Author Topic: အမောပြေဟာသမှတ်စု  (Read 432154 times)

0 Members and 3 Guests are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #350 on: June 09, 2011, 10:41:05 AM »
ဘယ်သူပြောသလဲ

ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့ဖြစ်ပြီး မက္ကဆီကိုလူမျိုးစားသောက်ဆိုင်ပိုင်ရှင်၏

သားဖြစ်သောမာတင်အမည်ရှိကျောင်းသားသစ်တစ်ဦးလေးတန်းကျောင်းစာသင်ခန်းထဲသို့ဝင်လာသည်။

ဆရာမကပြောသည်။

`အမေရိကန်ရာဇ၀င်ကိုလေ့လာသုံးသပ်ရအောင်။´

`ငါ့ကိုလွတ်မြောက်ခွင့်ပေးပါ။မပေးနိုင်ရင်သေခြင်းကိုပေးပါ´လို့ပြောခဲ့တာဘယ်သူလဲ။

ကျောင်းသားများကြောင်ငေးနေကြသည်ကို သူမတွေ့မြင်ရသည်။မာတင်တစ်ယောက်သာလျင်ခြွင်းချက်အဖြစ်

လက်မြောက်ပြလိုက်သည်။

          `၁၇၇၅ ခုနှစ်က ပက်ထရစ်ဟင်နရီ ကပြောခဲ့တာပါ´

           `သိပ်ကောင်းတယ်။´
           `ပြည်သူတွေအတွက်၊ပြည်သူတွေတင်မြောက်တဲ့၊ပြည်သူ့အစိုးရဟာဒီကမ္ဘာမြေပြင်ပေါ်ကဘယ်တော့မှပျက်သုဉ်းမှာမဟုတ်ဘူး´လို့ဘယ်သူပြောတာလဲ။

          နောက်တစ်ကြိမ်တိတ်ဆိတ်နေပြီး ခြွင်းချက်အဖြစ် မာတင့်ထံမှတုန့်ပြန်သံထွက်ပေါ်လာသည်။

          `၁၈၆၃ ခုနှစ်က အေဗရာဟင်လင်းကွန်းကပြောခဲ့ပါတယ်။´

          ဆရာမကစာသင်သားများကိုခတ်ပြတ်ပြတ်ပြောလိုက်သည်။

`စာသင်သားတွေမရှက်ကြဘူးလား။ငါတို့တိုင်းပြည်မှာ လူသစ်ဖြစ်နေတဲ့မာတင်က ငါတို့တိုင်းပြည်ရဲ့ရာဇ၀င်ကို မင်းတို့ထက်ပိုသိနေပါလား။´

          `မက္ကဆီကိုတွေကိုသတ်ပစ်လိုက်´တီးတိုးပြောသံကိုသူမကြားလိုက်ရသည်။

          `ဘယ်သူပြောတာလဲ´သူမကစာသင်များအား အော်မေးလိုက်သည်။

          မာတင်လက်ထောင်ပြလိုက်သည်။

          `၁၈၃၆ ခုနှစ်ကဂျင်ဘိုဝီပြောပါတယ်´

          ထိုအခါအတန်းအနောက်ဘက်ကကျောင်းသားတစ်ယောက်မှပြောသည်။

          `ငါတော့အန်ချင်နေပြီ´

          ဆရာမမျက်လုံးမီးဝင်းဝင်းတောက်သွားပြီးမေးသည်။

          `အဲဒါဘယ်သူပြောတာလဲ´

          မာတင်ကထပ်ခါပြောလိုက်သည်။

          `၁၉၉၁ ခုနှစ်က ဂျပန်ဝန်ကြီးချုပ်က ဂျော့ဘွတ်ရှ်ကိုပြောခဲ့တာပါ။

          ထိုအခါ ဒေါသဖြစ်နေသောကျောင်းသားတစ်ယောက်က အော်ပြောလိုက်သည်။

          `ဟုတ်လား ထွေးပစ်လိုက်´

          မာတင်ကခုံမှထကာလက်ကိုရမ်းကာဆရာမကိုပြောလိုက်သည်။

          `၁၉၉၇ ခုနှစ်က မော်နီကာလူးဝင်စကီးကို ဘီလ်ကလင်တန်ကပြောခဲ့တာပါ´

          ယခုအခါစိတ်မထိန်းနိုင်လောက်အောင်ဖြစ်နေသောကျောင်းသားတစ်ယောက်ကထအော်သည်။

          `မင်း အခြားဟာတွေလျှောက်ပြောရင်မင်းကိုငါသတ်မယ်။´

          မာတင်ကအသံကုန်အကြောက်အကန်ပြောသည်။

          `၂၀၀၁ ခုနှစ်မှာ ချန်ဒရာလူစီ ကို ဂယ်ရီကန်ဒစ် ပြောခဲ့တာပါ။´

ဆရာမမူးမေ့လဲကျသွားသည်။ကြမ်းပြင်ပေါ်မှဆရာမကိုကျောင်းသားများအုံလာသောအခါ

ကျောင်းသားတစ်ယောက်ကပြောသည်။

          `အို ငါတို့အခုမှ အကြီးအကျယ်ဒုက္ခရောက်ပြီ´

          ထိုအခါမာတင်ကထပ်ပြောသည်။

          `၂၀၀၃ ခုနှစ်က ဆက်ဒမ်ဟူစိန်ကပြောခဲ့တာပါ´

   တိန်!!!!!!!!
+6

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #351 on: June 09, 2011, 10:45:44 AM »
လုံ့လရှိကြပါမဟုတ်ရင်

မြန်မာနိုင်ငံကို အင်္ဂလိပ်တွေအုပ်ချုပ်စဉ်တုန်းကပေါ့။မြန်မာစာပေကို အရမ်း

ချစ်မြတ်နိုးတဲ့အင်္ဂလိပ်အရေးပိုင်မင်းကြီးတစ်ဦးရှိသတဲ့။သူကမြန်မာစာပေတွေထဲမှာရှိတဲ့

မြန်မာစကားလုံးတွေထဲကမှ လုံ့လ ဆိုတဲ့စကားလုံးကိုမှအထူးနှစ်သက်ပါသတဲ့။ဒါပေမယ့်

အဲဒီ့ခေတ်က လုံ့လ ဆိုတဲ့ဝေါဟာရကို ဒီလို(လုံ့လ)လို့မရေးဘဲဒီလို(လုံလ္လ)လို့ရေးပါသတဲ့။

အဲဒီ့အရေးပိုင်မင်းကရိုးရိုးနှစ်သက်တာတင်မကပါဘူး။အဲဒီ့စာလုံးကို ဓာတ်ပုံအဖြစ်နဲ့

မှန်ဘောင်နဲ့ထားပြီးချိတ်ထားသတဲ့။

          သူကအမြဲအလုပ်လာတဲ့သူ့ရဲ့တပည့်ဗမာလေးတစ်ယောက်ကိုမေးလေ့ရှိပါသတဲ့။

။ ။တပည့်လေးဒါဘာလဲ။

။ ။လုံ့လပါဆရာ၊ကြိုးစားခြင်းအဓ္ဓိပါယ်ပါ။

။ ။တော်တယ်လူကလေးတော်တယ်။

သူကအဲဒီ့အဓ္ဓိပါယ်ကိုအလုပ်လာတိုင်းမေးပါသတဲ့။ကြာတော့လည်းသူ့တပည့်ကလေးက

အမြင်ကပ်လာတာပေါ့။

တစ်နေ့ကျတော့ မေးပါလေရော။

။ ။လူကလေးဒါဘာလဲ။

။ ။ဟုတ်ကဲ့ဆရာသေချာကြည့်နော်။ဒီမှာလတစ်လုံး၊ဟိုဘက်မှာလနှစ်လုံး၊လတွေပြွတ်နေတဲ့

အတွက် လြ--ွတ် လို့ခေါ်တယ်ဗျ။

။ ။တော်တယ်။မောင်မင်းလူက--ိုး(အဲလေ)လူကလေး။

          ဒီလိုနဲ့အရေးပိုင်မင်းကြီးက တောရွာတစ်ရွာကို စစ်ဆေးစရာရှိတာနဲ့ရောက်လာပါရော။

အဲဒီမှာသူကြီးကိုခေါ်ပြီးရွာသားတွေစုခိုင်းသတဲ့။သူကြီးကလည်းမောင်းကြီးထုပြီးခေါ်တာပေါ့။

ဖြစ်ချင်တော့လူကြီးတွေကအလုပ်မအားလို့နောက်ကျနေပြီး၊ကလေးတွေကသာအရင်

ရောက်လာပါသတဲ့။

ကလေးဆိုတော့သိတဲ့အတိုင်း

ဘောင်းဘီမကပ်ဘဲတန်းလန်းတန်းလန်းနဲ့

(သွားရည် ပြီးတော့……)အရင်ရောက်လာပါသတဲ့။

အရေးပိုင်မင်းကြီးကဒေါသဖြစ်နေပြီလေ။သူကစောင့်မှမစောင့်ချင်တာကိုး။

တောရွာဆိုတော့ပူကပူနဲ့လေ။

အဲဒါနဲ့လူလဲစုံရော အားလုံးကိုတစ်ခွန်းထဲဆူလိုက်ပါသတဲ့။အဲဒါကတော့…

 

မောင်မင်းတို့အားလုံးဒီကလေးတွေလိုလြ--ွတ်မရှိဘူး။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #352 on: June 09, 2011, 10:47:24 AM »
သက်သေနဲ့ တကွ...


တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီးတော့ အိမ်က သူ့ခွေးလေး အတွက် ခွေးစာသွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက
ငွေကိုင် မိန်းကလေးက ..

” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။

ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။

နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက မနေ့ကလို အလားတူ
ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင် အဘွားရဲ့ကြောင်ကို
ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။

အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။ ဒါနဲ့ နောက်ဆုံး အဘွားလည်း ကြောင်စာ ၀ယ်ခွင့်ရခဲ့ပါတယ် ။

တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ အဘွားလက်ထဲမှာ ကဒ်ထူပုံးငယ်လေး တစ်ခု ပါလာ ပါတယ်။ အဘွားက ကောင်တာက ငွေကိုင်
မိန်းကလေးဆီ တန်းသွားလိုက်တယ်။ နောက်.. သူ့ကောင်တာရှေ့မှာရပ်လျှက်က လက်ထဲက
ကဒ်ထူပုံး လေးကို ဆန့်တန်းပေးရင်း…

” ငါ့မြေး.. အထဲကို လက်ကလေးနှိုက် စမ်းကြည့်လိုက်စမ်း” လို့ ပြောလိုက်ပါတယ်။ မိန်းကလေး လဲ သူလက်ကလေးဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့် လိုက်တော့
ပူနွေးပြီး နူးညံ့နေတဲ့ အတွေ့ အထိကို သူလက်ဖျားလေးတွေမှာ
ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း ဇဝေဇ၀ါဖြစ်နေတုန်း အဘွားက
အခုလိုပြောလာပါတယ်။

” အဘွားကို အိမ်သာသုံး စက္ကူ တစ်လိပ်လောက်ရောင်းပါကွယ် ” ..တဲ့။...
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #353 on: June 09, 2011, 10:50:17 AM »
ကလေးမလိုချင်တဲ့ ကိစ္စ

ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။

ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် “ဆရာမ ကလေးမလိုချင်ဘူး” ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက “ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်” ဟူတည်း။
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #354 on: June 09, 2011, 10:59:23 AM »
သိက္ခာကျတယ်.................

မိန်းမ   ။        ။   ရှင်  သောက်နေပြန်ပိလား  ။
ယောက်ကျား။       ။  ဘာလဲ  မင်းက  အိမ်မျာဘဲ သောက်ရတဲ့ စည်းကမ်းကနေ  နောက်တဆင့် မသောက်ရတဲ့  တဆင့် တက်မလို့ လား။
မိန်းမ။         ။  မဟုတ်ပါဘူး  မနေ့က  ဟိုဘက်အိမ်က  ကောင်မလေ သူ့ ယောက်ကျား  သောက်တဲ့  အရက်ပုလင်းခွံတွေရောင်းတာ   ၄၀   တောင်ရတယ်    ကျွန်မ  ရှင့် အရက်ပုလင်းရောင်းတာ    ၂၀  ဘဲရတာ  ဘယ်လောက်မျက်နှာငယ်ရလဲ  ဟွန်း
ယောက်ကျား  ။        ။  ဟိုက်
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #355 on: June 09, 2011, 11:42:09 AM »
ငါကပြာဖြစ်မှာ

မိန်းကလေးတစ်ယောက်သည် လမ်းလျှောက်ရင်း သစ်သားနတ်ရုပ် တစ်ရုပ် ကောက်ရခဲ့သည်။

ညတွင် ထိုအရုပ်ကအိပ်မက်ပေး၏။

အရုပ်။        ။ဟေ့ ကလေးမ နင်ကငါ့ကို ကောင်းကောင်းထားတယ်။ငါနင့်ကို မ

မယ် 935 ထိုးဟဲ့။

ကောင်မလေးက ရှိသမျှစည်းစိမ် တစ်ဝက်ကို ရောင်းချပြီး ထိုး၏။

မထွက်။

နောက်လ အိပ်မက်ထပ်ပေး၏။

အရုပ်။        ။ဟေ့ ကလေးမ နင်ကံမကောင်းလို့မထွက်တာဟ။ဒီတစ်ခါအပိုင်ပဲ

ပေးမယ် 831 ထိုးဟဲ့။

ကောင်မလေးက ကျန်သောစည်းစိမ်တစ်ဝက်နှင့် ထိုးလိုက်ပြန်သည်။

မထွက်။

မွဲပြီ။သွားပြီ။

ကောင်မလေးက ဒေါသထွက်ပြီး အရုပ်ကိုမီးရှို့လိုက်သည်။

ထိုအခါ အိပ်မက်ပေးပြန်၏။

အရုပ်။        ။ကောင်မလေး နင် ငါ့ကိုမီးရှို့တယ်ပေါ့။ရပါတယ်။

ငါကပြာဖြစ်မှာ၊နင်ကတော့-----
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #356 on: June 09, 2011, 11:48:21 AM »
အင်တာဗျူး

‘‘ကဲကဲ ထိုင်ပါဦး... မေးစရာလေးရှိလို့ ‘‘

ှအမေး။ ။‘‘
မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’
အဖြေ ။ ။‘‘ ခင်ဗျားရော
အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #357 on: June 09, 2011, 11:52:41 AM »
စူပါဟက်ကာ

တစ်နေ့ သောအခါကမ္ဘာပေါ်မှာအရမ်းတော်တဲ့။အရမ်းတတ်တဲ့ဟက်ကာဆရာကြီး
လို့ ခံယူတားကြတဲ့သူတွေစုပြီး(ဆိုရှယ်နက်ဝပ်ခ်)လို့ခေါ်တဲ့ဟက်ကာဖိုရမ်ကြီးတစ်ခုရှိပါတယ်။
အဲ့ဒီမှာကတော့မိတ်ဆွေတို့ သိတဲ့အတိုင်းဘဲ။ဘယ်ဟာကိုဘယ်လိုဟက်။ဘယ်ဟာကိုဘယ်လိုပြောင်းနဲ့ 
ဟက်ကင်းပညာတွေကိုဖလှယ်နေကြတာပေါ့။တစ်နေ့ လည်းကျရောအဲ့ဟက်ကာဖိုရမ်ကြီးမှာလူတစ်ယောက်ကလာရေးသွားပါတယ်
အဲ့ဒါကတော့။

ဟေ့ကောင်တွေအရူးတွေမင်းတို့ ကိုကြည့်မရဘူးဘာတော်တာလည်း။ဘာတတ်တလည်း။ဘာမှအသုံးမကျကြဘူး။ဘာမှအရည်အချင်းမရှိဘဲနဲ့ ဆရာလုပ်နေကြတယ်။

ငါ့နာမည်=ပီတာကွ။ငါ့ဂျီမေးလ်က peter12345@gmail.com ကွ

မင်းတို့ တော်တယ်ဆိုရင်လာဟက်ချေ။

အဲ့ဒီမှာဟက်ကာဖိုရမ်မော်ဒီရေတာတွေကော။အက်ဒမင်တွေပါတော်တော်တင်းသွားတယ်။

ကဲဒီလောက်တောင်ကွာငါတို့ ပေါင်းဟက်ကြရအောင်ချကြမယ်ဆိုပြီး။
နေ့ မအိပ်ညမအိပ်အဲ့ဂျီမေးလ်အကောင့်ကိုအကုန်ပေါင်းပြီးဟက်ကင်းလုပ်ကြပါတော့တယ်။
ကံအားလျှော်စွာနဲ့ ဘဲအဲ့ဂျီမေးလ်အကောင့်ကိုသူတိုတွေအားလုံးရရှိသွားပါတော့တယ်
လာခဲ့ပီတာဆိုတဲ့ကောင်ငါတို့ ကိုလာစော်ကားသွားတာ။
ဆိုပြီးpeter12345@gmail.com အကောင့်ကိုဖိုရမ်မျက်နှာစာမှာယူရှာနိမ်းကောပါ့စ်ဝပ်ကော
ကိုအောင်မြင်စွာနဲ့ တင်ထားကြပါတယ်။နောက်နေ့ မှာတော့စာတစ်ကြောင်းလာရောက
်ထပ်ရေးသွားတာတွေ့ ရပါတယ်။

ဟီးငါ့နာမည်တကယ်တော့ နေမင်းထွန်း ကွ

ငါအဲ့ပီတာဆိုတဲ့ကောင်ကိုကြည့်မရတာကြာနေပြီ
သူ့ ဂျီမေးလ်ကိုလည်းဟက်ချင်တာကြာနေပြီဒါကြောင့်ငါမဟက်တတ်လို့ 
မင်းတို့ ကိုဟက်ခိုင်းတာ။
မင်းတို့  ဟက်ကာပညာတော်ပါတယ်ကွာ

ဒါပေမဲ့မင်းတို့ အကုန်လုံးကိုခိုင်းနိုင်တဲ့ငါပိုတော်သလိုဘဲဒါကြောင့်

ငါကစူပါဟက်ကာပေါ့နော်အခု

ငါလိုချင်နေတဲ့ဒီကောင့်ပါစ်ဝပ်ယူသွားပြီ
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #358 on: June 09, 2011, 12:31:57 PM »
သူပြောတာ ဟုတ်တယ်

တစ်ခါက ပင်လယ်ခရီးသွား သင်္ဘောတစ်စီး ပျက်ရာ
ငယ်ရွယ်လှပသော မိန်းကလေး
တစ်ယောက်နှင့်သူဧ။် အူတူတူ အတတ ခင်ပွန်းတို.သည်  ဦးဦး မှော်ဆရာ နှင့်အတူ
ကျွန်းတစ်ကျွန်းပေါ်သို. ရောက်ရှိသွားလေသည်။ တစ်နေ. နံနက်ခင်းတွင် ဦးဦး
မှော်ဆရာ အုန်းပင်အမြင့်ကြီးပေါ်သို.  တက်သွားပြီး အပေါ်ရောက်တဲ့ခါ
အောက်ကိုလှမ်းကြည့်ပြီး
အော်ပြောလိုက်သည်။
"ဟေ့လူတွေ
နေ.ခင်ကြောင်တောင် ဘာတွေ လုပ်နေတာလဲ ၊ မကောင်းပါဘူးဗျာ ၊
ဆင်ခြင်နေမှပေါ့ "
မကြာခင် ကျနော်
အုန်းပင်ပေါ်က
ဆင်းလာသောအခါ လင်ယောက်ျားဖြစ်သူက မေးသည် ။
 " ခင်ဗျား
ဘာတွေ ဖြစ်နေတာလဲ ၊ ကျုပ်တို.ဘာသာ အေးအေးဆေးဆေး ထိုင်နေကြတာပဲ ၊ ဘာမှလဲ
မလုပ်ရပါလား "
 " ဆောရီးဗျာ ၊ အုန်းပင်ပေါ်ရောက်တဲ့ခါ အောက်ကို
လှမ်းကြည့်ရင် အဲဒီတိုင်းမြင်နေရလို.ပါ ကျနော်
တောင်းပန်ပါတယ် "
ထိုသို.နှင့် နေ.စဉ် နံနက်တိုင်း ဦးဦး မှော်ဆရာ ထို
အုန်းပင်ပေါ်သို.တက်ပြီး အပေါ်သို.ရောက်တိုင်း ထိုသို.အော်ဟစ်နေလေသည် ။
နောက်ဆုံးတွင် လင်ယောက်ျားက သူကိုယ်တိုင်
အုန်းပင်ပေါ်သို. တက်ကြည့်ရန်
ဆုံးဖြတ်လိုက်သည် ။ သို.နှင့်
အုန်းပင်ပေါ်သို. ခက်ခက်ခဲခဲ ကြိုးစားပန်းစားတက်ရာ နောက်ဆုံး
အုန်းပင်ပေါ်သို.ရောက်သွားသည် ။  ထိုအခါကျမှ သူ.နှုတ်မှ
ရေရွတ်ပြောဆိုလိုက်သည်မှာ ..
" ဟာ .. ဟို မှော်ဆရာ ပြောတာ
မှန်သားပဲ ၊ အောက်ကို လှမ်းကြည့်လိုက်တော့သူပြောတဲ့
အတိုင်းပါပဲလား "  ဟူ သတဲ့ ။

+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #359 on: June 09, 2011, 12:35:08 PM »
ကြီးမားတဲ့ပြသနာ

မိန်းမ။ ။ ရှင်ရုံးသွားတိုင်းဘာလို့ ကျမ ဓါတ်ပုံလေး ထည့်သွားတာလဲ။

ယောင်္ကျား။ ။ ငါပြဿနာတက်တိုင်း မင်းဓါတ်ပုံလေး ထုတ်ထုတ်ကြည့်တာပေါ့။ ပြီးရင် ပြဿနာတွေက သူ့အလိုလို ပြန်ပျောက်သွားရောကွ။

မိန်းမ။ ။ တွေ့တယ်မလား ကျနော်မ ရှင့်အပေါ်မှာ ဘယ်လောက်အထိ စိုးမိုးနေတယ်ဆိုတာ။
...
ယောင်္ကျား။ ။မင်းပုံလေး ကြည့်ပြီးရင် ငါဘာသာ ဘာပြောလဲ မင်းသိလား။

မိန်းမ။ ။ ဘာလဲ ကျမ ကိုချစ်တဲ့အကြောင်းလား။

ယောင်္ကျား။ ။ မင်းထက်ကြီးတဲ့ ပြဿနာ ဘာများရှိဦးမှာလဲ လို့ပေါ့ကွ။
+1

Tags: