Author Topic: အမောပြေဟာသမှတ်စု  (Read 439771 times)

0 Members and 1 Guest are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #270 on: June 06, 2011, 08:24:07 PM »
ငါမဟုတ်ဘူး

သစ်ခုတ်သမား နှစ်ဦးသည် အိမ်တစ်အိမ်၏ ရှေ့တွင် ရပ်လိုက်ပြီး တံခါးကို ခေါက်လိုက်သည်။
“နေကောင်းရဲ့လား ၊ ဂျက်”
“ကောင်းတယ် ၊ သူငယ်ချင်းတို့”
“ငါနဲ့ အယ်ဒီနဲ့ အခုပဲတောထဲမှာ လူသေ အလောင်းတစ်လောင်းတွေ့ခဲ့တယ် ၊ ငါတို့က သေတဲ့သူက မင်းထင်လို့”
“ဒါနဲ့ သူ့ ပုံပန်းက ဘယ်လိုရှိလဲ”
“အရပ်အမောင်းက မင်းအရွှယ်ပဲ”
“ရှပ်အင်္ကျီ အနီရောင်နဲ့လား”
“မဟုတ်ဘူး အညိုရောင်ကွ”
“ဒါဆိုရင်တော့ ငါ မဟုတ်ဘူး”

ခေတ်ဆိုး

ဆိုင်တစ်ဆိုင်ကိုဖောက်ခိုးနေသော
သူခိုးကို ရဲသားက လက်ပူး လက်ကြပ်မိသွားသည်။
ရဲသား - “ မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ”
သူခိုး - “ကျွန်တော်အိမ်နဲ့ နီးလို့ပါ ၊ သိတဲ့အတိုင်းခေတ်က မကောင်းတော့ အိမ်ကိုပစ်ပြီး အကြာကြီး
မသွားချင်လို့ပါဗျာ”
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #271 on: June 06, 2011, 08:24:56 PM »
သိရအောင်ပါ

ဆံရှည်ကိုယ်တော်တစ်ဦး ဆံပင်ညှပ်နေစဉ် ဖြစ်သည်။
လူငယ်“ဆံပင်ညှပ်နေတုန်းမှာ ဘာဖြစ်လို့ ကျွန်တော်
နှာခေါင်းကိုကိုင်ထားရတာလဲဗျာ”
ဆံပင်ညှပ်ဆရာ “အော် ဒါလား ၊ မင်းမျက်နှာ ဘယ်ဘက်မှာ ရှိလဲဆိုတာ သိရအောင်လို့ပါ”

အရှုံးပေးပါပြီ

ဇိမ်ခံ သင်္ဘောပေးတွင် လိုက်ပါလာလာ ခရီးသည်များအား ဖျော်ဖြေရန် မျက်လှည့်စရာတစ်ဦးက မျက်လှည့်ပြသည်။
သင်္ဘောပေါ်မှ ကြက်တူရွှေးသည် မျက်လှည့်ဆရာ မျက်လှည့်ပြသည့်အခါတိုင်း အမျိုးမျိုး
ဒုက္ခပေးလေသည်။
“ဖဲချပ်တွေ သူ့လက်ထဲမှာ ”
“ သူထုပ်ပြတဲ့ ယုန်ုဟာ အစစ်မဟုတ်ဘူး ၊ ပလစ်စတစ်”
ထိုသို့ မျက်လှည့်စရာ၏ လျို့ဝှက်ချက်များကိုကြက်တူရွှေးက ဖော်ထုတ်နေသည်။
မျက်လှည့်စရာလဲ ရှက်ရှက်နဲ့ အောင့်အီးသည်းခံ နေရလေသည်။
တစ်နေ့တွင် သင်္ဘောနစ်မြုပ်ပြီး မျက်လှည့်ဆရာ ၊ကြက်တူရွှေး ၊ သစ်သားတစ်ချပ်သာ ရေပေါ်တွင် ကျန်နေ၏။
မျက်လှည့်ဆရာလည်း သစ်သားပြားကို
ဆွဲယူကာ
ရေပေါ်တွင်
ကိုယ်ဖော့နေလေသည်။
ထိုအခါ ကြက်တူရွှေးက
“ ကျွန်တော် အရှုံးပေးပါပြီ ခင်ဗျာ

ဒါပေမယ့် သင်္ဘောကို ခင်ဗျားဘယ်မှာ ၀ှက်ထားသလဲဆိုတာတော့ ပြောပြစမ်းပါ”ဟုဆိုလိုက်သည်။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #272 on: June 06, 2011, 08:25:44 PM »
တစ်ခုပဲ

အိပ်ခန်းအသစ်ရသူကို ရုံးမှ လုပ်ဖော်ကိုင်ဖက်များက ၀မ်းသာ စကားပြောကြသည်။
“အိပ်ခန်းမှာ ဘာချို့ယွင်းချက်တွေ တွေ့လဲဗျ”
“လောလောဆယ်တော့ တစ်ခုပဲ”
“ချို့ယွင်းချက် တစ်ခုတည်း ဟုတ်လား ၊ဒါဆိုကံကောင်းတယ်ဆိုရမယ်၊
ဒါနဲ့ဘာချို့ယွင်းချက်လဲ”
“အ၀င်တံခါးဖွင့်ကို ဖွင့်လို့ကို မရဘူး”


ချစ်သူတွေ ၀ိုင်းဝိုင်းလည်

မိန်းမ-“အပျို ဘ၀တုန်းကများ
ကျွန်မကို ပိုးပန်းတဲ့ လူတွေ အများကြီးပဲ ၊
ကျွန်မက အာလုံးကို ငြင်းခဲ့တာရှင့်”
ယောင်္ကျား-“အဲ့ဒီလူစုထဲမှာ ငါမပါတာ ၀မ်းနည်းလိုက်တာ”
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #273 on: June 06, 2011, 08:44:44 PM »
သေချာရဲ့လား

ကလေးငယ်တစ်ယောက်သည်ငါးဒေါ်လာတန်တစ်ရွက်နှင့်အိမ်ပြန်လာကာသူမိခင်အားကောက်ရကြောင်းပြောသည်

အဲဒီပိုက်ဆံကျပျောက်သွားတာသေချာရဲ့လား

သေချာပါတယ်မေမေရဲ့ကျပျောက်သွားတဲ့လူလိုက်ရှာနေတာသားတွေ့ခဲ့ပါတယ်


အယောင်အဆောင်

အောက်စဖို့ရှိစားသောက်ဆိုင်တစ်ခုတွင်လာရောက်စားသောက်နေသည့်အမျိုးသမီးကခင်ပွန်းသည်အားမေးလိုက်သည်

ဒီခရုတွေကဘယ်လိုနေသလဲ

အနီးနားရှိစားပွဲမှအမေရိကန်တစ်ယောက်ကမဲ့တဲ့တဲ့နှင့်ဝင်ပြောလိုက်သည်

စားပွဲထိုးယောင်ဆောင်နေကြတယ်
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #274 on: June 06, 2011, 08:46:38 PM »
နှစ်ခါပြင်ပြီးပြီ

ဘိုးဘိုး၊အခုလိုနားကြားကရိယာတပ်ထားတော့ကောင်းကောင်းကြားရလားဟင်

သိပ်ကောင်းသွားတာပေါ့ငါမြေးရယ်၊အခုဆိုဘိုးဘိုးရဲ့သေတမ်းစာနှစ်ခါတောင်မှပြန်ပြင်ရေးပြီးပြီ



တံခါးနှင့်အနီးဆုံး

တရားရုံးမှစီရင်ချက်ချလိုက်ပြီးပြစ်ဒဏ်ကျခံရသောအကျဉ်းသားနှစ်ယောက်အားအခန်းတစ်ခန်းစီတွင်

အတူတူထားလိုက်သည်

ငါကအနှစ်နှစ်ဆယ်ကျတယ်မင်းကရော

၁၅နှစ်ပါ

ဒါဆိုမင်းကအရင်ဦးဆုံးလွက်မှာဆို့တော့တံခါးနဲ့အနီးဆုံးနေရာမှာအိပ်ပေါ့ကွာ
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #275 on: June 06, 2011, 08:49:37 PM »
ဘူလေးလဲ

တစ်ခါက တာဝန်နဲ့ ရပ်ဝေးကိုရောက်နေတဲ့စစ်သားတစ်ဦးစီကို သူ့မိန်းမ ပို့လိုက်တဲ့ စာရောက်လာတယ်။
“မောင်ရေ။ မောင်နဲ့မတို့ အရမ်းတောင့်တနေတဲ့ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီသိလား။ မောင်သိပ်လိုချင်တဲ့ သားသားပေါ့ မောင်ရဲ့။ မောင်အရမ်းပျော်သွားပြီမဟုတ်လား။ ဒါပေမယ့်မောင်ရယ် မကနို့မထွက်တော့ နီဂရိုးမတစ်ယောက်ရဲ့နို့ကို တိုက်လိုက်ရတယ်သိလား။ ဒါကြောင့်ထင်ပါတယ် မောင်ရယ် ကလေးက အသားမည်းတယ်”

စစ်သားက စာဖတ်ပြီးတော့ သူ့အမေစီကို စာပို့တယ်။
“အမေ။ အမေမြေးချီရပြီသိလား။ အမေ့ချွေးမက အမေ့အတွက် မြေးလေးမွေးပေးတယ်။ ဒါပေမယ့် အမေ့ချွေးမက နို့မထွက်တာနဲ့ နီဂရိုးမတစ်ယောက်ရဲ့နို့ကို တိုက်လိုက်ရလို့ အမေ့မြေးလေးက အသားမည်းသွားရှာတယ်”

သူ့အမေက သူ့သားပို့တဲ့စာဖတ်ပြီး သူ့သားစီစာပြန်တယ်။
“ငါ့သား မင်းမွေးတုန်းက အမေလည်း နို့မထွက်ဘူး သားရဲ့။ ဒါနဲ့ ငါ့သားကို နွားနို့ပဲ တိုက်ခဲ့ရတယ်။ ငါ့သားအခု နင့်ဖင်နင်စမ်းကြည့်စမ်း။ အမြှီးပေါက်ပြီလားလို့”

စစ်သားက စာဖတ်ပြီးတော့ သူ့ဖင်သူစမ်းကြည့်တယ်။ အမြှီးပေါက်ပြီလားလို့။ သူ့မိန်းမပြောတဲ့အတိုင်းဆိုရင် နီဂရိုးမနို့သောက်လို့ အသားမည်းတယ်ဆိုရင် နွားနို့သောက်တဲ့ သူလည်း အမြှီးပေါက်ရမှာပေါ့။ အခုသူက အမြှီးမှ မပေါက်တာ။ အဲဒီတော့သူစဉ်းစားကြည့်တယ်။ “အင်း အမေပြောပုံအရဆိုရင် ငါ့သားလေး အသားမဲတာ နို့နဲ့တော့မဆိုင်ပါဘူး။ ဟင် ဒါဆို ဒါကငါ့သားမှ ဟုတ်ရဲ့လား။ ဒါဆိုရင် ဒါလေးက
ဘူလေးလဲ။ အဲဒါ ဘူလေးလဲ။ ဘူလေးလဲ။ အဲဒါ ဘူလေးလဲ။ ဘူလေးလဲ။ အဲဒါ ဘူလေးလဲ”

Forward Mail မှ ရပါကြောင်း
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #276 on: June 06, 2011, 09:02:31 PM »
မှတ်ဥာဏ်ကောင်းစေတဲ့ ကျောင်း

အသက်အရွယ်ကြီးကြီး စုံတွဲတစ်တွဲဟာ မှတ်ဥာဏ်စွမ်းအားတွေ ကျဆင်းကုန်တာနဲ့ မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့်ပေးတဲ့ သင်တန်းကျောင်းတစ်ခုကို သွားရောက်ပြီး သင်တန်းတက်ကြပါတယ်..

သင်တန်းတက်လို့ ရက်အနည်းငယ်ကြာတဲ့အခါမှာ အဖိုးအိုဟာ အိမ်အပြင်ကိုထွက်ပြီး အိမ်နီးချင်းတစ်ဦးနဲ့ စကားစမြည်ပြောဆိုနေပါတယ်..

 “ခင်ဗျားတို့ သင်တန်းဆရာရဲ့ နံမည်က ဘယ်သူလဲဗျ ” အိမ်နီးချင်းက မေးပါတယ်..

“အင်း နေဦး ကျုပ်စဉ်းစားပါရစေဦး.. ခင်ဗျားသိလား ပန်းတစ်မျိုးဗျာ.. အနံ့လေးက မွှေးတယ်.. တော်တော်လဲလှတယ်. ဒါပေမဲ့ သူ့ရိုးတံမှာ ဆူးတွေနဲ့လေဗျာ…”

 အိမ်နီးချင်းက “နှင်းဆီပန်း လေဗျာ ” လို့ပြန်ဖြေတယ်..

“အား ဟုတ်တယ် နှင်းဆီ..”  လို့ ရေရွတ်ပြီး အိမ်ထဲကိုလှည့်ကာ “ ဟေ့ မနှင်းဆီ .. ငါတို့ သင်တန်းကျောင်းက ဆရာရဲ့ နံမည်က ဘယ်သူလဲကွ ” လို့ အိမ်ထဲက မိန်းမဖြစ်သူကို လှမ်းမေးလိုက်ပါတော့တယ်…

( တော်တော် ဆိုးပါလား.. မိန်းမနံမည်တောင် ဒီလောက် ဆက်စပ် စဉ်းစားယူနေရတယ်.. ) :)  :)
+2

maryar

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #277 on: June 07, 2011, 02:46:43 AM »
(click to show/hide)

ဒီတခုကို တော်တော်လေး သဘောကျတယ်
အဟီး
မာယာလဲ ကို့ကိုကို ဘယ်အရွယ်လောက် သူများထင်မလဲ လို့ စဉ်းစားနေပါတယ်
နောက်ပီးတော့.. စောဒက တက်တဲ့ ခလေးလေးကိုလဲ မျက်စိထဲ မြင်ယောင်သွားတယ်
 :D
0

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #278 on: June 07, 2011, 01:34:45 PM »
မြို့သား

တစ်ခါက တောရွာတစ်ရွာမှာရှိတဲ့ လယ်သမားကြီးတစ်ယောက်က မြို့ကနေရောက်လာတဲ့ သူ့တူကို တောရွာမှာ ရှိတဲ့ ကြက်၊ ၀က်၊ နွား၊ မွေးမြူရေးလုပ်ငန်းတွေ လယ်ကွင်းတွေ၊ စတာတွေကို လိုက်ပြပါတယ်… ဒါတွေကိုဘဲ ကြည့်နေရတာ ၃ရက်လောက်ရောက်တော့ မြို့သားက ပျင်းလာပါတယ်.. ဒီတော့ ဦးလေးဖြစ်သူက မြို့သားသူ့တူ အပျင်းပြေအောင် ဘယ်လိုလုပ်ပေးရမလဲ စဉ်းစာပါတယ်..
နောက်ဆုံး အကြံတစ်ခု ရလာတာနဲ့ သူ့တူကို “ ငါ့တူ ဦးလေးဆီမှာ သေနတ်တစ်လက် ရှိတယ်.. အဲဒါယူပြီး သေနတ်ပစ် ထွက်ပါလားကွ.. အိမ်က ခွေးတစ်ကောင် ခေါ်သွား” လို့ ပြောလိုက်ပါတယ်.. ဦးလေးစကားကြားတော့ မြို့သားက ၀မ်းသာအားရဖြစ်သွားပြီး သေနတ်ကို ဆွဲကာ ခွေးတစ်ကောင်ခေါ်ပြီး ထွက်သွားပါတယ်..
တစ်နာရီလောက်အကြာမှာ မြို့သား ပြန်ရောက်လာတော့ ဦးလေးက “ ဘယ်လိုလဲငါ့တူ.. အပျင်းပြေရဲ့လား.. သေနတ်ပစ်ထွက်ရတာ ပျော်ရဲ့လား” လို့ မေးလိုက်ရာ မြို့သားက “ဟာ သိပ်ပျော်ဖို့ကောင်းတာဘဲ.. ကျွန်တော်တော့ သဘောကျတယ်.. ဦးလေးဆီမှာ နောက်ထပ် ခွေးဘယ်နှကောင် ကျန်သေးလဲ.. ကျွန်တော် နေ့တိုင်း သေနတ်ပစ် ထွက်မယ်ဗျ” လို့ ပြောလိုက်ပါတယ်..
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #279 on: June 07, 2011, 01:40:22 PM »
ဈေးရောင်းကောင်းသူ

စတိုးဆိုင်ကြီးတစ်ခုအတွင်းမှာ ချောချောမောမော လှလှပပ မိန်းခလေးတစ်ယောက်ဟာ ဈေးဝယ်နေပါတယ်.. အဲဒီမှာ အဆင်လှလှ ပိတ်စလေးတစ်စကို တွေ့လိုက်ရတော့ ၀ယ်ယူဖို့အတွက် အရောင်းကောင်ဆီမှာ “တစ်ကိုက်ကို ဘယ်လောက်လဲ” လို့ ဆိုင်ရှင်ကို ဈေးမေးလိုက်ပါတယ်.. ဆိုင်ပိုင်ရှင်က လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဖြစ်ပါတယ်.. ဆိုင်ရှင်ကလည်း ချောချောလှလှ ကောင်မလေးကို ခပ်ပြုံးပြုံးနဲ့ “တစ်ကိုက်ကို အနမ်းတစ်ပွင့်ဘဲ ပေးပါ” လို့ ပြန်ဖြေလိုက်ပါတယ်.. ဒီတော့ ကောင်မလေးကလည်း “အိုကေလေ ကောင်းတာပေါ့.. ဒီလိုဆို ကျွန်မ ဆယ်ကိုက်ယူမယ်” လို့ ပြောလိုက်ပါတယ်.. ဆိုင်ရှင်က အကွက်တော့ ၀င်ပြီဆိုပြီး ပြုံးရွှင်စွာနဲ့ မျှော်လင့်ချက်တွေပြည့်ပြီး အားရကျေနပ်တဲ့ မျက်နှာနဲ့ ပိတ်စ ဆယ်ကိုက်ကို အမြန်ဆုံး တိုင်းထွာလိုက်ပါတယ်..
ပြီးနောက် အစကို ကပ်ကြေးနဲ့ ဖြတ်လိုက်ကာ အိတ်ကလေးတစ်ခုနဲ့ ထုပ်ပိုးပြီး ကောင်မလေးကို လှမ်းပေးလိုက်ပါတယ်.. ကောင်မလေးက အိတ်ကို လှမ်းယူလိုက်ပြီးနောက် မလှမ်းမကမ်းမှာ ရပ်စောင့်နေတဲ့ အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက်ကို လက်ညိုးညွှန်လိုက်ကာ ဆိုင်ရှင်ဖြစ်သူကို အပြုံးလေးနဲ့ ပြောလိုက်တာက “ကျသင့်တန်ဖိုးကို ကျွန်မရဲ့အဖိုးက ကျွန်မကိုယ်စားရှင်းပေးလိမ့်မယ် ” လို့ ပြောပြီး သူ့ရှေ့ကနေ ထွက်ခွာသွားပါတော့တယ်..
+3

Tags: