Author Topic: ကိုယ်တိုင်ရေး သရော်စာ  (Read 65092 times)

0 Members and 1 Guest are viewing this topic.

imail

  • Guest
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #20 on: October 25, 2011, 03:51:33 PM »
Welcome Back ဘကြီးတုပ်

ပြန်လာလို့ တစ်ပိုစ်တင် တင်တာနဲ့ ဘကြီးတုပ်ထုံးစံ သရော်စာက စလာပြီမို့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း။ reporter တုပ်ကြီးမှ bagyitoke.com ကို သတင်းပေးပို့သွားပါသည်ဆိုတဲ့ တစ်နေ့တာစက်ရပ်သတင်းတွေလည်း ပြန်လာဦးတော့မယ်လို့ မျှော်လင့်ပါတယ် ဘကြီးရေ။

(ဘကြီးတုပ်ပြန်လာပြီဆိုတော့ အပြောအဆိုလေး အနေအထိုင်လေး ဆင်ခြင်မှ။ သရော်စာတို့ စက်ရပ်သတင်းတို့ထဲ ထည့်ရေးခံရရင် တေရော)
+7

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3993
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #21 on: November 27, 2011, 03:08:53 AM »
မြန်မာနိုင်ငံ နိုင်ငံမှာ မကြားဘူးသလောက်ရှိတဲ့ compromise ရဲ့ အဓိပ္ပါယ်

ကိုကြပ် မဒမ်ကြပ်နဲ့ အတူတူ အချစ်တက္ကသိုလ် နှစ်ပတ်လည်ညစာ စားပွဲကို တက်နေပါတယ်၊

ညစာစားပွဲမစခင် လွှတ်တော် ဆရာကြီးများ အစိုးရအရာရှိကြီးများပတ်ဝန်းကျင် ကော်မရှင် အဖွဲ့ ဝင်ကြီးများ အီးယူသံမှုးများနဲ့ ကော့တေးလ် သောက်နေတုံး (သဘောပေါက်)   :D :D :D

အဘ ဒီညအစဉ်ပြေရဲ့လား ဒီပွဲပြီးသွားလို့ ဟာဝါယီ ရီဆော့သွားရင် သမီးကို ဆက်ဆက်ခေါ်ရမှာနော စကားတွေ ဖောင်နေအောင်ပြောပြီး ချောချောလှလှ ကောင်မလေးတစ်ယောက်က လာနှုတ်ဆက်သွားပါတယ်၊  

မဒမ်ကြပ်   ကိုကိုကြပ် ဒါဘယ်သူလဲ

ကိုယ့် စက်ကပ်ကျေး အသစ်ကလေးလေ

ရှင်..ရှင်......... ရှင်က ရုံးမှာ စက်ကပ်ကျေးလေးတွေကို ဂျီအက်စ်အမ်ဖုံးလဲသလို ပြောင်းပြောင်းကိုင်ပြီး ကျူပ်ကိုတော့ လိုင်းဖုန်းကြီးလို အိမ်မှာ ပိတ်ထားတာပေါ့လေ

မနက်ဖြန်ကြရင် စက်ကပ်ကျေးကို အရင် ဂိဂိ ကိုပဲ ပြန်ခေါ်လိုက်၊ မလုပ်ရင် ရှင့်ကို ကွာမယ်   :'( :'( :'(
 
အေးရတယ် ကွာလို့ရတယ် ဒါပေမဲ့ မင်းလဲ နောက်နှစ်ကျရင် ဘုရားဖူး မထွက်ရတော့ဘူး၊ ယူရုတ် တို့ ဩဆီတို့မလည်ရတော့ဘူး၊ ကျောင်းထဲမှာ ပါ-ချုပ်ကတော်ဆိုပြီး မင်း ဆရာကြီးလုပ်နေတာတွေ ရပ်ရတော့မယ် ကျောင်းထဲက အပေါင်ဆုံးပစ္စည်းဆိုင်မှာ သွားသွားပြီး လိုချင်တာတွေ လက်ညှိးထိုးတောင်းလို့မရတော့ဘူး မင်းအမျိုးတွေလဲ ထောက်ပံ့ကြေးတွေ ရပ်သွားမယ်   ??? ??? ??? ???
 
မဒမ်ကြပ် ငြိမ်သွားပါတယ် အဲဒီအချိန်မှာပဲ ပရော်ဖတ်စာ ဆိတ်ဖွားက ကောင်မလေးတစ်ယောက်ကို လက်ချိတ်ပြီး ၀င်ချလာတယ်။ သူက ဒု-ချုပ်လေ
 
ဟိုမှာ ပရော်ဖက်စာ ဆိတ်ဖွားနဲ့ပါလာတာ ဘယ်သူလဲ  
 
ဒါလား သူ့စက်ကပ်ကျေးပေါ့    ::) ::) ::)
 
မဒမ်ကြပ် အသံပြောင်းသွားပြီး
 
ကိုကိုကြပ် ကျမတို့ စက်ကပ်ကျေးက ပိုချောတယ်နော်တဲ့   ;D ;D ;D ;D


ဤတွင် စေ့စပ်ဆွေးနွေးခြင်း အနုပညာ သင်ခန်းစာပြီးဆုံး၏  :P :P :P
+6
« Last Edit: November 27, 2011, 03:12:19 AM by drlanmadawthar »
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline ဂိ ဂိ

  • အငြိမ်းစား ကထိက
  • ***
  • Posts: 558
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +3393
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #22 on: December 06, 2011, 09:51:09 PM »
                            “ မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည် ”

အချိန်ကား ခရစ်သက္ကရာဇ် 2013 နှစ်ဦးပိုင်း ဖြစ်၏ ။ နေရာကား မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာန ၏ အထူးဆွေးနွေးခန်းတွင်ဖြစ်သည် ။ အခန်းထဲတွင်တော့ အသံများ တိတ်ဆိတ်ငြိမ်သက်လျက် အပ် ကျသံပင်ကြားရလောက်သည် ။

“ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ ..... ”

ငြိမ်သက်နေသော အခန်းအတွင်း၌ တိတ်ဆိတ်မှုကို ဖောက်ခွဲကာ စကားသံတစ်ချို့ ထွက်ပေါ်လာသည် ။

“ အားလုံး ငြိမ်နေလို့ ထူးလာမှာ မဟုတ်ဘူးဗျ .... တခုခု တော့ လုပ်မှ ရမယ် .... အားလုံး အကြံလေးဘာလေး ပေးကြပါဦး .... ”
“ ဟုတ်ကဲ့ ... ဝန်ကြီးခင်ဗျာ .... ဒီနှစ်က အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကျွန်တော်တို့ နိုင်ငံ က အိမ်ရှင်အဖြစ်ကျင်းပ ရမှာ ဆိုတော့ ... သိက္ခာပိုင်းပါ ပါလာပါပြီ ..... နိုင်ငံ့ ဂုဏ်သိက္ခာ အတွက် ကျွန်တော်တို့ ဆုံးဖြတ်ချက်တစ်ခုကို ချမှ ဖြစ်မှာပါ .... ”
“ ဟုတ်တယ်လေ ... အဲ့ဒါကြောင့် ကျုပ်က ပြောနေတာပေါ့ဗျာ ... အခု ကျုပ်တို့ ဘာဆက်လုပ်ကြမတုန်း ... ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းက နိုင်ငံ အလိုက် အဆင့်က ၇ ဆိုတော့ ဒီနှစ်မှာ ဒီ့ထက် ပိုအဆင့်တက်မှ ရမယ် ... ရွှေတံဆိပ်လဲ အနည်းဆုံး အခု ၅၀ အထက်ရမှဖြစ်မှာ .... ပြီးခဲ့တဲ့ ပြိုင်ပွဲ တုန်းက အိမ်ရှင် အင်ဒိုနီးရှားကို သတိရကြစမ်းပါ .... နိုင်ငံအလိုက်လဲ ပထမ ... ရွှေတံဆိပ်လဲ သူအများဆုံးပဲ ... အဲ့လို ဖြစ်အောင် ကျုပ်တို့ မလုပ်နိုင်ကြဘူးလား ....... ”

အစည်းအဝေးခန်းအတွင်း တွင်ရှိသော လူကြီးများအားလုံး အတွေးကိုယ်စီဖြင့် ပြန်လည်ငြိမ်သက်သွားသောကြောင့် အခန်းကြီးလည်း ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားပြန်သည် ။

“ လုပ်လို့ရတဲ့နည်း ရှိပါတယ် ...... ”

ငြိမ်သက်နေသော အခန်းထဲ အသံတစ်ချို့ ထပ်မံ ထွက်ပေါ်လာပြန်ပြီ ။ ဒီတစ်ခါအသံကတော့ အားလုံးစိတ်ကို ဖမ်းစားသွားလေသည် ။ အခန်းထဲရှိလူကြီးများအားလုံးရဲ့ မျက်လုံးများက ထိုစကားသံထွက်ပေါ်လာရာဆီသို့ ဦးတည်လျက် ထပ်မံပေါ်ထွက်လာမည့်စကားသံ အချို့ ကိုစောင့်ဆိုင်းနေကြသည် ။ ထိုစဉ်မှာပဲ သူတို့အားလုံးမျှော်လင့်နေသော စကားသံအချို့က ပေါ်ထွက်လာလေသည် ။

“ ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းက အင်ဒိုနီးရှား လုပ်သလိုပဲ ကျွန်တော်တို့ ပြန်လုပ်ရင် ... ကျွန်တော်တို့ နိုင်ငံ ပထမ ဖြစ်နိုင်ပါတယ် ...... ”
“ ဘယ်လို လုပ်မှာတုန်းကွ ... ရှင်းစမ်းပါဦး .... ”
“ ဒီလိုပါခင်ဗျ ..... ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းက အင်ဒိုနီးရှားက ပထမ ရအောင် သူတို့ ရိုးရာ အားကစားနည်းတွေကိုထည့်သွင်းကျင်းပခဲ့ပါတယ် .... အဲ့အကျိုးရလဒ် အနေနဲ့ ကတော့ ... ရိုးလင်း စပေါ့(ထ်) ပြိုင်ပွဲမှာ ချီးမြှင့်တဲ့ ရွှေတံဆိပ် ၁၂ ခုလုံးကို အိမ်ရှင်နိုင်ငံကပဲ ရရှိခဲ့ပါတယ် ... ပြိုင်ပွဲတစ်လျှောက်လုံးမှာ ထည့်သွင်းကျင်းပခဲ့တဲ့ သူတို့ ရိုးရာ အားကစားနည်းတွေကနေ ရွှေတံဆိပ်ပေါင်း အနည်းဆုံး ၅၀ လောက်ရရှိခဲ့တာကို တွေ့ရှိရပါတယ် .... အဲ့ဒီလိုပဲ အခု ကျွန်တော်တို့ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဒီနှစ်ပြိုင်ပွဲမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ရိုးရာ အားကစားနည်းတွေကို ထည့်သွင်းကျင်းပမယ် ဆိုရင်ဖြင့် ကျွန်တော်တို့ ရည်မှန်းချက်တွေ ပြည့်ဝအောင်မြင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ ... ”
“ ကောင်းလိုက်တဲ့ အကြံ ..... ဟုတ်ပ .... ကဲ ... အားလုံးကြားကြတဲ့အတိုင်းပါပဲ ...... အဲ့ဒီတော့ .... ပြီးခဲ့တဲ့ပြိုင်ပွဲက ဆုတံဆိပ် တစ်ခုမှ မရတဲ့ အားကစားနည်းတွေ အကုန်ဖြုတ်ပြီး ... ကျုပ်တို့ ရိုးရာအားကစားနည်းတွေ ထည့်သွင်းကျင်းပမယ်လို့ ဆုံးဖြတ်ချက်ချပြီး အတည်ပြုလိုက်ပါတယ် .......ဒီဆုံးဖြတ်ချက် အတိုင်း ကျန်တဲ့လူတွေ အမြန်ဆုံး လုပ်ဆောင်ပေးကြပါ လို့ ပြောကြားရင်း ... ဒီနေ့ အစည်းအဝေးကို ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ပါတယ် ..... ”

******************************************

ကျွန်တော်တို့ မျှော်လင့်နေသော ဆီးဂိမ်း ပြိုင်ပွဲကြီး စတင်နေပါပြီ ... ။ အားလုံးသော နိုင်ငံသူ နိုင်ငံသားတွေအတွက်ကတော့ ဝမ်းမြောက်ဂုဏ်ယူစရာပါပဲ ။ ကျွန်တော်တို့ နိုင်ငံက အိမ်ရှင်ပီပီ ရွှေတံဆိပ် အများဆုံးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာကိုးဗျ ... ။ အော် ... ပြီးခဲ့တဲ့ နှစ်က ပထမရတဲ့ အင်ဒိုလား ... အဟိ ..... သူ့ အဆင့်က အောက်ရေရင် တတိယ ... ။ အခုတောင် တီဗွီကနေ တိုက်ရိုက်လာနေတဲ့ ပွဲတစ်ခု ကျွန်တော် တိုက်ရိုက်ကြည့်နေတာဗျ ... ။ ဘာပွဲတုန်းဟုတ်လား ... ။ “ ထုတ်ဆီးတိုး ” ပွဲဗျ ... ။ ပြိုင်နေတဲ့ အသင်းတွေလား ... ကျွန်တော်တို့ မြန်မာနဲ့ ယိုးဒယား ဗိုလ်လုနေတာဗျ ... ။ ယိုးဒယားကတော့ မြန်မာနဲ့ နီးစပ်တဲ့အတွက် ကျွန်တော်တို့ ရိုးရာ အားကစားနဲ့ နည်းနည်း ယဉ်ပါးတာမို့လို့ ဗိုလ်လုပွဲရောက်တာဗျ ... ။ အခုတော့ သူတို့ လဲ အခြေအနေမကောင်းပါဘူးဗျာ ... ။ လောလောဆယ်ပဲ ၂ ပွဲပြတ် ရှုံးနေပြီ ။ ဒီတစ်ပွဲနိုင်ရင် နောက်ထပ်ရွှေတံဆိပ်တစ်ခု ထပ်တိုးဦးမှာပေါ့ဗျာ ... ။

မနေ့ က ပဲ “ စကောရွက် ” ပြိုင်ပွဲတို့ ...“ အာလူးကောက် ” တို့ ...  “ လိပ်ဥ ဖွက် ” တိုင်းတို့ ကနေပြီး ရွှေတံဆိပ်တွေ တသီကြီးရထားသေးတယ်လေဗျ ။ မနက်ဖြန် ဆိုရင်တော့ “ ဖန်ခုန် ” တန်းတို့ “ ဂေါ်လီရိုက် ” တာတို့ ... “ ဂျင်ကုလားမစည်းနင်း ” တာတို့ ကျန်သေးတယ်ဗျ ။ ဒါတွေလဲ ကျွန်တော်တို့ ပဲ ရွှေရမှာပါလေ ... စိတ်ချရပါတယ် ။ ဟုတ်တယ်မို့ လား ... ။ ဒီကစားနည်းတွေ ဟို နိုင်ငံကလူတွေ ဘယ်လိုသွားကစားတတ်မှာတုန်း ။ ဒီကစားနည်းတွေကို ကြေညာတော့ ပြိုင်ပွဲ ကျင်းပဖို့ ၆ လအလိုမှာ ကြေညာတာလေ ။ ဟိုနိုင်ငံတွေမှာ လေ့ကျင့်ဖို့ ၆ လပဲ ရတာကိုး ။ ကျုပ်တို့ ကတော့ မွေးကတည်းက ကစားလာတာမဟုတ်လား ။ ဘယ်ကလေးခေါ်ဆော့ဆော့ အေးဆေးပဲ ။ ဒါတောင် “ ဆီမီးခွက်ကြီး ကလောင်ကလင် ” တို့ ... “ ရေသူမကြီး ကုန်းလားရေလား ” တို့ .... “ မီးခြစ်ဆံ နင့်အနောက်မှာ ဘယ်သူလဲ  ” တို့ကနေ ရွှေတွေကလဲ ရထားသေးသကိုးဗျ ။ လောလောဆယ်တောင် စုစုပေါင်း ချီးမြှင့်မယ် ရွှေတံဆိပ် အခု ၆၀၀ မှာ ကျွန်တော်တို့ နိုင်ငံက ၄၀၀ ရထားပြီးပီလေဗျာ ... ။ ကျန်တဲ့ ၂၀၀ ကလဲ ၁၅၀ လောက်က သေချာ နေတယ်လေ ။ ဟိုလက်ကျန် ၅၀ ကတော့ ကျန်တဲ့ နိုင်ငံတွေ ကို နည်းနည်း ဝေပေးရမှာပေါ့ဗျာ ... ။ မကောင်းတတ်လို့ ..... အဟက် ။


P.S >>> မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်စေလိုသော ဆန္ဒဖြင့် ရည်ရွယ်ကာ ရေးသားထားခြင်းမဟုတ်ပါ ... နိုင်ငံကို ချစ်သောစိတ်ဖြင့် ကျွန်တော့် ဖြစ်စေချင်သော ဆန္ဒ လောဘ များ နှင့် အားမလိုအားမရဖြစ်သောကြောင့် ရေးသားခြင်းဖြစ်ပါသည် ။






ဆန္ဒများဖြင့် ဂိဂိ
+17
လုပ်သလို မဖြစ်ရင် ... ... ဖြစ်သလို လုပ်မယ် ... ... ဒါဘဲ

imail

  • Guest
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #23 on: December 08, 2011, 01:39:57 AM »
အိုင်မေးနှင့် သူတော်စင်

တစ်နေ့သ၌ အိုင်မေး လမ်းလျှောက်ထွက်စဉ် သစ်တစ်ပင်အောက် သူတော်စင်တယောက် ငုတ်တုပ်ထိုင်သည်ကို မြင်လေ၏။ အနားသို့ အသာချဉ်းကပ် လေ့လာမည်ဟု ကြံစည်စဉ် သူ၏ရှေ့ မြေကမ္ဗလာဆီသို့ မျက်စိကို အသာမှိတ် လက်ညိုးညွှန်ပြလေသောကြောင့် အသာထိုင်လျက် သူတော်စင်အား အကဲခတ်၏။ တည်ကြည်မှုကတော့ ငြိမ်သက်သည့်ရေပြင်အလားပင်။ ထိုစဉ် တခဏ အိုင်မေးသူငယ်ချင်း လာနေသည်ကို မြင်သဖြင့် အသာလက်ရပ်ခေါ် အနားတွင် ထိုင်ခိုင်းပြီး အဘယ်သို့သော စကားများ အမိန့်ရှိမည်ကို နားစွင့်စောင့်မျှော်မိ၏။ အတန်ကြာမှ သူတော်စင် မျက်စိဖွင့်လာက အိုင်မေးတို့ကို ကြည့်လျက် "တုပ်" ဟု တစ်လုံးပြောလေသည်။ ထို့ကြောင့် ကိုယ်နေဟန်ကို ခပ်တုပ်တုပ် နေရန် ပြောသည်ထင်ပြီး ထိုင်နေလိုက်သည်။ သို့သော်လည်း သူတော်စင်ကြီးက လက်ညှိုးထိုးပြီး "တုပ်" ဟုဆိုလာပြန်သဖြင့် ခပ်တုပ်တုပ် ထပ်ထိုင်ရပြန်သည်။ ထို့နောက် သူတော်စင်သည် ထိုင်နေသော အုတ်ပလ္လင်ပေါ်မှ ခြေနှစ်ချောင်းအသာချကာ "ဗြုန်း" ဟု မည်တမ်းပြီး မတ်တပ်ရပ်လေ၏။ အနည်းငယ် အံ့အားသင့်လျှက် ဘာများ ဆက်လက်အမိန့် ရှိပါဦးမလဲဟု စောင့်မျှော်နေစဉ် "တုပ်တုပ်ဗြုန်း" "တုပ်တုပ်ဗြုန်း" ဟု ဆက်တိုက် သီချင်းသံကဲ့သို့ ဆိုကာ ကွေးနေအောင် ကပါလေတော့သည်။ အိုင်မေးနှင့် သူငယ်ချင်းခမျာ အရူးကို သူတော်စင်ထင်မှတ်၍ ရိုသေကျိုးနွံမိချေပြီ။ ဒေါသအမျက် ချောင်းချောင်းထွက်ခြင်းကို ဖြေစိမ့်လိုသောငှာ လိုက်လံရိုက်ပုတ်မည် ကြံသော်လည်း သူငယ်ချင်း ဖြစ်သူမှ တစ်ရှက်မှ နှစ်ရှက်မဖြစ်စေရန် အရူးကို ရန်လုပ်က မတရားဖြစ်မည် ဖြစ်ကြောင်း၊ ဘယ်သူမှ မသိခင် အသာနေလိုက်တာက အကောင်းဆုံးဖြစ်မည်ဟု မျက်နှာပျက်တက်တက်ဖြင့် အိုင်မေးအား ဖြေသိမ့်လေ၏။ သို့ဂလိုသော အကြောင်းတို့ကြောင့် မည်သူမည်ဝါရယ်လို့ အကဲဖြတ် မဆင်ခြင်မိပဲ ပြုသမျှ နုခဲ့သော မိမိအဖြစ်ကို မျိုသိပ်၍ နောင်ဤသို့ မဖြစ်အောင် အသိတရား ရင်ဝယ်ထားပြီး အသာကျိတ်မှိတ်နေရလေတော့ သတည်း။

 :D


+14
« Last Edit: December 08, 2011, 01:43:29 AM by imail »

Offline ဂိ ဂိ

  • အငြိမ်းစား ကထိက
  • ***
  • Posts: 558
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +3393
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #24 on: December 22, 2011, 10:46:20 PM »
                                                                                      “ ဂိဂိ နှင့် ဝမ်းတီး ”

တစ်နေ့ သ၌ မောင်ဂိ တစ်ယောက် အလုပ့်ကိစ္စများ ရှိသဖြင့် ဌာနဆိုင်ရာ ရုံးတစ်ခုအားသွားခဲ့၏ ။ ထိုရုံးသို့ ရောက်သော် အဝင်ဝ၌ ရုံးအတွင်းသို့ ဝင်ရန် လူများ တန်းစီနေကြသဖြင့် အချိန်မရသော မောင်ဂိ တစ်ယောက် ဂိတ်ပေါက်စောင့်အား ကပ်ဒိုးလေး ပြောလိုက်လေသည် ။

“ ကိုယ့်ဆရာ ..... ကျုပ်အချိန်မရဘူး ... အခုဝင်ချင်တယ် .... အိုကေမလား ... ”
“ ရတယ်အကို ... ရှေ့ ကလူတွေအားလုံးကျော်လိုက်မယ် ... အခုချက်ချင်းသာဝင်သွားပေတော့ ... ”
“ ကျေးဇူးတင်တယ်ဗျာ .. ကျုပ်လုံးဝ အချိန်မရလို့ ပါ ... နောက်မှာလဲ လုပ်စရာတွေက တန်းစီနေလို့  .... ”
“ ရပါတယ် အကိုရယ် ... ကျနော့ကို လဖက်ရည်ဖိုးလေးသာ ပေးခဲ့ ...... ”

မောင်ဂိလဲ လဖက်ရည်ဖိုး ထောင့်ငါးရာ ပေးပီး ရုံးအတွင်းသို့ ဝင်ခဲ့လေသည်တမုံ့ ။ ရုံးအတွင်းသို့ ရောက်သော်လဲ ဝယ်ရမည့် လျှောက်လွှာ အရောင်းနေရာမှာလဲ လူတွေက ပြုံလို့  ..... ။ လျှောက်လွှာတစ်ရွက်ရဖို့ အရေး ၃ နာရီလောက်စောင့်ရမည့်ကိန်းပင် ။ ဒီလိုဆိုတော့လဲ ... လမ်းဟောင်းအတိုင်းပဲပေါ့ ... ။ မောင်ဂိ ကောင်တာနား ရောက်အောင်တိုးကပ်သွားပြီး ကောင်တာမှာရှိသော မိန်းခလေးအား ပြောလိုက်ပြန်သည် ။

“ ညီမလေး ... အကို အချိန်မရလို့  ... အဲ့ဒါ လျှောက်လွှာလေး အခုယူလို့ မရဘူးလားဟင် ... ”
“ ရတာပေါ့ အကိုရယ် .... ညီမ အဆင်ပြေအောင်လုပ်ပေးပါ့မယ် ... လဖက်ရည်ဖိုးလေးပဲ ပေး ညီမကို .... ”

လာပြန်ပြီ လဖက်ရည်ဖိုး .... ။ ထပ်ကုန်ပြန်ပီပေါ့ ငွေ တစ်ထောင် ... ။ မြန်မာနိုင်ငံက လဖက်ရည်တွေကလဲ ဈေးကြီးပါ့ ... အနည်းလေး တစ်ထောင် ထောင့်ငါးရာပဲ ... တစ်ခါတစ်လေဆိုရင် နှစ်ထောင်တောင်ရှိသေး ... ။ ဘယ်တတ်နိုင်မလဲ ကိုယ်က အမြန်လိုတာကိုး ။ အမှန်ကတော့ လျှောက်လွှာလေး ဝယ်တဲ့နေရာမှာ လူပြုံစရာအကြောင်းမရှိ ... ။ အဝင်ပေါက်မှာလဲ ပြုံစရာမလို ။ သို့ပေမယ့် လဖက်ရည်ဖိုး လိုချင်ကြတော့လဲ .. မပြုံ ပြုံအောင်လုပ်ကြသည်ပေါ့ ... ။ ရှိပစေတော့ ... ။ ကိုယ်က အချိန်မှမရတာကိုး ...... ။

ဒီလိုနဲ့ ကိစ္စ ဝိစ္စ အားလုံးလဲ ပြီးလို့ ရုံးအပြင်လဲ ရောက်ရော .... ကုန်ကျငွေကို မောင်ဂိ ပြန်တွက်ကြည့်လိုက်သည် ။ ဟိုက်ကရော ..... တစ်သောင်းခွဲတောင်ကုန်သွားပါလား ... ။ လျှောက်လွှာဝယ်တာက ၃ စောင် အားလုံးပေါင်း ငါးရာ ... ။ ဒါဆို ကျန်တဲ့ ပိုက်ဆံ ဘယ်ရောက်သွားလဲ ... ။ သေချာ ဆန်းစစ် တွေးတောကြည့်ပြန်၏ ။ တရားခံတွေ့ ပါပြီ ... လဖက်ရည်ဖိုး ..... ။ ထားလိုက်ပါတော့လေ ... ကိုယ်က လောတာကိုး ..... ။

ဒီလိုနဲ့ နောက် တစ်ပတ်လောက်အကြာမှာ မောင်ဂိ ထိုရုံးကို သွားစရာ အကြောင်းပေါ်လာပြန်သည် ။ မောင်ဂိ တစ်ယောက် ထိုရုံးကို အတော်လန့် ၏ ။ ဘာလို့ ဆိုတော့ကာ လဖက်ရည်ဖိုး ဈေးကြီးသည်ကိုး .... ။ ဘယ်လိုလုပ်ရပါ့ ........ ။ တွေးရင်း ... တွေးရင်း ...... တွေးရင်းနှင့်ပင် အကောင်းဆုံးအကြံဥာဏ်ပေါ်လာ၏ ။ ထိုအတိုင်းပင် လုပ်ရန် စိတ်ကလဲ ဆုံးဖြတ်လိုက်သည် ။ ဒီလိုနဲ့ လမ်းမှာရှိသော ဆူပါမားကတ် တစ်ခုကို မောင်ဂိ ဝင်သည် ။ ဝယ်စရာရှိတာ ဝယ်သည် ။ ပြီးတော့ ထိုရုံးကို သွား၏ ။

ရုံးရောက်ပြီ ... ။ ဟိုတစ်ခါအတိုင်းပင် အဝင်အဝမှာ လူတွေက ပြွတ်သိပ်လျက် ... ။ အရင်တစ်ခါ အတွေ့ အကြုံအရ မောင်ဂိ အပေါက်ဝနားတိုးသွားသည် ... ။ ထို့ နောက် အပေါက်စောင့်အား ပြောလိုက်သည် ။

“ ကိုယ့်ဆရာ .. ကျုပ် အခုဝင်မယ် ... အိုကေလား ... ”

အပေါက်စောင့်ကလဲ မှတ်မိသည်ထင့် ။ လျောလျောရှုရှု ပင် ဝင်ခွင့်ပေး၏ ။ အထဲရောက်တော့ အပေါက်စောင့်က ပြောသည် ။

“ အကို လဖက်ရည်ဖိုး ...... ”
“ အော် ... လဖက်ရည်ဖိုး ဆိုတာ လဖက်ရည်သောက်ဖို့ မလား .... ရဒယ် ... သိလို့ ကြိုပြင်ဆင်လာတယ် ... .... ဟောဒီမှာ ... လဖက်ရည်ကို အပြင်ထွက်သွားသောက်စရာမလိုတော့ဘူး ... ဝမ်းတီး အသင့်ဖျော်လဖက်ရည်ထုပ်လေး ... ဟီဟိ ... ဒီဘက်မှာတွေ့လား .. နို့ဆီတောင်ပါသေး .. အဟေးဟေး ... ရှယ်သောက်ရမှာနော် .. နို့ဆီနဲ့ ... အဟစ် ... ရော့ .... အင့် ... ”

အပေါက်စောင့်လဲ ကြောင်တောင်တောင်နှင့် လဖက်ရည်ထုပ်လေးကိုင်လို့ ။ မောင်ဂိ ကတော့ အောင်နိုင်သူတစ်ယောက်ရဲ့ ဝံ့ ကြွားသော ခြေလှမ်းများနှင့် တစ်လှမ်းပြီးတစ်လှမ်း လှမ်းလျက် ။ ဟော ..... လျှောက်လွှာဝယ်မယ့်နေရာရောက်ပြန်ပီပေါ့ ။ ထုံးစံအတိုင်းပါပဲ .... လူတွေ ကျပ်လို့ ညပ်လို့  ... ။ ဒီတော့လဲ မောင်ဂိလဲ ထုံးစံအတိုင်းပဲပေါ့ ... ။ ကောင်တာနားတိုးသွားပီး ပြောလိုက်သည် ။

“ လျှောက်လွှာ အခုလိုချင်တယ် ညီမလေး .... ”
“ ရတာပေါ့ အကို ... ရော့ အင့် ... ညီမ ကိုလဖက်ရည်ဖိုးပဲပေး ... ”
“ အိုခေ .... ရော့ ... ဒီမှာ ဝမ်းတီး လဖက်ရည်ထုပ် ... ညီမပါတဲ့ ဟိုဓာတ်ဗူးလေးထဲက ရေနွေးနဲ့ ခုချက်ချင်းဖျော်လိုက်ယုံပဲ ....... နို့ဆီတောင်ပါသေး ... ခစ်ခစ် ”

ကောင်တာမှ မိန်းခလေးလဲ ဘာပြန်ပြောရမှန်းမသိ ... ။ လဖက်ရည်ထုပ်လေး ကိုင်ကာ ငိုင်လို့  ... ။ မောင်ဂိ ကတော့ လျှောက်ကို ကိုင်လျက် မော်ကြွားသော ခြေလှမ်းများနှင့် ။ ဒီလိုနဲ့ မောင်ဂိ တစ်ယောက် ကိစ္စ များ အားလုံးပြီးလို့ ရုံးအပြင်လဲ ရောက်ရော ကုန်သော ပိုက်ဆံ ပြန်တွက်ကြည့်၏ ။

“ အို ... ငါးရာပဲ ကုန်ပါလား ... နိပ်သဟ ... အယ် ... ဝယ်လာတဲ့ ဝမ်းတီး လဖက်ရည်ပါကင်ထုပ်ကတော့ တစ်ထုပ်ပဲကျန်တော့ပါလား ... အင်း ...... တော်တော် လဖက်ရည်ကြိုက်တဲ့ ရုံးပဲ ..... ”

မောင်ဂိ တစ်ယောက်ကတော့ ရုံးအရှေ့ မှာ ဝမ်းတီး ပါကင် အိတ်အခွံလေးကိုင်လို့  .. အတွေးများက ပလုံစီလျက် .... ။ အပြန်လမ်းမှာတော့ မောင်ဂိ တစ်ယောက် အပျော်ကြီးပျော်လျက် ကားကို ဖလန်းဖလန်း ထအောင် မောင်းရင်း ... တစ်နေရာအရောက် ....

“ ရွှီ ...... ”

ဟိုက် ... ဝီစီသံ ထွက်လာပါရော့ကလား .. ။ အို .. ငါ့ကားကို တားတာပဲ ... ။ အင်း ... ဘေးကပ်ရပ်ရဦးပြန်ပီပေါ့ .... ။ ကားက လမ်းဘေးလဲရပ်ပြီးရော ဝတ်စုံဖြူ ဘောင်းဘီ အပြာနှင့် ပုဂ္ဂိုလ်တစ်ယောက် ကားဘေးနားလာရပ်ပြီးပြောလေ၏ ။

“ ကိုယ့်ဆရာ ... လိုင်စင်လေး တစ်ချက်လောက်ပြပါ ... ”
“ ဒီမှာ ပါ ..... ”

လိုင်စင်ယူကြည့်သော ပုဂ္ဂိုလ်က လိုင်စင်အားကြည့်ရင်း ဘာမှမပြောပဲ ချလံအား ရေးလေတော့သည် ။

“ အွန် .. ဘာလို့ ချလံရေးတာတုန်းဗျ ... ကျနော်ဘာမှ မမှားထင်တယ်နော် ... ”
“ မှားလို့ ရေးတာပေါ့ဗျာ ...... ကဲ ... လိုင်စင်ကို ချလံနဲ့ ငါးဆယ့်တစ်လမ်းရုံးမှာသာ သွားယူပေတော့ ... ”
“ အဲ့လိုတော့ မလုပ်နဲ့လေ .. အဆင်ပြေအောင် ညှိကြတာပေါ့ ...နော့ ... ကျနော် လဖက်ရည်ဖိုးပေးပါ့မယ်ဗျာ ... လုပ်ပါ ... ကိုယ့်ဆရာရယ် ”

ပြောရင်းနဲ့ပဲ ... မောင်ဂိတစ်ယောက် ဟိုရုံးမှ ကျန်သော တစ်ထုပ်တည်းသော ဝမ်းတီးထုပ်လေးအား ထုတ်လိုက်သည် ။ သို့သော် ..... သို့သော် ...... ထိုပုဂ္ဂိုလ်ပြောလိုက်သည့် စကားက မောင်ဂိ ထုတ်လက်စ ဝမ်းတီးထုပ်လေးအား ပြန်ထားရင်း ပိုက်ဆံအိတ်လေးကိုသာ ထုတ်လိုက်တော့သည် ။ ထိုပုဂ္ဂိုလ်ပြောလိုက်သည်က ......

“ လဖက်ရည်ဖိုးတော့ မလုပ်နဲ့လေ .... ဘီယာဖိုးလုပ် ..... ဟဲဟဲ ... ဘီယာဖိုးလေးပဲ .... ”

ပင်ဖြစ်ပါ၏ ။ ထိုစကားကြောင့် မောင်ဂိ တစ်ယောက် ပိုက်ဆံ တစ်သောင်း ကုန်သွား၏ ။ ထိုစကားကြောင့်ပင် မောင်ဂိတစ်ယောက် အတွေးများ တွေးမိပြန်လေသည် ... ။ ထိုအတွေးသည်ကား ....

“ အင်း ..... ဘီယာကိုလဲ လဖက်ရည် ထုပ်လေးလို အသင့်ဖျော်သောက်လို့ ရအောင် ထုတ်ပေးရင်ကောင်းမယ်ကွယ် ... အဟင့် ”





လေးစားစွာဖြင့် ဂိဂိ

+18
လုပ်သလို မဖြစ်ရင် ... ... ဖြစ်သလို လုပ်မယ် ... ... ဒါဘဲ

Offline Bagyitoke

  • ပထမနှစ်
  • *
  • Posts: 7
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +147
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #25 on: December 27, 2011, 12:07:08 PM »
ဘဂျီးတုပ် နှင့် အရောင်ပြောင်းခြင်း သီအိုရီ

တနေ့တ၌ အနှီဘဂျီးတုပ်တယောက် အိမ်မှာ ပြင်းပြင်း ရှိသည်နှင့် အိပ်ငိုက်နေပြီးသကာလ   ရက်ကွက် ဓမ္မာရုံမှ အစည်းဝေးတက်ရောက်ပါရန် ဖိတ်စာရရှိပါ၍ စိတ်ထဲနဲနဲ ထူးထူးဆန်းဆန်း ခံစားမိကာ အကျိုးအကြောင်းသိရရန် ချီတက်ခဲ့လေတော့သည်။

ဓမ္မာရုံ ရောက်သော် ရပ်ကွက်အတွင်းမှ တာဝန်ရှိသူများမှ ကြိုဆိုကြပီး ကျွန်နုပ် ဘဂျီးတုပ်အား သက်ကြီးဝါကြီး ဖြစ်နေသောကြောင့် အစည်းဝေး၏ ရှေ့ဆုံးနေရာတွင် နေရာယူပေးပါရန် ပြောကြလေသည်
ဘဂျီးတုပ်တယောက်လဲ ဘာအကြောင်းကြောင့်လုပ်သော အစည်းအဝေးမှန်းမသိရဘဲ အူကြောင်ကြောင် ဖြင့် ရှေ့ဆုံးခုံတွင် ထိုင်နေလေတော့သည်။

ရှေးဦးစွာ ရပ်ကွပ်လူကြီး ဦးဘိုးစီ မှ
"ဒီကနေ့ အစည်းဝေးကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျုပ်တို့ရပ်ကွက်ရဲ့ နှစ်စဉ်ကျင်းပမြဲ သက်ကြီးပူဇော်ပွဲ   ရံပုံငွေကျင်းပဖို့ရရှိရေးအတွက်ဘာအစီအစဉ်ကျင်းပလျှင်ကောင်းမလဲဆိုတာ ကော်မတီတွေ ဆပ်ကော်မတီတွေ သက်ဆိုင်ရာ ကော်မတီတွေဖွဲ့ဖို့ရာ အတွက် ကြိုတင်ညှိနှိုင်း ရခြင်းဖြစ်ပါတယ်"

ဒီတော့ကား ရပ်ကွက်ထဲမှာ ရှေ့မှီနောက်မှီလဲဖြစ် အသက်ကြီးဝါကြီးလဲ ဖြစ်  အာရှတခွင်သာမက  ဥရောပ တဖုံ အမေကြီးကား တလွှား အတွေ့အကြုံလဲပြောစရာမရှိလောက်အောင်ကိုနှံ့စပ်တဲ့ ဘဂျီးတုပ်ကို ကော်မတီ အကြီးကဲအဖြစ် ရွေးချယ် တင်မြှောက်ပါမယ် အားလုံးသဘောတူပါလား????????"

!!ဟိုက်  ငါတော့ ဘုမသိဘမသိနဲ့ ဂွတော့ကျပီ အင်း ဟန်ကို့ဖို့တော့လုပ်ထာအုံးမှ ကိုယ်က နိုင်ငံတကာ ကိုခြေဆန့်လာတာဘဲလေ "

"နေအုံး နေအုံး ဟိုးထား ကျုပ်အသက်လဲကြီးပီ မလုပ်ပရစေနဲ့ ကိုရင်တို့ရာ  နော် ကျုပ်ဘာကျုပ် အ သုံးလုံးဘဲ လုပ်နေတာ အကောင်းပါ"
ဘဂျီးတုပ် အ သုံးလုံးက ဘာတုန်းဗျ ခင်ဗျား အထူးအဆန်းတွေ လုပ်လာပြန်ပီ

ဟီးဟီး ဂလိုဟ အ သုံးလုံးက
အိမ်ထဲမှာနေ
အောကားကြည့်
အိပ် စက် အနားယူ ဒါဘဲလေ

တိန် အကြံကြီးပါပေ ဘတုပ်ရာ

ဦးဘိုးစီ ----"ကဲကဲ ကျုပ်တို့အားလုံးသဘောတူတယ်နော် ဘဂျီးတုပ်ကို ခေါင်းဆောင်တင်ဖို့"
))))တူပါတယ် တူပါတယ်(((()))))) မှန်တယ် သူသာလျှင် ဒီရာထူးကို ရသင့်တယ် (((()))))ဒီလူကို မပေးလို့ ဘယ်သူ့ကို ပေးမှာလဲ "
တယောက်တပေါက် ထောက်ခံကျရင်းနှင့်
အနှီဘဂျီးတုပ်တရောက် ဘာမှန်းညာမှန်းမသိသော အစည်းအဝေးမှသည် ရပ်ကွက်ပွဲဖြစ်မြောက်ရေး လူကြီးဖြစ်မှန်းမသိ ဖြစ်ခဲ့လေတော့သည်

လူကြီးဖြစ်လာပီဆိုတော့ကား လူကြီးတယောက် ပီပီ သသနေထိုင်ရတော့မည်ဆိုသောကြောင့် နဂို စပ်ဖြဲဖြဲ နေခဲ့သော ဥပဓိရုပ် ကို ပြင်ရလေသည်
ဥပမာ တလောကလုံး ကိုယ့်လုပ်စာ စားနေရတဲ့ အပေါက် ဖြစ်အောင် ရုပ်ကို မာတင်းတင်း ထား
နေတာထိုင်တာ သွားတာလာတာကလဲ အရင်လို လပ်ယားလပ်ယား သွားချင်တာ သွားလို့မရ တနေရာသွားရင် နောက်က အပါးတော်မြဲ ၄ ယောက်လောက် ကိုခြံရံ ပီး မျက်နှာကို မော့ ဖင်ကို ကော့ ပီး အနေအထိုင် စတိုင် ထုတ်ရပါပီ
 ဒီလိုနဲ့ ရံပုံငွေ ပွဲ လုပ်ရန် အစည်းဝေး ခေါ်ရမည့်နေ့သို့ရောက်ရှိလာလေပီ

ဘဂျီးတုပ်
!!!အဟမ်း ဟမ်း ဒီကနေ့ ကျုပ် က သဘာပတိ လုပ်ပီး အစည်းအဝေးကျင်းပမယ် လွတ်လွတ်လပ်လပ် ပြောနိုင်တယ် ဒီဘဂျီးတုပ်က လွတ်လပ်မှုကို ကို အလေးထားတယ်  ''''
အားလုံး သော သူတွေက ကိုယ်ဘာလုပ်ချင်လဲ တင်ပြကြပါ ကြိုတော့ပြောထားမယ်နော် ပေါက်ကရ အကြံတွေတော့လာမပေးနဲ့ ပေးလို့က တော့ ဒလိ ဘဲ

ထိုသို့သော အဖွင့်မိန့်ခွန်း အားကြားလိုက်ရသည်နှင့် အစည်းဝေးလာ ပရိပ်သတ်ထဲတွင် တီးတိုးပြောဆိုသံတွေ ထွက်လာတော့သည်
ဟ ဒီလူကြီးဘယ်လို ဖြစ်တာလဲဟ အရင်က အားလုံးနဲ့ သဟဇာတ ဖြစ်အောင်နေတာ ခုလေသံက ပြောင်းနေဒယ် :-\ >:(
ဟုတ်တယ်ကွ
အာဏာ သံ ပြင်းသလိုဘဲ  :(
တို့ရပ်ကွက်လူကြီးတော့ မြင်းကို ဂျိုတက်ပေးလိုက်ပီထင်တယ် ::)
အရင်က ဒီလူ ဒီလိုမဟုတ်ပါဘူး ခုမှ ဘိုလို ဖစ်သွားပါလိမ့် ???


အစည်းအဝေးလာလူစုမှ ထိုသို့တီးတိုးပြောဆိုနေစဉ် ရပ်ကွက်ထဲမှ
ဆိုက်ကား သမား မောင်ပုလွေရိုးမှ
ကျွန်တော် ပုလွေရိုး ပါဘဂျီးတုပ် ကျွန်တော် အကြံတခုပြူချင်ပါတယ်
ကျွန်တော်တို့ ရံပုံငွေ ပွဲလုပ်ရင် မော်ဒယ်လေးတွေကို မပါမဖြစ် ရှိုးပွဲလေး လုပ်ချင်ပါဒယ်

ဘမ်း ဘမ်း !!!!! ဘဂျီးတုပ်မှ စားပွဲအား လက်ဝါးနှင့် ရိုက်သံ
မှန်လိုက်လေ ပုလွေရိုးရာ မင်း လောက် ခေါင်းကောင်းတာ ဘယ်သူရှိမတုန်း ကဲ ကျန်သူတွေ ဘယ်သူကန့်ကွက်မလဲ"

ထိုစဉ် အစည်းအဝေးနောက်ဆုံးတန်း မှ ရပ်ကွက် ကျောင်းဆြာလေး ကိုကြည်နိုင်မှ
ဘဂျီး ပြန်စဉ်းစားပအုံး ကျုပ်တို့လုပ်မှာက သက်ကြီးပူဇော်ပွဲရံပုံငွေ အတွက်လေ ဘယ့်နဲ့ ဟိုဖော်ဒီဖော် မော်ဒယ်တွေ -----တွေ ဒုန်း ဒုန်း!!!တိတ်)))))))))))))))))))))))))))))
ဘဂျီးတုပ်မှ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ရာ ကျောင်းဆြာကိုကြည်နိုင်မှ ဇတ်ကလေး ပုသွားပီး
ဒီမှာ ကြည်နိုင် မင်းက သဘာပတိလား ငါက သဘပတိလား????
ဘဂျီးဂျီး က သဘာပတိပါခင်ညာ!!!!  

အားလုံးသော သူများလဲ ခေါင်းခြင်းဆိုင်ပီး တီးတိုးပြောကြလေသည်
 ဟ အဖွင့်တုန်းကတော့ လွတ်လပ်မှု လေးဘာလေးပြောတယ် ကိုယ်ဘာလုပ်ချင်လဲ ပြောကြပါပြောပီး ခုမှ တဘက်ပိတ်လုပ်နေဒယ် >:(
 အေးလေ မှန်တာပေါ့ ဆြာလေးကိုကြည်နိုင်ပြောတာ ဘယ်အပ်စပ်မတုန်း သက်ကြီးပူဇော်ပွဲနဲ့ မော်ဒယ်ရှိုးနဲ့ >:( >:( >:( >:( >:(

ထိုစဉ် ဘဂျီးတုပ်မှ မတ်တက်ရပ်လိုက်ပီး
"အားလုံးနားထောင်ပါ သူငယ်ချင်းတို့ ဖဇိုပရိုဒက်ရှင်းနဲ့ စိုင်းစိုင်း တို့က လုပ်ချလိုက်ပြန်ပီ အဲ အဲ မှားပဟ
ဘဂျီးတုပ်တရောက် အိမ်တွင်နားထောင်လေ့ရှိသော ဟစ်ဟော့ သီချင်းထဲမှ စာသားနှင့် မှားပြောလေရာ  သူ့ဘေးတွင်ရှိသော ကိုလေးပွ မှ သံယောင်လိုက် ဖား ပီး
မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက် အ  ဟာ အ ဟာ ရို့     ရို့
ဟေးးးးးးးကောင်))))))))) လေးပွ တိတ်စမ်း
ဗျာ ဘတုပ်က စိုင်းစိုင်း ဆိုလို့ ဟာမိုနီလိုက်ပေးတာလေ
တော်စမ်း ဒီမှာ ယောင်သွားတာကွ နားမလည်ဘူးလား
ဟုတ်ကဲ့ ဟီးဟီး မွှားသွားလို့ ပါ ဘတုပ်

မင်းလုပ်တာနဲ့ ဘာပြောချင်တာလဲ မေ့သွားပီ လဂွ

ဪ သိပီ အဟမ်း ဟမ်း ဒီမှာ အားလုံးနားထောင် ကျုပ်က ဒီအဖွဲ့မှာ ခေါင်းဆောင်ဘဲ ခင်ဗျားတို့ အကြံပေးတာကို ဦးဏှောက် ဖောက်စား မယ် အဲ အဲ မှာလို့ အကြံပေးတာကို ဦးဏှောက်နဲ့စဉ်းစားပီး မသင့်တော်ရင် ဖျက်မှာဘဲ နားလည်လား လွတ်လပ်မှုသော  ဘာသော လုပ်မနေနဲ့ ကျုပ်တို့ရပ်ကွက်ထက် အများကြီး ကြီးကျယ်တဲ့ ယူအန် လို အဖွဲ့မှာတောင် ဘီဒို အာဏာ ဆိုတာရှိတယ်
ကိုလေးပွးးးးးးးး ဘဂျီး ဗွီတို အာဏာ ဗျ မှားနေပီ ဟုစကား ထောက်ပေးရာ
အေးအေး လေးပွ ပြောသလိုဘဲကွာ အဒီလိုရှိတယ် ဒီတော့ ငါက ဒီအဖွဲ့မှာ ဒါကို သုံးပိုင်ခွင့်ရှိတယ် ရှင်းလား အားလုံး

ဟုတ်းးးးးးးးးးးးးမှန်ပါဒယ် ဘဂျီးတုပ်
မှန်ပါဒယ်ဗျိုးးးးးးးးးးး ဟု အားလုံးသောပိတ်သတ်မှ မြှောက်ပေးကြပြန်သည် ဪလူဆိုတာကလဲ မြှောက်ပေးရင် ဂွေးတက်အောင် က တက်ကြပေသကိုး
ပရိပ်သက်ဆိုတာလဲ ဆန်းသား မှားမှန်းသိနေတာတောင် အမှားလို့ ပြောရခက် ပြောလိုက်လို့ လက်ခံရင် ဟုတ်တုတ်တုတ် မဟုတ်ရင် လူကြားထဲ အပြောခံရ ရှက်စရာ ဖြစ်နေတော့ အောင့်သီး အောင့်သက်နှင့် ထောက်ခံကြရလေသည်

ကဲ ဘယ်သူဘာပြောစရာရှိသေးလဲ!!!
ထိုအခါ ဘုရားကိုးဆူဆြာ မောင်မောင်ဇာ မှ အဟမ်း ဟမ်း ပြောခြင်တာကတော့ ပွဲတော် အတွင်း လုံခြုံရေးက အရေးကြီးတယ်ဗျ ဒီတော့ လုံခြုံရေး အဖွဲ့တွေကို ငှါးရမ်း သင့်ပါတယ်လို့ အကြံပြူပါတယ်

ထိုစဉ် ရပ်ကွက်ထဲမှ ၁၀၉/၁၁၀ ဂွတို မှ

ဟာ ဦးမောင်မောင်ဇာကလဲ ဘာလို့ငှါးမလဲဗျာ ကျုပ်တို့ လို လူငယ် ချေတက်လေးတွေ မှ အများကြီး အပြင်လူငှါးရင် အာရကေ လဲ ကုန်မယ် ဒီလူတွေကို ကျွေးမွေးစားရိပ်လဲ ရှိသေးတယ် ဟီးဟီး ကျုပ်တို့ကိုတော့ ပုလင်းဘဲ ထောင်ပေး ရုတ်ရုတ် လာလုပ်ရင် ဆွဲဖြဲ လိုက်မယ် ကင်လိုက်မယ်  ဟိုလေ လက်ပက်အနီလေးတော့ ပတ်ပေးပေါ့ ဟ ဟ ဟ

ဒီကောင် ဂွတို မင်းကဘာသိလို့ ပြောတာလဲကွ ကျုပ်မောင်မောင် ဇာ ပြောတာက ပရော်ဖက်ရှင်နယ်သမားကို  သူ့နေရာနဲ့ သူ အလုပ်ခိုင်းမှ ရမယ်လို့ ပြောတာ မင်းတို့ကို ဦးဏှောက်မရှိ တွေ့ကရာ ရန်ရှာ လမ်းထဲလာရင် လူစိမ်းဆို ရန်လိုက်စ ပီးရင်လဲ အုပ်စုလိုက် ရိုက်ကျနှက်ကျတဲ့  အုပ်စုရှိမှ မိုက်ရဲတဲ့ လူရမ်းကား တွေကို ဘယ်လိုလုပ်စိတ်ချရမတုန်းကွ ဟင်း မပြောလိုက်ချင်ဘူး >:(

))))ကဲကဲ တော်ကြတော်ကြ
ဘဂျီးတုပ် သူတော်ကောင်းကြီးဝင်လုပ်ရန် အခြေအနေပေးလာလေပီ မောင်မောင်ဇာပြောသည်မှာကား ကျိုးကြောင်းမှန်ကန်နေ၍ ဒီနေရာမှာ မောင်မောင်ဇာအဆိုကို ဘီဒိုသုံးပါက ဘဂျီးတုပ်လူပုံ အလယ်တွင် ကဲ့ရဲ့ရှုံ့ချခံရ ကိန်းကို လူလည်ကြီးသား ပီပီ သိနေပါသဖြင့် အပူရုပ်ကို ဟန်လုပ်ခါ

မောင်ဇာလဲတော် ဂွတိုလဲတော်
မောင်မောင်ဇာပြောတာ မှန်တယ် အားလုံး မောင်မောင်ဇာပြောတာကို မှတ်တမ်းတင်ထား ဟုတ်ပီလား

ဟုတ် ဘဂျီး မှန်ပါ ဘဂျီး အဒီလိုဘဲမှတ်သားထားလိုက်ပါမယ်(ကိုရီးယား လေသံ)
 
ကဲကဲ ဒီအစည်းဝေး ဒီနေ့ ဒီလောက်ဘဲ ကဲပြန်ကြရအောင် ဟုပြောပီး မတ်တက်အထ

ဘွဏ်း ဘွမ်း!!!!!! အား!!!!!!!!!!!!!!!!!!!!!!
ဘယ်က ရောက်လာမှန်းမသိသော ရေများ ဘဂျီးတုပ်၏မျက်နှာပေါ်သို့ ကျလာရာ
ဟဲ့    ပလုပ်တုပ်----လန့်ထာ
ဘဂျီးတုပ် ပက်လက်ကုလားထိုင်ပေါ်၌ အိပ်ပျော်သွားစဉ် အိပ်မက်မက်ပြီး လန့်အနိုးတွင် ဘေးစားပွဲခုံမှ ရေခွက်မှာ မျက်နှာပေါ်မှောက်ကျတာဘဲဖြစ်ပါသည်

ဟူး ---- တော်ပါသေးရဲ့ အိပ်မက်ဖြစ်နေလို့ပေဘဲ

အနှီအိပ်မက်လေးမှ ဘဂျီးတုပ်တရောက်လန့်နိုးပြီးသကာက တွေးမိတဲ့ အတွေးလေးကတော့

ဪ နေရာ နေရာ ဘာမဟုတ်တဲ့ အိပ်မက်ထဲလေးမှာတောင် ရရင်ရသလို ဆရာလုပ်ချင်သကိုး  
အတော်ဆိုးတဲ့ အရာပါလား

ဒါကြောင့်တို့ဘမာတွေ ဘယ်လောက်ဘဲ နိုင်ငံတကာပက်လာ ပတ်လာ ဟိုကောင်လေး မင်းဒသပြောသလို တို့ဘမာတွေ တယောက်ထဲရှိတာတောင် အရိပ်နဲ့ရန်ဖြစ်တဲ့သူတွေဆိုပေတော့ ဂလောက်တော့ရှိပီပေါ့လေးးးးးးးးးးးးးးးးးးးးးး
+9
« Last Edit: December 27, 2011, 12:13:23 PM by Bagyitoke »

Offline အိတ်ကြီး

  • အငြိမ်းစား ကထိက
  • ***
  • Posts: 777
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • နောက်ဆုံးတစ်စက်အထိ အရသာရှိ
  • Respect: +21499
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #26 on: January 07, 2012, 05:34:17 PM »
၂၀၁၂ စကတည်းက ကျောင်းရဲ့ ချက်ခန်းကြီး ပျက်သွားပြန်ပါပီ၊ ဒီတစ်ခါ ချက်ခန်းပျက်လို့ ဝမ်းနည်နေတာက ကျနော် အိပ်ကြီး မဟုတ်တော့ဘူးဗျ၊ မိုးကုတ်သူ ထက်ထက်မိုးဦးရဲ့ ညီမချောလေး ထက်ထက်လင်းပါ၊ သူကတော့ လက်ရှိချိန်မှာ တစ်ချိန်တုံးက  ကျနော်ရဲ့ တွဲဖက်လက်ထောက် ချက်ခန်းမှုး တာဝန်ကို လက်ဆင့်ကမ်းယူထားသူပါ၊ သူနဲအတူ ချက်ခန်းထဲ မှာ သူကိုကြိုက်ပီး ဇွတ်လိုက်နေသူကတော့ ဆက်ဆီကောင်လေး ခင်ဗျ၊ တက်ထက်ကလဲ ပြန်ပီးစိတ်ဝင်စားနေတော့ အဖြေတောင် ပြန်ပေးခါနီးနေပီခင်ဗျ၊ ထက်ထက်နဲ့ ဆက်ဆီကောင်းလေးကြားမှာ သမာသမတ် မကျတကျ ဝင်လှော်ပေးနေတာက အသက် ၁၅ နှစ်ကျော် မောင်ထွန်းအေးလေးပါပဲ၊ ထက်ထက်လဲ သူကို ကြွေနေတဲ့ ကောင်လေးနဲ့ ဝေးနေတော့ ချက်ခန်းကြီးကို လွမ်းသတဲ့၊

ဒီတစ်ယောက်က ချက်ဝါး၊ ဒီမောင်ထွန်းအေးလေးကလဲ မလွယ်ဘူးဗျ၊ ချက်ခန်းပျက်သွားတာ သူခမျာလဲ အိမ်မြောင်အမြီး ပြတ်သလို ခုန်ဆွခုန်ဆွနဲ့ တွေ့သမျှလူ ဂျီတော့မှာ လိုက်ပီး အာဝါးတွေပေးပီးတော့ တံတွေးသင်္ကြန်ကျနေတာ၊ ချက်ခန်းကောင်းတုန်းကဆို ကျောင်းသူဆို သူအတော် ဝါးတော့တာ၊ အာဝါးပေးတာပြောပါတယ်၊ နောက်ဆုံး အားဝါးပေးစရာမရှိရင် ကျောင်းသားတွေကို ပြန်ပေးနေလို့ ဒီလူလိုင်းပြောင်းသွားပီလားတောင် သံသယတွေ့ ဖြစ်နေတယ်ဗျို့၊ မှတ်မှတ်ရရ ညဖက်ကြီး ကျနော်ဆီတောင် ဖုန်းဆက်ပီး အာဝါးပေးတာ ကြက်သီးတွေတောင်ထသွားပီး ခရေပွင့်လဲ ပွစိပွစိ ဖြစ်သွားတယ်ဗျို့၊ မောင်ထွန်းအေး ခဗျာ ချက်ခန်းမရှိတော့ အာဝါးရမယ့် သူမရှိတော့လို့ အိမ်မြောင်အမြီးပြတ်သလို ခုန်ဆွခုန်ဆွနဲ့၊

နောက်တစ်ယောက် ချက်ချောင်း၊ ကျနော်တို့ရဲ့ မော်ကြီး ဦးလေးပြုံး၊ ချက်ခန်းထဲဝင်လာပီး စကားနှစ်ခွန်းလောက်ပြောပီးရင် အလုပ်များသလို ဘာလိုလိုနဲ့ ချက်ခန်းထောင့်မှာ ဘီယာသောက်လို့ ချက်ခန်းကို ချောင်းနေတော့တာ၊ ပန်းရောင်လေးတွေ ဝင်လာရင် ကမန်းကတန်း ထပီးနှုတ်ဆက်၊ ပန်းရောင်လေးတွေ ပြန်သွားရင် ဇက်ကျိုးသွားတဲ့ လူလို အခန်းထောင့်သွားပီ ဘီယာပြန်သောက်နေပြန်ရော၊ ဦးလေးပြုံးလဲ ချောင်းစရာချက်ခန်းပျောက်၊

နောက်ထပ် ဦးလေးပြုံးလို ချက်ချောင်း တစ်ယောက်ကတော့ မုတ်ဆိတ်မွှေးကြီးနဲ့ ဦးလေးဆိတ်ပါ၊ သူလာရင် ခလေးသရေခံကြီး လည်ပင်းမှာ ချိတ်လို့ ဝင်လာတာ၊ သူချောင်းတာက တစ်မျိုး ချက်ခန်းထဲတော့ ဝင်လာတယ်၊ ပီရင်း စီနီယာခန်းတို့ ကောလိပ်ဂျင်ခန်းတို့မှာ တင်ထားတဲ့ ကျောင်းသား/သူတွေရဲ့ ကိုယ်ပိုင်ဖန်တီးချက်တွေ သွားချောင်းကြည့်ပီး သရေတွေ ဒလယောကျနေတာ၊ သရေခံဆိုတာ ရွှဲသွားလို့ ပုဆိုးခါးပုံစကို ပါးစပ်ထဲတောင် ထိုးထဲ့ထားရတယ်၊ ဒါတောင် ထိန်းမရလို့ သရေတွေက ချက်ခန်းထဲမှ အိုင်ထွန်းနေတာ၊ သူလဲ ချက်ခန်းပျက်နေလို့ ဘေစင်ပေါ်မေးတင်ပီး ငမ်းနေရတယ်တဲ့ဗျို့၊

နောက်တစ်ယောက်က ချက်လည် နဂွမ်း၊ သူချက်ခန်းထဲဝင်လာရင် ဟိုလူကစ ဒီလူကကြပ်နဲ့ စိတ်တော့ မဆိုးတတ်တဲ့ ရှင်ဂွမ်းဂိလေးပါ၊ ပြောသမျှတွေကို ယုံပီး ဘုမသိဘမသိ အကူအညီတွေပေး၊ အလိမ်တွေကို ခဏခဏခံရ၊ ပြန်တော့မယ်ဆို အားလုံးက ဝိုင်းဆွဲ၊ အဟုတ်တွေမှတ်ပီး ဆက်နေ၊ ပီးတော့ အူလည်လည်နဲ့ ချက်ခန်းက ပြန်ထွက်သွားတတ်တဲ့ အခုတော့ ချက်ခန်းမရှိလို့ ဘုရားပွဲဈေးတွေလိုက်ပီး ဆက်လည်နေဖို့ ရဟတ်စီးနေရတယ်တဲ့ဗျာ၊

နောက်တစ်ယောက်က ချက်ရှာ အန်တီကေ၊ ချက်ခန်းထဲလာပီ ချစ်သူရှာ ရတာနဲ့ သူ့ရဲ့ချစ်သူမောင် ပျောက်လို့ ချက်ခန်းထဲ လာအော်နေတာလေ၊ ပီးတော့ ချက်ခန်းကို ကေတီဗီခန်းထင်နေလားမသိ၊ ချက်ခန်းထဲ သီချင်းတွေအော်ဆို၊ ရင်တွေလဲ ခဏခဏ ဖွင့်လွန်းလို့ အအေးတွေပတ်ပီး အဟတ်...အဟတ်...နဲ့ ချောင်းတွေဆိုးနေရတာ၊ သူ့ချစ်သူက ဘယ်သူများလဲ၊ တို့ကျောင်းက တစ်ယောက်ယောက်များလာ ချက်ရှာကြီး အန်တီကေရယ်၊ စမူဆာ နံပြားနဲ့ ပဲပြုတ်လေးများပါရင် ကြွေးသွားပါဦး၊

နောက်တစ်ယောက်က ချက်ကြပ် ကမေး၊ ဝင်လာရင် ဟိုလူ့ကြပ် ဒီလူ့ကြပ်နဲ့ ပုံတွေထွက်အောင်လုပ်၊ အားလုံးကို ကြပ်လို့လဲပီးရော လူမသိ သူမသိ ချက်ခန်းထဲက တိတ်တိတ်လေးထွက်သွားပီး ရင်သားနှစ်ခုကြားမှာ ကောင်းစားနေတဲ့ကြောင်ကို မနာလိုစိတ်တွေ ပွားပီး သွားသတ်နေတာ၊ သတ်လို့မနိုင်ရင် ကွန်ကျသွားလို့ဗျာ ဟီးးးဟီးးးဆိုပီး ချက်ခန်းထဲပြန်ဝင်လာပီး တွေသမျှလူ ကြပ်ပြန်ရော၊ ခုတော့ ချက်ခန်းမရှိလို့ ကြပ်စရာမရှိတော့၊ စတားဝက်အူလှည့် တစ်ချောင်းနဲ့ သွားကြပ်လိုက်တာ အရမ်းအရမ်း ပိုးစိုးပတ်စက် ဝက်ဝက်ကွဲ ဝရုန်းသုန်းကား ဝုန်းဒိုင်းကြဲ ခင်နေတဲ့ ရပ်ဆွေရပ်မျိုး ကျောင်းသူနွေဦးဖြစ်နေလို့ တောင်းပန်နေရသတဲ့၊

နောက် ၂ ယောက်က ချက်ထောင်၊ ဆြာကလီနဲ တက်ပု၊ ချက်ထဲရောက်လာရင် တွေ့သမျှလူ အတို့အထောင်လုပ် ချက်ထဲပြောသမျှစကားတွေကို နောက်ကနေ လိုက်မြှောက်ပေး၊ ပီးရင် ချက်ထဲက စကားတွေကို ဖတ်ပီး ကုန်ကြမ်းတွေ ရသွားလို့ တိတ်တိတ်ကလေး စာတွေသွားရေးပီး ပိုစ်တွေတင်နေကြတာ၊ အခုတော့ ချက်ခန်းပျက်နေလို့ ထောင်စရာမရှိ ကိုယ်ဟာကိုယ် ကြိုးနဲ့ဆွဲထောင်ပီး ထုတ်တန်းမှာ ကြိုးနဲ့ ချည်ထားပီး ထောင်ထားတယ်တဲ့ဗျာ၊

နောက်တစ်ယောက်က ချက်ဖလား လီအွန်ဟတ်၊ သူခမျာ ကောလိပ်ဂျင်ဖြစ်ချင်လွန်းလို့ ညဖက်ချက်ခန်းထဲ ဝင်လာရင် ဖလားတစ်လုံးနဲ့ ရှိသမျှလူဆီကနေ ဗုတ်အလှုခံနေတာ၊ မော်ကွန်းထိန်းလဲ မချန်အလှုခံလို့ မော်ကြီးခမျာ စာရေးဆြာတွေဘက် ပုတ်ထုတ်ပီး ထွက်ပြေးနေရတယ်၊ ချက်ခန်းကြီးလဲ မရှိရော လီအွန်ဟတ်တစ်ယောက် အလှုခံစရာမရှိပဲ ဖလားကြီးခေါင်းစွတ်လို့ ကွာလတီပုံတွေ တစ်ဖြဲနှစ်ဖြဲ သဲမဲပီး ရှာနေရတယ်တဲ့၊ အော် ဂျင်ဖြစ်ရင် ဂျင်သောက်ပီး ဂျင်ပေါက်ရမှာ ဆိုတော့....

သူများတွေကို အားလုံးပြောပီးသွားပီ ပြေးတော့မယ်၊ အိတ်ကြီးတစ်ယောက် လွင်မိုးကို အားကျမိလို့ " အိတ်ကြီးခရီးသွားနေသည်" လွင်မိုးလိုတော့ ရွှေမတူး၊ ၆ လက်မနက်တဲ့ ရေတွင်းလေးတွေ လိုက်တူးနေပါကြောင်း၊ တွင်းကတော့ တူးပီးရင် ရေက သူထွက်ကိုယ်ထွက်နဲ့၊ လျှာလဲထွက်ပေါ့၊

အားလုံးကို ခင်တဲ့
အိတ်ကြီး
+13
« Last Edit: January 08, 2012, 08:37:09 AM by အိတ်ကြီး »
လေပွေဆိုတာ ခဏလေးအတွင်းမှာ အကုန်မွှေတတ်တယ်။

Offline shadowless

  • ကျောင်းသား
  • *
  • Posts: 73
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • ChatBot: Error: Connection status: 0 .. စိတ်လေတယ်.
  • Respect: +329
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #27 on: February 13, 2012, 05:18:57 PM »
အကာလ ညသန်းခေါင်ယံ.... ခွေးအူသံမှလွဲ၍ ပတ်ဝန်းကျင်က... ခြောက်ခြားဖွယ်ကောင်းလောက်အောင်... တိတ်ဆိတ်နေသည်။ ဤအချိန်ဝယ်... သုသန်တစ်နေရာ၌ ကြောက်ရွံ့ခြင်းကင်းမဲ့စွာ.. လှုပ်ရှားနေသူတစ်ဦး...
သူ့နာမည်က... သုဘရာဇာ မောင်အရိပ်...................................

" အင်း... ဒီညတော့.. ပျင်းပျင်းရှိ... နာနာဘာဝတွေကို အင်တာဗျူးအုံးမှ... "

" အို... နာနာဘာဝ... နိုးလော့... ထလော့... နိုးထလော့....... "
အရှေ့ အုတ်ဂူဆီမှ.. တကျီကျီမြည်သံနှင့်အတူ... ၀ိညာဉ်တစ်ခု... နိုးထလာသည်။
" ရင်မှာခံစား... ဟား.. ဟား... "
အမည်းရောင်.. ၀ိညာဉ်ကိုကြည့်၍ အရိပ် အံ့သြသွားသည်။
" ဟဲ့.. ဘယ့်နှယ်... မီးသဂြိုဟ်ပြီးမှ... အုတ်ဂူသွင်းရလားဟ... "
" မဟုတ်ရပါဘူး.. အကိုရယ်.. ဖြူဖြူက... လူ့ဘ၀ကတည်းက.. ဒီအရောင်ပါ.. "
" အော်.. နာမည်က.. ဖြူဖြူတဲ့လား... လူကတော့.. မည်းနက်နေတာပဲ... ဒါနဲ့ နေစမ်းပါအုံး.. လူ့ဘ၀တုန်းက.. ဘာအလုပ်လုပ်တုန်း... "
" ပြောရမယ်ဆိုရင်အကိုရယ်... ဖြူဖြူလူ့ဘ၀တုန်းက... အဆိုတော်.. ဆရာဝန်.. ကြော်ငြာမင်းသမီး.. အကုန်လုပ်တယ်... "
" အန်... တစ်ခုခုကို.. စောက်ချမလုပ်ပဲနဲ့... ဘယ်လိုလုပ်အောင်မြင်မတုန်း.. ငါဆို.. သုဘရာဇာလုပ်လာတာ.. ဒီတစ်သက်ပဲ.. အဲဒါကြောင့်.. သုဘရာဇာအရိပ်ဟေ့ဆို... နာနာဘာဝတွေကအစ.. ဖိမ့်ဖိမ့်တုန်.. ဟားဟား... "
" ထင်သားပဲ.. အဲဒါကြောင့်.. လူတွေကြားမှာ.. အကိုနာမည်မကြီးတာပေါ့... ခုခေတ်က.. အကုန်လုပ်ရတယ်... အဲဒါမှ.. လူတွေကြားမှာ.. နာမည်ကြီးမှာ.. "
" အဲဂလိုလား... "
" ဟုတ်တယ် အကိုရဲ့... ဂျစ်တုသေ ဆိုတဲ့ ကောင်မလေးဆို... အဆိုတော်.. သရုပ်ဆောင်.. ဆရာဝန်.. နောက်ဆို.. သီချင်းတွေတောင်.. ကိုယ်တိုင်ရေးအုံးမတဲ့... "
" ဘုရား ဘုရား... အဲဒီလို.. ဆရာဝန်တွေ.. အဆိုတော်.. သရုပ်ဆောင်လိုက်လုပ်လို့ထင်တယ်... ခုနှစ်တွေမှာ.. ငါ့သင်္ချိုင်းတောင်... နေရာချဲ့လိုက်ရသေးတယ်... "
" ဟုတ်တယ် အကိုရဲ့... အဲဒါ.. ဖြူဖြူတို့ကျေးဇူးတွေလေ... ဟဲဟဲ... "
ရွဲ့ပြောလို့ ပြောနေမှန်းမသိ.. ဒါနဲ့များ.. ဆရာဝန်ဖြစ်လာသေးတယ်...။
" ဒါနဲ့... ဖြူဖြူက.. ဘာသီချင်းတွေ ဆိုတာတုန်း... "
" အော်.. မြန်မာသီချင်းတွေပဲ.. ဆိုဖြစ်ပါတယ်အကို... သဘောမကျပါဘူးအကိုရယ်... ဖြူဖြူက.. မြန်မာဆို.. အာမတွေ့ဘူး.. အင်္ဂလိပ်ကိုမှ... အားရပါးရ... "
" တော်ပါတော့... ဒီလောက်ဆိုရပါပြီ... တစ်ခုတော့.. အံ့သြမိတယ်... "
" ဘာလဲ အကို "
" အော်.. ဖြူဖြူ ဒီလောက် အသံကောင်းရဲ့သားနဲ့... ဘာလို့.. သူတောင်းစားမလုပ်တာလဲလို့.. စဉ်းစားမိလို့ပါ... အကိုတောင်.. အသံမကောင်းလို့.. "
ဒေါသထွက်သွားသည့် မျက်နှာနှင့်.. မျက်စောင်းတစ်ချက်ရှပ်ထိုးသည်။
" အကိုကလည်း.. ကမ္ဘာကျော်မယ့် အဆိုတော်ပါဆို.. ဘာလို့ သူတောင်းစားလုပ်ရမှာလဲ... မယုံရင်.. သီချင်းတစ်ပုဒ်ဆိုပြမယ်လေ.... နော်.. နားထောင်.. "
လေကိုတစ်ဝရှူပြီး.. ဆိုရန်ဟန်ပြင်လိုက်သည်။
" မလုပ်ပါနဲ့ဟာ... ငါ.. နားပင်းသွားပါအုံးမယ်... နောက်ဆုံးတစ်ခုလောက်.. မေးချင်သေးတယ်... "
" ဘာလဲအကို.. "
" သူများတွေ.. သေပြီးလို့.. နာနာဘာဝ ဘ၀ရောက်ရင်.. အပျော်သဘောပဲဖြစ်ဖြစ်.. လူတွေကို လိုက်ခြောက်ကြတယ်... ဖြူဖြူရော.. သွားမခြောက်ဘူးလား.. "
" အာ.. ဘယ်နေမလဲ အကိုကလည်း.. ဖြူဖြူလည်း.. သေသေချင်း.. သွားခြောက်တာပဲ.. ဒါပေမယ့်.. သူတို့က.. မကြောက်ကြပါဘူး... "
" ဘာဖြစ်လို့တုန်း... "
" လူ့ဘ၀တုန်းက.. စင်ပေါ်မှာ သီချင်းဆိုရင်.. ပရိတ်သတ်ကို... လူးလှိမ့်ပြီး ခြောက်ခဲ့တော့... အခုလည်းသူတို့က.. ရှိုးပွဲဆိုနေတယ်ပဲထင်လို့... လက်ခုပ်များတောင်တီးကြသေးတယ်.. "
" အန်... အဲလိုလား... အင်းအင်း.... ပြန်ဝင်တော့နော်... နောက်မှတွေ့မယ်... "
" Have a nice dream bro! "
ပြန်ဝင်ခါနီးတောင်.. ထစ်ချုန်းသံနဲ့... ဘိုလိုမှုတ်သွားသေးသည်။
" အော်.. လူတွေလူတွေ... အလုပ်မျိုးစုံကို.. တောင်လုပ်မြောက်လုပ်.. ကိုယ့်လူမျိုးကိုယ်မှ.. အထင်မကြီး... လူ့ဘ၀ထဲက.. သရဲရုပ်နဲ့ ဒီလိုမျိုးကို... ဘာတွေများ အားပေးနေကြပါလိမ့်..... "
အရိပ် စိတ်ညစ်သွားသည်။
" မဖြစ်ချေဘူး... နောက်တစ်ယောက်လောက်.. အင်တာသွားဗျူးအုံးမှ... "

" အို... နာနာဘာဝ... နိုးလော့... ထလော့... နိုးထလော့....... "
ရှေ့အုတ်ဂူဆီမှ... တကျွီကျွီမြည်သံနှင့် မရှေးမနှောင်း... ပူအိုက်လှသောရာသီဥတုကို အံတုကာ.. ခေါင်းစွပ်အကျီင်္ပွပွနှင့်.. ဘောင်းဘီရှည်ရှည် ဂွကျကျ.. ဆံရှည်လူငယ် နာနာဘာဝတစ်ကောင်... ဖြည်းညှင်းစွာထလာပေမယ့်.. ပါးစပ်ကတော့.. မကြားဝံ့မနာသာတွေ... တရစပ်ရေရွတ်နေသည်။
" $+-#@@$#&&&$# "
" ဟေ့ကောင်... မင်းဘယ်သူ့ကို ဆဲနေတာလဲကွ... ငါ့ကိုဘာကောင်ထင်လို့တုန်း... သုဘရာဇာအရိပ်တဲ့.. တစ်ရိပ်ပဲရှိတယ်.. ကျိန်စာတိုက်ပစ်လိုက်အုံးမယ်... မင်းကဘာကောင်တုန်း.. "
" ဗျာ.. မဟုတ်ပါဘူးဗျာ... ကျွန်တော်.. သီချင်းဆိုနေတာပါဗျာ.. "
" ဟေ့ကောင်.. ဗြောင်လိမ်ဗြောင်စားမလုပ်နဲ့... ငါ.. မွေးကတည်းက.. သီချင်းနားထောင်ပြီးအိပ်လာခဲ့တဲ့ကောင်ကွ... ဒီလိုသီချင်းမျိုးမရှိဘူး.. ကြာတယ်ကွာ.. ရှင်းရှင်းပြော.. မင်း ဘယ်သူ့ကိုဆဲတာတုန်း... မကျေနပ်ရင်.. တစ်ယောက်ချင်းချမယ်... လာခဲ့ "
" အာ.. အကိုကလည်း... တကယ် သီချင်းဆိုတာပါဆိုနေမှ... ခုခေတ် ရပ်သီချင်းတွေက... အဆဲလေးနည်းနည်းလောက်ဖြစ်ဖြစ်.. ညစ်ညစ်ညမ်းညမ်းလေး.. နည်းနည်းလောက်ဖြစ်ဖြစ် ပါမှ ပေါက်တာဗျ... အကိုက.. ရှေးခေတ်သီချင်းတွေ နားထောင်ပြီး.. ဘာမှလည်းမသိဘဲနဲ့... "
ကိုယ့်ကိုကိုယ်တောင်.. သိမ်ငယ်သွားသည်။
" အော်.. အဲလိုလည်းရှိသလား.. မသိပါဘူးကွာ.. ငါက.. ဘိုထီးတို့.. ကိုတိုးကြီးတို့.. ကိုငှက်တို့လောက်နားထောင်ဖူးတာကွ... ဒါနဲ့.. မင်းကရော.. အဆိုတော်ပဲလား.... "
" ဟုတ်ပါတယ် အကို... ဒီနေ့ခေတ်ထဲမှာ... ကလေးကစားစရာနာမည်နဲ့ ရပ်ပါဆို.. လူတိုင်းသိတယ်.... "
" အော်.. သိပြီသိပြီ.. ဟိုတလောက.. ငါကြားလိုက်ပါတယ်.. ပလုတ်တုတ်ဆိုလားပဲ.. ဒါနဲ့နေပါအုံး... မင်းအဲဒီလိုဆဲတော့... ပရိတ်သတ်က.. ဘာမှပြန်မပြောဘူးလား.. "
" ဘယ်ကလာ.. အကိုကလည်း.. သူတို့က.. အားတောင်ပေးကြသေးတယ်... သီချင်းစာသားတွေကို ကျက်ပြီး.. သူတို့မကျေနပ်တဲ့သူတွေကို.. သီချင်းဆိုသလိုလိုနဲ့.. ဆဲလို့လည်းရတယ်လေ.. "
" အော်... နောင်လာနောက်သားတွေ အတွက်ပါ.. ထည့်စဉ်းစားပေးတာကိုး.. ရွှေဥာဏ်တော်.. စူးရောက်ပါပေတယ်.. ကိုယ်တော်ချောရယ်... "
" အခုနောက်ပိုင်း... မူလတန်းအရွယ် ကလေးတွေတောင်မှ.. တော်တော်လေး ဆဲ.... အဲ.. ဆိုတတ်လာပြီဗျ.. ကျွန်တော်တို့ ဂျန်နရေးရှင်းပြီးရင်... နောက်ဂျန်နရေးရှင်းတွေ ဒီ့ထက်တိုးတက်လာမှာ.. မြင်ယောင်သေးတယ်ဗျာ.. "
မိုက်ရိုင်းလိုက်လေခြင်း သူတို့ဆဲတာပင် အားမရလို့ နောင်လာမည့် အနာဂတ်လူငယ်များသို့ မအေနှမ မကြားဝံ့မနာသာတွေ ပြောတတ်အောင် သင်ပေးရသည်ကိုပင် ဂုဏ်ယူနေသယောင်။
"  သူများသားသမီးတွေကို.. ပျက်စီးစေတဲ့သီချင်းတွေကို ဘာလို့များ ဆိုချင်ရတာလဲ ညီလေးရာ..  မဆိုပါနဲ့လား.. "
" အော် အကိုရယ်.. သူများသားသမီးကို မဖျက်ဆီးလို့.. ကိုယ့်သားသမီးမှ မရှိတာပဲဗျာ.. "
ပြောမိသော ကိုယ့်ပါးကိုယ် လက်ဝါးစောင်းနှင့် ဖြတ်ရိုက်ပစ်လိုက်ချင်သည်။ ဘယ်လိုကောင်မှန်းမသိ ပြောလေကဲလေ မန်းလေပြဲလေ။ စိတ်ထဲပေါက်လာသည်။
" အေး.. အဲဒါဆိုလည်း.. ကိုယ့်ဘာသာကိုယ်... အခေါင်းထဲပြန်အိပ်တော့ကွာ... ခွေး............ @$##$%#@$% "
" အကို.. အဲလိုတော့ မဆဲနဲ့လေဗျာ... "
" မဆဲပါဘူးကွာ.. ငါလည်း.. မင်းပြောတဲ့.. သီချင်းဆိုကြည့်တာပါကွာ... ဟုတ်ပြီလား... @$##%^$##@ "
ကောင်လေးကိုယ့်ရှူးကိုယ်ပတ်ပြီး... အုတ်ဂူထဲပြန်ဝင်သွားသည်။
 အော် လူတွေလူတွေ ကိုယ့်ကို ဆဲလို့ဆဲနေမှန်းမသိ ကိုယ့်ကို မိုက်ရိုင်းတတ်လာအောင် တမျိုးတဖုံသင်ပေးနေသော သကောင့်သားအဆိုတော်မျိုးကိုမှ ခုံခုံမင်မင် အားပေးတတ်ကြသည်။ နောင်လာနောင်သားများအတွက် ကျွန်ုပ်ရင်လေးမိလခြင်း... ။
" မဟန်သေးပါဘူးကွာ... နောက်ထပ်တစ်ယောက် သွားဗျူးအုံးမှ.. "

" အို... နာနာဘာဝ... နိုးလော.. ထလော့... နိုးထလော့......... "
ရှေ့အုတ်ဂူပေါ်တွင်.. ငုတ်တုတ်ထိုင်.. စာရွက်နှင့် ဘောပင်ကိုင်လျက်... ရုပ်ခပ်ဆိုးဆိုး နာနာဘာဝတစ်ကောင်ကိုတွေ့မိသည်။
" အော်.. သုဘရာဇာ အရိပ်ဆိုတာ.. ညီလေးလား.. "
ရုတ်တရက်.. ရုပ်နှင့်လိုက်လျောညီထွေရှိလှစွာသော.. ကွဲအက်အက်အသံနှင့် မေးလိုက်သည်။
" ဗျာ... ဟုတ်ကဲ့... ကျွန်တော်.. အရိပ်ပါအကို.. "
" အေး.. အခုန.. တစ်ခေါက်လောက်ပြန်ဆို ကြည့်ပါအုံး... "
" ဗျာ... "
" အာ.. အခုနကကွာ... အို.. နာနာဘာဝ.. ဘာဖြစ်တယ်ဆိုလား.. အဲဒါ.. တစ်ခေါက်လောက်ပြန်ဆိုကြည့်စမ်းပါဆိုကွာ... "
သူ့ပုံက... မဆိုလျှင် တကယ်ပင်.. ဂုတ်ချိုးသတ်တော့မည့်ပုံစံ။ တစ်သက်နှင့်တစ်ကိုယ် မကြောက်ဖူးသော သုဘရာဇာအရိပ်တစ်ယောက်... ကြောက်သေးပါ.. ဖြန်းဖြန်းပါသွားသည်။
" ဟုတ်ကဲ့ပါအကို... အနော်.. ဆိုတော့မယ်နော်... အို.................... နာနာဘာဝ.... နိုးလော... ထလော့... နိုးထ........ ထ... "
" တော်ပြီ.. ရပြီ... "
သီချင်းတောင်မဆုံးသေး... ရုတ်တရက်ထအော်လိုက်သောအသံကြောင့်... သီချင်းပါထစ်သွားသည်။
" ဘာဖြစ်လို့လဲအကို.. အဲဒါသီချင်းမဟုတ်ဘူး.. ဂါထာရွတ်တာလေ.. "
" ဘာမှလာမပြောနဲ့... ဒီမှာညီလေး.. မင်းရဲ့  တုန်းကာလာက နဂိုတည်းက မလှပါဘူးဆိုမှ.. ပစ်ခ်ျ ကလည်းယိုင်တော့... ဘယ်လိုလုပ်ရမတုန်း.. "
" ဗျာ.. "
သူပြောတာ.. ကိုယ်တစ်လုံး တစ်ပါဒမျှနားမလည်...
" မဗျာနဲ့... သီချင်းဆိုမယ်ဆိုရင် အရင်ဆုံး.. တုန်းကာလာလှဖို့လိုတယ်.. မဟုတ်ရင် နောက်.. level ဘယ်လိုလုပ်တက်မတုန်း.. မဟုတ်ဘူးလား "
" ဟုတ်ကဲ့ပါအကို "
သီချင်းဝင်ပြိုင်တာ မဟုတ်ရပါပဲ... သူ့သဘောနှင့်သူ ဆုံးဖြတ် အမှတ်ပေးနေသည်။
" ပြီးတော့ ညီလေးက.. အိပ်စပရက်ရှင် အားနည်းနေတယ်... "
" မဟုတ်ဘူးလေအကို... ကျွန်တော်က.. သီချင်းပြိုင်တာမဟုတ်.. "
" တော်.. ဘာမှလာမပြောနဲ့... ငါ့ရှေ့ရောက်လာတဲ့သူရဲ့ အသံကို.. အကဲဖြတ်ပေးဖို့က.. ငါ့အလုပ်.. "
ပိုးစိုးပက်စက်.. စိတ်လေသွားသည်။ ရာရာစစ နာနာဘာဝက.. သုဘရာဇာကိုပြန်ဖြဲနေသည်။ ရုပ်ကကြောက်စရာကောင်းလွန်းလို့သာ သည်းခံနေရသည်။
" ဘာပဲဖြစ်ဖြစ်.. လေ့ကျင့်ရင်ရမှာပါ... ကြိုးစားပေါ့ညီလေးရာ "
အောင်မာ.. သူကတောင် အကြံပေးနေသေးသည်။ ထိန်းထားသမျှ ဒေါသတွေ.. အတောင့်လိုက်ထွက်သွားပြီ.. သည်းခံနိုင်စရာမရှိတော့...။
" ဒါနဲ့.. နေပါအုံး.. ခင်ဗျားက.. သီချင်းပြိုင်ပွဲမှာ.. ဒိုင်လုပ်တဲ့လူမဟုတ်လား... "
" အင်းလေ.. "
" ကျုပ်ကို.. တုန်းကာလာ မလှဘူး ပြောရအောင်.. ခင်ဗျားအသံကရော... ပြာတာတာ အက်တက်တက်နဲ့... "
" အော်.. ဒါကတော့ ညီလေးရယ်... ငယ်ငယ်က နေမကောင်းဖြစ်ပြီး...... "
" တော်.. ဆက်မပြောနဲ့... "
ကိုယ့်အလှည့်ရောက်တုန်း... မနားတမ်းပြန်ချဲမှဖြစ်မည်။ မဟုတ်လျှင်မလွယ်... ။
" ပြီးတော့.. ဘာတဲ့... အိပ်စပရက်ရှင် မကောင်းဘူးတဲ့... ခင်ဗျားကရော.. မျက်နှာတစ်ခုထဲ ကွက်သေနေတဲ့ရုပ်နဲ့.. သူများကိုလိုက်ပြောနေတယ်.. "
" အဲဒါကတော့ ညီလေးရယ်... ကိုယ်ကဒိုင်ဆိုတော့ကာ.. ခပ်တည်တည်.... "
" တော်.... ဘာမှဆက်မပြောနဲ့... နောက်ကို.. ဘယ်သူဆိုဆို.. အားပေးရမှာမဟုတ်ဘူးလား.. ခင်ဗျားက.. စိတ်ဓါတ်ကျအောင်ပြောသလို.. ဖြစ်မနေဘူးလား.. နောက်.. ဒါမျိုးမဖြစ်စေနဲ့... ဟုတ်ပီလား.."
ခပ်တည်တည်နဲ့ဟောက်လိုက်တော့.. ငြိမ်ကျသွားသည်။ ဒါတောင်.. ခေါင်းတငြိမ့်ငြိမ့်နှင့်.. ဆရာကြီးအိုက်တင်ဖမ်းနေတုန်း။
" ဟုတ်တယ်... အကို.. ဒါကို ထည့်မစဉ်းစားမိဘူးညီလေး... နောက်ကို ဆင်ခြင်ပါ့မယ်.. ကျေးဇူးကွာ.. " ဆရာကြီးအထာနဲ့.. ပြန်ဝင်သွားသည်။

အရှေ့အရပ်ဆီမှ.. ရောင်နီ သန်းလို့လာခဲ့ပြီ... နောက်နေ့မှပဲ.. ကျန်တဲ့လူတွေ ဆက်ဗျူးတော့မည်ဟု ဆုံးဖြတ်ပြီး သုဘရာဇာ အရိပ် အိပ်ယာဝင်တော့လေသည်။







+11
ချစ်သုဝေ.... နင့်ကိုငါ.. စိတ်နာလိုက်တာဟာ....

Offline zawye

  • အငြိမ်းစား ကထိက
  • ***
  • Posts: 1058
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7615
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #28 on: February 17, 2012, 01:22:47 PM »
ဗုတ်သူခိုးပြဇာတ်
ရေးသူ စလေဇီးသီး ဦးရှည်နေ့
ဗုတ်သူခိုးမပြာတာ အင်တာနက်ဆိုင်သို့ဗုတ်ခိုးရန်အသွား ဆိုရန်
သြော် အချစ်မည်ခေါ်၊ တက္ကသိုလ်တော်မှာ ရက်စက်ပွိုင့် ခေါ်မှာစွဲအောင် မွဲတေလှတဲ့၊ ကျနုပ်ကိုယ်ငယ်၊ တစ်ခါတစ်ရံ၊ မင်ဘာများမှ၊ ကံမျက်စေ့လည်လို့မှ အပေါင်းပေးတယ်မရှီ၊ ကော်ပီပိုစ့်ကိုရောင်း၊ ၀မ်းကိုကြောင်းရတယ်၊ လက်ကြိမ်းလို့ရိခဲ့ပီ။
အပေါင်းတစ်ဝက် အနုတ်တစ်ဝက်နှင့်၊ ပိုစ့်ပျက်သိကာ ပါကောင်းလို့ပါတောတယ်၊ ကိုယ့်မှာက ဘလော့ အင်တာနက်ကိုမြေလှန် ဂလုံဆန်အောင် စုံကန်ကာ ရှာရတယ်၊ ကော်လိုက်တဲ့ကံ၊ အပေါင်းဗုတ်နှင့် ပိုစ့်အရည်တွက်ရေး၊ ပေးနိုင်တဲ့ မောင်များကို လူ့ဘောင်တွင်တစ်ခါ ကြုံစမ်းချင်ဘိ၊ ဇာတာထွန်းပေါ် ကံနိုးဆော်လို့ မတော်တဆ ဗုတ်ပေါင်း၁ထောင် ပိုစ့်၅၀၀ နှင့် စီနီယာများဖြစ်တော့မှ  ၀၀ကြီးဖေါင်းလန်အောင် ဂလုစည်းစိမ်ခံတော့မယ်။
    သြော် တောင်ကြံမြောက်ကြံ၊ ဘရံတောက်တီး၊ ဆင်းရဲခန်းကို နိဒါန်းသွယ်လို့၊ ဘယ်နှယ့်ပင် ညည်းသော်ငြားလည်း၊ ဗုတ်နီးနမယ်မဟုတ်၊ ပိုစ့်ကိုသာကြပ်ကြပ်တင်နိုင်မှ၊ ကျောင်းသားအခန်းကို ကုပ်မိမယ်၊ ဗုတ်မထောင် ပိုစ့်တွေက ကော်ပီက၀၀၊ အကူးကဘရဗျစ်၊ ဘာတစ်ခုမှ ကိုယ်တိုင်းမရေးပါလို့၊ ကော်ပီပိုစ့်ကိုထွက် မူရာတောင်နွဲနှောင်း ပိုစ့်တင်ထွက်တော့မည်။ မော်ကွန်းထိမ်း အက်မင်လယ်၊ ဗိုစ်သူခိုးကို နေမမြင့်အောင် အတန်းတင်ပေးတော်မူလိုက်စမ်း မောင်ကြီးတို့။
(တစုံတစ်ယောက်အား ရည်ရည်ရွယ်ရေးပါသည် ဟိဟိ) အပေါင်းတွေ့ရင်ဆက်ရေးမယ် ဟဲဟဲ
+14
« Last Edit: February 18, 2012, 08:48:11 AM by zawye »
sex is something we do but love is main thing we live

Offline zawye

  • အငြိမ်းစား ကထိက
  • ***
  • Posts: 1058
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7615
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #29 on: February 18, 2012, 08:06:02 AM »
ဗုတ်သူခိုးမောင်မောင် အင်တာနက်ဆိုင်သို့ဗုတ်ခိုးရန်အသွားဆိုရန်
သြော် တက္ကသိုလ်ခန်းဝါ အချစ်ပြည်မှာ ဗုတ်ရခဲခက်၊ ဗုတ်ပေါင်း၅၀၀ ပိုစ့်ပေါင်းရာနှင့်၊ ဗုတ်ရေးက ခက်လွန်းလို့၊ အသက်ရှိစဉ် မသေခင်ကို၊ ဗုတ်လျင်ကြီးခံ ၁၀၀၀ တန်ကို၊ ပိုစ့်ပေါင်း၅၀၀ နှင့် အပါင်းဗုတ်များကို တစ်ခါကယ်၀၀၊ ရလိုက်ရရင်ဖြင့်၊ အာဂ ယောင်္ကျား လူဖြစ်ရကြိုးနပ်လေငဲ့၊ မရပ်မနား ပိုစ့်ကိုတင်လို့ ၀မ်းကျောင်းရပါငြားဘဲ၊ ဗုတ်ရသည့်တစ်နေ့ တလလုံးတွင်မှ၊ ၃ဗုတ်လောက်သာ တွေ့ရတယ်၊ ဗုတ်နှယ်ပိုစ့်နှယ်၊ ဘယာ့များကို၊ ကွယ်လေငဲ့ ပိတ်ပိတ်ပျောက်၊ အမွဲ့တကာ့ထွတ်ခေါင် ဖွတ်မင်းနောင်မှာ၊ ပြာတောင်ကြီးပေါက်လေရော့၊ ပြောင်မြောက်အောင်မွဲနိုင်တဲ့ငါ့ကိုယ့်နော်။။။။။။။။
   ဟယ်သို့သော်လည်းယောင်္ကျား၊ ကံရှေ့သွား ၊ ကံထားရာဟဲ့၊ မနုံနဲ့ပါဘူး၊ အလှဲသင်ချက်ပိုင်၊ ကြက်ကန်းခွပ်လို့၊ ပွဲကျွတ်အောင်နိုင်သေးသပ၊ ကံဆိုင်လို့တစ်ကယ်၊ ပိုစ့်ကောင်းကိုတင်မိလျှင်၊ ဗုတ်သခိုးမောင်မောင် ၊ လူနေလှလို့၊ ရွေချသလိုပြောင်လိမ့်မယ်၊ အဆောင်တော် လက်ပတော့နဲ့ မောက်စ်အစုံအလင်၊ ဗုတ်နဲ့ပိုစ့်လဲရောအာင်၊ အင်တာနက်ဆိုင်သို့ဝင်တော့မယ်၊ ဆိုင်ပိုင်ရှင် တော်သုံးက ၊ ကီးဘုတ်ကိုဆက်။။။။



ဗုတ်သူခိုး မောင်မောင်နဲ့ ဗုတ်သူခိုးမ ပြာတာ တို့ အင်တာနက်ဆိုင်သို့အ၀င်တွင် တွေ့ဆုံခန်း
ဗုတ်သူခိုးမ ပြာတာ ဆိုရန်

ဗုတ်မရပိုစ့်မျိုး၊ ပိုစ့်ပေါင်ကျိုးနှင့်၊ ကော်ပီပိုစ့်တွေ၊ ဟိုဒီလျှောက်တင်၊ ခေါင်းသွေးစုတ်တဲ့၊ဗုတ်သူခိုးငယ်၊  ပိုစ့်ကိုရောင်းစား၊ ဗုတ်စွမ်းအားနှင့် စီးပွားတစ်နှစ် ဘယ်လောက်များဖြစ်ပါတုံး၊ စစ်စစ်ပေါက်ပေါက်၊ ၀မ်းရေးလောက်၍ စားသောက်သည့်ပြင်၊ လက်ကပ်ခြေကပ်၊ ပိုမိုမြတ်လို့ အဖတ်တင် အိမ်တွင်ဗတ်ုရေ အကျွန်မောင်မှာ ပိုစ့်ဘယ်လောက်များသလဲ၊ တင်ထားပိုစ်ကမှာ မလွဲစင်စစ် မျက်မြင်ဖြစ်၌ မစစ်သာဘူး ၊ဘလာချွတ်ခြုံ၊ ၁၀ပိုစ့်ကျော်မှလေးကျော်ရုံ၊ ၂၀ပြည့်အောင် အနိုင်နိုင်တင်ရတယ်၊တန်းတက်ရေးကို ဘယ်လိုဗုတ်မျိုးနှင့် ၊ ဘယ်ပိုစ့်ကော်ပီ ၊ဘဲ့နှယ့်များတင်ရတုန်း၊ နှမလိုစိတ်ကစွဲလို့ ဖြစ်နဲ့ကိုပြန်စမ်းပါ မောင်ကြီးရယ်။
+10
« Last Edit: February 18, 2012, 08:51:47 AM by zawye »
sex is something we do but love is main thing we live

Tags: