စင်္ကြပြုံး တစ်ယောက် နဂျေပေးသောဒုက္ခများကို ဦးနှောက်ဆေးသောအားဖြင့် မာလာဆောင်နောက်ဖက်သို့ တစ်ယောက်တည်း ထွက်ခဲ့ရာ
ကိုယ့်ထက်အရင် ဦးနှောက်ဆေးနေသော ကျောင်းသားဇော်ရဲနှင့်တွေ့နေသဖြင့် နေရာလုခဲ့ရသေးပြန်သည်။
ညနေလောက်ထိ ဦးနှောက်ဆေးပြီးသကာလ ကျောင်းထဲထားခဲ့သော ကောင်မလေးများကို ပြန်ခေါ်ရန် ၀င်ခဲ့ချေတမုံ့။
ကျောင်းထဲအရောက်တွင် လောင်းကုတ်ကြီး တစ်ကားကား လည်ပင်းပတ်ထားသော မာဖလာနှင့် ချွေးများကို သုတ်နေကာ
တစ်စုံတစ်ယောက်ကို အပြေးအလွှားရှာနေသာ နဂျေကို တွေ့လိုက်သည်။ နဂျေ သည်လည်း စင်္ကြပြုံးကို တွေ့သွားပြီ
နဂျေ မျက်နှာဖြစ်သွားသည်က
တုံးလုံးချွတ်ကာ ရယ်ဒီဖြစ်နေသော ကောင်မလေးကို စပရိတ်မွေ့ရာအကောင်းစားကြီးပေါ်ဝယ် သူ့အား လက်ယပ်ခေါ်နေသည်ကို
တွေ့လိုက်သော မျက်နှာမျိုး
ပြေးလာသည် စင်္ကြာပြုံးထံ နဂျေ အ၀တ်အစားများချွတ်ကာပြေးလာသည်။ စင်္ကြာပြုံးလဲ နဂျေမျက်နှာကို အဓိပါယ် ဖော်တတ်သွားပြီးသကာလ
ထိုင်ပဲ ထိုင်ချရမလို အနောက်ဘက် အုတ်နံရံကိုပဲ ကျောပြေးကပ်ရမလို၊ ဖင်ပိတ်ပြီးပဲ ပြေးရမလိုလို ဖြစ်သွားသည်
သို့သော် ဘာမှ မလုပ်ရပါ..... နဂျေလဲ သူ့ကို ဘာမှ မလုပ်ပါ
နဂျေ -- ဦးလေးကြီး လာ အင်တာဗျူးကြမယ် ကျုပ်ဖြေမယ် လာ လာ အချိန်မရှိဘူး ဒီအချိန် နေညိုပြီး ခဏနေရင် လေပြိုတော့မယ်
ပြောချင်တာတွေ ရှိတယ် မြန်မြန်မေး မေးရမှာက ညီလေး ခုဘာဖြစ်နေလဲ တစ်ခွန်းတည်း
ပြုံး -- အေးအေး ညီလေး ခုဘာဖြစ်နေလဲ (ညီဂျော် မှ လင်းဇာနည်ဇော်ကို မေးသည့်အသံဖြင့်)
နဂျေ -- ကျွန်တော် ခု ဘာလုပ်လဲ သိလား တစ်နေကုန် ကျောင်းထဲ လျှောက်သွားပြီး ထောက်လှမ်းနေတာဗျ...
ပြုံး -- ဘာတွေ ထောက်လှမ်းတာတုန်း ကောင်မလေးတွေကို အနောက်ကနေ ထောက်တာလား
နဂျေ -- ဘာဗျ ပြောတာ နားထောင်စမ်းပါ.... တစ်နေကုန် သွားထောက်လှမ်းလာတော့ ဘာသိလာရလဲ ဆိုတော့
ကျောင်းသားတွေ ပျင်းနေကြတယ်ဗျ ... ပျင်းနေကြတယ်
ပျင်းနေတယ်ဆိုတာက စာပဲ သင်နေကြတယ် စာပဲ ဖတ်နေကြတယ် စာကျတော့ လိုက်မရေးကြဘူး
ဖတ်စာအုပ်ထဲက စာကိုပဲ အခန့်သား ထိုင်ဖတ်နေကြတယ်ဗျာ
ပြုံး -- ကျောင်းသားဆိုတာ စာဖတ် စာကျက်ရမယ် ဒါပဲမဟုတ်လား
နဂျေ -- ဘယ်ဟုတ်မလဲဗျ... ဒါးဆိုတာ သွေးရတယ် သွေးမှ ထက်မှ သူ့အတိုင်းထားရင် တုံးတတ်တယ်လေ ဒါတောင်မသိဘူးလား
ကျောင်းသားဆိုတာ စာဖတ်၊ စာကျက်ယု့တင်မဟုတ်ဘူး ကိုယ့်ကိုယ်ကို လဲ ထက်မြက်လာအောင် သွေးရမယ်
ပြုံး -- ဟာ ဟုတ်သဟ
နဂျေ -- ဟုတ်ရမယ်လေ နောက်ပြီး ဌာနတွေ လိုက်ကြည့်တော့လဲ ဘာတွေတွေ့လဲ ခင်ညားသိလား
ပြုံး -- မသိဘူးလေ
နဂျေ -- အဲ့ဒါပဲ အဲ့ဒါပဲ ခင်ညားတို့က လူကြီးလုပ်ပြီး လေ့လာပါ သင်ယူပါ ဆည်းပူးပါဆိုတာကို ခွေးပူးတာတို့ လူပူးတာတို့ပဲ လိုက်ကြည့်နေတာကိုး
(ဦးလေးပြုံး စိတ်မဆိုးပါနဲ့ခင်ဗျ သရော်စာဆိုတော့ နည်းနည်း လေးလေးပင်ပင်လေး ထည့်ထားတာပါ

)
ပြုံး -- တိန် ခွပ်သဟ
နဂျေ -- ဌာနတွေ လိုက်ကြည့်တော့ တောက်ပြောင်တာဆိုလို့ လိင်မှုရေးရာ ဌာနလောက်ပဲ ရှိတာကလားဗျ
ခုံတွေဆို ညီလို့.... ကြမ်းခင်းတွေဆိုပြောင်လို့.... မှန်တွေ ဆိုလက်လို့ ဗျာ... ဖိတ်ဖိတ်ကို လက်နေတာပဲ ဖုန်ဆိုတာ ဘယ်ပြတိုက်မှာ
သွားရှာရမလဲတောင်မသိဘူး
ပြုံး -- အဲ့ဒါမကောင်းဘူးလား ညီလေး
နဂျေ -- စကားဆုံးအောင် နားထောင်လေ ကျန်တဲ့ဌာနတွေကျတော့ မှောင်မည်းပြီး ဖုန်တထောင်းထောင်းနဲ့ ဌာနမှူးတွေကလဲ
ငုတ်တုတ်လေးတွေ ထိုင်ပြီး ထိုင်ခုံ အစုတ်မှာ စာထိုင်ရေးနေလိုက်တာများ ကျလဲ ကျပါပေ့ဗျာ
ဒါ ကောင်းသလားဗျ... ဌာနဆို ဌာနတွေအားလုံး လူစည်ရမယ်လေ ခုတော့ သမိုင်း ဌာနမှာဆိုလဲ ကျောင်းသားလေး ဂိဂိ
(ပြောရတာတောင်မကောင်းဘူး ကျုပ်ကောင်မလေး လုသွားတာ) တစ်ယောက်တည်း တစ်ကုပ်ကုပ်နဲ့ ကျောက်စာလေးထွင်းလိုက်
သမိုင်းကြောင်းလေး လှန်လိုက်နဲ့၊ ကျန်းမာရေးဌာနမှာလဲ ဆရာဝန်တွေ သုံးယောက်လား ချောက်တီးချောက်ချက်နဲ့
ကျန်းမာရေးအကြောင်းလေးပဲ ပြောနေတာ တွေ့ခဲ့တယ် ကျောင်းသားရယ်လို့လဲ လောက်လောက်လားလား မတွေ့ခဲ့ပေါင်ဗျာ
ပြုံး -- အဲ့ဒါ အဲ့ဒါက
နဂျေ -- တော် တန် တိတ် ကျုပ်ပြောတာနားထောင်... ကျုပ်စိတ်ဓါတ်တွေ ကျနေတာဗျ ဌာနတိုင်းလူစည်အောင် ကျောင်းသားတွေ ကြိုးစားသင့်
တယ်ဗျ... ကျောင်းသားတွေ စာရေးသင့်တယ် ။။ စာချည်းပဲ ဖတ်နေလို့ မပြီးဘူးဗျ... ခင်ညားသိလား
ပြုံး -- အဲ့ဒါ အူးလေးနဲ့ ဘာဆိုင်လို့လဲကွယ်
နဂျေ -- ဟာ ကျုပ်က ပြောချင်လို့ ပြောတယ်မှတ်နေလား... ခင်ညားကို ခြေထောက်အညောင်းခံ ပြီး လိုက်ရှာနေတယ် ထင်လို့လား
ခင်ညားပြောတော့ naked channel စီအီးအိုဆို ခင်ညား ချန်နယ်မှာ ကောင်မလေးတွေ တုံးလုံးလေးတွေ ချွတ်ပြီး
ဒါကို ဘရိတ်ကင်းနယူး တင်ပေါ့ဗျ ကျောင်းသားတွေ ကြည့်မိပြီး စာရေးရင် ကောင်းတာပေါ့
ဘာမှမသိဘူး ဒီလူကြီး ဖွတ်.... တော်ပြီ လေကုန်တယ် မောတယ် လေပြိုတယ် အရက်သွားသောက်တော့မယ်