Author Topic: ဟာသဥာဏ်စမ်း အမေး/အဖြေ  (Read 148990 times)

0 Members and 1 Guest are viewing this topic.

imail

  • Guest
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #10 on: March 27, 2011, 03:02:09 AM »
ကြားဖူးတာလေးပါ

ကမ္ဘာစစ်ဖြစ်တုန်းက ဂျာမန်စစ်သားတွေပါတဲ့ကားကို မဟာမိတ်တပ်တွေလိုက်တယ်တဲ့

ကားက ကိုင်းတောကွင်းပြင်အကျယ်ကြီးကို ဖြတ်ပြေးပါတယ်

ကားက တစ်နာရီမိုင်နှစ်ဆယ်သာသွားပြီး လေကသုံးဆယ့်ငါးမိုင် တိုက်နေပါတယ်

ဒါနဲ့ မဟာမိတ်တပ်က ဆက်မလိုက်တော့ပဲ ကိုင်းတောကို မီးရှို့လွှတ်လိုက်ပါတယ်

လေအရှိန်နဲ့ ကိုင်းတောကို မီးလောင်သွားလိုက်တာ သုံးဆယ့်ငါးမိုင်နှုန်းနီးပါးနဲ့ ကားနောက်ကို မီးက လိုက်ပါတယ်

ဂျာမန်ကားက ဘေးဘယ်ညာ ကွေ့ထွက်ဖို့လည်း မလွယ်ပါဘူး

မီးက ကားနောက်လိုက်လာလိုက်တာ တဖြေးဖြေးနဲ့ နီးလာပါတယ် ဆက်မောင်းနေရင် မလွတ်ပါဘူး

ဂျာမန်စစ်ဗိုလ်ရဲ့ အကြံကြောင့် အဲ့ဒီကား မီးဘေးကလွတ်သွားပါတယ်

ဘယ်လိုလွတ်သွားပါသလဲတဲ့

(ကားပေါ်ကရေတွေနဲ့ငြှိမ်းတာတို့ ၀ိုင်းပြီးသေးပေါက်တာတို့ မလုပ်ဘူးနော်  :P )

တကယ့်အဖြစ်အပျက်လို့ဆိုပါတယ်။

+8

jasskas

  • Guest
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #11 on: March 27, 2011, 04:21:26 AM »
ဟိုးရှေးရှေးတုန်းကပေါ့ဗျာ စာတက်ပေဖတ် တောသားသုံးယောက်
လူမနီးတဲ့ မြိုင်ကြီးအငူ တောကြီးအရိပ်ထူထူ လို့ဆိုလောက်တဲ့တောထဲမှာ
ထင်းခွေသွားကြသတဲ့
ဒီတောကလည်း အသားစား ဘီလူးတို့ ပျော်မြူးတယ်လို့ သတင်းမွှေးလေသတဲ့
(မျက်လုံးလေးတွေစင်းပီး နားထောင်နော် ပုံပြင်လေးတွေပြောပြနေတာ တင်ပါးလေးပုတ်ပုတ်ပီးတော့ အဟား)
ဘီလူးဆိုတာမျိုးကလည်း လူ့ထက်မမြတ်သော်လည်း လူ့ထက်စွမ်းကြလို့
တော်ရုံတန်ရုံလူသားတို့ ယှဉ်ဝံ့ဖို့နေနေသာသာ အသံကြားရုံနှင့် လုံချည်ကို ခေါင်းမြီးခြုံထားရတာကိုး
သူငယ်ချင်းသုံးယောက်သား ထင်းတွေခွေ အမောပြေ တထောက်နားနေတုန်း
ခြေသံမကြားပဲ ဘီလူး အကောင် သုံးဆယ် က သူတို့ကို ဝိုင်းထားလိုက်သတဲ့
ဘီလူးတို့ရဲ့ထိပ်ခေါင် ဘီလူးပြောင်ပြောင်က ပါးစပ်မလှုပ်ပဲထွက်တဲ့အသံနဲ့ (ဝင်းဦးမဟုတ်)
မင်းတို့သုံးယောက်ကို ကန့်သတ်နယ်မြေ ထဲ ခိုးဝင်ကာ သစ်ခိုးခုတ်တဲ့ စွဲချက်နဲ့ ငါတို့ စားရလိမ့်မယ်လို့ပြောတယ်တဲ့
လှတောသားမဟုတ်ပေတန်ငြားလည်း စာတက်ပေဖတ်တွေဆိုတော့ အလကားတော့ အစားမခံနိုင်ဘူး လို့တွေးမိတဲ့
ထင်းခွေသမား မောင်တောသားက “အင်း ဒီဘီလူး တွေကို ခွန်အားချင်းယှဉ်လို့ကတော့ နိုင်မှာမဟုတ်ဘူး ဒီတော့ ဥာဏ်ချင်းယှဉ်မှ တော်ပေတည့်”
ဆိုပီး ဘီလူးများရဲ့ ခေါင်းဆောင် ကို ပြောလိုက်တယ်ကွဲ့ ”အသင်ဘီလူးတို့ ကျွန်ုပ်တို့ သုံးယောက်မှာကား အသင်တို့အား ယှဉ်ပြိုင်ရန် ခွန်အားမရှိပေ
သို့သော်လည်း ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းမှာ စာလေးပေလေးသင်ကြားဖူးလေတော့ သင်တို့နှင့် ဥာဏ်ချင်းယှဉ်ရန် အလိုရှိပါသည် သင်တို့နိုင်လျှင်
ကျွန်ုပ်တို့ကို စားနိုင်ပီး သင်တို့ရှုံးလျှင်တော့ ကျွန်ုပ်တို့ကို လွှတ်ပေးရမည်“ လို့ သူက စိန်ခေါ်လိုက်သတဲ့
ဘီလူးတို့ထိပ်ခေါင် ဘီလူးပြောင်ပြောင်ကလည်း ”တယ်ဆိုတဲ့စာပါလား ဆိုစမ်းဆိုစမ်း အဘယ့်သို့ ဥာဏ်ချင်းယှဉ်မည်နည်း“ ဆိုတော့
မောင်တောသားက ”အသင်ဘီလူးတို့ လူတို့ သုံးနှုန်း ရေးဖွဲ့ထုံးတဲ့ ဗျည်း ၃၃ လုံး ကို သိပါသလား“ ဆိုတော့
ဘီလူးတသိုက် အမောဆိုက်အောင် ရီမောပီး “ရတာပေါ့“ လို့ ပြန်ပြောသတဲ့
ကောင်းပီ အခု အသင်ဘီလူးတို့က အင်အား ၃၀ ကျွန်ုပ်တို့က ၃ ယောက် ထို့ကြောင့် အဝန်းအဝိုင်းသဏ္ဍာန် နေရာယူပီး
အသင်ဘီလူးတို့ကြားထဲမှာ နေရာယူခွင့်ပြုပါလော့၊ ပီးလျှင် ကျွန်ုပ်ပြောသော ဘီလူးမှသည် “က” မှစကာ ”အ“ တွင်ဆုံးသော သူကို ထွက်ပါစေ
အကယ်၍ ကျွန်ုပ်တို့သုံးယောက်မှ တယောက် ယောက်များ ”အ“ နေရာတွင် ဆုံးသွားလျှင် စားပါ သို့သော် ကျွန်ုပ်တို့ သုံးယောက်သာ နောက်ဆုံးကျန်ပါက
လွှတ်ပါ လို့ ပြောလိုက်သတဲ့
ဘီလူးတို့ကလည်း ငါတို့က ၃၀၊ သင်းတို့က ၃ ယောက် စိန်လိုက်သဟေး ဆိုပီး
ကကြီးမှ အ အထိ ရေတွက်လိုက်တာ ”အ“ ကျတဲ့ သူ ထွက်လိုက် နောက်တယောက်က စပြန်ရေတွက်လိုက်နဲ့ (”အ“ နေရာမှာ တယောက်ထွက်သွားရင် နောက်တယောက်က ကကြီးကနေပြန်စရေတာနော်)
ဘီလူး အကောင် ၃၀ ဆယ် သာကုန်သွားတယ် စာတက်ပေဖတ် ဘုန်းကြီးကျောင်းထွက် မောင်တောသား သုံးယောက် အလှည့်ကို မရောက်လိုက်ဘူးတဲ့
ကဲ ဒီတော့ မောင်ကျောင်းသားသုံးယောက်က ဗျည်း ၃၃ လုံးရဲ့ ဘယ်နေရာတွေကို ယူထားကြလို့ပါလဲ
တူ၊ တူမလေးတို့ စဉ်းစားကြည့်ကြပါနော်။ ။
။ ။ ဗျည်းတွေမေ့နေတဲ့သူတွေ အလွတ်ရသွားတာပေါ့ဗျာ။ ;)
(အိပ်ပီဗျာ) ;)
+1
« Last Edit: March 27, 2011, 04:25:40 AM by jasskas »

Offline ဂိ ဂိ

  • အငြိမ်းစား ကထိက
  • ***
  • Posts: 558
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +3391
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #12 on: March 27, 2011, 12:53:06 PM »

ဘီလူး အကောင် ၃၀ ဆယ် သာကုန်သွားတယ် စာတက်ပေဖတ် ဘုန်းကြီးကျောင်းထွက် မောင်တောသား သုံးယောက် အလှည့်ကို မရောက်လိုက်ဘူးတဲ့
ကဲ ဒီတော့ မောင်ကျောင်းသားသုံးယောက်က ဗျည်း ၃၃ လုံးရဲ့ ဘယ်နေရာတွေကို ယူထားကြလို့ပါလဲ
တူ၊ တူမလေးတို့ စဉ်းစားကြည့်ကြပါနော်။ ။
။ ။ ဗျည်းတွေမေ့နေတဲ့သူတွေ အလွတ်ရသွားတာပေါ့ဗျာ။ ;)
(အိပ်ပီဗျာ) ;)


မြန်မာလူမျိုးတိုင်း သိနေတာလေးပါ ......

ဏဘယံ ဘေးမရှိတဲ့ .....
မင်းသား ၃ ယောက်က ဏ ၊ ဘ ၊ ယ နေရာယူလိုက်တာပါ .....
အမှန်ကတော့ ဏဘယံ ဆိုတာ အင်းချ တဲ့နေရာမှာ သုံးတာပါ ....
ရှေးလူကြီးတွေက ပိုလေးနက်အောင် အဲ့ဒီပုံပြင်လေးနဲ့ ဘေးကင်းကြောင်းချ ပြထားတာပါ .......

မှားခဲ့ရင်လဲ ခွင့်လွှတ်ပါ ........



လေးစားစွာဖြင့် ဂိ

+8
လုပ်သလို မဖြစ်ရင် ... ... ဖြစ်သလို လုပ်မယ် ... ... ဒါဘဲ

Offline Tiger_King

  • ပထမနှစ်
  • *
  • Posts: 9
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +32
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #13 on: March 27, 2011, 02:15:15 PM »
ကြားဖူးတာလေးပါ

ကမ္ဘာစစ်ဖြစ်တုန်းက ဂျာမန်စစ်သားတွေပါတဲ့ကားကို မဟာမိတ်တပ်တွေလိုက်တယ်တဲ့

ကားက ကိုင်းတောကွင်းပြင်အကျယ်ကြီးကို ဖြတ်ပြေးပါတယ်

ကားက တစ်နာရီမိုင်နှစ်ဆယ်သာသွားပြီး လေကသုံးဆယ့်ငါးမိုင် တိုက်နေပါတယ်

ဒါနဲ့ မဟာမိတ်တပ်က ဆက်မလိုက်တော့ပဲ ကိုင်းတောကို မီးရှို့လွှတ်လိုက်ပါတယ်

လေအရှိန်နဲ့ ကိုင်းတောကို မီးလောင်သွားလိုက်တာ သုံးဆယ့်ငါးမိုင်နှုန်းနီးပါးနဲ့ ကားနောက်ကို မီးက လိုက်ပါတယ်

ဂျာမန်ကားက ဘေးဘယ်ညာ ကွေ့ထွက်ဖို့လည်း မလွယ်ပါဘူး

မီးက ကားနောက်လိုက်လာလိုက်တာ တဖြေးဖြေးနဲ့ နီးလာပါတယ် ဆက်မောင်းနေရင် မလွတ်ပါဘူး

ဂျာမန်စစ်ဗိုလ်ရဲ့ အကြံကြောင့် အဲ့ဒီကား မီးဘေးကလွတ်သွားပါတယ်

ဘယ်လိုလွတ်သွားပါသလဲတဲ့

(ကားပေါ်ကရေတွေနဲ့ငြှိမ်းတာတို့ ၀ိုင်းပြီးသေးပေါက်တာတို့ မလုပ်ဘူးနော်  :P )

တကယ့်အဖြစ်အပျက်လို့ဆိုပါတယ်။



မီးက ၃၅ မိုင်နှူံးနဲ့လိုက်နေတာဆိုတော့ ကားက ၃၅ မိုင်ထက်ပိုမောင်းဖို့ အမိန့်ပေးလိုက်လို့ လွတ်သွားတာဖြစ်မှာပေါ့ ကိုအိုင်မေးရဲ့ မှားရင်စိတ်မဆိုးနဲနော်
+1

Offline zero_gravity

  • ပထမနှစ်
  • *
  • Posts: 6
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +22
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #14 on: March 27, 2011, 04:31:21 PM »
ကြားဖူးတာလေးပါ

ကမ္ဘာစစ်ဖြစ်တုန်းက ဂျာမန်စစ်သားတွေပါတဲ့ကားကို မဟာမိတ်တပ်တွေလိုက်တယ်တဲ့

ကားက ကိုင်းတောကွင်းပြင်အကျယ်ကြီးကို ဖြတ်ပြေးပါတယ်

ကားက တစ်နာရီမိုင်နှစ်ဆယ်သာသွားပြီး လေကသုံးဆယ့်ငါးမိုင် တိုက်နေပါတယ်

ဒါနဲ့ မဟာမိတ်တပ်က ဆက်မလိုက်တော့ပဲ ကိုင်းတောကို မီးရှို့လွှတ်လိုက်ပါတယ်

လေအရှိန်နဲ့ ကိုင်းတောကို မီးလောင်သွားလိုက်တာ သုံးဆယ့်ငါးမိုင်နှုန်းနီးပါးနဲ့ ကားနောက်ကို မီးက လိုက်ပါတယ်

ဂျာမန်ကားက ဘေးဘယ်ညာ ကွေ့ထွက်ဖို့လည်း မလွယ်ပါဘူး

မီးက ကားနောက်လိုက်လာလိုက်တာ တဖြေးဖြေးနဲ့ နီးလာပါတယ် ဆက်မောင်းနေရင် မလွတ်ပါဘူး

ဂျာမန်စစ်ဗိုလ်ရဲ့ အကြံကြောင့် အဲ့ဒီကား မီးဘေးကလွတ်သွားပါတယ်

ဘယ်လိုလွတ်သွားပါသလဲတဲ့

(ကားပေါ်ကရေတွေနဲ့ငြှိမ်းတာတို့ ၀ိုင်းပြီးသေးပေါက်တာတို့ မလုပ်ဘူးနော်  :P )

တကယ့်အဖြစ်အပျက်လို့ဆိုပါတယ်။



မီးလောင်နေတဲ့ဖက်ကို မျက်နှာချင်းဆိုင်ပြန်မောင်းပြီးခိုင်းလိုက်ပါ... ကိုင်းတောဆိုတော့ မီးက အကြာကြီးမလောင်နိုင်ဘူးလေ.... လေကလဲ ၃၅ မိုင်နှုန်းတိုက်နေတာဆိုတော့ မီးလောင်နေတဲံ့ကိုင်းတော ဖက်ကို ပထမဆုံးမောင်းပြီးတော့ ပြန်ကွေ့ပြီး မီးလောင်နေတဲ့နောက်ကို ပြန်လိုက်ခိုင်းလိုက်တာပါ... ဟုတ်မဟုတ်တော့မသိဘူးနော်... ရမ်းသမ်းပြီးဖြေကြည့်တာ...  ဟုတ်လား ဟင်....  ;D ;D ;D
+1

Offline artoflove.01

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 437
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +8703
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #15 on: March 27, 2011, 07:57:19 PM »
ကြားဖူးတာလေးပါ

ကမ္ဘာစစ်ဖြစ်တုန်းက ဂျာမန်စစ်သားတွေပါတဲ့ကားကို မဟာမိတ်တပ်တွေလိုက်တယ်တဲ့

ကားက ကိုင်းတောကွင်းပြင်အကျယ်ကြီးကို ဖြတ်ပြေးပါတယ်

ကားက တစ်နာရီမိုင်နှစ်ဆယ်သာသွားပြီး လေကသုံးဆယ့်ငါးမိုင် တိုက်နေပါတယ်

ဒါနဲ့ မဟာမိတ်တပ်က ဆက်မလိုက်တော့ပဲ ကိုင်းတောကို မီးရှို့လွှတ်လိုက်ပါတယ်

လေအရှိန်နဲ့ ကိုင်းတောကို မီးလောင်သွားလိုက်တာ သုံးဆယ့်ငါးမိုင်နှုန်းနီးပါးနဲ့ ကားနောက်ကို မီးက လိုက်ပါတယ်

ဂျာမန်ကားက ဘေးဘယ်ညာ ကွေ့ထွက်ဖို့လည်း မလွယ်ပါဘူး

မီးက ကားနောက်လိုက်လာလိုက်တာ တဖြေးဖြေးနဲ့ နီးလာပါတယ် ဆက်မောင်းနေရင် မလွတ်ပါဘူး

ဂျာမန်စစ်ဗိုလ်ရဲ့ အကြံကြောင့် အဲ့ဒီကား မီးဘေးကလွတ်သွားပါတယ်

ဘယ်လိုလွတ်သွားပါသလဲတဲ့

(ကားပေါ်ကရေတွေနဲ့ငြှိမ်းတာတို့ ၀ိုင်းပြီးသေးပေါက်တာတို့ မလုပ်ဘူးနော်  :P )

တကယ့်အဖြစ်အပျက်လို့ဆိုပါတယ်။
အဖြေက
                ရောက်တဲ့နေရာကနေ မီးပြန်ရှို့လိုက်တာ (တန်ပြန် ပြန်ရှို့လိုက်တာထင်ပါတယ်)


+2
« Last Edit: March 28, 2011, 05:09:11 AM by tatkyatgyi »
     ပရိတ်သတ်ကြီးပေးတဲ့ Upvote တွေဟာ ရှေ့ဆက် Post တွေတင်ဖို့ အားဆေးဖြစ်တာကြောင့် သဘောကျရင် ခြေရာလက်ရာ Vote လေးတွေထားခဲ့ကြပါ။

Offline thoesaung@gmail.com

  • ပထမနှစ်
  • *
  • Posts: 21
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +47
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #16 on: March 27, 2011, 08:37:00 PM »
ကားရှေ့က ကိုင်းတောကို မီးရှို့ ခိုင်းလိုက်ပြီး၃၅မိုင်နှုံးနဲ့ လောင်သွားတဲ့ မီးနောက်ကို လိုက်ရင်လွတ်တယ်လေ ;)
+16

imail

  • Guest
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #17 on: March 28, 2011, 12:08:44 AM »
ကားရှေ့က ကိုင်းတောကို မီးရှို့ ခိုင်းလိုက်ပြီး၃၅မိုင်နှုံးနဲ့ လောင်သွားတဲ့ မီးနောက်ကို လိုက်ရင်လွတ်တယ်လေ ;)

ကိုthoesaung@gmail.com ရဲ့ အဖြေ အတိအကျကိုမှန်ပါတယ်
+5

Offline zero0

  • ကျောင်းသားကြီး
  • **
  • Posts: 201
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +875
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #18 on: March 28, 2011, 10:07:48 AM »
ဒေါက်တာ .. အားပေးမှုအတွက် ကျေးဇူးပါဗျာ ... စိတ်ဝင်စားကြတဲ့ မိတ်ဆွေတွေလည်း ကြိုဆိုလျက်ပါဗျာ ... ဒီလိုနဲ့ ဥာဏ်စမ်း ဟာသတွေ ရှင်သန်နေပါစေလို့ ဆုတောင်းမြဲပါခင်ဗျာ ...

ဒီမေးခွန်းကို မဖြေကြပါနဲ့လို့ ကြိုတင်နိမိတ်ပြပါတယ် ...

အေဆိုတဲ့လူက ဘီဆိုတဲ့လူကို တွေ့တယ် ...
ဘီက အေကို ´´ သား ´´ လို့ခေါ်တယ် ...
ဒါပေမယ့် အေရဲ့အမေက ဘီ မဟုတ်ဘူး ...
ဒါဆိုရင် အေက ဘီကို ဘယ်လိုပြန်ခေါ်/ထူးလိမ့်မယ်လို့ ထင်ပါသလဲ ...   :P

ပျော်ရွှင်ပါစေ မိတ်ဆွေတို့တွေ .....
                                                မောင်သုံည

+2

Offline PatLat

  • ပထမနှစ်
  • *
  • Posts: 19
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +161
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #19 on: March 28, 2011, 10:17:05 AM »
ဒေါက်တာ .. အားပေးမှုအတွက် ကျေးဇူးပါဗျာ ... စိတ်ဝင်စားကြတဲ့ မိတ်ဆွေတွေလည်း ကြိုဆိုလျက်ပါဗျာ ... ဒီလိုနဲ့ ဥာဏ်စမ်း ဟာသတွေ ရှင်သန်နေပါစေလို့ ဆုတောင်းမြဲပါခင်ဗျာ ...

ဒီမေးခွန်းကို မဖြေကြပါနဲ့လို့ ကြိုတင်နိမိတ်ပြပါတယ် ...

အေဆိုတဲ့လူက ဘီဆိုတဲ့လူကို တွေ့တယ် ...
ဘီက အေကို ´´ သား ´´ လို့ခေါ်တယ် ...
ဒါပေမယ့် အေရဲ့အမေက ဘီ မဟုတ်ဘူး ...
ဒါဆိုရင် အေက ဘီကို ဘယ်လိုပြန်ခေါ်/ထူးလိမ့်မယ်လို့ ထင်ပါသလဲ ...   :P

ပျော်ရွှင်ပါစေ မိတ်ဆွေတို့တွေ .....
                                                မောင်သုံည



ယောက္ခမကြီး ယောက္ခမကြီး ယောက္ခမကြီး ဟိဟိဟိဟိ

ရေသာခိုတဲ့
မောင်ပက်လက်
+2