Author Topic: ကိုယ်တိုင်ရေး သရော်စာ  (Read 64441 times)

0 Members and 1 Guest are viewing this topic.

Offline Bagyitoke

  • ပထမနှစ်
  • *
  • Posts: 7
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +147
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #10 on: May 30, 2011, 01:43:05 AM »
ဘဂျီးတုပ်  ခရီးသွားနေသည်

တနေ့တ၌ ကျနုပ် ဘဂျီးတုပ်တရောက် နဂါးပြည်မှအပြန် ပျင်းပျင်းရှိတာနဲ့ အသက်ကလဲကြီးပီဆိုတော့ကား ကုသိုလ်ရေး အလို့ငှါ ဘုရား ဖူးထွက်ရန် အတွက် အဝေးပြေးအသင်းတခုက စုပေါင်းတည်ထောင်ထားသော ယာဉ်အဖွဲ့နှင့် လိုက်ပီး ဘုရားဖူးရန် အတွက်စာရင်းပေးသွင်းလေသည်။

အနှီမော်တော်ယာဉ်ကြီးကား အသစ်စက်စက် မကြာခင်ကမှ အနောက်နိုင်ငံမှ တင်သွင်းလာသော ကားသစ်ကြီးဖစ်လေရာ လိုက်ပါစီးနင်းမည့်သူများမှာလဲ ကားသစ်နှင့်သွားရမည်ဖြစ်ပေသောကြောင့် ပျော်ရွှင်မြူးလျှက်ရှိပေသည်
ဖန်တရာကြေ စက်ကန်းဟန်း ကားတွေစီးရတာကြာတော့ ကားအသစ်ကိုစီးရမည်ဆိုပေတော့ ပရိတ်သက်ရေ စဉ်းစားသာကြည့်ပေတော့

ခရီးစဉ်က ရန်ကုန် ကနေ ပဲခူး ရွှေမော်ဓော ဘုရားကိုသွားဖူးမှာပါ
အဲ တခုဘဲ ကားပိုင်ရှင်က အလွန်ဘဲလက်ပေါက်ကပ်ပီး ခုတမျိုးတော်ကြာတမျိုးဇီဇာကြောင်တက်တယ်

ကဲ နံနက်၎ နာရီကားစထွက်ပါပီ

အဲ ကားကလူတွေအများကြီးဆန့်တော့ လူမျိုးစုံပေါ့လေ  ကားမှာတော့ စပယ်ရာလဲ ပါတယ်ဟ

ဒီလိုနဲ့ ၁၀ မိုင်ကုန်းနားရောက်တော့ ကိုရွှေစပယ်ရာက

" ကဲ ပြောရေးရှိက ပြောရအုံးမယ် ခရီးသည်တို့ ခရီးလမ်းတရလျှောက်မှာ ခေါင်းအပြင်မထုတ်ရ ဘူး ကွမ်းသွေး လမ်းမပေါ်မထွေးရဘူး အမှိုက်မပစ် ရဘူး"
ရှင်းပါတယ်နော်"
ဟု အလွန်တရာမှ ယဉ်ကျေးပြုငှါသော ပီယဝါစာ မိုးချုန်းသံ အာဠှာဝက အပြုံးနှင့် ပြောလေသည်။

ဘဂျီးတုပ်လဲ
" အင်း!!!!!ကိုယ်လဲ ဒီကားမှစီးမိပီကိုး မတက်နိုင်ဘူးလေ ကိုယ်ကတော့သူပြောသလို စည်းကမ်းမမဲ့လောက်ပါဘူး "
 (စာရှူသူတို့သိတယ်ဟုတ် ချင်သေ့ပါးစပ် သေးပေါက်တဲ့ တိုင်းပြည်ကပြန်လာတဲ့ Country Big Son ဘဂျီးတုပ်ဘဲဟာ)ဟီးဟီး

ဒီလိုနဲ့ မင်ဂလာဒုံ ကျော်လာတော့ အနှီမိန်းမငယ်တဦးက သူ့ပီကေ အခွံအား ကားအပြင်သို့ လွှင့်ပစ်သော် ကိုရွှေအာဠှာဝက မှာ လေလေးတချွန်ချွန် နှင့် မမြင်ချင်ယောင်ဆောင်နေတယ်ဗျား
ဘဂျီးတုပ်ကဘယ်ရမတုန်း ဒါမျိုးတော့

"ဟေ့သူငယ်!!!! ဟိုအရှေ့ကကလေးမအမှိုက်ပစ်တယ် နင်မမြင်လေရော့လား ခုနကတော့ ဆင်ဖမ်းမယ် ကြားဖမ်းမယ်နဲ့"

"ဒီမယ်ဘိုးတော်ဂျီး!!! တိုးတိုးလုပ်ပါဗျ အဒါကျုပ် အမ  ဗျ ခင်ဗျားဂျီးနယ် အလိုက်ကမ်းဆိုးကိုမသိဘူး "

ထိုအခါဘဂျီးတုပ်မှ

"ဪ----မသိလို့ပါ မောင်ရာ နို့ မောင်ရင်ကခုနကဘဲ အော်လံနဲ့အော်ထားလို့ မေ့သွားတယ်ထင်လို့ပါကွာ "

စပယ်ရာ။         ။ ဟွန်း ဒီမယ် ဘဂျီး မှက်ထားဗျ  ဆယ်တန်းအောင်ဖို့မလိုဘူး အလိုက်သိဖို့လိုတယ် ဆိုတာ
တုပ်။               ။ အေးပါကွယ် ဘဂျီးက မျက်စိမှုံလို့ပါကွာ ခွင့်လွှတ်ပါ

 လို့ပြောပီး ဘဂျီးတုပ်လဲ ကွမ်းလေးစပီးမြုံ့နေပါတယ်
ကွမ်းတွေးကို 5X9ကျွပ်ကျွပ်အိပ်လေးထဲထွေးလို့ပြည့်ပီး အမှိုက်ထုပ်ထဲ ထည့်မယ်လုပ်တုန်း ကိုရွှေအာဠှာဝက ရဲ့ အသံက ထွက်လာပါလေရော

"အမှိုက်မပစ်ရဘူးပြောထားတယ်နော် ဒီကစပယ်ရာလုပ်စားလာတာကြာပီ သိနေတယ် အမှိုက်ပစ်တာမြင်လို့ကတော့ အဒီနေရာမှာ ကန်ချထားမှာ"

ဘဂျီးတုပ်လဲ

အွန်!!!!ငါ့မှာ စနစ်တကျ အမှိုက်လေးသိမ်းဖို့လုပ်ပါတယ် ဒီသကောင့်သားက စောင်းပြောနေပဟ ဟုတ်တော့ဟုတ်နေပီ

လို့ မကျေမနပ်တွေးမိသော်လည်း မူလအစီစဉ်က ဘုရားဖူးရန် ကုသိုလ်ရေး အတွက် နှလုံးသွင်းကာ ခန္တိစ ပါရမီ ကျင့်သုံးပီး နေလိုက်လေသည်

ကဲ ခုဆိုမောင်းလာလိုက်တာ ထောက်ကြံ့လဲရောက်ရော အနှီကားမှာ ဗျုန်းဆိုလမ်းဘေးသို့ထိုးရပ်သွားလေ၏

ကားပေါ်ပါသူတို့လဲ သူတခွန်း ကိုတခွန်း ပြောဆိုနေစဉ် လူတဦးကားပေါ်သို့တက်လာပီး

!!!!!'ခရီးသည်အားလုံးဘဲ ဒီကားကို ကျုပ်က ဆက်မောင်းပါမယ်"

ဟိုက်---ဟို-----ဟာ----ဟင်----ဘယ်လိုဖြစ်တာလဲ---ဘာဖြစ်လို့လဲ -----အရင်မောင်းလာတဲ့ ဒရိုက်ဘာကရော!!!ဟု တယောက်တပေါက် ပြောနေစဉ် ထိုဒရိုက်ဘာအသစ်မှ

"!!!!!နားထောင်-----ပါသူငယ်ချင်းတို့ ဖရန့်ဇိုပရိုဒက်ရှင်းက ထုပ်လုပ်လိုက်တဲ့ စိုင်းစိုင်းနဲ့မိုးမိုးတို့ လုပ်ချလိုက်ပြန်ပီ  အဲ----အဲ မှားကုန်ပ!!!!

" အားလုံးကိုပြောမယ်ီ

!!!ကျုပ်တို့ အုံနာက အရင်မောင်းလာတဲ့သူက ကားမောင်းရမ်းတယ် အိုဘာစပိနဲ့မောင်းတယ်လို့ ဒီကားထဲက ခရီးသည်က ဖုန်းဆတ်တိုင်လို့ သူ့ကိုဒီထိဘဲမောင်းခိုင်းလိုက်တယ်
ဒီတော့ကျုပ်ကခုကစပီး မောင်းတော့မယ် ဒါပေမဲ့ ကျုပ်မောင်းချင်တာက ရန်ကုန်ကနေစပီးမောင်းရချင်တာ အဒီလိုမောင်းရမှလဲ ကျုပ်ဘယ်လို ယဉ်မောင်းကျွမ်းကျင်တယ်ဆိုတာ ခင်ဗျားတို့သိမှာ ဒီတော့ ရန်ကုန်ပြန်လှည့်မယ် ဒါဗျဲ  "

ဟုပြောဆိုလေကာ ရန်ကုန်သို့ပြန်ကွေ့လေသည်

ဘဂျီးတုပ်လဲ" အင်း ----ဒီပုံအတိုင်းဆို ဒီနေ့ ရွှေမော်ဓောဘုရားမှဖူးရပါ့မလားမသိဘူး နဲနဲတော့ အထွန့်တက်ကြည့်အုံးမှ" ဟုတွေးကာ

"ဒီမယ် ကားဆရာဂျီး ခုက ထောက်ကြံ့ရောက်နေပီလေ ရှေ့ဆက်သွားရင် လှည်းကူး ရောက်တော့မှာ ဆက်မောင်းလို့ရဘူးလား"
လို့ သွားလေးဖြဲကာ လေပြေလေးနှင့်မေးရာ

တိတ်------------!!!!!!!!!!!!!!!!!!!!!!!!

အမလေး ကလူကလူ-----လန့်ထာကွာ ဖြေးဖြေးပြောပါဟ

"ဒီမယ် ဘိုးတော်ဂျီး ခင်ဗျား စီးမှာလားမစီးဘူးလား ဒီကားစီးရင် ကျုပ်က မောင်းသူ ကျုပ်မောင်းတာကို စီးချင်စီး မစီးချင် ဒီကဆင်းသွား ဟိုလိုလုပ်ဒီလိုလုပ် လာပီးဆရာမလုပ်နဲ့ ခင်ဗျားမောင်းတက်ရင် လာမောင်း"
ဟု ယဉ်ကျေးပြူငှါစွာ ရှင်းပြလေရာ ကားမမောင်းတက်သောဘဂျီးတုပ် ခင်ဗျာ

"အေးအေးပါကွယ် မသိလို့ပါ ဆရာရယ် ဆရာ့ကား ဆရာသာမောင်းပါ ဘာမှကိုမပြောတော့ပါဘူးကွယ် " ဟုဇတ်ကလေးပုသွားပီး ကုပ်ကုပ်လေး ထိုင်နေလေတော့သည်

မကြာပါ အနှီကားကြီးသည် ရန်ကုန်မြို့သို့ပြန်ရောက်ပီးသကာလ စထွက်ရာဂိတ်သို့ပြန်ရောက်လာလေသည်
စပယ်ရာလေးက
"ခရီးသည်တွေ တပို့တပါးသွားနိုင်ပါတယ် ပြီးတာနဲ့ ဒီဒရိုက်ဘာဆရာအသစ်က ပြန်ပီး ဘုရားဖူးခရီးကို ပြန်မောင်းပါ့မယ်"

ဟုကြေညာလေသည်
၁၀ မိနစ် ခန့်ကြာသော်

ရွှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး(ဝီစီသံ)
!!!!!!!!!!!!အားလုံးကားပေါ်တက်ပါ"

လူအများလဲ ကားပေါ်သို့ရောက်ပီးသော်

"ကဲ အခု နောက်ဒရိုက်ဘာအသစ်က ပဲခူးဘုရားဖူး ခရီးကို စတင်မောင်းနှင်ပါမယ်"

ဟု စပယ်ရာမှ ပြောဆိုပီး သီချင်းလေးတပုဒ်ကိုဖွင့်လိုက်ပါတယ်

အဒီသီချင်းလေးထဲကအတိုင်း ဒရိုက်ဘာတွေက တစ်ယောက် ပီးတစ်ယောက် ထောက်ကြံ့ရောက်လိုက်ပြန်လှည့်လိုက်  လှည်းကူးရောက်လိုက်ပြန်လှည့်ရလိုက် အင်းတကော်ရောက်လိုက် ပြန်လှည့်ရလိုက်နဲ့ အမျိုးကောင်းသား ဘဂျီးတုပ်တရောက် ပဲခူးဘုရားဖူးကိုသွားနေလိုက်တာ ရွှေမော်ဓောဘုရားကို ယနေ့အချိန်ထိ ရောက်ကိုမရောက်သေးတာဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အဒီသီချင်းလေးကတော့
" မကြေနပ်ဘူး အချစ်ရယ် တစ်က ပြန်စမယ်"  ဟူသတည်း
+19
« Last Edit: December 08, 2011, 03:15:53 AM by Bagyitoke »

Offline zawye

  • အငြိမ်းစား ကထိက
  • ***
  • Posts: 1057
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7594
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #11 on: September 24, 2011, 09:03:43 AM »
ကျတော်သိသလောက် မြန်မာလူမျိုးသူဌေးကြီးများပိုင်တဲ့ နိုင်ငံချား ကန်ပနီ တွေဗျ
DBS=ဒေါ်ဘုတ်ဆုံ(ငရုပ်သီး မှုန့်ကန်ပနီလားမသိ)
UBS=ဦးဘစိန် (ဘဏ်လုပ်ငန်းလားမသိ)
UOB=ဦးအုန်းဘေ(ဘဏ်ပဲနဲ့တူတယ်)
SMRT=စိုင်းမောင်ရစ်တင်(ရထား ကားတွေပို့ဆောင်ရေးလားမသိ)
HSBC=ဌေးစိန်ဘကြိုင်(ဘဏ်လားမသိ)
OCBC=အုန်းကြိုင်ဘကြိုင်(ဌေးစိန်နဲ့ညီအစ်ကိုတွေနေမှာ)
မလေးရှားမှာလည်း နာမည်ကြီးမြန်မာ မိန်းကလေး မမေပိုင်တဲ့ဘဏ်တစ်ခုရှီတယ်ဗျ MAY Bank
+4
« Last Edit: September 24, 2011, 09:14:50 AM by zawye »
sex is something we do but love is main thing we live

Offline Seeker

  • Founders
  • *****
  • Posts: 432
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +2065
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #12 on: September 26, 2011, 03:52:10 AM »
ကဲဒီတခါ ကျနော်တင်လိုက်တဲ့ပို့စ်က ဘာရယ်မဟုတ်ဘူး။ အပျော်သဘောနဲ့ ကျောင်းဖိုရမ် ကလူတွေ အတွက် ပျော်စရာလေးဖြစ်သွားအောင် ရေးလိုက်တာပါ။
လိုအပ်ချက်များ ရှိနေမယ် ဖတ်လို့မကောင်းခဲ့ရင် ကျနော့်ကိုအပစ်မတင်ပါနဲ့ ကိုကြပ် နဲ့ ကိုပြုံးတို့ကိုဘဲ အပစ်တင်ကြပါ......  :P :P :P :P :P
ဖတ်လို့ကောင်းခဲ့ရင်တော့ ကျနော်တော်လို့ပေါ့ဗျာ......ဟီးဟီး.....

ယနေ့ခေတ် ကမ္ဘာလောကကြီးကိုကြည့်လိုက်စမ်း.....အားလုံးက နည်းပညာတွေမှာ သူ့ထက်ငါအပြိုင်ကြိးစားရင်း လူတွေကို မက်လုံးပေးဆွဲဆောင်လာကြတာ....
အောင်မြင်သွားတဲ့ နည်းပညာကုမ္ပဏီတွေလဲ ရှိသလို အရှုံးပေါ်သွားတဲ့ ကုမ္ပဏီတွေလဲ ဒုးနဲ့ဒေး.......။
ကုမ္ပဏီ တခုနဲ့တခု ပြိုင်ပီး တရားဆွဲတာလဲ ဟိုနေရာမှ စီကနဲ့ ဒီနေရာမှ စီကနဲ တရားရုံးတွေလဲ ဒီနည်းပညာကုမ္ပဏီတွေရဲ့ပြသနာကိုဘဲ ဖြေရှင်းပေးနေရသည်။
HP ဆိုရင် သူ့ရဲ့ touchpad ကိုထုတ်လုပ်လိုက်တာ....အရှုံးပေါ်သွားလို့ အဲဒီ product ကိုရပ်ဆိုင်းလိုက်ရတဲ့အထိဖြစ်သွားပါတယ်......
ipad ကစလိုက်တဲ့ ဇာက်လမ်း...... သူ့နောက်ကနေ အားလုံးက လိုက်ပီး လိုက်တု လိုက်ထုတ်လိုက်ကြတာ...... Toshiba, Motorola, Samsung, LG
Sony စတဲ့ နံမည်ကြီး ကုမ္ပဏီတွေတောင် tablet တွေလိုက်တုပီးထုတ်လိုက်ရတဲ့အဆင့်တောင်ဖြစ်လာခဲ့ကြပါတယ်။
အဲဒါနဲ့ ကျနော်လဲ....အားကျမခံသူတို့နဲ့အပြိုင် TOUCH PHONE နှင့် TABLET ကိုထုတ်လုပ်ဖို့ စဉ်းစားမိသွားတယ်။
အဲဒါနဲ့ ကုမ္ပဏီအတွက် လူတွေကိုစုရတယ်။ သက်ဆိုင်ရာပညာရှင်တွေ ကဏ္ဌအလိုက် အချိန်ပေးပီး လွယ်ကူစွာ ဖွဲ့စည်းလို့ရခဲ့ပါတယ်။...စုလို့ရတဲ့ ပညာရှင်တွေက.......
ဆော့်ဖ်ဝဲ ဗိသုကာချုပ်..........             မိုးစက်လေး (သူ့အောက်မှာ ၀န်ထမ်းပေါင်း ၂၀၀၀ ကျော်ခန့်)
ဆော့်ဖ်ဝဲ ဒီဇိုင်းနာ.............               ဆက်ဆက် (သူ့လက်အောက်မှာ ၀န်ထမ်းပေါင်း ၁၉၉၆ ယောက်)
Application ပညာရှင်...............        မာယာ (သူ့လက်အောက်တွင် လူပေါင်း ၁၉၉၃ ယောက်)
ဟဒ်ဝဲ ဒီဇိုင်းနာချုပ်..............            ကိုအိုင်မေးလ် (သူ့လောက်အောက်တွင် နည်းပညာတက္ကသိုလ်မှ ကျောင်းပီးဘွဲ့ရစ လူငယ် ၁၀၀ ကျော်ခန့်)
ဟာဒ်ဝဲ စက်ရုံမှုးချုပ်.............          ကိုပြုံး ( သူ့လက်အောက်တွင် ၀န်ထမ်းပေါင်း ၁၀၀၀၀ ကျော်ခန့်)
Product Manager......................... ကိုဒစ်တိုနေတာ.(သူ့လက်အောက် လူပေါင်း ၁၀၀ ကျော်ခန့်)
Clouding System Manager............. ကိုမင်းသွေး.(သူ့လက်အောက်တွင်လူပေါင်း ၃၀၀၀ ကျော်ခန့်)
Security & Network Admin..............ကိုတကျွန်းစံ(သူ့လက်အောက်တွင် network ပညာရှင် ၂၀၀၀ ကျော်ခန့်)
Support Dept Manager....................ကိုမာစတာ(သူ့လက်အောက်တွင် လူပေါင်း ၈၀၀ ကျော်ခန့်)
Customer Service ..........................ဒါဒါ (သူ့လက်အောင်တွင် ဘောက်ဆက်ဆက် နဲ့အပြောကောင်းသည့်ဝန်ထမ်း ၅၀၀ ကျော်ခန့်)
Chief Financial Officer.......................မမ(Tim Morse သည် မမ ရဲ့ အားကိုးရသော ညလက်ရုံးဖြစ်သည်။ ၄င်းသည် ယခင်က Yahoo တွင်                                              
                                                    တာဝန်ထားဆောင်ခဲ့သူဖြစ်သည်။ မမသူ့လက်အောက်တွင် ၀န်ထမ်းပေါင်း ၁၆၀၀ ကျော်ခန့်)
Quality Control Dept. Mgr.................ဖေဇော်ဂျီနဲ့ ကိုကိုကြီး ( သူတို့လက်အောင်တွင် ၀န်ထမ်းပေါင်း ၇၀၀ ကျော်ခန့်)
Research Dept Mgr...........................ဂိဂိ(သူ့လက်အောက်တွင် ပညာရှင်ပေါင်း ၄၀၀ ကျော်ခန့်)
Project Mgr......................................ကိုဂျေ (သူ့လက်အောင်တွင် ပညာရှင်ပေါင်း ၄၂၀ ကျော်ခန့်)
Operation Manager ကတော့ ကျနော်
Marketing Mgr ကတော့ လဂွဆိုပီးလိုက်လိုက်ထုတက်တဲ့ ဘကြီး......
CEO ကတော့ ကျနော်တို့ရဲ့ ကိုရီးကြပ် (ခေါ်) ကြပ်ကြပ် ပေါ့ဗျာ..................။
ဒါ့အပြင် ဒါရိုက်တာဘုတ်အဖွဲ့ကိုလဲ ကိုကြပ် ကိုမေလ်း ကိုပြုံး ကိုချမ်းကို Seeker နှင့် Micahel S. Dell ( သူသည် DELL ရဲ့ cofounder နှင့် CEO ဖြစ်ပါတယ်) MARK HURD
(သူကတော့ HP မှ CEO ဖြစ်ပါတယ်။ သူကလဲ ကျနော်တို့ရဲ့ company မှာတာဝန်ထမ်းဆောင်ချင်လွန်းတာနဲ့ ခေါ်ခန့်လိုက်ရခြင်းဖြစ်ပါတယ်) စတဲ့ အဖွဲ့ဝင်တွေနဲ့
ဖွဲ့စည်းတည်ထောင်ထားပါတယ်။ ဒါတွေအကြမ်းဖျင်း ဘဲ ရှိသေးသည်။ အသေးစိတ် ဌာနခွဲတွေအလိုက်မပါသေး။
ဒါ့အပြင် ရုံးထဲမှ ၀န်ထမ်းများကို နေ့လည်စာအတွက်ရုံးမှ စာဖိုမှုးများချက်ပြုတ်ထားတဲ့အစားအစာများကို အခမဲ့ ကြိုက်သလောက် စားသုံးနိုင်ပါတယ်။
ထို့အပြင်သန့်ရှင်းရေးဝန်ထမ်းပေါင်း ၃၀ ကျော်ကိုလဲ ခန့်အပ်ထားပါတယ်။
အဲဒီအတွက်  John W. Thompson ကိုတာဝန်ပေးထားပါတယ်။သူက Symantec တွင်ဘုတ်အဖွဲ့ဝင်လဲဖြစ်ပါတယ်။ လောလောဆယ်သူ့ကို စာဖိုမှုးများနှင့်
သန့်ရှင်းရေးဝန်ထမ်းများကိုအုပ်ချုပ်ရေးအတွက်တာဝန်ပေးအပ်ထားပါတယ်။
အဲဒလို ကမ္ဘာအရပ်ရပ်က အတော်ဆုံး ကျွမ်းကျင်ပညာရှင်များကို တာဝန်ပေးထားသည့်အပြင် ထိုရုံးတွင် တာဝန်ထမ်းဆောင်အလုပ်လုပ်ချင်သည့် ပညာရှင်များမှာလဲ ဒူးနဲ့ဒေး။
ဟုတ်ပီ။။။။။
 ဖွဲ့စည်းပီးတာကဟုတ်ပီ....ကုမ္ပဏီနံမည် ဘယ်လိုပေးမလဲ........? ? ? ? အမေရိကကိုအခြေပြုပီး ဖွဲ့မှာဆိုတော့ အင်္ဂလိပ်လိုနံမည်ပေးမှသင့်တော်မည်......အဲဒါနဲ့

အားလုံးဝိုင်းပီးစဉ်းစားလိုက်ကြတာ....ခေါင်းထဲကဘယ်လိုမှထွက်မလာ....စဉ်းစားမိတာတွေလဲကြည့်ဦး
FGG( FUCKING GUYS GROUP) မဟုတ်သေးပါဘူး....ဒါက နဲနဲ ပျော့နေသလိုခံစားရတယ်။
AFS( ANNAL FUCKING SYSTEM ) ဒါကခေါ်ရတာ လျှာထောက်နေတယ်.......။
WAAS ( WE ARE ALL STUPID) အစက WAS ဟုစဉ်းစားမိသေးတယ်....မကြိုက်....ကလေးဆန်သည်ဟုထင်ရသည်။ WAAS ကလဲ ရှည်သည်။

ဘယ်လိုမှ စဉ်းစားလို့မရသည့်အဆုံး ကိုအိုင်မေးလ် နှင့် ကိုရီးကြပ်တို့ ညအတော်မိုးချုပ်မှအိမ်ပြန်သွားကြသည်။
Copyright အတွက် နံမည်ကပေးရတော့မည်။အဲဒီအချိန်ထိ နံ့မည်ကမပေးရသေး။ ဖြစ်ချင်တော့ ကားပါကင်သို့ ကိုအိုင်မေး သူ့ရဲ့ကား ( GMC Yukon
နောက်ဆုံးပေါ်နည်းပညာဖြင့်ပေါင်းစပ်ဖွဲ့စည်းထုတ်လုပ်ထားသော ) သွားယူစဉ် ချေးပုံတက်နင်းမိရာ အမှတ်တမဲ့ ပါးစပ်မှ SHIT ဟုထွက်မိသွားသည်။  >:( >:( >:( >:( >:(
ထိုအသံကို ဟိုဘက်ကပ်ရက် Microsoft company မှ ထိပ်ပြောင်ကြီး Steve Ballmer က သူ့ရဲ့ကား( Cadillac 1992 model STSကားစုတ်လေး)
လာထုတ်ရင်း ကြားသွားတော့ မျက်နှာငယ်လေးနဲ့ လှမ်းကြည့်သည်။
ထိုအချိန်ခဏအတွင်း ကိုမေလ်းခေါင်းထဲသို့ အလင်းရောင်တချက် တောက်သွားသည်။
နောက်နေ့မနက်တွင် ရုံးရောက်ရောက်ခြင်း အိုင်မေးလ် ကျန်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များအားအရေးပေါ်ခေါ်ယူပီး .....ယမန်နေ့ကအကြောင်းပြောပြသည်။
ပြောပြရင်း ယခု မိမိတို့ company ကို MicroShit  ဟုသတ်မှတ်ရန်သဘောတူလားဟုမေးရာ အားလုံးကထောက်ခံသဘောတူသဖြင့် ထိုနံမည်သည်

အတည်ဖြစ်သွားတော့သည်.......။ထိုအချိန်မှစရ်ျ ..........................................

PS: မအားတဲ့ကြားကနေ နဲနဲချင်းဆီရေးပီးတင်ရတာဖြစ်တဲ့အတွက် နားလည်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
+17
« Last Edit: September 26, 2011, 03:56:11 AM by Seeker »

Offline zawye

  • အငြိမ်းစား ကထိက
  • ***
  • Posts: 1057
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7594
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #13 on: September 26, 2011, 09:27:44 AM »
အော် ကိုစိကားက ကျတော်ကိုဘာရာထူးမှာမပေးဘူးပေါ့ ၀မ်းနည်းတွားပီ
+3
sex is something we do but love is main thing we live

Offline Seeker

  • Founders
  • *****
  • Posts: 432
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +2065
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #14 on: September 27, 2011, 06:43:31 AM »
အော် ကိုစိကားက ကျတော်ကိုဘာရာထူးမှာမပေးဘူးပေါ့ ၀မ်းနည်းတွားပီ
လာမယ်လေ ကိုဇော်ရဲ ဖြေးဖြေးပေါ့....... ;) ;) ;) ;) ;)
သိတယ်မလား ကိုဇော်ရဲ နှင့် ကိုလမ်းမတော်သားတို့ကို နောက်ပိုင်းမှာအရေးကြီးတဲ့အခန်းတွေမှာ ပါလာမယ်။
အဲဒါကြောင့် မြှုပ်ကွက်လေး ထားထားတာ။။။။။။
+2

Offline Seeker

  • Founders
  • *****
  • Posts: 432
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +2065
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #15 on: September 29, 2011, 07:27:34 AM »
ထိုအချိန်မှစတင်ကာ MicroShit  company သည် ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းပီး နည်းပညာတွင် ထိပ်ဆုံးသို့ရောက်နေသော company ဖြစ်လာတော့သည်။ နှစ်အနည်းငယ်ကြာလာသောအခါ MicroShit ကုမ္ပဏီမှ ကမ္ဘာပေါ်တွင် မည်သူမျှ မထုတ်လုပ်ရသေးသော ဖုန်းကို ထုတ်လုပ်တော့သည်။
ထိုဖုန်းအတွက် အချိန်တွေများစွာ ငွေပေါင်းများစွာရင်းပီး ဆန်းသစ်သောနည်းပညာများဖြင့် အထပ်အထပ်အခါခါ ဆန်းစစ်သေချာစွာ
သုတေသနပြုလုပ်ခဲ့ကြရသည်။
ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဥက္ကဌ အကြံပေးသူ ဒေါက်တာ လမ်းမတော်သားနဲ့ Battery နည်းပညာကိုတခေတ်ဆန်းစေသူ ပညာရှင် ကိုဇော်ရဲ စသည့်ပညာရှင်တွေလဲ
MicroShit Company ကြီးတွင် ထပ်မံ အားဖြည့်ထားတာဖြစ်တဲ့အတွက် နည်းပညာပိုင်းမှာ ထိတ်တန်းရောက်စေခဲ့တာလဲ မထူးဆန်းဘူးလို့ပြောလို့ရသည်။
ထိုဖုန်းကိုကမ္ဘာကြီးအတွက်စတင်မိတ်ဆက်ပေးလိုက်သောအခါ အားလုံးသော လူအများ အံ့သြမှင်သက်မိသွားကြုကုန်သည်။
ထိုဖုန်းအတွက် DevCon ပွဲကိုကမ္ဘာပေါ်ရှိ developer ကြီးများ နံမည်ကြီး နည်းပညာကုမ္ပဏီများမှ ပညာရှင်များ စသည့် ပညာရှင်ပေါင်းများစွာ တက်ရောက်ကြကုန်သည်။
ထိုပွဲကို လူ ၁သိန်းကျော်ခန့်ဆန့်သော ခန်းမကြီးတွင်ပြုလုပ်လိုက်သည်။ နေရာမရရှိလို့မတက်ရောက်လိုက်ရသော ပညာရှင်များစွာလဲ ဒူးနဲ့ဒေး.......။

02 January Currents Year............
နံနက် ၁၀ နာရီထိုးဘို့ ၁၀ မိနစ်အလို..............
DevCon ကို စတင်ဘို့ ၁၀ မိနစ်ခန့်သာလိုတော့သည်။ တက်ရောက်လာကြသည့် ပညာရှင်ပေါင်းများစွာလဲ စိတ်ဝင်တစားနဲ့စောင့်ဆိုင်းနေကြပီ။
တချို့ကလဲ လက်ထဲမှာ recorder လေးတွေကိုင်လို့ တချို့ကြတော့လဲ camcorder လေးတွေတပြင်ပြင်နဲ့ စောင့်ဆိုင်းနေကြသည်။ ခန်းမကြီးရဲ့ လေးဘက်လေးတန် ပတ်ပတ်လည်မှာတော့ LED TV ကြီးတွေထောင်ထားပီး MicroShit ကုမ္ပဏီမှထုတ်လုပ်ထားသော product များပြထားသည်။
 ထိုတီဗီတွေကို SONY မှ စပွန်ဆာပေးခြင်းဖြစ်ပီး ဈေးကွက်အတွင်းသို့ မဖြန့်ချိရသေးပေ။ (SONY ကိုကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်တော့ bankruptcy ဖြစ်အံ့ဆဲဆဲအချိန်တွင် MicroShit မှ ဒေါ်လာ ဘီလီယံပေါင်းများစွာထည့်ဝင်ပီးကူညီပေးခဲ့ဘူးသည်)
သိပ်မကြာခင်မှာဘဲ သီချင်းတီးလုံသံလေးများ တဖြည်းဖြည်းမှေးမှိန်သွားချိန်တွင် မီးအားလုံးကို ပိတ်လိုက်သည်။ စတိတ်စင်ပေါ်တွင်တော့ မီးရောင်ဖျော့ဖျော့လေးထွန်းထားသည်။
သိပ်မကြာခင်မှာဘဲ MicroShit CEO ကိုကြပ်တက်လာတော့ အောက်က ပိတ်သတ်များမှာ တဖြောင်းဖြောင်းနဲ့ လက်ခုပ်သြဘာပေးကြသည်။
''ဖြောင်း .....ဖြောင်း.....ဖြောင်း.........''
ကိုကြပ်မှ
''Thank you.........Thank you for coming ....Thank you '' ဟု Thank you ဆိုသောစကားလုံးကို အလကားရတိုင်းဖေါဖေါသီသီသုံးကာပြန်ပြောရင် အပြုံးပန်းတွေ မျက်နှာပေါ်တွင်အထင်းသား။
ပါးစပ်ကြီးမှာလဲ နားရွက်တက်ချိတ်၇တော့မလား ထင်ရသည်။
ကိုကြပ်မှ ဆက်ပီး......
''ဲ့ ကမ္ဘာအရပ်ရပ်က နိုင်ငံပေါင်းစုံက ပညာရှင်တွေ အခုလို တက်ရောက်ချီးမြှင့်ကြတဲ့အတွက် ကျနော့်မှာ အတိုင်းမသိ ၀မ်းသာရပါတယ်။
ကျနော်တို့ဘာတွေလုပ်တယ်........ကမ္ဘာကြီးကို ဘယ်လိုကိုင်ဆွဲလှုပ်ရမ်းပီး နည်းပညာမှာပြောင်းလဲခဲ့တယ်ဆိုတာ ပြောနေစရာလိုမယ်မထင်ပါဘူး။
ဒီနေ့ ကျနော်ပွဲထုတ်ပြသမိတ်ဆက်ပေးမှာကတော့ ကျနော်တို့ကုမ္ပဏီထုတ် လက်ကိုင်ဖုန်းနဲ့ Mini Computer လို့ခေါ်တဲ့ ကွန်ပြူတာအသေးစားလေးတွေဘဲဖြစ်ပါတယ်။
ဒါပေမဲ့ ဘာတွေနည်းပညာအသစ်တွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားသလဲဆိုတာ တင်ဆက်သွားပါမယ်။''
ကိုကြပ်မှာပြောရင် ထောင့်တနေရာရှိ စားပွဲပေါ်တွင်တင်ထားသော ပစ္စည်းအချို့မှ တခုကို ကောက်ယူလိုက်သည်။
ထို့နောက်လက်ကကိုင်ပြရင်း......
'' ဒါလေးကတော့ လက်ကိုင်ဖုန်းပါ။ ဒီအတိုင်းကြည့်ရင်တော့ ဘာမှ မထူးဆန်းပါဘူး။ ဒါပေမဲ့ တကယ်ကိုမယုံနိုင်စရာကောင်းတဲ့ နည်းပညာတွေနဲ့ပေါင်းစပ်ထားတယ်ဆိုတာတော့
ယုံမှားသံသယ ရှိကြမယ်ထင်ပါတယ်။ကျနော်လက်တွေ့ ပြသရင်း ရှင်းလင်းပေးပါမယ်''
ထို့နောက် ကိုကြပ်က ဖုန်းက လက်ကကိုင်ရင်း power button လေးကိုနှိပ်ပီး တဆက်ထဲ
''Fucking unlock'' ဟု ရေရွက်လိုက်သည်။ ထိုအချိန်တွင် ဖုန်းမှာ အလိုအလျောက် ပွင့်သွားသည်။
ပိတ်သတ်ထံမှလဲ အံသြသော ရေရွတ်သံတွေထွက်လာသည်။
ဟင်.......အို........အိုးမိုင်ဂေါ့ဒ်.........
wowww what the fucking great
စသည်ဖြင့် အသံတွေအမျိုးမျိုးထွက်လာကြကုန်သည်။
အောင်မြင်သော မျက်နှာအမူအရာဖြင့် ကိုကြပ်မှ ဆက်ပီး
'' အခုဆိုရင် ဒီဖုန်းဟာ သုံးဘို့အဆင်သင့်ဖြစ်နေပီဆိုတာ အထူးပြောဖွယ်မလိုပါဘူး။ ဟုတ်ပီ အရင်ဆုံးဒီဖုန်းရဲ့ ဖွဲ့စည်းပုံတွေကို အရင်လေ့လာကြည့်ရအောင်။
ကျနော်တို့ဖုန်းရဲ့ အထူက 6.52 MM ရှိပီးတော့ အလေးချိန်ကတော့ 106 gram လေးပါတယ်။ Display ဆိုဒ်က 4.3 '' ဖြစ်ပီး Full HD 1600x 900 Pixels ပါ။
Processor ကတော့ Bar Nyar Company က ထုတ်လုပ်ထားတဲ့  Quad Core 2.2 GHz ဖြစ်ပါတယ်။ 2GB Ram ဖြစ်ပီးတော့ storage ကတော့ 32 GB နှင့် 64 Gb ဆိုပီး ၂ မျိုးထုတ်ပါမယ်။ rear camera ကတော့ 3 MP HD နဲ့ record လုပ်ပါမယ်။ front cam ကတော့ 4 MP 1080p ဖြစ်ပါတယ်။
USB က 3.0 ဖြစ်ပီး CDMA ရော GSM ပါ ၂ မျိုးလုံးသုံးနိုင်တဲ့ Dual Mode နဲ့ထုတ်လုပ်ပေးထားပါတယ်။ ''
ပိတ်သတ်ထံမှ လက်ခုပ်သံတွေထပ်မံ ထွက်ပေါ်လို့လာပါသည်။
''ရွှီး ဖြောင်း ဖြောင်း.....''
'' ဒါမှ တို့ကိုကြီး ကွ....ဖြောင်းဖြောင်း....''

ကိုကြပ်လဲ ပိတ်သတ်ထံမှ လက်ခုပ်သံကိုစောင့်ရင်း ရေတငုံ ၂ ငုံသောက်စရှိသေးတယ် ပိတ်သတ်ထံမှ အော်သံကြောင့် သီးသလိုဖြစ်သွားသေးသည်။
'' ဒါမှ ကိုကိုကြပ် ကိုကိုရေ မီးစောင့်နေမယ်နော် ငုတ်နဲ့.......''
ကိုကြပ်ထိုအသံကိုကြားလိုက်ရတော့ တွန့်လဲတွန့်သွားသည်။ ပိတ်သတ်ထဲက ဘူပြောတာလဲဆိုပီး ရှာကြည့်သေးသည်။မတွေ့....။ ??? ??? ??? ???
အဲဒီနောက် ဟန်ကိုဆက်ထိန်းရင်းပြောရသည်။ သူ့မှာပြောသာပြောနေတာ။ စိတ်ထဲမှာတော့ ငုတ်နဲ့ဆောင့်မယ် ဆိုတဲ့ ကောင်မလေးအသံကို နားထဲကစွဲနေသည်။
စိတ်ထဲကလဲတွေးနေမိသည်။ ငုတ်နဲ့ ဘယ်လိုပုံစံဖြင့် ဘယ်နေရာကို ဆောင့်မလဲ ဆိုပီးတော့ပေါ့လေ......။
ဒါပေမဲ့..............
+18
« Last Edit: September 29, 2011, 09:53:21 AM by Seeker »

tatkyatgyi

  • Guest
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #16 on: September 29, 2011, 11:50:15 PM »
ကိုစိကာ လုပ်မှတော့ အနည်းဆုံး ဒူရယ်ကွပ်ကိုးလောက်နဲ့ or Dual 16th core and 1 TB  ဝမ်းတီဘီ ဟိုက်ဒရိုက်လောက်ထည့်ပစ်လိုက်ပါလားဖုန်းထဲမှာ၊ဟီးဟီး
+1

Offline ဖေဇော်ဂျီ

  • ကောလိပ်ဂျင်
  • ****
  • Posts: 255
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Don't Be Silly...Put a Condom on ur Willy~~
  • Respect: +3090
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #17 on: September 30, 2011, 01:00:57 AM »
(click to show/hide)

Quality Control ဆိုလို့ ရုံးမှာရှိတယ့် သူယောင်မယ်လေးတွေရဲ့  Quality ကို Control လုပ်ပေးရမှာလား ကိုစီကာကြီးရ? အဟီး  8) 8)
0

Offline Seeker

  • Founders
  • *****
  • Posts: 432
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +2065
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #18 on: October 01, 2011, 03:26:54 AM »
Quote
ကိုစိကာ လုပ်မှတော့ အနည်းဆုံး ဒူရယ်ကွပ်ကိုးလောက်နဲ့ or Dual 16th core and 1 TB  ဝမ်းတီဘီ ဟိုက်ဒရိုက်လောက်ထည့်ပစ်လိုက်ပါလားဖုန်းထဲမှာ၊ဟီးဟီး
ကိုကြပ် အဲဒါက နောက် ဂျနေရေးရှင်းမှ ထုတ်တော့မလားလို့  ;D ;D ;D ;D ;D အရမ်းဆောလွန်းနေရင် Apple နဲ့ Samsung တို့က မနာလိုဖြစ်နေမှာစိုးလို့ပါ ဟီး  ဟီး

Quote
Quality Control ဆိုလို့ ရုံးမှာရှိတယ့် သူယောင်မယ်လေးတွေရဲ့  Quality ကို Control လုပ်ပေးရမှာလား ကိုစီကာကြီးရ? အဟီး 
အင်း.....အဲဒါလဲမဆိုးဘူးဘဲ ကောင်းသားဘဲ  ;D ;D ;D ;D

ကဲလာပီ နောက်တပိုဒ်

ဒါပေမဲ့ စိတ်ကိုပြန်ထည့်ပီး လုပ်သင့်တာကိုဆက်လုပ်ဘို့ ကိုယ့်ကိုကိုယ်အမိန့်ပေးလိုက်ပါတယ်။
'' နောက်တခု ထူးဆန်းတဲ့အရာကိုထပ်ပြောရရင် ဒီဖုန်းရဲ့ Display Glass ကို သာမာန် မှန်နဲ့လုပ်ထားတာမဟုတ်ပါဘူး။ သူ့ရဲ့ မှန်ကို Lockheed Martin Company ကနေမှာထားတာပါ။တနည်းပြောရရင် F35 JSF တိုက်လေယာဉ်တွေမှာသုံးတဲ့မှန်ကို ဒီဖုံးအတွက် အသုံးပြုထားခြင်းပါ။
 ပီးတော့ ဖုန်းရဲ့ ဘော်ဒီအတွက် titanium နဲ့ သတ္တုတမျိုးရောစပ်ပီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ပေါ့ပါးပီး ခိုင်ခံ့တဲ့ ဖုန်းလို့ပြောလို့ရပါတယ်။
အဲဒီတော့ ဖုန်းလွတ်ကျရာမှာဖြစ်ဖြစ် ခဲနဲ့ထုတာဖြစ်ဖြစ် ခံနိုင်ရည် မာကျောတဲ့ဖုန်းပါ။ မာကျောပေမဲ့ အလေးချိန်ကတော့ ကျနော် စောစောကပြောတဲ့အတိုင်း 106g ပဲ ရှိပါတယ်။
ဒါတွေကတော့ အပြင် hardware နဲ့သက်ဆိုင်တဲ့ information ပါ။ ''
ပိတ်သတ်ထံမှ ထပ်မံပီး လက်ခုပ်သံတွေဆက်လက်ပီး ပေါ်ထွက်လို့လာပြန်ပါသည်။
ဖြောင်း ဖြောင်း ဖြောင်း.....

တချို့ကလဲ ကိုကြပ်အသံကိုရေရွတ်ပီး သြဘာပေးကြသည်။
ကိုကြပ်, WOWW man,,,,, 

''တို့ကိုကိုကြပ်.....ကိုရေ အဲဒါမီးအော်လိုက်တာ......''
ဖြောင်း ဖြောင်း ဖြောင်း.....

ဒီအသံထပ်ကြားရပြန်ပီ။ ညောင်နာနာအသံလေးကြားလိုက်ရတော့ စိတ်ထဲဘာရယ်မဟုတ် ဟိုလိုလိုဒီလိုလိုတွေးမိသွားသည်။
ကုတင်ပေါ်ရောက်ရင် အော်တဲ့အသံက ဘယ်လိုများနေမလဲ ဆိုပီးတော့ပေါ့လေ......။
ဟယ်.....မဖြစ်သေးပါဘူး အောက်မှာလဲကမ္ဘာအရပ်ရပ်က ပညာရှင်တွေ ရှိနေတယ်ဆိုပီး ကိုယ့်ကိုကိုယ်ပြန်ထိန်းပီးပွဲကို ဆက်ပီး သွားစေလိုက်ပါတယ်။
'' ဟုတ်ပီ ဖုန်းရဲ့အကြမ်းဖျင်း အပြင်ဘက် ကအခြေအနေတွေကို ပြောပြထားပီးပီဆိုတော့ သိသင့်သလောက်တော့ သိလောက်ပီလို့ထင်ပါတယ်။
နောက်တခု ထပ်ပီး ပြောပြချင်တာကတော့ ဖုန်းရဲ့အရေးကြီးတဲ့အချက်တွေထဲမှာ တချက်အပါအ၀င်ဖြစ်တဲ့ Battery Life ပါ။
အခု ကျနော်တို့ ဖုန်းရဲ့ battery က တခြားဖုန်းတွေနဲ့မတူတဲ့ နည်းပညာနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ Battery ပါ။ ဘယ်လို နည်းပညာတွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားသလဲ ဆိုတာ
ပညာရှင် Mr. Zaw Ye' ကိုဖိတ်ခေါ်ပါတယ်။ Mr. Zaw Ye'  ကျေးဇူးပြုရ်ျ စင်ပေါ်ကို ကြွခဲ့ပါရန်ဖိတ်ခေါ်ပါတယ်။''
 
အဲဒလိုပြောလိုက်တာနဲ့ အောက်မှ လက်ခုပ်တွေနဲ့အတူ ကိုဇော်ရဲ စင်ပေါ်သို့ ကားရားကားရား နဲ့တက်လာပါတယ်။
စင်ပေါ်ရောက်တာနဲ့
''Hello everybody, Today is my fucking lucky day'' လို့ပြောလိုက်တာနဲ့ အောက် ကလက်ခုပ်သံတွေ မစဲတော့။ တဖြောင်းဖြောင်းနဲ့ကိုတီးနေတော့သည်။
'' ကျနော် အနေနဲ့ ကိုယ်တာဝန်ယူထားတဲ့အပိုင်းထဲက တစိတ်တပိုင်းကို ရှင်းပြသွားမှာပါ။ ခင်ဗျားတိုသိတဲ့အတိုင်းဘဲ။ သာမာန် လက်ကိုင်ဖုန်းတွေရဲ့ battery တွေဟာ
တခါတရံ သုံးစွဲသူတွေကို စိတ်အနှောင့်အယှက်ပေးတက်ကြပါတယ်။ အဲဒီလိုမျိုးမဖြစ်အောင် ကျနော်တို့ရဲ့ MicroShit က ထုတ်တဲ့ လက်ကိုင်ဖုန်းရဲ့ battery နည်းပညာကို
နောက်ဆုံးစမ်းသပ်တွေ့ရှိထားတဲ့ နည်းပညာတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဘယ်လိုလဲဆိုတော့ သာမာန်လက်ကိုင်ဖုန်းတွေမှာသုံးတဲ့ battery  တွေက ဆဲလ်(စ်)
တွေဟာ သေဆုံးသွားကြသလို ပျောက်ကွယ်တက်ကြပါတယ်။အဲဒါကတော့ အခုလက်ရှိသုံးနေတဲ့ battery  တိုင်းမှာ အဲဒလိုဖြစ်ကြပါတယ်။ အဲဒီလိုမဖြစ်အောင် ကျနော်တို့က
 သေဆုံးပျောက်ကွယ်သွားကြတဲ့ ဆဲလ်(စ်) တွေရဲ့ နေရာမှာ ဆဲလ်(စ်)တွေအသစ်ထပ်မံ ပေါက်ဖွားစေပါတယ်။ နားလည်အောင်ပြောရရင် ကျနော်တို့ သက်ရှိ သတ္တ၀ါလူသားတွေ
သေဆုံးပေမဲ့ လူသားတွေမိတ်လိုက်ပီးပြန်လည်မွေးဖွားကြသလို အခု ပျောက်ကွယ်သွားတဲ့ ဆဲလ်(စ်) အသစ်တွေက ပြန်လည် နေရာယူစေပါတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ ဖုန်းရဲ့ battery ဟာ ပထမဆုံးသောနည်းပညာထဲက တခုဖြစ်ပါတယ်။ နောက်တစ်ခုက battery ကိုအားသွင်းတဲ့စနစ်ပါ။
ကျနော်တို့ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် သာမာန်မျက်စိနဲ့မမြင်နိုင်တဲ့ သံလိုက်စွမ်းအင်တွေ ပီးတော့ လေလှိုင်းထဲက radio  frequency wave တွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်။ အဲဒီတော့ ကျနော်တို့က အဲဒီသံလိုက်စွမ်းအင်တွေ ရေဒီယိုလှိုင်းတွေကို ပြန်လည်အသုံးချစေပီးတော့ battery ထဲကို အလိုအလျောက်စီးဝင်စေပါတယ်။ အဲဒလိုစီးဝင်တဲ့အခါမှာ battery ရဲ့ ပါဝါ လိုအပ်ချက်ကို တခါတည်းဖြည့်တင်းပေးပီး အလုပ်လုပ်စေပါတယ်။ အဲဒီလိုလျှို့ဝှက်နည်းပညာနဲ့ပေါင်းစပ်ဖွဲ့စည်းတည်ဆောက်ထားပါတယ်။
ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ ယနေ့ ကမ္ဘာမှာ ခေတ်စားနေတဲ့ ဆိုလာ စစ်စတမ် ဆိုတာကြားဘူးမှာပါ။ သူ့ရဲ့အလုပ်လုပ်ဆောင်ပုံတွေကို သိပီးသားဖြစ်တဲ့အတွက် ရှင်းမပြတော့ပါဘူး။ ဒါပေမဲ ကျနော်တို့ဖုန်းရဲ့ ပါဝါလိုအပ်ချက်ကိုတော ဆိုလာ ရဲ့ဆန့်ကျင်ဘက် ဆိုပြန် နည်းပညာနဲ့ ထပ်မံဖွဲ့စည်းတည်ဆောက်ထားပါတယ်။
ဆိုပြန် ကဘယ်လိုအလုပ်လုပ်သလဲ ဆိုတော့...........................................









+13

Offline Bagyitoke

  • ပထမနှစ်
  • *
  • Posts: 7
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +147
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #19 on: October 25, 2011, 02:18:26 AM »
ကျောင်းတော်သားလေး ဘဂျီးတုပ်


ကျောင်းထဲ ချေပြန်ချမိတဲ့ ဘဂျီးတုပ်တရောက် မယောင်မလည်နဲ့ ဟိုအခန်းဝင် ဒီအခန်းထွက် ဗဟုသုတရှာမှီးရန်အလို့ငှါ ခရီးဆန့်လေသည်

တနေရာအရောက်၌ လက်မောင်းမှာ လက်ပတ်အနီရောင်ပတ်ထားတဲ့ မျက်နှာပေါက်ဆိုးဆိုးနဲ့ ကျောင်းသားတရောက်က

" ဟေ့လူ !! ခင်ဗျားဘယ်ကလဲ?? ဒီအသက် ဒီ အရွယ်နဲ့တော့ ကျောင်းသားဟုတ်ဟန်မတူဘူး ပြောစမ်း မှန်မှန်"

ဘာမှတ်နေတုန်း ဒါအချစ်တက္ကသိုလ် ဗျ သာလာယံ ဇရပ်မဟုတ်ဘူး"

"ဟေလကွာ ငါ့ကို ပြောတာလားဟ?

"ခင်ဗျားကို မပြောလို့ ဘယ်သူကို ပြောမှာတုန်း ကျုပ်နဲ့ ခင် ဗျား ၂ ရောက်ထဲရှိတာ

"မသိပါဘူး မောင်ရာ  ငါလဲ ဒီနေရာ ဘာမှန်းမသိလို့ လူကြီး( အသက်ကြီးသူ) ပီပီ ဝင်စပ်စုတာပါကွယ်

"ကျုပ်တို့ကျောင်းက နယ်နယ်ရရ မဟုတ်ဘူးဗျ ခင်ဗျား အခုလို လမ်းသလားနေရင် မော်ကွန်းထိမ်းတို့ ဌာနမှူးတို့ အပတ်တရောင် လှဲ့ အဲ မှားလို့ ပတ်တရောင်လှဲ့လာရင် မြင်သွားလို့ကတော့ ကျုပ်တို့လုံခြုံရေး ညံ့တယ်ဆိုပီး လစာ အဖြတ်ခံနေရမှာ "

ဒီတော့ ဘဂျီးတုပ်လဲ သဘော ပေါက်လိုက်ပါတယ်

အင်း!! တို့ ပြည်က အာရကေ ခေတ် မပျောက်သေးဘူးလား ပျောက်ပီလား သိရအောင် စမ်းအုံးမှ လို့ စဉ်းစားမိပီး

ဓဒီလို လုပ်ကိုရင်ရာ အဘလဲ ဟိုငေးဒီငေး လို့ရအောင် ကိုရင့်ကို ဒီက အပြန် ကိုသာချို ဆိုင်မှာ လဘက်ရည်တိုက်မယ်လေ နော် ဟီးဟီး"
ဟဲဟဲ ကဘာပက်လာတဲ့ ဘတုပ်ဘဲ ဘယ်ခေပါ့မလဲ ဒီလောက်တော့

ဒီတော့မှ အနှီသကောင့်သားလဲ ဘေးဘီဝဲယာကြည့်ပီး ဘဂျီးတုပ်နားကပ်လာခါ

"အပြင်မထွက်ရဘူးလို့ မော်ကွန်းထိမ်းက မှာထားတယ် ဒီမှာ အဘိုးကြီး အခုဘဲပေးစရာရှိတာပေး " ဟုဆိုကာ လက်ဖြန့်လာ၍ဘဂျီး တုပ်လဲ အိပ်ထဲက ဆင်တကောင် ပေးလိုက်ပါတယ်

ကဲ အဘိုးကြီး အပြင်သွားမနေနဲ့ အရှေ့မှာ အခန်းလေးရှိတယ် တွေ့လား အဒီအခန်းထဲကိုဝင်လိုက် အဒီမှာ ခင်ဗျား ဘယ်မှာမှ ရှာဖွေမရတဲ့ အရာတွေကို တွေ့လိမ့်မယ် သွားသွား  ဟု ဆိုကာ ထိုအခန်းလေးထဲသို့ တွန်းပို့လေတော့သည်
အထဲရောက်ရင် ခင်ဗျားလို အဘိုးကြီးကို အားလုံးက ဝိုင်းပီး ဖေးမကူညီမှာပါ တခုတော့မှာလိုက်မယ် အခန်းထဲရောက်ရင် ဘယ်သူက ဘာလဲ အရင် လေ့လာ ပီးရင် ခင်ဗျားသိတာတွေ ဝင်ဆွေးနွေးလို့ရတယ် ဟုတ်ပီနော်
ခင်ဗျားကြီးက အသက်လဲကြီးပီဆိုတော့ လောက အတွေ့ကြုံတွေ များမှာဘဲ

ပြောရင်းက အခန်းတွင်းသို့ဝင် အူကြောင်ကြောင်နှင့် ဝင်လာလေရာ အခန်းထဲတွင်ကား စာသင်မည့်သူမလာသေး၍လော ဘာလော မသိ လက်ပံပင် ဆရက် ကျသည့်နှယ် ပွက်လောရိုက်နေလေတော့သည်

ကျောင်းသားကျောင်းသူ အသီးသီးကား မိမိတို့သန်ရာသန်ရာ အကြောင်းရာများကို သူ့ထက်ငါ အပြိုင်အဆိုင် ပြောဆိုနေကြပေသည်
တချို့မှာလဲ အခန်းထောင့်မှာ တရောက်ထဲ ခွေနေသူကနေ အချို့မှာလဲ ၂ ရောက်ထဲ ပြောနေသူကပြော အချို့မှာလဲ ဘယ်ကျောင်းသား ထမင်းဘူး လိုက်နှိုက်ရမလဲ ချောင်းသူက ချောင်း

အဲ အဲဒီမှာ ထူးသူးခြားခြား တွေ့ရတာကတော့ ကျောင်းသား ကျောင်းသူတွေဟာ  လူငယ်တွေဖြစ်တာကြောင့် ထင်ပါသည် မိမိတို့ ရင်းနှီးရာအစုအစုလေးတွေနှင့် အုပ်စုဖွဲ့ဝိုင်းထိုင်ပီး ငြင်းခုံပြောဆိုနေကြသည်

ဤမြင်ကွင်းကား တချိန်က ကျောင်းတော်သားဘဂျီးတုပ် အဖို့ ငယ်ဘဝကို ပင် လွမ်းဆွတ်သတိရ စေတော့သည်

ဟဲ့!!!နီက ဘာဖြစ်လို့လဲ----------ပျင်းထှာဟယ် တိုတိုရယ်!!!!

ဟု အသံလေးစာစာ စာစာကိုကြားရတော့ အနှီဘဂျီးတုပ် လှည့်ကြည့်လိုက်ရာ

အခန်းထောင့် မှာ ဆံပင်ဂုတ်ဝဲနှင့် ကောင်မလေးတရောက်  ကောင်လေးတရောက်နှင့်အလွမ်းသယ်နေလေ၏
မကြာခင်ဘဲ အနှီစုံတွဲနားသို့ အပေါင်းသင်းရောင်းရင်းတွေရောက်ရှိလာပီး အာထု ကြပါလေသည်

သူတို့အုပ်စုကား အနှီအခန်းတွင်းတွင် လိုင်စင်ရ အရက်ဖြူဆိုင်ကဲ့သို့ပင် စည်ကားသိုက်မြိုက်စွာ အော်ဟစ်ငြင်းခုံနေကြရာ အခန်းထောင့်တွင် ညိမ်သက်စွာ ဘိမ်းမှိန်းမှိန်းနေသော စာရေးဆြာ ချမ်းကိုမှာ သူ့နတ်ပြည်ဘုံဘိတ်မာန်လေး ပျက်သွားမှာစိုး၍ အခန်းတွင်းမှ အပြေးတပိုင်းနှင့် ထွက်သွားလေသည်

ဘဂျီးတုပ်လဲ စကားပြောဖော်ရှာလေရာ ရှာမတွေ့လေတော့ နဘေးတွင်ရှိသော ကျောင်းသား တရောက်အား
"ဟိုင်း ကိုရင် မင်လာပါ အဘက ဘဂျီးတုပ်ပါကွယ် မောင်ရင်က ဘယ်အတန်းကတုန်း?
ဟုမေးရာ
"ကျွန်တော်က  သီးစစ် ရေးဖို့  ဂုဏ်ထူးတန်းတက်နေတဲ့ အာဗျဲပါ  ဗျာ နို့ အဘ က အသက်လဲကြီးပီ ကျောင်းသားတော့ မဟုတ်တန်ဘူး ဟု ရည်ရည်မွန်မွန်ပင် စကားလက်ဆုံပြောလေသည်
အေးကွ အဘက မောင်ရင်တို့အရွယ်ကတော့ ကျောင်းသားပေါ့လေ

အဘ ဒီမှာ အသိအကျွမ်းတွေ ဘာတွေမရှိဘူးလား အဘဝင်လာထဲက ကျွန်တော်ကြည့်နေတာ ဘယ်သူနဲ့မှလဲ စကားမပြောဘူး ဟိုလူကြည့် ဒီလူကြည့်နဲ့

အိမ်း ပြောရရင်လဲ အဘ ဒီအခန်းထဲကို ကျောင်းဝက လက်ပက်အနီနဲ့ ရုပ်ဆိုးဆိုးကောင်လေးကို အာရကေ ပေးပီးဝင်လာတာဟ ဟီးဟီး သူကတော့ပြောလိုက်သား အထဲရောက်ရင် မီးစင်သာကြည့် က တဲ့ ဒီတော့ ကိုတွေက ဘာများထူးပီး ပြောရမှာလဲကွာ "
 
ဟာ!! ဘယ် ဟုတ်မလဲ ဘဂျီးရ ကိုနဲ့ရင်းနှီးမှူရအောင် စကားလေးဘာလေးလိုက်ပြောလေဗျာ ဘဂျီးမှ စပီးမပြောရင် ဘယ်သူက လာပြောမှာတုန်းဗျ
"
"အင်း ကိုရင်အာဗျဲပြောတာလဲ ဟုတ်တန်သလောက်တော့ ဟုတ်ပါတယ်လေ သို့ပေမဲ့ ကိုရင်တောင် ဘယ်သူနဲ့မှ မပြောဘဲ ဒီမှာလာထိုင်နေတာဘာလို့တုန်း    လို့ မေးလိုက်တို့

အာဗျဲခမျှာ သွားဖြီးလေးနဲ့

အဘရယ် ကျုပ်လဲ ဟီးဟီး ဘောင်မဝင်လို့ပေါ့ဗျာတဲ့

အင်း!!! ဘောင်?  ဘောင်? အတော်လဲခက်တာဘဲနော် ဒီဘောင်ဆိုတာတွေ စည်းဆိုတာတွေ က လူတစုကသတ်မှတ်တာလား အဲဒီလူတစုနဲ့ သဟဇာတမဖြစ်တဲ့သူ ကဘဲ မှားနေလား စဉ်းစားရင်းက ဘဂျီးတုပ်လဲ လေးကန်သော ခြေလှမ်းများနဲ့ အနှီအခန်းအတွင်းမှနေ၍ ကျောင်းတွင်းမှ ဒေါက်တာဆိုက်ကို အခန်းသို့ အဖြေရှာရန် ထွက်လာခဲ့လတော့သည်

+19

Tags: