Author Topic: အမောပြေဟာသမှတ်စု  (Read 463908 times)

0 Members and 1 Guest are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #320 on: June 08, 2011, 05:30:39 PM »
ကိစ္စမရှိဘူး

ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှ မြစ်အရှေ့ဘက်ကမ်းသို့ ဈေးရောင်းလာသောအမျိုးသမီးကြီး တစ်ဦးသည်ရောင်းမကောင်းသဖြင့် အပြန်နောက်ကျရာ ကုတို့ဆိပ်သို့အရောက်တွင် လှေငယ် တစ်စီးသာ ရှိလေသည်၊ လှေမောင်းသူမှာကုလားဖြစ်ပြီး လှေဝမ်းမှာလဲ အနည်းငယ်ပေါက်နေသဖြင့် ရေတစိမ့်စိမ့် ၀င်နေလေသည်၊ အမျိုးသမီးကြီးမှကုလားအား “ ဟဲ့ကုလား နင့်လှေကဖြစ်ပါ့ မလား အပေါက်ကြီးနဲ့”ဟု ပြောလေရာ ကုလားလည်း မကျေမချမ်းဖြင့် “အပေါက်ကသေးသေးလေး ကိစ္စမရှိဘူးအမား၊ ကိစ္စရှိရင် နာပြောမယ်” ဟုပြန်ပြောလေ၏ သို့ဖြင့် လှေထွက်လေသည်။ လှေထွက်ပြီးမကြာမီ တစိမ့်စိမ့်ဝင်နေသော ရေသည် လက်တ၀ါးခန့်ဖြစ်လာလေသည်။ ထိုအခါ အမျိုးသမီးကြီးမှကုလားအား “ ဟဲ့ကုလားနင့်လှေက ဖြစ်ပါ့ မလား ရေကလက်တ၀ါးလောက်ဖြစ်နေပြီ”ဟု ပြောလေရာ ကုလားလည်းမကျေမချမ်းဖြင့် “ကိစ္စ မရှိဘူးအမား၊ ကိစ္စရှိရင် နာပြောမယ်” ဟုပြန်ပြောလေ၏။ ဆက်လက်ထွက်ခွါလာရာ မကြာမီရေသည် တထွာခန့်ဖြစ်လာပြီး လှေဝမ်းတစ်ဝက်ခန့်ဖြစ်လေတော့သည်၊ အမျိုးသမီးကြီးမှကုလားအား “ ဟဲ့ကုလား နင့်လှေကဖြစ်ပါ့ မလား ရေကတစ်ထွာလောက်ဖြစ်နေပြီ”ဟု ပြောလေရာ ကုလားလည်းမကျေမချမ်းဖြင့် “ကိစ္စမရှိဘူးအမား၊ ကိစ္စရှိရင် နာပြောမယ်” ဟုပြန်ပြောလေ၏။ ဆက်လက်ထွက်ခွါလာရာ မကြာမီရေသည် လှေနံအနီးထိရောက်ရှိလာပြီး လှေမှာလည်း မြစ်လည်သို့ရောက်လေရာအမျိုးသမီးကြီးမှကုလားအား တစ်စုံတစ်ခု ပြောရန်လှမ်း၍ကြည့်လိုက်စဉ် ကုလားမှ “ အမားအခုကိစ္စရှိပြီ၊ နင်လဲခုန်ချတော့ နာလဲ ခုန်ချမယ်” ဟုပြောကာ ဒိုင်ဗင်ထိုး၍ ဆင်းသွားလေတော့သတည်း။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #321 on: June 08, 2011, 05:33:59 PM »
မော်တော်ပီကယ်

တစ်ခါတုန်းကမော်တော်ပီကယ်တစ်ယောက်သည်မိမိ၏တာဝန်ကျရာမီးပွိုင်တစ်ခုတွင်တာဝန်ထမ်းဆောင်နေစဉ်

ယာဉ်စည်းကမ်းနှင့်မညီညွတ်သောမော်တော်ယာဉ်များအားဖမ်းဆီးနေလေသည်။ထိုအချိန်တွင် ဗိုက်ကြီးသည်

တစ်ယောက်လိုက်ပါလာသောမော်တော်ဆိုင်ကယ်အားတားဆီးပြီးဖမ်းလေသည်။ မော်တော်ဆိုင်ကယ်သမားသည်

လိုင်စင်အပြည့်အစုံပါကိုလည်း ပြသပြီးဖြစ်သည်။ထိုအခါယာဉ်ထိန်းရဲကပြန်ပြောသည်လူနှစ်ဦးထက်ပိုမစီးရပါတဲ့ 

ခင်၊ဗျားတင်လာတာလူသုံးဦးမို့ ကျုပ်ကဖမ်းပါသည်တဲ့ 
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #322 on: June 08, 2011, 05:35:46 PM »
အသုဘပို့နည်း

တခါက အသုဘတစ်ခုမှာ လူတစ်ယောက်က အာဖန်တီးကို မေးတယ်...
အသုဘ ပို့တာ အခေါင်းနောက်က ပို့တာနဲ့ အ ခေါင်းရှေ့က ပို့တာ ဘယ်ဟာ က ကောင်းသလဲတဲ့ ....
အဲ့ဒီတော့ အာဖန်တီးကပြန်ပြော လိုက်တယ်...
ဘယ်က ပို့ပို့ ကောင်းပါတယ်တဲ့... အဲ...ဒါပေမဲ့......
အခေါင်းထဲကတော့မပို့နဲ့ တဲ့............



+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #323 on: June 08, 2011, 05:47:11 PM »
ပထမဆု

               ရွာတစ်ရွာတွင်  နွားနို့ညှစ်ပြိုင်ပွဲ ကျင်းပလေသည်။                       

               နွားနို့ညှစ်ပြိုင်ပွဲသို့  ရွာမှ နို့ညစ်သူရဲကောင်းများဖြစ်ကြသော မောင်ထွေးနှင့် မောင်လတ်တို့ ၀င်ရောက်ယှဉ်ပြိုင်ကြသည်။

                ပြိုင်ပွဲ၏အမှတ်ပေးဒိုင်လူကြီးအဖြစ် ရွာမှ သီလ၊သမာဓိ၊ဥာဏ်ပညာနှင့်ပြည့်စုံသော ဦးကောင်းအား ဆောင်ရွက်ရန် ရွေးချယ်ကြလေသည်။ ဒိုင်လူကြီး ဦးကောင်းမှ ပြိုင်ပွဲတွင် ကြိုက်နှစ်သက်ရာ နွားများ ရွေးချယ်နိုင်ကြောင်းနှင့် နွားနို့အလေးချိန်သာမဟုတ်ဘဲအခြား အရည်အချင်းများဖြင့်လည်း ပေါင်းစပ်ရွေးချယ်မည်ဖြစ်ကြောင်း သတ်မှတ်ပေးလေသည်။                               

                 သို့ဖြင့် ပြိုင်ပွဲကျင်းပရာ  မောင်ထွေးမှ အားကျိုးမာန်တက်ဖြင့်စတင်ယှဉ်ပြိုင်ပြီး နွားနို့(၅)ပိသာနှင့်(၅၀)ကျပ်သားခန့် ရရှိလေရာလက်ပန်းပေါက်ခတ်၍     ဆင်းသွားလေသည်။

                ဆက်လက်၍ မောင်လတ်မှ ၀င်ရောက်ယှဉ်ပြိုင်ရာ နွားနို့(၂၅)ကျပ်သားခန့်သာ  ရရှိလေ သည်။ မောင်လတ်လည်းသုန်မှုန်၍ဆင်းသွားလေသည်။

                   မကြာမီ ဒိုင်လူကြီးဦးကောင်းမှ နွားနို့(၂၅)ကျပ်သားခန့်သာရရှိသောမောင်လတ်အား ပထမဆု ရရှိကြောင်း ကြေငြာလိုက်လေသည်။

                    ပြိုင်ပွဲသို့လာရောက်ကြည့်ရှုနေသော ရွာမှ ရွာသားများမကျေမနပ်ဖြင့် ၀ိုင်းဝန်း အော်ဟစ်ကြလေရာ ဒိုင်လူကြီးဦးကောင်းးမှ မတ်တတ်ရပ် လက်နှစ်ဘက်မြှောက်၍  “ကျွန်တော် ရှင်းပြပါ့မယ်၊ ကျွန်တော်ရှင်းပြပါ့မယ်၊ မောင်လတ်ညှစ်သွားတဲ့နွားဟာ နွားထီးဖြစ်ပါတယ် ခင်ဗျား”  ဟု ကြေငြာလိုက်လေတော့သတည်း။
+1

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #324 on: June 08, 2011, 05:54:18 PM »
ပစ္စည်းကရိယာ အစုံလင်နဲ့.....

တစ်ခါက လင်မယားနှစ်ယောက်ရှိတယ်တဲ့..ယောကျားဖြစ်သူက ငါးမျှားတာဝါသနာပါတယ်..မိန်းမဖြစ်သူက စာဖတ်တာ ဝါသနာပါတယ်...ယောကျားဖြစ်သူက ငါးမျှားရင်ခဏပဲမျှားပီး...မိန်းမဖြစ်သူက စာဖတ်ရင် အကြာကြီးဖတ်တက်တယ်...

တစ်နေ့မှာတော့ ယောကျားကငါးမျှားရာက ပြန်လာမောမောနဲ့အိပ်နေချိန် ..မိန်းမဖြစ်သူက လှေခဏယူပြီး လှော်ကြည့်တယ်..လှေလှော်ရင်းနဲ့စာဖတ်မယ်ပေါ့..

ပြဿနာက အဲဒီမှာစတာ...လှေကလေးကို ဟိုလှော်ဒီလှော်နဲ့ ဇိမ်ကျနေစဉ်..(စာအုပ်ကလေးဖတ်နေစဉ်မှာပေါ့လေ...)

မော်တော်ဘုတ်တစ်စီး သူဆီကို မောင်းနှင်လာခဲ့တယ်....

မော်တော်လဲ အနားရောက်ရော.. ရဲသားတစ်ယောက်လှေပေါ်တက်လာခဲ့တယ်..

ရဲသား ။ ။မင်္ဂလာပါမိန်းကလေး ဒီမှာဘာလုပ်နေလဲ..

မိန်းကလေး ။ ။စာဖတ်နေတာလေ..(ကန်းနေသလား..ဆိုတဲ့အကြည့်နဲ့)...

ရဲသား ။ ။ဒီနေရာမှာ ငါးမျှားလို့မရဘူး..

မိန်းကလေး ။ ။ကျမငါးမျှားဘူးလေ..စာဖတ်နေတာပါ...ရဲသားကြီး..

ရဲသား ။ ။မင်းကစာဖတ်တယ်တာဆိုတယ်..လှေပေါ်မှာငါးမျှားကရိယာ အစုံအလင်တွေ့နေတာပဲ..

မင်းကိုတရားစွဲရလိမ့်မယ် မိန်းကလေး..

မိန်းကလေး ။ ။ဘာ ပစ္စည်းကရိယာ အစုံအလင်တွေ့လို့ တရားစွဲမယ်ဆို..ရှင်ကိုလဲ ကျမ မုဒိမ်းမှုနဲ့တရားစွဲမယ်...

ရဲသား ။ ။ ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်..ရဲသား အလန့်တကြားနဲ့ ထအော်တယ်...

မိန်းကလေး ။ ။ဟုတ်တယ်လေ ကျမ စာဖတ်နေတယ်..ပစ္စည်းကရိယာအစုံလင်တဲ့အတွက်

ငါးမျှားတဲ့အမှုနဲ့တရားစွဲတယ်ဆိုရင် .ရှင့်ကိုလဲ မဒိမ်းမှုနဲ့ တရားစွဲရမှာပေါ့.ရှင့်မှာလဲ ပစ္စည်းကရိယာ အစုံလင်နဲ့

ချီတက်လာတာ မဟုတ်လား...

ရဲသားကြီးလဲ မော်တော်ဘုတ်ပေါ်ပြန်ပြေးသွားပါလေရော....
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #325 on: June 08, 2011, 05:58:50 PM »
ကြောက်လှချည်ရဲ့လေး

တစ်ခါကရွာတစ်ရွာ၏အစပ် လယ်ကွင်းများအနီးတွင် နို့စို့သာသာ ကလေးငယ် တစ်ဦးရှိသော လယ်သမား လင်မယားနှစ်ဦး နေထိုင်သည့် အိမ်လေးတစ်လုံး ရှိလေသည်။

အိမ်နှင့်မနီးမဝေး သီချင်းသံကြားရလောက်သည့်နေရာတွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလည်း ရှိလေသည်။

ဘုန်းတော်ကြီးကျောင်းတွင် ထိပ်ပြောင်ပြောင် ကပ္ပိယကြီးတစ်ဦးရှိလေသည်။

ထိုအိမ်ရှိ မယားဖြစ်သူနှင့် ကပ္ပိယကြီးတို့သည် ရှေးရှေးအကြောင်းတို့ဖြင့် ငြိစွန်း မျောက်မွေးကြလေသည်။

              ထိုသို့မျောက်မွေးရာတွင် လင်သားဖြစ်သူ လယ်ထဲဆင်းသွားချိန်တွင် မယားဖြစ်သူမှ ကလေးငယ်အား ပုခက်တွင်းထည့ှ်ကာ 

   ''လူကလေးရဲ့ငို မင်းအဖေလယ်ထွန်သွားအိပ်ပါ တော့လား''

ဟု အတင်းအဓမ္မသီချင်းသီဆိုသိပ်လေလျှင်  ကပ္ပိယကြီးသည် ရောက်ရှိ လာပြီး  ပျော်ပါးကြလေသည်။

ဤနည်းအတိုင်း ပျော်ပါးလျှက်ရှိကြရာ မကြာမီလင်ဖြစ်သူသည် အခြေအနေအား ရိပ်မိသိရှိ လေတော့သည်။

တစ်နေ့တွင်လင်ဖြစ်သူသည် မယားနှင့်ကပ္ပိယကြီးတို့အား ပညာပေးလိုသဖြင့် လယ်တဲမသွားဘဲ အနီးတွင် ပုန်းအောင်း၍  မိမိအိမ်အားချောင်းမြောင်းကြည့်ရှုနေလေသည်။

မယားဖြစ်သူမှလည်း ရှေးနည်းအတိုင်း သားချော့တေးဆို အချိန်းအချက်ပြုလေရာ ကပ္ပိယကြီးလည်းရောက်ရှိလာလေသည်၊ ကပ္ပိယကြီးရောက်ရှိလာပြီး မကြာမီလင်ဖြစ်သူသည် ရုတ်တရက် အိမ်သို့ ပြန်ဝင်လာလေရာ မယားဖြစ်သူသည် ကပ္ပိယကြီးအား ၀ှက်ထားရန် ကြောက်လန့်တကြား နေရာရှာရလေတော့သည်။ ထိုသို့ နေရာရှာစဉ် အိမ်အတွင်းခန်းရှိ ပစ္စည်းအဟောင်းများ ထားသောအခန်းအားတွေ့ရှိသဖြင့် အခန်းတွင်းသို့ ပြေးဝင်ပြီးလျှင် ကပ္ပိယကြီးအား စဉ့်အိုးအဟောင်းကြီးအတွင်းသို့ ၀င်ရောက်၍ပုန်းအောင်းစေလေသည်၊

ကပ္ပိယကြီးလည်း စဉ့်အိုးကြီးအတွင်း ၀င်ရောက်ပုန်းအောင်းရာ ခန္ဓာကိုယ် လုံခြုံ သော်လည်းပြောင်နေသော ဦးခေါင်းသည် အနည်းငယ်ပေါ် နေလေသည်။ 
ထိုအခါ မယားဖြစ်သူသည် အနီးရှိ အလည်တွင် ပေါက်နေသော စကောအဟောင်းကြီးဖြင့် ကမန်းကတန်းဖုန်းအုပ်၍ အိမ်ရှေ့သို့ကပြာကယာထွက်လာပြီး လင်ဖြစ်သူအား မည်သည့်အတွက်ကြောင့် ပြန်လာကြောင်း မေးမြန်းလေ၏။ လင်ဖြစ်သူမှလည်း ထွန်ခြစ်ကျန်ရစ်သဖြင့် ပြန်လာယူခြင်း ဖြစ်ကြောင်းပြောကြား၍ အိမ်တွင်မရှိသော ထွန်းခြစ်အား လိုက်လံရှာဖွေလေရာ ပစ္စည်း အဟောင်းများထားသောအခန်းတွင်းရှိ ကပ္ပိယကြီး ပုန်းအောင်းနေသော စဉ့်အိုးကြီးအား တွေ့ရှိလေလျှင် မယားဖြစ်သူအား ဒါဘာကြီးတုံး ဟုမေးမြန်းလေသည်။ မယားဖြစ်သူမှလည်း  မောင်းကွဲကြီးပါဟုဖြေလေသည်။ လင်ဖြစ်သူသည် အမှောင်တွင်း မောင်းကွဲကြီးနှင့်တူသော ကပ္ပိယကြီး၏ဦးခေါင်းမှန်း သိလေ သဖြင့် အနီးရှိတင်းပုတ်ကြီးအားယူ၍ မောင်းကွဲကြီးအား တီးကြည့်ဦးမည် ဟုဆိုကာ ထုလိုက် လေသည်။ စဥ့်အိုးအတွင်းရှိကပ္ပိယကြီးလည်း မောင်းကွဲသံနှင့် တူစေရန်  ဒူဟူဟူ- ဟု အော်ရ လေသည်။ ဤသို့ဖြင့် လင်ဖြစ်သူသည် မောင်းကွဲကြီးအား (၄/၅)ကြိမ်မျှ အားရှိပါးရှိ ထုလေ တော့သည်။ ကပ္ပိယကြီးလည်း (၄/၅)ကြိမ်မျှ အားရှိပါးရှိ မောင်းကွဲသံနှင့်တူအောင် အော်ရ လေတော့သည်။ ထို့နောက် လင်ဖြစ်သူသည် မှတ်လောက်ပြီဟုသဘောထား၍ လယ်ထဲသို့ ပြန်လည်ထွက်ခွါ သွားလေသည်၊ကပ္ပိယကြီးလည်း ထိပ်ကိုလက်နှင့်ပွတ်၍ ဘုန်းကြီးကျောင်း သို့ သုတ်ခြေတင်လေတော့သည်။

ဤသို့ဖြင့် နောက်တစ်နေ့မိုးလင်း၍ လယ်သမားလယ်ထဲသို့ သွားချိန်တွင် မယား ဖြစ်သူသည် ရှေးနည်းအတိုင်း  ကလေးငယ်အား ပုခက်တွင်းထည့ှ်ကာ 
  ''လူကလေးရဲ့ငို မင်းအဖေလယ်ထွန်သွား အိပ်ပါ တော့လား''
 ဟုဆိုလေလျှင်  ဘုန်ကြီးကျောင်းရှိ ကပ္ပိယကြီးလည်း အသံနေအသံထားဖြင့်   
  ''သမန္တာ လာချင်ပါရဲ့လေး၊  မနေ့ကဆော်တဲ့ ဒူနာတေးကြောက်လှချည်ရဲ့လေး'' ဟု ဆိုလိုက်လေတော့သတည်း။
+1

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #326 on: June 08, 2011, 06:09:31 PM »
အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ ဟာသလေးတွေ

လူနာ ။။ အသက်ရှည်ရှည် နေနိုင်ဖို့ နည်းလမ်းလေးများ ရှိလားဆရာ?
ဆရာဝန်။။ အိမ်ထောင်ပြုလိုက်ပါ...
လူနာ ။။ အဲဒါက တကယ်အသက်ရှည်စေတယ်လား ဆရာ?
ဆရာဝန် ။။ အသက်တော့ မရှည်ပါဘူး။ အသက်ရှည်ရှည် နေချင်စိတ်တော့
ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။



အမေး ~ မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။
အဖြေ ~ ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာ
လက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။



ဇနီး ။။ မောင် ဒီနေ့က ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နော်။ ဘာလုပ်ကြရင် ကောင်းမလဲဟင်?
ခင်ပွန်း ။။ (၂)မိနစ်လောက် (၀မ်းနည်းခြင်း အထိန်းအမှတ်နဲ့) ငြိမ်သက်နေကြတာပေါ့ကွာ။


+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #327 on: June 08, 2011, 06:11:55 PM »
ဘယ်မှာလဲကိုယ်စောင့်နတ်ကြီးရယ်

လူတစ်ယောက် လမ်းပေါ်မှာ လျှောက်လာရင်း သူ့အနောက်ဘက်က အသံတစ်သံ
ကြားလိုက်ရပါတယ်။ “မင်း နောက်တစ်လှမ်းလျှောက်ရင် ခေါင်းပေါ်ကို
အုတ်ခဲတစ်လုံးပြုတ်ကျပြီး မင်းသေလိမ့်မယ်”။ အသံကြောင့် လူလည်း
လမ်းလျှောက်တာ ရပ်လိုက်တဲ့အချိန်မှာ သူ့အရှေ့တည့်တည့်ကို တကယ်ပဲ
အုတ်ခဲတစ်လုံး ပြုတ်ကျလာလို့ အရမ်းအံ့အားသင့်သွားပါတယ်။

အဲဒီလူ ဆက်လျှောက်လာရင်း လမ်းဖြတ်ကူးရမယ့် နေရာအရောက်မှာ စောစောကအသံ
ထွက်လာပြန်ပါတယ်။ “ရပ်လိုက်။ လုံးဝဆက်မလျှောက်နဲ့။ နောက်ထပ်တစ်လှမ်း
လှမ်းလိုက်ရင် မင်းကိုကားကြိတ်ပြီး သေလိမ့်မယ်။” လူလည်း
အသံခိုင်းတဲ့အတိုင်း ရပ်နေစဉ်မှာပဲ လမ်းထောင့်ကကားတစ်စီး ရုတ်တရက်
ထွက်လာပြီး သူသီသီလေး လွတ်သွားပါတယ်။ လူလည်း သိချင်စိတ်နဲ့ “ခင်ဗျား
ဘယ်သူလဲ” လို့ အသံကို မေးလိုက်ပါတယ်။ အသံက “ငါက မင်းရဲ့
ကိုယ်စောင့်နတ်ကွ” လို့ ပြန်ဖြေပါတယ်။ အဲဒီအခါမှာ လူက စိတ်ပျက်လက်ပျက်နဲ့
မေးလိုက်ပါတယ်... “ဒါနဲ့များ ကျွန်တော် မင်္ဂလာဆောင်တုန်းက
ကိုယ်စောင့်နတ်ကြီး ဘယ်များရောက်နေခဲ့လည်းဗျာ.....”
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #328 on: June 08, 2011, 06:12:55 PM »
ပူစရာမလိုတော့ဘူးလေ

မင်္ဂလာပွဲရဲ့ ပရိသတ်အားလုံးဟာ ဖခင်ဖြစ်သူက သတို့သားရှိရာဆီကို
မင်းလမ်းတလျှောက် တွဲခေါ်လာတဲ့ လှလှပပသတို့သမီးလေးကို ငေးကြည့်နေကြ ပါတယ်။
သူတို့နှစ်ယောက် သတို့သားရှိရာ စင်မြင့်ပေါ်ရောက်တဲ့အခါ သတို့သမီးက
သူ့ဖခင်ကို ညင်ညင်သာသာနမ်းလိုက်ပြီး လက်ထဲကို တစ်စုံတစ်ခု
ထည့်ပေးလိုက်ပါတယ်။ ကြည့်နေတဲ့ ဧည့်ပရိသတ်တွေဟာ သတို့သမီးလေး
သူ့ဖခင်ရဲ့လက်ထဲကို ဘာထည့်ပေးလိုက်သလဲဆိုတာ သိပ်သိချင်သွားကြပါတယ်။
ဘာလဲဆိုတာကို ပြောပြစေချင်တဲ့ အကြည့်တွေနဲ့ ၀ိုင်းကြည့်နေတဲ့
မျက်လုံးတွေကြောင့် ဖခင်ဖြစ်သူဟာလည်း လူတွေသိပ်သိချင်နေမှန်း
ရိပ်မိသွားပြီး ကြေညာလိုက်ပါတော့တယ်။
“ဧည့်ပရိသတ်များ ခင်ဗျာ... ဒီနေ့ဟာ ကျွန်တော့်ဘ၀ရဲ့
ကံအကောင်းဆုံးနေ့ပါ... ” ပြောရင်း သူ့သမီးပေးတဲ့
ပစ္စည်းလေးဆုပ်ကိုင်ထားတဲ့ လက်ကိုမြှောက်ပြလိုက်ပြီး “နောက်ဆုံးတော့
ကျွန်တော့သမီးလေး ကျွန်တော့ Credit Card ကို ပြန်ပေးပါပြီဗျာ...”
လက်ထပ်ပေးမယ့် ဘုန်းတော်ကြီး အပါအ၀င် ဧည့်ပရိသတ်အားလုံး ရယ်ကြပါတော့တယ်။
သတို့သားက လွဲရင်ပေါ့လေ...
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #329 on: June 08, 2011, 06:14:35 PM »
ဦးမာဃရယ်

တစ်ခါကရွာတစ်ရွာတွင် မိသားစုမရှိ၊ တစ်ဦးတည်းနေထိုင်ရသော ဒေါ်အေးဆိုသူအဖွားအိုတစ်ဦးရှိလေသည်။ သူသည်အသက်အားဖြင့် သူငယ်ပြန်သောအရွယ်(၀ါ)စိတ်ချို့ယွင်းသောအရွယ်သို့ရောက်ရှိနေပြီဖြစ်လေသည်။ တစ်နေ့သော်သူသည် မိမိတဲလေးအတွင်းနေထိုင်လျှက်ရှိရာမှ တဲ၏အမိုးများကိုကြည့်ရင်း အမိုးအသစ်မိုးရန်လိုအပ်နေပြီဖြစ်ကြောင်းတွေးမိသဖြင့် မည်သူ့ထံတွင်အကူအညီတောင်းရမည်ကိုစဉ်းစားနေလေသည်။ ထိုသို့စဉ်းစားနေရာမှ ငယ်စဉ်ကတည်းကရင်းနှီးခဲ့ပြီး လူအများ၏အကျိုးကိုဆောင်ရွက်သဖြင့် တာဝတိသာနတ်ပြည်တွင် သိကြားမင်းဖြစ်နေသော ဦးမာဃဆိုသူအား အမှတ်ရလေတော့သည်။ ဦးမာဃထံအကူအညီတောင်းပါက အဆင်ပြေနိုင်ကြောင်းစဉ်းစားမိလေသည်၊ အများအကျိုးဆောင်ရွက်နေသူဦးမာဃထံတွင် အလကားတောင်းရန်လည်းအားနာသဖြင့်  ၄င်းအားငွေ(၁၀၀)ကျပ်ခေတ္တချေးငှားပါရန်နှင့် အဆင်ပြေပါကချက်ချင်းပြန်ဆပ်ပါမည့်အကြောင်းစာရေး၍ စာအိတ်တွင်
 “သို့
ဦးမာဃ
သိကြားမင်း
တာဝတိသာနတ်ပြည် ” ဟု လိပ်စာတတ်၍စာတိုက်မှတဆင့်  ပို့လိုက်လေတောသည်။  ယခင်ကဤကဲ့သို့ မူမမှန်သောစာများရောက်ရှိလာပါက စာတိုက်မှ နီးစပ်ရာရဲစခန်းသို့ ပို့ပေးရလေသည်။ ဒေါ်အေး၏စာကိုလည်း စာတိုက်မှ ရဲစခန်းသို့ပို့လေရာ ရဲစခန်းတွင် တာဝန်ကျစာသင်ကြီး(စာရေးကြီး)မှ စာကိုဖေါက်ဖတ်ပြီး သနားစရာဟုအောက်မေ့ကာ သိမ်းထားလိုက်လေတော့သည်။ ဤသို့ဖြင့် စာရောက်ချိန်နှင့်ငွေပို့ချိန်တွက်ချက်နေသောဒေါ်အေးသည် အချိန်တန်သည့်တိုင် ငွေမရောက်သဖြင့် ဦးမာဃထံ ရှေ့နည်းတူ စာတစ်စောင်ထပ်မံပို့ပြန်လေသည်။ ၄င်းစာလည်း စာတိုက်မှ တဆင့် စာသင်ကြီးထံရောက်ရှိပြန်လေရာ စာသင်ကြီးသည်လည်းစာကိုဖောက်ဖတ်ပြီး ဒေါ်အေးအား ဂရုဏာဖြစ်သဖြင့် မိမိ၎င်းရွာသို့ရောက်ရှိပါကဒေါ်အေးအား တတ်နိုင်သမျှထောက်ပံ့ပေးမည်ဖြစ်ကြောင်း စိတ်ကူးထားလေတော့သည်။ မကြာမီ စာသင်ကြီးသည် အလုပ်ကိစ္စတစ်ခုဖြင့် ဒေါ်အေးနေထိုင်ရာရွာသို့ သွားရောက်လေသည်။ အလုပ်ကိစ္စပြီးသောအခါစာသင်ကြီးလည်းစုံစမ်းမေးမြန်း၍ ဒေါ်အေးထံသွားရောက်ကာ မိမိထံရှိသောငွေ(၅၀)အားထုတ်ယူ၍ ဦးမာဃမှ ဒေါ်အေးအား ငွေအဆင်မပြေသေးသဖြင့် (၁၀၀)မပေးနိုင်သေးကြောင်း မိမိအကြုံဖြင့် ငွေ(၅၀)သာပေးလိုက်ကြောင်း၊ ပြန်ပေးရန်မလိုကြောင်းနှင့် အဆင်ပြေပါက ထပ်မံပေးပို့မည်ဖြစ်ကြောင်း၊ပြောကြားလေသည်။ ဒေါ်အေးမှ ကျေးဇူးတင်ရှိကြောင်းနှင့် လူလေးကဘယ်ကတုံးဟု ပြန်မေးလေရာ စာသင်ကြီးမှ မိမိသည် ဤရွာအပိုင် ရဲစခန်းမှစာသင်ကြီးဖြစ်ကြောင်း၊ ကိစ္စရှိပါက ဆက်သွယ်နိုင်ကြောင်းပြန်လည်ပြောကြား၍ စခန်းသို့ ပြန်လေသည်။
ဤသို့စာသင်ကြီးထွက်ခွါသွားသောအခါ ဒေါ်အေးသည်စာသင်ကြီး၏နောက်ကျောအားကြည့်၍ “အော်ဦးမာဃရယ်၊ အကြုံပေးစရာရှားလို့ ရဲကိုမှ ထည့်ပေးရသလား အခုတော့(၅၀)ပဲရတော့တယ်” ဟုငြီးတွားလိုက်လေတော့သတည်း။

+2

Tags: