Author Topic: ကိုယ်တိုင်ရေး သရော်စာ  (Read 66086 times)
0 Members and 1 Guest are viewing this topic.
Offline zawye
  • အငြိမ်းစား ကထိက
  • ***
  • Posts: 1058
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7630
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #50 on: October 16, 2012, 10:57:14 AM »
ချက်ပုန်းကြီးမည်းတူ သောင်းကျန်းလေပီ ..........ရွေမြို့တော်တွင်အမူထမ်းသော ဗိုလ်ကလေး မင်းရဲဗလနိုးတူ ထံသို့ တောင် မည်းတူ သတင်းပေါက်ကြာလေ..ပီ။
စုံတောချက် တွင် လာသမျှအထီးအမ လူကြီးလူငယ်မရွေး အနိုင်ကျင့်နေသော မည်းတူ အား ခြေမှုန်းသုတ်သင်ရန် နေပြည်တော်မှ ရဲမက် ၄ဦးအားစေလွတ်လေပြီ။ အဆိုသူများက အချားမဟုတ် စစ်မှုစစ်ချီရာတွင်အလွန်တော်သူ အချိန်မရွေးတိုက်နိုင်သူ ဂျာစစ်သား။ မူဗီအပုဒ်၁၀၀အား ၁၀မိနစ်အတွင်း အက်ဒစ်တင်းလုပ်နိုင်သူ ၃ပေမျှကျယ်သော ရေးကူးကန်ကို ကန့်လန့်ဖြတ် ၃ခါ ကူးနိုင်သူ နတ်မင်းဖီး။ စာများကိုအလွတ်ရိုက်နိုင်သူ ပီဒီအက်များကို တစ်နေ့တဲအပုဒ်၁၀၀ ကျော်ဖန်တီးနိုင်သူ မြက်ပင် အပင်တစ်ရာအား တမဟုတ်ချင်းခုန်ကူးနိုင်သူ နတ်ဆိုးရူး နှင့် ဟုမ်းမိတ်များကိုသာ သီးသန့်တင်သူ အကုန်အစုံလည်းရသည့် လယ်ကွက်များကို ဒုတ်တိုတစ်ချောင်းနှင့် မနားတမ်းထွန်နိုင်သူ ရွာဆော်လဖယ် တို့ပင်ဖြစ်ကြလေကုန်သတည်း။
အဆိုပါ သူရဲကောင်း၎ယောက်သည်လည်း ဗိုလ်ကလေး မင်းရဲဗလနိုးတူမှ ညွန်ကြားသည်အတိုင်း ချက်ပုန်းကြီးမည်းတူ သောင်းကျန်းရာ မြိုင်တောချက်သို့ တက်ကြွစာချီတက်ကြကုန်တော့သည်။ ချက်တောမြိုင်သို့အ၀င် များမကြာမှီတွင်......
"ဟားဟား ဘူးထွားဘူးထွား ဟွားဟွား ငါမည်းတူစံပျော်ရာ ချက်တောမြိုင်သို့ အဘယ်သိ သာမန်ညောင်ည လူများဝင်လာရသတုန်းကွ ပြောစမ်းပါဦး" ဟု တောအုပ်အလည်တွင်မိန့်မိန့်ကြီးထိုင်လျှက် ချက်ပုန်းကြီးမည်းတူမှဆိုလေရာ
"အောင်မာ သူခိုးကများ လူဟစ်လို့ကွ ငါတို့က နင့်ကိုဖမ်းဆီးသုတ်သင်ဖို့ နေပြည်တောက ဗိုလ်ကလေး မင်းရဲဗလနိုးတူး စေလွတ်လိုက်ချင်းဖြစ်လေတယ် ....ဒီတော့နင်အသာအကြည် အဖမ်းခံရင် နင့်အတွက်သက်သာမယ် မည်းတူ" ဟု ဂျာစစ်သားမှ ၀င့်ကြွားစွာဆိုလေသည်။
"အောင်မာ နင်တို့ပညာလေးနဲ့များ ငါ့ကိုစမ်းချင်သေးတယ် ငါဆိုတဲ့ကောင်မက ချက်တောမြိုင်မှာ ကြင်လည်ခဲ့တာ ရန်ပတ်ဖြစ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး" အေးစမ်းချင်ရင်တော့ ရှေ့တိုးခဲ့
သူရဲကောင်းများလည်းရှုးရှုးရှားရှားဖြစ်သွားကာ "ကဲ ဒီလောင်တောင်လေကြီးလှတဲ့ မည်းတူ ငါ့အကြောင်းသိမယ်"  ဟုဆိုကာ ရွာဆော်လဖယ် မှ ကိုယ်ဖောသိုင်းသုံးကာ မည်းတူ အားတိုက်ခိုက်ရန်ဦးတည်လိုက်တော့လေသည်။ ထိုအချိန်တွင်ပင်လည်း မည်းတူမှ နောက်ကျောတွင်ချိတ်ဆွဲထားသော သူမ ၏လက်နက် အော်လံအား ထုတ်ယူလိုက်ပြီး ပါးစပ်တွင်တေ့ကာ စတင်အော်ကာ သီချင်းများကို ဆိုပါတော့လေသည်။
ဤမျှလောက် ကီးမကိုက်သော နားဝင်ပီယံမရှီလှသော စိတ်ပျက်ဖွယ်ကောင်းသော အသံဆိုးကြီးကြောင့် ပညာရှင် ရွာဆော်လဖယ် တစ်ယောက်လည်း အတွင်းအားကုန်ခန်းကာ မြေပြင်တွင် ဖုတ်ကနဲပြုတ်ကြကာ ဆက်လက်တိုက်ခိုက် ချင်းငှာ မစွမ်းသာတော့ချေ။
ထိုအချင်းအရာကိုမြင်သော နတ်ဆိုးရူးက ဂျာစစ်သားလောက်မှပညာချင်း တူမယ်ထင်တယ် မည်းတူ ပညာအရမ်းမြင့်နေလွန်းတယ် ကိုဂျာစစ်သား။ ဂျာစစ်သားမှလည်း အောင်မြင်ခံညားသောလေသံဖြင့်
"ငါ ၏အိစက်ညက်ညောတဲ့ မွေ့ရာကြောင့် ခါးနာရောဂါဖြစ်နေတယ် အဆွေတော်တို့ သမားတော်က လှုပ်လှုပ်ရှားရှားမလုပ်ရဘူးလို့မှာထားတယ် ဒီတော့ အတွင်းအားစုစည်းလို့မရသေးဘူး ဒီတော့ နတ်ဆိုးရူး အရင်တိုက်လိုက်ပါ" ဟုတ်ဆိုလေရာ
နတ်ဆိုးရူးမှလည်း သူ၏ နာမည်ကြီးသိုင်းကွက်ထဲမှ ပီဒီအက်တစ်ထောင် တစ်ဖတ်ဖတ် ရိုက်ချက် သိုင်းကွက်ကို ခင်းကာ မည်းတူ အနားသို့ တမဟုတ်ချင်း ရောက်ရှီလေ၏။
မည်းတူကလည်းအတွေ့အကြုံရှိသူပီပီ တစ်ဖတ်ဖတ် ရိုက်ချက်ကို ပြန်လည်မခုခံပေ သူမ၏ နာမည်ကြီး ဝေ့လည်ကြောင်ပတ် သိုင်းကွက်ကိုသုံးကာ ရှောင်ထွက်လေသည်။  နတ်ဆိုးရူး သိုင်းကွက်ပြောင်းခင်းလေသည် နောက်ဆုံးသိုင်းကွက် သေကွင်းသေကွက် များကိုသာ တိုက်ခိုက်သော တိုက်ပင်လက်ညိုး .....အင်မတန်မှ အစွမ်းထက်သည် ဤသိုင်းကွက်ဖြင့် မြောက်များလှသော လူဆိုးများကို အနိုင်ယူခဲ့ပြီပြီ. သို့သော် မည်းတူမှာ ထင်ထားသည်ထက်ပိုလည် လေသည်ကို နတ်ဆိုးရူး အချိန်နှောင်းမှသိခဲ့ရလေတော့သည်။ နတ်ဆိုး ၏ တိုင်ပင်လက်ညိုး ကို မည်းတူမှ သူမ၏ နုာမည်ကျော် သိုင်းကွက်တစ်ကွက်ဖြစ်သော မေးစရာရှိလို့ မေးစရာရှိလို့ တိုက်ကွက်အား ထုတ်လိုက်သော အချိန်တွင်တော့ နတ်ဆိုးရူးမှာ လက်မြောက်ကာအရှံးပေးလိုက်ရတော့လေသည်။
နတ်မင်းဖီး မှာလည်း သူ၏ သွေးသောက်လုပ်ဖော်ကိုင်ဖက် တစ်ယောက် အရေးနိမ့်သွားသည်ကိုမြင်သောကြောင့် ချက်ချင်းဆိုသလို နာမည်ကြီး မြေအောက်သိုင်းသမားများ ဖိန့်ဖိန့်တုန်ကြောက်ရသော မူဗီစာတန်းထိုး သိုင်းကွက်အား ထုတ်ဖော်ကာ အတင်းဝင်ရောက်တိုက်ခိုက် လေသည်။ နတ်မင်းဖီး ၏ သိုင်းကွက်မှာ အင်မတန်မှကောင်းမွန်သော်လည်း ဒေါသထွက်နေချင်းကလည်းတစ်ယောက် မနေ့က ဆုံထောင်းများသွားချင်းကြောင့်တစ်ကြောင်း အနည်းငယ် ပျော့သွားလေရာ မည်းတူမှ ဘေးထိုင်ဘုပြော သိုင်းကွက် အား ထုတ်လိုက်သောအချိန်တွင် နတ်မင်းဖီး တစ်ယောက်ရင်ဘတ်တွင်း အတွင်းဒဏ်ရာအနည်းငယ်ရရှိသွားလေတော့သည်။
နောက်ဆုံးတွင်တော့ ဂျာစစ်သားလည်း မိမိမှ မ၀င်တော့လျှင်မဖြစ်တော့ ပီဟုစိတ်ကိုဆုံးဖြတ်လျှက် သမားတော်ပေးသော ပန်နယ်ဒေါ အတွင်းအားဆေးအား သောက်လျှက် မျက်နှာ၁ထောင် သိုင်းကွက် အားသုံးကာ တိုက်ခိုက်လေသည်။ မည်းတူကလည်း ခေသူမဟုတ်ပေ အတွေ့အကြုံရှိသူပီပီ ပျော့ပျော့လေးနဲ့နံဒယ် သိုင်းကိုထုတ်သုံးလေရာ မျက်နှာတစ်ခုတည်းထင်ပင် အတော်နံလှသောကြောင့် မျက်နှာ ၁၀၀၀ သိုင်းသုံးထားကြောင့် အထိနာ လေတော့သည်။ ဂျာစစ်သားမှ သံမဏီအတွင်းအားဖြင့် တိုက်သောလည်း မည်းတူမှ အရေထူ သိုင်းဖြင့် ခုခံလေရာ အရာမ၀င်ပဲဖြစ်လေ၏။ ထိုကြောင့်ဂျာစစ်သားလည်း မဖြစ်ချေဘူးဟူ ဆိုကာ သိုင်းလောတိုင်းတွင် အင်မတန်မှဖိန့်ဖိန့်တုံ အထူးသဖြင့် မိန်းမ များကို အဓိက ထားတိုက်သော ဂျာနည်း ၃၂ နည်းဖြင့် တိုက်ခိုက်လေတော့သည်။ ဂျာနည်း ၃၂မှာ အင်မတန်မှ ကြောက်စရာကောင်းသောလည်း မည်းတူမှ ဤအကြောင်းကိုသိကာ ၁လတိတိ ရေမချိုးပဲ အပုတ်ခံထား ပြီးကျင့်ထားသော သိုင်းကွက် ထမိန်လှန် သိုင်းကွက်သုံးလိုက်သောအခါတွင်တော့ ဂျာစစ်သားလည်း အဆိပ်ငွေ့ဒဏ်ခံလိုက်ရကာ မူးမိုက် အော့အန် ချင်းအဖြစ်သို့ရောက်ရှီ တော့သည်။ မည်းတူ မှ ထော်လန်နေသောနှတ်ခမ်းကို ထပ်မံထော်လျှက် ရှင်တို့ ပညာတွေနဲ့ မရသေးပါဘူး ကျမကို နှိမ်နှင်းချင်လျှင် ဗိုလ်ကလေး မင်းရဲဗလနိုးတူး သာလွတ် စမ်းဘာ ဒါမှ ပြိုင်ရဆိုင်ရတာ ကောင်းမယ်ထင်တာပဲ.....ဟုဆိုကာ နောက်ဆုံးမည်းတူ လက်နက် မည်းမည်းကွက်သုံးကာ ကိုယ်ပြောက်သွားလေတော့သည်။
သူရဲကောင်းလေးယောက် နေပြည်တော်သို့ပြန်ကာ ဗိုလ်ကလေးမင်းရဲဗလနိုးတူ ထံတင်ပြရာ .............အင်မတန်မှ အမျက်တော်ရှကာ အေးချက်ပုန်းမမည်းတူ ငါနဲ့တော့တွေ့မယ်ဟု ပြောကာ အခန်းအတွင်းသို့ဝင်လေတော့သည်။
+21
sex is something we do but love is main thing we live
Offline နေမင်းမောင်
  • အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ ကိုပိုင်ဆိုင်နိုင်ကြပါစေ.....
  • ကျောင်းသားကြီး
  • **
  • Posts: 72
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +712
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #51 on: October 16, 2012, 01:27:27 PM »
(click to show/hide)
ဘာလို့သူ ကစစ်ထွက်မတိုက်ဘဲ အခန်းထဲ ၀င်သွားတာ လဲ.... ဘာ သိုင်းကွက်သုံးမှာ လဲ ဗိုလ်ကလေးမင်းရဲဗလနိုးတူ က....ဂျာနယ်ထဲ ထည့်ရန် သိချင်သဖြင့် မေးလိုက် ပါသည်.......
                                                                                                                                                  ပုံ
                                                                                                                                             လစ်ရင်လစ်သလို ဂျာသော (ဂျာနယ်လစ်)      
                                                                                                                                                      နေမင်းမောင်
+7
« Last Edit: October 16, 2012, 01:56:01 PM by tunaye2011 »
THE COURSE OF TRUE LOVE NEVER DID RUN SMOOTH.. ♥ ♥ ♥ :-* :-*:-* :-* :-* :-* :-* :-*
Offline ကဝိ
  • PDF Creator
  • **
  • Posts: 236
  • ဂုဏ်ထူးဆောင်ရမှတ် 500
  • Gender: Male
  • အားလုံးကိုခင်မင်ပါတယ်
  • Respect: +3712
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #52 on: October 16, 2012, 03:59:31 PM »
(click to show/hide)
အဲ့ဂလို နဲ့ ရန်ကုန်မြို့တော်ကြီးတွင် နေမင်းမောင်လေးတယောက် အပျိုရည် ပျက်ပီး သကာလ မည်သည့် အချင်းအရာဖြင့် လုပ်ကိုင်စားသောက်ရမည်ကို မသိသဖြင့်
(ပါလာသော ငွေတိုငွေစလေးများကလည်းကုန်တော့မည်ဖြစ်သည်) ပန်းဆိုးတန်း ဂုံးတံတားအောက်တွင် တယောက်တည်း ယောင်ချာချာဖြစ်နေတုံး……..
ဘေးနားသို့ ကားတစ်စီး လာရပ်ကာ အနှီ မနူးမနပ် ရူပါဖြောင့်ဖြောင့် ဂျောတောင့်တောင့် ကောင်လေး အား မေးမြန်းလေတော့သည်…
ညီလေးက ဘယ်သွားမလို့လဲ သွားစရာမရှိရင် ကိုကြီးတို့နဲ့ လိုက်ခဲ့ပါလား
ထမင်းလည်းကျွေးမယ် မုန့်ဖိုးလည်းပေးမယ်လေ……..
နေမင်းမောင်လေး တယောက် စဉ်းစားလေပြီ
အင်းးးးးး ဒီလူကြီးတွေနှယ် သဘောကောင်းလှပါလား ထမင်းလည်းကျွေးမယ် မုန့်ဖိုးလည်းပေးမယ်တဲ့
ဟင်း ဟိုလူတွေနဲ့များကွာပါ့ ငါ့ကို မဟားဒယား ကျင့်ပြီးသွားတာတောင် စကားလေးတစ်ခွန်းမပြောဘူး ထမင်းမကျွေးသွားဘူး  
အင်း   ငါလည်း ထမင်းတနပ် အလကားစားရနည်းလား ပြီးတော့ မုန့်ဖိုးလည်းရအုံးမယ် လိုက်သွားလိုက်အုံးမယ်……….
ဤကဲ့သို့ စဉ်းစားကာ ကောင်းပြီလေ ကိုကြီးတို့က ဘယ်သွားမှာလဲ လိုက်ခဲ့မယ်လေ
ဆိုကာ အဆိုပါ ကားပေါ်သို့ ပါသွားလေတော့သည်……..
   ဤသို့ဖြင့်….ရန်ကုန်မြို့တော်ကြီး၏ အကြောင်းအချင်းရာများအား နကန်းတလုံးမှ မသိသော
အဆိုပါ မနူးမနပ် အပျိုရည်ပျက်ပီးကာစ  နေမင်းမောင်လေး၏ ဘ၀သည် ထိုအချိန်မှ စပါလေတော့သည်…….
   ဤျတွင်တခန်းရပ်………ဆက်လက်စောင့်မျှော်ကြပါကုန်……
+10
« Last Edit: October 16, 2012, 04:01:13 PM by ကဝိ »
ပျော်ချင်တိုင်းလည်း မပျော်ရပါ... ချစ်မိသူတိုင်းလည်း ချစ်ချင်း မခံခဲ့ရပါ.... မသိသေးတဲ့ ဒီလောကရဲ့ အထာ အချစ်ဆိုတာ... လျှို့ဝှက်ချက် တစ်ခုပါ.....
Offline နေမင်းမောင်
  • အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ ကိုပိုင်ဆိုင်နိုင်ကြပါစေ.....
  • ကျောင်းသားကြီး
  • **
  • Posts: 72
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +712
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #53 on: October 16, 2012, 04:50:34 PM »
(click to show/hide)
           .......ဆက်ရန်ရှိသေးသည်.......
+8
THE COURSE OF TRUE LOVE NEVER DID RUN SMOOTH.. ♥ ♥ ♥ :-* :-*:-* :-* :-* :-* :-* :-*
Offline မင်းသမီးလေး
  • စီနီယာမမ
  • ***
  • Posts: 133
  • ဂုဏ်ထူးဆောင်ရမှတ် 200
  • Respect: +1004
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #54 on: October 16, 2012, 07:05:27 PM »
(click to show/hide)
ရေလည်မိုက်တယ်ဟေ့ကြိုးစားထားနာတောင်ရေးတတ်သေးဝူး
+4
« Last Edit: October 17, 2012, 09:54:23 AM by tunaye2011 »
ဘဝမှာ အောင်မြင်ကျော်ကြား ကြီးပွားချမ်းသာနေသူတွေထက်
နေ့စဉ် လောဘ ဒေါသ မောဟ တွေမရှိပဲ နေထိုင်နေတဲ့ သူရဲ့  ဘဝက ပိုအရသာရှိပါတယ်
Offline နေမင်းမောင်
  • အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ ကိုပိုင်ဆိုင်နိုင်ကြပါစေ.....
  • ကျောင်းသားကြီး
  • **
  • Posts: 72
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +712
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #55 on: October 16, 2012, 07:12:52 PM »
(click to show/hide)
မင်းသမီးလေး အခုလိုအားပေးတာကျေးဇူးပဲနော် အားတက်သွားပြီ ......
+6
THE COURSE OF TRUE LOVE NEVER DID RUN SMOOTH.. ♥ ♥ ♥ :-* :-*:-* :-* :-* :-* :-* :-*
Offline ကဝိ
  • PDF Creator
  • **
  • Posts: 236
  • ဂုဏ်ထူးဆောင်ရမှတ် 500
  • Gender: Male
  • အားလုံးကိုခင်မင်ပါတယ်
  • Respect: +3712
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #56 on: October 16, 2012, 07:44:05 PM »
(click to show/hide)
နောက်တစ်နေ့မနက်…… အဆိုပါ အူလည်လည် ငတိ နေမင်းမောင်လေး အိပ်ရာမှ နိုးသောအခါ……
ဟင် ငါ… ငါ…. ဘယ်ရောက်နေတာတုန်း…….
ငါက မန်နေဂျင်း ဒါရိုက်တာလေ……
ဟို ဇော်ရဲ တို့ က၀ိ တို့ ကလိ တို့ဆိုတာ ငါ့ရုံးက ၀န်ထမ်းတွေလေ…….
အို ငါ ငါ…..အိမ်မက်တွေ မက်နေပါလားးးးးးး
ဒါ ဒါ တွေက အိမ်မက်တွေပေါ့…….
အားးးးးး ငါ့တကိုယ်လုံးလဲ နာကျင်နေတာပဲ ညက ဘာတွေများဖြစ်သွားတာတုန်းမသိဘူး……..ဟုဆိုကာပြန်လည်စဉ်းစားတော့မှ  
မနေ့က ကားနှင့်ပါသွားပြီးနောက် ထိုလူများတိုက်သော အရက်များအမြည်းများကို ဇောရိုးတို့ သုံးယောက်သူ့အား ၀ိုင်း၍ ပြုကျင့်ခဲ့ပုံများကို ပြန်လည်စဉ်းစားရင် စိတ်ညစ်ညစ်ဖြင့်
 တဖြဲနဖြဲ သောက်စားပြီး (တခါမှ မစားဘူးသဖြင့်) နောက် လူကလည်းမူးနေစဉ် သူ့အား ၀ိုင်း၍ xxxxx ပြုကျင့်ခဲ့ကြောင်း ပြန်လည်သတိရသွားလေသည်….။
သူက အကြိမ်ကြိမ် မလုပ်ရန် တောင်းပန်သော်လည်း မရတော့ပေ……. ကျားရဲတွင်း ထဲ သက်ဆင်းခဲ့သော ယုန်သူငယ်လေးလို ခိုကိုးရာ မဲ့ခဲ့လေပြီ……
ဟေ့ကောင်….. မင်းကို ငါတို့က ပိုက်ဆံပေးပြီးခေါ်ခဲ့တာလေကွာ…. ပြီးတော့ မင်းငါတို့ ကျွေးမွေးထားတဲ့ ဟာတွေ စားသောက်ပြီးမှတော့ ဒီလိုငြင်းလို့ရမလားကွ……
ရတယ် မင်းမလုပ်ချင်ရင်လည်း ငါတို့ကျွေးထားတဲ့ဟာတွေ ပြန်ပေးလေ……
သို့သော် ပြန်ပေးရန် သူ့မှာ ငွေမရှိပေ….ထို့ကြောင့် အကိုကြီးတို့ရယ် ကျွန်တော့ကို သနားပါအုံးဗျာ….. ကျွန်တော့မှာ ပိုက်ဆံမရှိတော့လို့ပါ….
ဟေ့ကောင်…မရှိရင်တော့ မင်းလုပ်ရမှာပဲ မလုပ်ဘူးဆိုရင် တော့ မင်းကို……သတ်ပြီးတော့ ထားခဲ့မှာနော်…..
သတ်မည်ဆိုတဲ့ စကားကြားလိုက်တဲ့ အချိန်မှာ…ငတိလေး နေမင်းမောင် တယောက် အမူးပြေက.... ကြောက်လန့်တကြားဖြစ်သွားပြီး……အဲ့လိုတော့ မလုပ်ကြပါနဲ့ဗျာ တောင်းပန်ပါတယ်…..
အကိုကြီးတို့ လုပ်မယ်ဆိုလည်းလုပ်ကြပါ……. သတ်တော့မသတ်ပါနဲ့ဗျာ……
အေးဒါဆိုပီးရော….
နောက်ဆုံး သေရမည်ကိုကြောက်သောကြောင့် အူလည်လည်ငတိလေး နေမင်းမောင်သည် အလိုမတူလိုက်လျောလိုက်ရလေသည်.......
အမှန်မှန်တော့ သိစိတ်မှ အလိုမတူစေကာမူ   မသိစိတ်က..... ဟိုတစ်နေ့မှ ဇောရိုးတို့နှင့်  အဖြစ်အပျက် များကို ပြန်လည်တွေးတောရင်း တစုံတရာ အားတောင့်တာလျက်.....
ဤသို့ဖြင့် ………xxxxxxxxxxxxxx
 ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များမှာ သူ၏ ဘ၀တွင် မည်ကဲ့သို့မျှ မစဉ်းစားခဲ့ဘူးသော ထိတ်လန့် ချောက်ချားစရာ အဖြစ်များကြောင့် သိစိတ်မှ နာကျည်းမှုန်းတီမှုများ (မသိစိတ်မှ စွဲလမ်းမှုများ) ဖြင့် အဆိုပါ သုံးဦးအား အိမ်မက်ထဲတွင် ထည့်မက်မိခြင်းဖြစ်ကြောင်းသတိရသွားပြီးနောက်……
အဟင့် ဟင့် သွားပါပြီ….ငါ့ဘ၀တော့ သကောင့်သားတွေ လက်ချက်မိတာ နှစ်ခါရှိပြီ ……..
မည်ကဲ့သို့ သူ့ဘ၀အား ဆက်သွားရန်…..တွေးတော စဉ်းစားနေစဉ်…….. အခန်းတခါးဝုန်းခနဲ ပွင့်သွားပြီးနောက်………..
ဤတွင် တခန်းရပ်……….ဆက်လက်စောင့်မျှော်ကြပါကုန်……….
+11
« Last Edit: October 17, 2012, 11:02:27 AM by ကဝိ »
ပျော်ချင်တိုင်းလည်း မပျော်ရပါ... ချစ်မိသူတိုင်းလည်း ချစ်ချင်း မခံခဲ့ရပါ.... မသိသေးတဲ့ ဒီလောကရဲ့ အထာ အချစ်ဆိုတာ... လျှို့ဝှက်ချက် တစ်ခုပါ.....
Offline နေမင်းမောင်
  • အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ ကိုပိုင်ဆိုင်နိုင်ကြပါစေ.....
  • ကျောင်းသားကြီး
  • **
  • Posts: 72
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +712
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #57 on: October 17, 2012, 11:50:09 AM »
(click to show/hide)
က၀ိ ...... ထိုသူသည် နာမည်နဲ့လိုက်အောင် စိတ်ကူး ရင်တတ်သူ ဖြစ် သည်..... အလုပ်ရှင် အပေါ် ကိုဘယ်သော အခါက မျှမလေးစားပေ.....သူ့၏အလုပ်ရှင် ဖြစ်သော မန်နေးဂျင်း ဒါရိုက်တာ နေမင်းမောင် ကိုပဲ အမြဲ ပမာမခန့် လုပ်ချင်သည်.....အခုတင် သူဝယ်လာသောအခွေမှ အခန်းတခန်း ကို ပက်စက်ယုတ်မာသော အကြံစည်များဖြင့် ...သူ့ကျေးဇူးရှင် အလုပ်ရှင် ကိုစော်ကားမော်ကား စိတ်ကူးနေလေတော့သည်.......
သူသည် ရုံးတွင် ကြမ်းသမျှကိုအားမရသေးပေ....အရင်က သူ၏သရုပ် ကပြန်ပြလေတော့သည်....." အင်း ငါလည်း ရုံး မရှိတဲ့ ရက် ပန်းဆိုးတန်း ဂုံးတံတားအောက်သွားမှ" ဟုဆိုကာ အစွမ်း ကုန် ပြင်ပြီး သွားလေတော့ သည်......ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆို သလို ပင် သူ့၏မှန်းချက်မှာနှမ်းထွက်မကိုက်ချေ.....တနေ ကုန်စောင့်နေသော်လည်း (အလွန်ကျက်သရေတုန်း မွဲတေစုတ်ချာလန်နေသော သူ့ရုပ်ရည်ကြောင့်) အလကားပင်မည်သူမျှ မခေါ်ခြေ..... ကံဆိုတာအမြဲ မဆိုးဘူးဆိုသလို  က၀ိဆိုတဲ့ ကောင်လေး က အလွန်အမင်း ဆာလောင်နေတဲ့ ကပ္ပလီ ကဲ့သို့မဲနက်နေတဲ့ လူ ၅ ယောက် က (ပိုက်ဆံ မရှိ သဖြင့် အလကား ရလို့ ခေါ်ခြင်း ) ရထားဖြင့် နေထိုင်ရာ သို့ (ကျူးကျော်နယ်မြေ) ခေါ်ဆောင်သွားသည်.... အပေးအယူလေးမတည့်မှီ လူကြီး ၅ယောက်စားသောက်ရန် အလို့ငှာ အရက်များအမြည်းများကိုဝယ်ပေးရသေးသည် ( မွှန်ချက်က 9လောက်ရှိပါတယ် အိတ်စိုက် မွှန်တာ).... အဲလို 5 in 1 ပြီးနောက် က၀ိတယောက် လုံးဝ ကို မထနိုင် မထိုင်နိုင်တော့ပါဘူး ( မှောက်ရက် ပဲ ) .... ရုံး ကိုလည်း ၁ ပတ်လောက်ခွင့် ယူသွားပါတယ် .... ဇော်ရဲ နဲ့ ကလိတို့ ကတော့ လုံးဝ အကြိုက်ဖြစ်သွားပါတယ် .... က၀ိ ကတော့ ဆွဲ ရင်း မက်ရင်းနဲ့ပဲ...........
......................ဆက်လက်ဖော်ပြပါအုံးမည်.....................................
+9
« Last Edit: October 17, 2012, 11:51:56 AM by Nay Min Maung »
THE COURSE OF TRUE LOVE NEVER DID RUN SMOOTH.. ♥ ♥ ♥ :-* :-*:-* :-* :-* :-* :-* :-*
Offline zawye
  • အငြိမ်းစား ကထိက
  • ***
  • Posts: 1058
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7630
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #58 on: October 18, 2012, 10:32:28 AM »
ချက်ပုန်းကြီးမည်းတူ အပိုင်း၂ (ဇာတ်သိမ်း)
ဗိုလ်ကလေး မင်းရဲဗလနိုးတူးလည်း အခန်းတွင်းသို့ဝင်လျှက် တစ်ချီတစ်မောင်း ဆုံထောင်းပြီးသော အခါအကြံကောင်းညဏ်ကောင်းများထွက်လာသည်နှင့်အတူ ချက်ပုန်းကြီးရှီရာ စုံတောချက်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ဖမ်းဆီး ရန် ရွေနန်းတော် မှထွက်ခွာ လာလေတော့သည်။
နန်းတော်မှထွက်လာရာ လမ်းတစ်လျှောက်တွင်တော့ နာမည်ကြီးဗိုလ်ကလေး ဖြစ်သည်နှင့်အညီချစ်ခင် သော ပြည်သူပြည်သားများကလည်း ….
’’ဟယ်ဟိုမှာ ဗိုလ်ကလေးမင်းရဲဗလနိုးတူး ကြည့်စမ်း နှုတ်ခမ်းမွေးစစနဲ့ ခန့်တယ်နော် ဟုတ်’ အပျိုလေးများဖြစ်ကြသော မဏိအိုးရှင်း…သဗ္ဗူဆက်….တို့မှ တီးတိုးသဖန်းပိုး ပြောကြလေသည်။
အပျိုလေးများသာမက အာယုဒယ မြို့တော်အထိသွားပြီး အလွန်တရာမှ နာမည်ကြီးလှသောသမားတော် ဦးဆိုက်ကို ထံသို့သွားပြီးခွဲစိတ်ကြမည့် ရမန်နေမင်းမောင် နှင့် ပျူအပင်လေး တို့ကလည်း တပ်မှူးလေး မင်းရဲဗလနိုးတူးအား စေ့စေ့ငငကြည့်ပြီး
“နေနှင့်ဦးပေါ့မင်းရဲဗလ ရယ် တို့များ ခွဲစိတ်ပြီးပြန်လာမှ ငါတို့အကြောင်းကောင်းကောင်းသိမယ်” ဟု ရမန်နေမင်းမောင်မှ တိုးတိုးလေး တစ်ကိုယ်တည်း ဆိုလေ၏။ ထိုအကြောင်းအရာကို အနားတွင် ရုပ်ဖျက်ကာ အလစ်ကိုချောင်းနေသော သမိန်ကလိ နှင့် ရာဇဇောရိုး တို့မှာလည်း တိတ်တဆိတ် ရမန်နေမင်းတို့နောက်မှ လိုက်သွားလေသည်ကိုတွေ့ရတော့ပေသည်။
ကဲနာမည်ကြီး ချက်ပုန်းကြီးမည်းတူ စံပျော်ရာ ကြင်လည်ကျက်စားရာ စုံတော့ချက်သို့ ဗိုလ်ကလေးမင်းရဲဗလနိုးတူး တစ်ယောက် ချဉ်းနှင်းဝင်ရောက် လို့လာလေတော့ပြီ။
မျှော်လင့်ထားသည့်အတိုင်းပင် အင်မတန်မှညဏ်ပြေးသော ချက်ပုန်းကြီး မည်းတူမှ အသင့်စောင့်စားနေသော သစ်ပင်ပေါမှာ ဖုတ်ကနဲ့ခုန်ဆင်းလာကာ…..
“ဟားဟား နောက်ဆုံးတော့လည်း မင်းရဲဗလနိုးတူး ကိုယ်တိုင် လာရတာပါပဲလား ဘယ်လိုလည်း မင်းရဲဗလ ကျန်းခန့်လို့မာပါစ” ဟု  ရိုက်ပေါက်မျက်နှာပေးဖြင့် ချက်ပုန်းမည်းတူမှ ဆိုလေရာ
“အာ လာ ပ သ လာ ပ ပြောဖို့လာတာမဟုတ်ဘူး မည်းတူ …ငါ့မှအလုပ်တွေအများကြီးရှိသေးတယ် သည်းထိတ်ရင်ဖို့တွေ အထူးအဆန်းပုံ တွေ လုပ်ရဦးမယ် ဒီတော့ တိုတိုပဲပြောမယ် နင်အေးအေးဆေးဆေးအညံခံလိုက်ပါ နင့်ပညာနဲ့ ငါ့ပညာဆိုဆိုတာ မနှိင်းသာ အောင်ကြွာခြားလွန်းပါတယ်”
“ဟားဟား အပြောကြီးလှချည်လား မင်းရဲဗလနိုးတူးရယ် ငါ့ကိုများ သာမန်ညောင်ည နင်အရင်က တွေ့ဖူးတဲ့ မိန်းမများ မှတ်နေလို့လား အစွမ်းအစရှီလို့ အရိုက်ခံနိုင်လို့ အရေထူနေလို့ ချက်ပုန်းလုပ်ပြီး ပြည်သူ့မေတ္တာခံယူနေတာဟဲ့…..ဒီတော့ ငါပြောမယ် ငါသိုင်း ကွက် ၅ကွက် သုံးမယ်အဲ့ ၅ကွက်ကို နင်ခံနိုင်တယ်ဆိုရင် ငါအသာအတည် နင် ဖမ်းတာကို ခံလိုက်မယ် မထွက်ပြေးဘူး အေး ငါ့သိုင်း၅ကွက်ကို မခံနိုင်ဘူးဆိုရင် နင်ဘယ်တော့မှ ငါ့ကိုလာမဖမ်းနဲ့တော့ ဟုတ်ပြီးလား”
“အေး ဒါဆိုလည်းပြီးရော နင့်စကားနဲ့နင်ပဲနော် လူမှာကထိ မိန်းမမှာသစ္စာ ပဲ”
“ကဲအဲ့ဒါဆို အသင့်ပြင်ပေတော့”
စုံတောချက်တစ်ခွင်လုံး မနက်စောစောဖြစ်သောကြောင့် လူများလူလာ မရှီသေးပဲ တိတ်ဆိတ်ညိမ်သက်လျှက် ရှီလေပေသည်။ ချက်ဘော့မှ တစ်ခါတစ်ခါ ၅၀၅ ထထ မြည်ချင်းသာရှီသေလည်။ တိတ်ဆိတ်ချင်းကို ဖြိုခွင်းလိုက်သူက ချက်ပုန်းမည်းတူ ပင် ဟိုင်းကနည်း အတွင်းအား ထည့်ကာ
‘ကဲလာပြီး နံပတ်၁ အကွက်” ဟုဆိုကာ သူမ၏ ကျော်ကြားလှသော အင်းမတန်မှအစွမ်းထက်လှသော သိုင်းသမားများ အင်မတန်ကြောက်ရသော “ပါးစပ်က ပန်းလွတ် တစ်တွတ်တွတ်စကားသံများ” တိုက်ကွက်ကို အသုံပြုက ရက်ပါများထက်ပင်အစ၂၀လောက်မြန်သော ပတွတ်ပတွတ်နဲ့စကားများကို အတွင်းအားဖြင့် ထုတ်အော် လေသည်။ အဆိုပါ တိုက်ကွက်သည် မည်မျှကြောက်စရာကောင်းသလည်းဆိုသည်မှာ ချက်ပုန်းမည်းတူ အဆိုပါ တိုက်ကွက်သုံးလိုက်ပြီဆိုလျှင် သိုင်းသမားတော်တော်များများဟာ မခံနိုင်သဖြင့် တိုးလှို တောင်းပန်ရသည်သာ ဖြစ်လေသည်။
သို့သော်
မင်းရဲဗလသည်လည်း အလကားနာမည်ကြီးနေချင်းမဟုတ်ပေ ဒူးဆရာလူဝကြီးဦးထွန်းအေးထံတွင် ၅နှစ်ကြာ သိုင်းပညာများကို စည်းပူး ခဲ့ပြီးတဖန် ပွဲကျောင်းဘုန်းကြီးကိုရင်ပြုံး ထံတွင်လည်း ၅နှစ်ထက် မနည်း ကြူနည်း အတွင်းအားကြူနည်း များကို သင်ယူဆည်းပူးခဲ့ပြီးဖြစ်သဖြင့်………..
မည်းတူ အဆိုပါတိုက်ကွက် သုံးလိုက်ပြီ ဆိုသည့်တစ်ပြိုင်နက် လက်နက်ဖက်ကို နားတွင် တင်းတင်းကြပ်ကြပ်ပိတ်ကာ “နားပိတ်ထားအေးတယ်”  သိုင်းကွက်အား ထုတ်သုံးလိုက်လေ ရာ မည်းတူ တိုက်ကွက်မှာပြင်းထန်သည်မှန်သော်လည်း အကြားမရှီတော့လျှင် ထိရောက်ချင်းငှာမစွမ်းလေသောကြောင့် ပထမတိုက်ကွက် မည်းတူ မအောင်မြင်လိုက်တော့ပေ။
မည်းတူလည်း ပထမတိုက်ကွက် မစွမ်းချင်းငှာ ဒုတိယ တိုက်ကွက် ဖြစ်သော ပတ်ချွဲနှပ်ချွဲ တိုက်ကွက်အားထုတ်လေသည်။ ထို ပတ်ချွတ်နပ်ချွဲ တိုက်ကွက်မှာ အင်မတန်မှ အစွမ်းထက်သော တိုက်ကွက်ဖြစ်လေသည် တော်ယုံတန်ယုံယောင်္ကျားများ အဆိုပါ တိုက်ကွက်နှင့်ပင် အရှုံးပေးရသည်မှာ မရေမတွက်နိုင်အောင်ရှိခဲ့သည်။
မင်းရဲဗလသည်လည်း အတွေ့အကြုံရှိသူပီပီ သိုင်းကွက်ပြောင်းခင်းလိုက်လေသည်။ ထိုသိုင်းကွက်က အချားမဟုတ် “မင်းချွဲလည်း ငါကမမှု” ပင်ဖြစ်သည်။ အဆိုပါသိုင်းကွက် ဖြင့်ခုခံလိုက်လေရာ မည်းတူ သိုင်းကွက် အရာမ၀င်ပဲ မည်းတူလည်း ခြေ၃လျှမ်းမျှ အနောက်သို့ဆုတ်သွားရလေသည်။
ချက်ပုန်းကြီးမည်းတူလည်း အနည်းငယ်ကိုယ်ဟန်ပျက်သွားသော ကိုယ်အားပြန်လည်ထိမ်းရင်း သူ့မ၏ နည်မည်ကြီး ယောင်္ကျားပေါင်း မြောက်များစွာ၏ အသက်အားနုတ်ယူခဲ့ သော “ပန်းဥလက်ခြွေ” သိုင်းအား ထုတ်သုံးလေပြီ
မင်းရဲဗလလည်း မည်းတူ၏ နာမည်ကြီး “ပန်းဥလက်ခြွေ” သိုင်းကွက်အားမြင်လိုက်ရသောကြောင့် အတန်ငယ်သတိထားကာ “ငါ့ဟာငါဖွက်ထားတယ်” သိုင်းအားထုတ်သုံးပြီး ကာကွယ်လိုက်ရလေတော့သည်။
မည်းတူ၏သိုင်းကွက်က မင်းရဲဗလ နိုးတူး သိုင်းကွက်ကို ထိုးဖောက်ချင်းငှာ မစွမ်းနိုင်ခြေ။
ထို့ကြောင့် တဖန်ပြန်လည် စဉ်းစားပြီး စတ္တုထမြောက်သိုင်းကွက်အား စတင်လိုက်လိုက်လေတော့သည်။ “စိတ်ထဲတွင်လည်း ဒီစတ္တုထ သိုင်းကွက်တော့ ဒင်းခံနိုင်မယ်မထင်ပါဘူး ဘယ်သူမှလည်း ခံနိုင်တဲ့ထုံးစမ်မရှီပါဘူးဟု” ကြုံးဝါးကာ မည်းတူမှ “စိတ်ကောက်ဖင်ကောက်ရင်ကောက်ဆံပင်ကောက် အကုန်ကောက်ပလိုက်မယ်” ကောက်ကောက်ကြီး သိုင်းကွက် အားထုတ်လိုက်လေသည်။
မည်းတူ၏ ကောက်ကောက်ကြီးသိုင်းကွက်အားမြင်လေရာ မင်းရဲဗလလည်း အတန်ငယ်ပူပန်သွားသော စိတ်အားညိမ်အောင်ထိမ်းလျှက် သမဓိအတွင်းအားများကိုစုစည်းကာ “သောက်ဂရုမစိုက်ဘူးဟေ့” သိုင်းဖြင့် မမြင်ချင်ယောင်မသိချင်ယောင် ဆောင်လိုက်လေရာ မည်းတူ သိုင်းကွက် များစွာနစ်နာသွားလေပြီး အရာမထင်တော့ခြေ။
ပြောထားကြသည့်အတိုင်း သိုင်းကွက် နံပတ်၅ သို့ ရောက်ရှိလာပေသည်။ အဆိုပါတိုက်ကွက်အား မင်းရဲဗလ နိုးတူးမှ ခံနိုင်လျှင်ဆိုပါက ချက်ပုန်းမည်းတူတစ်ယောက် မင်းရဲဗလနောက်သို့ အသာတကြည်လိုက်ပါရတော့မည်ဖြစ်လေသည်။ အဆိုပါအဖြစ်သို့ ချက်ပုန်းမည်းတူ ဘယ်နည်းနဲ့မှ အဖြစ်မခံနိုင်ခြေ ချက်လောကတွင် သူ့မအား ရိုက်ပေါက် ယှဉ်နိုင်တဲ့သူတစ်ယောက်မှမရှီဟု လူအများက ထင်ကြေးပေးခဲ့သည် အားလုံးက သတ်မှတ်ခဲ့ပီ  သို့သော် အဆိုပါဆုံးဖြတ်ချက်က ဤနောက်ဆုံးသိုင်းကွက်တွင် မည်တူလေပြီ။
မည်းတူလည်း သူမ၏ နောက်ဆုံး အစွမ်းထက်ဆုံးသော ကြောက်စရာအကောင်းဆုံးသော ယခုချိန်မတိုင်ခင်ထိ မည်သူမှ မယှဉ်နိုင်သော သိုင်းကွက် “တဗျဲဗျဲထိုင်ငို” သိုင်းအား ထုတ်သုံးကာ မင်းရဲဗလနိုးတူးထံသို့အတွင်းအား အကုန်သုံးအား ပြေးဝင်လိုက်လေတော့သည်။ မည်းတူထင်ထားသည်က အဆိုပါသိုင်းကွက်နှင့်ပင် မင်းရဲဗလ ကျဆုံး စေရမည် ဟုပင်
သို့သော်ထင်ထားသလိုဖြစ်မလာပေ မင်းရဲဗလနိုးတူးမှ သိုင်းကြမ်းများ သိုင်းဓါတ်ရှင်များကိုကြည့်ကာ  အဆိုပါ သိုင်းဓါတ်ရှင်တွင် သိုင်းဆရာကိုကျော် ပြသခဲ့သော သဇင်ပန်းခြွေ သိုင်းကွက် အားကြည့်ရှုပြီး အသိပညာတိုးပွားခဲ့လေချင်းကြောင့် မည်းတူ၏ နာမည်ကြီးသိုင်းကွက်အားခုံခံရန် ပြင်ဆင်မှုများပြုလုပ်ခဲ့ပေလေသည်.။
မင်းရဲဗလမှ ကျောတွင် ချိတ်ဆွဲလာသော လပ်ထိပ် နှင့်ကြာပွတ်အား ဖြေးညှင်းစွာ ထုတ်ယူလိုက်လေပြီး တဗျဲဗျဲငိုကာ ပြေးဝင်လာသောမည်းတူအား လပ်ထိပ်ဖမ်းခတ်လိုက်ပြီး အနီးနားရှိသစ်ပင်ခွင် ကောက်ကာ ချည်နှောင်လိုက်ပြီး ကြာပွတ်ဖြင့် ခတ်ဆတ်ဆတ်လေး လေးငါးချက် ရိုက်လိုက်သော အခါတွင်တော့ မည်းတူ တစ်ယောက်မည်သို့မှတောင်ခံနိုင်ချင်းငှာမစွမ်းသာတော့ခြေ …………..ကိုကို သဘောကြလုပ်ပါ ကိုကိုသဘော ဟုဖြစ်သွားလေတော့သည်။။။
ရွေနန်းတော်သို့အပြန်လမ်းတွင်တော့ မင်းရဲဗလနိုးတူ မျက်နာ ပြုံးလျှက်ရှိလေသည် သို့သော်အတွင်းအားများအသုံးပြုများသွားသော်ကြောင့် ဒူးများချောင်ကာ လမ်းကောင်းကောင်းမလျှောက်နိုင်သောကြောင့်  ဝေါယာဉ်လွတ်ကာ ကြိုခိုင်းရလေတော့သည်။ ဝေါယာဉ်ပေါတွင်တော့ နှစ်ချို့ဝါးစိမ်းအရက် တစ်ပုလင်းလုံးသောက်အာ အိပ်ပျော်ချင်းအဖြစ်သို့ရောက်လေတော့သည်။
ဤတွင်ချက်ပုန်းကြီးမည်းတူ ဇာတ်လမ်းပြီးလေ၏
+18
sex is something we do but love is main thing we live
Offline နေမင်းမောင်
  • အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ ကိုပိုင်ဆိုင်နိုင်ကြပါစေ.....
  • ကျောင်းသားကြီး
  • **
  • Posts: 72
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +712
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #59 on: October 18, 2012, 12:01:40 PM »
(click to show/hide)
ကဇော်ရဲ ကျနော် မှနောက်ပိုင်းပါ ပါ့မလားစိုးရိမ်နေတာ ထင်တဲ့အတိုင်း ပဲ မရ ရအောင် ကိုထည့် တာ (ကိုရီးယား ကားထဲကလိုဆို ဖြတ်လျောက်ပေါ့) .......မဆိုးပါဘူး တခွန်းလောက်ပါလည်းနည်းတာမှ မဟုတ်တာ..... ;D ;D ;D အပင်လေးလဲ ပါသွားသေးတယ် ....... သူ့ကိုတော့ဘယ်ကိုပြောင်းခိုင်းမှာပါလဲ....ဒွိ ဖြစ်နေတဲ့အတွက်မေးခြင်းဖြစ်ပါတယ်.... 8) 8) 8) 8) 8)
                                                                                                    အခုလို တနေရာစာလောက်ဖြစ်ဖြစ်ထည့်ပေးတဲ့အတွက် သင်းခယူးပါ
                                                                                                           ကဇော်ရဲ
                                                                                                                နောက်များမှာ အနော်ရေးရင်လည်း ပါခိုင်းပါ့မယ် :P :P
          အားလုံးကိုအမြဲလေးစားတဲ့ နေမင်းမောင်
+6
THE COURSE OF TRUE LOVE NEVER DID RUN SMOOTH.. ♥ ♥ ♥ :-* :-*:-* :-* :-* :-* :-* :-*
Tags: