Author Topic: အမောပြေဟာသမှတ်စု  (Read 426591 times)

0 Members and 3 Guests are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #280 on: June 07, 2011, 01:42:51 PM »
ခေတ်သစ် သစ်ခုတ်သမားပုံပြင်

ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်ဟာ ပရိုဂရမ်တစ်ပုဒ်ကို အသစ်ရေးဆွဲဖို့ လူသူရှင်းတဲ့ မြစ်ကမ်းဘေးက သစ်ပင်ကြီးတစ်ပင်အောက်ကို ရောက်ရှိနေခဲ့ပါတယ်။ သူဟာ သူရဲ့ Pentium ကွန်ပျူတာကို ပေါင်ပေါ်တင်ပြီး စိတ်ဝင်တစား အလုပ်လုပ်နေရင်း သူရေးဆွဲတဲ့ ပရိုဂရမ်ဟာ အောင်မြင်စွာပြီးဆုံးသွားတာကြောင့် မြစ်ကမ်းဘေးမှာ ရောက်နေတာကို သတိမေ့ပြီး ၀မ်းသာအားရ မတ်တပ်ရပ်လိုက်တော့ သူ့ရဲ့ လက်ပ်တော့ကွန်ပျူတာဟာ ပေါင်ပေါ်ကနေ လျှောပြီး မြစ်ထဲကျသွားပါတော့တယ်။
ကွန်ပျူတာရေထဲကျသွားတော့ စိတ်ညစ်သွားတဲ့ အင်ဂျင်နီယာဟာ ရုတ်တရက် ငယ်ငယ်တုန်းက သူအမြဲကြားခဲ့ရဖူးတဲ့ သစ်ခုတ်သမားနဲ့ ပုဆိန် ပုံပြင်ကို သတိရလိုက်ပါတယ်။ အဲဒီအခါမှာ သူဟာ မြစ်စောင့်နတ်သမီးကို တိုင်တည်ပြီး ဆုတောင်းလိုက်ပါတယ်။ အဲဒီခါ မြစ်စောင့်နတ်သမီးက ကိုယ်ထင်ပြလာပြီး “ဘာအတွက် သူ့ကိုတိုင်တည်ပါသလဲ” လို့မေးတော့ အင်ဂျင်နီယာက သူ့ကွန်ပျူတာ ရေထဲကျသွားကြောင်း နတ်သမီးကို ပြောပြပါတယ်။ပုံပြင်ထဲက အတိုင်းပါဘဲ။ နတ်သမီးက အင်ဂျင်နီယာရဲ့ ရိုးသားမှုကို စမ်းချင်တော့ မီးခြစ်ဆံဗူးကလေးကို မြစ်ထဲက ယူလာပြီး “ဒါဟာ ရေထဲကျသွားတဲ့ ကွန်ပျူတာလား”လို့ အင်ဂျင်နီယာကို ပြပါတယ်။ ဒီတော့ အင်ဂျင်နီယာကလည်း ကွန်ပျူတာကိုတောင် မသိတဲ့ နတ်သမီးရဲ့ ခေတ်ရဲ့ ဗဟုသုတ နည်းပုံကို စိတ်ပျက်သွားပြီး သူ့ကွန်ပျူတာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။
ဒါနဲ့ နတ်သမီးက နောက်တစ်ကြိမ်မှာ  ခပ်သေးသေး အိတ်ဆောင်ဂဏန်းပေါင်းစက် တစ်လုံးကို ယူလာပြီး ပြပြန်ပါတယ်။ အင်ဂျင်နီယာကလည်း စိတ်ပျက်လက်ပျက်နဲ့ မဟုတ်ကြောင်း ငြင်းပြန်ပါတယ်။
ဒါနဲ့ တတိယတစ်ကြိမ်မှာတော့ နတ်သမီးက အင်ဂျင်နီယာရဲ့ လက်ပ်တော့အစစ်အမှန်ကို ရေထဲက ယူလာပြီး ပြပြန်ပါတယ်။ ပုံပြင်ထဲက အတိုင်းဆို နောက်ဆုံးတစ်ကြိမ်ဖြစ်တာကြောင့် အင်ဂျင်နီယာမှာ ပုံပြင်ထဲက သစ်ခုတ်သမားလို အကောင်းစားတွေ ရဖို့၊ ကံကောင်းဖို့ အခွင့်အရေး မရှိတော့ပါဘူး ။ ဒါနဲ့ သူက “ဟုတ်ပါတယ်” လို့ မဖြေချင်ဖြေချင်နဲ့ ဖြေလိုက်ပါတယ်။ နတ်သမီးဟာ အင်ဂျင်နီယာရဲ့ ရိုးသားမှုအတွက် ၀မ်းသာသွားပြီး သူမြစ်ထဲက ယူလာပြတဲ့ ပစ္စည်း သုံးခုလုံးကို အင်ဂျင်နီယာကို ပေးလိုက်ဖို့ ပြင်လိုက်ချိန်မှာဘဲ အင်ဂျင်နီယာက နတ်သမီးကို “ နတ်သမီး ခင်ဗျားက ကျုပ်ရဲ့ ကွန်ပျူတာအစစ်ကို မပြခင် ပထမနဲ့ ဒုတိယ ၂ကြိမ်လုံးမှာ ကျုပ်ကွန်ပျူတာထက် ပိုကောင်းတဲ့ အမျိုးအစားတွေကို ပြရမယ်ဆိုတာ နည်းနည်းမှ မသိဘူးလား။ ခင်ဗျား သစ်ခုတ်သမား ပုံပြင် မကြားဖူးဘူးထင်တယ်… ပြီးတော့ ကွန်ပျူတာဆိုတာလည်း အရင်က မတွေ့ဖူးဘူးထင်တယ်” လို့ ပြောလိုက်ပါတယ်။
ဒီလိုအပြောခံလိုက်ရလို့ နှာတင်းပြီး စိတ်ဆိုးသွားတဲ့ နတ်သမီးက ငါသိပါတယ်ဟဲ့ ငတုံးရဲ့။ နင်သာ ငတုံး ငအ။ ငါ ပထမနဲ့ ဒုတိယ ယူလာပြတဲ့ ဟာတွေက ခုနောက်ဆုံးပေါ်နည်းပညာနဲ့ IBM ကုမ္ပဏီထုတ် Trillennium နဲ့ Billennium ကွန်ပျူတာတွေ၊ နင့်ဟာက  Pentium အဆင့်ဘဲ ရှိတယ်” လို့ ပြောလိုက်ပြီး အင်ဂျင်နီယာရဲ့ လက်ပ်တော့နဲ့အတူ နတ်သမီးဟာ ပျောက်ကွယ်သွားပါတော့တယ်။ သစ်ခုတ်သမားပုံပြင်ကို အားကျတဲ့ အင်ဂျင်နီယာဟာ သူတစ်ပါးကို အထင်သေးလိုက်မိတဲ့ အတွက် ကွန်ပျူတာ အကောင်းစားတွေကို မရတဲ့အပြင် ကိုယ်ပိုင် ကွန်ပျူတာပါ ဆုံးရှုံးသွားပါတော့တယ်။


ဖတ်ဖူးသမျှထဲမှ
+6

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #281 on: June 07, 2011, 02:03:52 PM »
ကဲ.....အေးရော

အမြန်မောင်းတဲ့ ကားတစ်စင်းနောက် ရဲကားတစ်ကားလိုက်လာတယ်။ တစ်နေရာမှာ မီတော့ ရဲက ကားသမားကို

"ခင်ဗျာ ဘာလို့ ဒီလောက် အမြန်မောင်းရသလဲ? ဒဏ်ငွေ အများကြီးဆောင်ရမယ်ဆိုတာ မသိဘူးလား?
ဒီငွေတွေနဲ့ တခြားအလုပ်လုပ်နိုင်တယ်ဆိုတာ မသိဘူးလား?"

"ဟုတ်ကဲ့ သိပါတယ်. . အဲဒီငွေတွေနဲ့ ကျွန်တော်လိုင်စင်သွားဖြေလို့ရပါတယ်"

"လိုင်စင်မရှိပဲနဲ့ ခင်ဗျာကားမောင်းတယ်..."

အဲဒီမှာ ကားသမားမိန်းမက စကားအမြန်ဖာတယ်။

"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်.. ကျွန်မအမျိုးသားက အရက်မူးလာရင် စကားလျှောက်ပြောတတ်တယ်"

"ဘာ... လိုင်စင်လည်းမရှိဘူး... အရက်သောက်ပြီး ကားမောင်းတယ်"

အဲဒီမှာ နောက်ခန်းမှာထိုင်တဲ့ အဘွားအိုတစ်ဦးက

"အဲဒါကြောင့် အစကတည်းကပြောတာပေါ့... ခိုးလာတဲ့ကားကို အမြန်မမောင်းပါနဲ့လို့.........."
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #282 on: June 07, 2011, 02:06:12 PM »
ဟိဟိ တွေးမကြည့်ရ ဆုံးအောင်ဖတ်ပါ..

မင်္ဂလာဦးညမှာပေါ့.....

ကောင်လေးကကောင်မလေးကိုပြောတယ်... ကို.. သွင်းကြည့်မယ်နော်..

ကောင်မလေး.... အင်း....

ကောင်လေး .... ဟောဝင်သွားပြီ...

ကောင်မလေး ... အင်း...

ကောင်လေး... သိပ်ကြပ်နေလားဟင်...

ကောင်မလေး... ဟင့်အင်း...အနေတော်ပဲ

ကောင်လေး.... ....

ကိုပေးတဲ့လက်စွပ်ကို တစ်သက်လုံး ၀တ်ထားရမယ်နော်..။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #283 on: June 07, 2011, 02:25:57 PM »
အာဒမ် နဲ့ ဧဝ

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။

ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။"ဂျီးဆပ် ခရစ်"(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော် ပြန်လေသည် )
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #284 on: June 07, 2011, 02:41:46 PM »
သားလိမ္မာ

A      ၊   ကျနော်.မှာ  အရမ်းကိုလိမ္မာတဲ.သားတစ်ယောက်ရှိတယ်
 B      ၊    ခင်ဗျားသား ဆေးလိပ်သောက်လား
 A      ၊    မသောက်ဖူးဗျ
 B      ၊    ယမကာတွေရောသောက်တတ်လား
 A      ၊    နိုး
 B      ၊     ညဥ့်နက် သန်းခေါင်မှ အမြဲအိမ်ပြန်လာလေ့ရှိလား
 A      ၊     မရှိဖူးဗျ
 B      ၊     ခင်ဗျား ကံကောင်းတာပေါ.။ ဒီအတိုင်းဆိုရင် ခင်ဗျားမှာတကယ့်ကို
               လိမ္မာတဲ့သားတစ်ယောက်ရှိနေပြီလို. ဆိုနိုင်ပါတယ်၊ နေပါဦး၊ သူ.အသက်
               ဘယ်လောက်ရှိပြီလဲဗျ။
 A      ၊     လာမယ့် ဗုဒ္ဓဟူးနေ.ဆို ဒီကောင့်အသက် ခြောက်လတင်းတင်းပြည့်ပြီ
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #285 on: June 07, 2011, 03:02:01 PM »
ငါ့အမေ

တစ်ခါက ရွာတစ်ရွာတွင် အသက်ငယ်ရွယ်သော ဦးဇင်းလေးတစ်ပါးရှိလေသည်၊ ထိုဦးဇင်းလေးသည် တရားပေးရာ၌ အလွန်ကောင်းမွန်လေသည်၊ အထူးသဖြင့် အသုဘတရားဟောကြားရာတွင်  အားသန်ပြီး ဦးဇင်းလေးဟောကြားသော အသုဘတရား နာယူရသူများသည် ပူဆွေးသောကများ သက်သာရာရကြသဖြင့် ဦးဇင်းလေးအား အလွန်ပင် ကြည်ညိုသဒ္ဒါ ဖြစ်ကြလေသည်။

                         တစ်နေ့တွင် ဦးဇင်းလေး၏မိခင်ဖြစ်သူသည် ရုတ်တရက် ကွယ်လွန်လေသည်၊ ရွာမှ ဒကာ/ဒကာမများလည်း ဦးဇင်းလေး မိခင်၏ အသုဘသို့ သွားရောက်ကြလေရာ ဦးဇင်းလေးသည် ခေါင်းရင်းဘက်တွင် ထိုင်၍ တရှုံ့ ရှုံ့ ငိုကြွေးလျှက်ရှိလေသည်၊ ဒကာများလည်း အသုဘရှင်ဖြစ်သော ဦးဇင်းလေးဟောမည့် တရားအား နာယူမှတ်သားနိုင်ရန် စောင့်ဆိုင်းနေကြလေသည်။

                         ထိုသို့ ဦးဇင်းလေး ငိုနေရာ အချိန် ကြာလာသေအခါ အသုဘလာရောက်သူ ဒကာတစ်ဦးမှ စိတ်မရှည်သဖြင့်  `` အရှင်ဘုရား ဘာ့ကြောင့် ဒီလောက်ငိုနေရတာတုံးဘုရာ့၊ သူများတွေ ဆုံးတုံးကတော့ ဦးဇင်းတရားနာပြီး ဖြေသိမ့်နိုင်ကြသေးတာပဲ၊ ဦးဇင်းလဲ ကိုယ့်ဟာကိုယ် တရားနဲ့ ဖြေပေါ့ ´´ ဟု ပြောလိုက်လေရာ ဦးဇင်းလေးသည် ငိုထားသောမျက်လုံးနီနီကြီးများဖြင့် ဒကာအား စူးစိုက်ကြည့်ကာ ``ဟကောင်ရ ဒါက ငါ့အမေကိုးကွ ´´ ဟု ပြောလိုက်လေတော့သတည်း။
+2

Offline tuntunlin009

  • ပထမနှစ်
  • *
  • Posts: 1
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +5
Re: အမောပြေဟာသမှတ်စု
« Reply #286 on: June 07, 2011, 07:53:10 PM »
အကြောင်းသိပြီးသား[/color]

ဓာတုဗေဒဆရာမက အက်ဆစ်ရဲ့ ဂုဏ်သတ္တိတွေကို ရှင်းပြနေတယ်။
သူဟာ အက်ဆစ်ထည့်ထားတဲ့ခွက်ကို ယူလိုက်ပြီး သူ့လက်က လက်စွပ်ကိုပါ ချွတ်လိုက်တယ်။
``အခု ဆရာမ လက်စွပ်ကို အက်ဆစ်ထဲ ထည့်လိုက်မယ်။ လက်စွပ်ဟာ အက်ဆစ်ထဲမှာ ပျော်ဝင်သွားမှာလား´´
``မပျော်ဝင်နိုင်ပါဘူး ဆရာမ´´တဲ့။
ဘာတီက သွက်သွက်လက်လက်ဖြေတယ်။
``ဟုတ်တယ်… မင်းဘယ်လို သိသလဲကွယ့် ဘာတီ´´
``ပျော်ဝင်နိုင်မှဖြင့် လက်စွပ်ကို အက်ဆစ်ခွက်ထဲ ဆရာမ ဘယ်ထည့်လိမ့်မလဲ´´

@facebook
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #287 on: June 08, 2011, 11:11:25 AM »
အော်နေတာကိုး

မေမေက မိစုကို ဂီတပွဲခေါ်သွားတယ်။ ဂီတပွဲစင်မြင့်ပေါ်က တုတ်တံလေးကိုင်ပြီး
ဟိုရမ်းဒီရမ်းလုပ်နေတဲ့လူကို မိစုအရမ်း စိတ်ဝင်စားမိတယ်။
တုတ်တံရမ်းနေတဲ့လူကိုကြည့်လိုက် အသံမြင့်သီချင်းဆိုတဲ့
အဆိုတော်ကိုကြည့်လိုက်နဲ့ မိစု ခေါင်းထဲ မေးခွန်းတချို့ဝင်လာတယ်။ အဲဒီလိုနဲ့
ပွဲပြီးတော့ မေမေကို မိစုမေးတယ်။

"မေမေ... မေမေ... စင်မြင့်ပေါ်က ဟိုဦးဦးက တုတ်ကိုင်ပြီး ဘာဖြစ်လို့
ဟိုဒေါ်ဒေါ်အဆိုတော်ကို ခြိမ်းခြောက်နေရတာလဲ?"

"မခြောက်ပါဘူး သမီးရဲ့.. သမီး ဘာဖြစ်လို့ ဒီလိုမေးရတာလဲ?"

"ဟိုဒေါ်ဒေါ် ငယ်သံပါအောင် အော်နေလို့လေ..."
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #288 on: June 08, 2011, 11:13:23 AM »
ဂျပန်ငလျင်ကြောင့် နျူကလီးယား ဓါတ်ပေါင်းဖိုပေါက်ကွဲတော့ တရုတ်ပြည်နေရာအများမှာ
"ဆား"လုပွဲဖြစ်ခဲ့တယ်။ ဆားထဲပါတဲ့ အိုင်အိုဒင်းဓာတ်က နျူကလီးယားအန္တရာယ်ကို
ကာကွယ်ပေးနိုင်တယ်ဆိုလို့ဖြစ်
တယ်။ ဆားလုပွဲအကြောင်းကို တရုတ်ပြည်သူတချို့က
လှောင်ပြောင်ရှုတ်ချပြီး အခုလို အင်တာနက်ပေါ်မှာ "ဆား"အကြောင်းတွေကို ဟာသလို၊
ပုံပြင်လို၊ သံချပ်လိုအမျိုးမျိုးနဲ့ ကဲ့ရဲ့ဝေဖန်ခဲ့ကြတယ်။ အဲဒီထဲက
ဟာသတချို့ကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

(၁)
လောကမှာ နာကျင်တာက ဘာလဲ?
နျူကလီးယား မလာသေးဘူး။ ဆားကုန်သွားတာဖြစ်တယ်။

လောကမှာ အနာကျင်ဆုံးက ဘာလဲ?
နျူကလီးယား လာပြီ ဆား အသုံးမဝင်တော့တာဖြစ်တယ်။

လောကမှာ အနာ့အနာကျင်ဆုံးက ဘာလဲ?
ပိုက်ဆံတွေအားလုံး ဆားဝယ်လိုက်ပြီး ဆန်ဝယ်ဖို့ ပိုက်ဆံမရှိတာဖြစ်တယ်။

လောကမှာ အနာ့အနာ့အနာကျင်ဆုံးက ဘာလဲ?
ဆားစားလို့ လူကငန်သေသွားပြီ ဆားက သုံးလို့မကုန်သေးတာဖြစ်တယ်။

(၂)
မ....... ကားရှိလား?
ကျား... မရှိဘူး။
မ....... အိမ်ရှိလား?
ကျား... မရှိဘူး။
မ....... ဘဏ်စာအုပ်ရှိလား?
ကျား... မရှိဘူး။
မ....... ဒါနဲ့များ ကျွန်မကို ချစ်ချင်သေးတယ်....
ကျား... ကျွန်တော့်မှာ ဆားရှိတယ်။
မ...... အိုး! ချစ်စေ..

(၃)
သနားစရာ ဂျပန်တွေ
ငလျင်လှုပ်လို့ လူတချို့သေကုန်တယ်။
ဆူနာမီကြောင့် တချို့သေပြန်တယ်။
နျူကလီးယားငွေ့ကြောင့် တချို့သေပြန်တယ်။
အသက်ရှင်ကျန်ခဲ့တဲ့ ဂျပန်တွေက တရုတ်တွေ ဆားလုတာကိုတွေ့လို့ ရယ်လိုက်တာအူတက်ပြီး
တချို့သေပြန်တယ်။

(၄)
ဂျပန်ငလျင်ပြီးနောက် လူ၃ယောက်သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ အဲဒီလူတွေက ဂျပန်၊
ကိုးရီးယားနဲ့ တရုတ်တို့ဖြစ်တယ်။ သူတို့၃ယောက်ကို နတ်မင်းကြီးက မေးတယ်။
"မင်းတို့ ဘယ်လိုသေကြတာလဲ?"

ဂျပန် "ဆူနာမီကြောင့် သေတာပါ"
ကိုးရီးယား "နျူကလီးယားဓာတ်ငွေ့ကြောင့် သေတာပါ"
တရုတ် "ဆားစားလို့ ငန်ပြီးသေတာပါ"

Forward Mail မှ ရတာလေးပါ။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #289 on: June 08, 2011, 12:30:09 PM »
အသက်အရွယ် အရ

သူငယ်ချင်း နှစ်ယောက် ဆုံကြတဲ့ အချိန်မှာ ပထမ သူငယ်ချင်းက “အခုခေတ် မိန်းကလေး တွေက အသက် အရွယ်ကို ခန့်မှန်းရ တော်တော် ခက်တယ်ကွ”လို့ ပြောလိုက်ပါတယ်။ အဲဒီ အခါမှာ ဒုတိယ သူငယ်ချင်းက“ဒါများကွာ အလွယ်လေးပါ။ သူတို့ကို ချီးမွမ်းကြည့်လိုက်တာနဲ့ ဘယ်အရွယ်လဲ ဆိုတာ ခွဲခြားလို့ ရတယ်။ နှစ်ဆယ်ဝန်းကျင် မိန်းကလေးသာ ဆိုရင် သေချာတာက ရှက်သွေးဖြာ သွားမယ်။ သုံးဆယ် ၀န်းကျင်ဆိုရင်တော့ မင်းက မဆိုးဘူးလို့ မှတ်ချက်ချမယ်။ အဲ လေးဆယ်ဝန်းကျင် မိန်းမတစ်ယောက် ဖြစ်နေရင်တော့ မင်းသူ့ဆီက ဘာများ လိုချင်နေတာပါလိမ့်လို့ သံသယ မျက်လုံးတွေနဲ့ ကြည့်လိမ့်မယ်”လို့ အတွေ့အကြုံ ကြွယ်ဝတဲ့ သူတစ်ယောက်လို ရှင်းပြပါတယ်။

 
မင်းမဟုတ်တဲ့ တခြားတစ်ယောက်

ကောင်လေးက သူမြတ်မြတ်နိုးနိုး ချစ်နေမိတဲ့ မမရဲ့ မျက်ဝန်းတွေကို စူးစိုက်ကြည့်ရင်း “မမရယ် ကျွန်တော့် နှလုံးသားတွေ တစ်စစီကြွေ ကုန်ပါပြီ။ အဲဒီလိုဖြစ်အောင် မမ လုပ်ရက်တယ်ဗျာ။ ဘာလို့လဲ ဆိုရင် မနေ့က မမကို တခြား ယောက်ျားတစ်ယောက်နဲ့ ကျွန်တော် တွေ့လိုက်ရတယ်လေ”လို့ ကြေကွဲ ဆို့နင့်စွာ ပြောလိုက်ပါတယ်။ အဲဒီ အချိန်မှာ မမက ကောင်လေးအထင် မလွဲအောင် ကပျာကယာ ဖြေရှင်းလိုက်ပုံက “အိုကွယ် ကလေးရယ်။ မင်းအထင် လွဲနေတာပါ။ အဲဒီလူက မမခင်ပွန်းကွဲ့။ မမအတွက် မင်းမဟုတ်တဲ့ တခြားတစ်ယောက် ဆိုတာ လုံးဝ မရှိပါဘူးကွယ်”တဲ့။
+4

Tags: