Author Topic: ကိုယ်တိုင်ရေး သရော်စာ  (Read 68640 times)
0 Members and 2 Guests are viewing this topic.
Offline zawye
  • အငြိမ်းစား ကထိက
  • ***
  • Posts: 1063
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7721
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #30 on: February 20, 2012, 07:35:15 AM »
ဗုတ်သူခိုး မောင်မောင်နဲ့ ဗုတ်သူခိုးမ ပြာတာ တို့ အင်တာနက်ဆိုင်သို့အ၀င်တွင် တွေ့ဆုံခန်း
ဗုတ်သူခိုးမောင်မောင်ဆိုခန်း
အီမိုကေကြီး မည်းတူးကြီးနှင့်၊ ခါးမှာဘောင်းဘီ၊ ချက်ပြုတ်ပြဲကို၊ ဂျီစတင်းနဲ့ကွယ်၊ လူမြင်သမျှ စိတ်ပျက်အောင်လှပါတဲ့၊မပြာတာ၊ ဗုတ်တွေကိုရောင်း၊စီးပွားကြောင်းနှင့်၊ လူကောင်းကိုမောင်၊ရုံးလှဆောင်၊ ၀အောင်စား၍ ခါးဝတ်အမြင်၊ လက်ကပ်ခြေကပ်၊ပိုရိမြတ်လို့၊အဖတ်တင်၊ အိမ်တွင်အများ၊ သံသေတ္တာနှင်၊ စုံစွာထား၊ ငွေသားလေးသိန်းရှိပါတယ်၊ သည်ပစ္စည်းတွေ၊ လေးသိန်းငွေကြောင့်၊စိတ်ချလက်ချ၊မအိပ်ရဘူး၊ ညမှုညလူ၊ သူခိုးများပူလွန်းလို့၊ ကိုယ်ထူကိုယ်ထ၊ကင်းဝတ်လှည့်၍၊ စောင့်ခဲ့ရ၊ ကာလမနည်းကြာပါပီ၊ ညစာနံနက်၊ပိုစ့်ရောင်းရက်မှာတော့၊ ကော်ပီရောရော၊ ကူးရင်းပိုစ့်တဲ့၊ အင်တာနက်ကို ၊ရတနာသိုက်လို၊ကော်ပီအလျှင်၊ မူရင်းမဆင်းတဲ့၊ ပိုစ့်များနောင်နှင့်၊ select all ကိုဆွတ်၊ မတင်မချင်း၊ အင်တာနက်ကိုဖွင့်ပြီးလျှင်၊ အတင်းသာကူးတင်ရတယ်၊ကော်ပီပိုစ့်မှာ မျက်မြင်ပါပဲ ကော်ပီပြည့်စုံ ဗုတ်ဂုဏ်နှင့်၊ ကုံလုံဘိချင်း၊မသိမ်ဖျင်းပါဘူး၊ လူဆင်းရဲမမှတ်ပါနဲ့ အမိငယ်။
+12
« Last Edit: February 21, 2012, 03:26:14 PM by zawye »
sex is something we do but love is main thing we live
Offline zawye
  • အငြိမ်းစား ကထိက
  • ***
  • Posts: 1063
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7721
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #31 on: February 22, 2012, 09:11:46 AM »
ဗုတ်သူခိုးမပြာတာပြန်ဆိုရန်
ငွေလေးသိန်းနှင့်၊ ဌေးအောင်ကြွဝ၊ ဥစ္စာပေါတဲ့၊ ဇောတိကငယ်၊ နှမမှာလဲ သည်လိုပဲ၊ မြေထဲသို့မြုပ်၊ ကိုယ်သဘောကျ ခင်ပွန်းများရခဲ့လျှင်၊ သူဌေးမ လုပ်မယ်လို့၊ငွေထုပ်ကြီးများ၊လူမသိအောင်၊ဖုံးဖိလို့ထားလိုက်တယ်၊ကော်ပီကူးချင်း၊ ကံချင်းဘဲနီးရော့ထင့်၊မောင်ကြီးနဲ့တူရာမှာ ၊ငွေဖြူလေးသိန်းရှိပါတယ်၊ သည်ငွေလေးသိန်း၊ဥစ္စာဝန်လေးလွန်းလို့၊အရေးမတော်၊ ခိုးသူလုယက်၊မင်းနှီပ်ဆက်၍ပျက်ခဲ့သော်၊ ကူဖော်လောင်ဖက်မရှိလျှင်ခက်တာမို့၊နှစ်သက်လောက်သူ သည်စည်းစိမ်ကြီးကို ထီးလိုလုပ်၍၊ အုပ်ချုပ်မယ့်သူကို၊ တစ်ဆူယောက်ျား၊ ဇဗ္ဗူမှာရှားလွန်းလို့၊လင်သားမယူ အပျိုကြီးလုပ်၍ ၊ရွက်အုပ်သီးပူရတယ်၊ ကံတူခဲ့လျှင် အလယ်ခါမှစုရုံးလို့၊ ရွေအတန်းများတက်ရမယ်မသိ ထင်ရမက်ကယ်နှင်စောင်လျှက်သာနေရပါတော့နယ် ကျုပ်မောင်ငယ်၊
ဗုတ်သူခိုးမောင်မောင်ပြန်ဆိုရန်
သုံးစွဲမကုန်၊ ကော်ပီပုံ၊ ရက်စပက်လေးရွေး၊ ခြိမ့်အောင်ကြွယ်တဲ့၊မယ်ဗုတ်သူခိုးငယ်၊ ကူးလွန်းလျှင်မရ၊ တင်လွန်းလျှင်မလှတဲ့၊ ရှေးကတင်ထား၊ ပိုစ့်ထဲမှာနေ၊ လူဖြစ်ထွေကို၊ အကျေသားနှင့်ဇာတ်သွားရှည်အောင်၊ အရေးဆောင်လို့ကွေ့ချောင်ေ၀၀ုစ်၊ ဘောက်စရာလုပ်နေတုန်း၊ ရက်စပက်ချင်းတူ ၊အကူးချင်းမျှ၊ သူခိုးချင်းနတ်ဖက်၊ ကူးဖို့ပေါပေါက်လာတဲ့ဘလော့တွေလို၊ ကူးရှာသည့်နှင့် အခန့်သင့်၊အခွင့်ဆီဆိုင် ၊အတိုင်အလှဲ့၊အစပ်ဖြင့်တဲ့လှသပေါ့၊ ပိုစ့်ပဲချင်းပေါက်ကြစို့၊နောက်မစုတ်စတမ်း၊ သည့်နေ့တွင်ဖြင့်၊ ဘီလူးတွေ့လက်ရကူးလို့၊ ပက်ပက်ဆက်ဆက်တင်တော့မည်၊ ကီးဘုတ်တီး၊ ပွဲပြီးစေကြစို့ငဲလေ အမိငယ်။
+8
sex is something we do but love is main thing we live
Offline zawye
  • အငြိမ်းစား ကထိက
  • ***
  • Posts: 1063
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7721
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #32 on: February 27, 2012, 10:23:26 AM »
ဗုတ်သူခိုးမပြာတာဆိုရန်
မကြီးမငယ်၊ မျက်ထားညိုတဲ့၊ ကိုသူခိုးငယ်၊ ချစ်တယ်ကြိုက်တယ်၊ အတင်းအကြပ်၊ နောက်ပိုးထပ်လို့၊ တောက်တဲ့ကပ်တွယ်ပေသည့်၊ ဘယ်နှယ်တုန်းခုတင်ခု၊ အရပ်မှူဆော်သလို၊ တော်ရုံသော့ပါရာ့၊ ပေါ့ပေါ့တန်တန်၊ဇယား၊ ကျပွမ်၊ သရေနွမ်းအောင် တလတွန်းကြံတယ်လို့၊ ဟန်ပန်ရနိုင်ပါ့မလား၊
   တနပ်စားမကြံ၊တစ်ကယ်တန်းမှန်ပါလျှင်၊ အင်တာနက်ခန်းဝင်၊ သေတ္တာနှင့် ဘေလေး၊ ရက်စပက်လေးရွေးနှင့် ငွေလေးသိန်းကို၊ ကြိုက်ကြေးတင်ကာမှ၊အကြင်မယား၊လူနှင့်တူလို့၊ လူခန့်ညားတော့မယ့်၊ ငွေသွားယူလို့၊ငွေမြင်လျှင်လင်အုပ်မည်၊ အဟုတ်ပ ဟလူရယ်၊အင်တာသုံးနက်၊တို့ဂျီတော့မျာလည်း၊ ကာစတ်မက်စိဘုံပျံ၊ဖေ့ဘွတ်မွဲခံသိပ်မည်၊ လက်တော့အံသာ၊ ဆွဲယူခါနှင့်၊ကြင်ယာမကွဲ၊ အကုန်ဝယ်လို့၊အင်တာနက်ဆိုင်မျာတည်ရအောင်၊ ပဲဝက်ရက်စပက်၊ လေးသိန်းငွေကို၊ ပြန်စွာသူယူခြေတော့ မောင်ကြီးရယ်။
ဗုတ်သူခိုးမောင်မောင်ဆိုရန်
   ဟဲဘကြီးတုပ်သား၊ စာပါများဖြင့်၊ သီကြားဆောင်မ၊မယားလည်းရချေပြီ၊လူတကာနဲ့၊ကြင်ယာနက်ဖက်၊ မောင်ကြီးသက်ကို၊လက်ချင်းတွဲ လို့၊ကျောင်းတက်သဘင်၊ ရက်စပက်စားလို့၊အခဲသားဝင်ရအောင်၊ ရက်စပက်ပဲဝက်၊ မသုံးရက်တဲ့၊အနဂ္ဂရတနာ၊ကုတင်အောက်ကြား၊ ငါဝှက်လို့ထားခဲ့တဲ့၊ကြေးများစွာကို၊မကြာချက်ချင်း၊လိပ်နှင့်အတူ ပက်ကျိနှေးတဲ့၊ အင်တာနက်တွင်းမှာ၊ သိုင်းနင်းကွက်ကျ၊သူခိုးမကူ၊ကြင်းသည်းအူ၊ ငွေစယူကြွတော့မည်၊ MPT ကြာဝင်၊ ရတနာပုံတယ်လီနှင့် ၀ိုင်မက်ဆောင်ကို၊ သန်းခေါင်းယံမှာ အင်တာကိုမြန်ပီးလျှင် ချောပို့တော်မူလိုက်စမ်း အော်ပရေတာ။
+9
sex is something we do but love is main thing we live
Offline phonezaw69
  • ဘွဲ့ရ
  • ******
  • Posts: 524
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • shut up & kiss me
  • Respect: +10782
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #33 on: February 28, 2012, 10:15:33 AM »
       ကျောင်းထဲကို မောင်ဖုန်းရောက်တော့ စာရေးချင်တဲ့ မောင်ဖုန်းရဲ့  အာသီသတော့ ပြည့်ပြီဟဲ့လို့  အားရ၀မ်းသာ စာတွေရေး
ပို့ စ်တွေတင်နဲ့ ...။  တစ်ရက် နှစ်ရက်နေတော့ သတိထားမိလာတယ်..။ ကျောင်းသားတွေ အားပေးတဲ့ စာရေးဆရာ.. လူဝင်များ
တဲ့တော့ပစ်မှာ ပို့ စ်တစ်ခုတက်လာပြီဆို နောက်က လိုက်ဖုံးတဲ့ ပို့ စ်တွေ တက်လာတာ တွေ့ ရတာပဲ...။ ဒါကြောင့်မို့  ကထိက ကို
ဇော်ရဲက  ဗုတ်သူခိုးပြဇာတ်ရေးပြီး သရော်နေတာလို့  မြင်လာမိတယ်...။  အခုလဲ မောင်ဖုန်းကို ပို့ စ်ဖုံးအောင်လုပ်တယ်... ဗုတ်ခိုး
တယ်လို့  မထင်လိုက်ပါနဲ့ ဗျာ...။
       မောင်ဖုန်း စာရေးတာက  ကိုယ်တိုင်ဖြစ်ပျက်ခဲ့တာ  ကြုံတွေ့ ခဲ့တာတွေကို ရေးပြီးတင်ပြတာပါ...။   ကိုယ်တိုင်ကြုံတွေ့ ခဲ့တာ
လဲ ရှိမှ...ရေးချင်တဲ့ အာသီသ ကလည်း ရှိမှ..အချိန်ကလည်းပေးမှ ရေးနိုင်တာပါ...။ မုဒ် မ၀င်လို့ ကတော့ ရေးပြီး တင်လိုက်လဲ ဖတ်
လို့ ကောင်းမယ် မထင်ပါဘူး....။ အခုတော့ ရေးစရာအကြောင်းအရာကလည်းရှိ   ရေးချင်စိတ်ကလည်း ပြင်းပြနေတာ  ထိန်းလို့ ကို
မရတာနဲ့  ရေးလိုက်ပါတယ်ဗျာ..ကိုဇော်ရဲလည်း ခွင့်လွှတ်ပါ...။ အခန့် မသင့်ရင် အနှုတ်လေးတွေတောင် ရနိုင်ပေမဲ့ တတ်နိုင်တော့ဘူး
ရေးလိုက်ပြီ....။
အသက် လေးဆယ်ကျော်မှ မချစ်ရဘူးလို့  ဘယ်သူပြောခဲ့တာလဲ..
ကိုယ့်မှာ အိမ်ထောင်ရှိတာနဲ့  မချစ်ရတော့ဘူးလို့  ဘယ်သူပြောခဲ့တာလဲ..
မင်းကို ချစ်တာ အပြစ်တဲ့လား..
တို့ နှစ်ဦး ချစ်နေရင် ပြီးတာပါပဲ အချစ်ရယ်..
ပိုင်ဆိုင်ဘို့ မှ မလိုပဲ..ကိုယ်တို့ နှစ်ဦး ချစ်ဘို့ ပဲ လိုတာပါကွယ်..
တို့ တွေနားလည်မှု ရှိဘို့ အဓိကပါ...
တစ်ခုပဲ တောင်းဆိုချင်ပါတယ်.
ခဏခဏ..စိတ်မကောက်ပါနဲ့ ကွယ်..
       မောင်ဖုန်းရဲ့ ဘာညာသာရကာ စမူဆာ လေးက ခဏခဏ စိတ်ကောက်တတ်..ရစ်တတ်တော့ ကြာတော့ မောင်ဖုန်း စိတ်
တာ..။  ပုံပြင်ဆိုပေမဲ့ ဇာတ်တော်လာ ပုံပြင်တစ်ပုဒ်ပေါ့ဗျာ...
       ဟိုးရှေးရှေးတုန်းကတဲ့ ...တိုင်းမသိ..ဗာရာဏသီ... ၊ မင်း မသိ..ဗြဟ္မဒတ် ဆိုတဲ့အတိုင်း..ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး
တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတုန်းကပေါ့ကွယ်....။  အဲ့ဒီ ဘုရင်ကြီးဟာ..ရှေးဘုန်း ရှေးကံကြောင့် ဒီ့ပြင် သာမန်လူတွေ  နားမလည်
နိုင်တဲ့ မာဂဒစကားကို နားလည်သတဲ့...။  မာဂဒ စကားဆိုတာ တရိစ္ဆာန်တွေ ပြောဆိုတဲ့ ဘာသာစကားပေါ့ကွယ်..။ အဲ့ဒိလို မာဂဒ စ
ကားကို တတ်သိနားလည်တယ်ဆိုတာ ဘုရင်ကြီးရဲ့ အဂ္ဂဒေ၀ီ မဟေဂိ တောင် မသိဘူးတဲ့...။ ဒီလို မာဂဒစကားကို နားလည်တယ် ဆို
တဲ့အကြောင်းအခြားလူတွေကို ပြောပြရင်လည်းဘုရင်ကြီးခမျာ မလကီးယားပြီး နတ်ရွာလားရလိမ့်မယ်တဲ့..။ ဒါကြောင့် မင်းကြီးကဘယ်
သူ့ ကိုမှ ပြောမပြဘူးတဲ့ကွယ်....။
       အဲ့ဒိလို ပြောမပြပေမဲ့ တစ်ရက်တော့  ဒုက္ခရောက်ပါလေရောကွယ်..။  ဖြစ်တာက ဒီလိုကွဲ့ ...။ အဲ့ဒီတစ်ရက်မှာ ဗြဟ္မဒတ်မင်းကြီးဟာ
မှာပဲ နန်းပြဿတ် မှာ နားနေတဲ့ စာကလေး လင်မယားရဲ့ ရန်ဖြစ်သံကို ကြားသတဲ့ကွယ်..။ စာကလေးလင်မယား ဘာတွေရန်ဖြစ်နေတာ
လဲဆိုတော့..ဟိုဒင်း ဟိုဟာ..ဟိုဥစ္စာ ဖြစ်မှာပေါ့ကွယ်...။  စာကလေးလင်မယား ရန်ဖြစ်သံကြားတော့ ဘုရင်ကြီးက အမှုမဲ့  အမှတ်မဲ့နဲ့ အား
ရပါးရ ရီမောလိုက်တာပေါ့.....။  အဲ့ဒါကို ဘေးနား ခစားနေတဲ့ အဂ္ဂဒေ၀ီ မဟေဂိ က" မောင်တော် ဘုရား အကြောင်းမဲ့ ဘာလို့ ရီတာလဲဘုရာ့
နှမတော်ကို လှောင်တာပြောင်တာလားဘုရာ့...ဒါမှမဟုတ်...ကျောင်းထဲက အပျိုကြီးမမ ကိုပဲ အချက်ပြတာလားဘုရာ့. . ဟော့ဆက်ဆီဂဲလ်
ကိုပဲ အချိန်းအချက်လုပ်တာလားဘုရာ့.. မောင်တော် မပြောရင်ဖြင့် နှမတော် မထော်တော့ဘူး ဘုရာ့..ညစာလည်း စားဖို့ မစဉ်းစားနဲ့  ဘုရာ့
ပြောပါဆို...ပြောလေ..ဘုရာ့ " နဲ့  ဘုရင်ကြီးကို နားပူနားဆာ လုပ်တော့တာကိုးကွဲ့ ...။  
       ဘုရင်ကြီးလည်း သူအချစ်ဆုံး မိဖုရားလည်းဖြစ်နေတော့ ပြောမပြရင်လည်း ..ညစာငတ်.. ပြောပြရင်လည်း သူသေရမှာ ဆိုတော့  ဒုက္ခ
နဲ့  လှလှနဲ့  တွေ့ တော့တာပေါ့ကွယ်....။ ဘုရင်ကြီး အကြပ်ရိုက်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိချိန်မှာ..နတ်တို့ သနင်း ( စာရေးနေတဲ့ ကိုနတ်
သား မဟုတ်ပါ.. ) သိကြားမင်းရဲ့ ပ`ဏ္ဍု ကဗ္ဗလာ မြကျောက်ဖျာ တင်းတော့..ဦးမာဃသိကြားမင်းလည်း "  တင်းတယ်....တင်းတယ်...တင်း
တယ်..တင်းတယ်ဟေ့... " နဲ့  သီချင်းဆို ထကပြီး လူပြည့်ကို ဒိဗ္ဗစက္ခု နတ်မျက်စိ ပုလင်းကွဲနဲ့  အတင်းဖြဲ ကြည့်တာပေါ့ကွယ်...။" လား..လား
ငါ့ ဘော်ဒါအရင်း.ဗြဟ္မဒတ်မင်းတော့ ဖွင့်ပြောရင် သေပွဲဝင်တော့မယ်... စစ်ကူလိုနေပြီ မာတလိရဲ့ တို့ နှစ်ယောက် ဆိတ်ယောင်  ဖန်ဆင်း ပြီး.
..ဗြဟ္မဒတ်မင်းကို ကယ်ကြစို့ ... "
       သိကြားမင်းနဲ့ မာတလိက ဆိတ်လင်မယားယောင်ဆောင်ပြီး နန်းဆောင်ရှေ့ နား တိုးကပ်လို့ သွားသတဲ့...။ ဗြဟ္မဒတ်မင်း ကြားလောက်တဲ့
နေရာရောက်မှ ရန်ဖြစ်ချင်ယောင်ဆောင်ပြီး..သိကြားမင်းက ပြောသတဲ့." ဟိုမယားကြောက် ဗြဟ္မဒတ်မင်းတော့ သူ့ မယား အလိုလိုက်တာနဲ့  သူ့ 
အသက် သေရတော့မယ်...ငါသာဆို ဒီလို ဘယ်ရမလဲကွာ  " တဲ့...။  ဆိတ်မ အယောင်ဆောင်ထားတဲ့ မာတလိ ကလည်း ပြောတာပေါ့..." သူ့ မိန်း
မ သူချစ်ရင် ပြောရမှာပေါ့  "  တဲ့....။ အဲ့ဒီတော့ ဆိတ်ထီး အယောင်ဆောင်ထားတဲ့ သိကြားမင်းက  "  ကိုယ့်အသက်သေမဲ့ ကိစ္စ ဒီလိုမျိုး  လာမေး
နေလို့ ကတော့ ..မင်းကိုဆိုလဲ ဟော့ဒီလို ခွေ့ ပစ်လိုက်မှာ.. "  ဆိုပြီး လိုက်ခွေ့ တော့တာပဲတဲ့ကွယ်....။  အဲ့ဒီတော့မှ ဗြဟ္မဒတ်မင်းလည်း သတိပြန်
ဝင်ပြီး..မိဖုရာကို ဆွဲတဲ့ပြီး..နီးရာ ယမထာရွှေကြိမ်လုံးနဲ့  ( ဒုတ်..မဟုတ်ပါ.. ;D ) ကျောပြင်ကို ဗျောတင်တာပေါ့ကွယ်....
       "       ကိုယ့်အရာမဟုတ်ပဲနဲ့  နေရာတကာ သိချင်ဦးဟဲ့ ...အထူအပါးနားမလည်ပဲနဲ့ လျှာရှည်ချင်ဦးဟဲ့...ညစာငတ်မလေး ဘာလေးနဲ့ 
               စိတ်ကောက်ချင်ဦးဟဲ့..မာဂဒစကားကို ငါနားလည်တာ ဖွင့်ပြောရင် သေမယ်ဆိုတာ မသိပဲနဲ့  စပ်စုချင်ဦးဟဲ့...တိန်...ငါ..ပြောမိပြီ..
               နောက်တစ်ခါလျှာရှည်ချင်...သိချင်..ကောက်ချင်လို့ ကတော့ နင့်ကို စဥ့်နီတုန်းပေါ်တင်ပြီး ဖြတ်ပြစ်မယ်ဟဲ့...."
       အဲ့လို တစ်ဟဲ့ဟဲံနဲ့  ကျောပြင်ကို ဗျောတင်တော့မှ မိဖုရာလည်း အပိုးကျိုးသွားသတဲ့ကွယ်....။  ပုံပြင်လေးကတော့ ဒါပါပဲကွယ်. မောင်ဖုန်း
ရဲ့ ဘာညာသာရကာ စမူဆာ လေး လည်း ပုံပြင်လေး နားထောင်ပြီး လိမ္မာယဉ်ကျေးရမယ်နော်...။ အဲ့လိုမဟုတ်ပဲ ပုံပြင်ထဲက မိဖုရားလို နေရာ
တကာ သိချင်....အထူအပါးနားမလည်ပဲ လျှာရှည်...ခဏခဏ စိတ်ကောက်...နားထောင်ချင်မှန်းမသိ .နားမထောင်ချင်မှန်း မသိနဲ့  သူများတွေ
နားဝဋ်ကြွေးခံခိုင်းရင်တော့ ..ပုံပြင်ထဲက ဘုရင်ကြီးလိုတော့ မောင်ဖုန်း မလုပ်ရက်ပါဘူးကွယ်....ကထိကကြီးကို အကူအညီတောင်းပြီး " ကောက်
ချင်ရာကောက်...မဖင်ကောက်  "  
ယူပေတော့ကွယ်..... ;D ;D ;D ;D
ဟတ်ထိ ကုန်ရင်တော့ တောင်းပန်ပါတယ်.. ;D ;D ;D
+14
« Last Edit: February 28, 2012, 11:12:28 AM by phonezaw69 »
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်
Offline zawye
  • အငြိမ်းစား ကထိက
  • ***
  • Posts: 1063
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7721
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #34 on: February 28, 2012, 04:16:00 PM »
ဗုတ်သူခိုးမောင်မောင်၊ မရပ်မနားပြေးသွားသည်ကိုမြင်သော်ကြောင့် မော်ကွန်းထိမ်းဆို
                     အချစ်တက္ကသိုလ်မြောယံ၊ တန်ခိုးထန်သည့်၊ ပါမောက္ခကြီး၊ အင်တာနက် ပုံနှိင်းစပ်တဲ့၊ ကော်မတီဝင်တို့၊ ငါသည်မော်ကွန်းထိမ်း၊ ကျောင်းသားရေးရော၊ တန်းတက်ရေးကိစ္စ၊ ရွေးတော်မူမြင်၊ အတန်းတင်ခွင်သို့၊ မျက်ရှင်လျံမောင်း၊ ရွေမှန်ပြောင်းဖြင့်၊ လမ်းကြောင်းတူရူ၊ ရူ့စားတော်မူရာတွင်၊ လူတစ်ယောက်ယာ၊ အပူမစဲ၊ လိပ်လောက်နှေးတဲ့၊ ကော်နှက်ရှင်မှာ၊ ကြိုးစားပမ်းစား၊ ပိုစ့်တွေတင်နေ၊ အကူးဝေတဲ့၊ အင်တာနက်မျာ၊ ကီးဘုတ်ချီမြှောက်၊ မောက်စ် ခုလုပ်နှင့်၊ ၀မ်းမြောက်အူရွင်က ကာပြေးလို့၊ ဟန်ရေးဆင်ဖြစ်အင်ထူးလှပါတကား၊ ကျော်လွားခုန်ပေါက်၊ တီးလက်ဖျောက်နှင့်၊ မြောက်သို့တူရူ၊မျက်နှာမူ၍၊ ပူမှန်းမသိ၊ ချွေးတစ်လုံးလုံး လမ်းမဆုံးအောင်၊ တင်တုန်းပင်ရှိသေးသည်၊ ပိတိရွင်ရွင် အူကိုလေပင့်၊ မျက်နှာပွင်တဲ့၊ ချက်ရုပ်သွင်၊မှာ ဘ၀င်မြူးလှပါတကား၊ ဖြစ်လျှားကြောင်းရေး၊မှန်ရကိုမေးရအောင်၊ ပြေးတဲ့လုလင်၊မဝေးခင်၊လျှင်ခုခေါ်၍ ကျောင်းတော်သို့ခေါ်ခဲ့ကြကော်မတီဝင်များ
ဗုတ်သူခိုးမောင်မောင် ကျောင်းတော်သို့ရောက်လျှင်
မော်ကွန်းထိမ်းဆို
                   လုလင်ယောင်္ကျား၊ အရပ်သားငယ်၊အများတကာ၊ ဓမ္မတာနှင့်၊ နှင့်မှာမတူ ၊ မွန်းတဲ့တဲ့နေ၊ အခိုးဝေတဲ့ အင်တာနက်ပူမှာ ၊အကူးမနားလျှက်တင်ကာ ၊၀မ်းပန်းသာတဲ့ ၊ကြောင်းလျှာများကို မုသားမဖန် ဟုတ်တိုင်းပြန် အမှန်တင်စမ်းဟဲ့ မင်ဘာအသစ်သား
ဗုတ်သူခိုးမောင်မောင်တင်ရန်
                  တင်ပါသည်မော်ကွန်းကြီးဗျား၊ ကျန်တော်ငမွဲ ဗုတ်ဆင်းရဲမှာ လက်ကျိုးလုမျှ၊ ဗုတ်ရောင်းလုပ်စာ၊ တစ်သက်လုံးရှာလို့မှ၊ သည်တစ်ခါရဖူးတဲ့၊ ရက်စပက် ပဲဝက်ခန့်ကို၊ ရွေကျောင်းသဘင်၊ အတန်းတင်ပွဲ၊ ကျင်းပရာတွင်၊ လူချင်းတူတူ သူများနဲ့ပင်၊ ဗုတ်စရိပ်ပြုတ်၊ နေပူမရှောင်၊ အင်တာနက်ကို၊ ဟိုဒီခိုးကာ ကြိုးကြိုးစားစားရှာထားတဲ့ ရက်စပက်သားလေးတွေ၊ ဗုတ်သားရေးကို၊ အပြေးမြန်စွာ၊ ယူမယ်လို့လာပါသည် ကျောင်းတွင်မော်ကွန်း ခင်ဗျား။။။။။
+7
sex is something we do but love is main thing we live
Offline phonezaw69
  • ဘွဲ့ရ
  • ******
  • Posts: 524
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • shut up & kiss me
  • Respect: +10782
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #35 on: March 05, 2012, 12:43:56 PM »
       မောင်ဖုန်း ကျောင်းထဲရောက်လို့  ၁၃ ရက်အကြာမှာ ကျောင်းသားအဆင့်ကိုကျော်လို့  ကျောင်းသားကြီး အဆင့်တောင်
ရောက်ခဲ့ပေါ့ဗျာ... ။ အားပေးကြတဲ့ ညီအစ်ကို မောင်နှမ များကိုလည်း ကျေးဇူးတင်ရပါတယ်ဗျာ...။ မောင်ဖုန်း ဘယ်လိုပဲ ကျိုး
စား....ကျိုးစား   အားပေးသူမရှိလို့ က  မောင်ဖုန်းဘ၀  တစ်ကြောင်းပို့ စ်လေးတွေ တင်လိုက် ...သူများတင်တဲ့ ပို့ စ်နောက်မှာ
ပို့ စ်ဖုံးအောင်လိုက်တင်နေရတဲ့ဘ၀ဖြစ်နေမှာဗျ...။ ဒီတော့ ကျိုးစားပမ်းစားနဲ့ တင်လိုက်ရတဲ့ပို့ စ်တွေ...ဒါပေမဲ့...ဒီတော့ပစ်မှာ
ကိုယ်တင်ပြီး..နောက်တော့ပစ်တစ်ခု မှာရေးနေယုံရှိသေးတယ်...စောစောကတော့ပစ်မှာ..နောက်တစ်ယောက်က  ပို့ စ်တင်ပြီး
ဝင်ဖုံးလိုက်ပြန်ရော....ကောင်းလေစွ...ကောင်းလေစွ.... ဒါကြောင့် ကထိက ကိုဇော်ရဲ က  ဗုတ်သူခိုး ပြဇာတ်ကြီး  ရေးပြီး  သ
ရော်နေတာကိုး.....နောက်ဆုံးတော့ ကထိကကြီးလဲ
အြော် အချစ်ဆိုတဲ့ တက္ကသိုလ်တော်မှာ စာတိုပေစ ဟာသအနှောနှော ကိုယ်တွေ့ရယ်နှင့် ရေးသားတင်ဆက် အသုံးတော်ခံပါသော်လည်း အားပေးကြသည်မှာ ချောက်တီးချောက်ချက် သုံးလေး ယောက်ရယ်နှင့် ကျုနုပ် မှုကား ကထိက မို့ဗုတ်လည်းမလို ပိုစ့်လည်းမလို သို့ပေသော်လည်း မင်ဘာအသစ်များ ရေးသားတင်ဆက် အသုံးတော်ခံပါလျှင် ဗုတ်မရသည်နှင့် စိတ်ဓါတ်ကြပေလိမ့်မည်။ ထို့ကြောင့်တွင်မှု အတို့ကျုနပ် တောင်းဆိုသည်မှာ စာတိုပေစ ကော်ပီမဟုတ် ကိုယ်တိုင်းရေးလျှင် ၀င်ရောက်ဖတ်ရှူ ကောင်းသည်ထင်လျှင် ဗုတ်အသုံးတော်ကို အပေါင်းလက္ခဏာ ပြပေးကြပါ သို့မှာသာလျှင်ရေးသားသူလည်း ၀မ်းသာကြေနပ် ပိတိဘ၀င် စိတ်မှာရွင်၍ ပျော်မဆုံးဖြစ်ပေလိမ့်မည်။ ဤစာသည်ကား အကျနုပ် အမိန့်မပေး မတိုက်တွန်းလို မေတ္တာရပ်ခံသည် စာပင်ဖြစ်၏။
       ဆိုရလောက်အောင် ရင်ဖွင့်ယူရတဲ့အထိ ဖြစ်ကုန်ပါရောလားဗျာ...။  အော်....အချစ်တက္ကသိုလ်ဆိုပြီး တက်ရောက်နေကြပေမဲ့ .ဒီလိုသာ
ဗုတ်တွေခိုး...ပို့ စ်တွေ ဖုံးနေရင်ဖြင့် တကယ်ရေးချင်တဲ့သူတွေ..ကွယ်ပျောက်ကုန်ကြတော့မယ်...။ တစ်ကြောင်းပို့ စ်တင်တာ..ပို့ စ်ဖုံးတာဟာ
တက္ကသိုလ် အစဉ်အလာဖြစ်ကုန်တော့မယ်...ကထိကကြီးက ပီအမ်ပို့ ပြီး အားပေးပေမဲ့ မောင်ဖုန်းတစ်ယောက်..တောင်ကတုံးကို ပြန်ရောက်
တော့မယ် ထင်ပါရဲ့
+8
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်
Offline အိတ်ကြီး
  • အငြိမ်းစား ကထိက
  • ***
  • Posts: 777
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • နောက်ဆုံးတစ်စက်အထိ အရသာရှိ
  • Respect: +21666
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #36 on: March 08, 2012, 07:19:24 AM »
ယခုတော့ ပိုစ်ထပ် ပိုစ်ဖုံးကိစ္စတွေကို သတိထားပီး ညင်ညင်သာသာနဲ့ ကိုင်တွယ် ဖြေရှင်းနေတာ တော်တော်လေး အဆင်ပြေလာပါပြီ၊ ဒါကြောင့်လဲ ဟိုကထိက ဗလတောင့်တောင့် ခန့်ခေန့်ချောချော ဖိုက်တာ ကိုကိုဇော်ရဲကို ဓါတ်ပုံခန်းမှာ ရှင်းလင်းရေးလုပ်ဖို့ လွှတ်လိုက်တာ၊ တစ်ပတ်ပဲ ကြာတယ် အခန်းပေါက်ဝမှာ ထိုင်ငိုနေရောဗျာ၊ ဒါနဲ့ အပြေးအလွှားသွားပီး ပုံခန်းကိုကြည့် လိုက်တော့ လားးးလားးးမန်ဘာတွေ ပိုစ်တင်တာ ကြောက်ခမန်းလိလိ၊
ဒါနဲ့ပဲ ပုံတင်တဲ့ မန်ဘာတွေ စွမ်းလှချည်လား တစ်နေ့ကို ပိုစ် ၄၀ ကနေ ၅၀ လောက် တင်နေကြတယ်ဆိုတော့၊ ဘယ်လိုပုံတွေပါလိမ့်ဆိုပီး အားပေးမယ်လုပ်တော့၊ လဖွတ် ဘာမှ မထူးဆန်း၊ နိုင်ငံခြား porn site ထဲကတို့ facebook ထဲကတို့ တစ်ခြားမြန်မာ ၁၈+ ဆိုဒ်ထဲက ပုံတွေကို ဆွဲချပီး ဒီမှာ လာတင်နေကြတာကိုး၊ ဒီပုံတွေက ကျနော်ကိုယ်တိုင်လဲ အဲဒီ ဆိုဒ်တွေမှာ တိုက်ရိုက်သွားကြည့်လို့ရနေတာ၊ ဘာများထူးဆန်းတော့မှာလဲ၊ စိတ်က တော်တော်တိုသွားတာ၊ ဒါနဲ့ ထိုင်ငိုနေတဲ့ ကထိကကို ချဉ်ချဉ်စုတ်စုတ်အကြည့်နဲ့ ကြည့်ပီး ပြောပစ်လိုက်တယ်၊ ဖွင့်ပေးချင်ဦးဟဲ့ တော့ပစ်အသစ်တွေ၊ ကော်ပီအားကို ဤလူမျိုးတွေနဲ့ နင်ပဲတန်တယ်လို့ ပြောပစ်လိုက်တာ၊ ငိုနေရင်း နှပ်ချီးညှစ်လိုက်ပီး ကျနော်ဆီကို လှမ်းပစ်လို့ ထွက်ပြေးလာရတယ်၊
ပိုစ်တင်တာ ၅၀ မှာ အတန်းတက်ပေးပေမယ့် ပိုစ် ၅၀ ကျော်သွားရင်တော့ အတန်းတက်တာ ရီစပတ်စနစ် ဖြစ်သွားပါပီ၊ ဒါကြောင့် ပိုစ်သမ လောဘသား အဲ... ဝိသမ လောဘသားတွေ စည်းကမ်းကို မသိပဲ ပိုစ်တွေတင်နေရင် ပင်ပန်းနေမယ်ဗျာ၊ ကျောင်းကို စေတနာထားတယ်ဆိုရင် ကောင်းတာလေးတွေ ကွာလတီပုံတွေ၊ အထူးအဆန်းပုံလေးတွေပဲ လုပ်ပါဗျို့၊ နို့ပေါ်၊ အဖုတ်ပေါ်ရင်ပီးရော မလုပ်ကြပါနဲ့၊ ကျနော်က အလကားရတဲ့ နွားတောင် သွားဖြဲကြည့်တတ်တာ၊ နို့ပေါ်တိုင်း အဖုတ်ပေါ်တိုင်း ဖီးမတက်ပါဘူး(ပုံဆိုတာ တကယ်မှ လုပ်လို့မရတာ)။
ပြောချင်တာ ပြောပီးပီ လစ်တော့မယ်၊ ဗုတ်နုတ်တွေလဲ ပေးတော့မယ်ထင်တယ် 8) 8) 8) 8)
အိတ်ကြီး
+8
« Last Edit: March 08, 2012, 08:41:53 AM by အိတ်ကြီး »
လေပွေဆိုတာ ခဏလေးအတွင်းမှာ အကုန်မွှေတတ်တယ်။
Offline zawye
  • အငြိမ်းစား ကထိက
  • ***
  • Posts: 1063
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7721
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #37 on: March 19, 2012, 03:52:32 PM »
ဘကြီးတုတ် နှင့် ပတ်စပိုစ့်
တစ်နေ့သ၌ ကျွန်ုပ် လည်း ပျင်းပျင်းရှိတာနဲ့ အညီ လွန်စွာမှ ချစ်စရာကောင်းသော ဇနီးသည် ဖျော်ပေးသည့် ကော်ဖီနဲ့အတူ စီးကရက်
 ဖွာနေခိုက် စကားပြောစက်မှ အသံမည်လာ၍ ကောက်ကိုင်ကာ နားထောင်လိုက်လေရာ
‘ ဟလို ’
‘ အတော်ကဲ တဲ့မောင်ဇော်ရဲလား ကွ ….ငါဘကြီးတုတ်ပါကွ ငယ်ငယ်တုန်းက မောင်တုပ်..နည်းနည်းကြီးလာတော့ကိုတုတ် ထပ်ကြီးလာတော့
ဦးတုတ် အခုတော့ ဘကြီးတုတ်ပေါ့ကွာ…….အေး ငါ ၂၀ ရက်နေ့ကြရင် မလာယု ကျွန်းဆွယ် မှာ မလိုင်လုံးလေးတွေ အသွင်းအထုတ်
အကြောင်း လေ့လာဖို့လာရမယ်ကွ အဲ့ဒါ မင်းကို ငါလှမ်းပြောတာ  ’
အကျွန်ုပ်မှာလည်း အချစ်တက္ကသိုလ်တွင် နာမည်ကြီးလှစွာ သော…ဘကြီးတုတ်နှင့် စကားပြောရ၍ အနည်းငယ်တုန်နေသော အသံအား
ထိမ်းလျှက်
“ ဟုတ် ဘကြီး ရောက်ရင် ဖုန်းဆက်လိုက်ဗျာ ဘကြီးအခုလိုတကူးတက ဖုန်းဆက်တာ ၀မ်းသာတယ်ဗျာ ဘကြီးတုတ် ရောက်ရင်
ကျွန်တော်လာတွေ့ရမှာပေါ့ဗျာ ဘကြီးဆိုတာ နယ်နယ်ရရမှ မဟုတ်တာဗျ.. ရရနယ်နယ် အဲ့လေ ဟုတ်ပေါင်
ဘကြီးဆိုတာ ရှောင်လင်ထိတောင် သွားပြီး ပညာပြထားတဲ့သူပဲဗျာ လာမှပေါ့ဘကြီး  ’
 ဟုပြောပြီး သကာလ ဖုန်းချကာ ဘကြီးလာမည့်ရက်အား calendar မှာ ဆော့ပင်အနီနဲ့ တေးမှတ်ထားလိုက်လေတော့သတည်း။။။
ဘကြီးတုတ် ဆိုသည့်အတိုင်းပင် ပြတ်သားလှပေစွ တိကျလှပေစွ
၁၈ ရက်နေ့တွင် စကားပြောစက်မှ မိမိ တစိုး တစိလေးမှမသိသောနံပတ်အစိမ်းသက်သက်ကြီး ပေါ်ထွက်ခါ အတူတူ ခေါ်ဆိုနေမှု ကြောင့်
အကြွေးရှင်အထင်နဲ့ အစတွင်မူ  မကိုင်သော်လည်း မဖြစ်ချေဘူး နောက်ခါလာနောက်ခါရှင်း စိတ်နဲ့ပင် ကောက်ကာကိုင်ထူးလိုက်တော့
“ ဟလို ”
“ အတော်ကဲတဲ့မောင်ဇော်ရဲလား ကွ ငါဘကြီးတုတ်ကွ မလာယု ကျွန်းပေါ်  မှာ မိန့်မိန့်ကြီး ရောက်နေပီကွ အဲ့ဒါမင်းကို လှမ်းပြောတာဟေ့
မလိုင်လုံး အသွင်းအထုတ်ကတော့ နောက်နေ့မှ ကြည့်မယ်ဟေ့ အခုတော့ ကောင်းကင်ပျံဝဲ လေယာဉ်မည်း စီးလာလို့ ညောင်းကိုက်နေလို့
အနှိပ်ခန်းသွားမလို့ဟေ့ အဲ့ဒါမင်းဘယ်အချိန်လာမှာတုန်းကွ အခုတော့မလာသေးနဲ့ဦးဟေ့  ”
“ ဟုတ်..ဘကြီးဒါဆိုလည်း ကျန်တော် နောက်ထပ် ၂နာရီလောက်နေမှ လာခဲ့ပါမယ် .. ဘကြီး အခုတည်းနေတဲ့ ဟော်တယ်
လိပ်စာသာ ပေးပါတော့ဘကြီးရာ  ”
“  အိမ်း ..အိမ်း.. မောင်ဇော်ရဲရေ xxxxx ဟော်တယ်ဟေ့  ”
“ ဟုတ်ပီ ဘကြီးရေ အနှေးအမြန်မဆိုင်းမတွ အခုချက်ချင်းပင် ရေတော်ချိုးလို့ လာရောက်တွေ့ဆုံပါမည် ဘကြီးတုတ်  ”
ကဲ မိန်းမရေ ငါတို့ ဘကြီးတုတ် မလာယု ရောက်နေပီတဲ့ အဲ့ဒါ ငါတို့သွားရောက် တွေ့ဆုံရမယ် ရေချိုး ရအောင်…………
မိန်းမကလည်း ဘကြီးတုတ်ဆိုတာ ဘယ်သူမှန်း သေသေချာချာ မသိသေးသည်ထင်ပါ့
“ အို..အမောင် ဘကြီးတုတ် ဆိုတာ ဘယ်သူတုန်း အမောင်ရဲ့ ..ဘာလို့ ဘကြီးတုတ်လို့ အမည်နာမ တွင်ခေါ်သပ
 အမိ..အထင် အတော်ပင်တုတ်သလားတမုံ”
“ ဘကြီးတုတ် တုတ်မတုတ် ဆိုတာ အမိ ဘကြီးတုတ်နင့် မျက်မြင် တွေ့မှသာ မေးပဲကြည့်ကြည့် လှန်ပဲကြည့်ကြည့် ဟို
 မှတ်ပုံတင်ပြောပါတယ် အကျွန်ုပ်တော့ မသိပေါင် အမိငယ်  ”
အလွန်တရာ စကားနည်းလှသော ကျွန်ုပ် ဇနီး ကလည်း “ဘကြီးတုပ်လို့ခေါ်ရအောင် age ဟု ခေါ်မည် အသက်သည် အတော်ပင်ကြီး သရော့
 အမောင်  ”
“ အိမ်း အကျွန်ုပ် တို့ အချစ်တက္ကသိုလ် ပါမောက္ခကြီး ဦးအိုင်မေး ပင် ဘကြီးခေါ်ဆိုပုံထောက်ရှူ့၍ အတော်အတန်ပင် ကြီးမည်ဟု
ခန့်မှန်းရပါသည် အမိငယ် …….မရှိဘူး ဆို အနည်းဆုံး ၅၀ ကျော်ပေါ့ အမိ  ”
ကျွန်ုပ်တို့ လည်း ရေမိုးချိုး ပြီးသကာလ လေးဘီးတပ် ယာဉ်နှင့် ဘကြီးရှိရာ စံနန်းရိပ်မြုံသို့ ချီတက်ကြလေတော့သတည်း။
လမ်းတစ်လျှောက်တွင်မူ ဘကြီးဆိုတာ အသက်ကြီးကြီးမျက်မှန်ထူထူ ဆံပင်ဖြူ သွားကျိုး အဖိုးအိုပေါက်စ ၅၀ ကျော် လို့သာ
သတ်မှတ်ထားလျှက်ပင်ရှိသေး၏။
ဘကြီးစကား တည်လေစွ ပြတ်သားလှပေစွ တည်းခိုရာ ဟော်တယ် အနားသို့ရောက်ရှိလာလေသဖြင့် စကားပြောစက်အားဖွင့်ကာ
ထုတ်ဆက်လိုက်လေသောအခါ
“ ဟေ အတော်ကဲတဲ့မောင်ဇော်ရဲ  ငါ အခု ဂျလန် အလော် မှာ ဟေ့ ညစာစားသုံးနေသဗျာ မင့်အဲ့ ကို လာခဲ့ဟေ့ ”
“  ဟုတ်ပါပြီ ဘကြီး ရေ ကျွန်တော် ဂျလန် အလော ရော မလော ရော ရောက်အောင်လာခဲ့ပါမယ်ဗျာ ဘကြီးဘယ်ဆိုင်မှာ စားသုံးနေတယ်
 ဆိုတာကိုသာ ပြောကြားတော်မူပါ ဘကြီး ”
“ အေး..အေး ကောင်းသကွဲ့  ”
“ ဘကြီးရေ ကျွန်တော် တို့ဘကြီးပြောတဲ့ဆိုင်ရှေ့ရောက်နေပါပြီဗျာ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ ခန့်ညားတဲ့ရုပ်သွင်နဲ့
 အရမ်းလန်းတဲ့ ကောင်မလေးလက်ကိုတွဲထားတာ ကျွန်တော်ပါဗျ ”
“ အေး ..ငါတွေ့ပီဟေ့ ငါလက်ထောင်ထားတယ် ဒီဖက်ကို လာခဲ့ဟေ့  ”
ကျွန်ုပ်လည်း လက်ကိုသာ တွေ့ရပြီး လူကိုသေသေချာချာမမြင်ရ သောကြောင့် အနားကပ်ကာ တိုးသွားပြီးသကာလ
လား..လား တွေ့ပါပြီဗျာ နာမည်ကြီး ရှောင်လင်ကျောင်းရောက် ဘကြီးတုတ် လွဲသကာမှ တက်တက်စင် အောင်လွဲ  အလတ်ကြီး အသက်
၅၀ တော့ ကျော်မည်မထင်အောင် နုပျိုလတ်ဆတ် ဖလန်းဖလန်းထ လျှက်ပင်ရှိနေသေး၏ မိတ်ဆက်ကြပြီးအသီးအသီး
အတွေ့အကြုံများကြောင့် တစ်ယောက်နဲ့တစ်ယောက်ငယ်ပေါင်းကြီးဖော်များ သဖွယ် ခင်မင်ကြကုန်လေ၏ ။
ထိုတော့မှ ဘကြီးလည်း သူ့အကြောင်း ကို အိတ်သွန် ဖာမှောက် ပြောကြားလေတော့သည် ။
“ အတော်ကဲတဲ့မောင် ဇော်ရဲရေ ငါတော့ ပတ်စပို့ပျောက်နေတယ် ဟေ့ ဒါကြောင့် စိတ်ညစ်ပြီး ဘာမှကိုမစားနိုင်တော့ဘူးဟေ့ ”
ဘကြီးစကားမှန်ကန်လေစွ စားပွဲပေါ်တွင် ပြည့်လျှံနေသော အစားအသောက်များက ပန်းကန်သာ ကျန်လေတော့သည် စားပွဲနှင့်ပင်မဆံ့ ။
“ ဘယ်လိုဖြစ်ရတာတုန်း ဘကြီးရေ  လာတာမှ၁ရက်ထဲ ပတ်စပိုစ့်ပျောက်ရတယ်လို့ဗျာ  ”
“ အေးကွာ ငါက နိုင်ငံချားဆိုတာ ဖလပ်ဖလပ် ထအောင် ထောင်းလမောင်းကြေအောင်သွားနေတာပါကွာ အခုမှ ကျော်မကောင်းကြားမကောင်း
 ပတ်စပိုစ့် ပျောက်ရတယ်လို့ကွာ ” တင်းဒယ် တင်းဒယ် ဆိုပြီး အေသင်ချိုဆွေသီချင်းတောင် ဆိုနေပါ့သကား ဘကြီး။
ဘကြီးတုတ် ဆိုသည်ကား အခြားမဟုတ် မသောက်မစားနှင့် အင်မတန်မှ ခန့်ညားထယ်ဝါသူကြီးပါ လား။။။
ဘကြီးလည်း ပတ်စပို့ပျောက်သောကြောင့် စိတ်မကောင်းစွာ ဟော်တယ်သို့ချီတက်တော်မူကြလေသည်။
ဟော်တယ်သို့ရောက်ပြီးသကာလ ဘကြီးလည်းမျက်နှာမသာမယာနှင့်ပင် ကွမ်းယာအား  တဗျစ်ဗျစ် ၀ါးကာ ရေသန့်ဘူး လွတ်ထဲသို့ထွေး
ထည့်သည်ကိုမြင်ရပြီးသကာလ အင်မတန်မှ နိုင်ငံကြီးသား ပီသသော စည်းကမ်းရှိသော ဘကြီးတုတ် ဟု
မှတ်ချက်ချမိကုန်လေ၏( နောက်လာနောက်သားများ အတုယူကုန်)
ဘကြီးလည်း ဟော်တယ်အခန်းအတွင်းရှိ လှည်းနေလှေအောင်း မြင်းစောင်း မကျန် ဆိုသလိုပဲ ကုတင်များ လှန်ခြင်း စောင်များလှန်ခြင်း
အ၀တ်သေတ္တာအား မှောက်ခြင်း အ၀တ်အထည်များကိုလွင့်ပြစ်ကာ ရှာပြီးသကာလ ပိုးသာကုန်မောင်ပုံ စောင်းမတတ်ဆိုသလို
ဒုံရင်းမတွေ့သည်က မတွေ့သည်ပင်။ ထိုနောက် အိပ်စက်အနားယူနေသော ဘကြီးတုပ်သူငယ်ချင်းအား ပုဆိုးပါ မချန် လှန်ရှာပြီးသကာလ
 ဘကြီးတုပ်လည်း စိတ်ပျက်စွာဖြင့်
“ ငါတစ်ကယ်ပျောက်ပြီ လို့ပဲ သတ်မှတ်လိုက်ပါပီ ဇော်ရဲရာ နက်ဖြန် သံအမတ်ကြီးပဲတွေ့ရမလား ဘယ်သူတွေ့ရမလည်း မသိတော့ပါဘူးကွာ
ငါ့အဖြစ်နှယ်ဆိုးပါတယ်ကွာ ငါ မလိုင်လုံး အသွင်းအထုတ်လုပ် ပါမယ် ဆိုနေမှ လဖွတ်ကွာ ”
ဟု ညည်းတွားပြီးသကာလ ဘကြီးတုတ် သူ၏ ကျောပိုးအိတ် အပြင်သို့ လက်နှိုက် ပြီးထုတ်လိုက် သော်အချိန်တွင် မည်းမည်းလေး
စာအုပ်စာအုပ်.............
" ဟေးးးးးးးးးးးးး " ဘကြီးတုတ်၏ အလန့်တကြားအော်သံ "  တွေ့ပြီးဟေ့ တွေ့ပြီဟေ့ “ ဟုကြွေးကြော်ကာ
ဟောက်သံပင်ထွက်နေပြီ ဖြစ်သော သူ့သူငယ်ချင်းလည်း မနေရ အတင်းနှိုးကာ
“ သူငယ်ချင်း ငါ့ပတ်စဘုတ် ပြန်တွေ့ပီဟေ့ ပြန်တွေ့ပြီဟေ့ ၀မ်းသာလွန်းလို့ပါသူငယ်ချင်းရာ ၀မ်းသာလွန်းလို့ပါဟ
…ပြန်အိပ်လို့ရပီသူငယ်ချင်း …….ဟေး ဟုတ်ပီဟေ့ မလိုင်လုံး အသွင်းအထုတ် ပြန်လုပ်လို့ပြီဟေ့……………ကဲကဲ
 ပတ်စဘုတ် ပြန်တွေ့တဲ့အထိမ်းအမှတ်အနေ့နဲ့ မနက်ဖြန် အနှိပ်ခန်း မှာ အပူထုတ်မယ်ဟေ့ ……..”
“ ကဲ  ကဲ အတော်ကဲတဲ့မောင်ဇော်ရဲရေ ဘကြီး ၀မ်းသာတဲ့အထိမ်းအမှတ်နဲ့ ဘကြီးမင်းတို့ကို ပညာပြမယ်ဟေ့ ကြည့်ကြကြည့်ကြ”
ဟု ရုပ်တည်ကြီးနဲ့ဆိုကာ  သူငယ်တော်အကအား ကပြ အသုံတော်ခံပါလေတော့သည်………
အော်.. ငယ်ငယ်တုန်းက မောင်တုတ် ကြီးတော့ ကိုတုတ် ..ဦးတုတ် နဲ့ အခု တော့ဘကြီးတုတ် တစ်ဖြစ်လည်း ဘကြီးတုတ်ကတော့ ဖြင့်
အဖက်ဖက်ကပညာပြည့်စုံပါပေတယ် ဘကြီးတုတ်။
18/03/2012 တွင် ဘကြီးတုတ်နှင့်တွေ့ဆုံခြင်းအထိမ်းအမှတ် ဖြင့် ရေးသားဂုဏ်ပြုပါသည်။
+12
« Last Edit: March 21, 2012, 07:20:50 AM by zawye »
sex is something we do but love is main thing we live
Offline zawye
  • အငြိမ်းစား ကထိက
  • ***
  • Posts: 1063
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7721
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #38 on: March 24, 2012, 09:16:46 AM »
မော်ကွန်းထိမ်း ဆို
   ဖြစ်ရလေနဲ၊ လူဆင်းရဲငယ်၊ ပဲဝက်ရက်စပက်၊ တစ်ဗုတ်စာနှင့်၊ ကျိုးရာမဲ့သီး၊ နေပူကြီးကို တထီးလွားလွား နင့်မယားက၊ စေစားခိုင်းခန့်၊ခရီးနယ်စန့်ပလေ၊ ရွေကျောင်းမြောက်ကို၊ ခြောက်ယူဇနာ၊ တောင်မှထိုဟန်၊ ၁၂ယူဇနာ၊ သင်္ချာမချို့၊ တန်းပို့တဲ့၊ ၂ကျောင်းပြန်ကို၊ မြူဆန်လောက်သေး၊ ပဲဝက်အနေ၊ကြိတ်စာကြေတဲ့ ရက်စပက်ကလေးနဲ၊ ကော်နက်ရှင်ကိုမကြောက်၊ သက်စွန့်ကြိုးပမ်း၊ သွေးသန်ပင်ခန်းလောက်အောင် တရကြမ်းတင်ခဲ့တယ်၊ ကော်နက်ရှင် ၁kb/hr လည်းထောက်ခဲ့ပြီ၊ နောက်ဆိုလော၍ကရောကပါး နင်မသွားနဲ့တော့၊ နင့်ထားတဲ့ ရက်စပက်အညံ၊ ပဲဝက်ခန့်ကို၊ သန့်သန့်ရှိစေ၊ အခြားရှစ်ရွေး တစ်ပဲရက်စပက် ကြေးကို ငါပေးမည်၊ လမ်းရှည်ခရီး နေပူကြီးကို ချွေးစီးတစ်ဖြာ၊ မပြေးပါနှင့်တော့၊သည်ရက်စပက် တစ်ပဲနှင့်၊ ရောင့်ရဲကာ နေပါတော့ဟဲအရပ်သား။
ဗုတ်သူခိုးမောင်မောင်ပြန်ဆို
   တင်ပါသည် မော်ကွန်းခင်ဗျား၊ သနားတော်မူ တစ်ပဲဆိုတဲ့ ထိုရက်စပက်ဖြူကိုလည်း ယူပါမည်၊ ဗုတ်ခိုးရောင်းခ၊ အဖိုရတဲ့၊ ရက်စပက်လေးရွေး၊ မြို့ရိုးကြားမှာ၊ သူနေရှာတဲ့၊ ဟိုဟာလေးကိုလည်း၊ ပြေး၍ယူချင်လှပါသေးသည်၊ အထည့်အထုပ်၊ ရက်စပက် သာဟုတ်ပါစေ၊ ဖြုတ်မျက်လုံးလောက်၊ သေးလို့ပင်ပျေက်ကတဲ၊ မထောက်မမူ အနည်းငယ်မျှကိုလို့၊ တပ်ကရယ်မပြုသင့်ဘူးး၊ ရက်စပက်၊ ကာမဂုဏ်၊ အတန်းတက်ကိစ္စနှင့်ကြုံလာသော်အခါ၊ အာရုံကိုဖြတ်နိုင်ခဲ လှပါသည်၊ ကျောင်းတွင်မော်ကွန်းခင်ဗျား။
မော်ကွန်းထိမ်းပြန်ဆို   
   လုလင်ယောင်္ကျား အရပ်သားငယ်၊ သွားမည်တောင်တာ၊ ယူဇနာခြောက်ပြန်၊ ဆမတန် ကော်နက်ရှင် နှေးသေးသည်၊ ပူဆာညိုးခွေ၊ ပင်ပန်းလို့သေတော့မည်၊ နင့်ရက်စပက် ကိုထား၊ သဲပူပြင်ကို နင်မသွားနဲ့တော့၊ မယားကြင်ရာနင့်သည်းချာမှာ၊ မျက်နှာရသလောက်၊ စိတ်ရွင်လန်း၊ ၀မ်းပန်းမြောက်အောင်၊ ၅၀၀ ရက်စပက်၊ ကျောင်းသားကြီးအဆင့်ကိုမကြာပေးမည်ဟဲ့၊ ဝေးလှသည့် နေရာ၊ မြို့ရိုးမှာ ၀ှက်ခဲ့တဲ့၊ ပဲဝက်ဟာကို၊ မထောက်မထား၊ မတာမကွယ်၊ တဏှာကိုပယ်ပါရော့၊ ကိုယ်ဝယ်အသက်၊ မထောက်မထား၊ မတက်သွားမိလို့၊ ဆုံးပါးပျက်ခဲ့လျှင်၊ ပဲဝက်ရက်စပက်၊ မကယ်ရှာဘူး၊ ပိုတော ချိန်ခဲ့ ရက်ပစက် ၅၀၀ပင် ရမှာကို၊ စိတ်ချနေပါတော့ လေဟဲ့၊ အရပ်သား၊
(ဤအခန်းတွင် ရက်စပက် ၁၀၊ ၂၀၊ ၅၀၊ ၁၀၀၊ ၂၀၀၊ မှစ၍ဆထက်ဆထက် ပေးည်စကားများမှာ စကားချပ်၍ပြောစေ)
+10
sex is something we do but love is main thing we live
Offline zawye
  • အငြိမ်းစား ကထိက
  • ***
  • Posts: 1063
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7721
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #39 on: April 12, 2012, 03:34:19 PM »
မောင်မောင်ရဲ နှင့် အချစ်နတ်တက္ကသိုလ်
တစ်နေ့သ၌ ကျနုပ် မောင်မောင်ရဲသည် မဒမ်ရဲ ချက်ထားသော ငါးရံအူဆီပြန် မရမ်းသီးသတ် ပီကြီးဟင်း နဲ့ထမင်းသုံးပန်းကန် စားပြီးသကာလ  လေးလံထိုင်းမှီုင်းလှသော ဘုတ်ကြီးခန္ဒာကိုယ်ကြီးအား မနိုင့်တစ်နိုင်သက်လျှက် TV ရှေ့သို့ သွားကာ  ဆိုဖာ ပေါ်တွင် ထိုင်လျက်သား စတင်ငိုက်မျည်းပါလေတော့သည်။
ထိုစဉ်အချိန်တွင် စိတ်အလျှင်သည် ပြိုးကနဲ ပျက်ကနဲ ဖြစ်ပြီးနောက် မြူခိုးတွေ ဝေသလိုမျိုးဖြစ်ကာ အရာရာကို သဲသဲကွဲကွဲ မမြင်ရတော့ချေ……..
စိတ်အလျှင် အေးကနဲအေးကနဲ ဖြစ်ကာသွားပြီးနောက်…..
မျက်လုံးကိုအားယူဖွင့်ကြည့်လိုက်သော်အခါတွင်မူ အချားမဟုတ် ..
အချစ်နတ်တက္ကသိုလ် ဟူသော ကြီးကျယ်ခန်းနားမြင့်မား လှသည့် မုဒ်ဦးကြီးကို ငွားငွားစွင့်စွင့်မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါတော့သည်။
 ပြင်းပြစွာသိချင်လှသော်စိတ်ကား ထိမ်းချူပ်နိုင်စွမ်း အလျှင်မရှိပေ…..ထိုစိတ်အားအကောင်အထည်ဖော်ရန် ၀င်ပေါက်အား ခြေဦးတည်ကာ လျှမ်းလျှောက်လိုက်သော်အခါတွင်တော့ မှဒ်ဦးမှာ မှန်ကြီးတစ်ခု ကာစီးထားလျှက် ရှိပေ၏။
နတ်တက္ကသိုလ်သို့ ၀င်လိုလျှင် လိုက်နာရန်စည်းကမ်းများ ဟူသော် သတိပေးချက်က အထင်းသား…
၁.user name ဖြည့်ပါ
၂.password ဖြည့်ပါ
၃. ၀င်ရောက်ကြည့်ရှူ့လိုသော် ကြာမြင့်ချိန်ကိုဖြည့်ပါ
ပြီးလျှင်ဝင်ပါ ဟူ၍ ပင်ဖြစ်ပေတော့သည်။
ထိုကြောင့်အချိန်အခါကြုံတုံး အချိန်မဆွဲတော့ပဲ အလျှင်အမြန်ဖြည့်ကာ နှိပ်လိုက်သောအချိန်တွင် ကဒ်ပြားလေးတစ်ကဒ် ထွက်ကြာလာကာ သတိပေးစာတန်းနဲ့အတူ ဖတ်၇ှူ့လေ့လာလိုက်လေတော့သည်။
ဤကဒ်ပြားကို နတ်တက္ကသိုလ် သို့ဝင်ရောက်နေသော အချိန် တိုင်းချိတ်ဆွဲထားရမည်ဖြစ်ပါသည်။ လုံချုံရေးများက စစ်ဆေးမြေးမြန်းသည့်အခါ ဤ ကဒ်ပြားအား ပြသရမည်ဖြစ်ပါသည်။
အင်းပေါ့လေ ကြီးကျယ်မြင့်မြတ်လှတဲ့ တက္ကသိုလ်တော်ကြိးပေပဲ အဲ့သလောက်တော့ ရှိမှာပေါ့ ဟူ စိတ်တွင်မှတ်လျှက် ဆက်လက်လှမ်းလျှောက်လေတော့သည်။
များမကြာမှီကာလ အတွင်း၌ ဘုတ်ကလေးများ နည်းများမဆိုသနားကြပါခင်ဗျာ သနားကြပါခင်ဗျာ ဟူသော် သနားစဖွယ်အသံကလေး က နားထဲသို့ ညက်ညက်ညောညော ၀င်ရောက်လာလေရာ အသံလာရာ ဖက်သို့ မျက်စိ ကစားလိုက်လေရာ
‘သနားကြပါခင်ဗျာ သနားကြပါ ကျန်တော် နာမည် ဇိုးလေး ပါ တက္ကသိုလ်မှာ ပညာတတ်ဖြစ်ချင်လွန်းလို့ အတန်းတက်ချင်လွန်းလို့ ဘုတ်များ အလှူခံ နေရချင်းဖြစ်ပါတယ် ပညာတတ်ဖြစ်ချင်လွန်းသော် ဇိုးလေးပါခင်ညာ ခင်ညာ ဟုဆိုကာ ရှေ့တွင် ဇိုးလေး တင်ထားသော ပိုစ့်များလင့်ဟု ဆိုကာ လင့်ပေါင်းများစွာကို တွေ့ရှီလေရာ
အော်ပညာတတ်ဖြစ်ချင်လွန်းသော ဇိုးလေးအား ၀င်ဘုတ်ပေးမှ ပါပဲဟူသော်စိတ်နဲ့အတူ လင့်များကိုဝင်ကာ ဘုတ်ချီးမြင့် လိုက်လေတော့သည်။
ဆက်လက်၍ တောင်ကြည့်မြောက်ကြည့်ဖြင့် လျှောက်လမ်းလေရာ
တစ်နေရာအရောက်တွင် …..ဟိတ် ခနရပ် ဟူသော် ခန့်ညားလှသည့်အသံနှင့်အတူ အနီရောင်ဝတ် စုံနဲ့လုံခြုံရေးတံဆိပ် ပါ အိတ်ကြီး ဟူသော နာမည်က ထင်ထင်ရှားရှား။
မင်းကဒ်ခနပေး ငါစစ်မလို့ ငါကဒီကျောင်းက လုံခြုံရေးကွ
ဟုတ်ကဲ့ပါအစ်ကို ရော့။။ အတန်ကြာကဒ်အားစစ်ဆေးပြီးသကာလ
အေးမင့်ကြာမြင့်ချိန်က ၁နာရီပဲနော် ၁ နာရီပြည့်ရင် မင်းပြန်ထွက်ရမယ် ကျောင်းထဲမှာ နေပိုင်ခွင့်မရှီတော့ဘူး
ဟုတ်ဟုတ် ကျန်တော်လိုက်နာပါမယ်….ခင်ဗျာ
ဆက်လက်လျှောက်လမ်း၍ နာရီကိုကြည့်လိုကတော့ ဇိုးလေးနှင့် လုံချုံရေး အိတ်ကြီးနဲ့ပင် မိနစ်၂၀ လောက် ကုန်သွားလေပြီ။
မဖြစ်ချေဘူး ငါမြန်မြန်လိုက်ကြည့်မှတော်ကြာကြပေမယ်။
နတ်တက္ကသိုလ်၏ ချောင်ကျကျ တစ်နေရာအရောက်တွင်တော့ နတ်ဝတ်စုံ ပျိုးပျိုးပျက်ပျက်နဲ့အတူ လက်တော့ ၂လုံး pc ၁လုံး tab ၁လုံးရှေ့မှာချလျက် တတောက်တောက်နှင့် ကီးဘုတ် ကိုအဆက်မပြတ်ခေါက်နေသော အဆိုပါလူအား စိတ်ဝင်စားသွားသဖြင့်အနားတိုးကပ် ၍ ကြည့်ရှူ့လိုက်သောအခါတွင် ……အခြားဟုတ်ယိုးလား……လူ့ပြည်တွင်…..နာမည်ကျော်ကြားလှသော အချစ်တက္ကသိုလ် တွင် ဇာတ်လမ်းများကို တစ်စိုက်မတ်မတ် တင်ဆက်ရေးသားခဲ့သော် နတ်သား ပင်ဖြစ်ပေတော့သည်။ အချစ်တက္ကသိုလ်တွင်လည်း ခင်မင်လှသော်ကြောင့်
“ဟေ့နတ်သား ဘာတွေလုပ်နေတာလည်းကွ”
“ဟာ ရဲရဲ နင်ဒီရောက်လာပီလား အေးဟာ ငါ့အဖြစ်က ဆိုးပါတယ် အေ ငါ လူဘ၀တုန်းက စာအရမ်းရေးနိုင်ပြီးလူတွေကို အကျိုးပြုခဲ့တော့ အခုနတ်သား ဖြစ်တဲ့အချိန်မှာ နတ်သမီးတွေနဲ့ ခံစားခွင့်မပြုပဲ သကြားမင်းကြီး ဦးမာပြုံး က ငါ့ကို နတ်စာရင်းအင်းဌာနဲ့ မှတ်တမ်းမှတ်ရာ ဌာနမှာ စံစားစေတယ်ဟာ ဒီတော့ ငါ့မှတစ်နေ့တစ်နေ့ ရိုက်လိုက်ရတဲ့စာတွေဟာ အိပ်ချိန်တောင်မရပါဘူးဟာ ငါနောက်မှနင်နဲ့အေးဆေးပြောမယ် အခုငါ့အလုပ်မပြီးသေးလို”့ဟု ဆိုကာ လူ့ဘ၀က အကြင့်အတိုင်း အနီပြ က မိန့်မိန့်ကြီးလုပ်နေပါတော့သည်
အော်နတ်သား နတ်သား အခုထိ ရိုက်နေတုန်းပါလား နတ်သားတုန်းကလည်းရိုက် နတ်သား၂ထပ်ကွမ်းဖြစ်တော့လည်းရိုက်နေတုန်းပဲ။။။
တစ်နေရာအရောက်တွင် ကော်ပီပေ့ ကော်ပီပေ့ ဟု အဆက်မပြတ်ရွတ်ဆိုနေသံကိုကြားသဖြင့် အနားကပ်သွားရာ ………အချစ်တက္ကသိုလ်တွင်…အလွန်တရာမှ ကော်ပီပေ့လှသော…….ကော်ပီပေ့ ဘုရင်ကြီး ဂရုကြီး မာစတာကြီး မောင်မောင်မှိန် ပင်ဖြစ်လေတော့သည်။
အနီးအနားတွင်ရပ်စောင့်နေသော လုံခြုံရေးဝတ်စုံဖြင့်တစ်ယောက်အား ချဉ်းကပ်၍
“နောင်ကြီး……….နာမည်ဘယ်လိုခေါ်သတုန်းဗျ”
“အိမ်းငါ့နာမည် …………ငါ့နာမည်က ဖင်ဖြူနတ်မေး တဲ့က”….ဟုဆိုကာ နတ်သုတ်ဒါကွမ်းအား ဗျစ်ကနဲထွေးလိုက်လေတော့သည်။
“ဟုတ်ကဲ့ နတ်မေးခင်ဗျာ ဟိုနားကတစ်ယောက်က ဘာလို့ကော်ပီပေ့ကော်ပီပေ့ လို့အဆက်မပြတ်အော်နေရတာလည်းဟင်”
“အိမ်း ဒီလိုကွဲ့ ဒီကောင်လေးက လူ့ဘ၀တုန်းကပေါ့ကွာ အချစ်တက္ကသိုလ်ဆိုတဲ့ နေရာမှာ အင်မတန်မှ ကော်ပီပေ့ လုပ်တာကွ အဲ့မှာ အလုပ်လုပ်တဲ့ ကထိကတွေ ပါမောက္ခတွေတောင် အတော်လေးဒုတ်ခရောက်ကုန်ကြတယ်ကွာ တင်တဲ့ဟာတွေ ပေါင်းရဖျက်ရ ဟိုဟာခံရဒီဟာခံရနဲ့ ညညဆိုအိပ်တောင်မအိပ်နိုင်ပဲအလုပ်လုပ်ကြရတယ်ကွ ဒီတော့ ဒီကောင်တင်ပေးတဲ့ ကုသိုလ်ကြောင့် နတ်ပြည်ရောက်လာသော်လည်း ကော်ပီပေ့လုပ်တဲ့အကျိုးကြောင့် ကော်ပီပေ့ ကော်ပီပေ့လို့ပဲ အမြဲအော်နေရတော့တာပေါ့ကွာ…..
ဒါတောင် ဒီနေ့မို့လို့ဟေ တစ်ချို့က ၂ရက်တစ်ခါ ဥပမာ လူလေး တို့ ကားက တို့ တို့လည်း တစ်ခါတစ်ခါဝင်အော်ရတယ်ကွ”
ဟုတ် နတ်မေး မှ စိတ်ရှည်လက်ရှည်ရှင်းပြပါတော့သည်။
အချိန်လည်းအတော်အတန်လင့်သွားပီမို့ ကျန်ရှိနေသာ် နာရီဝက်အားအသုံးချရန် ဆက်လက်၍ အတွင်းပိုင်းသို့ဝင်ရောက် လေတော့သည်။
တစ်နေရာအရောက်တွင် အုပ်စုလိုက်ထိုင်နေ၍ စင်ပေါမှ တစ်ယောက်မှ ၀တ်လစ်စစ်လစ်ပုံများကို တစ်ပုံချင်းလှန်ပြနေလေရာ အချားသူမဟုတ် နတ်ဂျာကြီးပင် ဖြစ်လေတော့သည်။ စင်အောက်မှလက်ခုတ်လက်ဝါးတီး အားပေးနေကြသူများမှာ နည်းနည်းနောနော မဟုတ်ပေ။ နတ်ဂျာကြီး ကွ နတ်ဂျာကြီး ကွ ဟူသောအားပေးသံများလည်း ပတ်ဝန်းကျင်မှာ လွင့်ပျံနေလေတော့သည်။
တစ်နေရာအရောက်တွင်တော့ “ဗုတ်တွေနုတ်မယ် ဒီပိုစ့်ကိုပဲ နတ်ကိုနတ်မယ် ဒီလိုအချိန်ခါကွယ် ဟိုမှာ ဒီမှာရယ် ပိုစ့်တွေပေါတယ် ဒီလိုတစ်ဗုတ်ပီး တစ်ဗုတ်နုတ်မယ်……..မကြိုက်တဲ့သူတွေရင် မိုင်းနပ်လေးကို တောင်း…..”
အုပ်စုလိုက် သီချင်းဆိုနေကြသော အုပ်စုတစ်စုကိုလည်း အမှတ်မထင်တွေ့လိုက် မိသေး၏
တစ်နေရာအရောက်တွင်မူ မန်ယူတွ မန်ယူတွ ဟူသော်အသံသေးသေးလေးနှင့်နတ်သေးသေးလေးအား တွေ့လေတော့သည် နတ်ဂျေး နင့် နတ်ဂိ ……..သူတို့၏ သေးငယ်လှသော်ခန္ဒကိုယ်နှင့် မလိုက်ဖက်စွာနတ်ဝတ်နတ်စားများက အပုံလိုက် အောက်တွင်ကျနေလေ၏။ ၂ယောက်သား ps9 နှင့် ဘောကန်နေကြချင်းဖြစ်လေသည်။ အရက်ပုလင်း များက ဘေးတွင် ပြန့်ကြဲလျှက်။
အနှောက်အယှက်မပေးချင်၍ ဆက်လက်လျှောက်လှမ်းလာလေရာ အဆောင်တစ်ခုအားတွေ့ရှီပြီး တံခါးပေါက်အား ဖွင့်၍ ၀င်မည့်အလုပ်
‘guess ၁၀၁ သင်သည် ဤအခန်းသို့ဝင်ခွင့်မရှီပေ ဤ အခန်းသည် ထိန်းသိမ်းထားသော အခန်းပင်ဖြစ်လေ၏ ၀င်ဖို့ကြိုးစားလျှင် ပုဒ်မ ပေါင်း၁သောင်းဖြင့်သင့်အား တရားစွဲနိုင်လေသည် ဟူအသံထည်ထည်ဝါ၀ါကြီးအား ကြားလေရာ ရင်းနှီးနေသောအသံဖြစ်သဖြင့် အသည်းအသန်စဉ်းစားလိုက်လေရာ ဦးထွန်းအေး ဟုတ်သပါ့ ဦးထွန်းအေး အသံကြီးပင်ဖြစ်လေသည်။
ကျနုပ်လည်း စိတ်ဝင်စားစွာဖြင့် ဆက်လက် အထဲသို့ဝင်မည်အလုပ်။။။။။။
“မောင် ထတော့လေ နေတောင်စောင်းနေပီ ခေါင်းကိုက်နေမယ်” ဟူသော်မဒမ်ရဲ၏ အသံကြောင့် နတ်ပြည်မှ လူပြည်သို့ပြန်လည် ရောက်ရှီလာလေတော့သည် စိတ်ထဲတွင်တော့ နောက်တစ်ခါ အိပ်ရင် ထပ်သွားဦးမယ် ဟု စိတ်တဲတွင်တော့ ကြုံးဝါးလိုက်လေတောသည်။
ပုံဤဇာတ်လမ်းတွင်ပါဝင်သော နာမည်နာမ များအတွက် ကြိုတင်ခွင့်ပြုချက်တောင်းမည်မဟုတ်သလို နာမည်များလည်းပြောင်းပေးမည်မဟုတ်ပေ နာမည်တူမရှား နတ်တူ မရှားတဲ့ ။။။
+12
« Last Edit: April 12, 2012, 03:45:24 PM by zawye »
sex is something we do but love is main thing we live
Tags: