Author Topic: အမောပြေဟာသမှတ်စု  (Read 444292 times)

0 Members and 1 Guest are viewing this topic.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3987
Re: အမောပြေဟာသမှတ်စု
« Reply #20 on: March 31, 2011, 12:55:13 AM »
Two men, one Chinese and an Indian were sitting in a pub drinking shot after shot. The Indian man said to the Chinese guy...

'You know my parents are forcing me to get married to this so called homely girl from a village whom I haven't even met once.' We call this  an arranged marriage.

 

I don't want to marry a woman whom I don't love. I told them that openly and now I have a hell lot of family problems.

 

The Chinese said, talking about love marriages. I'll tell you my story. I married a widow whom I deeply loved and dated for 3 years.

 

'After a couple of years, my father fell in love with my step-daughter and married her,  so my father became my son-in-law and I became my father's
father-in-law. Legally now my daughter is my mother and my wife is my grandmother.

 

More problems occurred when I had a son. My son is my father's brother and so he is my uncle. Situations turned worse when my father had a son.

 

Now my father's son, my brother is my grandson. Ultimately, I have become my own grand father and I am my own grandson..

 

And you say you have family problems??? The Indian guy fainted.
+5
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline kyawkyawlwin

  • ပထမနှစ်
  • *
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +198
Re: အမောပြေဟာသမှတ်စု
« Reply #21 on: April 08, 2011, 11:07:41 AM »
Face book မှာဖတ်မိတဲ့ဟာသလေးတွေပါ။

ဒါပထမဆုံးပဲ

မဒမ်ဂျွန် ဈေးသွားဝယ်နေစဉ်တွင် သူ့ယောကျာ်း ဂျွန် က အိမ်သာ ကြွေအိုး အပေါ် ထိုင်ခုံကို အရောင်သစ် တောက်တောက်ပပကလေး ဆေးသုတ်ရန် ဆုံးဖြတ်လိုက်သည်။ ယင်းအလုပ်ကို စိတ်ကြိုက်ပြီးစီး သွားသောအခါ ဂျွန် သည် အပြင်လမ်းလျှောက်ထွက်ခဲ့လေသည်။
မဒမ်ဂျွန်အိမ်ကို စောစောပြန်လာပြီး ဆေးမခြောက်မီ အိမ်သာ အပြေးအလွှားတက်မည်ကိုတော့ သူ မသိခဲ့ချေ။ သူပြန်လာသော အခါ မဒမ်ဂျွန်သည် အိမ်သာ ထိုင်ခုံတွင် ဖင်ကပ်နေပြီး အော်ဟစ် အကူအညီတောင်းနေသည်ကို တွေ့ရလေသည်။ သူတို့ ဘာတွေ ကြိုးစားလုပ်လုပ် မဒမ်ဂျွန်၏ အသား ဘယ်နေရာကမှ ထိုင်ခုံမှ ကွာထွက်မလာချေ။ နောက်ဆုံး တွင် သူတို့ သည် အိမ်သာကြွေအိုးမှ ထိုင်ခုံကို ဝက်အူလှည့်၍ ဖြုတ်ပြီး မဒမ်ဂျွန်၏ မျက်နှာပူစရာ ကိစ္စကြီးပေါ်မှ အပေါ်ဝတ် အကျီကြီး လွှမ်းကာ ဒေသခံ ဆရာဝန်ထံသို့ သူမကို အမြန်ခေါ်လာခဲ့သည်။
ဆရာဝန်၏ ခွဲစိတ်ခန်းကိုရောက်သောအခါ ဂျွန်က ကုတ်အကျီကြီးကို လှန်ပြပြီး ဒေါက်တာရယ်၊ ဒါမျိုးများ မြင်ဖူးပါရဲ့လား ဟုပြောလိုက်၏။ ဆရာဝန်၏ အဖြေက ဒါမျိုးတွေများ ဒါဇင်နဲ့ ချီပြီး တွေ့ဖူးတာပေါ့။ ဒါပေမဲ့ ဘောင်ကွပ်ထားတာမျိုးတော့ ဒါပထမဆုံး မြင်ဖူးတာပါပဲ တဲ့။

ငါတောင် မအော်ဘူး
ရေနစ်နေသူတစ်ယောက် အော်ဟစ် အကူအညီတောင်းနေတုန်း
ရေနစ်နေသူ။ ။ကယ်ကြပါဦး ကယ်ကြပါဦးဗျို့။ ကျုပ်ရေမကူးတက်လို့ဗျ။
ကုန်းပေါ်မှလူ။ ။ဟိတ်လူ ဘာလို့ အော်နေတာတုန်းဗျ ကျုပ်ဆို တယောမထိုးတက်ဘူး ဒါပေမယ့် ခင်ဗျားလိုတော့ အော်ဟစ်ပြီး ကြေငြာမောင်းခတ်မနေဘူး။
ဘာမှမဖြစ်ဘူး


+9
« Last Edit: September 22, 2011, 10:29:50 AM by tunaye2011 »

Offline kyawkyawlwin

  • ပထမနှစ်
  • *
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +198
Re: အမောပြေဟာသမှတ်စု
« Reply #22 on: April 08, 2011, 11:13:23 AM »
တန်ရာတန်ရာ

ယောက်ျားဖြစ်သူ အရက်မူးပြီးပြန်လာသည်။ မိန်းမကတံခါးမဖွင့်ပေးချေ။ ယောကျာ်းတံခါးကိုထုသည်။ မိန်းမကတင်းခံနေသည်။ တံခါးကိုထုနေရင်း ယောကျာ်းကပြောသည်။ မိန်းမရေ ငါပါကွ။ တံခါးဖွင့်စမ်းပါ၊ ကမ္ဘာပေါ်မှာအချောအလှဆုံးအမျိုးသမီးအတွက် နှင်းဆီပန်းတွေ ယူလာတယ်ကွ။ မိန်းမဖြစ်သူက တံခါးဖွင့်ပေးလိုက်သည်။ ဘယ်မှာလဲနှင်းဆီပန်း လို့ မိန်းမက မေးလိုက်သည်။ ယောက်ျားက ပြန်ပြောလိုက်တာကတော့ ... ဘယ်မှာလဲအချောဆုံးမိန်းမ။

နားမလည်နိုင်ဘူး

လူနှစ်ယောက်မြို့တော်ကြီးအတွက် အလုပ်လုပ်နေကြသည်။ တစ်ယောက်ကတွင်းတူး၏။ တူးရင်းတူးရင်း တူး၏။ နောက်တစ်ယောက်က သူ့နောက်ကလိုက်ပီးတွင်းကိုဖို့သည်။ ဖို့ရင်းဖို့ရင်းဖို့၏။ သူတို့သည်စည်းချက်ညီညီ အလုပ်လုပ်နေ၏။ တစ်ယောက်ကတွင်းတူး တစ်ယောက်ကတွင်းဖို့။
လူတစ်ယောက်သည် လမ်းလျှောက်ရင်းသူတို့ကို စောင့်ကြည့်နေသည်။ သူကားထိုသူများ၏ အလုပ်ကိုမယုံနိုင်ဖြစ်ပြီး သူတို့ ဘာလုပ်နေကြသည်ကိုလည်း နားမလည်နိုင်ဖြစ်နေလေသည်။ နောက်ဆုံး တော့သူကမကျေနပ်နိုင်ပဲသွားမေးလေတော့သည်။
ခင်ဗျားတို့အလုပ်ကအတော့်ကိုပင်ပန်းပါတယ်ဗျာ ဒါပေမယ့်ခင်ဗျားတို့ဘာလုပ်နေကြတာတုန်း ခင်ဗျားကတွင်းတူးတယ် ပြီးတော့ခင်ဗျားအဖော်က နောက်ကလိုက်ပြီးတွင်းကိုဖို့ဖို့နေတယ်။
တွင်းတူးသမားကပြန်၍ဖြေလေသည်။ အို ဟုတ်ပါရဲ့ဗျာ ဒါဟာတကယ့်ကိုရယ်စရာကြီးပါပဲ ကျုပ်တို့က ကိုယ့်အလုပ်ကို လုပ်နေကြတာလေ။ မလုပ်နိုင်တဲ့လူကရှိတယ်ဗျ။ သူကနေမကောင်းလို့ဒီကနေ့မလာနိုင်ဘူး။ သူကသစ်ပင်စိုက်ပေးရတဲ့လူလေ။

ဖိုင်နယ်မေးခွန်း
တစ်ခါတုန်းက တက္ကသိုလ်တစ်ခုမှာပေါ့ဗျာ စာအလွန်တော်တဲ့ ကျောင်းသား လေးယောက်ရှိသတဲ့။ သူတို့က စာကလည်းတော်တယ်ဆိုတော့ အမှတ်တွေကလည်း ပျံလန်နေတာပေါ့။ ပထမအစမ်းစာမေးပွဲတို့၊ ဒုတိယအစမ်းစာမေးပွဲတို့မှာလည်း အမှတ်တွေက ထိပ်ဆုံးကပေါ့။ ဖိုင်နယ် စာမေးပွဲမှာ တော်ရုံတန်ရုံဖြေနိုင်ရင်ကို ဂရိတ်အေ ရဖို့က သေချာနေပြီပေါ့။
ဆိုတော့ကာ သူတို့လေးယောက်က ဖိုင်နယ်စာမေးပွဲအတွက် သိပ်စိတ်မပူကြဘူးပေါ့။ ဖိုင်နယ်ဖြေခါနီးတစ်ပတ်အလိုမှာ သူများတွေ စာတွေကုန်းကျက်နေတုန်း သူတို့လေးယောက်က အပျော်ခရီးထွက်ကြသတဲ့။ ဖိုင်နယ်စာမေးပွဲ မတိုင်ခင်တစ်ညကျမှ ခရီးက ပြန်လာကြသတဲ့။ ပြန်လာတော့လည်း အရက်တွေသောက်ပျော်ပါးကြတာ နောက်နေ့စာမေးပွဲဖြေခါနီးအချိန်ရောက်တော့ အကုန်လုံးခေါင်းတွေကိုက်ပြီး ဒုက္ခဖြစ်နေကြတာပေါ့။
ဒါနဲ့သူတို့လည်း တိုင်ပင်ကြတာပေါ့။ အေး ငါတို့သွားမဖြေဘဲနဲ့ နောက်နေ့ကျမှ ဆရာကို သွားပြောကြတာပေါ့။ ငါတို့ ခရီးကအပြန် ကားဘီးပေါက်ပြီးစာမေးပွဲဖြေချိန် အမီပြန်မရောက်လို့ပါ။ ငါတို့ကို မိတ်ကပ်ဖိုင်နယ်စာမေးပွဲ(အကြောင်းကြောင်းကြောင့် အစားထိုး စစ်ပေးသောစာမေးပွဲ) ပြန်စစ်ပေးပါဆိုပြီး သွားပြောမယ်ပေါ့။ အဲလို တိုင်ပင်ပြီးတော့ စာမေးပွဲမဖြေဘဲဆက်အိပ်ကြသတဲ့။
နောက်နေ့ကျတော့မှ သူတို့လေးယောက်လည်း ဆရာ့ဆီသွားပြီး ငိုပြကြတာပေါ့။ ဆရာရယ်ပေါ့ ကျွန်တော်တို့ ခရီးထွက်တာ အပြန်မှာ ကားဘီးပေါက်လို့ အချိန်မီ ပြန်မရောက်တာနဲ့ မဖြေလိုက်ရပါဘူးပေါ့။ ကျွန်တော်တို့ကို မိတ်ကပ်ဖိုင်နယ် စာမေးပွဲ ဖြေခွင့်ပြုပါပေါ့။ ဆရာကလည်း ဒီကောင်တွေကို သိနေတာကိုး။ စာတော်တဲ့ကောင်တွေဆိုတော့။ ဆရာက ခဏစဉ်းစားပြီးတော့ ဘာမှမမေးဘဲနဲ့ အေးအေး တပည့်တို့ မနက်ဖြန်ကျရင် မိတ်ကပ်စာမေးပွဲ လာဖြေလေကွယ် ဆိုပြီး ရက်ချိန်းပေးလိုက်သတဲ့။ အဲဒါနဲ့ လေးယောက်သား ပျော်ပြီး ပြန်လာကြတာပေါ့။
တစ်ညနေလုံး၊ တစ်ညလုံးစာတွေကျက်ပြီး ရယ်ဒီပေါ့ဗျာ နောက်နေ့မနက်ကျတော့။ ချိန်းထားတဲ့အချိန်ရောက်တော့ ဆရာ့ဆီလည်းရောက်ရော ဆရာက သြော် မင်းတို့ မိတ်ကပ်စာမေးပွဲ ဖြေဖို့လာကြတာလား လာကြ၊ လာကြ ဆိုပြီး သူတို့လေးယောက်ကို အခန်းလေးခန်းထဲမှာ ခွဲထည့်လိုက်ပြီး မိတ်ကပ်စာမေးပွဲမေးခွန်းနဲ့ အဖြေလွှာစာရွက်ကို ပေးသတဲ့။ ဒီမောင်တွေကလည်း စာကရပြီးသားဆိုတော့ အေးဆေးပေါ့။ မေးခွန်းကို စကြည့်လိုက်တော့ ပထမဆုံးမေးခွန်းက ၅ မှတ်တန်ပေါ့။ လွယ်လွယ်လေးပါပဲ။ ၄ ယောက်လုံးပြုံးပြုံး ပြုံးပြုံးပေါ့ သူတို့ သက်ဆိုင်ရာအခန်းထဲမှာလွယ်လွယ်ကူကူဖြေနိုင်တာပဲ။ ဒုတိယ မေးခွန်းကို လှန်လိုက်တော့မှပဲ သူတို့ ချွေးပြန်တော့တာပဲ။ ဒုတိယမေးခွန်းက ဒီလိုလေ။
မေးခွန်း(၂) သင်တို့ အပြန်တွင် ကားဘီးပေါက်ရာ၌ ပေါက်သောကားဘီးသည် ကား၏ မည်သည့်ဘီး ဖြစ်သနည်း။ (၉၅ မှတ်)
+13

Offline RedLace

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 402
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • ဖိုရမ်အကူး ပြဿနာကင်းအောင် နာမည်ပြောင်း
  • Respect: +6172
Re: အမောပြေဟာသမှတ်စု
« Reply #23 on: April 11, 2011, 02:16:39 PM »
ယနေ့ညနေ မြန်မာ Vs အိန္ဒိယ ပွဲအပြီးတွင် ကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူသော ဂျပန်လူမျိုးဒိုင်လူကြီးက MFF ဥက္ကဌ ဦးဇော်ဇော်အား မေး၏..
"Mr.ဇော်... ခင်ဗျားတို့ ပရိသာတ်တွေ စင်ပေါ်က အော်ဟစ်ပြီး အသဲအသန် အားပေးနေတဲ့ Lee Bal ဆိုတဲ့ Player ကို ကျုပ်ကွင်းထဲက မြန်မာကစားသမားတွေထဲမှာရော အရန်ခုံတန်းပေါ်မှာရော လုံးဝ ရှာမတွေ့ခဲ့ဘူးဗျ..။ သူ Injury ဖြစ်နေလို့ ဒီပွ...ဲမှာ မပါနိုင်တာကြောင့်များ အော်ဟစ်ပြီး တမ်းတနေကြတာများလား..? " :D :P

ကျွန်တော် ဂျာနယ်ထဲ ဖတ်ဖူးတာကတော့ ဂျာမန်လူမျိုးတစ်ယောက်က သူ့ဘော်ဒါ မြန်မာဂျာနယ်လစ်ကို မေးတာတဲ့။ မင်းတို့ ပရိသတ်တွေက ဒီလောက်ညံ့နေတဲ့ကောင်ကို ဘာလို့ ချစ်တယ်ချစ်တယ် (Liebe Liebe)လို့ အော်နေတာလဲတဲ့။ အဲတော့မှ သူက ရှင်းပြလိုက်ရတယ်။ ငါတို့ပရိသတ်တွေက ဗမာလိုပဲ အော်တာပါကွတဲ့ ...။

ဂျာမန် - Liebe (V)= Love= ချစ်သည်။
+7
ခေါင်းရှောင်သူ = Redirector = Read တာနဲ့ Write တာ။ R/W ပေါ့ဗျာ ... 8)

Offline သဘာဝ

  • စီနီယာ
  • ***
  • Posts: 321
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +2099
Re: အမောပြေဟာသမှတ်စု
« Reply #24 on: April 21, 2011, 08:30:23 PM »
မြန်မာမ
ချိန်းထားတဲ့နေရာကို နေမကောင်းတဲ့အမေကိုပြုစုနေရလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ၂ နာရီလောက်နောက်ကျမှရောက်လာမယ် နောက်ပြီးရုပ်ရှင်ရုံလက်မှတ်ဝယ်တဲ့အခါအသိတွေ့သွားမှာစိုးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၅ ယောက်လောက်ခုံချားပြီးဝယ်မယ်ရုပ်ရှင်ပြီးလို့အိမ်ကိုသွားတဲ့အခါသင့်ရဲ့အိမ်က Traders Hotel အခန်းလောက်ကောင်းနေရင်တောင်မှစုတ်လှချည်လားလို့ပြောမယ်နောက်ပြီးသင်အကောင်းဆုံးဝိုင်ကိုဝယ်ထားရင်တောင်မှ ညံလိုက်တဲ့ဝိုင်လို့ပြောမယ် ပုစွန်ထုပ်နဲ့ဝိုင်ကို စားပြီးလို့သင်ကအိပ်ရာပေါ်သွားဖို့ပြောတဲ့အခါ ‘ငါကိုဘယ်လိုကောင်မထင်သလဲထပြန်လိုက်ရမလားလို့ပြောမယ်’ နာရီဝက်တစ်ခါလောက်သင်ကအိပ်ရာပေါ်သွားဖို့ပြောတဲ့အခါတိုင်း အထက်ပါစကားကိုပဲပြောနေလိမ့်မယ် ၃ နာရီလောက်ကြာမှ ခေါင်းမထောင်နိုင်တော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အိပ်ရာပေါ်သွားမယ် အိပ်ရာပေါ်ရောက်လို့သင်ကကြိုးစားတဲ့အခါ နာရီဝက်တစ်နာရီလောက်ညင်းလိမ့်မယ် နောက်ဆုံးသင့်ဆန္ဒကိုဖြည့်စည်းမယ်ဆက်ဆံပြီးသွားတဲ့အခါမှာ တစ်ကယ်ချစ်တာနော် တစ်ကယ်လက်ထပ်မှာနော်ဆိုတာကိုမအိပ်မချင်းမေးနေလိမ့်မယ် မနက်အိပ်ရာကနိုးလာတဲ့အခါ ဒီအိမ်ကိုကြိုက်သွားပြီဒီမှာပဲနေတော့မယ်လို့ပြောလိမ့်မယ် နောက်ဆုံးသင့်က Taxi ငှားပြီးသူကိုတင်ပေးလိုက်ရမယ် ပြန်ဖို့ကို သင့်ကိုလမ်းမှာတွေ့ရင်သူဘေးနားကသူငယ်ချင်းကိုပြောလိမ့်မယ် အဲ့ဒီလူပေါ့ ငါ့ဘ၀ကိုဖျက်ဆီးတာဆိုးပြီးတော့လေ

ထိုင်းမ
ချိန်းထားတဲနေရာကိုသင့်ထက်ငါးမိနစ်လောက်စောပြီးရောက်နေလိမ့်မယ် ရုပ်ရှင်လက်မှတ်ကိုနှစ်ယောက်ခုံကိုဝယ်လိမ့်မယ် ရုပ်ရှင်ရုံထဲမှာစကားလေးဘာလေးပြော လက်ကလေးကိုင်ရင်းရုပ်ရှင်ပြီးလို့ပြီးမှန်းမသိအောင်နေလိမ့်မယ် နောက်ပြီးအိမ်ကိုသွားတဲ့အခါ သင့်အိမ်ကစုတ်နေအုန်တော့ ကောင်းတယ်လို့ပြောမယ် အညံစားဝိုင်းဝယ်ထားရင်တောင်ဒီဝိုင်ကိုအကြိုက်ဆုံးလို့ပြောမယ့်စားပြီးသောက်ပြီးတာနဲ့ သင်ကအိမ်ရာပေါ်တက်ဖို့ပြောရင်အလိုက်တသိပဲလာပြီး သင်တို့ချစ်စခန်းဖွင့်ကြမယ့် တစ်ညလုံးနီးပါးပင်ပင်ပန်းပန်းနဲ့ချစ်စခန်းဖွင့်ကြတာ မနက်လင်းခါနီးမှအိမ်ပျော်သွားလိမ့်မယ် သင့်မနက်အိမ်ရာနိုးလာတော့ စားချင်စဖွယ်ပြင်ဆင်ထားတဲ့မနက်စာကိုတွေ့လိမ့်မယ် မနက်စာရဲ့ဘေးမှာ စာလေးတစ်စောင်တွေ့မယ့် သင့်စာကိုဖတ်ရင် ‘ ဒါလင်နဲ့နေခဲ့ရတာသိပ်ကြည်နှုးဖို့ကောင်းပါတယ်ရှင်’ လို့တွေ့ရမယ့် တစ်ကယ်လို့သင်ကသူကိုလမ်းမှာတွေ့လို့ ဟေးကိုယ့်ကိုမှတ်မိလားဟိုတစ်နေ့ကမင်နဲ့ချစ်စခန်းဖွင့်ခဲ့တယ်လေလို့ပြောရင် ဒီအကြောင်းပြချက်လေးကမိတ်ဖွဲ့ဖို့လုံလောက်တဲ့အကြောင်းမဟုတ်ပါဘူးရှင်လို့ပြန်ပြောလိမ့်မယ်။

ဟာသတစ်ခုအနေနဲ့ပဲတင်တာပါ ဖတ်ဘူးတာက တစ်ချားလူမျိုးနှစ်ယောက်ပါ ဒါပေ့မယ့်ကိုယ့်လူမျိုးနဲ့တင်လိုက်တာပါ မည်သူကိုမှစော်ကားလိုစိတ်မရှိပါ ရယ်ရယုံလေးပါပဲ ဟာသအနေနဲ့ပဲဖတ်ပါခင်ဗျာ
 



ဂျပန်မ
ချိန်းထားတဲ့နေရာနဲ့အချိန်ကို ဖုံးနဲ့၁၀ခါလောက်ဆက်ပြီးအသိပေးမယ်။ ရုပ်ရှင်ကြည့်လို့ ၀မ်းနဲစရာကောင်းတဲ့အခန်းတွေရောလာရင် ငိုမယ်။
ရုပ်ရှင်ကြည့်နေတုံးဘေးမှာဘယ်သူရှိတယ်ဆိုတာလုံးဝမေ့ထားလိမ့်မယ်။ နောက်ပြီး သင့်အိမ်ကိုသွားမယ်လုပ်ရင် 7/11 မှဖြစ်ဖြစ်၊ LAWSON မှာဖြစ်ဖြစ်
ခဏ၀င်ဦးမယ်ဆိုပြီး ၀ိုင်တစ်ပုလင်းဝယ်မယ်။ ဘယ်လောက်ပဲညစ်ပတ်ပေရေနေတဲ့သင့်ရဲ့အိမ်ဖြစ်ဖြစ် ထိုင်စကားပြောကြမယ့်နေရာနဲ့ အိပ်မယ့်နေရာ
ကိုသန့်ရှင်းရေလုပ်မယ်။ ၀ိုင်သောက်လို့ပုလင်းတစ်ဝက်ကျိုးပြီးဆို အိပ်ရာပေါ်တစ်ခါသွားဖို့ခေါ်မယ်။ ပြီးရင်လက်ကျန်ဆက်သောက်မယ်။
သောက်လို့ကုန်ရင် နောက်တစ်ချောင်းထပ်ဆွဲမယ်။ ပြီးတော့မနက်အထိဖတ်အိပ်မယ်။

နောက်တစ်နေ့မနက်သင်မနိုးခင် သူအလုပ်သွားပြီး။ စားပွဲပေါ်မှာ သင့်အတွက်မနက်စာ တစ်မျိုးမျိုးနဲ့ LOVE MASSAGE တခုချန်ခဲ့မယ်။

အဲဒါမျိုးမရှိခဲ့ရင်တော့လမ်းမှာတွေ့လဲမသိချင်ယောင်သာဆောင်နေလိုက်တာကောင်းပါတယ်။  :D


ဗီယက်နမ်မ
ချိန်းထားတဲ့နေရာကို အတိအကျရောက်အောင်လာမယ်။
ပြီးရင်ရုပ်ရှင်လက်မှတ်ဝယ်ခိုင်းမယ်။ သူမသောက်ဖူးတဲ့အကောင်းစား ၀ိုင်တစ်ပုလင်းဝယ်ခိုင်းမယ်။
အိမ်သွားရင် လူတွေရိပ်မိကုန်မယ်ဆိုပြီး ဟိုတယ်ကောင်းကောင်းသွားဖို့ခေါ်မယ်။ ဟိုတယ်ရောက်ရင် အကောင်းစားတွေမှာစားမယ်။
ပြီးရင် သင့်စီကသူလိုချင်တာတွေ တမျိုးပြီးတစ်မျိုးလုပ်ယူမယ်။ ချစ်တင်းနှောပြီးသွားရင် နေမကောင်းတဲ့အမေနဲ့ အဖွားနဲ့ သူတို့အတွက်ပိုက်ဆံ
လိုကြောင်းပြောမယ်။ ရယ်သလိုလိုမောသလိုလိုနဲ့ သင့်ပိုက်ဆံအိပ်ထဲက ရှိတဲ့ပိုက်ဆံ ၇၀ရာခိုင်နုံးကို သူ့ပိုက်ဆံအိပ်ထဲထဲ့ပြမယ်။
မနက်မိုးလင်းရင် မေ့ချင်ယောင်ဆောင်ပြီး အဲဒီအတိုင်းယူသွားမယ်။

လမ်းမှာတွေရင် သူကစခေါ်ပြီး သင့်ပိုက်ဆံအိပ်ကိုအရင် စစ်ဆေးမယ်။ ရှိရင်ရှိသလို၊ မရှိရင်တော့တော့ နေမကောင်းတဲ့သူအမေအိုကြီးကို
ပြုစုရဦးမှာမိုလို့ မအားကြောင်းပြောမယ်။ ရှိရင်တော့ ဖုံးဆက်ပြီး ညီမလေးကို အမေအိုကြီးကိုကြည့်ဖို့ပြောပြီးသင်နဲ့လိုက်လာမယ်။


ကဲ... အထက် ဟာလေးသဘောကျလို့ သိတဲ့ဟာလေးရေးလိုက်တာ... တခြားလူမျိုးတွေကတော့ တစ်ဖြေးဖြေးမှပဲရေးတော့မယ်။
+12

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3987
Re: အမောပြေဟာသမှတ်စု
« Reply #25 on: April 23, 2011, 10:25:13 PM »
 အောက်ပါဝေါဟာရများကို ၁ ကြိမ်စီအသုံးပြု၍  စာစီကုံးပါ

*ဂါ/ဘွတ်စမံ/ဂျွတ်/ပျားတုပ်/လန်း/ဖလမ်းဖလမ်း/ဂိ/ညောင်း/ဂျင်းထဲ့/ဖောင်း/ပိန်း/ဖလာကြိတ်/ကုန်းဆင်း/အရောက်ပို့/ရှော်/နားကား/ရှော့/ကျော/ဘီးဂျဲ/ငုတ်တုတ်မေ့/ဂန့်/ဘူ/ကျွတ်ဆင်/ပွေး/ဖောရှော/အီစီကလီ/လန်ထွက်/ဖု/ကြူ/ရေလျှံ/တင်း/ပြဲ/အိုင်စီလွတ်/ဂေါက်/အမ်း/ဂိုက်ပေးကြမ်း/တိုင်ပတ်/ဗျင်း/ခိုက်/၉လောက်ရှိ/ထု/ငြိ/ဖွန်ကြောင်/ကျ/ကိုဝင်းကြည်/စတေးရှောင်/ကျွေး/ကြုံး/မျိုးကန်း/ဥ*

      ကျော်ကျော် သည် *ဂိုက်ပေးကြမ်း * သောလူ *ပွေး *၁ ယောက်ဖြစ်သည်။မူမူသည်*ရေလျှံ*  သည့်အပြင်  *လန်ထွက်* နေသော သူဋ္ဌေးသမီး ၁ ဦးဖြစ်သည်။စတိတ်ရှိုး ၁ခုတွင်* ဖလမ်းဖလမ်း*  ထနေသောမူမူကို ကျော်ကျော်*  ခိုက် * သွားပြီး *ငုတ်တုတ်မေ့* သွားသည်။

      ထို့နောက် ကျော်ကျော်သည် ရည်းစားဟောင်းအမကြီး ၁ ဦးထံမှ  *ကျော်*ထားသော ဖုန်းဖြင့် မူမူကို  * ကြူ*   တော့သည်။မူမူကလဲ သူငယ်ချင်းများက  *အရောက်ပို့  * သောကြောင့် ကျော်ကျော်ကို * အီစီကလီ * ပြန်၍  *ထု*သည်။ကျော်ကျော်၏*ဖောရှော  *ကောင်းမှုကြောင့် မူမူသည် ကျော်ကျော်ကို *  ငြိ   *သွားသည်။

      ကျော်ကျော်၏  *ဖွန်ကြောင် * ချက်မှာ*  ၉ လောက်ရှိ  * သဖြင့်နောက်ဆုံးတွင် မူမူ   *ကျ *  သွားသည်။ချစ်သူတို့သဘာဝ  ကျော်ကျော်က မူမူကို  *ဘွတ်စမံ * ကျွေးသည်။မူမူ မှာ မစားဖူးသောကြောင့်  * နားကား*သွားသည်။လိုတာထက်ပိုကျွေးမိသောကျော်ကျော်လဲ  *ဂိ  *သွားသည်။

      သို့ဖြင့် မူမူမှာ  *ကိုဝင်းကြည*်  ရရှိလာသောအခါ  လက်ထပ်ဖို့အစီအစဉ်မရှိသော ကျော်ကျော်မှာ * တိုင်ပတ်  * တော့သည်။မိမိကို  *ဖောင်း * လာသောကျော်ကျော်ကို မူမူက*တင်း*သွားပြီး သူမ*  အမ်း   *ထားသမျှကိုပြန်ပြီးတောင်း၏။တစ်ချိန်က  *ဖလာကြိတ်* ၍  *ကုန်းဆင်း*  ခဲ့သော  ကျော်ကျော်မှာမူမူကို  *ရှော် * ချင်သောကြောင့် * အိုင်စီ   *လွတ်ပြီး   *ဂေါက် *ချင်ဟန်ဆောင်လေသည်။

       ထိုကိစ္စကို  * ဘီးဂျဲ  *ကြီးဖြစ်နေပြီဖြစ်သော  မူမူ၏ အဖေကြီးကသိသွားသည်။သမီးဖြစ်သူကို  *ဂျင်းထဲ့  *ခံရသဖြင့်  အဖေကြီး   *ပျားတုပ်*သွားသည်။ မွေးထားသည့် တပည့်များကို  * ပြဲ  * သည်အထိ တိုက်ပြီးလျှင်ကျော်ကျော်ကို  * ဂန့်   *သည်အထိ *  ကျွေး   *ရန်ညွန်ကြားသည်။ကျော်ကျော်လဲအဖေကြီးကို *  ဂျွတ်  * သွားပြီး သူတို့နှင့်ဝေးရာကို  * စတေးရှောင်*တော့သည်။အဖေကြီး၏ တပည့်များမှာ *  ပိန်း  * သောကြောင့်  ကျော်ကျော်ကို * ဗျင်း*ချင်သော်လဲ  ရှာလို့မတွေ့ကြချေ။

       သို့သော်အဖေကြီး၏  ရှာဖွေမှုမှာ    *ကျွတ်ဆင် * ကြီးဖြစ်သောကြောင့်နောက်ဆုံးတွင် ကျော်ကျော်*   ညောင်း  *သွားသည့်နေရာကိုသိသွားတော့သည်။တပည့်များက ၁ယောက် ၁ ချက် ဝိုင်း   *ကြုံး*  လျှင်တောင်  *ရှော့*  တက်ပြီး  * ရှော   *သွားနိုင်သဖြင့် ကျော်ကျော်မှာ အဖေကြီးကို   *ဂါ*လိုက်ရတော့သည်။ကျော်ကျော်ကို* ဖု * နေသော်လဲ  အဖေကြီးသည်  ကလေးမျက်နှာကိုထောက်၍  မျက်နှာအ*   ဘူြ*ကီးဖြင့်ကျော်ကျော်ကို  အိမ်သို့ပြန်ခေါ်ခဲ့သည်။ကံကောင်း၍  ကျော်ကျော်*မျိုးကန်း *မည့် ကိစ္စမှ  လွတ်မြောက်သွားပြီး  နောက်ထပ် ထွက်ပြေးမည့်အစီအစဉ်ကို* ဥ  *ထားလိုက်တော့သည်။

(forward mail တစ်ခုမှ ရရှိထားခြင်းဖြစ်ပါသည်။)
+12
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline longhairlover

  • အငြိမ်းစား ကထိက
  • ***
  • Posts: 2172
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +8512
Re: အမောပြေဟာသမှတ်စု
« Reply #26 on: April 24, 2011, 08:32:31 AM »
Japanese in Istanbul / Maras Dondurmasi / Turkish Ice Cream



video ကြည့်ရန် spoiler ကိုနှိပ်ပါ


(click to show/hide)
+7
« Last Edit: April 24, 2011, 08:38:09 AM by longhairlover »
လိင်ဇတ်လမ်းများ ၏မာတိကာကို စာမျက်မှာ (၁) မှာတွေ့နိုင်ပါတယ်၊ မိမိသိလိုသော ဇတ်လမ်းကို browser မှာ edit ကိုနှိပ် ပြီးရင် find ကို နှိပ်ပြီးရှာပါ၊ တွေ့ရင် ဖေါ်ပြထားသော စာမျက်နှာ နှင့် Reply # ဆီသွား၍ ဒေါင်းနိုင်ပါသည်၊ ဒေါင်းလို့မရပါက ဇတ်လမ်းနံမည်ပြောပြီး အကြောင်းကြားပါက တတ်နိုင်သမျှ အဆင်ပြေအောင်ဆောင်ရွက်ပေးပါမည်၊

Offline longhairlover

  • အငြိမ်းစား ကထိက
  • ***
  • Posts: 2172
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +8512
Re: အမောပြေဟာသမှတ်စု
« Reply #27 on: April 24, 2011, 09:35:20 AM »
Extremely funny condom commercial



(click to show/hide)




+2
လိင်ဇတ်လမ်းများ ၏မာတိကာကို စာမျက်မှာ (၁) မှာတွေ့နိုင်ပါတယ်၊ မိမိသိလိုသော ဇတ်လမ်းကို browser မှာ edit ကိုနှိပ် ပြီးရင် find ကို နှိပ်ပြီးရှာပါ၊ တွေ့ရင် ဖေါ်ပြထားသော စာမျက်နှာ နှင့် Reply # ဆီသွား၍ ဒေါင်းနိုင်ပါသည်၊ ဒေါင်းလို့မရပါက ဇတ်လမ်းနံမည်ပြောပြီး အကြောင်းကြားပါက တတ်နိုင်သမျှ အဆင်ပြေအောင်ဆောင်ရွက်ပေးပါမည်၊

Offline longhairlover

  • အငြိမ်းစား ကထိက
  • ***
  • Posts: 2172
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +8512
Re: အမောပြေဟာသမှတ်စု
« Reply #28 on: April 24, 2011, 09:39:38 AM »
Viagra! Best Commercial!





(click to show/hide)
+4
လိင်ဇတ်လမ်းများ ၏မာတိကာကို စာမျက်မှာ (၁) မှာတွေ့နိုင်ပါတယ်၊ မိမိသိလိုသော ဇတ်လမ်းကို browser မှာ edit ကိုနှိပ် ပြီးရင် find ကို နှိပ်ပြီးရှာပါ၊ တွေ့ရင် ဖေါ်ပြထားသော စာမျက်နှာ နှင့် Reply # ဆီသွား၍ ဒေါင်းနိုင်ပါသည်၊ ဒေါင်းလို့မရပါက ဇတ်လမ်းနံမည်ပြောပြီး အကြောင်းကြားပါက တတ်နိုင်သမျှ အဆင်ပြေအောင်ဆောင်ရွက်ပေးပါမည်၊

Offline longhairlover

  • အငြိမ်းစား ကထိက
  • ***
  • Posts: 2172
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +8512
Re: အမောပြေဟာသမှတ်စု
« Reply #29 on: April 24, 2011, 09:46:05 AM »
sexy viagra commercial  (Actually not Viagara)



(click to show/hide)
+4
လိင်ဇတ်လမ်းများ ၏မာတိကာကို စာမျက်မှာ (၁) မှာတွေ့နိုင်ပါတယ်၊ မိမိသိလိုသော ဇတ်လမ်းကို browser မှာ edit ကိုနှိပ် ပြီးရင် find ကို နှိပ်ပြီးရှာပါ၊ တွေ့ရင် ဖေါ်ပြထားသော စာမျက်နှာ နှင့် Reply # ဆီသွား၍ ဒေါင်းနိုင်ပါသည်၊ ဒေါင်းလို့မရပါက ဇတ်လမ်းနံမည်ပြောပြီး အကြောင်းကြားပါက တတ်နိုင်သမျှ အဆင်ပြေအောင်ဆောင်ရွက်ပေးပါမည်၊

Tags: