Author Topic: ကိုယ်တိုင်ရေး သရော်စာ  (Read 68535 times)

0 Members and 1 Guest are viewing this topic.

Offline minthowae

  • အငြိမ်းစား ကထိက
  • ***
  • Posts: 677
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5935
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #80 on: November 13, 2012, 10:36:08 AM »
တစ်နေ့သနှိုက်(မနေ့က)နေ့လည်ခင်းတွင် မားသားကြီးက အသစ်ဝယ်လာသော မြန်မာ့မြန်မာ့ရုပ်ရှင်ဇတ်ကား ၄ ချပ်တွဲကြီးအား ဖွင့်ကာ ကြည့်တော့
အနားမှာ လက်တော့နဲ့ အင်တာနက်ဖွင့်ပြီး အေးရှားသူလေးတွေနဲ့ဘလက်ခ်မန်းကြီးတို့ ကုတင်ကျိုးတဲ့အောကားတွေ ဒေါင်းမလို့ကို အစဉ်မပြေလေတော့
မထူးဘာဘူး ဆိုပြီး အသံကြား ရုပ်လာ နေမှတော့ အဲ့ရုပ်ရှင်ကြည့်မိလေသတည်းးးးး

စကတည်းကိုက မင်းသားက နှုတ်ခမ်းနီတွေရဲအောင် ဆိုးထားတာ မြင်တော့(မြင်ကွင်းတွင်ပေါ်လွင်လှအောင် ဘယ်မိတ်ကပ်ဆရာကပြင်သလည်းမသိ.. ယောကျားလေးက
နှုတ်ခမ်းကြီးရဲတွတ်အောင် ဆိုးထားတော့) လိုင်းများပြောင်းသွားပလားလို့...တွေးမိလေဧ။်..

မင်းသမီးသည်ကား.. မြန်မာကားတို့တွင် ထုံးစံအတိုင်း သူက အလယ် ဘေးကပံ့ပိုးရရှာသော ဇတ်ပို့ မင်းသမီး၂လက်၃လက်နှင့် ပဲများကာ  လိုအပ်သည်ထက်ပိုသော
အမူအရာတို့ဖြင့် ကင်မရာရှေ့တွင် ဘယ်ဒါရိုက်တာက သင်သည် မသိ... ရိုးရှင်းစွာ ပြောသော စကားကိုပင် ညှတုတုနှင့်  အကယ်ဒမီရှော့ခ် သရုပ်ဆောင်တာ မြင်သော
အခါ ကိလေသာ ထကြွလွန်းအားကြီးသော ကျုန်ုပ်သည်ပင်လျှင် .. တရားစခန်း ၀င်ချင်စိတ်ပေါက်အောင် ပြောင်မြောက်စွာ အနုပညာရသပေးလေဧ။်.

အော်.. အနုပညာသက်တမ်း နုသေးလို့ ဖြစ်မှာပါလို့ ကြံဖန်ဖြည့်တွေး(  ငါတို့လိုကြည့်တဲ့လူဒွေဆီကနေ ပိုက်ဆံသောက်သောက်လည်းရတဲ့ သက်တမ်းကိုတော့ မေ့)ပီး
မှန်းစမ်း.. ဇတ်လမ်း.. ဇတ်အိမ်ဆိုပြန်တော့...

ဟိုက်... ၂ခန်းလောက်ကြည့်ပီးထဲက ဇတ်သိမ်းကို သိနေတဲ့ ပေါကြောင်ကြောင် အူကြောင်ကြား ကလိထိုးပြီး အတင်းရီခိုင်းတဲ့ ဇတ်ကားကြီးပါလား  ဆိုတာ သိလေတော့
မားသားကြီးအား မနေနိုင်ပဲ ပြောမိလေသည်...

အမေကလည်းဗျာ.. အဲလောက်ပေါကြောင်ကြောင်ကားကို ဘာလို့ ၀ယ်လာသတုန်း.. ဘယ်လောက်တုန်း ဆိုတော့ ၁သောင်းနဲ့ဘယ်လောက်ဆိုလည်း

ဟမ်.. ရှုံးမှာ.. ဒီကားတော့.. ဘယ်သူမှ လာငှားမှာ မဟုတ်ဘူး (ကျွန်ုပ်အမေသည်ကား ဗွီဒီယိုအခွေငှားဆိုင်ဖွင့်ထားသည်ပေါ့)
ပြန်ပြောလိုက်သော မာတာမိခင်ကြီး စကားကြောင့်.. ကျွန်ုပ် ဟိုက်ခနဲ ဖြစ်ကာ.. စိတ်လေသွားသည့် စကားသည်ကား

အေး.. မင်းမသိလို့ ခု နှစ်ပတ်ထဲတင် ငါ ခွေဝယ်တာနဲ့ ခွေငှား ပြန်ရတာမှာ အရင်းထဲက စာရင်းစစ်တော့ ၂၀၀ိ/- တောင် ရှုံးသေးတယ်..  စလောင်းလိုင်းတွေက မြန်မာ
စာတမ်းထိုးကားတွေက ကောင်းတယ်လေ.. ဒီလိုကားတွေ ဘယ်သူမှ မငှားဘူး.. လာငှားတဲ့သူတွေကလည်း ပြောတယ်.. မြန်မာကား၁၀ကားကြည့်ရင် အမျိုးအစားခွဲလို့ရနေပီတဲ့.. ငါလည်းစဉ်းစားနေတာ လကုန်ရင် ဆိုင်ခန်းခက စိုက်ရမှာနဲ့ဆို.. တွက်ချေမကိုက်ဘူး
ရပ်ရင် ကောင်းမလား.. လို့

မြန်မာ့ .. မြန်မာ့ရုပ်ရှင်... မြန်မာ့ ... မြန်မာ့ရုပ်ရှင်...   
ကြားဖူးသော သီချင်းအား ရွတ်ကာ မီးသွေးလည်း အရက်ပုလင်းသွားဆွဲပါသည်.. (ဘာမှမဆိုင်ပူး.. သောက်ချင်လို့)
+15
အချစ်(Love)တက္ကသိုလ်(University) ...အတိုကောက် LoveU.. ကျောင်းသူ

Offline zawye

  • အငြိမ်းစား ကထိက
  • ***
  • Posts: 1063
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7719
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #81 on: November 21, 2012, 02:30:33 PM »
ဆရာကြီးဇက်နှင့် မြန်မာမှု

အခုတစ်လော ဆရာကြီးဇက် ဟိုနားကနေ ဒီနားကနေ ကြားကြားနေသည့်အရာမှာ အခြားမဟုတ် မြန်မာမှု မြန်မာမှု ဟူသော စကားများပင် ဒီလိုဆိုလာကြတော့ မြန်မာမှုကို အင်မတန်မြတ်နိုးသော ဆရာကြီးဇက် လည်း အနှီမြန်မာမှုအား ကောင်းကောင်းကြီးပြုလိုက်လေသမုံ။

ဆရာကြီးဇက်သည် မနက်အိမ်ရာ နိုးသည့်အခါ မနက်စာကို အညိုရောင်အမှုန့်လေးများအား သကြား နို့ဆီနှင့်တွဲ့ဖက်ကာ ဖျော်ရသည့် ခါးသက်သောအရသာရှိသည့် သောက်စရာအရည်တစ်မျိုး(တွေ့ပြီလား ကော်ဖီဆိုသည့် ဗျစ်တစ်သျှ စကားကို မြန်မာမှုမြတ်နိုးလို့မြန်မာလိုပြန်ပြီးရေး လိုက်တာ) သောက်ကာ ပေါင်မုန့်စားပြီးသကာလ လေးဘီးတပ် ဓါတ်ဆီထည့်ကာ ရွေ့လျှားမောင်းနှင့် နိုင်သောစက်တပ်ယာဉ် ကိုစီးပြီးသကာလ ရုံးသို့ရောက်လေပေ၏။ သို့နှင့်တမူ ရုံးသို့ရောက်လျှင် ရုပ်မြင်သံကြားစက်နှင့် လက်နှိပ်စက်လို နှိပ်စရာခလုပ်များ ပါသည့် ခောတ်မှီ စက်ပစ္စည်းကို အသုံးပြုလျှက် စာရင်းများ လုပ်ကိုင်လေတော့သည်။

ထိုမှတဖန် လက်ဖြင့်ကိုင်ဆောင်နိုင်သည့်သေးငယ်သောအရွယ်ရှိကာဆက်သွယ်စကားပြောနိုင်တော့ ကရိယာမှ အသံမြည်လာသဖြင့်  ဖြေကြားသည် ဆိုသည့်ခုလုပ်ကိုနှိပ်ကာ ပြောဆိုဆက်သွယ်မှုပြုလေသည့်တမုံ။

ဤသို့ဖြင့် တနေကုန်ရုံးမှာ ပင်ပန်းပြီးသကာလာ အပြန်တွင် စင်တင်တေးဂီတ ဆိုင်ကိုဝင်ကာ ဗျှစ်ပင်များမှာ ပေါင်းခံကာဖောက်၍ရလာသော အရည်တစ်မျိုး ကိုသောက်ကာ စင်ပေါတွင်  အချောင်းနှင့် အလုံးလေးပေါင်းစပ်ထားကာ ပါးစပ်ဖြင့်တေ့လျှင် အသံမည်သော အရာကို ကိုင်ဆောင်လျှက် သီချင်းဆိုနေသော မိန်းကလေးအား လှမ်းကြည့်လိုက်လေသည်။

အဆိုပါမိန်းကလေးကမှာ တစ်ထွာမှသည်တစ်တောင် ကျော်အထိရှည်လျှားကာ အ၀ိုင်းအ၀န်းပုံစံ မိန်းကလေးမျှားခါးအောက်တွင်ဝတ်ရသော ၀တ်ဆင်စရာ တစ်မျိုး ကိုဝတ်ထားသည်ကို ဆရာကြီးဇက် ရှု့စားခွင့်ရလေသည်။ ဤမျှ မကသေး ဆေးပေါ့လိပ် ထက်သေးငယ်ကာ အဖြူရောင်ရှိသည့် ဆေးပေါ့လိပ်နှင့်တူသော ရိုက်ရှုသောက်သုံးသည့် အရာတစ်မျိုးကိုလည်း ထုတ်သောက်ကာ ဇိမ်ယူလျှက် ရှိသည်။
ဤသို့ဖြင့် အမောအပန်းများပြေပြောက်ကာ အိမ်သို့ပြန်လာပြီး ရေချိုးကာ လေဆေးပေးစက်အားဖွင့်လျှက် ဓါတ်ပြားခွေထည့်ဖွင့်လျှင့် အသံများထွက်လာသော ခောတ်မှီစက်ပစ္စည်းကို ဖွင့်လျှက် သီချင်းနားထောင်ကာ အိပ်ပျော်ချင်းသို့ရောက်လေတော့သည်။

ဤတွင် မြန်မာမှုမြတ်နိုးလွန်းသော ဆရာကြီးဇက် တစ်နေ့တာ ဇာတ်လမ်းပြီး၏

ဆရာကြီးဇက်(ကွမ်းခြံကုန်း) ခ zawye
+13
sex is something we do but love is main thing we live

Offline netsoelay

  • PDF Creator
  • **
  • Posts: 102
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • ဘာမှမရှိတဲ့ ငါ့ဆီကဘာလို့  လိုချင်နေရတာလဲ
  • Respect: +2194
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #82 on: December 08, 2012, 05:28:59 PM »
People Choice Award of Mr & Miss Taw Win 2012 Contest
ဘုတ်အတွင်းအား ပြိုင်ပွဲကြိးကား ခြိမ့်ခြိမ့်သဲသဲ စည်ကားလှပါဧ။်။

ပြိုင်ပွဲကျင်းပရာနေရာဖြစ်သော အင်တာနက် လွင်ပြင်မှာကား လိပ်တိုးမပေါက်အောင် ရှိနေဧ။် ။

ပြိုင်ပွဲဝင် သိုင်း လုံမငယ် ၁၅ ယောက်နှင့် သိုင်းလုလင် ၁၅ ယောက်ပါဝင်လေသည်။

သိုင်းလုံမငယ်တချိုအား ကျောထောက်နောက်ခံပေးမည့် သိုင်းဂိုဏ်းဂျီးများလည်း
အလျှိုလျှို ပေါ်ပေါက်လာလေသည်။
သိုင်းလုလင်ငယ်တို့ မှာကား ကျောထောက်နောက်ခံပေးမည့် သိုင်းဂိုဏ်းဂျီးများမရှိပေ။


ပွဲစလျှင်စချင်း ကျောနံပါတ် ၁၅ ချိတ်ထားသူ သိုင်းလုံမငယ်မှာ စေတန်ဂိုဏ်းချုပ် တစ်ဦးဖြစ်သည်ဟုဆိုကာ
စေတန်ဂိုဏ်းဧ။် လျှို့ ဝှက် ဘုတ်အတွင်းအားဖြင့်ပြိုင်လေဧ။် ။

ထိုအချိန်တွင် ကျောထောက်နောက်ခံစပွန်စာမရှိသော ကျောနံပါတ်၅ ချိတ်ဆွဲသော သိုင်းလုံမငယ်မှ
အနိုင်ရလျှင်ကျောင်းလာတက်မည်ဟု မက်လုံးပေးကာ ကျောင်းတော်သား ချာကိုးဆိုသူအား
ချည်းကပ်လာသောကြောင့် ချာကိုးမှာ မဘက်လိုက် မိုက်ဘက်ပါရမယ်ဟုကြွေးကြော်ကာ
ကျောင်း အော်ချင်ရာအော် ခန်းမ မှနေပြီးအော်ပါသောကြောင့် မော်ကွန်းထိန်း အူးပြုံးမှ
အစချီကာ စီနီယာ ကနိုးတူး တို့  လက်ညှိုးတစ်ထောင် အားကိုဆောင် အတွင်းအားဖြင့်ဘုတ် ကြလေတော့သည်။

အူးပြုံးဧ။် ပရုပ်ဆီလူးလက်ညိုးသိုင်းကွက် မှာ စေတန်ဂိုဏ်းဧ။် လျှိုက်ဝှက်ဘုတ် သိုင်းကွက်အားမယှဉ်နိုင်၊
နတ်ဆိုးလေးဧ။် အော်တိုဘုတ်မှာလည်း သုံးမရ  အူးထွန်းဧ။် ဘီလူးငါးကောင် လက်ထိပ် ကြာပွတ် ဆပ်ပြာသိုင်းကွက်ကိုလည်းမဖြုံ
( အူးထွန်း ဘာမှမဆိုင်ဘူးလို့  မပြောနဲ့  ဆိုင်ဆိုင်မဆိုင်ဆိုင် ထည့်ရေးဧ။် ချစ်လွန်းလို့   ;D ;D ;D)
ကနိုးတူးဧ။် စိတ်ကြိးတယ်ကွ သိုင်းကွက်မှာလည်း ရေမှာအရုပ်ရေးသကဲ့သို့ 
ကျောင်းချက်ခန်းအတွင်းဝင်လာသမျှ ကျောင်းတော်သားတို့  အား ချာကိုးမှ အကူအညိတောင်းသော်လည်း
တဖက်မှ သိုင်းကွက်မှာ အဆင့်လွန်ဖြစ်နေပါသောကြောင့် လုံးလုံးပြားပြား ယှဉ်လို့ မရချေ။

ထို့ ကြောင့် ကျောင်းသမဂ္ဂ္ဂ္ဂ္ဂမှာ မသိမသာရှောင်ထွက် သိုင်းကွက်ဖြင့် ပြိုင်ပွဲအတွင်းမှထွက်ခွာသွားလေတော့သည် ။

ပြိုင်ပွဲဂျီးမှာကား ဆက်လက်ဆင်နွဲနေဆဲဖြစ်လေဧ။် ။

အသာစီးရနေသော စေတန်ဂိုဏ်း ကျောထောက်နောက်ခံပြုထားသော ကျောနံပါတ်၁၅ အား
ယှဉ်ပြိုင်ရန် ဆယ်လီဗျစ်တီ ဂိုဏ်းမှာ ကျောနံပါတ် ၁၄အားဝင်ရောက်စပွန်ဆာပေးလေတော့သည်။

ဆယ်လီဗျစ်တီဂိုဏ်းဧ။် ထူးဆန်းသောဘုတ် သိုင်းကွက်မှာ နာမည်နှင့်လိုက်အောင် ထူးဆန်းလေဧ။် ။
အချိန်တိုတိုအတွင်းမှာ စေတန်ဂိုဏ်းဧ။် လျှိုက်ဝှက်ဘုတ် အတွင်းအား သိုင်းကွက်အား
ကျော်တက်သွားလေတော့သည် ။ မည်သို့ လုပ်လိုက်သည်မသိ ထူးဆန်ပေစွ။

စေတန်ဂိုဏ်းဝင်များမျက်လုံးပြူးကြလေပြီ ။

ဂိုဏ်းညီအကိုဖြစ်သော 4ည ဂိုဏ်းမှဝင်ကူလေပြီ
4ည ဂိုဏ်းမှာလဲ မယုံလောက်အောင်အစွမ်းထက်လှလေသည်။

စေတန်ဂိုဏ်းဧ။် လျှို့ ဝှက်သောဘုတ် သိုင်းကွက်နှင့်
4ညဂိုဏ်းမှ လူမသိသူမသိ ဘုတ် သိုင်းကွက်တို့ ပေါင်းလိုက်သောအခါ
ဆယ်လီဗျစ်တီဂိုဏ်းဧ။် ထူးဆန်းသောဘုတ် သိုင်းမှာ နောက်ခေါက်ကျကျန်ရစ်ခဲ့ရလေတော့သည်။
ထူးဆန်းလွန်းပါဧ။်တောင်း။

မည်သို့ ပင်ဆိုစေကာမူ
သိုင်းလောကဧ။် သိုင်းလုံးမငယ်လေးများမှ တိတ်တခိုးကြိတ်ပိုး ဇွတ်မှဇွတ် သိုင်းကွက်ဖြင့်
ကူညီပေးခံရသော သိုင်းလုလင် ကျောနံပါတ် ၁၂ ဧ။် ဘုတ်အရေအတွက်မှာကား
အထူးတကာအထူးဆန်းဆုံးဖြစ်တော့လေဧ။် ။

..........................................................................

ဖွဘွတ်မှာ တင်ပြီးဖွအူးမလို့  ၀ိုင်းဆဲမှာကြောက်လို့ ကျောင်းမှာဘဲတင်လိုက်ရပါကြောင်း

 ;D ;D ;D

+11
« Last Edit: December 08, 2012, 07:14:15 PM by netsoelay »

Offline G0lden M@sked M@n

  • ပထမနှစ်
  • *
  • Posts: 27
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +78
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #83 on: December 08, 2012, 09:33:30 PM »
]မြေးလေးအသက်ဆယ့်ရှစ်နှစ်ပြည့်လျှင်ဖတ်ဖို့ >>>

ဟိုးရှေးရှေးတုန်းကမြန်မာဆိုတဲ့ နိုင်ငံတော်ကြီးမှာပေါ့ ....
စစ်သားတွေကလွတ်တော်တက်ကြတယ်
ဘုန်းကြီးတွေကနိုင်ငံရေးလုပ်ကြတယ်
ဆရာဝန်တွေ စာရေးဆရာ အနုပညာရှင်တွေလုပ်ကြတယ်
အင်ဂျင်နီယာတွေကမားကက်တင်းလုပ်ကြတယ်
ကျောင်းဆရာတွေကကျူရှင်သင်ကြတယ်
နိုင်ငံဝန်ထမ်းတွေကဘတ်ဂျက်တွေကိုဖျောတဲ့ပါရဂူတွေလုပ်ကြတယ်
အဆိုတော်တွေကနိုင်ငံသိခိုးကူးကြတယ်
ကုန်သည်တွေကသူလျှိုလုပ်ကြတယ်
အလယ်တန်းကျောင်းသူလေးတွေချစ်သူနဲ့ဟိုတယ်သွားကြတယ်
ကျောင်းသားလေးတွေဂိမ်းဆိုင်မှာအလုပ်လုပ်ကြတယ်
ဒီစာကိုရေးနေတဲ့အဖိုးကတော့ဖေ့ဘွက်ဆိုတဲ့အင်တာနက်ပေါ်ကဝက်ဆိုက်ကြီးထဲမှာလတ်ရားလတ်ရားနဲ့ပေါက်ကရလေးဆယ်ကိုရေးခဲ့တယ်ကွဲ့ .....

မြန်မာသက္ကရာဇ် - ၁၃၇၄ ခုနှစ်တန်ဆောင်မုန်းလဆုတ် ရှစ်ရက်
အနောက်တိုင်းသက္ကရာဇ် - 6-12-2012

နောက်နောင် သာမန် အနက်ရောင်ဖြင့်သာ သုံးပါ
ဆိတ်ဖွား

+15
« Last Edit: January 21, 2013, 02:18:06 AM by Prof.ဆိတ်ဖွား »

Offline သားအာဒမ်

  • ကျောင်းသားကြီး
  • **
  • Posts: 50
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • ပျော်ရွှင်ချမ်းမြေ့ကြပါစေ...။
  • Respect: +738
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #84 on: May 08, 2013, 05:47:15 PM »
<<<<< အွန်လိုင်း ဆယ်လီဘရစ်တီ - MC မှုံကြီး >>>>>

ရပ်ကွက်ထိပ်ရှိ လ္ဘက်ရည်ဆိုင်တွင် ထုံးစံအတိုင်း လ္ဘက်ရည်သောက်၍ မနက်ခင်း အလှ ရုံးသွား ကျောင်းသွား မိန်းမပျို အလန်းလေးများကို ဂေါ်ရေးငင်နေစဉ်မှာပင်

“မင်းက လဲ လဲ လဲ လဲ လဲ လဲ လဲ နောက်ကျလှချည်လား…….။ ကျောင်းသွားဖို့ လဲ လဲ လဲ လဲ လဲ လဲ လဲ နောက်ကျနေပြီ……။”

“အေး……ငါ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ အိပ်ရာထ နောက်ကျသွားလို့ပါကွာ…….။”

“လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ မြန်မြန် မြိုဆို့….ခွိခွိ….။”

အနီးတွင် ထိုင်နေသော အပြာရောင်ဝတ် ကျောင်းသားဝိုင်းမှ တစ်ယောက်က အခုမှ ဝင်လာသူကို လှမ်းပြောခြင်း ဖြစ်သည်။
ဘာလဲဟ…..။ နေ့တိုင်း မြင်နေကျ ကောင်တွေက ဘယ့်နှယ် ကောက်ကာငင်ကာ စကားထစ်သွားပါလိမ့်….။ စဉ်းစားလို့ပင် မဆုံးသေး………..။

“MC ကြီး…………စမူဆာ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ စားဦးမလား။ မစားရင် လဲ လဲ လဲ လဲ လဲ လဲ  ဟိုဘက်ဝိုင်းကို ပို့မလို့……”

ဟင်…………။ စားပွဲထိုး အာကြီး က အစ စကားထစ်နေပါ့လား……။ မနေ့က ညနေ အထိ အကောင်းပါ။ ဒီအတိုင်း နေလို့ မဖြစ်တော့…….။ မေးမှ ဖြစ်တော့မည်…….။

“မင်း လဲ လဲ လဲ ……. အာ …….. ဘယ်လိုဖြစ်တာလဲ။ တစ်ဆိုင်လုံး လဲ လဲ လဲ လဲ နဲ့ ဘာတွေ ဖြစ်နေကြတာလဲ….။”

“ဟီဟိ….. ကိုစိုးနိုင်ကို မေးကြည့်…..။ ခွိ……”

သကောင့်သားက မဖြေ…..။ နောက်လူကို လွှဲချသွားသည်။ ဒါနဲ့ ကောင်တာက စိုးနိုင်ကို လှမ်းခေါ်ကာ မေးရတော့သည်။ ဒ်ီတော့မှ သဘောကောင်းရှာသော စိုးနိုင် က

“MC ကြီး …… မသိသေးဘူးလား။ အခု Facebook မှာ အရမ်းနာမည်ကြီးနေတယ်လေ…..။”

“ဟင် …….. ကျုပ်က ရွာခဏ ပြန်သွားတာ။ ဘယ်သိမတုံး……..။”

“ဒီလိုဗျ..။ ကောင်လေး တစ်ယောက် က သီချင်း တစ်ပုဒ်လုပ်ပြီး Facebook မှာ တင်လိုက်တာ နာမည်

တအားကြီးပြီး ပေါက်သီချင်း ဖြစ်သွားတယ်လေ……။ လဲ လဲ လဲ လဲ က အဲဒီအထဲက သီချင်းစာသား..…။
အဲဒီ ကောင်လေးကို မင်းသား မင်းသမီးတွေ အဆိုကျော်တွေက သူ့ကို Friend request လုပ်ရတဲ့ အထိကိုပေါက်သွားသတဲ့…..။ အခုဆို Online Celebrity ဖြစ်ပြီး နာမည်ကြီးနေပြီလေ…….။ MC ကြီး ကြည့်ချင်ရင် ကျနော် ဒေါင်းထားတာရှိတယ်။ ကြည့်မလား……..။ ”

“အင်း…..”

ကြည့်မလား ဆိုတော့ ဗဟုသုတ ရအောင် ကြည့်မည်ပေါ့……..။

ကြည့်လိုက်တော့မှ လားလား……..။ အနှီ သူငယ်က ကိုယ်တိုင် ရေး၊ ကိုယ်တိုင် ဆို၊ ကိုယ်တိုင် ဒါရိုက်တာ လုပ်ထားတာ အံ့ဖွယ် အတုယူဖွယ်ပါလား……..။ သီချင်းကို ဆက်ကြည့်တော့ တကယ့်အံ့ဖွယ်……..။

တီးလုံးက သက်သက်………အဆိုက သက်သက်….အက က သက်သက်…………။ အားလုံးက သက်သက်စီ……။ မယားငယ် တုံးပိလို့ မရဲတရဲ အော်ခေါ်နေတဲ့ အသံနှင့် မြန်မာလို အင်္ဂလိပ်လို ပိုင်ပိုင်နိုင်နိုင် နှစ်မျိုး ဟစ်ထားသည်။ စာသားက နည်းနည်း…..လဲလဲလဲလဲလဲ ကို ထပ်နေအောင် ဆိုကာ ပရိတ်သတ်ကို ရှယ် ဖမ်းစားထားသည်။

သီချင်း အလယ်လောက် အရောက်မှာတော့ MC ကြီး ပိုအံ့သြသွားသည်။ မအံ့သြဘဲ နေနိုင်ရိုးလား……။ ဘယ်ကနေ ဘယ်လို တိုက်ပေါ်ရောက်နေမှန်း မသိသော ဘော်တယ်ကုလား လိုလို နေ့ခင်းနေ့လည် ရပ်ကွက်ထဲ မျက်စိလည် ရောက်လာလေ့ ရှိသော ဟင်္သာအလေးတို့ ဖုန်းအပျက်တို့ ဝယ်သည့် ကုလားလိုလို ကောင်လေးတစ်ယောက်က ဘုန်းကြီးကျောင်းသား စာပြန်သလို ရွတ်ဖတ်နေသဖြင့် အနှီ ထူးဆန်းသည့် ခရီရေးရှင်းကို မအံ့သြဘဲ မနေနိုင်တော့……။

ဒါမျိုးကြီးတွေနှင့် လူစိတ်ဝင်စားအောင် ဖန်တီးထားသော သီချင်းရှင်ကို ချီးကျူးသလို ကိုယ်တိုင်လည်း အားတွေမာန်တွေ တက်ကြွလာရုံ မျှသာမက ဆံပင်တွေ ထောင် မျက်လုံးတွေ ပြူး ရင်တွေပါ တဆတ်ဆတ်တုန်လာကာ

“တော်တော့ဟေ့………..။ ဒီလောက်ဆို သဘောပေါက်ပြီ…….။ ဒီနေ့ခေတ် လူတွေက အထူးအဆန်း ဆို စိတ်ဝင်စားပြီး အားပေးတတ်မှန်း ငါ သိသွားပြီ…….။ ငါလည်း သူ့လို….. ဟုတ်သေးပါဘူး….. သူ့ထက် နာမည်ကျော်အောင် လုပ်ရမယ်ကွ….။ ဟားဟား…..မှုံကြီးခေတ် တစ်ခေတ်ဖြစ်ရမယ်ကွ အဟား ဟား…..”

ဤသို့ ကြွေးကြော်ပြီး သကာလ လ္ဘက်ရည်ဖိုး ရှင်းဖို့ပင် သတိမရတော့ဘဲ မြောက်ကြွမြောက်ကြွ ဖြင့် အိမ်သို့ ပြန်သွားလေတော့၏။ အိမ်သို့ ရောက်သော် လူစိတ်ဝင်စားရန် မည်သို့ ခရီရေးရှင်း လုပ်ရမည်ကို အပြင်းအထန် စဉ်းစားလေတော့သည်။

သိပ်ပြီး ရှည်ရှည်ဝေးဝေး တွေးစရာမလို……..။ ကိုယ်လုပ်မည့် အချိန်မှာ နာမည်ကြီးနေမည့် သီချင်းကို ကော်ပီလုပ်လိုက်ရုံသာ…..။ ပြီးတော့မှ ကကွက်အဆန်း ထွင်ပြီး ထပ်ထည့်ရမည်။ ဒါတွေ ကလည်း သိပ်ပြီး အုံးစားနေစရာ မလို……။ တိရိစ္ဆာန်ရုံထဲ တစ်ရက်သွားကာ မျောက်တွေ ဘယ်လို ကို့ရို့ကားယား လုပ်သလဲဆိုတာ မှတ်ခဲ့ရုံပင်…..။

အရေးကြီးဆုံးက အနုပညာလုပ်တော့မည် ဆိုလျှင် နာမည်…..။ နာမည် ဘယ်လိုမှည့်ရင် ကောင်းမလဲ ဆိုတော့ သိပ်ကြာကြာ စဉ်းစားမနေ……။ မြန်မာပီပီ ဟိုလူငယ် နာမည်မျိုး ခပ်ဆင်ဆင် လိုက် မှည့်လိုက်ရုံသာ ငှဲ ငှဲ…. ။

ဟိုက အင်္ဂလိပ်နာမည် ကို ရှေ့မှာ တပ်ထားသဖြင့် ကိုယ်လည်း တပ်ကို တပ်ရမည်။ ဘာနာမည် တပ်ရင် ကောင်းမလဲ…….အို ရှုပ်ပါတယ်…….ခုတလော သူငယ်မတွေ ပါးစပ်ဖျားမှာ နာမည်ကြီးနေတဲ့ ဂျက်စတင် ဘီဘာ နာမည်ကို ယူလိုက်ရုံပေါ့……။
ဒါဖြင့် ကိုယ်က ဂျက်စတင် မှုံကြီး……။ ဒါပေမင့် လက်ရှိ အလုပ်အကိုင် ကိုယ်စားပြု MC ကိုလည်း ဖြုတ်ပစ်ရမှာ နှမြောသဖြင့် MC ဂျက်စတင် မှုံကြီး ဟုသာ မှည့်လိုက်သည်။ MC ဂျက်စတင် မှုံကြီး……. MC ဂျက်စတင် မှုံကြီး….. ဟား……စားသကွာ….။

ကိုင်း ဒါဖြင့်……….ပထမ ခြေလှမ်းတော့ ပြီးပြီ။ ဒုတိယ အနေနှင့် ကိုယ်နဲ့ အတူတူ လိုက်ပြီး ပေါရဲ အဲ လုပ်ရဲသော ဝါသနာတူ လုပ်ဖော်ကိုင်ဖက် ကိုရှာရမည်။ ကိုယ်က အသစ် ဆိုတော့ နာမည်ရှိပြီးသား တွေနှင့် သိပ်မတွဲချင်……။ အသစ်တွေ လုပ်မည့်လူဆိုတော့ အသစ်တွေသာ စိတ်ဝင်စားသည်။ အဲဒါကလည်း အရေးမကြီး……။ နီးတော့မှ တွေ့ရာ ဘော်တယ်ကုလား ဆွဲခေါ်ပြီး ဆိုခိုင်းလျှင် အိုကေ..။

အခု အရေးကြီးသည်က မန်းနီး…။ သီချင်းအသံသွင်းဖို့ အကောင်းမဟုတ်တောင် ခပ်စုတ်စုတ် Mp4 တစ်လုံးလောက်တော့ လိုသည်။ ဒါ့အပြင် အွန်လိုင်းပေါ်တင်ရန် အင်တာနက်ဖိုး ရှာရဦးမည်။ ဒီတော့ MC ကြီးဟု အများက ခေါ်ကြသည့် အတိုင်း လက်စွဲတော် ပေါက်ပြားကို ပုခုံးပေါ်ထမ်းကာ လမ်းကြိုလမ်းကြား မကျန် လိုက်အော်နေသည်ကား..။

“မိလ္လာကျင်းတွေ ဆည်တယ်……မိလ္လာကျင်း အသစ်တွေ တူးတယ်……. မိလ္လာကျင်းတွေ ဆည်တယ် …… မိလ္လာကျင်း အသစ်တွေ တူးတယ်…….”

 ငှဲ……..ငှဲ…….ငှဲ……..ငှဲ……..ငှဲ…….။

MC မှုံကြီး
+8
Thank You For Your Post......For Your Like.....For Your Click....

Offline zawye

  • အငြိမ်းစား ကထိက
  • ***
  • Posts: 1063
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7719
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #85 on: October 10, 2013, 04:36:18 PM »
ကိုးနတ်ရှင်ကို ကိုးကွယ်မိသော ဆရာကြီး ဇက်
ယခင်က မြန်မာပြည် ကလူဒွေပြောပြောနေတဲ့ကိုးနတ်ရှင် ဆိုတာ ကိုယ်နိုင်ငံဂျားနေတုန်းကတော့ ဘာမှန်းကိုမသိ ခဲ့ယိုးအမှန်ပင်
ယခု မြန်မာပြည် ပြန်လာတော့မှပင် နဖူးတွေ့ ဒူးတွေ့အကုန်တွေ့ ရင်ဆိုင်ရလေတော့သဒတ် အကြောင်းမူကား မြန်မာပြည် အလယ်မကျ မတင် ပြင်ဦးလွင် ဟူသော မြို့လေးမှာ မြန်မာပြည် ပြန်လာပြီးသကာလ ကမ္ဘာဈေးအကြီးဆုံး ဂျီးအက်ဆန် ခေါ ဂျီ(အကောင်မဟုတ်) ကိုဝယ်က ၁သောင်းပေးပြီးသကာလ အင်တာနက်ဟူသောအရာကိုပင် လျှောက်လေသတည်း။ ထိုအခါဝယ် ကမ္ဘာနိုင်ငံအနံနံ မှပင် မြန်ဆန်သော သာလွန်သော နုန်းထားဖြင့် ငွေ၁၀၀၀၀ အားေ စက္ကန့်မချားပင် နုတ်ယူလေ]သတည်း ထိုမှတဖန် ဂူးဂလ် ခလုန်းအား ၀မ်းသာအားရဖွင့်ကာ ၀င်လေသတည်း သို့သော် ၀က်ပေ့ တက်မလာသော အခါဝယ် နဂိုအူသော ဆရာကြီးဇက် မိုဘိုင်းဆိုင်မှကောင်လေးအား မေးရပြန်လေ]သည်။
"ဟေ့မောင်ရင် ရေ အဘ၁၀၀၀၀တော့ဖြတ်သွားပြီလေ ယခုထိ အင်တာနက်မပွင့် သေးပါဘားကွယ်ယို့ဒ"
"ဟုတ်တယ်အဘ ကျန်တော်တို့က ငွေတစ်သောင်း ဖြတ်ဖို့ပဲတာဝန်ယူတာ အဘ အင်တာနက် ပွင့်မပွင့်က အမ်ပီတီ နဲ့ပဲဆိုင်ပါတယ်အဘ"

ထိုဖြင့်သကလာ အင်မတန် တာဝန်ယူစိတ်ရှိသော မြန်မာ့အမျိုးကောင်းသား မိုဘိုင်းမသား လေးအား နုတ်ဆက်ပြီး အိမ်သို့ပြန်လျှင် နောက် ၃ရက်ကြာသောအခါဝယ် အင်တာနက်ပွင့် သတတ် သို့သော ၀က်ပေ့အား ညမအိပ်ခင် ဖွင့်ထားပြီးလျှင်  မနက်လင်းသောအခါဝယ် ထိုဝက်ပေ့အား ဘွားဘွားကြီးတွေ့လေသည်။ တစ်ရက်ကွက်ထဲနေ သူငယ်ချင်းအား အိမ်နီးနားချင်း နာရေးဖြစ်သဖြင့် ကြွရောက်ဖို့ရာ အီးမေးပို့သောအခါ ရက်လည်သောအခါဝယ်ထိုအီးမေးအား လက်ခံရရှီသည် ဟူသော အခါဝယ် ယခု ကျနုပ် ဆရာကြီးဇက် ၀က်ပေ့တစ်ချက်ဖွင့်တိုင်း ကိုးနက်ရှင် ကြီးကို ပူဇော်ပသနေသည်
+7
« Last Edit: October 10, 2013, 04:50:18 PM by zawye »
sex is something we do but love is main thing we live

Offline MTK

  • စီနီယာမမ
  • ***
  • Posts: 422
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +2402
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #86 on: October 10, 2013, 05:15:03 PM »
ပျောက်လှချည်လား ဆြာကြီးဇက်

ခုတော့.. ကိုးနတ်ရှင်က နဖူးတွေ့၊ ဒူးတွေ့ တွေ့ရပီပေါ့လေ...
+5
Now & Forever.

Offline zawye

  • အငြိမ်းစား ကထိက
  • ***
  • Posts: 1063
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7719
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #87 on: October 14, 2013, 11:31:59 AM »
ဆရာကြီးဇက် နှင့် ပုပ္ပားတောင်မှသနားစရာ မျောက်များ

တနေ့သောအခါဝယ် ဆရာကြီးဇက် သည် အကြောင်းကိစ္စ အလို့ငှာ မြန်မာနိုင်ငံအလယ်ပိုင်းတိုင်း အင်မတိအေးမြ သော ချောက်မြို့သို့ ရောက်ရှိလေသတ် ထိုမှအပြန်ဝယ် ကျောက်ပန်းတောင်း သို့ ၀င်ပြီး တစ်ခါ မှမရောက်ဖူးသေးသော ပုပ္ပားသို့ ခရီးဆက်လေသတည်း။

ထိုသော်အခါဝယ် ပုပ္ပားသို့ရောက်လေသော အခါဝယ်  ဦးစွာပထမစတင်မိတ်ဆက်လိုက်လေသည်မှာ မျေက်များ ပင်ဖြစ်လေသည်ဟု မထင်မှတ်လိုက်လေနှင့် မျောက်ထက်အင်အားများပြားသော ပန်းသည်များနှင့် မျောက်စာရောင်းသူများပင်ဖြစ်လေတော့သည်။

ထိုသောအခါဝယ် ကျနုပ်မသင်္ကာ မကင်းဖြစ်လာသော မျောက်စာရောင်းသူနှင့် ပန်းသည်များ မှာ လူတစ်ဦးကို မျောက်စာရောင်းသူ အယောက်၁၀၀ နှင့် ပန်းရောင်းသူ ၉၉ယောက်တို့က ၀ိုင်းရောင်းနေသဖြင့် အားလုံးကို မ၀ယ်ဘူးဟု ပက်ပက်စက်စက်ဖြေပြီးသကာလ ရေတစ်ဘူးကုန်လေသတည်း ထိုနေရာက ပုပ္ပားတောင်ကလပ် အခြေတည်း။

သို့သော် ကိုယ့်နှင့် တူသော သနားစရာမျောက်ကလေးများကိုကြည့်ပြီးသကာလ မျောက်စာ ကျွေးမည်ဟု စိတ်ဆုံးဖြတ်ချပြီးလျှင် အင်မတန် သဒ္ဒါတရားပေါက်က မျောက်စာ တစ်ထောင်ဖိုးတိတိ ၀ယ်ကာ မူမမှန်သော မျောက်စာသည်များကို တစ်လက်စာတည်း ပိုက်ဆံတစ်ထောင်ပေးလေသည်။ အဘယ်ကြောင့်ချက်ချင်းပေးလည်းဟု အထွန့်တက်ချင်တက်လေ အဘယ့်ဇာ မျောက်စာများကို ဟိုးတောင်ပေါမှပေးပါ ပြန်လာမှပေးပါဟု တစ်တွတ်တွတ်ပြောနေသည်ကို ဘ၀င်မကျစိတ်တော်မပြေ၍ ဖြစ်လေသတတ်။
သို့ပေသိ ဆရာကြီးဇက် မဟေသီနှင့် မဟေသိ မယ်တော်တို့မှာ အာနားသည်လား ဘာကြောင့်ရယ်မသိ ထိုပန်းသည်များမျောက်စာသည်များသည် တစ်အုပ်တစ်မကြီး အကြင်သူများ နောက်မှ လိုက်ကြလေသတည်း ဆရာကြီးဇက်လည်း စာရေးဆရာအကြည်တော် မျက်နှာထက် တင်းမာသောပုံ အသံပြတ်ပြတ်ဖြင့် မ၀ယ်ဘူး ဟူ၍သာ တွင်တွံင် သုံးလေသတတ်။ ထိုကား ပုပ္ပား တောင်အတက်အစခရီး ပင်ဖြစ်လေသတည်း။
ဆရာကြီးဇက်မှာ တောင်တက်လမ်း တစ်လျှောက်တွင် ပန်းသည် မျောက်စာသည်များ ကိုဖြေရတာမောလာသဖြင့် ဖုန်းထဲကို မ၀ယ်ဘူး မ၀ယ်ဘူး ဟူသော အသံကိုသွင်းကာ လမ်းတစ်လျှောက် ဖုန်းထဲမှ အသံကိုဖွင့်ကာ တက်လေသတည်း ထိုမှာသာလျှင် ဖြေရသော ဒုက္ခကင်းဝေလေသတည်း ဆရာကြီးလောက်မတွေးတတ်သော မဟေသီမှာ တောင်တက်ရတာ မောသည်ကတစ်ကြောင်း ဖြေရတာမောသည်ကတစ်ကြောင်း အလယ်လောက်တွင်ပင် လျှာထွက် ကာမောလေသတည်း.။ သူတို့အနောက်တွင်ပင် မျေက်စာသည်ပန်းသည်များက လိုက်မြဲလိုက်လျှက်ပင်။ ဆရာကြီးဇက်ကတော့ ဖုန်းလေး ဖွင့်လျှက်ပင်အေးအေးလူလူ တောင်ထိပ်သို့ရောက်လေသည်။
တောင်ထိပ်သို့ရောက်သော အခါဆရာကြီးဇက်မဟေသီတို့ဝယ်ယူအားပေးထားသောမျောက်စာသည်တစ်ယောက်မှာ အင်မတန်ဇွဲကောင်းကာ တောင်ထိပ်တိလိုက်ပို့သည်ကို တွေ့လေသတတ်။ ပြီးသောအခါဝယ် မဟေသီမှ မျောက်စာသည်အား အဘယ်လောက် မျောက်စာဖိုးကျသနည်းဟု မြေးမြန်းလေရာ ၅၀၀၀၀ ဟုပြန်ဖြေလေသတတ် (ထိုအချိန်တွင် ပရိတ်သတ်များသိအောင် အကျနုပ် အနည်းငယ်ရှင်းပြအံ) မျောက်စာဆိုသည်မှာ ကုလားပဲ(၀ါ) ပြည်တွင်းနေအစ္စလမ်များကိုးကွယ်သူပဲ လေး အစေ့၂၀လောက်ကို သတင်းစာစက္ကူကလေးများဖြင့်ကတော့လေးများထုပ်ကာ ထိုကတော့များ အခု၂၀ လောက်ကို တစ်ထောင်ကျပ်ဖြင့်ရောင်းချလေချင်းပင်ဖြစ်လေ၏။ ဤသို့ ဆိုလျှင် ပရိတ်သတ်များ သိလောက်ပြီထင်လေ၏။
မဟေသီလည်း အမှန်တစ်ကယ် ၁သောင်းဖိုးတောင်မကျွေးလိုက်ရသောကြောင့် မကြေမချမ်းဖြစ်ကာ တောင်အောက်ပြန်ရောက်လျှင်ရှင်းမယ် ဟုဆိုလိုက်လေရာ ထိုမျောက်စာသည်မှာ တောင်အောက်သို့မှုန်နေအောင် ပြန်လေသတည်း။ တောင်အောက်သို့ရောက်လေသောအခါဝယ် ဆရာကြီးဇက်ဖျောင်းဖျသေတည်း ဤနှယ်ဟာမှာ မင့်တို့တွေညံလို့ခံရတာဖြစ်တယ် အစကတည်းက ယူရင်ယူသလောက်ပိုက်ဆံတစ်ခါတည်းရှင်းလျှင် မည်သည့်ပြသနာမှဖြစ်မည်မဟုတ် အဲ့ဒီတော့ ပေးသာပေးလိုက်တော့ဟုဖြေင်းဖြလေရာ အင်မတန်သည်းခံစိတ်ရှီသော မဟေသီကလည်း ဂေါပကနှင့် တိုင်မည်ဟု ပြောလေသောအခါဝယ် မျောက်စာသည်မှာ ဂေါပကတော့မတိုင်နှင့် ၂သောင်းသာပေးပါဟု ပြောလေရာ ထိုမှသာလျှင် အဆင်ပြေလေသတည်း။
အပြန်လမ်းတွင် အကျနုပ်စဥ်းစားမိလေရာ နောင်သောအခါဝယ် ပုပ္ပားတောင်သို့လာလေလျှင် ကုလားပဲတစ်တင်းနှစ်တင်းလောက်သယ်လာပြီးအထမ်းသမားတစ်ယောက်ခေါ်ကာ လမ်းတစ်လျှောက်ထမ်းခိုင်းပြီး မျောက်များအား ၀၀လင်လင်ကျွေးပြစ်မည်ဟု စိတ်ကူးလေးသတည်း။။။


+7
sex is something we do but love is main thing we live

Offline နတ်ဆိုးကြီး

  • PDF Creator
  • ဂုဏ်ထူးတန်း
  • *****
  • Posts: 380
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • သင် ဆိုးလျှင် ကျွနုပ် ရိုင်းမည်
  • Respect: +7261
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #88 on: April 18, 2014, 01:41:30 PM »
ကျောင်းတွင်းမှ သင်္ကြန် မင်္ဂလာ

ဗွမ်း........

"ဘီလူး..သရေကွင်း...@$%%^...အာ....ဒီကောင် နောင်ကစ်..သေတော့မှာပဲဟ"
 ဦးထွန်း အလန့်တကြားဖြစ်သွားသည်။
ပါချုပ်ခန်းမှ စမတ်ကျကျ ဘောင်ဘီတို...လယ်ကတုံးနှင့်...ရေသဘင်မျက်မှန်ကြီး(ရေဗင်) တပ်ထားသော ဦးထွန်း ကြောင်ရေနှစ်ထား
သလို ကြွက်စုတ် ရုပ်ပေါက်သွားသည်။
"နတ်နတ်တို့များ........ သင်္ကြန်တောင်မရောက်သေးဘူး ပျော်နေပြီ...."
ဟုဆိုကာ ဦးပြုံးနှင့် ဦးဆံရှည် တို့ဦးထွန်းနောက်မှ ကပ်လိုက်လာသည်။ ကျောင်းထဲမှာတော့ ဦးထွန်းပြီးရင်..ဦးပြုံးနှင့် ဦးဆံရှည်က အလန်းဆုံး....
ဦးပြုံးကတော့ တံဆိပ်မခွာရသေးသော ယောပုဆိုးကို ပေါ်မှ အရိုးခေါင်းပုံ T ရှပ်ကြီး ထည့်ပြီး ယောပုဆိုး တံဆိပ်ပါသည့်ဘက်ကို မျက်နှာစာပြု ပြီး ပြင်ဝတ်နေသည်။ ဦှးဆံရှည်ကတော့ ....ဆံပင်မရှိတဲ့ထိပ်ကိုပွတ်ရင်း..နေလေသည်။
"ဦးထွန်းကလဲ နတ်နတ်က ရေနဲ့ ကန်တော့တာကို စိတ်မဆိုးရဘူးလေ"....
"ရှိစေတော့....သို့သော်လဲ...ငါအစည်းအဝေးတတ်ရင် ရေစိုကြီးနဲ့ဆို မကိုက်ဘူးဟ ...အဲတော့ နီ ငါ့ကို မှုတ်ပေး လကွယ်"
"ညှက်ချာဖျား....မှုတ်တော့ မပေးပါရစေနဲ့ ဦးထွန်းရယ်...ဒါပေမဲ့ မှုတ်မှရမယ်ဆိုရင်တော့ ...ဓါးပြတ်မှာမကြောက်ရင်တော့ လာလေ"
"နတ်နတ်ရယ် ငါ့ကို ဘဝတုံးအောင်တော့မလုပ်ပါနဲ့ဟ....."
ဟုဆိုရင်း မျော့ကြိုးညောင်းနေသော...ဘောင်းဘီတိုကြီး ဆွဲတင်လိုက်သည်။ဦးဆံရှည်ကတော့ ပြောင်နေသော နဖူးအစား ရွှဲနေသော ဗိုက်ကိုပွတ်ပြီးနေလေတော့သည်။ 8) 8) 8) 8) 8)
...  .............  ............  ................    ................   ...................   .................   ...........
"မကျေနပ်ဘူးဦးထွန်း......ဟမီးကို..ဦးထွန်းကယ်ပါ...ကယ်ပါဦးထွန်း...ကယ်ပါ"
"နီသာ...ကယ်ပါ...ငါ့ကိုများကယ်ပါတဲ့"
"ဒါနဲ့နေပါအုံး...ဘယ်သူလဲဟ"
ဟု ဦးပြုံးက ဖျီးနေသောမျက်နှာကို အပိုးသတ်ပြီး မျက်မှောင်ကျုံ ကာပြောလိုက်သည်။လာတိုင်သူမှာ မဲလှသောမျက်နှာ နှင့်ပြုံး ပြလိုက်သည်။သွား ဝါဝါတို့ အထင်းသားပေါ်လာသည်အထိပင်
"မဲတူလေ...မဲတူ...သေချာကြည့်ပါအုံး"
"ညှက်ချာဖျား......." ဦးထွန်း ၊ ဦးပြုံး နှင့် ဦးဆံရှည်တို့ ဘုရားတ သွားသည်။
အသားနယ် ညိုပြာညှက်ကယ်ထက်..ပိုသွားပြီး နဂိုက မဲပြာညှက်နေသော...သပိတ်နုရောင်အလှ နှင့် မဲတူ....
ဝတ်ထားတာက အမဲရောင်ဇာရင်ဖုံးနှင့်...မီနီစကပ် မီးခိုးရောင်....မျက်နှာမှာလဲ အိုးမဲတွေနဲ့.....ပြုံးပြလိုကတော့ သရဲတောင်ထွက်ပြေးရမဲ့ပုံ......ဒီအတိုင်းအမှောင်ထဲရပ်နေရင် အတော်ရှာယူရမည်သာ....
"ဘိုဖြစ်တာလဲ......မဲတူမ ရယ်"
"ဘိုဖြစ်ရမလဲ ....ကိုကိုပေါ့...ဟင့်..."
မဲတူတယောက် မျက်ရည်မဲများကျဆင်းလာသည်(မီးသွေးနဲ့မို့နော်)။
"အော်...မဲတူရယ်.....အဲဒါတော်တယ်လို့ခေါ်တယ်ဟ..."ဦးထွန်းက စပ်ဖြီးဖြီးနှင့်ရှင်းပြသည်။
"ငါသာဆို နီ့ ကိုအိုးမဲသုတ်ချင်တာ..ရှာမတွေ့လို့ ...သူရှာနိုင်တာချီးကျူး သဟေ့ ...ဟီး..."
"ဦးထွန်းနော်....ဟော..ပြောရင်ဆိုရင်းလာပါပြီ.."
နိုးတူးတယောက် ဒေါကြီးမောကြီးနှင့်ရောက်လာသည်....
"နီရှင်းမလား...နာသွားရှင်းရမား ပြော...မဲတူ"
"ဟ....ဟ..နေကြပါအုံး...ဘာဖြစ်တာလဲ ...ပြောကြပါဦးဟ...."ဟု ဦးပြုံးက ဝင်ဟန့်လေသည်။
"ဒီလို ဦးပြုံးရဲ့ မဲတူ ဖင်ချခံရလို့"ဟု နိုးတူးမှ ပြောလေသည်
"ညှက်ချာဖျား.......ရှင်းအောင်ပြောစမ်း နိုတူး....သည်ကျောင်းက ၁၈ + ဖြစ်ပေမဲ့ ဒါမျိုး လက်မခံဘူးဟ"ဟု ဦးထွန်းမှ ဒေါသသံဖြင့်ဆိုသည်။
"ဟုတ်တယ်ဟေ့....ကျောင်းနာမည်ပျက်တယ်...ဘူလဲပြော..ကျောင်းက ချက်ချင်းထုတ်လိုက်မယ်..."
ဦးပြုံးကလဲ ထုတ်မယ်တကဲကဲ...
နိုးတူးက ပါးစပ်အဟောင်းသားနှင့် မဲတူကို ကြည့်လိုက်...လုပ်နေသည်...နောက်မှ..
"အာ...ဟိုလေ....မဲတူမရဲ့ တင်ပါးကို မိထောက်...ရိုက်သွားလို့ပါ...အဲဒါ....ဟို...." :-[ :-[ :-[ :-[
နိုတူး ပြောလိုပင်မဆုံးသေး....မဲတူက..
"ဒီမှာ...ဒီမှာလေ....."
"အွန့်......" ??? ??? ??? ???လူကြီးသုံးယောက်လုံး အွန့်ကုန်ကြတော့သည်။ မီးခိုးရောင်စကပ်ပေါ်တွင် မိထောက် အိုးမဲလက်ရာကြီး.......
...  ................  ...................  .......................  .................   ..............   ................  ..........
"တျဲလေးကကွာ..........တျဲလေးကလဲ...တျဲလေး......တျဲ....."
ကြားရသောအသံကို နတ်နတ် နှင့် မိထောက်တို့ အရက်သောက်ရာ ခွက်ပုန်းခန်းမှ အတိုင်းသားကြားနေရသည်။
"ဘူတွေလဲဟ....မိထောက်ရ"
"ဘူရမလဲ နောင်ကပ် ရယ်.....ဦးမိုးစက်နဲ့ ကြီးတော်အိပေါ့ဟ..."
"သွားချောင်းရအောင် မိထောက်ရာ.....ကျောင်းထဲမှာမြင်ရခဲတယ်ကွ"နတ်နတ်က ဆွယ်လေသည်။ အရက်မှတပါး စိတ်မပါသော မိထောက်က
"သွားချင်သွား နောင်ကပ် ...နာကတော့ ဒီစည်းစိမ်နဲ့ပဲ ပျော်သဟေ့"
ခေါ်မရသည့် အဆုံး နတ်နတ် တျဲလေး ..အသံနောက်ရောင်ခံလိုက်ပြီး ထထွက်ခဲ့တော့သည်။
ခဏကြာတော့ နတ်နတ် ပြန်လာသည်။
"ဘိုလဲ နောင်ကပ်....အခြေအနေ..."ဟု ခရီးဦးရောက်မစိုက် အလိုက်မသိစွာ မိထောက်မှ အရက်နဲနဲနှင့် ရေတွေချည်းလိမ့်သောက်ကာမေးလေသည်။
"ညစ်ပက်နေတယ်ဗျ...မိထောက်ရ"
"ဟေ..ပြောပါအုံးဟ" ::) ::) ::)မူးချင်ယောင်ဆောင်နေရာမှ အငမ်းမရ နှာခေါင်းကြီး အဆီပြန်ကြီးနှင့် မေးလေသည်။
"ဘာပြောရမှာလဲဗျ ..ကိုမိုးစက်နဲ့ မအိ ထိုင်တဲ့ဟာက  ခွေးချီးပုံပေါ်ထိုင်မိလို့ဗျ အခုတော့ လိမ့်သွားပြီ...."
"အွန့်...." :-[ :-[ :-[ :-[ :-[
...  .....................  .................   ....................   ....................  .....................  ................
"လွမ်း သိပ်ကြောက်တာပဲ နတ်ခလေးရယ်....." ;) ;) ;)
"ဘာတွေကြောက်နေတာလဲ လွမ်းချစ်......ချစ်လွမ်း....ပြော...နတ်နတ်ရှိတယ်...."
"ရှိမှာလဲ....မန်းနစ်ပေါ့...သူလေ..ဒုတ်ပြခဲပြနဲ့"ကြောက်တယ်သာပြောတယ်....မျက်နှာက မှိုတွေတဲ့မျက်နှာနှင့် လွမ်းက နတ်နတ်ရင်ခွင်ထဲမှာ...ခေါင်းလေးဝှက်ထားသည်။သို့သော် မဝင်ပေ...ဖရဲသီးနှင့်ခံနေသည်။ :P :P :P :P :P
"နတ်ခလေးရော...ဘိုကြီးလဲဟင်" ??? ??? ??? ??? ???
"အော်.....ချစ်လွမ်းရယ်...တနေ့တော့ တွေ့ရလိမ့်မပေါ့" :-[ :-[ :-[ :-[
နတ်နတ် ချစ်လွမ်း ဒီနေ့ အရမ်းလှနေသည်။ ပိတောက်ခြောက်ရောင် ပွင့်ရိုက် အော့ပို့စစ် လေးဝတ်ပြီးပိတောက်ပန်းတို့ဝေဝေဆာဆာခေါင်းတခုလုံးထိုးထားသည်။ လယ်ဟိုက်ကလေးနှင့် အတော်ကိုးလှနေသော လွမ်းသူကို ကောင်းကင်နတ်မင်းခေါ် ကျွန်ုပ် နှတ်ခမ်းလေးနှင့် လွမ်းသူ နှတ်ခမ်းလေး ထိမည်အလုပ် :-* :-* :-* :-* :-*
"ဟေ့ကောင် နတ်ကောင်...တေနာလေး..ဇာတ်လမ်းရေးပါဆိုတော့မရေးဘူး...ငါခိုင်းထားတာလဲ ...သေချာမလုပ်ဘူး...ဒီမှာလာပြီးနှာကြောထနေတယ်.....လာခဲ့...." :'( :'( :'( :'(ဟု ဆိုကာ ကိုချာကိုး ရောက်လာလေသည်
"ဟုတ်တယ်ဗျို့....လုပ်...လုပ် ...အိုးမဲသုတ်....အပြစ်ပေး..."ဟုဆိုကာ....ချစ်လေး၀၀၇ ငပိန်...တို့ချက်ခန်းထဲမှ ဘော်ဒါတွေဝိုင်းအော်ကြပြီး လိုက်လာတော့သည်။ နတ်နတ်လဲ လွမ်းကို လက်ဆွဲ...ပြေးလိုက်ရတာ....လမ်းတဝှက်ရောက်တော့ လွမ်းက ရှူးပေါက်ချင်လို့တဲ့ ကျန်ခဲ့တော့သည်။
"ဟေ့ကောင် နောင်ကပ် သေလေရော....."ဟုဆိုကာ ကိုချာကိုးတယောက် နတ်နတ်၏ xxx ကိုလှန်းဆွဲတော့သည်....
"အား.......တေပါပြီဂျ" :o :o :o :o :o
....................................................................................
"ထတော့ကွာ..အိပ်ပဲနေတာပဲ"
နတ်နတ် အိမ်က ချစ်ချစ် ကိုချာဆွဲမိသော xxx ကို ဆွဲနိုးတော့မှ နတ်နတ် အိပ်ယာမှနိုးတော့သည်။ :-* :-* :-* :-* :-*

                                                                                     နှစ်သစ်မှာမင်္ဂလာအပေါင်းနှင့်ခညောင်းပါစေ
                                                                                          လွန်တာရှိ ဝန်တာမိ.....ပျော်တတ်တဲ့
                                                                                                      နတ်နတ်




 
+7
« Last Edit: April 18, 2014, 01:46:50 PM by ကောင်းကင်နတ်မင်း »

Offline ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • *****
  • Posts: 2865
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +13011
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #89 on: April 19, 2014, 05:26:50 AM »
သရော်ဆရာကြီး ကိုဇော်ရဲ (ဆြာဂျီးဇက်) ပျောက်နေတုန်း လက်စွမ်းပြ သွားတဲ့ နတ်နတ်ခေး ကို ကျေးဇူးပါဗို့  ...
ရှေ့ ဆုံးက ထောင်သွားပါဒယ် ( လက်မ )
+4

Tags: