Author Topic: ကိုယ်တိုင်ရေး သရော်စာ  (Read 65056 times)

0 Members and 1 Guest are viewing this topic.

Offline zawye

  • အငြိမ်းစား ကထိက
  • ***
  • Posts: 1058
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7614
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #60 on: October 18, 2012, 02:13:59 PM »
တစ်ကောင်ကြွက် နေမင်းမောင်လေးဟာ စာပေကလည်းမတတ် လက်ကြောကလည်းမတင်း အားအားရှိအင်တာနက်ထိုင်သုံးနေသောကြောင့် ရပ်ရွာမှ ဘယ်သူမှလည်းမကြွေးမွေး မစောင့်လျှောက်သည့်အပြင် ရွာတင်အင်မတန်မှာ စေတနာသဒ္ဒါ တရားရှိလှသော ကိုရင်ပြုံး တောင် ဥပက္ခာပြုလိုက်ပီမို့ မြို့တက်၍ သူဌေကြီး ဦးထွန်းအေး ဇနီး မအိုင်မေး တို့ အိမ်တွင် အိမ်ဖော်အလုပ်ကို လုပ်ကိုင် ရလေတော့သည်။ ထိုအိမ်မှာပင် သူနှင့်ရွယ်တူ မင်းသမီးလေး ဟူသော သမီးတစ်ယောက်ရှိလေသည်။

မောင်နေမင်း လေးဟာ အရွယ်ကလည်းရ ပညာနှင့်ဥစ္စာအရာမှာ ကုန်းကောက်စရာမရှိအောင် မွဲတေလှသော်လည်း မျက်နှာလေးနှင့် ကိုယ်လုံးကိုယ်ပေါက်မှာ အင်မတန်မှလှလေ၏

ဤသို့ဖြင့် နေလာကြရာမှ နေမင်းမောင် လေး၏ အလှကိုမြင်မြင်ကတည်းက စွဲလမ်းနေသော မင်းသမီးလေးသည် ကျားချောင်းသလိုချောင်းနေရာ အခွင့်သာသောနေ့တစ်ရက်တွင် နေမင်းမောင်လေးအား
အဓ္ဓမပြုကြင့်ကာ အမိုက်အမှောင်ချစ်စခန်း ဖွင့်ကြလေတော့သည်. `(ဤတွင် ရုပ်ရှင်ဖြစ်ပါက ငှက်ပြောသီးအား ဒါးဖြင်ခုတ်ပုံကို အနှေးပြသစေ)

ဤသို့ဖြင့် နေမင်းမောင်လေးမှာ ၁၀လအကြာတွင် သားရတနာလေးတစ်ယောက် မွေးဖွားလာလေတော့သည်။ ထိုအချိန်မှ ဦးထွန်းအေးနှင့် ဇနီးမအိုင်မေးတို့သည်လည်း မျက်လုံးပြုးမျက်စံပြူးဖြစ်ကာ သမီး မင်းသမီးလေးအား စင်ကာပူသို့အတင်းစေလွတ်လေတော့သည်။ နေမင်းမောင်လေးကိုလည်း ငွေများပုံပေးက သမီးမင်းသမီးနှင့် မပတ်သတ်ရန်ပြောလေတော့သည်။

ဤတွင်အချစ်နှင့် မေတ္တာ ကိုတန်ဖိုးထားသော နေမင်းမောင်က
“ကျန်တော်ခင်ဗျားတို့သမီးကိုချစ်ခဲ့တာ ဟောဒီက ရင်ဘတ်ကြီးနဲ့ချစ်ခဲ့တာ ဟောဒီငွေတွေကြောင့်ချစ်ခဲ့တာမဟုတ်ဘူး”  ဟုဆိုတာ မင်းသမီးလေး`၏ မိဘများအား ငွေထုတ်နှင့် ပြစ်ပေါက်လိုက်လေရာ ၅ထောင်တန်များ ၀ဲကနဲ လွင့်ပျံသွားလေတော့သည်။

ဤသို့ဖြင့် မေတ္တာကိုတန်ဖိုးထားသော နေမင်းမောင် လေးမှာ သားတစ်ယောက် ခါးတစ်ခွင်ဆင်းလာပြီး ရန်ကုန်မြို့ရှိ ဆင်ခြေဖုန်းရပ်ကွက် လေးတစ်ခုတွင် အကြော်ဗန်းလေးခေါင်းရွက်ကာ
“ဟောဒီက အကြော်စုံ” ဟုသံကုန်ဟစ်ကာ ဆင်းဆင်းရဲရဲ ဈေးရောင်းစားရလေသည်။
ဤသို့ဖြင့် မောင်နေမင်း မှာ ကလေးတစ်ယောက်အဖေဆိုသောလည်း တစ်နေကုန် ပါးကွက်ကြားမပျက် ချွေးကလေးမကွက်ပဲ တစ်သားမွေးသသွေးလှဆိုသလို မျက်နှာလေးက မှုန်နေအောင် ချစ်ချင်စရာမို့
ရပ်ကွက်ထဲမှ ပျိုပျို အိုအို မုဆိုးမ တစ်ခုလပ် မ များက အချိန်အခါမလပ် ကြံစည်ကြကုန်လေ၏။

ဤသို့ဖြင့် တစ်နေ့သ၌ သားငယ်ကလေးကျောင်းသွားခိုက် မောင်နေမင်းမှာလည်းဈေးရောင်းပြိးအပြန် ရေမိုးချိုးပြီး လုံချည်လေးရင်လျှားကာ သနပ်ခါးသွေးလိမ်းချိန်
ဒုန်းကနဲ့တခါးဖွင့်သံကြား၍လှည့်အကြည့် ရက်ကွက်ထဲမှာ ဓါးထက်လှပါသည် ဆိုသော ငါးစိမ်းသည် ဒေါမည်းတူ

‘ဟင် ခင်ဗျား ခင်ဗျာ ကျန်တော်ကိုမတရားမလုပ်နဲ့နော် မတရားမလုပ်နဲ့”ဟူ တောင်းပန်သော်လည်း လျှင်မြန်လှသော ဒေါ်မည်းတူလက်က ပါးစပ်ကိုပိတ်ပြီးဖြစ်လေသည်။
(ဤတွင် ရုပ်ရှင်ဖြစ်ပါက ခါးရမ်းသီးကို ဒါးမနှင့်ထု ပုံကို အနှေးကွက်ပြသစေ)

ဤသို့ဖြင့် အိမ်ရှေ့ဝ မှာ ကြူကြူပါအောင်ငိုရင်း ဒူးနှင့်မျက်ရည်သုတ်နေသော နေမင်းမောင်။
သားငယ်ဖြစ်သူကလည်း ကျောင်းမှငိုပြီးပြန်အလာ

“သားလေး ဘာလို့ငိုပြီးပြန်လာ ရတာတုန်းသားရယ် မထိပ်မလန့်သာရှိလိုက်တာ သားရယ်” ဆိုတော့
သားဖြစ်သူက မျက်ရည်လည်ရွဲနှပ်တွဲလဲဖြင့်
“အဖေ အဖေ သားကိုလည်း ကျောင်းက သားသူငယ်ချင်းတွေက မေးကြတယ် မင်းရဲ့အမေက ဘယ်သူလည်းတဲ့ သားဘယ်လိုဖြေရမှာလည်းအဖေရဲ့ “ ဟူပြောတော့

ငယ်စဉ်ကတည်းက အနာရထားတဲ့ နေမင်းမောင်က မျက်ရည်ကြားက ဒေါသတကြီးဖြင့်
“တော်စမ်းသား နင့်အမေအကြောင်းဘာမှ မမေးနဲ့လို့ပြောထားတယ်မဟုတ်လား”
“ဟင့်အင်း ဟင့်အင်း မရဘူးမရဘူး ဖြေဖြေပြောကိုပြောပြရမယ် သားကိုချစ်ရင်ပြောပြပါဖေဖေရယ်”
ဟုအတင်းတောင်းဆိုလာတော့ ခံစားချက်ရှီနေတဲ့ နေမင်းက အံကြိတ်ပြီး ပြောချလိုက်လေတယ်။
“မင်းအမကို သိပ်သိချင်နေတယ်ဟုတ်လား”
“ဟုတ်ကဲ့ ဖေဖေ”
နေမင်းမောင်မှ မျက်ရည်ကိုသုတ်ပြီးအသက်ကိုပြင်းပြင်းရှုကာ
“အေးမင်းသိပ်သိချင်နေတော့လည်း ပြောပြရတာပေါ့ကွာ”
သူသားလေး ပါးစပ်ဟက မျှော်လင့်ချက်ဖြင့်ငေးလေသည် နေမင်းမောင်က ကလေးကိုလက်ညိုးထိုးပြီး
“မင်းဟာမယားကောင်မပေါပဲ မွေးခဲ့တဲ့သားကွ …မင်းဟာမယားကောင်မပေါပဲမွေးခဲ့တဲ့သား”
“ဗျာ ……..အဖေ”
သားဖြစ်သူ မျက်လုံးပြုးသွားသည်။ ပြီးမှဇဝေဇ၀ါဖြင့်
“သားဟာ မယားကောင် မပေါပဲမွေးခဲ့တဲ့သား ဟုတ်လားအဖေ “
“အေးဟုတ်တယ်”
ထိုတော့မှ သားဖြစ်သူလည်း မျက်ရည်သုတ်ပြီး။
“တောက်အဖေကိုခြေတော်တင် ခရမ်းသီးမှန်ရင် ကပ်ကြေးနဲ့ညှပ်မယ် ဆိုတဲ့ မိန်းမတွေကို သားအရမ်းမုန်းသွားပြီ….သားသိပ်မုန်းသွားပြီအဖေ…….”

“မှန်တယ်ငါ့သား မိန်းမမှန်ရင်မုန်းသင့်တယ် “
“အဖေ့ဘ၀ ကိုသိပ်သနားသွားပြီအဖေ…”
သားအဖ၂ယောက်ဖက်၍ငို

ဒီလိုနဲ့နေလာပြီး သားလေး ၆နှစ်သားသို့ရောက်သောအခါကြမှ နိုင်ငံချားသွားအလုပ်လုပ်နေသော မင်းသမီးလေး ပြန်ရောက်လာက နေမင်းမောင်တို့ သားအဖ အကြောင်းမေးလေတော့သည်။
သူ၏မိဘများကလည်း နေမင်းမောင် တို့ကို ငွေပေး၍နှင်ချလိုက်ပြီဖြစ်ကြောင်း ပြောပြသောအခါ မင်းသမီးလေးက အဲ့တုန်းက သူစိတ်မထိမ်း နိုင်လို့မှားခဲ့ကြောင်း ယခုတော့ သူ့ယောင်္ကျားနှင့် သားလေးမျက်နှာကိုမြင်လိုကြောင်းပြောကာ  ရန်ကုန်မြို့အနှံ ပြဲပြဲစင်အောင် လိုက်ရှာတော့သည်။

မြို့စွန်တစ်နေရာမှာ ဆင်းရဲစွာ အကြော်ရောင်းနေသော နေမင်းကို တွေ့၍ သနားကျင်နာပြီး (နေမင်းမောင်က မင်းသမီး တာဝန်မကြေကြောင်း ပုဆိုးစွန်တောင်စွဲ၍ရန်တွေ့သည်ကိုသည်းခံ ပြီး)
သားအဖ၂ယောက်လုံးကို မိခင်တာဝန်ကြေပြွန်စွာ လုပ်ကြွေးပါရစေ ဆိုပြီးပြန်ခေါ်သွားလေသည်။

နောင်၂နှစ်အကြာတွင်
မင်းသမီလေးက ကန်ပနီ မှာ အလုပ်လုပ်ရင်း မောမောနှင့်ပြန်လာ နေမင်းမောင် လေးက သနပ်ခါးဘဲကြားလေးနှင့် နောက်ကလေးတစ်ယောကို ခါးတစ်ခွင်ချီကာ စောင့်မျှော်နေသည်။
မင်းသမီးပြန်ရောက်သည်နှင့် မင်းသမီးမောလာလား ရေအရင်သောက်မလား ရေသွားယူုလိုက်ဦးမယ် ပြန်လာရင်စားဖို့လည်းအဆင်သင့် အားလုံးချက်ထားပြီးပီးဟု လင့်ဝတ်တရားကျေပွန်စွာ ပရောပရီပြောလေသောအခါ
“အဲ့ဒါတွေကြောင့်ယောင်္ကျားကို ချစ်တာ ဟုပြောပြီး နမ်းဖို့အပြင်”
နေမင်းမောင်မှ မျက်စောင်းကလေးထိုးပြီး
“သွားလူတွေရှေ့မှာဆိုသိပ်ကဲတာပဲ”

ဤဇာတ်လမ်းဤတွင်ပြီး၏


မှီညမ်း အကြည်တော် (လေးစားစွာဦးညွတ်မိ၏)
+13
sex is something we do but love is main thing we live

Offline နိုးတူး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 767
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +6293
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #61 on: October 18, 2012, 02:32:09 PM »

အားလုံးဘဲ ဗျာ ..
စပန်း ဆန် သွားရင် နဲနဲလောက် ခွေးလွှတ်ကြပါ ..
နိုးတူးရီရလွန်လို့ ဗိုက်တွေတောင် နာလာတယ်..

ဇော်ရဲ ..
နင် အဲက အလုပ်ပြုတ်ရင် သရော်စာဘဲ ရေးစားတော့ ကွာ ..
 ;D ;D ;D ;D ;D ;D ;D ;D ;D ;D
+8
တကယ်အရေးကြီးရင် မနေ့ ကတည်းကလုပ်
တကယ်အရေးမကြီးရင် နက်ဖြန်မှ လုပ်
ကဲ ... အဲတော့ ဒီနေ့ အားတာပေါ့ ....

Offline နေမင်းမောင်

  • အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ ကိုပိုင်ဆိုင်နိုင်ကြပါစေ.....
  • ကျောင်းသားကြီး
  • **
  • Posts: 72
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +710
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #62 on: October 18, 2012, 02:36:08 PM »
(click to show/hide)

မင်းသမီးလေး ယောက်ျားတော့ ဖြစ်ပါရဲ့ :-* :-* :-*  ဒေါ်မည်းတူ က အတင်းအားဓမ္မတော့ ကျင့်ပါရဲ့  8) 8) 8) 8) ....... ငါ့နဲ့နော် ဘယ်ဘ၀က ကုသိုလ်ကံကြောင့် ကိုဇော်ရဲရေးသမျှထဲမှာ နွဲ့ ချည့်နွဲ့နေရတာလဲ တခုပဲလွဲနေတယ် >:( >:( >:( ..ဇာတ်လမ်းတွေထဲကတိုင်းပါပဲ ဒါပေမဲ့ ယောက်ျားနေရာနဲ့ မိန်းမနေရာလွဲများနေလားလို့  :'( :'( :'( အဖြစ် ကမနှစ်ကနဲ့ မတူ....ဒန်တန့်ဒန် .....

                                                                                       ဖြစ်သမျှကိုအကောင်းမှတ်ခါ ဒီတခါမဆိုးဘူး ဟု ကျေနပ်နေသော  ;D ;D
                                                                                                         နေမင်းမောင်
+11
« Last Edit: October 18, 2012, 02:45:04 PM by Nay Min Maung »
THE COURSE OF TRUE LOVE NEVER DID RUN SMOOTH.. ♥ ♥ ♥ :-* :-*:-* :-* :-* :-* :-* :-*

Offline သရဲ

  • အငြိမ်းစား ကထိက
  • ***
  • Posts: 216
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +648
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #63 on: October 18, 2012, 11:04:47 PM »
(click to show/hide)

ဆရာမကြီး တကြီးဇော် လေးစားတယ်ဗျာ....အသကူုန်ကိုလေးစားသွားပြီ
လက်စွမ်းအရမ်းထက်လာပြီ...ကျတော် ဖတ် နေရင်းက ကို စားကြောင်း တပိုဒ်တိုင်းမှာ ရီနေရလွန်းလို့
လေးစားစွားဖြင့် ကျနော် ဒီနေရာကနေ ကို လေးစားသွားပါတယ်...
+3
« Last Edit: October 19, 2012, 09:24:48 AM by hotsexygirl »

Offline ဂိ ဂိ

  • အငြိမ်းစား ကထိက
  • ***
  • Posts: 558
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +3393
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #64 on: October 18, 2012, 11:52:58 PM »
အဲ့လို ဟာ မျိုးကို ဆရာကြီး ဇဝန ရေးတာ ဖတ်ဖူးတယ်ဗျ ... စာအုပ်နာမည်က “ ကျွန်တော့လင် ” ဆိုလားပဲ .... အင်း .. ဘာပဲ ဖြစ်ဖြစ် ယဲယဲ ... ကြိုက်တယ်ဗျာ  :) :) :)





ဂိ
+4
လုပ်သလို မဖြစ်ရင် ... ... ဖြစ်သလို လုပ်မယ် ... ... ဒါဘဲ

Offline zawye

  • အငြိမ်းစား ကထိက
  • ***
  • Posts: 1058
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7614
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #65 on: October 23, 2012, 08:15:40 PM »
ရဲရဲ၏ ပိုစ့်၁၀၀၀ပြည့်အထိမ်းအမှတ် စာမူကြီး
ရာဇ၀င်မှာ နေမင်းကိုထားခဲ့

(ဒီဇာတ်လမ်းကို ကျန်တော်မရေးချင်တော့ညားလည်း နေမင်းမောင် လေးက မျက်ရည်လည်ရွဲ နှပ်တွဲလဲ နှင့် ချက်ခန်းတွင် ငိုယိုတောင်းပန်ကာ ရေးခိုင်းသည်က တစ်ကြောင်း (သူကျားကျားယားယားနှင့် ၃ပွင့်ဆိုင် အချစ်ဇာတ်လမ်းရေးပေပါတဲ့လေ) မင်းသမီးလေး က ကျန်တော့်အား တွေ့သည်နေရာတွင် ရိုက်မည်ဟု ခြိမ်းခြောက်သောကြောင့် တစ်ကြောင်း ကျန်တော်ရဲရဲလည်း ကြောက်ခြင်းတစ်ဝက် နေမင်းကို ခင်ရာမင်ကြောင်း ကတစ်ဝက်ဖြင့် ဤစာကိုရေးသားပါသည်။ ဤကားစကားချီးတည်း)

မြန်မာနိုင်ငံတွင် တတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သော သူဌေးကြီး ဦးထွန်းအေး နှင့် ဒေါ်အိုင်မေး တို့ တွင် နေမင်းမောင်ဟူ သော အလွန်တရာမှ ချောမောသော အရပ်ရှည်သော ဗလတောင့်သော ကိုရီးယားမင်းသား ချီးပိုင် နှင့် နင်လာငါလား ခွဲခြားရသော ၃နှစ်သားအရွယ်ရှိ သားဦးရတနာလေးတစ်ယောက်ရှိသတတ် ။
ပိုက်ဆံကလည်းချမ်းသာ အပူအပင်ကလည်းမရှိ ဆိုတော့ သူ့တို့သားလေး နေမင်းမောင် အားချစ်လိုက်ကျသည်မှာ ဒွန့်ဒွန့်လူး သည်ဟုဆိုရမလိုပင်။

တစ်နေ့သ၌ အလုပ်ကိစ္စဖြင့် အမေကြီးကား နိုင်ငံ ဆက်သွယ်ရေးနှင့်တယ်လီဖုန်း လုပ်ငန်းတွင် CEO တစ်ဖြစ်လည်း chairman တစ်သွယ် လုပ်ကိုင်နေသော အမေကြီးကား နိုင်ငံ၏ ဒုတိယ အချမ်းသာဆုံးတစ်ယောက်ဖြစ်သော ဒူးရင်းသီးမိုဘိုင်း ကန်ပနီ မှ ကိုရင်ပြုံးကိုတွေ့ရန်အလို့ငှာ
ဦးထွန်းအေးနှင့် ဒေါ်အိုင်မေးတို့မှာလည်း သားရတနာလေးပါ တစ်ပါးတည်းခေါ်ကာ ကိုယ်ပိုင်လီယာဂျက်ဖြင့် အမေရိက နိုင်ငံသို့ ထွက်ခွာခဲ့ကြလေတော့သည်။ ဤသို့ဖြင့် လေယာဉ်လေးသည် ဦးရောပ နိုင်ငံသို့ဖြတ်အပြန်တွင် လေမုန်တိုင်း မိုးကြိုး မီးတောင်ပြာများကြောင့် အင်ဂျင်စက်ချို့ယွင်းကာ မြေပြင်ဆီသို့ဦးတည်းထိုးဆိုက်လာလေတော့သည်။
“လေယာဉ်က ကျန်တော်တို့၂ မိနစ်ပဲ လေထဲမှာညိမ်အောင်ထိမ်းလို့ရတော့မယ် အင်ဂျင် ၂လုံးလုံးအလုပ်မလုပ်တော့ဘူး ဒါပေမယ့် ကျန်တော်တို့ဆီမှာ အသက်ကယ်လေထီး ၁ခုပဲရှိတယ် ဒီတော့ အဲ့ဒါကို သူဌေးတို့ ကြိုက်သလိုသုံးပါ ကျန်တော်ကတော့ ဒီလေယာဉ်နဲ့အတူတူ အသက်အသေခံမယ်ဟု” လေယာဉ် ကား သင်္ဘော မီးရထား အကုန်မောင်းလည်းမောင်း အကြောင်းလည်းသိသည့် ပိုင်းလော့ ကိုမိုန မှာ ပြောလေသည်။
ဒီတော့ သူဌေးကြီးတို့လင်မယားလည်း သူ့တို၏ သားဦးရတနာ နေမင်းမောင်လေးအား လေထီးကိုတပ်ဆင်ပေးလျှက် ငိုယိုကာ လေယာဉ်တံခါေးပေါက်မှပြစ်ချလိုက်လေတော့သည် ။ သို့သော်လည်း အလွန်တရာမှကံကောင်းလှသည့်နေမင်းလေးမှာ လေထီးနှင့်တညိမ့်ညိမ့်ဆင်းသွားပြီးသာကလ လေယာဉ်လည်း စက်ပြန်ကောင်းကာ ပုံမှန်ပြန်လည် ပျံသန်းနိုင်သည် ဟူသတတ် ။ လေယာဉ်ပေါ်တွင်တော့ သူဌေးမကြီးဒေါ်အိုင်မေးရဲ့ငိုသံများဆူညံလျှက် ငါ့တားလေးတော့ တနားပါတယ် ကံကိုက ဆိုးလွန်းတာပါတားလေးရယ် …………..မပူပါနဲ့ရှင်မရယ် ငါနောက်တစ်ယောက်ပြန်ရအောင် တာဝန်ယူပါတယ်ဟု သူဌေးကြီးဦးထွန်းအေးမှလည်း အားပေးလျှက်ရှိပေသည်။

ဒီလိုနဲ့ ကံဆိုးသူမောင်နေမင်းလေးဟာ လေတိုက်ရာသို့လိုက်ပါရင် အာဖရီးက တိုက် အင်မတန်မှ ငြိမ်းချမ်းသော လူတိုင်းလိုလို ငြိမ်းချမ်းရေး နိုဘယ်ဆု ရနေကြသော ကွန်ဂို နိုင်ငံအတွင်း တောကြီးမျက်မည်းအတွင်းသို့ ဖုတ်ကနဲကြရောက်လေတော့သည်။

ဤသို့ဖြင့်နေမင်းမောင်လေးလည်း တောကြီးမျက်မည်းအလည်တွင် ဆင်ကြီး နိုးနိုး အချစ်ည ကျားသစ်လေး
ကြံ က၀ိ တို့က ထိမ်းကြောင်းလျှက် မျောက်မည်းတူး နို့ချို့ကို စို့ကာ တဖြည်းဖြည်းအရွယ်ရောက်လာလေတော့၏။ နေမင်းလေးလည်း ငယ်နာမည်ပျောက်လျှက် တောထဲတွင် ကျားကျားယားယား ဟုအမည်နာမတွင်လေသေည်။(နေမင်းရေမင်းပြောတဲ့ကျားကျားယားယားဖြစ်ပြီနော်)
နေသာသာသောနေ့တစ်နေ့တွင် ကျားကျားယားယားတစ်ဖြစ်လည်း နေမင်းလေးက တောထဲတွင် နွယ်ကြိုးများခိုစီးလျှက် အယ်မလေးအယ်မလေး ဟု အော်ဟစ်ကျွေးကာ ဂနာမညိမ် လုပ်ချင်တာလုပ်နေလေတော့သည်။

ဤတွင် မင်းသမီးလေး ဟုအမည်နာမတွင်ခေါ်သော နုဖတ်ဥထွတ်ဝင်းဝင်းနုသည့် မိန်းကလေးတစ်ယောက်သည် နေမင်းမောင်လေးနှင့် သူမအား ရန်ဖြစ်အောင်စသည့် ကထိကကြီးzawye ဆိုသူအား တွေ့ရာသချိ င်္ုင်း ဒါးမဆိုင်းပဲ သတ်ရန် မြန်မာပြည်အနှံနေပြည်တော်ပါမကျန် လိုက်လံရှာဖွေပြီးသကာလ မတွေ့သည့်အဆုံး အာဖရိက နိုင်ငံ ကွန်ဂို သို့ ရောက်ရှိလာလေတော့သည်။  မိန်းကလေးပီပီ အမဲလိုက်သည်ကိုလည်း ၀ါသနာပါသော မင်းသမီးလေးသည် ကွန်ဂိုသို့ရောက်တုန်းရောက်ခိုက်အမဲလိုက်မည်ဟု ကြုံးဝါးကာ တောထဲသို့ဝင်လျှက် ယာယီတဲတွင် စခန်းချနေထိုင်လျှက်ရှိလေသည်.။

နေသာသာနေတစ်နေ့တွင် မင်းသမီးလေးသည် ဂိုးလေဘယ်ဝီစကီလေး သောက်ကာ ပိုကာဒေါင်းလျှက်ရှီနေစဉ်တွင် အယ်မလေးအယ်မလေး ဟုသော ကြယ်လောင်အောင်မြင်လှသည့် အသံဝါ၀ါကြီး ကိုကြားမိသောသကာလ အပေါင်းအသင်းများပင်မခေါ်တော့ပဲ တစ်ကိုယ်တည်း အသံကြားရာနောက်သို့သေနတ်ဆွဲကာ လိုက်လေတော့သည်

တဖြည်းဖြည်းနှင့် တောနက်ထဲသို့ ရောက်မှန်းမသိရောက်ရှိလို့လာတော့သည်။ ဤတွင်သာယာဝါပြောဖွယ်ကောင်းသော စမ်းချောင်းလေးတစ်ခုတွင် တစ်ကိုယ်တီးလွတ်လပ်စွာနေရေချိုးနေသော ကျားကျားယားယား အား တွေ့မြင်လိုက်သော မင်းသမီးလေးသည်…….

ဒုတိယပိုင်းမျှော်
+12
« Last Edit: October 24, 2012, 12:49:29 PM by tunaye2011 »
sex is something we do but love is main thing we live

Offline နေမင်းမောင်

  • အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ ကိုပိုင်ဆိုင်နိုင်ကြပါစေ.....
  • ကျောင်းသားကြီး
  • **
  • Posts: 72
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +710
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #66 on: October 23, 2012, 08:32:10 PM »
(click to show/hide)

ဟုတ်ကျေးဇူးတင်စွာဒုတိယပိုင်းကိုမျှော်နေပါတယ် ......  အားပေးလျက်ပါ ပထမဆုံး လေးစားစွာ ပို့စ်ပေးလိုက်ပါတယ် ကရဲ ......
+6
THE COURSE OF TRUE LOVE NEVER DID RUN SMOOTH.. ♥ ♥ ♥ :-* :-*:-* :-* :-* :-* :-* :-*

Offline monarch

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 507
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Respect: +3568
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #67 on: October 23, 2012, 09:46:19 PM »
(click to show/hide)
အဲ့ နေမင်း မောင်အသေးလေးကို အညင်ကပ်လို့ ကို တမင် ဥာဏ်ဆင်ပြီး လေ ယာဉ်ပေါ်က ပစ်ချခိုင်းလိုက်တာ  ;D ;D
(click to show/hide)
   ??? ??? အားကျဒါ  :P :P
+5

Offline နေမင်းမောင်

  • အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ ကိုပိုင်ဆိုင်နိုင်ကြပါစေ.....
  • ကျောင်းသားကြီး
  • **
  • Posts: 72
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +710
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #68 on: November 03, 2012, 07:52:16 PM »
(click to show/hide)

ဟီးး မိုက်လိုက်တာ ကြက်သီးမွေးညင်းများထသွားလောက်အောင်ကိုကောင်းပါတယ် ..... အိုင်ပီကိုဆော်ရေ... မိုက်တယ်ဗျာ ဆက်ရေး... အားပေးနေတယ်... ကျနော် အရမ်းကြိုက်တဲ့ ၀တ္ထုတပုတ်လို ရေးနေတဲ့အတွက် အပြီးရောက်ရင် ပီဒီအပ်ဖ် ကို့ဟာကိုလုပ်ပြီး သိမ်းထားပါ့မယ် ဟီး... ကျေးဇူးတင်လျက်ပါ ကဆော်
                                                                                                                                  ညီလေး နေမင်းမောင်
+4
THE COURSE OF TRUE LOVE NEVER DID RUN SMOOTH.. ♥ ♥ ♥ :-* :-*:-* :-* :-* :-* :-* :-*

Offline နေမင်းမောင်

  • အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ ကိုပိုင်ဆိုင်နိုင်ကြပါစေ.....
  • ကျောင်းသားကြီး
  • **
  • Posts: 72
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +710
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #69 on: November 04, 2012, 12:27:04 AM »
(click to show/hide)

ဟီးးးကြိုက်တယ်ဗျို့ဆက်ရေးပါ အားပေးနေပါတယ် ဗျို့ ကိုဆော်ရေ.... 8) 8) 8) 8)
+3
THE COURSE OF TRUE LOVE NEVER DID RUN SMOOTH.. ♥ ♥ ♥ :-* :-*:-* :-* :-* :-* :-* :-*

Tags: