Author Topic: အမောပြေဟာသမှတ်စု  (Read 456247 times)

0 Members and 3 Guests are viewing this topic.

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #10 on: March 05, 2011, 09:00:48 PM »
1. Don't marry & make a woman happy. In fact remain a bachelor & make
several women happy.


2.KO Myat: What are the fastest means of communication ?

Ko kyii: Telephone, Television, Tell-a-woman

Need still FASTER - Tell her NOT to tell ANY ONE.


3.Ko myat: You cheated me. You sold me useless radio.

Shopkeeper: No, I sold a good radio to you.

Ko Myat: Radio label shows "Made in Japan" but radio says: This is all
Myanmar Radio station.


4.Funny man & his wife go to a coffee house. Funny man buys 2 cups of coffee.

Funny Man: Drink quickly... drink quickly... before it gets cold.

Wife: But why...

Funny Man: They charge Ks. 500 for hot coffee and Ks 1000 for cold coffee.:P


5.Museum Watchman: That's a 500 year old statue you have broken.

Funny Kyithar: Thanks God! I thought it was a new one.

=-=-=-=-=-=--=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-

Wife is like a TV,

Girlfriend is like a MOBILE .



At home u watch TV,

But when u go out u take ur MOBILE.




No money, u sell the TV,

Got money u change ur MOBILE.



Sometimes u enjoy TV,

But most of the time u play with ur MOBILE.



TV is free for life,

But for the MOBILE , if you don't pay, the services will be terminated.



TV is big, bulky and most of the time old,

But the MOBILE is cute, slim, curvy and very portable.



Operational costs for TV is often acceptable,

But for the MOBILE it is often high and demanding.



TV has a remote,

MOBILE doesn't.



Most importantly, MOBILE is a two-way communication (u talk and listen),

But with the TV you MUST only listen (whether you want to or not).



Last but not least ..

TVs don't have viruses,
But MOBILEs often do!


Cheers


ဖော်ဝပ်မေးလ်ထဲက ရတာပါ တားတားက ဗြိတိသျှလို သိပ်မရလို့ ဘာသာပြန်တတ်ဖူး...  :-[
ဗြိတိသျှလို ရသူများ ဘာသာပြန်ပေးလိုက်နော်
+5
« Last Edit: March 05, 2011, 09:03:38 PM by jayjay »

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #11 on: March 05, 2011, 09:08:15 PM »
devil 11 တစ်ယောက် အရက်ဘားထဲသို့ ၀င်လာပြီး ၀ီစကီ ငါးပက် မှာသည်။
စာပွဲထိုးလာချပေးသည်နှင့် တစ်ရှိန်ထိုးမော့ချလိုက်သည်။
နောက် လေးပက်မှာသည်။
ရောက်လာသည်နှင့် စောစောကကဲ့သို့ တစ်ရှိန်ထိုးမော့ချလိုက်ပြန်သည်။
နောက် သုံးပက်မှာသည်။
မနားတမ်းသောက်ချလိုက်သည်။
နောက်ထပ် နှစ်ပက်ထပ်မှုာသည်။
ရောက်လာသော ခွက်တွေကို ကြည့်ရင် လျှာလေး အာလေးဖြင့်ပြောလိုက်သည်။
“တော်တော်ထူးဆန်းတာပဲ။ လျှော့သောက်လေလေ- မူးလေလေပါလား . . .”

 ;D    ;D    ;D    ;D    ;D   (ချစ်လို့ စတယ် မှတ်ပါ တစ်ပဲ ၁၁ ပြား)
+14

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #12 on: March 05, 2011, 09:13:02 PM »
တပ်ကြပ်ကြီး သည် အထက်တန်းကျောင်းတစ်ခုသို့ လေ့လာရန် ရောက်လာသည်။
စာသင်ခန်းတစ်ခုသို့ ၀င်ပြီးလျှင် ကျောင်းသားများကို တိုင်းပြည်ကြီး
ဒီမိုကရေစီ ရရေး ကြိုးပမ်းနေပုံကို ရှင်းပြနေသည်။
ကျောင်းသားတွေ လုံးဝ စိတ်မ၀င်စားကြ။ ဤသည်ကို သတိထားမိသည်နှင့် တပ်ကြပ်ကြီး ကပြောသည်။
“ကိုင်း ! မေးစရာ ရှိရင် မေးကြပါ”
ကျောင်းသားများ လှုပ်ရှားသွားကြသည်။
မီးသွေး အမည်ရှိ ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီးထမေးသည်။

“ကျနော် မေးခွန်းသုံးခု မေးစရာ ရှိပါတယ်။
တစ် - ခေါင်းဆောင်ကြီး ကို ဘယ်သူ လုပ်ကြံသလဲ။
နှစ် - ကျနော်တို့တွေ ဘာလို့ ဒီလောက်တောင် ဆင်းဆင်းရဲရဲ နေနေကြရတာလဲ။
သုံး - ဘာဖြစ်လို့ ကျနော်တို့ ပြောချင်တာ ပြောခွင့် မရှိရတာလဲ။”

တပ်ကြပ်ကြီး ရုတ်တရက်ဘာပြန်ဖြေရမလဲ မသိတော့။
ချွေးပင်စို့လာသည်။ ကံကောင်းချင်တော့ ငါးမိနစ်အားလပ်ချိန်ခေါင်းလောင်းမြည်လာသည်။
ကျောင်းသားတွေအားလုံး အခန်းထဲက ပြေးထွက်သွားကြသည်။
အတန်းပြန်စသောအခါ စောင့်နေသည့် တပ်ကြပ်ကြီးက စောစောကအတိုင်းပြောသည်။
“ကိုင်း! ဘယ်သူမေးစရာ ရှိသေးလဲ မေးပါ”

ကျောင်းသား ဥပြုံး က နေရာက ထသည်။

“ကျနော်မေးခွန်းငါးခု မေးစရာ ရှိပါတယ်။

တစ် - ခေါင်းဆောင်ကြီးကို ဘယ်သူ လုပ်ကြံသလဲ။
နှစ် - ကျနော်တို့တွေ ဘာလို့ ဒီလောက်တောင် ဆင်းဆင်းရဲရဲ နေနေကြရတာလဲ။
သုံး - ဘာဖြစ်လို့ ကျနော်တို့ ပြောချင်တာ ပြောခွင့် မရှိရတာလဲ။
လေး - အားလပ်ချိန် အချက်ပေးခေါင်းလောင် ဘာလို့ မိနစ် 20 စောပြီး ထိုးရတာလဲ။
ငါး - ကျနော့ သူငယ်ချင်း မီးသွေး ဘယ်ရောက်သွားသလဲ”


ဒီပို့စ်လေးကို အရဲစွန့်ပီး တင်လိုက်ပါသည်။ တကယ်လို့များ မော့ဒ် များမှ မသင့်လျော်ဘူး ထင်ပါက
ဖျက်ပစ်နိုင်ပါသည်။ ရယ်စေချင်ယုံသက်သက်ဖြင့် အမည်နာမများ ပြောင်းပြီး တင်ထားပါသည်။
+18
« Last Edit: March 06, 2011, 08:03:26 PM by jayjay »

imail

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #13 on: March 10, 2011, 03:25:42 AM »
Forward Mail ထဲကရပါတယ် ကြိုက်လို့ တင်ပါတယ်

ယောကျာ်း၊ မိန်းမနဲ့ အိမ်ထောင်သည်

(click to show/hide)
+10

Offline blackofthrone

  • ပထမနှစ်
  • *
  • Posts: 10
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +76
Re: အမောပြေဟာသမှတ်စု
« Reply #14 on: March 10, 2011, 09:38:49 AM »
လူတစ်ယောက် အများသုံးအိမ်သာထဲဝင်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ပိာုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။

"ပော့လူ နေကောင်းလား"
ဒီလိုနေရာမျိုးမှာ အလာပ သလာပ စကား ပြောရတာ စိတ်မသက်မသာရှိလှသည်။ မကောင်းတတ်တော့လည်း ပြန် နှုတ်ဆက်ရသည်ပဲပေါ့။

..."ကောင်းပါတယ် ကျေးဇူးပါ"
အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကိုဆက်ရှင်းမယ်ကြံကာ ရှိသေး အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။

"ခင်ဗျားဘာတွေအလုပ်ရှုပ်နေတာလဲဗျ"
ပာာ.... ဒီလူတော့ ခက်ပြီ ... ဘာလဲကွာ ... ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းမျိုးတွေ လာမေးနေရတာလဲ။ စိတ်ပေါက်ပေါက်နှင့် ဘုတော ပစ်လိုက်သည်။

"ခင်ဗျားလိုပဲပေါ့ဗျာ"
ဘာဘဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့စိတ်ကူး လိုက်သည်။ ဒါပေမဲ့ နောက်ထပ်မေးခွန်းတစ်ခု ထပ် ထွက်လာပြန်သည်။

"ကျွန်တော်လာခဲ့မယ်ဗျာ...ရမလား"
"ဗုဒ္ဓေါ...ဒီလူ ဘယ်လိုလူလဲ...ဂေးလား"

ဘာဘဲဖြစ်ဖြစ် ကိုယ်ကျင်လည်ကျက်စားရာနေရာမပာုတ်လို့ သတိတော့ ထားနေရသည်။ ထောင်းခနဲထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။

"မလုပ်နဲ့လေဗျာ... ကျွန်တော်လည်း ဒီမှာအလုပ်ရှုပ်နေတာ"
တဖက်က ဒုန်းကနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ပိာုဖက်က ပြန်ပြောသည်။

"နောက်မှပဲ ပြန်ဆက်တော့မယ်... ပာိုဖက်အခန်းထဲက သောက်ပေါ တစ်ကောင်က ရူးသလိုနှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့..
+21

Offline blackofthrone

  • ပထမနှစ်
  • *
  • Posts: 10
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +76
Re: အမောပြေဟာသမှတ်စု
« Reply #15 on: March 10, 2011, 09:42:37 AM »
ယနေ့ညနေ မြန်မာ Vs အိန္ဒိယ ပွဲအပြီးတွင် ကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူသော ဂျပန်လူမျိုးဒိုင်လူကြီးက MFF ဥက္ကဌ ဦးဇော်ဇော်အား မေး၏..
"Mr.ဇော်... ခင်ဗျားတို့ ပရိသာတ်တွေ စင်ပေါ်က အော်ဟစ်ပြီး အသဲအသန် အားပေးနေတဲ့ Lee Bal ဆိုတဲ့ Player ကို ကျုပ်ကွင်းထဲက မြန်မာကစားသမားတွေထဲမှာရော အရန်ခုံတန်းပေါ်မှာရော လုံးဝ ရှာမတွေ့ခဲ့ဘူးဗျ..။ သူ Injury ဖြစ်နေလို့ ဒီပွ...ဲမှာ မပါနိုင်တာကြောင့်များ အော်ဟစ်ပြီး တမ်းတနေကြတာများလား..? " :D :P
+27

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #16 on: March 11, 2011, 11:31:07 AM »
ဆေးခန်းထဲသို့ လူနာတစ်ဦး ထော့နဲ့ ထော့နဲ့ ဖြင့် ၀င်ရောက်လာပြီး ဆရာဝန်အား
“ ဒေါက်တာ ကျွန်တော့် ဒူးခေါင်းနဲ့ ညို့သကျည်းက ဒဏ်ရာတွေ အရမ်းနာနေလို့
  ကြည့်ပေးပါဦးဗျာ”
“ ဟာ.... အညိုအမည်းတွေ လဲ စွဲလို့ပါလား.. ဒါ ချော်လဲတာတော့ မဖြစ်နိုင်ဘူး
  တစ်ယောက်ယောက်က ရိုက်ထားတာပဲဖြစ်မယ်”
“ မဟုတ်ပါဘူး ဆရာရယ်... လိုင်းကားစီးတဲ့အခါ ရှေ့ခုံနဲ့ နောက်ခုံက အရမ်းနီးတော့
  ကားဘရိတ်အုပ်လိုက်တိုင်း ဆောင့်မိတဲ့ ဒဏ်ရာတွေပါ”

--------------------------------------------------------------------------------------

ခွဲစိတ်ခါနီး ငိုနေသော လူနာအား ဆရာဝန်မှ -
“ ခွဲစိတ်ရမှာမို့ ကြောက်နေတာလား ဘာမှ မကြောက်ပါနဲ့ ဒီဆေးရုံ က ဆရာဝန်တွေက
  အတွေ့အကြုံ ရှိပြီး၊ ခွဲစိတ်ကိရိယာတွေ ကလဲ ခေတ်မီ စက်ကိရိယာတွေပါ”
“ အဲဒီအတွက် ငိုတာမဟုတ်ပါဘူး... ကျွန်မယောကျာ်း ခွဲစိတ်စရိတ်အတွက်
  ငွေလောက်အောင် အပြေးအလွှားလိုက်ရှာရင်း မနေ့က ဆုံးသွားလို့ ၀မ်းနည်းပြီးငိုနေတာပါ”

----------------------------------------------------------------------------------------

“ ဆရာ ကျွန်တော့် ခြေထောက်ဟာ နေရာ နှစ်နေရာမှာ ကျိုးသွားပါတယ်”
“ နောက်ဆိုရင် အဲ့ဒီနေရာတွေကို မသွားနဲ့”
“ တိန်”



+10

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3992
Re: အမောပြေဟာသမှတ်စု
« Reply #17 on: March 12, 2011, 01:20:24 PM »
ရတနာပုံ တယ်လီပို့မှ တစ်ခါ Click လုပ်ပီးလျှင် သုံးနှစ် အိပ်လို့ရသော ကွန်နက်ရှင်တစ်မျိုးကို ဆန်းသစ်တီတွင်လိုက်ြပီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အင်တာနက် ကွန်နက်ရှင်မှာ မည်သည့်နိုင်ငံတွင်မှ စတင်သုံးစွဲခြင်း မရှိသေးပဲ မြန်မာနိုင်ငံမှ ပထမဦးဆုံး တီတွင်ခဲ့သော မြန်နှုန်းနိမ့် ကွန်နက်ရှင်ဖြစ်သည်။ အဆိုပါ မြန်နှုန်းနိမ့် ကွန်နက်ရှင်ကို တီတွင်ခဲ့သော ရတနာပုံတယ်လီပို့မှ အိုင်တီ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ က ထုတ်ဖော်ပြောဆိုရာတွင် " ကျွန်တော်တို့ ဒီလို ဘယ်နိုင်ငံကမှ စတင်အသုံးပြုနိုင်သေးတဲ့ ကွန်နက်ရှင်ကို အသုံးပြုနိုင်တာ ဂုဏ်အရမ်းယူပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီလို ကွန်နက်ရှင်ကို ထုတ်လွှင့်နိုင်ဖို့ တော်တော်လေး အချိန်ကုန် ငွေကုန်ခံပြီး လူအပင်ပန်းခံ လုပ်ခဲ့ရပါတယ်။ ဒီကွန်နက်ရှင်ကြောင့် ဂင်းနစ်စံချိန်တောင် ချိုးဖျက်နိုင်လိမ့်မယ်လို့ယုံကြည့်ပါတယ်။ နောက်ပြီး အချိန်အတော်ကြာကြာ ဒီစံချိန်ကို ချိုးဖျက်နိုင်မယ့် နိုင်ငံပေါ်လာမယ်မထင်ပါဘူး" ဟုပြောကြားခဲ့သည်။ ဆက်လက်ပြီး အိုင်တီ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ က မြန်မာလူမျိုးများအတော် များများမှာ ဂျီတော့နှင့် ဖေ့ဘွတ်ခ်သာအသုံးပြုကြသဖြင့် အဆိုပါ နှစ်ခုသာ ၀င်နိုင်သော အင်တာနက် ကွန်ယက်တစ်ခု စီစဉ်ထားကြောင်း၊လက်ရှိ ဈေးကွက်စီးပွားရေးဈေးကွက်နှင့် အညီ Access has been denied၊ Network Error ၊ connection time out အစရှိသည့် စာမျက်နှာများတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ကြော်ငြာထည့်သွင်းနိုင်ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့သည်။
+21
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3992
Re: အမောပြေဟာသမှတ်စု
« Reply #18 on: March 20, 2011, 11:33:57 PM »
တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်...ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။   အယ်ဒီတာ ~ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?   ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...   "ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။ ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့ ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။   ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ပြောပြီး ဆက်သွားကြပြန်ပါတယ်။ တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့ ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။   ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။ သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!" လိုအော်လိုက်မိတယ်။ အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ "ဒါ ရှင့်ရဲ့ပထမဆုံးအကြိမ်နော်..." တဲ့။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ..."     
 

By: မြှားနတ်မောင်
+20
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline zawye

  • အငြိမ်းစား ကထိက
  • ***
  • Posts: 1058
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7614
Re: အမောပြေဟာသမှတ်စု
« Reply #19 on: March 24, 2011, 10:09:04 AM »
အမေရိကန်သားနဲ့ ပြင်သစ်သားတို့ တစ်နေရာတွင်ဆုံကြသည်......ရှေးဦးစွာအမေရိကန်သားက
'မင်းတို့ပြင်သစ်မှာ စားပြီးသား ပေါင်မုန့်တွေကိုလွင့်ပြစ်လား'
'ဟပြစ်တာပေါ့ကွ စားပြီး သားပေါင်မုန့်တွေကို ဘာလုပ်ရမှာလဲ' ပြင်သစ်သားကဖြေသည်......
အမေရိကန်သားကပြန်ပြောသည်.......' ငါတို့အမေရိကန်မှာကစားပြီးသာပေါင်မုန့်တွေကိုလွင့်မပြစ်ဘူး ပြန်ကောက်ပြီးတော့ ဟမ်ဘာဂါပြန်လုပ်ပြီး ပြင်သစ်ကိုပို့တယ်'
အမေရိကန်သားကပင်ဆက်လက်၍ .......'မင်းတို့ပြင်သစ်မှာ စားပြီးသား အသားတွေကော လွင့်ပြစ်လား'
ပြင်သစ်သားက ................................'ပြစ်တာပေါ့ကွ စားပြီးသားကြီးဘာလုပ်ရမှာလဲ'
အမေရိကန်သားကတွယ်သည်.............. ' ငါတို့ဆီမှာ အဖြစ်ဘူး ကွ သိမ်းထားပြီး အသားပြန်လုပ်တဲ့နေရာကိုပို့ပြီုးဘာဂါထဲမှာထည့်စားဖို့အသားလုပ်ပြီးတော့ ပြင်သစ်ကိုပို့တယ်'
ပြင်သစ်သားကအမေရိကန်သားကိုပြန်တွယ်ဖို့စဉ်းစားသည်............'မင်းတို့အမေရိကန်မှာ သုံးပြီးသားကွန်ဒုံးတွေကိုလွင့်ပြစ်လား.'
အမေရိကန်သားက .............................................................' လွင့်ပြစ်တာပေါ့ကွ သုံးပြီးသားကွန်ဒုံးကြီးလာလုပ်ရမှာလဲ'
ပြင်သစ်သားကလည်းအကွက်ဝင်သွားပြီမို့ တွယ်ချလိုက်သည်..........'ငါတို့ဆီမှာလွင့်အပြစ်ဘူးကွ ပြန်ကောက်ပြီး ပီကေလုပ်တဲ့စက်ရုံကိုပို့ပြီး ပီကေလုပ် အမေရိကန်ကိုပို့တယ်ကွ'
+14
sex is something we do but love is main thing we live

Tags: