Author Topic: ဆားပုလင်းနေမင်း နှင့် မင်းသမီးဘော်လီပျောက်မှု (ရေးသူ Y.S.G)  (Read 12950 times)

0 Members and 1 Guest are viewing this topic.

DR Sate Phwar

  • Guest
ဆားပုလင်းနေမင်း နှင့် မင်းသမီးဘော်လီပျောက်မှု

အင်မတန်ပျင်းစရာကောင်းသော တစ်နေ့၌ ကျွန်ုပ်နှင့် မိတ်ဆွေကြီး ဆားပုလင်းနေမင်းတို့သည် အင်းစိန်စီအိုင်ဒီရုံးဘေးရှိ ကာကာဆိုင်တွင် လက်ဘက်ရည်အကြွေးသောက်ကာ
လေပန်းလျက်ရှိကြသည်။ ထိုစဉ် အမှုလိုက်စာရေး နိုးတူး ဆိုသည့် သူငယ်ကလေးမှာ အပြေးအလွှားဝင်လာပြီးလျှင်၊

"ကိုယ့်လူတို့ ဒီမှာထိုင်ပြီးလေကန် မနေကြနဲ့။ ရုံးပေါ်ကို အမြန်လာခဲ့ကြဖို့ မင်းကြီးက အခေါ်လွှတ်လိုက်တယ်ဗျ။ " ဟု ဆိုသဖြင့် ကိုနေမင်းက..
"ကဲ ..အိုင်ပီရေ ရန်ကုန်မြို့  မှာ အမှုကြီးတစ်ခုတော့ ပေါ်ပြန်ပီထင်တယ်။ အကြောလေးဘာလေးဆန့်ကြတာပေါ့ဗျာ။ အမှုမလိုက်တာကြာတော့ ပျင်းတောင်နေပြီ။ "

ဟူ၍ရေရွတ်ကာ လက်ကြားမှသောက်လက်စ ရေခဲချောင်းတံဆိပ် စီးကရက်အား ပြာတောက် မီးသတ်ပြီး ကုတ်အကျီ င်္အိတ်ထဲထည့်ကာ ထထွက်သွားလေသည်။ ကျွန်ုပ်လဲ ကိုနေမင်းနောက်မှအပြေး
ကလေးလိုက်တာ မင်းကြီးရုံးခန်းသို့ ဝင်ကြလေသည်။ ရုံးခန်းအတွင်း၌ စီအိုင်ဒီ အကြီးအကဲ မစ္စတာကရစ်ပြုံးကား ယောက္ခမကြီး အိမ်မှာလာနေမည်ဆိုသည့် သတင်းကြားလိုက်ရသူ သမက်
တစ်ယောက်လို မှုန်ကုတ်လျက်ရှိပေ၏။

"သြော်..လူကလေးတို့ ရောက်လာကြပြီလား။ မောင်မင်းတို့ကို အရေးအကြောင်းဆို လိုက်ရှာနေရတာပဲ။ အခု ..ကျွန်ုပ်တို့ စီအိုင်ဒီမှာ မီးလောင်နေပြီ။ ဒါကိုမောင်မင်းတို့
သိကြရဲ့ လား။ လူကလေးတို့ အားနေရင် ကာကာဆိုင်မှာပဲ အာလူးဖုတ်နေကြတယ်။ အဲဒါ ကောင်းပါသလား။"
"ဒါက ကျုပ်တို့အလုပ်ပါ မစ္စတာပြုံး၊ စုံထောက်ဆိုတာ လူတွေကြားထဲမှာ နေပြီး စုံစမ်းထောက်လှမ်းနေရတာပါ။ ခု မင်းကြီးပြောမယ့် မင်းသမီးဘော်လီပျောက်တဲ့ အမှုကို ကျုပ် အမြန်ဆုံး
ဖော်ထုတ်ပေးမယ်။ ကျုပ်တို့ လက်ဘက်ရည်ဆိုင်ထိုင်တာကို နောက်ဘယ်တော့မှ မပြောပါနဲ့မင်းကြီး။ "
"အိုကေ ..အိုကေ ..လူကလေး နေမင်း၊ မင်းကိုငါယုံတယ်။ မောင်မင်းလိုလူကလေးတွေ စီအိုင်ဒီမှာ အများကြီးရှိရင် ကျွန်ုပ်နေ့တိုင်း ကေတီဗီသွားလို့ရပြီ။ သိပ်ကောင်းတယ်။"

ကျွန်ုပ်မှာကား မင်းကြီး နှင့် ဆားပုလင်းနေမင်း တို့ အပြန်အလှန်ပြောနေကြသော စကားများကို ကြောင်စီစီနှင့်နားထောင်ကာ ဘာကိုမှ နားမလည်နိုင်ပဲ ဖြစ်နေသည်။ မင်းကြီးက ဘာမှမပြော
ရသေးပဲ ဘာအမှုဖြစ်နေသလဲဆိုတာကို ကျွန်ုပ်နှင့်အတူ လက်ဘက်ရည်သောက်နေသော ဆားပုလင်းနေမင်းက မည်သို့သိနေရသနည်း။ မင်းကြီးရုံးခန်းမှ ထွက်လာပြီး ကျွန်ုပ်မှာ ချက်ချင်းပင်

" ကိုနေမင်း ခင်ဗျားတယ်ဟုတ်တဲ့လူပဲဗျာ..မင်းကြီးဘာကိစ္စခေါ်ပြောသလဲ ဆိုတာ ခင်ဗျားဘယ်နှယ့်သိသတုန်းဗျ။ မဟုတ်မှလွဲရော ခင်ဗျား အကြားအမြင်တွေဘာတွေ လိုက်စားထားသလား
မပြောတတ်ဘူး။ တယ်ရှိုတဲ့လူပဲ။ "
" ဟား ဟား ဟား ... မဟုတ်ရပါဘူး အိုင်ပီရယ်။ ခုနင်က ကျုပ် နဲ့ ခင်ဗျား တူတူလက်ဘက်ရည်သောက်နေတုန်း ဘေးဝိုင်းက သတင်းထောက်တွေတူပါရဲ့ ။ မင်းသမီးဘော်လီပျောက်မှု ကို
 စီိအိုင်ဒီက ဘယ်စုံထောက်လိုက်မလဲ ဆိုတာ လာသတင်းယူတာဆိုပဲ။ ကျုပ်က အဲဒါလေးကြားထားတော့ မင်းကြီးကို ခပ်တည်တည်နဲ့ဖိန့်ရတာပေါ့ဗျာ။ "
" ခင်ဗျား ဖိန့်တာကတော့ ဟုတ်ပါပြီ။ ခုဒီအမှုကို ဘယ်ကစလိုက်ကြမလဲ။ ကျုပ်တော့ မျက်ခုံးလှုပ်လှုပ်ပဲ ကိုနေမင်းရေ။ "
" အိုင်ပီ ကလဲ တယ်တွေးပူတတ်ရန်ကော..ပုထုဇနော ဥမ္မာတကောတဲ့။ စိတ်အေးအေးထားစမ်းပါဗျ။ "
" ခင်ဗျားလုပ်ကာမှ ပိုရှုပ်ကုန်ပြီ ကိုနေမင်းရေ..မြန်မာလိုပဲ လိုရင်းတိုရှင်းပြောစမ်းပါ။ ဘာမှမဆိုင်တဲ့ ပါဋ္ဌိတွေထည့်ထည့်မပြောစမ်းပါနဲ့ ကျုပ်ကတုံးတယ်ဗျ။ "
" အင်း ခင်ဗျား လိုက်မမှီတော့လဲ ကျုပ်ကနဲနဲချပြောရတာပေါ့ အိုင်ပီရယ်...အခင်းဖြစ်တဲ့ မင်းသမီးအိမ်ကပဲ သဲလွန်စ စရှာပြီး လိုက်ကြတာပေါ့။ ကဲပြောနေကြာတယ်ဗျာ...မြင်းလှည်းတစ်စီး
  ငှားစမ်းပါ ပိုက်ဆံမပါလို့ ခင်ဗျားပဲ စိုက်ထားပေးဦး ကျုပ်ဆုငွေရတော့ ပြန်ဆပ်ပါ့မယ်ဗျာ။ "
" ကိုယ့်လူက လုပ်ပြီဗျာ...ဆားပုလင်းနေမင်း နာမည်ကျော်စုံထောက်ကြီးလုပ်ပြီး မြင်းလှည်းခတောင် မရှိဘူးလား။ "
" ဒီမယ်အိုင်ပီ ဇာတ်လိုက်ဆိုတာ အမြဲတမ်းလူဆိုးတွေနဲ့ သတ်ပုတ်နေရတာ မတော်တဆ ဟိုနားကျ ဒီနားကျနဲ့ ကျုပ်ရှိတာတွေ ကုန်တော့ မခက်ရောလား။ နားလည်စမ်းပါဗျာ..
 ကျုပ်လိုကျော်မတွေးတတ်လို့ ခင်ဗျားတို့ ဇာတ်လိုက်မဖြစ်တာ ဟားဟားဟား။ "

ကြောက်စရာကောင်းသော အသံနက်ကြီးဖြင့် ရယ်မောလိုက်သော ဆားပုလင်းနေမင်းကို လန့်ကာ လမ်းဘေးမှာသစ်တော်သီးရောင်းနေသော ဈေးသည်မ၏ ကလေးငယ်မှာ တတ်မတတ်ချက်မတတ်
ထငိုနေသောကြောင့် ကိုနေမင်း၏လက်ကိုဆွဲကာ ခရီးသည်တင်ရန်အလို့ငှာရပ်လာသော မြင်းလှည်းပေါ်သို့ အတင်းထိုးတင်လိုက်ရပါတော့သည်။


စာကြွင်း ။။မန်မန်စားပီးဆက်ရေးပါမယ် တညလုံးရေးပါမယ် မိုးလင်းတဲ့ထိရေးပါမယ်
+31
« Last Edit: November 08, 2012, 10:44:51 AM by zawye »

DR Sate Phwar

  • Guest
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #1 on: November 03, 2012, 11:55:30 PM »
" ဘရာဆပ်...ဘယ်ကိုဂျောင်းရမလဲ ဆပ်။ "
" ကိုနေမင်း ..မင်းသမီးအိမ်က ဘယ်မှာလဲဗျ ပြောလိုက်ဦး။ "
" သြော်..အေးအေး ..ငါတို့ကို ဗဟန်း ရွှေတောင်ကုန်းလမ်း ခြံအမှတ် ၃၆ ကို ပို့ပေးစမ်းကွာ။ "

ဤသို့ဖြင့် ကျွန်ုပ်တို့ စီးလာသော မြင်းလှည်းကလေးသည် ရွှေတောင်ကုန်းလမ်းထဲသို့ တရွေ့ ရွေ့  ဝင်လာခဲ့ပြီးလျှင် ကြေးဝါရောင်လက်လက်ထနေသော ခြံဝင်းကျယ်ကြီး
တစ်ခုရှေ့ သို့ ဆိုက်ရောက်လေသည်။ ခြံရှေ့ ၌ လုံခြုံရေးယူထားဟန်တူသော ရဲသားကလေးက ကျွန်ုပ်တို့နှစ်ဦးအား စေ့စေ့ကြည့်ပြီး

" ဆရာတို့ ဘယ်ဌာနကလဲ မသိဘူး။ လုံခြုံရေးအရ စစ်မေးရတာပါခင်ဗျာ။ "
" ကိုယ်က ဆားပုလင်းနေမင်းပါ အင်းစိန် စီအိုင်ဒီက၊ သူက ကိုယ့်မိတ်ဆွေ အိုင်ပီဆော်ကြီး ။ ဒီလောက်ဆို ကိုယ်တို့ဝင်လို့ရပြီလား အမှုအတွက်စစ်ဆေးစရာတွေ
  ရှိလို့ လာခဲ့တာပါ။ "
" ဟာ ဆရာကိုနေမင်း ဆရာမှန်းမသိလို့ စစ်မိတာခွင့်လွှတ်ပါဆရာ။ ကျွန်တော်တို့က ဆရာ့ကို သိပ်လေးစားတယ်။ ကျေးဇူးပြုပြီး ဆရာ့လတ်မှတ်လေးတစ်ခုလောက်
  ချီးမြှင့်ခဲ့ပါဆရာ။ အမှတ်တရသိမ်းထားချင်လို့ပါ။ "
" ရပါတယ်ကွာ ..ဒီလောက်ကတော့ "

ကိုနေမင်းက ပြောပြောဆိုဆို ကျွန်ုပ်အိတ်ကပ်မှာ ထိုးထားတဲ့ ပတ်ကားဖောင်တိန်ကို ဆတ်ကနဲယူပြီး ရဲသားလေး၏ ဝါကျင့်ကျင့်စာအုပ်ပေါ်မှာ သူ့ထိုးမြဲလတ်မှတ်ကို
ခပ်ကြီးကြီးထိုးပေးလိုက်သည်။ အိုင်ယာလန်ထီပေါက်သလို အင်မတန်ပျော်ရွှင်နေပုံရသွားတဲ့ ရဲသားလေးရဲ့  လက်တစ်ဖက်ကို ဆွဲယူကာ တစ်စုံတစ်ခုကို သူ၏ကုတ်အကျီ င်္ထဲမှ
နှိုက်ယူပေးလိုက်ပြီး

" မင်းတာဝန်ကျေတဲ့အတွက် သက်သက်ချီးမြှင့်တာ .." ဟု ပြောကာ ခြံအတွင်းဘက်သို့ တက်ကြွသော ခြေလှမ်းကြီးများဖြင့် ရဲရဲတင်းတင်း လှမ်းဝင်သွားတော့သည်။
" ကိုနေမင်း...နေပါဦးဗျ၊ ခုန မြင်းလှည်းစီးဖို့ကျတော့ ပိုက်ဆံမပါဘူးပြောတယ်။ ခု ဟိုရဲသားလေးကိုကျတော့ မုန့်ဖိုးပေးဖို့ ခင်ဗျား ပိုက်ဆံရှိသလား။
  အချင်းချင်း ဒီလိုလူလည်ကျတာတော့ မကောင်းဘူးဗျာ။ "
" အိုင်ပီနှယ် ..အသက်ကြီးသလောက် မျက်စိကလဲမွဲသကိုး။ ကောင်လေးကို ကျုပ်ပေးလိုက်တာ ပိုက်ဆံမဟုတ်ပါဘူးဗျာ။ ဘိုင်ပြတ်နေလို့ မီးသတ်ပြီးပြန်သိမ်းထားတဲ့
  ရေခဲချောင်း စီးကရက်အတိုလေးပါ။ "

မြန်မာပြည်တစ်လွှား ဖိန့်ဖိန့်တုန်အောင် နာမည်ကြီးလှသော ကျွန်ုပ်တို့ အင်းစိန်စီအိုင်ဒီမှ စုံထောက်ကြီးဆားပုလင်းနေမင်း ဆိုတာ အဲသလို စည်းစနစ်ကျတဲ့သူဖြစ်တယ်
ဆိုတာ ကျွန်ုပ်တစ်စထက်တစ်စ ပိုမိုယုံကြည်လာရပါပြီ။ စီးကရက်အတိုတစ်စ ကိုတောင် ယခုလို အကျိုးရှိရှိအသုံးချတတ်တာကြောင့် နာမည်ကြီးထိုက်ပါပေသည်ဟု
ကျေကျေနပ်နပ်ကြီး လက်ခံရပေမည်။
ကျွန်ုပ်ရှေ့ မှဦးဆောင်ကာ ခြံဝင်းလည်မှာ ရှိသော နှစ်ထပ်တိုက်ကြီး၏ ဧည့်ခန်းမဆောင်သို့ ကိုနေမင်းဝင်ရောက်သွားချိန်၌ တိုက်အိမ်ကြီး၏ ဧည့်ခန်းဆောင်သည်
အညာဘုရားပွဲတမျှ စည်ကားလျှက်ရှိနေပေတော့သည်။


( နောင်လာနောင်သားများ ဗဟုသုတ အလို့ငှာ သိရှိစေရန် ထိုခေတ်က ဓာတ်ပုံတချို့ ကို စုဆောင်းတင်ပြလိုက်ရပေသည်။ )
စာရေးသူ - ဆော်သိင်္ခ

ကျွန်ုပ်တို့အကြွေးသောက်သော စီအိုင်ဒီရုံးအနီးမှ ကာကာဆိုင်

စစ်ကြိုခေတ်က မြင်းလှည်းတစ်စီး

စစ်ကြိုခေတ် ဗဟန်းမြို့ နယ် ရွှေတောင်ကုန်းလမ်း
+27
« Last Edit: November 04, 2012, 02:58:27 AM by Y.S.G »

DR Sate Phwar

  • Guest
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #2 on: November 04, 2012, 04:50:17 AM »
ထိုသို့ အညာဘုရားပွဲတမျှ ရှုပ်ယှတ်ခတ်နေသော နိုင်ငံကျော်မင်းသမီး၏ ဧည့်ခန်းအလည်သို့ ကေသရာဇာခြင်္သေ့မင်းတို့ အစာဝနေသော ခြေလှမ်းမျိုးဖြင့်
ကိုနေမင်းကား ရဲဝင့်စွာဝင်ရောက်လိုက်ပြီးလျှင်-

 " နိုင်ငံကျော်မင်းသမီးတစ်ယောက်ရဲ့  ဇာဘော်လီပျောက်မှုတစ်ခုအတွက် မြန်မာပြည်မှာရှိတဲ့ စုံထောက်မင်းအပေါင်း အတော်အလုပ်ရှုပ်နေကြပုံပဲ။ "

ဟု မချိတင်ကဲ ရေရွတ်လိုက်ပြီး မင်းသမီးထိုင်နေရာဆီသို့ လူအုပ်ကြီးအား တွန်းထိုးပွတ်တိုက်ကာ လျှောက်သွားပါသည်။ ကျွန်ုပ်လဲ ကိုနေမင်းပြောမှပင်
အခန်းတွင်းရှိလူများအား သေသေချာချာကြည့်လိုက်မိသည်။ ဗဟန်းဂတ်တဲမှ ဌာနအုပ်ကလေး ဘွတ်ကီဝိ ဆိုသူကိုကား မြင်းပွဲ ဘောလုံးပွဲ များမှာ မကြာခန
မျက်မှန်းတန်းနေမိသူဖြစ်၍ ပြုံးပြနှုတ်ဆက်လိုက်ပါသည်။ အင်းစိန်စီအိုင်ဒီမှ စုံထောက်များဖြစ်ကြသော ခရေကလိ၊ ဘာဂျာနတ်ဆိုး၊ ပုလွေရိုး နှင့်
ဂေါ်လီမင်းသွေး စသော နာမည်ကျော်ကြီးများကိုပါ တွေ့ရပြန်ပါတယ်။ ကျွန်ုပ်စိတ်ထဲ ဘာမဟုတ်တဲ့ ဘော်လီတစ်ထည်ပျောက်မှုကို စုံထောက်တွေတစ်ပြုံတစ်မကြီး
လွှတ်လိုက်တာနားမလည်ပါဘူး။ ဧကန်န မစ္စတာကရစ်ပြုံး ရုံးမှာ ဘယ်သူမှမရှိတုန်း အသစ်ခန့်ထားတဲ့ အတွင်းရေးမှူးမလေး ခင်ဟိုဒီ ကို ကြံဖို့ပဲ ဖြစ်ရမယ်ဟု
ထင်မိသည်။ ခင်ဟိုဒီ ဆိုသည်ကလည်း ကြံချင်စရာ အလွန်ပင် ရင်ဂုဏ်မောက်သည့် မိန်းကလေးဖြစ်သည်။

" အိုင်ပီကြီး  ဘော်လီတစ်ထည်ပျောက်တာ ဒီလောက်စုံထောက်တွေအများကြီး အမှုလိုက်ဖို့လိုသလားလို့ မတွေးနေနဲ့ဗျ။ "
" အမှန်ပဲ ကိုနေမင်းရေ..ကျုပ်တော့ နားမလည်နိုင်တော့ဘူး။ ဘော်လီတစ်ထည်ပျောက်တာများဗျာ ရဲစခန်းတိုင်စရာလား ဒီမင်းသမီးက။ စကော့မားကတ်ထဲမယ်
  သူ့စိတ်ကြိုက် ပြန်ဝယ်လိုက်ပြီးတာပဲဗျ။ "
" နိုး နိုး ...အိုင်ပီ တကယ့်သာမန် ဘော်လီမျိုးဆိုရင် ခင်ဗျားပြောသလိုပဲ မင်းသမီးက လုပ်မှာပေါ့ဗျာ။ ရဲစခန်းတိုင် အမှုဖွင့်မနေပါဘူး။ အချိန်ကုန် အလုပ်ပျက်ခံမလား။ "
" ဒါဖြင့် ဘာလို့လဲ ဘော်လီက စိန်ကွပ်ထားတဲ့ ဘော်လီမျိုးလား ကိုနေမင်းရ။ "
" အဲဒီထက်ကို ပိုပြီးထူးခြားတဲ့ ဘော်လီမို့ပေါ့ အိုင်ပီရယ်။ မင်းသမီးပျောက်သွားတဲ့ ဘော်လီက လိင်ပြောင်းလိင်လွှဲဘော်လီ လို့ခေါ်တယ်။
ကြံကြီးစည်ရာဗျာ ရုပ်ပြောင်းရုပ်လွှဲပဲ ကြားဖူးပါတယ်။ ခင်ဗျားဟာက လိင်ပြောင်းလိင်လွှဲဆိုတော့ ဟုတ်ရဲ့ လား ကိုနေမင်းရယ် ကျုပ်တော့ တသက်နဲ့တကိုယ် မကြားဖူးပါဘူး။ "

မျက်မှောင်ကုတ်ကာ ဖင်ပိတ်ငြင်းနေသော ကျွန်ုပ်ကို ဆားပုလင်းနေမင်းက စကားဆက်မပြောသေးပဲ သူအင်မတန်နှစ်ခြိုက်သော ရေခဲချောင်းတံဆိပ် စီးကရက်တစ်လိပ်ကို
ထုတ်ပြီး ဟန်ပါပါ မီးညှိရှိုက်ဖွာနေသေးသည်။ မပြောချင်နေဟာဆိုသည့် ပုံစံမျိုးဖြင့် ကျွန်ုပ်က လှည့်ထွက်မည်ပြုမှ -

" ဒီလိုရှိတယ် အိုင်ပီရ၊ ဒီ လိင်ပြောင်းလိင်လွှဲဘော်လီရဲ့  မူလပိုင်ရှင်အစစ်က မွန်ဂို ဘုရင် ဂျေဂျေခန်ရဲ့  သမီးတော် အောက်ဒိုးဆက်ဆက်ပဲ။ဂျေဂျေခန်ဟာ သူ့အင်ပါယာကြီး
  အမြဲချဲ့ နေတော့ ရှိသမျှ စစ်တိုက်နိုင်တဲ့ ယောက်ျားတွေအားလုံး မွန်ဂိုတပ်ကြီးနဲ့အတူ စစ်မြေပြင်ကို ထွက်ကြရတယ်လေ။
" အင်း ဒါတော့ ကျုပ်နဲနဲသိတယ်။ မွန်ဂိုစစ်ဘုရင် ဂျေဂျေခန်ရဲ့  အင်ပါယာချဲ့  ခဲ့တယ်ဆိုတာ နဲနဲနောနောကြီးမှ မဟုတ်ခဲ့တာ။ အမြဲတမ်းစစ်တိုက်နေရမှာသေချာတယ်။ "
" အဲဒီလို ယောက်ျားမှန်သမျှ စစ်တိုက်နေတာတောင် သူ့မှာ စစ်အင်အားက အမြဲလိုနေတာချည်းပဲ ဖြစ်လာရော။ နောက်ထပ်နယ်ချဲ့ ဖို့ရာ လိုနေတဲ့ စစ်အင်အားတွေအတွက်
  ရှာပေးဖို့ ကူညီလိုက်တာက အဲဒီသမီးတော်ပဲ။ သမီးတော် အောက်ဒိုးဆက်ဆက်က  စစ်သားတွေကို ဘယ်လိုရှာပေးရမလဲဆိုတာ တွေးရင်းက တိုင်းပြည်မှာ ကျန်နေတဲ့
  မိန်းမတွေကို ယောက်ျားတွေဖြစ်အောင် ပြောင်းပေးနိုင်ရင် အလွန်အဆင်ပြေမှာပဲလို့ အတွေးရတယ်။ ပြီးတော့ ဘယ်လို နည်းလမ်းနဲ့ မိန်းမတွေကို ယောက်ျားဖြစ်အောင်
  လုပ်ပေးနိုင်မလဲဆိုတာကို အကြံပေးမူးမတ်တွေနဲ့ တိုင်ပင်လိုက်တော့ အဲဒီမှာ အဖြေတစ်ခု ထွက်လာတယ်။ အဲဒါက ဘာလဲဆိုတော့ အဲဒီအချိန်က အရှေ့ တိုင်း ဂမ္ဘီရနယ်မှာ
  အင်မတန်နာမည်ကြီးနေတဲ့ စနေမဲတူ ဆိုတဲ့ ဂမ္ဘီရ ဆရာမကြီးကို အကူအညီတောင်းဖို့ပဲ။ စနေမဲတူ ဆိုတဲ့ ဆရာမကြီးကလဲ ဂျေဒိုးနတ်နဲ့ဝီစကီ ဆိုတာမျိုး ထူးထူးဆန်းဆန်း
  တွေ စမ်းသပ်တီထွင်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ် လက်ကုန်အောင်မြင်နေတဲ့ အချိန်ပေါ့။ အဲဒီမှာ သမီးတော်အောက်ဒိုးဆက်နဲ့ ဆရာမကြီးမဲတူတို့ ပူးပေါင်းကြံစည်လိုက်
  ရာကနေ ဒီ လိင်ပြောင်းလိင်လွှဲဘော်လီ ကြီး ပေါ်ပေါက်လာတာပဲ။ မွန်ဂို အင်ပါယာ ပြိုလဲပြီးနောက် အဲဒီဘော်လီကို မျိုးရိုးအစဉ်အဆက် တိတ်တဆိတ်ထိန်းသိမ်းလာခဲ့ကြတာ
  ခု နိုင်ငံကျော်မင်းသမီး လက်ထဲမှာ ပျောက်တဲ့ အထိပဲဆိုပါတော့။ မင်းသမီးဆီမှာ ဒီဘော်လီရှိနေတယ်ဆိုတာကို သိပြီး အမျိုးမျိုး လုယူဖို့ ကြိုးစားနေတဲ့အဖွဲ့အစည်းတစ်ခု
  ရှိနေတာကို မင်းသမီးက ဘော်လီပျောက်ပြီးမှ သိခဲ့ရတယ်။ "
" ဟာ ဘော်လီခိုးသွားတာ ဘယ်လိုအဖွဲ့ အစည်းလဲဗျ။ "
" ယိုးဒယားပြည်မှာ အခြေစိုက်ထားတဲ့ ဒူးမကောင်းဂိုဏ်း ဆိုတဲ့ အဖွဲ့ အစည်းပဲဗျ။ တော်တော်တော့ အင်အားကြီးတယ်။ ယိုးဒယားရဲတင်မကဘူး စကော့တလန်ရဲအဖွဲ့
  တောင် မဖြိုခွဲနိုင်သေးတဲ့ ဂိုဏ်းကြီးတစ်ခုပဲဗျို့ ။ ဂျပန်မှာယာကူဇာ အီတလီမှာမာဖီးယား ယိုးဒယားမှာဒူးမကောင်း ဆိုပြီး ပြောစမှတ်ပြုကြရတယ်။ ဂိုဏ်းချုပ်တွေ အဆင့်ဆင့်
  ပြောင်းခဲ့ပြီး ခုနောက်ဆုံးဂိုဏ်းချုပ်ကတော့ ဒူးအေးအေး လို့ ခေါ်ကြတဲ့ ဦးထွန်းအေး လို့ အတိအကျသတင်းရတယ်။ ခု ဘော်လီကိစ္စကိုလဲ သူကိုယ်တိုင် ဦးဆောင်ပြီး
  လုပ်ကိုင်သွားပုံရတယ်။ လောလောဆယ်ကျုပ်ပြောနိုင်တာကတော့ ဒီလောက်ပါပဲ။
" အိုင်ဆေး ကိုနေမင်း ခင်ဗျားက ဒီလောက်ပဲသာဆိုတာ တရားခံကို ဖမ်းပြီးစစ်ဖို့လောက်ပဲ ကျန်တော့တယ်ပြောသွားတာက ။ ဘေးနားက ထိုင်ကြည့်နေသလားမှတ်တယ်။
  ခင်ဗျားဘယ်အချိန်မှာ ဘယ်လို ဒါတွေကို လေ့လာထားသလဲဗျာ။ ကျုပ်တော့ ဆယ်ဆလံပေးတယ် ဆယ်ဆလံ။ ဟ ဟ ဟ ဟ။ "


+31

DR Sate Phwar

  • Guest
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #3 on: November 04, 2012, 08:20:43 PM »
ကျွန်ုပ်နှင့် ကိုနေမင်း အမှု၏နောက်ခံ အကြောင်းအရာများကို ပြောဆိုနေကြစဉ် အခြားစီအိုင်ဒီစုံထောက်မင်းများက အမှုနှင့်ပတ်သတ်သော သဲလွန်စရနိုင်မည်ထင်သည့်
အချက်အလက်များကို သကြားလုံးပုရွက်ဆိတ်တက်သကဲ့သို့ ဝိုင်းအုံစစ်ဆေးမေးမြန်းလျက်ရှိပေသည်။ ရုံးသို့လာလျှင် မည်သည့်နေရာမှ ကောက်ယူလာသည်မသိသော
ခရေပန်းညိုတိုတိုလေးများ ပါလာလေ့ရှိပြီး မကြာခနထုတ်ထုတ်ရှူလေ့ရှိ၍ ခရေကလိဟု နာမည်တွင်သော စုံထောက်ကျော်က မဟော်ဂနီရောင်ဆက်တီခုံပေါ်မှာ မခို့တရို့ လေးထိုင်နေသော နိုင်ငံကျော်မင်းသမီးအား ခြေဆုံးခေါင်းဆုံး လေးခေါက်မျှကြည့်ကာ-

" မင်းသမီး ပျောက်သွားတဲ့ ဘော်လီက ဘယ်ဆိုဒ်လဲ။ "
" ရှင် "
" ရှင် မလုပ်နဲ့လေ ဘယ်ဆိုဒ် ဘယ်ကပ် ဆိုတာသိမှ အမှုလိုက်ဖို့ရာ ပိုလွယ်ကူမှာပေါ့။ "
" သြော်..ဟုတ်ကဲ့ရှင့် ကျွန်မပျောက်သွားတဲ့ ဟာလေးက သာတီးဖိုးဘီ (34B) ပါရှင့်။ "
" ဟုတ်ပြီ..ကြိုးပျောက်လား မပျောက်ဘူးလား။ "
" ကြိုးနဲ့ပါ ဆရာကြီးရှင့်။ "

မင်းသမီးပြန်လည်ဖြေဆိုသမျှကို စုံထောက်ခရေကလိက သူ၏မှတ်စု စာအုပ်ထဲတွင် ရေးမှတ်နေစဉ်မှာ နာမည်ကျော်ဘိလပ်စုံထောက်အဖွဲ့  အမ်အိုင်ခြောက် (MI 6) မှ
လက်နက်ကြီးထောက်လှမ်းရေးသင်တန်းဆင်း စုံထောက်ဂေါ်လီမီးသွေးက ဝင်ရောက်စစ်မေးပြန်သည်။

" ညီမဟာလေးက အရှေ့ ဖြုတ်လား အနောက်ဖြုတ်လား။ "
" ရှင် ..."

မင်းသမီးသည် စုံထောက်ကြီး၏ ပိုင်နိုင်တိကျသော မေးခွန်းကြောင့် အလန့်တကြားဖြစ်သွားပုံရကာ မျက်လုံးများပြူးသွားပါသည်။
 
" ချိတ်လေ ဘော်လီချိတ်ကိုပြောတာ။ အရှေ့ မှာလား အနောက်မှာလား ။ "
" ဟို ဟို အနောက်ကဖြုတ်ရတာပါ ရှင်။ "
" ဘယ်နှစ်ချောင်းရှိသလဲ။ "
" ရှင်...."

သရုပ်ဆောင်ကောင်းလှသော နိုင်ငံကျော်မင်းသမီးပင် ဖြစ်လင့်ကစား ဘိလပ်စုံထောက်သင်တန်းဆင်းပီပီ ချက်ကျလက်ကျ စစ်မေးလိုက်သော စုံထောက်ကျော်ဂေါ်လီမီးသွေး၏
မေးခွန်းအောက်မှာ ဟန်မဆောင်နိုင်တော့ပေ။အလွန်တရာ ထိတ်လန့်နေဟန်ဖြင့် ပါးစပ်ကလေး ဟ ကာ မျက်လုံးလေးပြူးနေသော မွန်ဂို မင်းဆက်အနွယ်ဝင် မိန်းမချောလေး
အား စုံထောက်ကြီးမှ တုံးရန်အရန်ကော ဆိုသည့်အမူအယာဖြင့် ခေါင်းတယမ်းယမ်းလှုပ်ကာ-

" ခင်ဗျား ဘော်လီချိတ်ကိုမေးနေတာလေ ဘယ်နှစ်ချောင်းရှိသလဲ သုံးချောင်းလား ငါးချောင်းလား အဲဒါကိုမေးတာ။ ခက်တာပဲဗျာ ... ဒီလိုသာဆို အမှုမှန်ပေါ်ဖို့
  တော်တော်မလွယ်တဲ့ပုံပဲ။ "
" ဟုတ် ဟုတ်ကဲ့...ခြောက်ခု ခြောက်ခု လို့ ထင်ပါတယ်။ "

ဤတွင် တစ်ချိန်လုံးနားထောင်နေခဲ့သော စီအိုင်ဒီ တေးဂီတအဖွဲ့ ၏ ပင်တိုင်ဘာဂျာပလေယာ လည်းဖြစ်သူ စုံထောက်ကျော်ဘာဂျာနတ်ဆိုးက တစ်စုံတစ်ခုသတိရဟန်ဖြင့်
လက်ကလေးထောင်ကာ မင်းသမီးကို ဝင်ရောက်မေးမြန်းပြန်လေသည်။

" အရေးကြီးတာလေးတစ်ခု ဖြေပါဦး ဒီကညီမလေး။ ပျောက်သွားတဲ့ဘော်လီက ဘာအရောင်လေးလဲဆိုတာ ပြောပါဦး။ "
" ဟုတ်ကဲ့ ..အရောင်က မိုးပြာရောင်နုနုကလေးပါ။ "
" အသားအနားကရောကွဲ့  ချည်သားစစ်စစ်လား။ "
" အင်း...ချည်သားတော့ မဟုတ်ဘူးရှင့်။ ကျွန်မတို့ မွန်ဂိုရတနာ တစ်ပါးဖြစ်တဲ့ မြင်းသားရေ နဲ့ လုပ်ထားတာပါ။ ပြီးတော့မှ သားရေကို မိုးပြာရောင်လေးဆိုးထားတာပေါ့။ "
" ဟုတ်ပြီ..ဒီလောက်ဆို သဲလွန်စ ခိုင်ခိုင်လုံလုံ တည်ဆောက်လို့ရပါပြီ။ "

ဘာဂျာမှုတ်သည့်နေရာ၌ ဆရာတစ်ဆူဖြစ်သလို မိန်းကလေးများအား အမှုစစ်သည့်နေရာတွင်လည်း ထူးချွန်သော စုံထောက်ကြီးဘာဂျာနတ်ဆိုးမှာ သူသိလိုသောအချက်များ
သိရ၍ စိတ်ကျေနပ်သွားဟန်ဖြင့် ဆက်တီခုံကျောမှီပေါ်သို့ ခါးဆန့်လှဲလိုက်သည်။ဘာဂျာနတ်ဆိုး ရုတ်တရက်နောက်သို့ အားပါးတရမှီချလိုက်သောကြောင့် ဆက်တီခုံမှာ
လှုပ်ရမ်းတုန်ခါသွားသည်။တော်တော်ကြာအောင် ငိုက်မြည်းပျင်းရိနေသော စုံထောက်ပလွေရိုးမှာ ဆက်တီခုံ လှုပ်ရမ်းမှုကြောင့် လန့်နိုးလာပြီး ကယောင်ကတမ်းထမေးပြန်၏။
ထိုစုံထောက်ပုလွေရိုးဆိုသူမှာ မှတ်ပုံတင်နာမည်မှာကိုရိုး ဖြစ်သော်ငြား အမှုစစ်သည့်နေရာ၌ အလမ္မာယ်ဆရာတစ်ယောက်ရဲ့  ပုလွေသံကဲ့သို့ တရားခံအား ညှို့ ယူဖမ်းစား
နိုင်သည့် မေးခွန်းများမေးတတ်သောကြောင့် စုံထောက်လောကတွင် ပုလွေရိုး အဖြစ်ကျော်ကြားသူဖြစ်သည်။

" မင်းသမီး မင်းသမီးမှာ ရည်းစားရှိလား။ "
" ရှင် .."

ယခုလည်း အိပ်စက်ငိုက်မြည်းနေရာမှ ရုတ်တရက်လန့်မေး လိုက်သောမေးခွန်းသည်ပင် အလွန်စိတ်ဝင်စားဖွယ်ရှိပေ၏။ ကျွန်ုပ်တို့ရောက်ရှိနေသော ဧည့်ခန်းဆောင်ကြီးတစ်ခုလုံး
အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကျွန်ုပ်၏မိတ်ဆွေကြီး ဆားပုလင်းနေမင်းသည်ပင်လျှင် ပါးစောင်တွင်ခဲထားသော ရေခဲချောင်းတံဆိပ်
စီးကရက်အား ဖွာရန်မေ့နေပုံရ၏။ စီးကရက်အဖျားမှာ ခဲနေသောပြာတို့ကိုမျှ ချွေမချရသေး။ အားလုံး၏ အာရုံက မင်းသမီးဆီတွင် စုပြုံကျရောက်နေပါသည်။
+32
« Last Edit: November 04, 2012, 11:55:00 PM by Y.S.G »

DR Sate Phwar

  • Guest
Re: ကိုယ်တိုင်ရေး သရော်စာ
« Reply #4 on: November 06, 2012, 12:10:44 AM »
မင်းသမီး၏ မျက်နှာမှာ ရုတ်တရက်တည်ငြိမ်သွားပြီး သူမ၏ ကြည်လင်တောက်ပသော မျက်လုံးများက စုံထောက်ပုလွေရိုးကို စူးစူးရဲရဲကြည့်လျက်

" ဒီမှာ စုံထောက်ကြီးရှင့် အဲဒီကိစ္စဟာ အမှုနဲ့ဘယ်လိုပတ်သတ်လို့ ကျွန်မကို မေးရတာပါလဲ။ ဒါကျွန်မကိုယ်ရေးကိုယ်တာ ကိစ္စသက်သက်လို့ ထင်ပါတယ်။ "
" ဟား ..ကျုပ်တို့မင်းသမီးကလဲ မခေပါလားဗျ။ ဒီမယ် မင်းသမီး အမှုတစ်ခုမှာ ရနိုင်သမျှအချက်အလက်တွေ စုဆောင်းနိုင်ဖို့ဆိုတာ သိပ်အရေးကြီးတယ်။
  ဒီဟာကဖြင့် အမှုနဲ့မဆိုင်လောက်ဘူး၊ ဟိုဟာကဖြင့်အမှုနဲ့ မပတ်သတ်ဘူးဆိုပြီး ကောက်ချက်ချစောလို့ မရပါဘူး။ အခုလို အတွင်းခံပစ္စည်းပျောက်ဆုံးမှုမျိုး
  ဆိုတာမှာဖြင့် တရားလိုနဲ့ နီးနီးကပ်ကပ် ပတ်သတ်ဆက်နွယ်နေသူတွေ အားလုံးအပေါ် ကျုပ်တို့စုံထောက်တွေက သံသယတင်ထားရမှာပဲ။ ဒါကြောင့် ဒီမေးခွန်းကို
  လိုအပ်လို့ မေးတာပါ။ ခင်ဗျားအနေနဲ့ မှန်မှန်ကန်ကန်ဖြေပေးခြင်းနဲ့ အမှုလိုက်ပေးမယ့် ကျုပ်တို့စီအိုင်ဒီကို ကူညီဖို့လိုပါတယ်။ "

ဒီတစ်ကြိမ်တော့ ကိုပုလွေရိုးမှန်ကန်သည်ဟု ကျွန်ုပ်လည်းယူဆမိပါသည်။ မင်းသမီးလည်း အနည်းငယ်တွေဝေသွားဟန်ဖြင့် ဧည့်ခန်းမျက်နှာကြက်ဆီသို့ အတန်ကြာ
ငေးမောကြည့်နေပြီးနောက်..

" ကဲပါလေ..စုံထောက်မင်းကြီးတို့အတွက် လိုအပ်လို့မေးမြန်းတာဆိုတော့လည်း ကျွန်မဟုတ်တိုင်းမှန်ရာကို ထွက်ဆိုပါ့မယ်။ ဒါပေမယ့် စုံထောက်မင်းတို့အနေနဲ့လည်း
  ကျွန်မရဲ့  ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အပြင်မပေါက်ကြားရလေအောင် ထိန်းသိမ်းပေးဖို့ တောင်းပန်ပါတယ်။ "
" ဒါကတော့ စိတ်ချပါ။ ကျုပ်တို့ အလုပ်သဘောအရရော လူမှုရေးအရပါ စောင့်ထိန်းပေးကြမှာပါ။ "
" ကျေးဇူးတင်ပါတယ်ရှင်....။ "

ထွက်ဆိုချက်ပေးရန် ချီတုံချတုံ ဖြစ်လျှက်ရှိသော နိုင်ငံကျော်မင်းသမီးသည် ကျွန်ုပ်တို့အား ယုံကြည်မှုရှိသွားဟန်ဖြင့် ဧည့်ခန်းတွင်းရှိ စုံထောက်ကျော်များအားလုံးကို
တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်သည်။

" ဟုတ်ကဲ့ ..ကျွန်မမှာ ချစ်သူရှိပါတယ်ရှင်။ မနေ့တနေ့ကမှ ချစ်စခင်စ ဖြစ်လာတဲ့ ချစ်သူမျိုးမဟုတ်ပါဘူး။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မေတ္တာသက်ဝင်
  ချစ်ခင်လာကြတာဖြင့် ကျွန်မရုပ်ရှင်လောကထဲမရောက်မီ လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်ကာလ၊ ဟိုက်စကူးကျောင်းသူ ဘဝ ထဲကလို့ ဆိုရပါမယ်။ "
" ဟုတ်ကဲ့ နောက်ဆုံးအကြိမ် ဒီအိမ်ကို သူဘယ်တုန်းကရောက်လာခဲ့ပါသလဲ။ "
" လွန်ခဲ့တဲ့ စနေနေ့ ကျွန်မ ရိုက်ကွင်းနားတဲ့ ရက်က ရောက်လာခဲ့ပါတယ်။ "
" မင်းသမီး ဆီမှာ ခုပျောက်ဆုံးသွားတဲ့ လိင်ပြောင်းလိင်လွှဲဘော်လီ ရှိနေတယ်ဆိုတာကိုရော အဲဒီ လူကြီးမင်းက သိပါသလား။ "
" ရှင်......ဘယ်လို...။ ဟား ....ဟား....ဟား ။ "

ဖောင်တိန်တစ်ချောင်းဖြင့် မှတ်စုစာအုပ်အတွင်း အဆက်မပြတ်ရေးခြစ်နေသော စုံထောက်ကျော် ခရေကလိ၏ မေးခွန်းကိုကြားသည့်နောက် စင်ရော်တောင်ပမာ ကော့ညွတ်
နေသော မင်းသမီး၏ မျက်ခုံးနှစ်ဘက်မှာ အဘွားအိုတစ်ယောက်ကဲ့သို့ ကုတ်သွားလေတော့သည်။ ထို့နောက် ရုတ်တရက် သူမ၏နှုတ်ခမ်းများကွေးညွတ်လာကာ တစ်ယောက်
တည်း ဟက်ဟက်ပက်ပက် ရယ်မောပါလေတော့သည်။ ကျွန်ုပ်တို့အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဘာလုပ်ရမည်မသိ ဖြစ်ကုန်သည်။ စိတ်ကျေနပ်စွာ
ရယ်မောပြီးနောက် ကျွန်ုပ်တို့အား အလွန်နှစ်လိုဖွယ်ရှိသော အပြုံးဖြင့်ကြည့်၍

" ဆောရီးပါ ..စုံထောက်မင်းတို့ရယ်။ ကျွန်မ ချစ်သူကို လူကြီးမင်းလို့ဆိုလိုက်တာမို့ စုံထောက်မင်းတို့အထင်မှားတာကို သဘောကျပြီး ရယ်မိတာပါရှင်။
  ကျွန်မကလဲ ပြည့်ပြည့်စုံစုံမှ မပြောပြရသေးတာကိုး။ "
" ကဲ ဒါဆိုလဲ ဘာကြောင့် ခင်ဗျားရယ်ရသလဲဆိုတာ ပြောပါဦး။ "

မျက်နှာထားမှုန်တေတေဖြစ်နေသော ဘာဂျာနတ်ဆိုးမှ စိတ်မရှည်လိုဟန်ဖြင့် ဆိုလိုက်သည်။

" ဆိုပါ့မယ်ရှင် ... ဆိုပါ့မယ်။ ဒီလိုရှင့် ရှင်တို့ထင်နေသလို ကျွန်မချစ်သူဆိုတာ ကျားကျားလျားလျား မတစ်ထောင်တစ်ကောင်ဘွား ယောက်ျားကြီးမဟုတ်ဘူးဆိုတာပါပဲ။
  ကျွန်မရဲ့  ချစ်သူဆိုတာ အင်မတန်နူးညံ့သိမ်မွေ့ ပြီး မဟာဆန်တဲ့ အလှရှင် မိန်းမပျိုလေးပါရှင့်။ သူ့နာမည်က ကလျာမိဝိုင် ပါတဲ့ရှင်။ အဲတာကြောင့် ရုတ်တရက်
  ကျွန်မ ရယ်လိုက်မိတာပါရှင်။ အနှောင့်အယှက်ပြုမိသလိုဖြစ်သွားရင် ခွင့်လွှတ်ကြပါ။ အဟင့် ...ဟင့်. ။ "

ပြုံးသလိုလို လို၊ ရယ်သလိုလို လို ဖြင့် ရှက်သွေးဖြာ ဖြေရှင်းထွက်ဆိုလိုက်သော မင်းသမီး၏ စကားကိုကြားလိုက်သည့်နောက် ကျွန်ုပ်၏ချစ်လှစွာသော မိတ်ဆွေကြီး
ဆားပုလင်းနေမင်းခမျာ အံ့သြမှုဖြင့် ယောင်၍ပါးစပ်ဟမိလိုက်ရာ သူအလွန်ကြိုက်နှစ်သက်လှသော ရေခဲချောင်း စီးကရက်တိုသည် သူ၏အညာ နှစ်နံစပ်ယောပုဆိုးကို
ပွတ်တိုက်လိမ့်ဆင်းလျှက် ဗားကရာတာယာဖိနပ်အသစ်ချွတ်ချွတ်စီးထားသော ခြေထောက်ပေါ်သို့ ဖုတ်ကနဲပင် ပြုတ်ကျလေတော့သည်။

" အား....လရှီးတဲ့ မှပဲ။ "

ခြေထောက်ပေါ်သို့ ဆေးလိပ်မီးတိုကျသဖြင့် လွှတ်ကနဲထွက်လာသော ဆားပုလင်းကြီး၏ အာမေဋိတ်သံကိုပင် ကျွန်ုပ်တို့အားလုံး လိုက်၍ရီရနိုးနိုး ပြုံးရနိုးနိုး
ဘာလုပ်ရမည်မသိဖြစ်ကုန်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ စီအိုင်ဒီစုံထောက်ကြီးများ အားလုံး၏ စိတ်ကူးဖြင့် မှန်းဆတွက်ချက်ထားသမျှ လွဲချော်တိမ်းပါး
ကုန်ပြီဖြစ်လေသည်။ စီအိုင်ဒီစုံထောက်များအတွက် မင်းသမီးဘော်လီပျောက်သောအမှု သည် လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက်တော့မည်ဆိုသည်ကို
ကျွန်ုပ်တို့အားလုံး စုံထောက်အာရုံဖြင့် နားလည်သဘောပေါက်နေကြပြီ ဖြစ်သည်။  ။


(စကားချပ်။ ။ စာဖတ်သူတို့ ဗဟုသုတအလို့ငှာ အင်တာနေရှင်နယ် ဘော်လီဆိုဒ် တွက်ပုံနမူနာများကို ဖော်ပြပေးလိုက်ပါသည်။
 ဆရာဖြစ် တွက်နည်း ကျမ်းစာအုပ်ကြီးများကို အလိုရှိပါကလည်း စာရေးသူထံသို့ ပီအမ်၍ဖြစ်စေ၊ ခဲမိုးစွေ စာပေတိုက်သို့ လိပ်မူ၍
 ဖြစ်စေ အခမဲ့ တောင်းခံနိုင်ပါကြောင်း တင်ပြအပ်ပါသည်။ )

စာရေးသူ။ ။ ဆော်သိင်္ခ



+26

DR Sate Phwar

  • Guest
ကနဦးအစက တက်ကြွနေသော ကျွန်ုပ်တို့ စုံထောက်ကျော်အဖွဲ့ မှာ မင်းသမီး၏ ဧည့်ခန်းဆောင်အတွင်းဝယ် နေပူမိသော ခရမ်းချဉ်သီးများနှယ် စိတ်နှလုံးနုံးခွေလျက်ရှိကြသည်။
ယင်းသို့ အားလုံးစိတ်ပျက်နေခိုက် ယခုချိန်ထိ တစ်လုံးတစ်ပါဒမျှ ဝင်ရောက်မေးမြန်းခြင်း မပြုသေးသော ဆားပုလင်းနေမင်း၏ အောင်မြင်ခန့်ငြား ယောက်ျားပီသသော
အသံက ပေါ်ထွက်လာသည်။

" မင်းသမီး အပန်းမကြီးဘူးဆိုရင် ပျောက်ဆုံးသွားတဲ့ ဘိုးဘွားပိုင်ဘော်လီကို ထိန်းသိမ်းထားတဲ့နေရာနဲ့ ဒီအိမ်ရဲ့  တစ်ချို့ နေရာလေးတွေကို ကျုပ်တို့ကို
  လိုက်ပြပေးစေချင်ပါတယ်။ "
" သြော် ..ဟုတ်ကဲ့ ရပါတယ်ရှင်။ စုံထောက်မင်း လိုအပ်သလိုလေ့လာပါ ကျွန်မလိုက်ပြပေးပါမယ်ရှင်။ "
" ကဲ ..ကိုယ့်လူတို့ သဲလွန်စ ရှာဖို့များ လိုက်ကြဦးမလား။ အချိန်လေးများရတယ်ဆိုရင် လိုက်ခဲ့ကြပေါ့ဗျာ။ "
" ထွေထွေထူးထူး လိုက်ရှာနေစရာလားဗျာ။ ဒီဘော်လီရှိတယ်ဆိုတာ သိတဲ့သူက လက်ဆယ်ချောင်းမပြည့်ပါဘူး။ အားလုံးကိုဖမ်းပြီးစစ်လိုက်ရင် နေ့ချင်းပြီး
  တရားခံမိပါတယ်ဗျာ။ "
" ဟုတ်ပါရဲ့ ဗျာ .. တစ်ခါတစ်ခါတော့ ကိုနေမင်းက မလိုအပ်တဲ့အချိန်တွေမှာ စတိုင်တော်တော်ထုတ်တာပဲ ဟဟဟ။ "
" ကျုပ်တို့ စီအိုင်ဒီရဲ့  ကြိုးတုပ် လက်ထိတ်ခတ် နည်းတွေနဲ့ စစ်လိုက်ရင် ဘယ်တရားခံကြာကြာပုန်းနေနိုင်မလဲ၊ ဒီလိုကြိုးတုပ်စစ်နည်းတွေဆိုရင်တော့
  ဟောဟိုက စုံထောက်ကျော် ဂေါ်လီမီးသွေးက အင်မတန်လက်စောင်းထက်သဗျို့ ။ "

စုံထောက်ချင်းလေးစားမှုဖြင့် ဖိတ်ခေါ်သော ကိုနေမင်းကိုပြန်၍ တစ်ယောက်တစ်ပေါက် ပုတ်ခတ်ပြောဆိုနေကြပြန်သေးသည်။ ကျွန်ုပ်လဲ စိတ်ထဲမှမခံသာရှိလာသောကြောင့်

" ခင်ဗျားတို့ သဲလွန်စမရှာနိုင် မရှာတတ်လို့ နေပါရစေဆိုပြီးတာပဲဗျာ။ အချင်းချင်းမသိတဲ့သူတွေကျနေတာပဲ။ စီအိုင်ဒီမှာ ခင်ဗျားတို့ဖော်လိုက်တဲ့ အမှုဘယ်နှစ်
  ခုများ ရှိလို့ ဒီလောက်ကြွားနေကြရတာလဲ...ဟုတ်မှလဲ လုပ်ကြပါ ကိုယ့်ဆရာတို့ရယ်။ "
" ဒီမှာ အိုင်ပီ ခင်ဗျားကိုယ်တိုင်ရော ဘယ်နှစ်မှု ကိုယ်တိုင်လိုက်ဘူးလို့လဲ။ ဆားပုလင်းနေမင်းအရောင် နဲ့ ပါးမပြောင်ချင်စမ်းပါနဲ့ ဗျာ။ "
" ကျုပ်က ကိုယ့်အကြောင်းကိုယ်သိလို့ ကျုပ်မိတ်ဆွေကိုနေမင်းရဲ့  ဦးဆောင်မှုကို လက်ခံပြီးနေတာပေါ့ဗျ။ ခင်ဗျားတို့သာ...။ "
" ကဲ..ကိုယ့်လူတို့ တော်ကြပါ။ မင်းသမီးရေ လိုက်ပြပါဦး အခန်းတွေကို..။ "

တစ်ခွန်းစ နှစ်ခွန်းစကနေ ပြဿနာမကြီးထွားလာအောင် ကိုနေမင်းမှ ဝင်ရောက်ထိန်းသိမ်းကာ ကျွန်ုပ်ကို နောက်မှ လိုက်ခဲ့ရန် အရိပ်အကဲပြသည်။ မင်းသမီး ကိုယ်တိုင်လဲ
ထိုင်နေရာမှ ထကာ အိမ်တွင်းဘက်ဆီသို့ ဦးဆောင်ဝင်ရောက်မည်အပြု၌ ဟွန်းသံကျယ်လောင်စွာတီးလျက် မော်တော်ကားတစ်စီး ဝင်ရောက်လာပါတော့သည်။ထို့ကြောင့်
ကျွန်ုပ်တို့ အားလုံး၏အာရုံမှာ အိမ်ရှေ့ ဆင်ဝင်ကြီးအောက်သို့ ထိုးဆိုက်လာသော မော်တော်ကားဆီ တစ်ဖန်ပြန်ရာက်သွားကြလေသည်။

" တီ...တီ....တီ....ဝူး....ကျွီ "
" မင်းသမီး...မင်းသမီး...အမလေး...သတင်းကြားလို့ ဘာတွေများဖြစ်ကုန်သလဲ။ "
" အသက်ကလေး...အမလေး လူကိုရော ဘာလုပ်သွားသေးသလဲ ဟင် မာမီ့သမီးလေး ဘုရားဘုရား..."

ကုလားသိုက် ကျားဝင်ကိုက်သကဲ့သို့ ဆူညံစွာအော်ဟစ်လာသောသူတွေသည် ကျွန်ုပ်တို့ စုံထောက်ကြီးများနှင့် ဧည့်ခန်းတွင်းမှ အိမ်ထောင်ပရိဘောပ အချို့ ကို တွန်းထိုး
ကာ မင်းသမီးဆီထံ ပြေးဝင်လာပါသည်။ စုံထောက်ပီပီ ကျွန်ုပ်အကဲခတ်ကြည့်မိသည်မှာ ရှပ်အကျီ င်္လက်တိုကို အပြင်ထုတ်ဝတ်ထားပြီး ဘီးဆံပတ်ဆံထုံးကြီးထုံးထားသူသည်
မာမီဟု ပြောဆိုနေသည်မို့ မင်းသမီးကို အလှပြင်ပေးနေကြ မိန်းမလျာတစ်ယောက်ပဲ ဖြစ်မည်။ သူနှင့်အတူပါလာပြီး တရုတ်ပေါက်ဖော်ကြီးများ ဝတ်လေ့ရှိသည့် ဘောင်းဘီတို
ပုံစံမျိုးဝတ်လျက် လည်ပင်းတွင် မျက်မှန်တစ်လက်ကြိုးနဲ့ချိတ်ဆွဲထားသည့် လူကိုတော့ မည်သို့ ပတ်သတ်နေသည်ဟု မခန့်မှန်းနိုင်သေးပေ။မင်းသမီးနှင့် ပတ်သတ်သည့်သူလော
သူနှင့်အတူပါလာသည့် အလှဖန်တီးရှင် နှင့်ပတ်သတ်သည့်သူလော ဆိုသည်ကိုဖြင့် အရိပ်အကဲဖမ်း၍ လေ့လာရပေမည်။

" သမီး ဘာမှမဖြစ်ပါဘူး မာမီ နဲ့ ဆရာရယ်။ စိတ်အေးအေးထားတော့ နော်။ "
" အမလေးကွယ်...မာမီဖြင့် ကြားလိုက်ရထဲက ရင်ထဲမှာ တဒိန်းဒိန်းနဲ့ ..အရေးနဲ့အကြောင်းနဲ့ဆို ညည်းတို့ ရွှေတောင်ကုန်းအော်ပရေတာကလဲ ခေါ်လို့မရတာချည်းပဲအေ။ "
" ဟုတ်ပ မင်းသမီးရေ...အဲဒါနဲ့ ညည်းမာမီက ကျုပ်ဟိုဘက်ရှုတင်ကအပြန် သူ့ကိုပါဝင်ခေါ်ပါဆိုတာနဲ့ ခေါ်ပြီးလာခဲ့ကြတာပဲ။ ကိုယ်လဲ အလုပ်သာလုပ်နေရတာ
  ပါ အော် ငါ့မင်းသမီးတော့ အဆင်ပြေရဲ့ လားလို့ တထင့်ထင့်နဲ့။ "
" ပြေပါတယ် ဆရာရယ် ..စိတ်ချလက်ချရှိကြပါတော့ ဒီက စုံထောက်မင်းတွေကလဲ အစစ ကူညီဆောင်ရွက်ပေးကြမှာပါ။ အော် ..ဒါနဲ့ စုံထောက်မင်းတို့ကို
 မိတ်ဆက်ပေးရဦးမယ်ရှင့်။ ဟောဒါကတော့ ကျွန်မရဲ့  ခေါင်းကိုင်ဆရာ နာမည်ကြီးရုပ်ရှင်ဒါရိုက်တာ ဇီးကွက်ဇော်ရဲ ပါရှင့်။ ဆရာ့ကိုတော့ သိကြမယ်ထင်ပါရဲ့ 
 ဆရာ့ရဲ့  နာမည်ကြီးရုပ်ရှင်ကား "လျှို့ ဝှက်သောညှင်း" ဆိုတာတစ်ပြည်လုံးတင်မကဘူး ဟိုးအိန္ဒိယပြည်ထိတောင် သွားပြရတာလေ။ "
" သြော် ..တစ်ခေတ်မှာတစ်ယောက်ဆိုသလို နာမည်ကြီးဒါရိုက်တာကြီးကို ခုမှ အရှင်လတ်လတ်တွေ့ ဘူးတော့တယ်ဗျာ။ တွေ့ ရတာဝမ်းသာပါတယ်။ "

စကားထောက်သည့်အနေဖြင့်ရော မကောင်းတတ်၍ပါ ကျွန်ုပ်မှာ ထိုဒါရိုက်တာကြီးနှင့် သူရိုက်ကူးသည့် ဇာတ်ကားကို မသိပေမည့် မှင်သေသေဖြင့် နှုတ်ဆက်စကားဆိုလိုက်ရသည်။
ထို တရုတ်ပေါက်ဖော်နှင့် လွန်စွာတူသော ဒါရိုက်တာ ဇီးကွက်ဇော်ရဲ ဆိုသူမှာတော့ ပြုံးဖြီးဖြီးကြီးလုပ်ကာ သဘောတွင်တွင်ကျနေပုံရပါသည်။ ထို့နောက် မင်းသမီးက သူ၏ခေါင်းကလေး
ကိုပွတ်လိုက် ကျောကလေးကိုသပ်လိုက် လုပ်နေသောအလှဖန်တီးရှင်ကြီးနှင့် မိတ်ဆက်ပေးပြန်ပါသည်။ အခြားသူများမှာတော့ မသိချင်ယောင်ဆောင်ကာ နေ၍ဖြစ်သော်လည်း
ကျွန်ုပ်မှာကား မျက်နှာချင်းဆိုင်တည့်တည့်ကြီးဖြစ်နေသည့်အပြင် မင်းသမီးနှင့် အနီးဆုံးနေရာတွင် ရပ်နေမိသောကြောင့် တိမ်းရှောင်ရန် မလွယ်ကူပေ။

" ဟောဒီက ချောချော တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကတော့ မင်းသမီးရဲ့  ပင်တိုင်အလှဖန်တီးရှင် ခင်စန်းမေလ်း ပါပဲရှင်။ မာမီ့လက်နဲ့ထိရင် ရွှေလို့တောင်ပြောစမှတ်ပြုလောက်တဲ့
  တန်ဖိုးရှိသောလက်ပါရှင့်။ အလှအပနဲ့ ပတ်သတ်လို့ မာမီ့ကို မှီတဲ့သူ ခုထိမရှိသေးတာ အသေအချာပဲမို့ မင်းသမီးကလဲ လက်မလွှတ်နိုင်အောင်ပါပဲရှင်။ မာမီမေလ်း နဲ့ ကျွန်မက
  ညီမရင်းတွေလိုပဲ ဆိုးတိုင်ပင်ကောင်းတိုင်ပင်နေကြတာပါပဲ။ တစ်ခုပဲရှိတယ် မာမီမေလ်း သူ့သားတွေကိုတော့ဖြင့် ပေးမထိဘူးရှင့် ခစ်ခစ်။ "
" ကြည့်..ညည်းလေး လုပ်ပီ လူရှေ့ သူရှေ့ ဆို ကိုယ့်မာမီကို ဘယ်လိုနှိပ်ကွပ်ရမလဲပဲ တွက်နေတယ် ဟလား။ "
" ဟဲ..ဟဲ..တွေ့ ရတာ ဝမ်းသာပါတယ်ဗျာ။ "
" ဟင်း ..ဒီကလဲ ဟောဒီက စုံထောက်ကြီးတွေအားလုံးကို တွေ့ ရတာ ဝမ်းသာပါတယ်နော် ဟင်းဟင်း။ "

မာမီမေလ်း ဆိုသူက ကျွန်ုပ်လက်ကို ပြန်လည်ဆွဲယမ်း နှုတ်ဆက်နေရင်း ရှက်ပြုံးများပင် ပြုံးနေသည်ဟု ကျွန်ုပ်စိတ်ထဲမှ မြင်လာကာ အလိုလို ရယ်မိလျက်သား ဖြစ်နေသည်။

" ကဲ ..လူကြီးမင်းတို့ စိတ်မရှိပါနဲ့ဗျာ။ အချိန်ကလေးရှိတုန်း အခင်းဖြစ်တဲ့နေရာကို စစ်ဆေးစရာလေးရှိလို့ပါ။ မိတ်ဆွေတို့ မင်းသမီးအတွက်လဲ ဘာမှမပူပါနဲ့ခင်ဗျာ။
  လိုအပ်တဲ့ အစောင့်အရှောက်အားလုံး စီမံပေးထားပါတယ်။ "
" ဟုတ်ပါရဲ့  ဆရာနဲ့ မာမီ ခနနေကြဦးနော်။ သမီး ဒီက ဆရာကြီးတွေကို အိမ်ထဲ နည်းနည်းလိုက်ပြလိုက်ဦးမယ်။ "
" သွားသွား လုပ်စရာရှိတာလုပ် မာမီတို့က အေးဆေးမှ ပြန်မှာ...ဟုတ်တယ်နော် ဦးရဲ ။ "
" ဟုတ်ပါ့ ... ဟုတ်ပါ့ ၊ သွားသွား မင်းသမီးရေ။ "

ထို့နောက် ကျွန်ုပ်နှင့် မိတ်ဆွေကြီး ဆားပုလင်းနေမင်း တို့သည် မင်းသမီးခေါ်ဆောင်ရာ အိမ်တွင်းဘက်သို့ လိုက်ပါလာခဲ့ကြတော့သည်။ အိမ်မကြီးမှာ အလယ်တွင် ထမင်းစားခန်းရှိ
ကာ ဘယ်ဘက်တွင် အပေါ်ထပ်သို့တက်ရန် ကျွန်းလှေကားကြီးတစ်ခုရှိနေသည်။ ညာဘက်တွင်ကား မှန်တံခါးတစ်ချပ်ရှိပြီး မီးဖိုချောင်ဟု ထင်ရသည်။ ထမင်းစားခန်းတွင်းသို့ ကျွန်ုပ်တို့ဝင်ရောက်လာစဉ် ထိုမှန်တံခါးနောက်ကွယ်မှ မိန်းမငယ်တစ်ဦးက စူးစမ်းသည့်ဟန်ဖြင့် ကြည့်နေပါသည်။ ကျွန်ုပ်မိတ်ဆွေ ကိုနေမင်းသည် ထိုမိန်းကလေးအား တစ်ချက်မှ
ကြည့်ကာ မင်းသမီးဦးဆောင်ရာ လှေကားအတိုင်း တက်သွားလေသည်။ အမှတ်မထင် လှေကားတက်သူတို့ သဘာဝ အပေါ်သို့  လှမ်းငေးမိလိုက်ရာ ကျွန်ုပ်၏စိတ်တွင်း၌ ရုတ်ချည်း
ပင် ဖိုးသိုးဖတ်သတ်ကြီး ဖြစ်လာပေတော့သည်။ အဖြစ်မူကား...နိုင်ငံကျော်မင်းသမီး၏ ရှုမငြီးစရာ ခန္ဓာကိုယ်နောက်ပိုင်းအလှတို့မှာ လှေကားထစ်များတက်လိုက်လိုင်း ကြွကြွရွရွ
ပေါ်ထွက်လာသောကြောင့်ပင်တည်း။ ယောက်ျားထဲမှ ယောက်ျားဖြစ်သော ကျွန်ုပ်မှာ မိမိအမှုသည်၏ တင်ကိုမကြည့်ရ ဟု စီအိုင်ဒီမှ တားမြစ်ချက်မထုတ်ပြန်ထားသောကြောင့်
ကြုံတောင့်ကြုံခဲ နိုင်ငံကျော်အလှကို ခံစားရင်း အိမ်ပေါ်ထပ်သို့ ရောက်လာခဲ့ပေသည်။ သို့ပေငြား ကျွန်ုပ်၏မိတ်ဆွေကြီး ကိုနေမင်းမှာမူ မင်းသမီး၏ တပ်မက်ဖွယ်နောက်ပိုင်းအလှကို
အမှုသဲလွန်စလောက် စိတ်ဝင်စားပုံမပေါ်ပေ။ သူ၏မျက်လုံးအစုံက မင်းသမီးကိုကျော်လျက် အိမ်ပေါ်ထပ်ဆီကိုသာ လှမ်းကြည့်ရင်း တက်လာခဲ့ကို ကျွန်ုပ်မြင်တွေ့ ပါသည်။

+30
« Last Edit: November 09, 2012, 12:30:28 AM by Y.S.G »

Offline ဘိုဘို

  • ...လူလိမ် သည်.. လူလိမ် နဲ့ ပဲ တွေ့ ကြုံရလိမ့်..
  • စီနီယာ
  • ***
  • Posts: 81
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +1883
ဆရာ YSG လေးစားတယ်ဗျာ.
အဲလိုမျိုးလေးရေးတတ်ချင်တယ်ဗျာ ကျွန်တော်လည်း ကြိုးစားမယ်ဗျာ ကျောင်းပြန်မဖွင့်ခင်အဲလိုမျိုးတစ်ပုဒ်လောက်

ဆက်ရေးပါဗျို့ 
0
လူပျိုသိုးကြီး.....ဘိုဘို

Tags: