Author Topic: အမောပြေဟာသမှတ်စု  (Read 432301 times)
0 Members and 1 Guest are viewing this topic.
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #290 on: June 08, 2011, 12:34:30 PM »
တိကျသူ
ကောင်မလေးက သူ့ချစ်သူ ကောင်လေးကို “မနေ့ညက ရှင့်နားမှာ ရှိနေတဲ့ ကောင်မလေးက ဘယ်သူလဲ”လို့ သံသယတွေ အပြည့်နဲ့ မေးလိုက်တဲ့ အခါ ကောင်လေးက “ဘယ်အချိန်လောက်တုန်းက တွေ့လိုက်ရတဲ့ ကောင်မလေးလဲ ဆိုတာ အရင် ပြောဦးမှပေါ့ကွ။ မင်းကလည်း တကယ်ပါပဲကွာ”လို့  ပြန်ပြောလိုက်ပါတယ်။
ဥာဏ်ကြီးရှင်
ကောင်လေး တစ်ယောက်က သူသဘော ကျနေတဲ့ ကောင်မလေး အနားကို ချဉ်းကပ်ပြီး “ဟေ့ မင်းကို ကြည့်ရတာ ဥာဏ်အမြော်အမြင် တော်တော်လေး ပြည့်စုံတဲ့ ပုံပဲကွ။ ကိုယ့်ကို လက်ထပ်ဖို့ စိတ်မ၀င်စားဘူးလား”လို့ စကားကမ်းလှမ်း လိုက်တယ်ဆိုရင်ပဲ ကောင်မလေးက “တော်ပါရှင်၊ ကျွန်မက ရှင်ထင်ထားသလို ဥာဏ်အမြော်အမြင် တော်တော်လေး ပြည့်စုံနေတာ မို့လို့ ရှင့်ကို လက်ထပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”လို့  တစ်ခါတည်း ပြတ်ပြတ်သားသား ငြင်းလိုက်ပါတယ်။
+3
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #291 on: June 08, 2011, 12:37:08 PM »
စာကြမ်းပိုး
စာကြမ်းပိုး ကောင်လေးရဲ့ ချစ်သူ ကောင်မလေးက “မောင် ကျွန်မကို စကားပြောဖို့ သတိရသေးရဲ့လား။ ဒီစာအုပ်ပုံတွေ ကြားမှာ နစ်နေတာနဲ့ ကျွန်မ အသက် ရှိသေးတယ် ဆိုတာကို မေ့နေတယ် ထင်ပါရဲ့။ တစ်ခါတလေ ကျွန်မသာ စာအုပ်တစ်အုပ် ဖြစ်သွားရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်သိလား။ အနည်းဆုံးတော့ မောင် ကျွန်မကို ဖတ်ကြည့်မှာပဲလေ”လို့  ညည်းတွား ရေရွတ်လိုက်တယ်ဆိုရင်ပဲ စာကြမ်းပိုး ကောင်လေးက “အချစ်ရဲ့ စိတ်ကူးလေးက မဆိုးဘူးလို့ ပြောရမယ်။ အချစ်သာ စာအုပ်တစ်အုပ် ဆိုရင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ စာအုပ်တွေနဲ့ စာကြည့်တိုက်မှာ နေ့တိုင်း အလဲအလှယ် လုပ်ပြီး မောင်ဖတ်လို့ ရတာပေါ့”လို့ ပြန်ပြောလိုက်လေရဲ့။
လေးစားလောက်ပါတယ်
 မိခင် ဖြစ်သူက “ငါ့သမီးရဲ့ ချစ်သူက ဘယ်လို လူစားမျိုးလဲကွယ်။ လေးစား အားကိုးလောက်ရဲ့လား”လို့ မေးလိုက်တယ် ဆိုရင်ပဲ သမီးက မဆိုင်းမတွ ဖြေလိုက်တာက “သိပ်သေချာတာပေါ့ မေမေရယ်။ သူ့အသက်က သုံးဆယ်၊ ဆေးလိပ်နဲ့ အရက်လည်း လုံးဝကင်းတယ်။ သူ့မှာ သိပ်တော်တဲ့ အိမ်ရှင်မ တစ်ယောက်ရယ်၊ သိပ်လိမ္မာတဲ့ ကလေး သုံးယောက်ရယ်လည်း ရှိသေးတယ်လေ”တဲ့။
+4
Online tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3305
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19230
Re: အမောပြေဟာသမှတ်စု
« Reply #292 on: June 08, 2011, 12:40:50 PM »
                      "    ဖွင့်   ပြော   ရ   မှာ   ပေါ့    "
                            မိန်းမက ယောင်္ကျားကို ပြောသည် ။
                       "    မောင်....ကျမ အိမ်ထောင်သည်မှန်းသိရင်  အလုပ်ရှင်က ကျမကို အလုပ်က ဖြုတ်ပစ်မယ်ရှင့်.."
                       "    ကျမတို့  ကလေးရခဲ့ရင် ဘယ့်နဲ့ လုပ်မလဲ.."
                       "    ဟ .. ကလေးကိုတော့ ဖွင့်ပြောရမှာပေါ့.."
                       "    မိန်း   မ   တို့    က   တိ    "
                            လက်အောက်က စာရေးမနှင့် ယောင်္ကျားဖြစ်သူ "  ငြိ  "   နေကြောင်း သတင်းရသဖြင့် မိန်းမက
                            ယောင်္ကျားကို ခြိမ်းခြောက်သည် ။
                       "    ရှင်..ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့ နော်..၊  အဲ့ဒီ့ကောင်မနဲ့  ဇာတ်လမ်းကို ရှင် ဖြတ်ရင်ဖြတ်...မဖြတ်ရင်
                            ကျမ  မြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုကိုယ် သတ်သေလိုက်မယ်..နားလည်းလား.."
                       "    ဟေ့..လာပြီး ခြိမ်းခြောက် မနေစမ်းနဲ့ ...မင်းတို့  မိန်းမတွေ ပြောသလို မလုပ်ဘူး..ဘယ်တော့မှ ကတိ
                            မတည်ဘူး ဆိုတာ သိပြီးသား..."
+3
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #293 on: June 08, 2011, 12:45:17 PM »
သြော်.. မိန်းမ မိန်းမ...............
သူ့မိန်းမက အဲဒီအံဆွဲလေးကို သော့ဖတ်ပြီး သော့ကိုအမြဲသိမ်းထားတယ်..
သူတောင်းကြည့်လဲ ပေးမကြည့်ဘူး..တရက်တော့ သူ့မိန်းမ ခရီးသွားတဲ့အချိန်
သော့ကို ဖျက်ပီး ဖွင့်ကြည့်လိုက်တယ်..
အထဲမှာ ဒေါ်လာ ၁သောင်းနဲ့ ကြက်ဥ ၃လုံးသာတွေ့ရတယ်.. သူ့မိန်းမပြန်လာတော့ မေးတာပေါ့..
ယောင်္ကျား..။။ မိန်းမ.. ဒီ ဒေါ်လာ ၁သောင်းနဲ့ ကြက်ဥ ၃လုံးက ဘာလဲ...။
မိန်းမ...။။။ကျမ တခါဖောက်ပြန်တိုင်း ကြက်ဥတလုံးဝယ်တယ်....။
ယောင်္ကျား...။။။အော်... ငါခွင့်လွှတ်ပါတယ်... ငါနဲ့ပေါင်းလာတာ နှစ်တွေ ဒီလောက်ကြာတာတောင်
၃ခါဘဲ ဖောက်ပြန်သေးတယ်ပေါ့... ဒါနဲ့ ဒီဒေါ်လာ ၁ သောင်းကရော....
မိန်းမ...။။။ သြော်.. ဒါလား.. ကြက်ဥ တဖာ ပြည့်တိုင်း သွားသွားရောင်းတာလေ...
+1
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #294 on: June 08, 2011, 12:48:16 PM »
သေချာလားအမေ...
ကိုထွန်းဝေက လူပျိုကြီး...
အမေက မိန်းမပေးစားတာလဲ အကြိမ်ပေါင်းမနည်း....
ဒီတခါတော့ အမေက ရန်ကုန်က သားကို အရေးကြီးလို့ အမြန်ပြန်လာပါလို့ သံကြိုးရိုက်ခေါ်တယ်...
ရွာပြန်ရောက်တော့............
သား.....။ ။ ဘာများဖြစ်လို့လဲအမေ...
အမေ... ။ ။သြော်.. ဘာမှမဟုတ်ပါဘူးသားရယ်..အမေတွေ့ထားတဲ့ ချွေးမလေးပြချင်လို့..
သား...။ ။ ဟာဗျာ... အမေကလဲ သားမယူချင်ပါဘူးဆို...
အမေ..။ ။ဒီတခါတော့ မရဘူးသား.. ကလေးမလေးက ဥစ္စာပေါ ရုပ်ချော အမျိုးကောင်းလေးပါ..
သား.. ။ ။မျိုးကောင်းတာ သေချာလို့လား အမေ...
အမေ..။ ။ သေချာလို့ ခေါ်ပြတာပေါ့ ကွဲ့..။
သား...။ ။ မျိုးကောင်းတယ်ဆိုရင် တနှစ် ..နှစ်သားကျပါ့မလားအမေ...တဲ့...။။။။
သယ်ရင်းတို့လဲ အမေပေးစားလို့ရှိရင် သေချာမေးနော်... ;D
+4
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #295 on: June 08, 2011, 12:55:05 PM »
မဟုတ်ဘူးလို့ ပြောပါတယ်
ရွာတရွာမှာ ဦးထွားဆိုတဲ့ လူကြီးတယောက်ရှိတယ်..။ သူ့မှာနွားမတကောင်နဲ့ နွားပေါက်လေးတကောင်ရှိပြီး လယ်အလုပ်ကို လုပ်ပါတယ်.။ စီးပွားရေးကလဲသိပ်အဆင်မပြေရှာဘူးပေါ့။ တနေ့မှာ ဟိုဘက်ရွာမှာနွားရောင်းပွဲရှိတာနဲ့ ရှိတဲ့နွားလေးရောင်းပြီး မြို့တက်အလုပ်လုပ်မယ်လို့စိတ်ကူးသတဲ့။ ညနေစောင်းမှာ နွားသားအမိကိုဆွဲလို့ ထွက်လာတာပေါ့။
အချိန်ကလဲ မှောင်ရီပြိုးစဆိုတော့ ခြေလှမ်းကိုခပ်သွက်သွက်လှမ်းလာရင်း တနေရာအရာက် ဗြုန်းဆို ဒမြ တွေနဲ့တိုးပါရောလား။ ဒမြ ၃ ယောက်က သူ့လည်ပင်းကိုဓားနဲ့ထောက်ပြီး ရှိတာအကုန်ယူတော့တာပေါ့..။ နောက်ဆုံး သူ့ကို သစ်ပင်တပင်မှာကြိုးချည်ပြီး အ၀တ်အစားတွေပါချွတ်ယူ. နွားမကိုပါဆွဲပြီး ထွက်သွားကြရော..။ နွားပေါက်ကလေးကိုတော့ ထားခဲ့သတဲ့..........................
နောက်နေ့ မနက်မှာ ရွာသားတွေကတွေ့တော့ သူ့ကိုကြိုးဖြည်ပေးကြတယ်... အဲ............. ကြိုးဖြည်ဖြည်ပေးချင်း အဲဒီလူက နွားကလေးကို တုတ်တချောင်းနဲ့ ရိုက်တော့တာဘဲ..။ အဲဒါနဲ့ ရွာသားတွေက " ခင်ဗျားနွားလေးကိုဘာလို့ရိုက်တာလဲဗျ.. သူ့ခမျာ နို့ဆာနေရှာတာလို့ ၀ိုင်းပြောကြတယ်"
ဒါနဲ့ အဲဒီလူကြီးက ............................................
" ဒီကောင့်ကို ငါပြောတယ် နားမထောင်ဘူး "
" ငါမင်းအမေမဟုတ်ပါဘူးလို့ " ................
+3
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #296 on: June 08, 2011, 01:21:57 PM »
ဥုံဖွ
တစ်နေ့မှာတစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြတဲ့ သဘောင်္သားသုံးယောက်ရှိတယ်တစ်နေ့တော့သူတို့ခရီးသွားကြတုန်း မုန်တိုင်းတိုက်ပါလေရော သူတို့သုံးယောက်လုံးလည်း ကျွန်းကြီးတစ်ကျွန်းပေါ်ရောက်သွားကြတာပေါ့ အဲဒါနဲ့ ကျွန်းကြီးပေါ်သူတို့လိုက်ကြည့်နေတုန်း မီးခွက်တစ်ခွက်ကောက်ရတော့ ပုံပြင်ထဲကအတိုင်းမီးခွက်စောင့်ဘီလူးကြီးထွက်လာတယ်....ဘီလူးကြီးက”ကဲအသင်လူသားတို့လိုရာဆုကိုတစ်ခုတောင်းစေတဲ့..သဘောင်္သားနံပတ် 1 ကတော့ ”ကျွန်တော်ကတော့အိမ်နဲ့မခွဲနိုင်ဘူး အိမ်ကိုအရမ်းသတိရတယ် အိမ်ကိုပြန်ပို့ပေးပါ“ ပေါ့လို့ပြောတယ် ဘီလူးကြီးကလည်း“အပ်ချလောင်း ရောက်စေ“ နံပတ်2 သဘောင်္သားကလည်းအဲဒီအတိုင်းပဲဆိုတော့ ”အပ်ချလောင်းရောက်စေပေါ့” နောက်ဆုံးနံပတ် 3 အလည့်လည်းရောက်ရော ”ကဲမင်းလည်းလိုရာဆုတစ်ခုတောင်းပေါ့“ သူကပြောလိုက်တယ် ဟိုကောင်တွေမရှိရင်မနေတတ်ဘူး ကျွန်တော်က အဲဒီကောင်တွေကို ဒီကျွန်းပေါ်ရောက်အောင်ပြန်ခေါ်ပေးလို့ ပြောလိုက်တယ်“တဲ့
+1
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #297 on: June 08, 2011, 02:01:42 PM »
ဘယ်သူ့သားလေးလည်း...
ရန်ကုန်မြို့ တစ်နေရာမှာ ယဉ်တိုက်မှုတစ်ခုဖြစ်တုန်းကပေါ့........လူတွေလည်းဝိုင်းအုံကြည့်နေကြတော့ ယဉ်ကြောလည်းခေတ္တပိတ်သွားတာပေါ့။အဲဒီအချိန်မှာရှေ့ နေတစ်ယောက် ကားပေါ်ကဆင်းလာတယ်....ဘယ်သူတိုက်သွားတာလည်း ဘယ်သူအတိုက်ခံရသလဲ ဆိုတာ ရှေ့ နေပီပီသိချင်တာပေါ့ အဲဒါနဲ့ လူအုပ်ကြီးအနားတိုးသွားခဲ့တယ် ..မမြင်ရဘူး ဘယ်သူလဲဆိုတာ ရှေ့ ဆက်တိုးလို့ကလဲ မဖြစ်...အဲဒါနဲ့ပဲ ရှေ့ နေအကြံတစ်ခုရသွားတယ် ချက်ချင်းအသုံးချလိုက်ပါတယ် “ဖယ်ကြပါဗျာ ခုတိုက်သွားတာ ကျွန်တော့် အဖေပါဗျာ ဖယ်ပေးကြပါ“ သူအော်လိုက်တယ် လူအုပ်ကြီးလည်း သူ့ကိုအံ့သြတဲ့ မျက်နှာနဲ့ ၀ိုင်းကြည့်ကြတယ် ပြီးတော့ တဖြည်းဖြည်းချင်းဖယ်ပေးလိုက်ကြတယ်။ အဲဒါနဲ့ သူ့ လည်း အားရ၀မ်းသာနဲ့ သွားလည်းကြည့်လိုက်ရော ခွေးလေးတစ်ကောင် လမ်းမပေါ်မှာ ကွေးကွေးလေး သေလို့။
+4
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #298 on: June 08, 2011, 02:37:13 PM »
ဖုန်းဆက်လိုက်မယ်
''ညနှစ်နာရီတိတောင်ထိုးနေပြီ၊မင်းတစ်ညလုံးဒီမှာနေတော့မှာလား''
ဖခင်ဖြစ်သူသည်အိမ်အောက်ထပ်သို့ဆင်းလာပြီးညဥ့်နက်သည့်တိုင်အောင်မပြန်သးပဲရှိနေသည့်သမီးဖြစ်သူ၏
ချစ်သူလူငယ်အားပြောလေသည်
''ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ကျွန်တော်အိမ်ကိုဖုန်းဆက်အကြောင်းကြားလိုက်ပါ့မယ်''
ညစာထဲမှာပါတယ်
စားပွဲထိုး။        ။အချိုပွဲယူဦးမလားခင်ဗျာ
ညစာစားသူ။     ။ကျွန်တော်အတွက်လား၊၀နေပါပြီဗျာ၊နည်းနည်းလေးတောင်မစားနိုင်တော့ပါဘူး
စားပွဲထိုး။        ။အခုခင်ဗျားစားတဲ့ညစာအတွက်ကျသင့်ငွေထဲမှာထည့်တွက်ပြီးသားပါခင်ဗျာ
ညစာစားသူ။     ။ဟုတ်လား၊ဒါဆိုရေခဲ့မုန့်ရယ်၊ချော့ကလက်ရယ်ကိတ်မုန့်ရယ်ယူခဲ့ပါ
+5
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #299 on: June 08, 2011, 02:40:10 PM »
အလိမ္မာဆုံး
တစ်နေ့တွင်ကလေးငါးယောက်၏ဖခင်ဖြစ်သူသည်ကလေးကစားစရာအရုပ်တစ်ရုပ်နှင့်အိမ်ပြန်လာသည်။
ကလေးများအားလုံးကိုခေါ်ပြီးပြောလေရာ
''ကဲကလေးမင်းတို့အထဲကအလိမ္မာဆုံး၊အမေကိုပြန်မပြောပဲခိုင်းသမျှလုပ်တဲ့သူဟောဒီအရုပ်ဆုချမယ်''
ကလေးများမှာတစ်ခဏကြာမှစဉ်းစားပြီးပြိုင်တူပြောလိုက်လေသည်
''အဲဒါဆိုအဲဒီအရုပ်နဲ့ဖေဖေပဲကစားတော့''
ကိုင်ထားရုံ
သားငယ်အားမိခင်ဖြစ်သူကသတိပေးလိုက်သည်
''သားကြောင်အမြီးဆွဲမထားနဲ့လေ''
သားငယ်ဖြစ်သူကပြန်ပြောလိုက်လေရာ
''သားကကိုင်ထားရုံကိုင်ထားတာပါမေမေကြောင်ကသာဆွဲနေတာ''
+5
Tags: