Author Topic: အမောပြေဟာသမှတ်စု  (Read 476844 times)

0 Members and 4 Guests are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #300 on: June 08, 2011, 02:44:52 PM »
မဟုတ်လို့ပေါ့

ကျေးရွာတစ်ရွာတွင်ကြွယ်ဝချမ်းသာသောလူတစ်ဦးကွယ်လွန်ခဲ့လေရာ၎င်း၏ဈာပနာအခမ်းအနား

တွင်ဖြစ်သည်။လွန်စွာမှကြေကွဲဝမ်းနည်းနေသောလူတစ်ယောက်အားဓမ္မာဆရာတစ်ဦးကတွေ့ပြီးမေးလေသည်

''ခင်ဗျားကကွယ်လွန်သူအမျိုးလား''

''မဟုတ်လို့ပေါ့၊အဲဒါပြသာနာဖြစ်နေတာ''


+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #301 on: June 08, 2011, 03:06:40 PM »
ဘာကြောင့်အဖမ်းခံရ

ခင်များညီမတစ်ယောက်တိရိစ္ဆာန်ရုံမှာအဖမ်းခံရတယ်ဆို

အေးဗျာခိုတွေကိုအစာကျွေးမှုနဲ့ပေါ့ဗျာ

အဲဒါများဘာမှားသွားလို့လဲ

ဘာမှားရမှာလဲအဲဒီခိုတွေကိုခြင်္သေ့တွေသွားကျွေးတယ်လေ


တွက်ပုံတွက်နည်း

ဆေးကျောင်းသား။ ။ဖေဖေကျွန်တော်နှလုံးအထူးကုရာဝန်ဖြစ်ချင်တယ်

ဖခင်                   ။  ။လူကိုယ်မှာနှလုံးဘယ်နှစ်ခုရှိလဲ

ဆေးကျောင်းသား။ ။တစ်ခုတည်းပါဖေဖေ

ဖခင်                   ။  ။သွားကရောဘယ်နှစ်ချောင်းရှိလဲ

ဆေးကျောင်းသား။ ။၃၂ချောင်းပါဖေဖေ

ဖခင်                   ။  ။အေးဒါဆိုသွားဆရာသန်ဖြစ်အောင်ကြိုးစားပေတော့ငါသား
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #302 on: June 08, 2011, 03:09:54 PM »
ဘာလိုရှုံးမှာလဲ

ငရဲမင်းကြီးသည်ကောင်းကင်ဘုံရှိစိန်ပီတာထံသိုသွားပြီးဘေ့စ်ဘောယှဉ်ပြိုင်ကစားရန်စိန်ခေါ်လိုက်သည်

''မင်းဘယ်လိုလုပ်ပြီးငါနိုင်မှာလဲငါဆီမှာနာမည်ကျော်အားကစားသမားတွေအကုန်ရှိတယ်''

''ကျုပ်ကလည်းဘာလိုရှုံးမှာလဲဒိုင်လူကြီးတွေအားလုံးရှိနေတယ်လေ''



ကြိုက်တာရွေး

''တို့လက်ထပ်တဲ့နှစ်ပက်လည်နေ့အတွက်မင်းကိုသားမင်းမွေးအင်္ကျီယူမလားဆွီဒင်သွားလည်မလား''

''ဆွီဒင်သွားရအောင်အဲဒီမှာသားမင်းမွေးအင်္ကျီဒီမှာထက်ဈေးပိုပေါတယ်''


+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #303 on: June 08, 2011, 03:58:49 PM »
ငွေမျက်နှာ

လူတစ်ယောက် ဘဏ်ထဲကိုဝင်လာပြီး ငွေသွင်းဖို့တန်းစီနေတဲ့လူတန်းကြီးနောက်မှာ တန်းစီလိုက်တယ်။

မိနစ်၂၀ လောက်ကြာတော့ စိတ်မရှည်တော့ဘဲ ကောင်တာစာရေးမဆီ တန်းသွားပြီး ပြောလိုက်တယ်.... "ဟဲ့ကောင်မ...ငါ ငွေသွင်းဖို့စောင့်နေတာကြာလှပြီ၊ သောက်လူတန်းအရှည်ကြီးကို ဆက်မစောင့်နိုင်တော့ဘူး၊ ဘာလုပ်ရင်ရမလဲ ပြောစမ်းမြန်မြန်" "လူကြီးမင်းရှင့်၊ ကျေးဇူးပြုပြီး ရုန်းရင်းကြမ်းတမ်းတဲ့ စကားတွေ ဒီဘဏ်ထဲမှာ ပြောလို့မရပါဘူးရှင့်""ကောင်းပါပြီဗျာ၊ ဒါဆိုကျေးဇူးပြုပြီး ငါ့ကိုလမ်းညွန်စမ်းပါ၊ ဒီ သောက်ချက်လက်မှတ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ" "တောင်ပန်းပါတယ် လူကြီးမင်းရှင့်၊ ကျမအဲလို စကားကြမ်းကြမ်းတွေ နားမထောင်နိုင်ပါဘူးရှင့်""အာ..ဒီကောင်မ နာတော့မယ်၊ ကဲ ဒါဆိုလဲ နင်တို့ သောက်မန်နေဂျာကို ခေါ်လိုက်စမ်း၊ သူနဲ့ရှင်းမယ်"...ဆိုတော့ မန်နေဂျာကို ခေါ်လိုက်တယ်။ မန်နေဂျာရောက်လာပြီးစာရေးမကိုမေးတယ်..."ဘာဖြစ်သလဲ စာရေးမ""ဒီကလုကြီးမင်းက ကျမကို မိုက်ရိုင်းတဲ့စကားတွေနဲ့ လာစော်ကားနေလို့ ဆရာ"မန်နေဂျာ က အဲဒီလူဘက်လှည့်ပြီး မေးတယ်..."ဘာပြသနာများရှိလဲ ခင်ဗျာ၊ ကျနော်ဘာများအကူအညီပေးရမလဲ" "ငါ့ ဒီသောက်ချက်လက်မှတ်က ငွေကို မင်းတို့ရဲ့သောက်ဘဏ်မှာ အပ်မလို့ကွ"မန်နေဂျာ မျက်နှာမဲ့သွားတယ်၊ ဒေါသလဲနည်းနည်းထွက်သွားပုံရတယ်...အဲဒီလူလက်ထဲက ချက်လက်မှတ်ကို ဖြတ်ခနဲဆွဲယူပြီး ဖတ်ကြည့်လိုက်တော့...အပ်ငွေပမာဏ ဒေါ်လာ ၁၅ သန်း တဲ့... မန်နေဂျာက အဲဒီလူဘက်လှည့်ရင်းပြောတယ်..."စိတ်မရှိပါနဲ့ခင်ဗျာ၊ ဒီသောက်ကမြင်းမတွေက ဘာမှကို သောက်သုံးကျတာ မဟုတ်ဘူး.."...တဲ့
+6

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #304 on: June 08, 2011, 04:02:19 PM »
လှံနဲ့လှန်

အိမ်တအိမ်တွင်လင်မယားနှစ်ယောက်အိပ်နေရာညတွင်သူခိုးကပ်လေ၏

ယောကျာ်းဖြစ်သူကသိသောအခါ

သူခိုးကိုလှံနဲ့ထိုးရန်မိန်းမဖြစ်သူကို  ''မိန်းမရေ မိန်းမရေ လှံပေး လှံပေး''   ဟုတောင်းလိုက်လေ၏

မိန်းမကပြန်ပြောလိုက်တာက

''ပြီးပြီတော့''    တဲ့
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #305 on: June 08, 2011, 04:16:03 PM »
ငါလည်းအားကျမခံဘူးဟေ့

တစ်ခါကကျောင်းဆုံညီပွဲတစ်ခုမှာသူငယ်ချင်းသုံးယောက်ဆုံကြတယ် တစ်ယောက်တစ်နိုင်ငံစီကပေါ့ အင်္ဂလန်နိင်ငံ၊တရုတ်နိုင်ငံ၊မြန်မာနိုင်ငံသူတွေပေါ့ ကျောင်းပြီးသွားတော့အိမ်ထောင်အသီးသီးနဲ့ပေါ့ သူတို့ရဲ့အိမ်ဦနက်ကဘယ်လောက်တောင်တော်ကြောင်းကြွားလုံးထုပ်တော့တာပေါ့

အင်္ဂလန်သူကစပြောတယ် ငါလေသူနဲ့ရကာစက အိမ်ထောင်ကိစ္စတွေမလုပ်တက်ဘူးမလုပ်ချင်ဘူးပြောလိုက်တော့ သူချက်ချုင်းအိမ်ပေါ်ကဆင်းသွားတယ် တစ်ရက်နဲ့မမြင်ရနှစ်ရက်နဲ့မမြင်ရသုံးရက်မြောက်တော့မောင်တော်က အကူတစ်ယောက်ကိုခေါ်လာတာမြင်ရတယ်တော့.......

တရုတ်နိုင်ငံသူကလည်းအားကျမခံဘူးလေ ငါလည်းပဲသူနဲ့စညားတော့ငါထမင်းဟင်းမချက်တက်ဘူး အ၀တ်မလျှော်တက်ဘူး ဘာဘူးညာဘူးပေါ့ အဲ့ဒီတော့ကိုယ်တော်ကချက်ချင်းအိမ်ပေါ်ကဆင်းသွားတယ်လေ သူလည်းတစ်ရက်နဲ့မမြင်ရနှစ်ရက်နဲ့မမြင်ရသုံးရက်မြောက်တော့ ကိုယ်တော်က အ၀တ်လျှော်စက် ထမင်းဟင်းချက်စက် ဘာစက်ညာစက်ပေါ့ အများကြီးဝယ်လာတာမြင်ရတယ်တော့......

မြန်မာနိုင်ငံသူကလေးအလှည့်ဆိုတော့ဘယ်ခေါင်းညိမ့်နေလို့ဖြစ်မလည်း သူလည်းညားကာစကအကြောင်းပြောတာပေါ့ ငါလည်းထိုနည်းလကောင်းပါပဲဟယ် နင်တို့လိုပေါ့ အိမ်မှူကိစ္စတွေမတတ်ဘူးပေါ့ထမင်းဟင်းမချက်ချင်ဘူးပေါ့ဘာပေါ့ညာပေါ့ ပြောလိုက်တော့သူကလေနာရီဝက်လောက်ကြာမှအိမ်ကဆင်းသွားတယ်တော့ငါလည်းတစ်ရက်နဲ့မမြင်ရနှစ်ရက်နဲ့မမြင်ရ သုံးရက်မြောက်တော့လေ ညာဘက်မျက်လုံးကမှုန်ုဝါးဝါးမြင်ရတယ်သိလား။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #306 on: June 08, 2011, 04:20:34 PM »
မေးမိတာမှားပါတယ်

နယ်မြို့လေးတမြို့ကကျေင်းတကျောင်းကိုပညာရေးမှူ့ကကျောင်းစစ်သွားသတဲ့

ပညာေ၇းမှူးလည်းကျောင်သားတွေကိုပညာစမ်မယ်ပေါ့

ကျောင်းသားတယောက်ကိုစမေးလိုက်တယ်တဲ့...စပွဲပေါ်ကကမ္ဘာလူံးကိုကြည့်ပြီး

ဒီကမ္ဘာလုံးဘာကြောင့်တိန်းစောင်းနေသလဲကွယ်နဲ့မေးရော

ကျောင်းသားက ပြာပြာသလဲနဲ့ ကျွတော့ကြောင်မဟုပ်ပါဘူးခင်ဗျာ ကျွန်တော်အခုမှကျေင်းလာတာပါလို့ဆိုသတဲ့

ပညာရေးမှူးလည်းသက်ပြင်းချပြီး အတန်းပိုင်ဆရာမဖက်လှည့်ကြည့်တော့  ဆရာမကလည်း

ဟုပ်ပါတယ်ဆရာကြီး သူအခုလေးတင်ပဲရောက်လာတာပါ တရားခံကို သမီးစစ်ပေးပါ့မယ်နဲ့ပြန်ဖြေသတဲ့

ပညာရေးမှူးဒေါသထွက်ပြီး ကျောင်အုပ် ကို  ဘယ်လိုတွေဖြစ်ကြတာလဲ   ခင်ဗျားတပည့်တွေ နဲ့ပြောလိုက်ရော

ကျောင်းအုပ်ကဘာပြန်ပြောသလဲဆိုတော့

သက်ပြင်းချပြီး  အဲဒါတွေအားလုံးဟာကျွန်တော့အပြစ်တွေပါပဲ...ကော်မတီကထုပ်ပေးတဲ့ပိုက်ဆံကို နဲနဲ လ္ဖက်

၇ည်သောက်ပြီး ကျန်တာလေးနဲ့ အဆင့်မြင့်တဲ့စတိုးဆိုင်ကပစ္စည်မှန်မ၀ယ်ပဲ...လမ်ဘေးကချရောင်းတဲ့အပေါစားကိုမှဝယ်ခဲ့မိပါတယ်

သေချာလည်းမကြည့်မိပါဘူး...ဆရာကြီးပြမှနဲနဲစောင်းနေတာကိုသိပါတယ်..နောက်တခါတည့်တည့်မတ်မတ်ကလေး

ရှာဝယ်ထားပါ့မယ် လို့ဆိုလိုက်သတဲ့......ပညာရေးမှူးလည်းဘာမှမပြောနိုင်တော့ပဲတချိုးတည်းလစ်ပါလေရော.....
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #307 on: June 08, 2011, 04:26:47 PM »
သတင်းဆိုးနဲ့သတင်းကောင်း

ဆရာဝန်တစ်ဦးကသူလူနာတစ်ဦးအားပြောကြားနေသည်မှာ

   ''ပြောရမှာတော့သတင်းဆိုးရောသတင်းကောင်းရောဗျို.

      သတင်းဆိုးကတော့ခင်များဟာ5ကီလိုလောက်ပေါင်ချိန်

      ပိုများလာတယ်သွေးတိုးနှုန်းလဲခါတိုင်းထက်ပိုများနေတယ်

    အင်းသတင်းကောင်းဆိုတာကရော

         မနေ့ကကျူပ်ဂေါ့ဖ်ရိုက်တာသက်မှတ်ရိုက်ချက်ထက်လျော့ပြီးရိုက်နိုင်တယ်ဗျ


ဘယ်သူကိုပုန်းနေတာလဲ

တစ်နေ့တွင်ကျွန်ုပ်သည်မြေးငယ်ကလေးကိုဘုရားရှိခိုးကျောင်းသို့ပထမဦးဆုးအကြိမ်ခေါ်သွားခဲ့သည်

ဘုရားကျောင်းတွင်ဝတ်ပြုသည့်ခုံရှည်ကြီးနောက်တွင်ကျွန်ုပ်တို့ဒူးထောက်ထိုင်ချလိုက်သောအခါမြေးငယ်မလေးက

ကောက်ကာငင်ကာမေးလိုက်သည်

''သမီးတို့ဘယ်သူပုန်းနေတာလဲဟင်''
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #308 on: June 08, 2011, 04:30:23 PM »
အသစ်တော့ အသစ်ပဲ

ခေတ်ဆန်သော၊ အလှအပ ကြိုက်တတ်သော၊ ရဲတင်း ပွင့်လင်းသော မိန်းမပျို တဦးသည် လေယာဉ် ခရီးစဉ် တခုတွင် ဘုန်းတော်ကြီး တဦးနှင့် ဘေးချင်း ယှဉ်လျှက် လိုက်ပါလာ၏။

သူမသည် ရင်ခွင်ထဲမှ ခရီးဆောင် လက်ပွေ့အိတ်ကို ဖွင့်ယင်း အထဲမှာ ပါလာသော ပစ္စည်းတခုကို မကြာခဏ ထုတ် ထုတ်ကြည့် နေမိ လေ၏။ သူ၏ မျက်နှာ ပေါ်တွင်လည်း ထိတ်လန့်ခြင်း၊ စိုးရိမ်
သောက ဖြစ်ခြင်း၊ ကြံရာ မရ ဖြစ်ခြင်းက ဖုံးမရ ဖိမရ အထင်းသား
ပေါ်လွင်လျှက်ရှိသည်။

ထိုသို့ဖြင့် လိုက်ပါလာယင်း မကြာမီတွင် ရုတ်တရက် အကြံတခုရကာ နံဘေးမှ ပတီးစိပ်၍ လိုက်ပါလာသော ဘုန်းတော်ကြီး ဘက်သို့ လှည့်၍...

“တပည့်တော်ကို တခုလောက် ကူညီနိုင်မလား ဘုရာ့” ဟု ပြောလိုက်လေသည်။



ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သော သူမ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသော ဖာသာကြီးသည် စိပ်လက်စ ပုတီးကို ပေါင်ပေါ်တင်ရင်း...

“ပြောလေ ဒကာမလေး။ ကိုယ်တော် ကူညီနိုင်တာရှိရင် ကူညီတာပေါ့”

“ဟုတ်ကဲ့။ သမီး ဒီကနေ့ပဲ စူပါမားကက်ကနေ အမျိုးအစား ကောင်းတဲ့ နှုတ်ခမ်းနီတောင့် တတောင့်ကို ဈေးကြီးပေးပြီး ဝယ်လာခဲ့မိ လို့ပါရှင့်။ အသစ် စက်စက်မို့ လေဆိပ်က အကောက်ခွန်မှာ အခွန်တွေ အများကြီး ဆောင်ရမှာ
ကြောက်လို့... အဲဒါ ဖာသာကြီးရဲ့ ဝတ်ရုံသင်္ကန်း အောက်ထဲမှာ ဖွက်ပြီး
ယူသွားပေးဖို့ အကူအညီ တောင်းကြည့် တာပါ ရှင့်။”

“အင်း... ဒါလောက်တော့ လုပ်ပေးနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက လိမ်ပြောလို့ မရဘူးကွဲ့။ လေဆိပ်ရောက်လို့ အခွန်ဆောင်စရာ ပါသလား မေးရင် ဘုန်းဘုန်းက အမှန်အတိုင်း ဖြေရမှာ... ဒါလိုဆိုရင်ကော ဖြစ်ပါ့မလား
သမီးရဲ့...”

“မှန်ပါ” အမျိုးသမီးမှာ တချက် စဉ်းစားယင်း...

“ဟုတ်တော့ ဟုတ်တယ် ဘုန်းဘုန်းရဲ့။ ဒါပေမယ့် ဒီလိုလုပ်ရင် မဖြစ်နိုင်ဘူးလား” ဟုဆိုကာ ဘုန်းတော်ကြီးနား နားသို့ တိုးတိုးကပ်ပြော လိုက်သည်။

ထို့နောက် “အဆင်ပြေသွားမှာပါ ဘုရား” ..ဟုဆိုယင်း သူ၏ နှုတ်ခမ်းနီတောင့်ကို အိတ်ထဲမှ ထုတ်၍ ဘုန်းတော်ကြီးအား ပေးလိုက်လေ၏။

... ... ...

လေဆိပ်သို့ ရောက်သောအခါဝယ် တာဝန်ရှိသူ အကောက်အခွန် အရာရှိမှ ဘုန်းတော်ကြီးအား အခွန်ဆောင်ရန် ပစ္စည်းပါလျှင် ထုတ်ပြရန် တောင်းပန်လေ၏။ ထိုအခါ ဘုန်းတော်ကြီးက
အမျိုးသမီးငယ် နှင့် တိုင်ပင် ထားသည့်အတိုင်း...

“ဦးခေါင်းကနေ ခါးအထက်အထိတော့ ဘာမှ မပါပါဘူး ဒကာကြီးရဲ့” ဟု ဖြေလိုက်လေသည်။

ဘုန်းကြီး ဖြေလိုက်သော အဖြေကြောင့် ဇဝေဇဝါဖြစ်သွားသော အရာရှိက မကျေနပ်သေးဘဲ...

“ဒါဆို ခါးအောက်ပိုင်းမှာတော့ ပါလာတယ်လား ဘုရာ့” ဟု ပြန်၍ မေးပြန်လေ၏။

“အေးကွဲ့... ခါးအောက်ပိုင်းမှာတော့... ဘုန်းဘုန်းမှာ... အမျိုးသမီးတွေ အတွက် ဟို.. ဟိုဒင်း... ပစ္စည်းတခုတော့ ပါတယ်ကွဲ့... ဒါ.. ဒါပေမယ့် ဘုန်းဘုန်းဘဝမှာ တခါမှတော့ သုံးမကြည့် ဖူးသေးဘူး။ မောင်ရင်ကြည့်ချင်ရင်တော့ ကိုယ်တော် ထုတ်ပြမယ်လေ...”

ထိုသို့ ဖြေလိုက်သော အခါမှာတော့ အကောက်အခွန် အရာရှိ လူငယ်သည် အားရပါးရ ရယ်မောရင်း ဘာမှဆက်၍ မေးမြန်း မနေတော့ဘဲ ဘုန်းတော်ကြီးကို ဆက်လက် ထွက်ခွာခွင့် ပြုလိုက် လေတော့သတည်း။
+2

Offline chitchit

  • ပထမနှစ်
  • *
  • Posts: 15
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +124
Re: အမောပြေဟာသမှတ်စု
« Reply #309 on: June 08, 2011, 04:35:18 PM »

ယုတ္တိရှိတဲ့ အတွေး

တရားရုံးမှာ တစ်နေ့တော့ ရုံးတံဆိပ် ပျောက်သွားလေတယ်။  တရားသူကြီးက “
ရုံးတံဆိပ်တုံး ပျောက်သွားတာ ကြီးလေးတဲ့ ပြစ်မှုတစ်ခုဘဲ.. ဒီကိစ္စ
ကို (၃)ရက်အတွင်း ရအောင်ရှင်းစေ ” ဆိုပြီး သူ့အောက်က အမှုထမ်းကို
ညွှန်ကြားလိုက်တယ်။

နောက်တစ်နေ့ … အမှုထမ်းက… “ သံသယရှိတဲ့သူ (၃) ယောက်ကို ဖမ်းထားပြီးပါပြီ
တရားသူကြီးမင်း ခင်ဗျား “ လို့ပြောတယ်။ ဒီတော့ တရား သူကြီးက… “ ကောင်းပြီ
တစ်ယောက်ချင်းစီကို ငါကိုယ်တိုင် စစ်ချေမယ် “ ဆိုပြီး အမှု ကို စတင်စစ်ဆေး
လေတော့တယ်။

ပထမ သံသယရှိခြင်းခံရသူက ဒူးထောက်ခစားလျှက် ..” ကျွန်တော် ဘာမှမခိုးရပါဘူးဗျာ “
လို့ ပြောတယ်။ ဒီတော့ တရားသူကြီးက “ ဒါဆိုမင်းအဖေ ရော ဘာဆိုဘာမှ မခိုးဘူးဘူးလား
“ လို့မေးတယ်။ ဒီတော့ သံသယရှိခြင်းခံရသူက “ အဖေက သူ.. လူငယ်ဘ၀တုန်းကတော့
သူငယ်ချင်း တွေနဲ့ အပျော် ဖရဲသီးခိုးဘူးတယ် ပြောပါတယ် “ လို့ဖြေလေတယ်။ ဒီတော့
တရားသူကြီးက “ အိမ်း…မင်းက အဖေတူသားပဲ၊ မင်းလည်း သူခိုးဘဲ ဖြစ်ရ မယ်။ သူ့ကို
ပြီးရင် ကြိမ်ဒဏ် ပေးလိုက်စမ်းဟေ့..” လို့ပြောလိုက်တယ်။

အဲ့ဒီနောက် ဒုတိယ သံသယရှိခံရသူကို ဒူးထောက်ခစားစေပြီး စစ်ဆေးပြန်လေတယ်။

“ မင်း..ငါ့ရဲ့ တံဆိပ်တုံးကို ခိုးသလား “ ..လို့ တရားသူကြီးက မေးတယ်။ ဒုတိယ
သံသယရှိခံရသူက “ ကျွန်တော့် အဘိုးကတော့ မုန်လာဥနည်းနည်း ခိုးခဲ့ဘူးပါတယ်။
သူ့သူငယ်ချင်းကို စချင်စိတ်နဲ့ ခိုးယူခဲ့ဘူးတယ်လို့ ပြောတာ ကြားခဲ့ရဘူးပါတယ် “
လို့ဖြေတယ်။ ဒီတော့ တရားသူကြီးက “ “ ဘာဘဲဖြစ်ဖြစ် မင်းအဘိုးကလည်း သူခိုးဘဲ။
ဒီတော့ မင်းလည်းသူခိုးဖြစ်မှာဘဲ .. သူ့ကို ကြိမ်ဒဏ်ပေးစမ်းဟေ့ ..လို့
ပြောလိုက်တယ်။

တတိယ သံသယရှိခံရသူ အလှည့် ရောက်လာပါတော့တယ်..။

တရားသူကြီးက ထုံးစံအတိုင်း “ ဒူးထောက်ခစားစမ်း “ ..လို့ပြောလိုက်တယ်။ ဒီတော့
တတိယသံသယ ရှိခံရသူက “ ကျွန်တော် ဒူးမထောက်နိုင်ဘူး“ ..လို့ ရဲရဲဝံ့ဝံ့
ပြောလိုက်တယ်။ ဒီတော့ တရားသူကြီးက ဒေါသထွက်ပြီး “ မင်းကဘာလို့ ငါ့ကို ဒူးထောက်
မခစားနိုင်ရတာလည်းကွ ..ဟေ “ လို့ပြော လိုက်တယ်။

ဒီတော့ တတိယ သံသယရှိခံရသူ လူငယ်က “ ကျွန်တော့အဖေရဲ့ ခြေထောက်မှာ အနာစိမ်း
ရှိခဲ့ဘူးတယ်ဗျ။ ဒါကြောင့် ကျွန်တော် ဒူးမထောက်နိုင်ဘူး “
လို့ပြန်ပြောလိုက်တယ်။ ဒီတော့တရားသူကြီးက “ အဲ့ဒါ မင်းနဲ့ ဘာဆိုင်လို့တုန်းကွ “
လို့ ဒေါသတကြီး အော်ပြောလိုက်တယ်။

ဒီတော့ တတိယလူငယ်က “ ကျွန်တော့အဖေရဲ့ အနာစိမ်းက ကျွန်တော်နဲ့ မဆိုင်ရင်..
အခုရှေ့က ကြိမ်ဒဏ်အပေးခံရတဲ့ နှစ်ယောက်ကရော သူတို့ရဲ့ အဖေတွေ
အဘိုးတွေလုပ်ခဲ့တာနဲ့ ဘာများဆိုင်စရာ ရှိနိုင်ပါဦးမလည်းဗျာ..” လို့
ပြောလိုက်လေတယ်။

အဲ့ဒီအချိန်မှာ တရားသူကြီးမင်းရဲ့ မိန်းမက ကလေးငယ်တစ်ယောက် လက်ဆွဲပြီး
တရားစီရင်ရာ နေရာကို ၀င်လာလေတယ်။ပြီးတော့ သူမက “ သား..မင်းအဖေရဲ့ တံဆိပ်တုံး
မင်း.. ယူပြီး ကစားထားတာ မြန်မြန် ပြန်ပေးလိုက်ချေ “ ..လို့ ပြောလိုက်တယ်။
ကလေးရဲ့ လက်ထဲမှာတော့ ပျောက်ဆုံးနေတဲ့ တံဆိပ်တုံး။

အဲ့ဒီတော့.. သံသယနဲ့ ခေါ်လာခြင်းခံလာရတဲ့ လူ (၃) ယောက်က တရားသူကြီးကို
လက်ညိုးထိုးလျှက် တစ်ညီတစ်ညာထဲ အခုလိုပြောလိုက်တယ်။

“ ခင်ဗျားသား ခိုးတယ်နော်.. ။ အတူတူဘဲပေါ့။ ခင်ဗျားလည်း သူခိုးဘဲ။ ကြိမ်ဒဏ်ကို
ရဲရဲဝံ့ဝံ့  ခံယူသင့်တယ် ..။ “
+4

Tags: