောပြန်ပြီပေါက်ကရ.. မလာတာက နာလေ.. ဘောက်မဲ့ကြောင့် ဘဂျီးပြုံးက ပူ ရသတုန်းးး
အော်.. စိတ် စိတ်.. စိတ်ပူတာ.. ခွိခွိ.. ညက်မှန်မတပ်ဘဲ ဖတ်မိတာ စိတ်တစ်လုံး မမြင်လိုက်ဘူး ဖစ်တွားဒယ်.. ချောဒီးပါ ကမင်းခေါင်ရေ..
နှင်းက အနောက် သန်တော့ရင် ဘယ်သူ့ အပေါက် ဘယ်လို နောက်လိုက်ရမလည်းပဲ ကြံဖန်တွေးနေမိလို့ ပါနော့..
နေကောင်းဘို့  ဆုတောင်းပေးတာ ကျေးကျေးပါ..လို့  ရှေ့ လျှောက် မျက်စိနောက်စေရပါမယ်..နော့
+12
အဆင်ပြေရင် ထောင်ပေးနော်
  လက်မ
Tags: