ကဲ ကျွန်တော်လည်း မေးခွန်းတစ်ခုလောက်မေးမယ်ဗျာ..
တစ်ခါက မြို့တစ်မြို့ကို ကင်းစောင့်တဲ့ကင်းသမားတွေရှိတယ်တဲ့
သူတို့က မြို့ကို ဒီလိုကင်းစောင့်ကြတယ်
၀၀၀ ၀၀၀ ၀၀၀
၀၀၀ ၀၀၀
၀၀၀ ၀၀၀ ၀၀၀
ကင်းသမားတွေကင်းစောင့်မစောင့်လိုက်စစ်တဲ့ ကင်းမှူးတစ်ယောက်လည်းရှိတယ်.
အဲဒီကင်းမှူးက အပျင်းကြီးတယ်. ပျင်းတော့ သူကကင်းကိုလူပြည့်မပြည့်မစစ်ဘဲနဲ့
မျက်နှာစာတစ်ဖက်မှာ လူကိုးယောက်ရှိရင် ကင်းသမားပြည့်တယ်ဆိုပြီး ပြန်အိပ်တတ်တဲ့
အဲဒါကိုသိတဲ့ကင်းသမားတွေက တစ်ညမှာတော့ တိုင်ပင်ကြတယ်. ကင်းကနေ လူလေးယောက်
ထွက်မယ်. လူလေးယောက်ထွက်ပေမယ့် မျက်နှာစာတစ်ဖက်မှာ ကိုးယောက်ရှိအောင်နေမယ်ဆိုပြီး
နေရာချပြီး လေးယောက်ကအပြင်ထွက်လည်တယ်တဲ့. ကင်းမှူးလာစစ်တော့ လူလေးယောက်အပြင်ထွက်လည်
ပေမယ့် မျက်နှာစာတစ်ဖက်မှာ ကိုးယောက်ပြည့်တာကြောင့် လူမပြည့်မှန်းမသိပဲ ပြန်သွားတယ်တဲ့
အဲဒီတော့ ကျွန်တော်သိချင်တာက ပြထားတဲ့ပုံကနေ လေးယောက်ဖယ်ပြီး
မျက်နှာစာတစ်ဖက်မှာ ကိုးယောက်ပြည့်အောင်ဘယ်လိုထားမလဲ
ကဲနောက်တစ်ခုက အပြင်ထွက်လည်တဲ့ လေးယောက်က သူတို့တွေပဲ အပြင်ထွက်လည်တယ်ဆိုရင်
မတရားရာ ကျမယ်ဆိုပြီး ကျန်ခဲ့တဲ့အဖော်တွေအတွက် ဆိုပြီး ကောင်မလေးလေးယောက်ခေၞလာခဲ့တယ်တဲ့
မြို့ကိုပြန်ရောက်တော့ ကင်းသမားလေးယောက်ရယ်၊ ကောင်မလေးလေးယောက်ရယ်ဟာ မြို့မှာ
ကျန်ခဲ့တဲ့ ကင်းသမားတွေနဲ့ပြန်စုပြီး မျက်နှာစာတစ်ဖက်မှာ ကိုးယောက်ဖြစ်အောင်နေလိုက်တယ်
ကင်းမှူးလာစစ်တဲ့အချိန်မှာ ပထမတစ်ခေါက်သူလာစစ်ခဲ့တဲ့ လူအရေအတွက်ထက် နောက်ထပ် ရှစ်ယောက် တိုးလာပေမယ့်လဲ မျက်နှာစာကိုပဲကြည့်ပြီး ကိုးယောက်ရှိမရှိစစ်သွားတဲ့အတွက် နောက်ထပ်ရှစ်ယောက် တိုးလာတာကို မသိလိုက်ဘူး.
အဲဒီတော့ ကင်းမှူး ပထမလာစစ်သွားတဲ့ လူအရေအတွက်အပြင် နောက်ထပ် ရှစ်ယောက်တိုးလာပေမယ့် မျက်နှာစာတစ်ဖက်မှာ ကိုးယောက်ပဲရှိအောင် ဘယ်လိုထားမလဲ
ဖြေကြည့်ကြပါဦးဗျို့
အူးအူးရေ.....
သားကတော့ကျောင်းသားသစ်လေးပါ။ မှားတာရှိရင် ဗွေမယူပါနဲ့ခညာ။ (ထိပ်ပြောင်နေလို့ ဗွေမရှိတော့လို့ပါ

)
ပထမက ကင်းသမား (၂၄)ယောက်ရှိပါတယ်ခည။ဒါကြောင့် အူးလေးပြောသလို
၃ ၃ ၃
၃ ၃
၃ ၃ ၃
ဒီလိုကင်းစောင့်ကြပါတယ် ခညာ။ လေးယောက် နိုက်ကလပ်သွားတက်တော့

(၂၀) ယောက်ပဲကျန်ပါမယ်ခည။ ဒါကြောင့်
၎ ၁ ၎
၁ ၁
၎ ၁ ၎
ဒီလိုစောင့်ပါမယ်ခည။ ဒါဆိုရင် နောက်ညတွေလည်း လေးယောက်စီ အလှည့်ကျ နိုက်ကလပ်တက်လို့ရပါဘီခည။

အဲ..သူတိ့ပြန်လာတဲ့အခါမှာ ကလပ်ပြန်လေးလေးယောက်ကိုခေါ်လာတော့ အားလုံး (၂၈) ယောက်ဖြစ်သွားရော အဲဒီတော့ ဒီလိုလုပ်လိုက်ကြသတဲ့
၂ ၅ ၂
၅ ၅
၂ ၅ ၂
ဒီလိုနဲ့ ညစဉ်ညတိုင်း ဒန်တန့်တန်ကြပါသတဲ့ ခညာ။

လူပျင်းလေး
ပက်လက်