Author Topic: ဟာသဥာဏ်စမ်း အမေး/အဖြေ  (Read 143900 times)

0 Members and 2 Guests are viewing this topic.

Offline zero0

  • ကျောင်းသားကြီး
  • **
  • Posts: 201
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +870
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #40 on: April 01, 2011, 08:36:38 AM »
မှောင်မိုက်မှာမီးမှိုတ်မှမိုက်မိုက်မဲမောင်မေးမယ်  မြမြင့် မရ်မျှော်မိမှ မောင်မောင့် မှာမြန်မြန်မောမှာမို့ မောင်မေးမယ်မေ
---------------------------------------------------------မြမြမိုးမြန်မြန်မောမှ-------------------------------မူးမှာမို့ မောင်မုန်းမယ်မေ
--------------------------------(လွမ်းမိုးရဲ့ သီချင်းစာသားလေးပါ) :-X[/sup][/color]

ကိုthoesaung
   အရမ်းတော်ပါတယ် ... အများဆုံးနဲ့ အမှန်ဆုံးပါပဲ ... ဒီ့ထက်များနိုင်တဲ့ စာကြောင်း/စာလုံး အရေအတွက်က မရှိနိုင်တော့ပါဘူးဗျာ ...
   မှောင်မဲမှာ မီးမှိတ်မှ မိုက်မိုက်မဲ မောင်မေးမယ် ... မောင်မောင်မှာ မြန်မြန်မော့မှာ .. မောင်မောင်မှာ မြန်မြန်မူးမှမို့ မောင်မူးမယ်မေ ...
   မြမြင့်မိုရ် မျှော်မိမှ . မှားမိမှန်း . မောင်မှတ်မယ် ... မောင်မောင်မှာ မြန်မြန်မူးမှ .. မောင်မောင်မှာ မြန်မြန်မေ့မှာမို့ ... မောင်မူးမယ် မေ ...
   အားလုံးပဲ ဒီအဖြေလေးကို ကျေနပ်နိုင်ပါစေကြောင်း .....
                                                                                  မောင်သုံည
+1

Offline ဒေါက်တာအီဂို

  • ကောလိပ်ဂျင်
  • ****
  • Posts: 283
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3311
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #41 on: April 01, 2011, 07:53:00 PM »
ဘာညာပြည့်ရှင် သိုးမင်းကြီး။        ။ ဟယ်...ငါကိုယ်တော်ရဲ့ သမီးတော် မာယာ သမီးပျိုအတွက် သတို့သားလောင်းရှာဖို့ ထုတ်ပြန်ထားတယ့် မေးခွန်း အတွက် ဖြေသူမရှိသေးပါကလား။
သမိုင်းမြို့စား မောင်ရှင်ဂိ။      ။ မှန်လှပါ။ အရှင်မင်းမြတ်၏ သမီးကညာကို အလိုရှိကြပါသော်လည်း မစင်စားလိုသည့် မင်းသားတစ်ဦးတစ်ယောက်မှ မပေါ်ပေါက်သေးပါ့ဘုရား။
ဘာညာပြည့်ရှင် သိုးမင်းကြီး။        ။ ခက်လိုက်လေ။ အမှန်က ငါကိုယ်တော်အနေနဲ့ သားမက်တော် ရှာဖို့ထက် မစင်အရသာကို မည်သို့ရှိမည်ကို လွန်စွာမှ စိတ်ဝင်စားတော်မူသောကြောင့် အမေးပုစ္စာ ထွင်လိုက်ရတာ ဖြစ်ပေတယ် မောင်းမင်းတို့။  ဒါကြောင့် ဘယ်သူမှ မဖြေရင် မင်းတို့ဖြေရမယ်။ ကဲ ငါ၏ကျန်းမာရေးကို အပ်နှင်းထားရလောက်အောင် ပညာပြည့်ဝလှသောနန်းတွင်းသမားတော်ကြီး သီဟကျော်စွာ လမ်းမတော်သား။ နင်ဖြေလေ။
နန်းတွင်းသမားတော်ကြီး သီဟကျော်စွာ လမ်းမတော်သား။      ။ မှန်လှပါ။ ကျွန်တော်မျိုး၏ လျှာသည် အရှင်မင်းကြီးအတွက် ဆေးဖျော်စဉ် ဆေးမြည်းရာမှ အပူလောင်သွားပါသဖြင့် ဖြေဆိုနိုင်မည် မဟုတ်ကြောင်းပါ ဘုရား။ (ဟဲ ဟဲ ဘာရလိမ့်မလဲ။ ငါကွ။)
ဘာညာပြည့်ရှင် သိုးမင်းကြီး။        ။ မောင်မင်းအနေနဲ့ အရသာ မခံနိုင်မှတော့ ဟင်းကောင်းကျွေးလည်း မဖတ်မတင် ဖြစ်တော့မယ်။ ကဲ သမားတော်ကြီးအား သည်ရက်သတ္တပတ်လုံး ဆန်ကြမ်းကို ရေစမ်း၍ ကျွေးစေ။ (မှတ်ထား။ လူလည်ကျဦး။)
နန်းတွင်းသမားတော်ကြီး သီဟကျော်စွာ လမ်းမတော်သား။    ။တိန်....
ဘာညာပြည့်ရှင် သိုးမင်းကြီး။       ။ကဲ ဒါဖြင့် သမိုင်းမြို့စား မောင်ရှင်ဂိကပဲ ဖြေစေ။
သမိုင်းမြို့စား မောင်ရှင်ဂိ။           ။ ကျွန်တော်မျိုးသည် စာကောင်းပေမွန်တို့ကို ဖတ်၍ ပညာရှိတို့ထုံး နှလုံးမူခဲ့ခြင်းကြောင့် အရှင်မင်းကြီး၏ သူကောင်းပြုခြင်းကို ခံရပါသည်။ သို့လင့်ကစား ပညာရှိတို့အား မခိုင်းအပ်သော မစင်အရသာအား မေးမြန်းတော်မူသည့် အရှင်မင်းကြီး၏ အမေးကို ဖြေမည့်အစား `အဆိပ်ချို´သောက်၍သာ သေလိုပါတော့သည် အရှင်ဘုရား။ (တယ်ကဗျာဆန်တယ့် ငါပါလားနော်...)
ဘာညာပြည့်ရှင် သိုးမင်းကြီး။    ။ကိုင်း...ကိုင်း။ ပြည့်စေ။ မောင်းမင်းတို့ အဆိပ်ချို ယူပေးလိုက်ကြပါကွယ်။
သမိုင်းမြို့စား မောင်ရှင်ဂိ။        ။ ဟိုက်ရှားဘား....မတော်ရာ လျှာရှည်မိပါပေါ့။ ဂစ်...၈စ်...
ဘာညာပြည့်ရှင် သိုးမင်းကြီး။       ။ကိုင်း စိတ်ပညာမြို့စား မောင်ဖရိုက်။ သင်ဖြေတော့လေ။
စိတ်ပညာမြို့စား မောင်ဖရိုက်။     ။ မှန်လှပါ....ချိုကြောင်းပါဘုရား။ (ဖောမှပဲ ဖြစ်မယ်။ ရှေ့လူတွေလိုတော့ အဖြစ်မခံနိုင်ဘူး။)
ဘာညာပြည့်ရှင် သိုးမင်းကြီး။    ။မယုံဘူးဟေ့။ သက်သေပြစမ်း မောင်မင်း။
စိတ်ပညာမြို့စား မောင်ဖရိုက်။    ။ မယုံရင် စစ်သူကြီး သီဟသူရ ကြပ်ကြီးကို မေးကြည့်ပါဘုရား။
ဘာညာပြည့်ရှင် သိုးမင်းကြီး။     ။ ဟုတ်လားဟေ့။ မောင်ကြပ်။
စစ်သူကြီး သီဟသူရ ကြပ်ကြီး။    ။ (လူယုတ်မာကြီး ငါ့ဆွဲထည့်ပြီ။) မှန်လှပါ။ စိတ်ပညာမြို့စား မောင်ဖရိုက် ပြောသည်မှာ အမှန် ဖြစ်ကြောင်းပါ။ တစ်ခါက မြို့စားမင်းသည် မဒမ်ဖရိုက် အိမ်သာမှ ပြန်လာပြီးနောက် ဘီဆိုဒ်ကို ဂျာခဲ့ကြောင်း နန်းတော်တစ်ခွင် လူသိများကြောင်းပါ။ သို့ပါ၍ မြို့စားမင်း ပြောသည်မှာ မှန်နိုင်ဖွယ်ရှိကြောင်းပါ။ (မှတ်ထား။ ငါ့ကိုလာထိရင် နံမည်ပျက်သွားစေရမယ်။ ကြပ်..ကြပ်..ကြပ်)
ဘာညာပြည့်ရှင် သိုးမင်းကြီး။      ။ နောက်ထပ် သက်သေရှိသေးလား။
စိတ်ပညာမြို့စား မောင်ဖရိုက်။     ။မှန်လှပါ။ ဟာသဥာဏ်စမ်းမြို့စား မောင်သုည ရှိပါသေးတယ်။
ဘာညာပြည့်ရှင် သိုးမင်းကြီး။     ။ ကဲ မောင်သုည။ ဟိုကောင်ပြောတာ အမှန်ပဲလားကွဲ့။
ဟာသဥာဏ်စမ်းမြို့စား မောင်သုည။      ။ ၀ုတ် ၀ုတ်...။
ဘာညာပြည့်ရှင် သိုးမင်းကြီး။      ။ ဟဲ့..ဟဲ့။ ဘယ်နှယ့် ခွေးသံထွက်နေရသတုန်းကွယ်။
စိတ်ပညာမြို့စား မောင်ဖရိုက်။    ။ မှန်လှပါ။ မောင်သုညသည် အရှင့်မေးခွန်းကို ဖြေရန်အလို့ငှာ ခွေးစကားသင်ဖို့ကြိုးစားရင်း  လူစကားပါ မေ့သွားကြောင်းပါဘုရား။ ၀ုတ် ၀ုတ် ဆိုသည်မှာ ဟုတ် ဟုတ် ဟု ဆိုပါသည် ဘုရား။ (ငှဲ ငှဲ ငါကွ။)
ဘာညာပြည့်ရှင် သိုးမင်းကြီး။    ။ မင်းတို့ ပေါင်းလိမ်တာ ဖြစ်နိုင်တာပဲ။
စိတ်ပညာမြို့စား မောင်ဖရိုက်။     ။ အရှင်မင်းကြီး ဘယ်သူပြောတာမှ မယုံရင် ကိုယ်တိုင် အရသာမြည်းမှ သိတော့မပေါ့ဘုရား။
ဘာညာပြည့်ရှင် သိုးမင်းကြီး။      ။တယ် ငါ့ကို စော်ကားတယ့်ကောင်တွေ....။ ဒင်းတို့အားလုံးကို နေကွယ်ရင် တံကျင်လျှို၍ သတ်စေ။
အားလုံး။        ။ ကယ်ကြပါဗျို့.....
                     ဒေါသအလျောက် ပြုမူမိသဖြင့် ယနေ့အထိ သိုးမင်းကြီးလည်း မစင်အရသာ မသိသေးသလို သမီးတော် မာယာလည်း မစွံသေးကြောင်းပါ။.......
+19
All is in your Mind

tatkyatgyi

  • Guest
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #42 on: April 01, 2011, 09:03:23 PM »
ဒေါက်တာ ဖရိုက် ရဲ့ စာပြောင်လေး ဖတ်ပြီးတော့ ပြုံးမိရင်းက အတွေးစ နည်းနည်း ဝင်လာရတယ်၊

အဲဒီ အတွေးအကြောင်းမပြောခင် ချီးနဲ့ ပတ်သက်တဲ့ ပါးစပ်ပြောပုံပြင်လေး တခုလောက် ရှယ်ပါရစေ၊ ဟီးဟီး (လာပြီလာပြီ ပေါက်ကရတော့ )၊
တနေ့ သောအခါက တနေရာဒေသတခုမှာ လူတယောက်က အီးတပန်ကန်ပြားကို ကုန်အောင်စားနိုင်တဲ့ သူကို သူ့ ပစ္စည်းဥစ္စာတွေလွဲ ပေးမယ် ဆိုဘဲ၊ အဲဒါကို ငတ တကောင်က သူစားပြမယ်ဆိုတော့ လူတွေက ဝိုင်းအုံပြီး ကြည့်ကြတာပေါ့၊ အဲဒီငတက အီးကို ပုဂံပြားတချပ်မှာထည့် ကြက်သွန်နီဥကြီးတလုံး ပါးပါးလီးအပေါ်ကဖြန့်ခင်း ၊ ပုဇွန်ခြောက်မှုန့် ဖြန်း ဆီချက်လေးဖြန်း သံပုရာသီးလေးညှစ်ပြီး အားရပါးရနယ်ဖတ်သတဲ့၊ ပြီးတဲ့ အခါကြတော့ ပုဂံနူတ်ခမ်းကို သေသေသပ်သပ်ဖြစ်အောင် လက်ချောင်းနဲ့ ပတ်သုတ်လိုက်တယ်၊ ပြီးတော့ လက်မှာ ပေကျံနေတာတွေ ကို စင်သွားအောင် လျှာနဲ့ တပြတ်ပြတ်ရက်ပြီး စုပ်နေတာ တွေ့ရတာနဲ့၊ လူတွေအကုန်လုံး အော့အံပြီး လောင်းကြေးထပ်တဲ့ သူခမျာ စားတာတောင် မကြည့်တော့ပဲ၊ အရှုံးပေးလိုက်ပါသတဲ့ ..ဟီးဟီး..

တကယ်ပြောခြင်တဲ့ စဉ်းစားမိတဲ့ အကြောင်းအရာကတော့ ဒေါက်တာဖရိုက်ရေးသွားတဲ့ ချိုတယ်ဆိုတဲ့ ဟာပါပဲ၊ အရသာဆိုရင် ကျနော်တို့မှာ ပြောစရာရှိတာက ချို၊ခြင်၊စပ်၊ခါး၊ ရယ် ငံတယ် ပေါ့တယ် အဲဒါ မျိုးပဲရှိတာပဲ၊ အဲဒါတွေကလည်း ပစ္စည်းတခုရဲ့ အရသာကို မဖေါ်ပြနိုင်ပါဘူး၊ ဥပမာ အမဲသားက ဘယ်လိုအရသာရှိလဲ ဆိုရင် ကျနော် မဖြေတတ်ဘူး၊ ချက်ထားပြီဆိုလည်း ဘယ်လိုချက်တယ် ဆိုတာ မူတည်ပြီး အရသာတွေပြောင်းသွားမှာပဲ၊ အဲဒီချက်ပြီးသားတောင် ဆားများသွားရင်ငံတယ်ဆိုတာဖြစ်လာတော့ ဟင်းရဲ့ အရသာ ဖြစ်သွားပြီး အမဲသားရဲ့ အရသာ မဟုတ်တော့ပြန်ဘူး၊

ဟီးဟီး တော်ပြီဗျာ ဘာဆက်ရေးရမှန်းမသိတော့ဘူး ၊ ကျနော့်စာက ဟိုးအရင်က တချို့ ရုရှားဘဝသရုပ်ဖေါ် စာရေးဆရာတွေလိုဖြစ်နေတော့မယ်၊ ရေးခြင်တာရေးပြီး ထွက်လမ်းမပြထားတော့ (သူတို့ ကိုယ်တိုင်လည်း မသိတာလဲ ပါပါတယ်) စာဖတ်သူတွေ စိတ်ဆင်းရဲပြီးကျန်ခဲ့သလို ဖြစ်နေပြီ ပြောတာပါ၊ ဟဲဟဲ

ပြောခြင်တာ ရှောက်ပြောသွားတဲ့
ကြပ်ကြပ်
+5
« Last Edit: April 01, 2011, 11:28:25 PM by tatkyatgyi »

leophyo

  • Guest
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #43 on: April 01, 2011, 11:10:39 PM »
ကျွန်တော်လည်းတစ်ခုလောက်မေးချင်ပါတယ်
     တစ်ခါကတိုင်းပြည်တစ်ပြည်မှာဘုရင်တစ်အါးရှိသတဲ့ 
သု့ မှာအင်မတန်ချောမောလှပတဲ့ သမီးတော်တစ်ပါးလည်းရှိသတဲ့ 

အဲဒီသမီးတော်လေးကိုခုနှစ်ပြည်ထောင်မင်းသားတွေကလိုချင်သတဲ့ 
ဒါနဲ့ ဘုရင်ကြီးကသူမေးတဲ့ မေးခွန်းကိုဇြေနိုင်ရင်သမီးတော်နဲ့ ပေးစားမယ်လို့ ပြောတယ်
ဒါနဲ့ ဘုရင်ကြီးက ( ချေး ခေါ် မစင် ခေါ်အီး အီးရိုင်းသွားရင်ခွင့် လွတ်ပါ)ဘာအရသာရှိလဲ လို့ မေးလိုက်တယ်
    ဒီအဇြေကိုမှန်အောင်ဇြေနိုင်ရင် သမီးတော်လေးကိုရမှာပါ အဇြေမှန်သူတစ်ဦးထက်ပိုနေရင်တော့ သမီးတော်ကိုတစ်ပိုင်းစီသာရမှာဇြစ်ပါတယ်
          အကျော်သဘောမို့ မည်သူ့ ကိုမှစော်ကားလိုစိတ်မရှိပါ ရိုင်းသွားရင်ခွင့် လွတ်ပါ  လေးစားလျှက်
                                                                               ---             သိုးဆောင်း   ------

အင်း ဘောင်လွတ်အောင် ၀င်ဖြေကြည့်လိုက်အုံးမယ်............
ဖတ်ဖူးတာလေးပါ.....
တကယ်လို့ အီးပုံပေါ်မှာ ဖြုတ်ကောင်လေး နားနေရင် စပ်တဲ့ အရသာ ရှိလို့တဲ့..
ပရွတ်ဆိတ် တက်နေရင်တော့ ချိုတဲ့အရသာရှိလို့တဲ့.....
ယင်ကောင် နားနေရင်တော့ ညှီပြီးတော့ ချဉ်တဲ့အရသာရှိလို့တဲ့....
ကျန်တာတွေကတော့မေ့နေပြီဗျ.... မှတ်မိတဲ့သူများဆက်ဖြေပေးကြပါအုံး.....
မယုံတဲ့သူတွေလည်း စမ်းသပ်ကြည့်ပြီးရင် ပြန်ပြောပါအုံးနော်......
အဖြေမှန်တယ်ဆိုရင်လည်း သမီးတော်လေးကို လည်း မျှော်နေပါတယ်.......
:D


တတ်ချင်ယောင်ဆောင်ကာ ဖောရှောလုပ်သွားပါတယ်............
ခင်တဲ့
+3
« Last Edit: April 02, 2011, 08:57:23 AM by တကျွန်းစံ »

maryar

  • Guest
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #44 on: April 02, 2011, 12:47:11 AM »
ဒေါသအလျောက် ပြုမူမိသဖြင့် ယနေ့အထိ သိုးမင်းကြီးလည်း မစင်အရသာ မသိသေးသလို သမီးတော် မာယာလည်း မစွံသေးကြောင်းပါ။.......

နောက်ဆုံးတော့ DrFreud မာယာ့ကို အပျိုကြီးလို့ ပြောချင်တာ
 >:( >:( >:(
မရဘူး
ချက်ချင်း ယောက်ကျားရှာတော့မယ်
မာယာက စိတ်ကြီးတယ်
 8)
+2

Offline Lion Killer

  • ပထမနှစ်
  • *
  • Posts: 9
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +57
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #45 on: April 02, 2011, 08:47:15 AM »
မိတ်ဆွေအပေါင်းတို့ ခင်ဗျာ -
   မြန်မာအက်ခရာ တစ်လုံးကိုသုံးပြီး စာကြောင်းရှည်ရှည်လေး ရေးကြည့်ကြရအောင်လား ...
ဥပမာ-
   သေသောသူသည် သုဏ်သန်သို့ သက်သက်သာသာ သွားသေသည်။ ...

   အဲဂလိုပုံစံနဲ့ စာကြောင်းရှည်ရှည်ရေးကြည့်ကြရအောင် ...
   စဉ်းစားရင်း စာကြောင်းလေးတွေပေါ်လာ .....
                                                                  မောင်သုံည

တာတီးတို့ တာတေတို့ တတွေ တွံတေးတောတန်းတွင် တောင်တက်တာတဲ့ တော်တော်တုတ်တဲ့တစ်တီတူးတွေ တော်တော်တစ်တောက်တဲ့တွေ တော်တော်တန်တန် တွေ့တယ်တဲ့ တောက်တီးတောက်တဲ့တော်
+4

Offline yourlustremover

  • ပထမနှစ်
  • *
  • Posts: 6
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +29
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #46 on: April 02, 2011, 11:01:40 PM »
ကားရှေ့ ကိုမီးရှို့ ပြီး လောင်နေတဲ့မီးနောက်ကလိုက်သွားလိုက်ပေါ့။ ကားနောက်က လိုက်လောင်လာတဲ့မီးဟာ ဂျပန်တွေမီးစရှို့ တဲ့နေရာရောက်ရင်လောင်စရာကုန်သွားလို့ ဆက်မလောင်နိုင်ပဲရပ်သွားလိမ့်မယ်။
+1

Offline Myanmar

  • ပထမနှစ်
  • *
  • Posts: 31
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +83
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #47 on: April 04, 2011, 04:23:11 PM »
အေဆိုတဲ့လူက ဘီဆိုတဲ့လူကို တွေ့တယ် ...
ဘီက အေကို ´´ သား ´´ လို့ခေါ်တယ် ...
ဒါပေမယ့် အေရဲ့အမေက ဘီ မဟုတ်ဘူး ...
ဒါဆိုရင် အေက ဘီကို ဘယ်လိုပြန်ခေါ်/ထူးလိမ့်မယ်လို့ ထင်ပါသလဲ ...   Tongue

ကို zero0 အမေရဲ့ အမျိုးသားကို ကို zero0 ခေါ်သလိုပဲလေ။
 ကို zero0 ဘယ်လိုခေါ်သလဲသိချင်ပါတယ်။။။။။။။။။။။။။။။။။။ :P :P :P :P :P :P :P :P :) :) :) :)
0
good work, good effect

Offline zero0

  • ကျောင်းသားကြီး
  • **
  • Posts: 201
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +870
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #48 on: April 05, 2011, 08:03:16 AM »
အေဆိုတဲ့လူက ဘီဆိုတဲ့လူကို တွေ့တယ် ...
ဘီက အေကို ´´ သား ´´ လို့ခေါ်တယ် ...
ဒါပေမယ့် အေရဲ့အမေက ဘီ မဟုတ်ဘူး ...
ဒါဆိုရင် အေက ဘီကို ဘယ်လိုပြန်ခေါ်/ထူးလိမ့်မယ်လို့ ထင်ပါသလဲ ...   Tongue

ကို zero0 အမေရဲ့ အမျိုးသားကို ကို zero0 ခေါ်သလိုပဲလေ။
 ကို zero0 ဘယ်လိုခေါ်သလဲသိချင်ပါတယ်။။။။။။။။။။။။။။။။။။ :P :P :P :P :P :P :P :P :) :) :) :)

ဒီလိုခေါ်ပါတယ် ...
   ပြောစရာလေးရှိလို့ -
´´ လာပါဦးခင်ဗျာ ´´   :P
   ရယ်မောပါစေလို့ .....
                                မောင်သုံည
+1

Offline naylinn

  • ပထမနှစ်
  • *
  • Posts: 21
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +68
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #49 on: April 06, 2011, 10:42:14 AM »
ကြားဖူးတာလေးပါ

ကမ္ဘာစစ်ဖြစ်တုန်းက ဂျာမန်စစ်သားတွေပါတဲ့ကားကို မဟာမိတ်တပ်တွေလိုက်တယ်တဲ့

ကားက ကိုင်းတောကွင်းပြင်အကျယ်ကြီးကို ဖြတ်ပြေးပါတယ်

ကားက တစ်နာရီမိုင်နှစ်ဆယ်သာသွားပြီး လေကသုံးဆယ့်ငါးမိုင် တိုက်နေပါတယ်

ဒါနဲ့ မဟာမိတ်တပ်က ဆက်မလိုက်တော့ပဲ ကိုင်းတောကို မီးရှို့လွှတ်လိုက်ပါတယ်

လေအရှိန်နဲ့ ကိုင်းတောကို မီးလောင်သွားလိုက်တာ သုံးဆယ့်ငါးမိုင်နှုန်းနီးပါးနဲ့ ကားနောက်ကို မီးက လိုက်ပါတယ်

ဂျာမန်ကားက ဘေးဘယ်ညာ ကွေ့ထွက်ဖို့လည်း မလွယ်ပါဘူး

မီးက ကားနောက်လိုက်လာလိုက်တာ တဖြေးဖြေးနဲ့ နီးလာပါတယ် ဆက်မောင်းနေရင် မလွတ်ပါဘူး

ဂျာမန်စစ်ဗိုလ်ရဲ့ အကြံကြောင့် အဲ့ဒီကား မီးဘေးကလွတ်သွားပါတယ်

ဘယ်လိုလွတ်သွားပါသလဲတဲ့

(ကားပေါ်ကရေတွေနဲ့ငြှိမ်းတာတို့ ၀ိုင်းပြီးသေးပေါက်တာတို့ မလုပ်ဘူးနော်  :P )

တကယ့်အဖြစ်အပျက်လို့ဆိုပါတယ်။



သူတို့ကားရှေ့က ကိုင်းတော ကို မီး ရှို့လိုက်မယ်လေ . . ဒါဆို ကားလည်း သွားဖို့ လမ်းရှင်းသွားပြီ ။ နောက်က မီးကလည်း လောင်စရာ မရှိတော့လို့ ငြိမ်းသွားမယ်.
0