Author Topic: အမောပြေဟာသမှတ်စု  (Read 438999 times)

0 Members and 2 Guests are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #340 on: June 08, 2011, 07:27:33 PM »
ကားအနီကြီးသာမောင်းလာခဲ့ပါ...............

မီးသတ်ဌာနသို့ အရေးပေါ်တယ်လီဖုန်းဝင်လာသဖြင့် တာဝန်ကျ အရာရှိတစ်ဦးက ဖုန်းနား
ထောင်လေသည်။
အရာရှိ ။ ။ အမိန့်ရှိပါခင်ဗျ။
ဖုန်းဆက်သူ ။ ။ ဆရာ မြန်မြန်လေးလာခဲ့ပါ။ ဒီမှာမီးလောင်နေလို့။
အရာရှိ ။ ။ ဟုတ်လား............ ဘယ်နေရာလဲ၊ နေရာ ပြောပါ။
ဖုန်းဆက်သူ ။ ။ စိတ်တွေလှုပ်ရှားလွန်းလို့ နေရာကိုတောင် ဘယ်လိုပြောရမလဲ
မသိတော့ဘူး။
အရာရှိ ။ ။ ဒါဆိုကျွန်တော်ဘယ်လိုလာရမလဲ။
ဖုန်းဆက်သူ ။ ။ ကားအနီကြီးသာမောင်းလာခဲ့ပါဗျာ။


"
+3
« Last Edit: June 09, 2011, 09:19:55 AM by tunaye2011 »

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #341 on: June 08, 2011, 07:31:18 PM »
စဉ်းစားပါ

ဆရာက တပည့်ကို မေးသည်။
ဆရာ.....၀င်ပြီးရင် ပြန်မထွက်ချင်တာ ၂ ခု ရှိတယ်။ အဲဒါဘာလဲ သိလား?
တပည့်.....မသိပါဘူးဆရာ. ကျေးဇူးပြုပြီ ရှင်းပြပေးပါ။
ဆရာ.....တစ်က. မြန်မာကျုးပစ်၊ ၀င်ပြီးရင် ပြန်ကို မထွက်ချင်တော့ဘူး။
တပည့်.....နောက်တစ်ခုရော ဆရာ.
ဆရာ.....မင်းဟာမင်း စဉ်းစားဦးမှပေါ့ကွ။ နေရာတကာ ငါ့ကိုချည်း အားကိုးမနေနဲ့...

မတူကြဘူး......

"ခင်ဗျား ခွက်ထဲ ၀ီစကီ ထပ်ထည့် ပေးရမလား."
"ဟင့်အင်း မထည့်နဲ့! ကျွန်တော် ၀ီစကီ သောက်ပြီးရင် ညအိပ်လို့မရဘူး"
"ကျွန်တော်ကတော့ ခင်ဗျာနဲ့ ဆန့်ကျင်ဘက်ပဲ။ အိပ်နေတုန်း ကျွန်တော် ၀ီစကီ
သောက်လို့ မရဘူး"


ပွဲစား...

"ပွဲစားဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် ဖွင့်ပြပါ."
"ဥပဒေဘောင်ထဲက ခေါင်ပုံဖြတ်သမား"
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #342 on: June 09, 2011, 10:14:43 AM »
ခက်အောင် မလုပ်ပါနဲ့
စိတ်ရောဂါ အထူးကုဆရာဝန်၏ ဆေးခန်းရှေ့တွင် ချိတ်ထားသော စာတန်း

ဆရာဝန်နှင့် တွေ့ရန် စောင့်စားနေကြသော လူနာများခင်ဗျား။ မိမိတို့
ခံစားနေရသော ရောဂါလက္ခဏာများကို အချင်းချင်း မဖလှယ်ကြပါနှင့်။
ရောဂါဇစ်မြစ်ကို ဖော်ထုတ်ရာတွင် အခက်အခဲ ဖြစ်စေနိုင်ပါသည်။



ပြင်ဆင်မှု

"သမီး.....မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ်ယူခဲ့စမ်း"
"ဘာလုပ်ဖို့လဲ မေမေ"
"သမီးဖေဖေနဲ့ စကားပြောစရာရှိလို့"


အချစ်

"မောင့်ကို ချစ်ရဲ့လားဟင်"
"အရူးအမူးကို ချစ်တယ်"
"မောင့်အတွက် အသက်ကို အသေခံနိုင်ပါ့မလား."
"ဟင့်အင်း.....ခင့်အချစ်က အမြဲတမ်း ရှင်သန်နေတဲ့ အချစ်လေ"
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #343 on: June 09, 2011, 10:17:08 AM »
ချစ်တဲ့အကြောင်းပဲပြောပါ

"ရှင် ကျွန်မကို ချစ်တယ်နော်"
"သိပ်ကို ချစ်တယ်"
"အဲဒါဆို ဘယ်တော့ လက်ထပ်ကြမလဲဟင်"
"ဟေ့ ဟေ့...ခေါင်းစဉ်ကို ဗြုန်းစားကြီး ပြောင်းမပစ်နဲ့လေ."


မြင်းပြိုင်ပွဲ

မြင်းပြိုင်ပွဲ ကျင်းပနေစဉ် မြင်းတစ်ကောင်က တခြားတစ်ကောင်ကို မေးသည်။
"မင်းဆီမှာ မြင်းကောင်ရေအား ဘယ်လောက်ရှိသလဲကွ"


သင်ခန်းစာ

သူငယ်ချင်းနှစ်ယောက် ရှိကြသည်။ တစ်ယောက်က အရက်သောက်သည် နောက်တစ်ယောက်က
လုံးဝ မသောက်ချေ။ တစ်နေ့ အရက်သောက်သူ အရက်မူးမူးဖြင့် ကားတက်မောင်းသည်။
အရက် မသောက်သူကို တက်ကြိက်မိသည်။ အရက် မသောက်သူ ပွဲချင်းပြီး သေသွားသည်။
သင်ခန်းစာ - သောက်လျှင်သေမည်၊ မသောက်လျှင်လည်း သေမည်။
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #344 on: June 09, 2011, 10:19:49 AM »
မဟာ့မဟာ ပြဿနာ

ကလေးတစ်ယောက်ငိုနေတယ်...

ကလေကိုချော့လို သဖြင့်

"ပီတာ မင်းအဖေက ဘယ်သူလဲ" ဆရာမက ပီတာလေးကို မေးသည်
"ဟာ ဆရာမလဲ လုပ်ပြီ.....ဒီကိစ္စနဲ့ပဲ အိမ်မှာ အဖေနဲ့အမေ အမြဲ ရန်ဖြစ်နေကျဗျ..."


ငြင်းပါ

"ဒေါက်တာ...ကိုယ်ဝန်မရှိအောင် ဘာလုပ်ရမလဲ.ဟင်"
"ဟင့်အင်းလို့ ပြော"


မျက်စိဆရာဝန်

အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။
"အ၀တ်အစား ချွတ်လိုက်ပါ"
"ဒေါက်တာ ကျွန်မ နားကိုက်တာ လာပြတာပါ"
"အဲဒါဆို နား၊ နှားခေါင်းနဲ့ လည်းချောင်း ဆရာဝန်ဆီ သွားပါ"
"ရှင်က ဘယ်သူလဲ"
"မျက်စိ ဆရာဝန်"
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #345 on: June 09, 2011, 10:24:46 AM »
ခွေးစကား

တယ်လီဖုန်းသံ မြည်လာသည်။ ခွေးမှလွဲ၍ အိမ်ထဲတွင် မည်သူမှ မရှိချေ.....
တယ်လီဖုန်းကို ခွေး ကောက်ကိုင်လိုက်သည်။
"၀ုတ်"
အခုစကားပြောနေတာ ဘယ်သူလဲ
"၀ုတ်"
"စကားကို သဲသဲကွဲကွဲ ပြောစမ်းပါ"
"သေသေချာချာ နားထောင်၊ ၀တစ်ချောင်းငင် တသက် ၀ုတ်၊ ၀ုတ် ၀ုတ်"


ကလေးကြီးလည်း လိုတာကိုး

"ကလေးတွေရဲ့ စဉ်းစားဥာဏ် အားကောင်းလာစေတဲ့ ဗိုက်တာမင်ဆေး ရှိပါသလားရှင်"
"ရှိပါတယ် ကလေးရဲ့အသက်က ဘယ်လောက်ပါလဲ"
"၁၀ နှစ်၊ ၁၂ နှစ်နဲ့ ၄၅ နှစ်...."
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #346 on: June 09, 2011, 10:26:38 AM »
နားမထိုင်းဘူး

"ဒေါက်တာ ကျွန်တော် နှားစေးနေတယ် ခင်ဗျ..."
"ဒီလောက်အော်ပြောစရာ မလိုဘူး၊ ကျွန်တော် နားမပင်းဘူး၊ နားလည်းလား"
"ကိုင်း.....ကိုက်တဲ့ သွား.ဘယ်သွားလဲ ပြော"



ပိန်နည်း

အလွန်ဝသော အမျိုးသမီးလူနာက ဆရာဝန်ကို ပြောသည်။
"ဒေါက်တာ.....ပိန်ဖို့အတွက် ဘာလေ့ကျင့်ခန်းလုပ်ရင် ကောင်းမလဲ ဟင်"
"ခေါင်းကို ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးပါ။"
"တစ်နေ့ ဘယ်နှစ်ကြိမ် လုပ်ရမလဲ"
"ခင်ဗျားကို အစာစားဖို့ ဖိတ်ခေါ်တဲ့ အခါတိုင်း"
+1

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #347 on: June 09, 2011, 10:29:49 AM »
ကူညီချင်ပါတယ်

ယောက်ျားကြီးတစ်ယောက် အများသုံး အိမ်သာထဲထိုင်နေသည်။ ကိစ္စပြီးသောအခါ
အိမ်သာထဲ စက္ကူရှာသည်။ ဘယ်မှာမှ မတွေ့ချေ။ ထို့ကြောင့် ဘေးခန်းကို
တံခါးခေါက်ပြီး မေးသည်။
"ခင်ဗျားဆီမှာ စက္ကူပို မပါဘူးလားခင်ဗျား"
"မပါဘူး...အဲ လိုချင်ရင်တော့ ခဲတံပေးနိုင်တယ်၊ ယူမလား ဟင်"



လျှော့မပြောနဲ့

လူနာအမျိုးသမီးကြီးကို စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က ပြောသည်။
"အင်း ခေါင်းက နောက်နေတယ်၊ အစာအိမ်လည်း သိပ်မကောင်းဘူး၊ ဒီကြားထဲ
ခင်ဗျားရဲ့ သွေးတိုးနှုန်းက အတော်လေး မြင့်နေပြန်တယ်။ ဒါနဲ့ ခင်ဗျား
အသက်ဘယ်လောက် ရှိပြီလဲ"
အမျိုးသမီးက မပွင့်တပွင့် ဖြေသည်။
"၂၈ နှစ်ပါ"
"ဪ မှတ်ဥာဏ်လည်း မကောင်းဘူးကိုး"
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #348 on: June 09, 2011, 10:31:12 AM »
ဂီတစာဆို


နာမည်ကြီး ဂီတစာဆိုကို သတင်းထောက်က မေးသည်။

"ဆရာ...ဆရာ ဘယ်တုန်းက သီချင်းစရေးပါသလဲ ခင်ဗျား"

"ကျွန်တော့် ဇနီး ခြောက်ယောက်မြောက် ကလေးမွေးတဲ့အခါမှာ ကျွန်တော်ရဲ့
ဖန်းတီးနိုင်မှုစွမ်းအားကို တခြားနေရာမှာ အသုံးချရတော့မယ်လို့ နားလည်လိုက်
ကတည်းကပဲဗျာ။"
+1

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #349 on: June 09, 2011, 10:32:39 AM »
တတ်တဲ့ ပညာ မနေသာ...

တစ်ခါက

လူသုံးယောက်ကို တစ်နေရာတည်းမှာ အစီအစဉ် အလိုက် သေဒဏ်ပေးဖို့ စီစဉ်နေကြသတဲ့.။ သူတို့ကို သေဒဏ်ပေးမှာက လျှပ်စစ်ကုလားထိုင်မှာ လျှပ်စစ်နဲ့ ရှော့ရိုက်ပြီး သေဒဏ်စီရင်မှာပါ.။
သေဒဏ်ပေးခံရသူတွေကတော့....

၁။ လူအများအပြားကို ဘာသာရေး မှိုင်းတိုက်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဟာ မြင့်မြတ်တယ် ဆိုပြီး လူအများအပြားကို သေကျေပျက်စီးစေခဲ့သော ဘုန်းကြီး တစ်ပါး..။

၂။ အမျိုးသမီးငယ်များကို စိတ်ကြွဆေးများကျွေးကာ ကာမဆက်ဆံမှု ပြုပြီးနောက် သတ်ပစ်ခဲ့သော ဆရာဝန်တစ်ယောက်.။

၃။ အိမ်တစ်အိမ်တွင် လျှပ်စစ်နဲ့ ပတ်သတ်သော ပြုပြင်တပ်ဆင်မှုများကို ပြုလုပ်ပြီးနောက် ကျသင့် ငွေကို အိမ်ရှင် မိန်းမကြီးက မပေးသောကြောင့် ဒေါသထွက်ကာ လျှပ်စစ်ဖြင့်တို့ပြီး ဓါတ်လိုက်သေစေခဲ့သော လျှပ်စစ်ပြုပြင်သော မီးသမားတစ်ယောက်...။

ဒီလိုနဲ့ သူတို့ကို သေဒဏ်ပေးမဲ့နေ့ကို ရောက်လာပါလေရော.။ အဲဒီနေ့မှာ သူတို့ ၃ ယောက်စလုံးကို လျှပ်စစ်ရှော့ရိုက်မဲ့ ကုလားထိုင်ဆီကို ခေါ်လာပါတယ်.။ ဒီနောက်မှာတော့ ဘုန်းကြီးကို အရင်ဆုံး သေဒဏ်ပေးဖို့ ကုလားထိုင်မှာ ထိုင်ခိုင်းပြီး နောက်ဆုံးအနေနဲ့ ပြောချင်တာ ပြောစေဖို့ ခွင့်ပြုလိုက်တယ်.။ ဒီတော့ ဘုန်းကြီး ပြောတယ်.။

“ ကျွန်တော်ဟာ လူတွေကို မဟုတ်တာတွေ မှိုင်းတိုက်ခြင်း မဟုတ်ပါ.။ ကောင်းကင်က တမန်တော်ရဲ့ စေခိုင်းမှုကြောင့် လုပ်တာပါ.။ ထိုကဲသို့ မှန်ကန်သော စကားကြောင့် ကျွန်တော့်ကို အခု ချမှတ်ထားသော ပြစ်ဒဏ်မှ လွတ်မြောက်ပါစေသား.။ ”

ထိုနောက်တော့ ဘုန်းကြီးကို ပြစ်ဒဏ်ကျစေဖို့ လျှပ်စစ်ကုလားထိုင်ခုံ ခလုတ်ကို ဆွဲချ လိုက်လေတော့သည်..။ သို့သော် ဘုန်းကြီးမှာ ဘာမှ မဖြစ်.။ ထိုကြောင့် ထိုအဖြစ်အပျက်အား ကောင်းကင်ဘုံမှ အမိန့်ဖြင့် ဘုန်းကြီးအား လွတ်မြောက်စေသည်ဟု ယူဆကာ ဘုန်းကြီးအား လျှပ်စစ်ကုလားထိုင်ခုံမှ လွှတ်လိုက်လေတော့သည်.။
ထိုနောက် စိတ်ကြွဆေးကျွေးသော ဆရာဝန်အားခေါ်ပြီး ထိုင်ခုံတွင် ထိုင်ခိုင်းပြီး နောက်ဆုံး အနေနဲ့ စကား တစ်ခွန်း ပြောစေပြန်သည်.။ ဆရာဝန်က ပြောသည်.။

“ ကျွန်တော်သည် စိတ်ကြွဆေးများဖြင့် မိန်းကလေးများကို ဖြားယောင်းပြီး သတ်ဖြတ်သည် ဆိုသည်မှာ မမှန်ကန်ပါ.။ ထိုမိန်းကလေးများအား ကာမဘုံမှ လွတ်မြောက်အောင် ကောင်းကင်ဘုံမှ အမိန့်ဖြင့် ကုညီပေးခြင်းမျှသာ ဖြစ်သည်..။ ထို့ကဲ့သို့ မှန်ကန်သော စကားကြောင့် ပြစ်ဒဏ်မှ လွတ်မြောက်ပါစေသား.။ ”

ထိုနောက် လျှပ်စစ်ကုလားထိုင်ခုံ ခလုပ်အားဆွဲလိုက်ရာ ဆရာဝန် ဘာမှ မဖြစ်ပေ..။ ထိုကြောင့် ကောင်းကင်ဘုံ၏ အမိန့်ဟူ ဆိုကာ ဆရာဝန်ကိုလည်း လွှတ်လိုက်လေတော့သည်.။
နောက်ဆုံးတွင် လျှပ်စစ်ဖြင့် လူအားတို့ပြီး သေစေခဲ့သော မီးပြင်သမားကို လျှပ်စစ်ကုလား တွင် ထိုင်ပေါ်တွင် ထိုင်ခိုင်းပြီး နောက်ဆုံးအနေနဲ့ ပြောချင်တာ ပြောစေဖို ခွင့်ပြုလိုက်လေတော့သည်.။ ထိုအခါ မီးပြင်သမားက တစ်ကိုယ်လုံးတုန်ရင်ကာ ...

“ ကျွန်တော် တကယ်ပြောရမလား..ဟင်..။ ”

ထိုအခါ အားလုံးကို အံ့သြသွားပြီး..

“ ပြောလေဗျာ..။ ခင်ဗျားမှာ နောက်ဆုံး အနေနဲ့ ကြိုက်တာ ပြောခွင့် ၊ တောင်းဆိုခွင့် ရှိတယ်.။ ”

ထိုအခါ မီးပြင်သမားက သက်ပြင်း အကြိမ်ကြိမ်ချပြီး အောက်ပါ အတိုင်းပြောလေသည်.။

“ အဟင့်...၊ ဟို............ဟို.......ဟိုမှာလေ..။ လျှပ်စစ်ကုလားထိုင်က မီးပလပ်ခေါင်းက လွတ်နေတယ်..။ ”

ထိုနောက်...သိပ်မကြာခင် အချိန်လေးမှာပဲ..။ သူတို့ ၃ ယောက်စလုံး ကောင်းကင်ဘုံသို့ ရောက်သွားလေတော့သည်.။ ။


ဟဲဟဲ...ဘာရယ် မဟုတ်ပါဘူးဗျာ..။ ကိုယ်တတ်တဲ့ ပညာကို နေရာတကာ မသုံးနဲ့လို့ ပြောချင်တာလေးပါ.။
+3

Tags: