Author Topic: ဟာသဥာဏ်စမ်း အမေး/အဖြေ  (Read 146275 times)

0 Members and 1 Guest are viewing this topic.

Offline zero0

  • ကျောင်းသားကြီး
  • **
  • Posts: 201
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +871
ဟာသဥာဏ်စမ်း အမေး/အဖြေ
« on: March 24, 2011, 03:29:54 PM »
ဒါလေးကို ဖွင့်လိုက်ကြစို့လား

ဥာဏ်စမ်း အမေး/အဖြေတွေပေါ့
ပုံစံကြချင်မှ ကြမယ်လေ
စတင်ဖွင့်လိုက်ပါပြီ :P
+1

Offline zero0

  • ကျောင်းသားကြီး
  • **
  • Posts: 201
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +871
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #1 on: March 24, 2011, 03:35:44 PM »
စတင်မေးလိုက်ပါပြီ

၁=၁
၃=၁
၈=၁
၁၀=၁
၁၂=၁
၁၆=၁
၂၂=၁
၂၄=၁

အဲဒါတွေက အားလုံးမှန်ပါတယ် ...
ဘာကြောင့် မှန်လဲဆိုတာ ၀ိုင်းဖြေပေးကြပါဦးဗျို့    ..  . . . ..
0

Offline zero0

  • ကျောင်းသားကြီး
  • **
  • Posts: 201
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +871
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #2 on: March 25, 2011, 07:52:48 AM »
မိတ်ဆွေတို့
   အပေါ်က မေးခွန်းလေးတွေကို ဖြေပေးကြပါဦး ...
ပုံသေနည်းလမ်းနဲ့ မဖြေပဲ .. ပုံသေမဟုတ်တဲ့နည်းလမ်းနဲ့ ဖြေကြည့်ကြပါ ...
   အဖြေများကို ဖတ်နေလျက် -
                                           ဝ
0

Offline zero0

  • ကျောင်းသားကြီး
  • **
  • Posts: 201
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +871
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #3 on: March 25, 2011, 10:44:31 AM »
ဖြေတဲ့သူမရှိလို့ နည်းနည်းလောက်ဖြေလိုက်မယ်ဗျို့

၁ ခု = ၁ ခု
၃ ပေ = ၁ ကိုက်
ဆန် ၈ လုံး = ၁ ပြည် ( ၈ ဖာလုံ = ၁ မိုင်)
၁၀ သံကြိုး = ၁ ဖာလုံ

စတာတွေပါခင်ဗျာ ...
ကျန်တာကို စိတ်ဝင်စားရင် ဖြေကြည့်ကြပါကုန်လော ...
 
ဥာဏ်ရွှင်ပါစေလို့ .....
                             မောင်သုံည
+7

Offline ဒေါက်တာအီဂို

  • ကောလိပ်ဂျင်
  • ****
  • Posts: 283
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3313
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #4 on: March 25, 2011, 07:13:00 PM »
              ၁၂ လက်မ တစ်ပေ၊ ၁၆ အောင်စ တစ်ပေါင်၊ ၂၂ကိုက် တစ်သံကြိုး ပါ။ မေးခွန်းတစ်ခုထုတ်လိုက်တိုင်း ဖြေမယ်သူ စောင့်နေရင်တော့ ကြာလိမ့်မယ်ဗျာ။ ကိုယ်မေးကိုယ်ဖြေပဲ ဖြစ်သွားလဲ အားမငယ်ပါနဲ့ဗျို့။ ဒီတက္ကသိုလ်မှာ ကိုချမ်းကို ပြောသလို စိတ်ဝင်စားပုံချင်းမတူကြဘူး။ ဖြေသူနည်းလို့ မစည်ကားလာရင်လည်း အားမလျှော့ပါနဲ့ဗျာ။ ဘာပဲဖြစ်ဖြစ် တော့ပစ်အသစ်ဖွင့်တယ့်အတွက် အားပေးတယ်ဗျာ။...

           ကျွန်တော်ကတော့ ဂရိသမိုင်းထဲမှာ အိဒီးပတ်စ် မင်းသားကို ခြင်္သေ့ကိုယ်မိန်းမမျက်နှာ နဲ့ သတ္တ၀ါကြီးက မေးတယ့် မေးခွန်းကို ပြန်မေးပေးလိုက်တယ်ဗျာ။ သတ္တ၀ါတစ်မျိုးထဲမှာပဲ ခြေလေးချောင်း ခြေသုံးချောင်း ခြေနှစ်ချောင်း ရှိတာ ဘာသတ္တ၀ါလဲ တဲ့။ မှားဖြေရင် ခြင်္သေ့ကြီးက ကိုက်သတ်ပေမယ့် ကျွန်တော်ကတော့ မကိုက်ပါဘူးဗျာ။ ဒီလိုပဲ မှန်အောင်ဖြေနိုင်သူရှိရင် ခြင်္သေ့ကြီးက ကိုယ့်ကိုယ်ကို အဆုံးစီရင်ပေမယ့် ကျွန်တော်ကတော့ မသေပါရစေနဲ့နော်.....
+10
All is in your Mind

Offline ဂိ ဂိ

  • အငြိမ်းစား ကထိက
  • ***
  • Posts: 558
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +3390
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #5 on: March 25, 2011, 08:11:12 PM »
လူ ပါ ဆရာဖရိုက် ....
ဘာ့ကြောင့်လဲဆိုရင်တော့ .... ငယ်ငယ်ကလေးပေါက်စန အရွယ်မှာ လေးဘက်ထောက်ပြီးသွားလို့ ခြေ ၄ ချောင်းပါ
အရွယ်ရောက်လာတော့ ခြေ ၂ ချောင်းပဲသုံးလို့  ခြေ ၂ချောင်း ပါ
အရွယ်အိုမင်းတာတော့ ခြေ ၂ ချောင်းနဲ့ ကိုယ့်ကိုကိုယ် မထိန်းနိုင်တော့လို့ အကူ တုတ်ကိုသုံးရတဲ့ အတွက် ခြေ ၃ ချောင်းဖြစ်ပါတယ် ....

ကျွန်တော့် အဖြေ ဟာ မှားကောင်းမှား နိုင်ပါတယ် .. ဒါပေမယ့် ဆရာ ဖရိုက် အကိုက် မခံရအောင် ကြိုးစားကြည့်တာပါ ... ...

ခင်မင်တဲ့ ဂိ
+21
လုပ်သလို မဖြစ်ရင် ... ... ဖြစ်သလို လုပ်မယ် ... ... ဒါဘဲ

jayjay

  • Guest
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #6 on: March 26, 2011, 10:47:37 AM »
ကဲ ကျွန်တော်လည်း မေးခွန်းတစ်ခုလောက်မေးမယ်ဗျာ..
တစ်ခါက မြို့တစ်မြို့ကို ကင်းစောင့်တဲ့ကင်းသမားတွေရှိတယ်တဲ့
သူတို့က မြို့ကို ဒီလိုကင်းစောင့်ကြတယ်

၀၀၀      ၀၀၀     ၀၀၀

၀၀၀                 ၀၀၀

၀၀၀      ၀၀၀     ၀၀၀

ကင်းသမားတွေကင်းစောင့်မစောင့်လိုက်စစ်တဲ့ ကင်းမှူးတစ်ယောက်လည်းရှိတယ်.
အဲဒီကင်းမှူးက အပျင်းကြီးတယ်. ပျင်းတော့ သူကကင်းကိုလူပြည့်မပြည့်မစစ်ဘဲနဲ့
မျက်နှာစာတစ်ဖက်မှာ လူကိုးယောက်ရှိရင် ကင်းသမားပြည့်တယ်ဆိုပြီး ပြန်အိပ်တတ်တဲ့
အဲဒါကိုသိတဲ့ကင်းသမားတွေက တစ်ညမှာတော့ တိုင်ပင်ကြတယ်. ကင်းကနေ လူလေးယောက်
ထွက်မယ်. လူလေးယောက်ထွက်ပေမယ့် မျက်နှာစာတစ်ဖက်မှာ ကိုးယောက်ရှိအောင်နေမယ်ဆိုပြီး
နေရာချပြီး လေးယောက်ကအပြင်ထွက်လည်တယ်တဲ့. ကင်းမှူးလာစစ်တော့ လူလေးယောက်အပြင်ထွက်လည်
ပေမယ့် မျက်နှာစာတစ်ဖက်မှာ ကိုးယောက်ပြည့်တာကြောင့် လူမပြည့်မှန်းမသိပဲ ပြန်သွားတယ်တဲ့
အဲဒီတော့ ကျွန်တော်သိချင်တာက ပြထားတဲ့ပုံကနေ လေးယောက်ဖယ်ပြီး
မျက်နှာစာတစ်ဖက်မှာ ကိုးယောက်ပြည့်အောင်ဘယ်လိုထားမလဲ
ကဲနောက်တစ်ခုက အပြင်ထွက်လည်တဲ့ လေးယောက်က သူတို့တွေပဲ အပြင်ထွက်လည်တယ်ဆိုရင်
မတရားရာ ကျမယ်ဆိုပြီး ကျန်ခဲ့တဲ့အဖော်တွေအတွက် ဆိုပြီး ကောင်မလေးလေးယောက်ခေၞလာခဲ့တယ်တဲ့
မြို့ကိုပြန်ရောက်တော့ ကင်းသမားလေးယောက်ရယ်၊ ကောင်မလေးလေးယောက်ရယ်ဟာ မြို့မှာ
ကျန်ခဲ့တဲ့ ကင်းသမားတွေနဲ့ပြန်စုပြီး မျက်နှာစာတစ်ဖက်မှာ ကိုးယောက်ဖြစ်အောင်နေလိုက်တယ်
ကင်းမှူးလာစစ်တဲ့အချိန်မှာ ပထမတစ်ခေါက်သူလာစစ်ခဲ့တဲ့ လူအရေအတွက်ထက် နောက်ထပ် ရှစ်ယောက် တိုးလာပေမယ့်လဲ မျက်နှာစာကိုပဲကြည့်ပြီး ကိုးယောက်ရှိမရှိစစ်သွားတဲ့အတွက် နောက်ထပ်ရှစ်ယောက် တိုးလာတာကို မသိလိုက်ဘူး.
အဲဒီတော့ ကင်းမှူး ပထမလာစစ်သွားတဲ့ လူအရေအတွက်အပြင် နောက်ထပ် ရှစ်ယောက်တိုးလာပေမယ့် မျက်နှာစာတစ်ဖက်မှာ ကိုးယောက်ပဲရှိအောင် ဘယ်လိုထားမလဲ
ဖြေကြည့်ကြပါဦးဗျို့
+7

Offline PatLat

  • ပထမနှစ်
  • *
  • Posts: 19
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +160
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #7 on: March 26, 2011, 12:21:01 PM »

အူးအူးရေ.....
သားကတော့ကျောင်းသားသစ်လေးပါ။ မှားတာရှိရင် ဗွေမယူပါနဲ့ခညာ။ (ထိပ်ပြောင်နေလို့ ဗွေမရှိတော့လို့ပါ  ;D ;D ;D)
ပထမက ကင်းသမား (၂၄)ယောက်ရှိပါတယ်ခည။ဒါကြောင့် အူးလေးပြောသလို

၃   ၃   ၃
၃        ၃
၃   ၃   ၃

ဒီလိုကင်းစောင့်ကြပါတယ် ခညာ။ လေးယောက် နိုက်ကလပ်သွားတက်တော့  ;D ;D ;D (၂၀) ယောက်ပဲကျန်ပါမယ်ခည။ ဒါကြောင့်

၎   ၁   ၎
၁        ၁
၎   ၁   ၎

ဒီလိုစောင့်ပါမယ်ခည။ ဒါဆိုရင် နောက်ညတွေလည်း လေးယောက်စီ အလှည့်ကျ နိုက်ကလပ်တက်လို့ရပါဘီခည။  ;D ;D ;D

အဲ..သူတိ့ပြန်လာတဲ့အခါမှာ ကလပ်ပြန်လေးလေးယောက်ကိုခေါ်လာတော့ အားလုံး (၂၈) ယောက်ဖြစ်သွားရော အဲဒီတော့ ဒီလိုလုပ်လိုက်ကြသတဲ့

၂   ၅   ၂
၅        ၅
၂   ၅   ၂

ဒီလိုနဲ့ ညစဉ်ညတိုင်း ဒန်တန့်တန်ကြပါသတဲ့ ခညာ။  ;D ;D ;D

လူပျင်းလေး
ပက်လက်
+26
« Last Edit: March 26, 2011, 05:20:32 PM by PatLat »

jayjay

  • Guest
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #8 on: March 26, 2011, 08:03:05 PM »
တော်လိုက်တဲ့ မောင်ပက်လက် နည်းနည်းပါးပါးများ စဉ်းစားပါဦးလားကွယ် >:( >:(
ခုတော့ နေ့တောင်မကူးဘူး
နာ့တုန်းကဆို နာ ၂ ရက်တောင်စဉ်းစားရတယ်
ဟီး အဲ့လောက်အိုင်ကျူမြင့်တာ ... ;) ;)
သူများနဲ့ တူဘူးလေ သိတယ်မဟုတ်လား မောင်ဂျေ လေ မောင်ဂျေ ;D ;D
+7

Offline artoflove.01

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 437
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +8694
Re: ဟာသဥာဏ်စမ်း အမေး/အဖြေ
« Reply #9 on: March 27, 2011, 02:27:16 AM »
mmcyber က cutepsychoရဲ့ လိင်ဟာသ ပဟေဠိလေးပါ
   ဖ ၁၆ လုံးပါတဲ့ လိင်ဟာသ စာကြောင်းဟာ ဘာဖြစ်မလဲ တဲ့ခင်ဗျ :P
 အဖြေကတော့
ဖွားဖွားဖင်ဖြဲ ဖောင်းဖောင်းဖြူဖြူ ဖွေးဖွေး ဖိုးဖိုးဖြည်းဖြည်းဖိုက်ဖို့       
+9
« Last Edit: March 27, 2011, 07:54:41 PM by artoflove.01 »
     ပရိတ်သတ်ကြီးပေးတဲ့ Upvote တွေဟာ ရှေ့ဆက် Post တွေတင်ဖို့ အားဆေးဖြစ်တာကြောင့် သဘောကျရင် ခြေရာလက်ရာ Vote လေးတွေထားခဲ့ကြပါ။