Author Topic: အမောပြေဟာသမှတ်စု  (Read 488865 times)

0 Members and 1 Guest are viewing this topic.

Offline chitchit

  • ပထမနှစ်
  • *
  • Posts: 16
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +127
Re: အမောပြေဟာသမှတ်စု
« Reply #310 on: June 08, 2011, 04:41:56 PM »
(၁)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့
အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့
၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့
မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို
စော်ကားတဲ့အတွက် ပြစ်ဒဏ်
၁၀နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်" လို့
ပြောလိုက်သတဲ့။

(၂)
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။

ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင်
ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"

ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင်
လူနှစ်ယောက်ပျော်ရမယ်"

တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက်
ပျော်ရမယ်"

သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို
ပြောလိုက်သတဲ့...

"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး
ပျော်ကြမှာပဲ" ဟူတည်း။

(၃)
လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးက သူ့ကိုဦးဆောင်ပြီး
နတ်ပြည်အနှံ့ လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ နာရီအပြည့်ချိတ်ထားတဲ့ အခန်းတစ်ခုကို
ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့ နာရီတစ်ချို့က အလုပ်လုပ်နေပြီး၊ တစ်ချို့က
ရပ်နေတယ်။ နတ်သားက "ဒီနာရီတွေက လူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု
နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်း ဒီထဲမှာရှိတယ်" လို့ ရှင်းပြတယ်။ နာရီတစ်ချို့က
မြန်လိုက်၊ နှေးလိုက် ဖြစ်နေတာကို တွေ့တော့ နတ်သားက " လူတစ်ချို့
မုသားစကားပြောနေတဲ့ အချိန်မှာ သူ့ကိုယ်စားပြု နာရီက အရမ်းမြန်နေတတ်တယ်" လို့
ထပ်ရှင်းပြတယ်။

နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား "ဒါဆို ကျွန်တော်တို့
နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူးလား ကျွန်တော့်ကို ခဏပြလို့ရမလား" လို့
တောင်းဆိုလိုက်တယ်။

နတ်သားပြန်ဖြေလိုက်တာက "ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။ နတ်မင်းကြီးက
ပူလို့ဆိုပြီး အဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူသွားလို့ပါ" ဟူသတည်း။

(၄)
တစ်ခါက နိုင်ငံ အကြီးအကဲ သုံးဦးဟာ ဘုရားသခင်ကို တွေ့ဖို့
အခွင့်အရေးရခဲ့တယ်။ ဘုရားသခင်က
သူ့တို့ကို မေးခွန်းတစ်ခုစီ မေးဖို့ ခွင့်ပြုလိုက်တော့...

ပထမနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ
ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် " အနှစ် ၅၀ စောင့်ရလိမ့်မယ်"
ပထမနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) "ဒါဆို ကျွန်တော်
မမီတော့ဘူးထင်တယ်"

ဒုတိယနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ
ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် "နှစ် ၁၀၀ စောင့်ရလိမ့်မယ်"
ဒုတိယနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) "ဒါဆို ကျွန်တော်
မမီတော့ဘူးထင်တယ်"

တတိယနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ
ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် (စိတ်ပျက်ဝမ်းနည်းစွာနဲ့) " အကျွန်ုပ် မမီတော့ဘူး ထင်တယ်" ဟူတည်း။

ဟာသ ကြိုက်နှစ်သက်သူများအတွက် အင်တာနက်မှာ ရှာကြံပြီး
မျှဝေလိုက်ပါတယ်။ ရယ်မောနိုင်ကြပါစေး)
+5

Offline chitchit

  • ပထမနှစ်
  • *
  • Posts: 16
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +127
Re: အမောပြေဟာသမှတ်စု
« Reply #311 on: June 08, 2011, 04:48:32 PM »
ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။ စိတ်ဖိစီးမှုတွေ၊
စိတ်ညစ်စရာတွေက များလွန်းလို့ တစ်ညနေရုံးအဆင်း ကမ်းခြေဘက်
ခဏသွားရင်း အပန်းဖြေနေမိတယ်။ ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း
ညည်းမိလိုက်တယ်။

...{{ ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်း
လုပ်ခဲ့ပါတယ်၊ ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ၊
ခုများငါ ဒုက္ခရောက်တော့ ကူညီမယ့်သူတောင်မရှိဘူး }}

ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်...

{{ ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်၊ မင်းရဲ့ ကုသိုလ်တွေအတွက်လည်း
ခံစားခွင့်ရမယ်၊
မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ}} တဲ့။
  ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။

၁။{ ဒေါ်လာ ၁ သန်း လိုချင်တယ်}
- ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ ။

(အဟား ဒီလိုဆိုဟန်ကျတယ်)
၂။ {နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်}
- မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်ထားလိုက်ပြီ။
နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။
၃။{ ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့
အမြန်လမ်းတစ်ခုလိုချင်တယ်}
  ဘုရားသခင်ကပြန်ပြောတယ်။
- {{ ရောဘတ်.... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။ လမ်းတစ်ခုဖောက်ဖို့ကျတော့
တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။ သူတို့ ပိုင်တဲ့ အိမ်တွေ
အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ}}

ရောဘတ်စဉ်းစားကြည့်လိုက်တယ်။ {{ အင်းဟုတ်သားပဲ၊ ဒါဆို ဘာတောင်းရမလဲ}}
အဲ....သူ့မိန်းမကို သတိရလိုက်တယ်။ ဟုတ်ပြီ၊ ဟန်နီနဲ့ ငါနဲ့ ခဏခဏ
ရန်မဖြစ်ရအောင်.....
  {{ အို.. ဘုရားသခင်၊ ကျွန်တော်မှာ
မိန်းမတွေကိုနားလည်နိုင်တဲ့စိတ်စွမ်းအင်မျိုးရချင်ပါ တယ်၊ သူတို့
ငိုတဲ့အခါ၊ ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊
သူတို့ တခုခု လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ
မဟုတ်ဘူးဖြေတဲ့အခါ၊ မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့
ဘာဖြစ်လဲမေးရင် ဘာမှမဖြစ်ပါဘူးဆိုပြီး ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊ အဲဒီလို
နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ
ဆိုတာ သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး
ကျွန်တော်လိုချင်ပါတယ်}} ရောဘတ်ကပြောချလိုက်တယ်။

သူ့စကားအရှည်ကြီးကိုနားထောင်ပြီးတဲ့ အချိန်မှာ စက္ကန့်အနည်းငယ်လောက်
တိတ်ဆိတ်သွားတယ်။ ပြီးတော့
သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။

{{ ရောဘတ်၊ ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွားလိုချင်တာလဲ }}
+5

Offline chitchit

  • ပထမနှစ်
  • *
  • Posts: 16
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +127
Re: အမောပြေဟာသမှတ်စု
« Reply #312 on: June 08, 2011, 04:52:55 PM »
မြန်မာတစ်ယောက်နဲ့ တရုတ်တစ်ကောင် စကားပြောရင်းနဲ့ ညင်းခုံနေကြတယ်။
သူ့တို့တိုင်းပြည်က တိုက်ကြက်တွေ ဘယ်လောက်ကောင်းကြောင်း စကားနိုင်လုကြရင်း တိုက်ကြက်ချင်းခွပ်ဖို့ စိန်ခေါ်လိုက်ကြတယ်။
ရှုံးတဲ့ကြက်ဘက်ကလူက တနှစ်ကျွန်ခံကြေး တဲ့။
ဒါပေမဲ့ ကြက်ခြင်းတိုက်ကြ...မှာက ခုချက်ခြင်းမဟုတ်ဘူး၊ နောင် ၅ နှစ်နေမှ တိုက်ကြမှာ...
ဘာလို့လဲဆိုတော့ မိမိတို့ရဲ့ ကြက်တွေကို စိတ်ကြိုက်မွေးမြူ ပြုစုပျိုးထောင်ပြီး အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးကြဖို့ ၅ နှစ် အချိန်ယူလိုက်တာလေ။
အဲ...၅ နှစ်လည်းပြည့်ရော... ...
တရုတ်ကြက်နဲ့ ဗမာကြက် ခွပ်လက်ဆုံကြပြီ ခင်ဗျ..
တရုတ်ကြက်က အကောင်နဲနဲသေးပေမဲ့ သွက်လက်ဖြတ်လတ်ပုံဘဲ။
ဗမာကြက်ကတော့ ကိုယ်လုံးကိုယ်ထည် ပိုကြီးပေမဲ့ ထုံထိုင်းထိုင်းပုံထွက်နေတယ်။
စ, လွတ်ပါပြီဆိုကတည်းက ဗမာကြက်က ကွင်းလည်မှာ ငိုက်နေပါလေရော၊ ဒါပေမဲ့ ကိုရွှေဗမာ ကြက်ပိုင်ရှင်က မပူဘူး...အေးဆေးဘဲ သူ့ကြက်အခြေအနေကို ကြည့်နေတယ်။
လျောင်ကီးတို့ရဲ့ ကြက်ကတော့ အတက်လေးတပြပြ အတောင်ပံလေး တသသနဲ့ပေါ့...ကွင်းထဲဝင်လာပြီဆိုကထဲက တဘက်ကဗမာကြက်ကို ပြေးပြေးခွပ်နေလိုက်တာ ခြေထောက်မှာ စက်တပ်ထားလားမှတ်ရတယ်.
  အတောင်ပံခပ်သံကလည်း တဖျန်းဖျန်းနဲ့... ပြင်းမှပြင်း
ရန်သူကို ဘေးကတမျိုး၊ ရှေ့ကတဖုံ၊ နောက်ကတသွယ် ပယ်ပယ်နယ်နယ်ကို တီးနေလိုက်တာများ တရုတ်ကြက်ဘက်က အားပေးနေတဲ့လူတွေရဲ့အော်သံ ဝက်ဝက်ညံနေရော... ...
ဗမာကြက်ကတော့ ဘာမှပြန်မလုပ်ဘူးခင်ဗျ။ တခါတခါ နဲနဲနာသွားရင် မျက်လုံးလေးတဖက်ဖွင့်ကြည့်ပြီး ပြန်အိပ်သွားပြန်တယ်။
အဲလို...ခွပ်ရင်းခွပ်ရင်းနဲ့ ကြာလာတော့ တရုတ်ကြက် သက်လုံကျလာတယ်..သိပ်မကြာခင်မှာဘဲ တော်တော်လေးအမောဖောက်လာပြီး ဗမာကြက်ရဲ့ အတောင်ပံကြား ခေါင်းထိုးပြီး နားနေပါလေရော...
ကံဆိုးခြင်တော့ သူ့ဟာသူခွပ်ရင်းနဲ့ သူ့ခြေထောက်မှာ၊ ခေါင်းမှာ၊ ကိုယ်လုံးမှာ ထိခိုက်မိပြီး သွေးစ နဲနဲထွက်နေတာကိုး...
တရုတ်ကြက်နဲ့ ဗမာကြက် ခွပ်လက်ဆုံကြပြီ ခင်ဗျ..
တရုတ်ကြက်က အကောင်နဲနဲသေးပေမဲ့ သွက်လက်ဖြတ်လတ်ပုံဘဲ။
ဗမာကြက်ကတော့ ကိုယ်လုံးကိုယ်ထည် ပိုကြီးပေမဲ့ ထုံထိုင်းထိုင်းပုံထွက်နေတယ်။
စ, လွတ်ပါပြီဆိုကတည်းက ဗမာကြက်က ကွင်းလည်မှာ ငိုက်နေပါလေရော၊ ဒါပေမဲ့ ကိုရွှေဗမာ ကြက်ပိုင်ရှင်က မပူဘူး...အေးဆေးဘဲ သူ့ကြက်အခြေအနေကို ကြည့်နေတယ်။
လျောင်ကီးတို့ရဲ့ ကြက်ကတော့ အတက်လေးတပြပြ အတောင်ပံလေး တသသနဲ့ပေါ့...ကွင်းထဲဝင်လာပြီဆိုကထဲက တဘက်ကဗမာကြက်ကို ပြေးပြေးခွပ်နေလိုက်တာ ခြေထောက်မှာ စက်တပ်ထားလားမှတ်ရတယ်...
  အတောင်ပံခပ်သံကလည်း တဖျန်းဖျန်းနဲ့... ပြင်းမှပြင်း
ရန်သူကို ဘေးကတမျိုး၊ ရှေ့ကတဖုံ၊ နောက်ကတသွယ် ပယ်ပယ်နယ်နယ်ကို တီးနေလိုက်တာများ တရုတ်ကြက်ဘက်က အားပေးနေတဲ့လူတွေရဲ့အော်သံ ဝက်ဝက်ညံနေရော... ...
ဗမာကြက်ကတော့ ဘာမှပြန်မလုပ်ဘူးခင်ဗျ။ တခါတခါ နဲနဲနာသွားရင် မျက်လုံးလေးတဖက်ဖွင့်ကြည့်ပြီး ပြန်အိပ်သွားပြန်တယ်။
အဲလို...ခွပ်ရင်းခွပ်ရင်းနဲ့ ကြာလာတော့ တရုတ်ကြက် သက်လုံကျလာတယ်..သိပ်မကြာခင်မှာဘဲ တော်တော်လေးအမောဖောက်လာပြီး ဗမာကြက်ရဲ့ အတောင်ပံကြား ခေါင်းထိုးပြီး နားနေပါလေရော...

ကံဆိုးခြင်တော့ သူ့ဟာသူခွပ်ရင်းနဲ့ သူ့ခြေထောက်မှာ၊ ခေါင်းမှာ၊ ကိုယ်လုံးမှာ ထိခိုက်မိပြီး သွေးစ နဲနဲထွက်နေတာကိုး...
  သွေးညှီနံ့လဲရရော ဗမာကြက်ခေါင်းထောင်လာတယ်...ဘေးဘီဝဲယာ လှည့်ပတ်ရှာလိုက်တော့ သူ့အတောင်ပံကြားက တရုတ်ကြက်ဆီကကိုး ...
ဘာမှပြောမနေဘူး...တခါထဲ တရုတ်ကြက်ခေါင်းကို ဖမ်းဆွဲပြီး တစ်ကောင်လုံးကို ဖဲ့ရွဲ့စားလိုက်တာ အချိန်ပိုင်းလေးအတွင်းမှာဘဲ အရိုးပါးပါး ကျန်တယ်။
ဗမာပရိတ်သတ်တွေရဲ့ အော် အလှည့်ပေါ့...၊ ဝေး...ဟေး...ဟေး... ...
ဗမာကြက်ပိုင်ရှင်ကတော့ ပြုံပြုံး ပြုံးပြုံးနဲ့။
ခဏနေတော့ ရှုံးတဲ့ကြက်ပိုင်ရှင် မောင်တရုတ်တစ်ယောက် ဗမာကြက်ပိုင်ရှင်ရဲ့ရှေ့ ဒူးထောက်ရောက်လို့လာတယ်။
ပြီးတော့ ဇဝေဇဝါမျက်နှာနဲ့ မေးလာတယ်.. ...
"ကျနော်တော့ နားကိုမလည်တော့ဘူးဗျာ၊ မရှုမလှရှုံးမဲ့သာရှုံးတာ ကျနော့်ကြက်ဟာ နယ်နယ်ရရ ကြက်မဟုတ်ဘူး၊ အိန္ဒိယ စစ်တကောင်းနယ်က အရက်စက်ဆုံး အကြမ်းတမ်းဆုံး
  တိုက်ကြက်ဖ နဲ့ မွန်ဂိုလီယားကြက်မကို မျိုးစပ်ပြီး ပြည်မကြီးက
ဓါတ်ခွဲခန်းမှာ အကောင်းဆုံး စမ်းသပ်စစ်ဆေးပြီးမွေးမြူခဲ့တာ၊
သူ့ကိုနိုင်တဲ့ကြက် တရုတ်ပြည်မှာတော့ တစ်ကောင်မှ မရှိတော့ဘူး၊ အချိန် ၅
နှစ်တောင်ကြာအောင် လေ့ကျင့်ပေးခဲ့ရတာ၊ ခင်ဗျားတို့ကြက်ကိုရော ဘယ်လို
မွေးမြူခဲ့ပြီး ဘယ်လောက်တောင်လေ့ကျင့်ပေးခဲ့ရသလဲ"

ဒီတော့ ဗမာကြက်ပိုင်ရှင်က ပြန်ဖြေတယ်... ...
"အထွေအထူးတော့မရှိပါဘူးကွာ...၊ လဒ တစ်ကောင်ကို တိုက်ကြက်ဖနဲ့တူအောင် ယိုးဒယားသွားပြီး ပလပ်စတစ်ဆာဂျရီလုပ်လိုက်တာ ၂ ရက်ဘဲ ကြာတယ်၊ ဒါပါဘဲ"...တဲ့။
+1

Offline chitchit

  • ပထမနှစ်
  • *
  • Posts: 16
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +127
Re: အမောပြေဟာသမှတ်စု
« Reply #313 on: June 08, 2011, 04:54:16 PM »
သမီးလေး ဖြူဖွေးက “မေမေ လူတွေ ဘယ်လိုလုပ် ဖြစ်လာကြတာလဲဟင်” လို့ သူ့အမေကို မေးတယ်။

အမေဖြစ်သူက “ဘုရားသခင်က အာဒမ်နဲ့ ဧ၀ကို ဖန်ဆင်းတယ်၊ အာဒမ်နဲ့ ဧ၀က ကနေ
...သားသမီးတွေ မွေးလာတယ်။ အဲဒီကနေ လူသားမျိုးနွယ်တွေ ဖြစ်လာတာပေါ့ သမီးရဲ့”
လို့ ပြန်ဖြေတယ်။

နှစ်ရက်လောက်ကြာပြီးတော့ အဲဒီမေးခွန်းကိုပဲ သမီးလေးဖြူဖွေးက
သူ့အဖေကိုမေးတော့ သူ့အဖေက “လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကမ္ဘာကြီးမှာ
မျောက်မျိုးနွယ်တွေရှိခဲ့တယ်သမီးရဲ့။ အဲဒီမျောက်မျိုးနွယ်တွေကနေ ဆင့်ကဲ
ပြောင်းလဲလာပြီး လူတွေရယ်လို့ ဖြစ်လာတာပေါ့” လို့ ရှင်းပြတယ်။
  အမေကတမျိုး အဖေကတမျိုးစီဖြေတော့ မျက်စိလည်သွားရှာတဲ့ သမီးလေးဖြူဖွေးက
အမေဖြစ်သူကို “မေမေပြောတော့ လူတွေကို ဘုရားသခင်က ဖန်ဆင်းတာတဲ့၊
ဖေဖေပြောတော့ လူတွေက မျောက်ကနေ ဆင်းသက်လာတာတဲ့၊ ဘယ်ဟာ အမှန်လဲ မေမေ” လို့
မေးပါလေရော။

ဒီတော့ အမေဖြစ်သူကလည်း သမီးဖြစ်သူကို ပြန်ဖြေရှာပါတယ်။

“ရှင်းရှင်းလေးပါသမီးရယ်။ မေမေက သမီးကို မေမေ့ဘက်က
အမျိုးတွေအကြောင်းပြောတာလေ။ သမီးဖေဖေကလည်း သူ့ဘက်က အမျိုးတွေအကြောင်း
သမီးကို ပြောတာဖြစ်မှာပေါ့”။
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #314 on: June 08, 2011, 05:12:56 PM »
ခြားနားချက်

ကျွန်တော်မိတ်ဆွေတစ်ယောက်သည်ရုပ်မြင်သံကြားအခမဲ့ရသည်ဟုစားရေးထားသော

မိုတယ်တစ်ခုတွင်ရောက်ရှိလာသည်အခန်းခများကိုမေးမြန်းကြည့်ရာမန်နေဂျာကရှင်းပြသည်

''တစ်ခန်းကိုသျှီလင်30အခန်းရယ်၊2ပေါင်အခန်းရယ်နှစ်ခန်းရှိပါတယ်''

''ဘာကွာခြားသလဲဗျာ''

''2ပေါင်အခန်းကရုပ်မြင်သံကြားအခမဲ့ပေးထားပါတယ်''


မိုးလေ၀သဋ္ဌာနကလူ

စိတ်ဆိုးမာန်ဆိုးဖြစ်နေသောအိမ်ငှားတစ်ယောက်သည်ပိုင်ရှင်ထံသွားပြီးမကျေမနပ်ပြောလေသည်

''ခေါင်မိုးပေါ်ကလဲမိုးယိုနေတယ်မိုးရွာရင်ပြတင်းပေါက်ကလဲမိုးမလုံတော့ကြမ်းခင်းတစ်ခုလုံးရေတွေ

လျှံနေတော့တာပဲအဲဒီလိုပဲဘယ်လောက်ကြာကြာဖြစ်နေဦးမှာလဲ''

''ကျွန်တော်ကမိုးလေ၀ဋ္ဌာနကမှမဟုတ်တာဘယ်လိုလုပ်သိမှာလဲ''


လုပ်သက်

မန်နေဂျာတစ်ယောက်သည်အလုပ်လာလျောက်လျှောက်သူတစ်ဦးအားတွေ့ဆုံမေးမြန်းနေသည်

''ခင်ဗျားနောက်ဆုံးလုပ်ခဲ့တဲ့အလုပ်မှာဘယ်လောက်ကြာကြာလုပ်ခဲ့သလဲ့''

''55နှစ်ပါ''

''ခင်ဗျားအသက်က''

''47နှစ်ပါ''

''ခင်ဗျားအသက်က47နှစ်ယောက်ထဲနဲ့ဘယ်လိုလုပ်ပြီးလုပ်သက်က55နှစ်ဖြစ်နေတာလဲ''

''အချိန်ပိုတွေကိုနဲ့ပေါင်းထားလို့ပါ''


+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #315 on: June 08, 2011, 05:15:18 PM »
(၁)
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။
သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။

၂)
ဆရာမတစ်ဦးက မူကြိုကလေးတွေကို အိမ်မွေးတိရိစ္ဆာန် အခေါ်အဝေါ်တွေ သင်ပေးနေတယ်။

ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"

ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ် "မေမေ" တဲ့။
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #316 on: June 08, 2011, 05:16:34 PM »
၁)
ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက
"ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက
"ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။

၂)
"အာဒံနဲ့ ဧ၀သာ တရုတ်ဖြစ်ခဲ့ရင် ငါတို့တွေ ကောင်းကင်ဘုံ ရောက်နေကြမယ် ထင်တယ်နော်"
"ဘာဖြစ်လို့လဲ"
"သူတို့သာ တရုတ်ဖြစ်ခဲ့ရင် ပန်းသီးကို မစားဘဲ မြွေကိုပဲ စားလိုက်မှာလေ"
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #317 on: June 08, 2011, 05:23:25 PM »
ကြားဘူးတာလေးပါ

နာဂစ်မုန်တိုင်းကြီးဝင်ခဲ့စဉ်ကပေါ့.....

မုန်တိုင်းသင့်နေတဲ့ရွာလေးရဲ့အခြေအနေ..အရမ်းဆိုးတယ်

အမျိုးသမီးတယောက်ဆိုရင်..ရှိတာတွေအကုန်ပြောင်..အ၀တ်အစားတောင်မရှိတော့ဘူးတဲ့..

ဗျောင်တေးရှင်းကြီး....အမြင်မတော်တဲ့သူတယောက်က..လေလွင့်လာတဲ့ ဆာလာအိတ်တစ်လုံးကောက်စွတ်ပေးထား

တယ်....မုန်တိုင်းလဲ စဲသွားရော...အဲ့ အမျိုးသမီးအရမ်းအော်ငိုနေတယ်...ဘေးကလူက

....အမရယ်..ဘာဖြစ်လို့အရမ်းငိုနေရတာလဲ...

....ဟဲ့  မ သာ  ရဲ့..နင်ပေးထားတာ ငရုပ်သီးထည့်တဲ့အိတ်ကြီးဟ...အဟီးအဟီးဟင့်
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #318 on: June 08, 2011, 05:24:22 PM »
ယုံပါ

လူတစ်ယောက်က သူ့ သူငယ်ချင်းကိုဆေးခန်းလိုက်ပို့ ပြီး ဆေးခန်းမှဆရာဝန်ကို...

"ဒီတစ်ခါ သူစိတ်ဖောက်တာတော်တော်ကြမ်းတယ်ဆရာ"

"ဟုတ်လား ဘာတွေလုပ်သလဲ"

"သူ့ ယောက္ခမကြီးကို ကျွန်တော့်မိကျောင်းကန်ထဲတွန်းချတယ်ဆရာ"

"ဘာဖြစ်သွားသေးလဲ"

"မိကျောင်းနှစ်ကောင်သေသွားတယ်ဆရာ"
+1

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #319 on: June 08, 2011, 05:28:02 PM »
သခင်မျိုးဟေ့ ဒို့ဗမာ

တစ်ခါက အင်္ဂလန်မှာ နိုင်ငံထိပ်သီး လျှို့ဝှက်အစည်းအဝေးတစ်ခုပြုလုပ်ကြတယ်....
အဲဒီတုန်းက မြန်မာပြည်က ဘုရင်စနစ်အုပ်စိုးတဲ့အချိန်ဆိုတော့
မြန်မာပြည်ကလည်း စစ်သူကြီးတစ်ဦးတက်ရောက်တယ် ။ စစ်သူကြီးက
နန်းဝတ်နန်းစားနဲ့ နှုတ်ခမ်းမွေးနဲ့ ခန့်ချော်ကြီး

အစည်းဝေးပြီးတော့ အပြန်မှာပေါ့ လေယာဉ်နဲ့ပြန်ကြရတယ်။ လေယာဉ်ပေါ်မှာက
မြန်မာလူမျိုး ၊ ဂျာမန်လူမျိုး ၊
ကုလားလူမျိုးနဲ့ တရုတ်လူမျိုးပါတယ် ။ အဲဒီမှာ လေယာဉ်က ချို့ယွင်းမှုဖြစ်ပါလေရော

လေယာဉ်မှုးကပြောတယ်
“ လေယာဉ်က မရတော့ဘူး ကျွန်တော်နဲ့ အတူ တစ်ယောက်ပဲနေခဲ့လို့ရမယ် အလေးချိန်
မမျှတော့ဘူး ”
အဲဒီမှာ အားလုံးတဘောတူ လေယာဉ်မှုးတစ်ယောက်ထဲကိုပဲ ချန်ခဲ့ပြီး ၎
ယောက်လုံးအတူတူခုန်ချပြီး အသေခံမယ်ပေါ့။ဒီလိုနဲ့.........
ဂျာမန်ကစပြီး
“ ဟစ်တလာမျီုး သွေးနီတယ်ကွ”လို့အော်ပြီး ခုန်ချသွားတယ်
ကုလားက ဗန်ချာကုလား ။ သူကလည်း
“ ဆံပင်ရှည်ပေမယ့် မိန်းမ မဟုတ်ဘူး”လို့အော်ပြီး ခုန်ချသွားပြန်တယ်
တရုတ်နဲ့ မြန်မာ နှစ်ယောက်ပဲကျန်တော့တယ်
တရုတ်က အပေါက်ဝမှာ ဒူးတုန်နေတယ် မခုန်ချရဲဘူး
စိတ်ထဲမှာလဲ မြန်မာအရင်အော်ပြီး ခုန်ဆင်းပါစေပေါ့
မြန်မာ ခုန်ချပြီးရင် သူနေခဲ့တော့မယ်ပေါ့
အဲဒီအချိန်မှာပဲ သူ့အနောက်က မြန်မာက
“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်လိုက်တော့ တရုတ်ပျော်သွားတယ်
ဒါပေမယ့်သူထင်တာလွဲသွားတယ် မြန်မာက

“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်ပြီးနောက်ကနေ သူ့ကို ကန်ချလိုက်တယ်လေ
+2

Tags: