Author Topic: အမောပြေဟာသမှတ်စု  (Read 456273 times)

0 Members and 2 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #260 on: June 06, 2011, 04:32:52 PM »
အမြဲမှန်နေတဲ့ ဦးမှန် ...

ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့က ကျေးလက်ဒေသတစ်နေရာကိုသွားပြီး ရိုက်ကူးရေး ဆင်းကြပါတယ်။ တစ်နေ့ရုပ်ရှင်ရိုက်ဖို့ပြင်နေတုန်း အဘိုးအို တစ်ဦးရောက်လာပြီး

"ဒီနေ့တော့ မင်းတို့ မရိုက်တာကောင်းတယ်၊ မိုးရွာ မှာကွ"လို့ပြောပါတယ်။ တကယ်လည်း အဲဒီနေ့ကအဘိုးအိုပြောတဲ့အတိုင်းမိုးတွေရွာလို့ ရိုက်ကူး ရေးတွေဖျက်လိုက်ရပါတယ်။

အဘိုးအိုက သုံးလေးရက် ဆက်တိုက်လာပြီး "ဒီနေ့တော့ နေသာမယ်၊ ဒီနေ့လေတိုက်မယ်" လို့ ပြောတိုင်းမှန်နေတာမို့ အဖွဲ့သားတွေက အံ့ဩနေကြပါတယ်။ ဒါပေမယ့် နောက်ရက်မှာ အဘိုးအိုက ရောက်မလာတော့လို့ အဖွဲ့သားတစ်ယောက်ကို လွှတ်ပြီးသွား မေးခိုင်းတော့ အဘိုးအို ပြန်ပြောလိုက်တာက "ငါ့ရေဒီယိုပျက်သွားတယ်ကွ။ မိုးလေဝသ အစီအစဉ် နားထောင်လို့ မရတော့ဘူး" တဲ့။

 ဖြစ်တတ်ပါတယ်...
.

မောင်ဝ သည် တစ်ရက် အထက်တန်း စားသောက်ဆိုင် တစ်ဆိုင်တွင် ညနေစာ ဝင်ရောက်စားသောက်သည်။ စားသောက်နေရင်း နှင့် မောင်ဝသည် လေလည် အရမ်း လည်ချင်လာသည်။ ဆိုင်ထဲတွင် သီချင်းသံကလဲ အရမ်းကျယ်ကျယ် ဖွင့်ထားသဖြင့် မောင်ဝသည် အကြံရကာ တီးလုံးသံ အမြင့်ဆုံးရောက်ချိန်တိုင်း အားရပါးရ လေလည်လိုက်သည်။

တစ်လုံး နှစ်လုံး လောက် အားရပါးရ လေလည်ပြီးသွားချိန်တွင် မောင်ဝ သည် အင်မတန်မှကျေနပ်သွားပြီး ဘေးဘီသို့ အသာလေ လှည့်ကြည့်လိုက်သော်အခါ.. ဆိုင်ထဲမှ လူများအားလုံးသည် မောင်ဝအား စိုက်ကြည့်နေကြသည်။ တစ်ချို့လဲ မျက်နှာရှုံ့ နှာခေါင်းပိတ် ထားကြသည် ကိုတွေ့လိုက်သော်အခါ မောင်ဝလဲ အံသြသွားပြီး တစ်စုံတစ်ခုအား သွားသတိရလိုက်သည်။ "သွားပါပြီး.. လက်စက်သက်တော့ သီချင်းသံက ငါ I pod ကလာနေတာကို.... "

စိတ်မချဘူး

ဆေးခန်းတစ်ခန်းသို့ လူတစ်ဦးရောက်လာပြီး ဆရာဝန်အား -

“ကျွန်တော် အခုတလော အလိုလိုနေရင်း မောပန်းပြီး မအီမလည်ကြီး ဖြစ်နေတယ်။ ဘာလုပ်လုပ် အာရုံစိုက်လို့မရဘူး။ စိတ်ကလည်း တိုချင်တယ်ဆရာ”

“ခင်ဗျားပြောတာတွေဟာ စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေပဲ၊ ဒါနဲ့နေပါဦး ဘယ်တုန်းကစဖြစ်တာလဲ”

“မှတ်မှတ်ရရ ကျွန်တော့်မိန်းမဆုံးတဲ့နေ့ကပဲ ဆရာ”

“မိန်းမကို အရမ်းချစ်တဲ့စိတ်ကြောင့်ဖြစ်မယ်”

“မဟုတ်ဘူး ဆရာ။ နှလုံးရောဂါနဲ့ ဆုံးသွားတဲ့သူက AIDS ရောဂါ ကျွန်တော့်ဆီက ကူးလို့ဆိုပြီး သူဆုံးခါနီး ခယ်မချောချောလေးကို မှာသွားလို့”
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #261 on: June 06, 2011, 04:40:07 PM »
မဖြစ်နိုင်ပါဘူး

ဆရာဝန် - ခင်ဗျား တစ်နေ့ကို ရေ (၁၀) ခွက်သောက်ရမယ်။

လူနာ - အဲဒါတော့ မဖြစ်နိုင်ပါဘူး။ ဆရာ။

ဆရာဝန် - ဘာဖြစ်လို့လဲဗျ။

လူနာ - ကျွန်တော့်အိမ်မှာ ဖန်ခွက် (၄) လုံးလဲရှိလို့ပါ။

ဒါတော့ မမေ့ပါလားကွယ်

“အယ်လ်ဇိုင်းမား (သက်ကြီးသတိမေ့) ရောဂါရှင်တစ်ယောက် ဘေးအိမ်သို့ရောက်လာပြီး အကျအနထိုင်စဉ် အိမ်ရှင်အမျိုးသမီးက -

“ဦးလေး လာလည်တာလား”

“ဘာလည်ရမှာတုံး၊ င့ါအိမ်ငါပြန်လာတဲ့ ဥစ္စာ”

“ဦးလေးတို့အိမ်က ဟိုဘက်အိမ်လေ၊ အိမ်မှားနေပြီ”

“ဟေ- ဟုတ်လား၊ ဒါကြောင့်ထင်တော့ ထင်သား၊ ငါ့အမျိုးသမီးက ဒီလောက်ရုပ်မဆိုးပါဘူးလို့”

 သတိပေးချက်


``ဟေ့ကောင်၊ လေထီးမပါဘဲ ခုန်ဆင်းမလို့လား မင်းရူးနေသလားကွ ဟေ..´´
``ဘာဖြစ်လို့လဲ´´
´´အပြင်မှာ မိုးရွာနေတယ်လေကွာ

+3
« Last Edit: June 08, 2011, 11:10:13 AM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #262 on: June 06, 2011, 04:49:52 PM »
ဒါတောင် အားမပါသေးဘူး

ကွန်ပျူတာ စာသင်ခန်းတစ်ခုတွင် သင်တန်းဆရာက မြန်မာစာလက်ကွက်ရိုက်နည်း စသင်မည့်နေ့တစ်နေ့တွင် ဖြစ်သည်။

“အားလုံးနားထောင်ပါ။ Microsoft Word ထဲမှာ မြန်မာစာရိုက်ဖို့ Font ပြောင်းပြီးရင် Caps Lock Key ကို ပိတ်ရိုက်ရမယ်။ ကဲ… စရအောင်”

ထိုအချိန်တွင် အခန်းနောက်ဆုံးတွင် ထိုင်နေသော ကျောင်းသားတစ်ယောက်ဆီမှ …

“ဖြောင်း” ဟူသော အသံတစ်ခုကြားလိုက်ရာ သင်တန်းဆရာက ထိတ်လန့်သောအသံဖြင့်…

“ဟေ့ ဟိုနောက်ဆုံးက ဘာဖြစ်တာလဲ”

ကျောင်းသားက ပြန်ပြောလိုက်တာကတော့…
“ဆရာက Caps Lock Key ကို ပိတ်ရိုက်ဆိုလို့ ရိုက်လိုက်တာပါ။ ဒါတောင် အားမပါသေးဘူး ဆရာ”

(...ပြန်ကောာင်းလာတဲ့ လူနာ.........)
စိတ္တဇ ဆေးရုံ တစ်ခုမှာ ဆရာဝန်တွေဟာ ပြန်ကောာင်းလာတဲ့ လူနာတွေကို ပြန်လွတ်ပေးဖို့  စဉ်းစားကြပါတယ်။
အဲဒီမှာ သူတို့ဟာ စမ်းသပ်မှုတစ်ခု လုပ်ကြပါတယ်။
Video ပြစက်ရှေ့မှာ ရှိတဲ့ ထိုင်ခုံတွေကိုဆေးသုတ်ပြီးတော့သူတို့ကို Video ပြပါတယ်။

ဘယ်သူကများ ဆေးသုတ်တာကို သိမလဲလို့ စမ်းသပ်ပါတယ်။ ဘယ်သူမှမသိကြပါဘူး။ ဒါပေမယ့် လူတစ်ယောက်ကတော့ ထိုင်ခုံတွေကို သေသေချာချာ ကြည့်ပါတယ်။
ပြီးတော့ သတင်းစာတစ်စောင်ကို ထိုင်ခုံမှာဖြန့်ခင်း ပြီးမှထိုင်တယ်။
ဆရာဝန်တွေက ဒီလူတော့ရောဂါပျောက်သွားပြီဆိုပြီး အိမ်ကို ပြန်လွှတ်လိုက်ပါတယ်။
အိမ်ရောက်တော့ သူမိန်းမကမေးတယ်။

"ရှင် ထိုင်ခုံတွေမှာ ဆေးသုတ်ထားတယ်ဆိုတာသိတယ်ပေါ့ဟုတ်လား , ဘယ်လိုလုပ်သိတာလဲ?"
"ဘာတွေလာပြောနေတာလဲ...ငါကအရပ်ပုလို့ ထိုင်ခုံမှာသတင်းစာခုပြီးထိုင်တာ
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #263 on: June 06, 2011, 04:56:09 PM »
ရေလာမြောင်းပေး

ကောင်မလေး- "ရှင်ကျွန်မကို နမ်းနေတာ ဖေဖေမမြင်စေနဲ့နော်"

ကောင်လေး- "ကိုယ်မင်းကို မနမ်းရပါလား"

ကောင်မလေး- "ဟုတ်ပါတယ်၊ တကတည်းမှပဲ…နမ်းမယ်ဆိုရင်ပြောတာပါ"

ကံကောင်းတဲ့ မောင်

လူတစ်ဦး ကားတိုက်ခံရပြီး ဆေးရုံသို့ ရောက်လာသည်။

သတင်းကြားသဖြင့် ဆေးရုံသို့ လိုက်လာသော ၄င်း၏ဇနီးက ဝမ်းသာအားရပြောသည်။

"မောင်ရယ်၊ ကံကောင်းလိုက်တာနော်။ မနေ့ကပဲ မောင် မတော်တဆမှုအတွက် အာမခံ လုပ်ထားလိုက်တယ်။ ဟော … ဒီနေ့ပဲ ကားတိုက်ခံရပြီ"

ဘယ့်သူလက်ချက်လဲ

ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။
အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီးဧည့်သည်အားလုံးက
`လှလိုက်တာ၊လှလိုက်တာ´ဝိုင်းဝန်းချီးကျူးကြသည်။ချီးမွမ်းခံရသဖြင့်
ပီတိဖြစ်မိသောအမျိုးသမီးသည်
အားပါးတရကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဘယက်ကိုချွတ်ပေးသည်။

စိန်ဘယက်သည် တစ်လက်မှတစ်လက်သို့ကူးသွားသည်။
နောက်ဆုံးတွင်စိန်ဘယက်ပျောက်သွားတော့သည်။
အိမ်ရှင်ကစိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။
`ကျီစားတာဆိုရင်လွန်သွားပြီဗျာ။အခုစားပွဲပေါ်ကို
ကျွန်တော်ငွေဖလားတင်ထားမယ်။
မီးခလုတ်ကိုပိတ်လိုက်ပြီးတစ်ရာထိကျွန်တော်ရေမယ်။
မီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ
စိန်ဘယက်ကို ငွေဖလားထဲမှာ
ပြန်တွေ့ရမယ်လို့ မျှော်လင့်ချင်ပါတယ်’
မီးကိုပြန်ဖွင့်လိုက်သည်.... ငွေဖလားကြီးမရှိတော့။
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #264 on: June 06, 2011, 05:17:55 PM »
ရွေးချယ်မှု

ပါမောက္ခက ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။

" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "

" ရွှေကို ယူမှာပေါ့ "

" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "

" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ

လက်စားချေခြင်း

အဘိုးကြီးဂျွန်က သူ့ရဲ့ နောက်ဆုံးချိန်မှာ ဇနီးနဲ့ မိသားစုဝင်တွေ ကို သူမှာချင်တာတွေမှာ နေပါတယ်။

" မိန်းမရေ .. ငါသေသွားတဲ့ အခါ ဘေးအိမ်ကလယ်သမားကြီးဂျုံးကို လက်ထပ်ပါကွာ" လို့ ပြောတော့

သူ့မိန်းမက....

"အို .. ကျွန်မရှင်မရှိတဲ့နောက် ဘယ်သူ့ကိုမှ လက်မထပ် နိုင်ပါဘူး အဘိုးကြီးရယ်"လို့ ပြောပါတယ်။

ဒါကိုအဘိုးကြီးဂျွန်က

"မဟုတ်ဘူးမိန်းမ၊ဒါငါ့ရဲ့ဆန္ဒပါကွာ။မင်းသူ့ကို လက်ထပ်ပါနော်"လို့ထပ်ပြောတော့

ဇနီးဖြစ်သူက ဘာကြောင့်လဲလို့ မေးတဲ့အခါ

သူပြန်ပြောတာက"ဂျုံးက မြင်းအရောင်းအဝယ်တစ်ခုမှာ ငါ့ကိုလိမ်ဖူးတယ်ကွ'
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #265 on: June 06, 2011, 07:31:15 PM »
မိုးကလဲရွာ ထီးကလဲ မပါတာနဲ့

လူတစ်ယောက် ခရစ်ယာန် ဘုန်တော်ကြီးဆီမှာ အပြစ်ဝန်ခံနေသည်။
ိုလူ ။ ။ဖားသား တပည့်တော်အပြစ်ဝန်ခံချင်လို့ပါ။
ဘုန်တောကြီး။ ။ပြော ငါ့သား
ိုလူ ။ ။ကျွန်တော် တနေ့ကသူငယ်ချင်းတယောက်အိမ်သွားလည်တာ သူငယ်ချင်လည်းမရှိဘူး
သူ့မိန်းမပဲရှိတယ်။ဒါကြောင့် မကောင်းပါဘူးဆိုပြီးပြန်မယ်လည်းလုပ်ရော ရုတ်တရက်
မိုးကရွာပါလေရော။ခက်တာက ကျွန်တော့်မှာ ထီးကလည်းမပါဘူး။ဒီတော့ မိုးကလည်းရွာ
ထီးကလည်းမပါနဲ့ သူငယ်ချင်းမိန်းမနဲ့ မှားပါလေရော။
ဘုန်းတော်ကြီး။ ။အင်းလေး ပြန်ချင်စိတ်ရှိပါလျက် မိုးကလည်းရွာ
ထီးကလည်းမပါဆိုတော့ သိပ်ပြီး အပြစ်မရှိပါဘူး
ိုလူ ။ ။တနေ့က ခယ်မအိမ်သွားအလုပ်ရှိလို့သွားတာ
ခယ်မခင်ပွန်းကလည်းမရှိဘူး။ဒါနဲ့ပြန်မယ်လည်းလုပ်ရော
မိုးကရွာပါလေရော။ကျွန်တော်မလည်း ထီးလည်းမပါဘူး။ဒီတော့
မိုးကလည်းရွာထီးကလည်းမပါနဲ့
ခယ်မနဲ့ မှားခဲ့ပါလေရော။
ဘုန်းတော်ကြီး။ ။အင်းလေး ပြန်ချင်စိတ်ရှပါလျက် မိုးကလည်းရွာ ထီးကလည်းမပါဆိုတော့
သိပ်ပြီး အပြစ်မရှိပါဘူး။
ိုလူ ။ ။ဟိုနေ့ကလည်း ယောက်ခမအိမ်သွားတော့ မိန်းမရဲ့မောင်ကလွဲ့ပြီး
ဘယ်သူမှမရှိဘူး ။အဲဒီကောင်ကလည်း
အမတွေနဲ့နေပါများလို့ နည်းနည်းခြောက်နေတယ်။ပြန်မလို့လည်းပြင်ရော ထုံစံအတိုင်း
မိုးကရွာ ထီးကလည်း
မပါနဲ့ မိန်းမရဲ့မောင်နဲ့ မှားခဲ့မိပြန်ရော။
ဘုန်းတော်ကြီးက အနည်းငယ်ကြောက်ရွံ့သော အသံနှင့်ပြောသည်။
ဘုန်းတော်ကြီး။ ။ အခုကောထီးပါလား....
လူ ။ ။မပါဘူးလေ ဘာဖြစ်လို့လည်း။
ဘုန်းတော်ကြီး။ ။မိုးအုံ့နေပြီ မြန်မြန်ပြန်တော့။
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #266 on: June 06, 2011, 08:10:55 PM »
သတ်ပုံမှားတဲ့နေ့

သားနာမည်က မောင်ပိုးပါ။
သားကမူလတန်းကျောင်းသားတစ်ယောက်ပါ။
ဒီနေ့သားကျောင်းမှာ အရိုက်ခံရတယ်။
ဆရာကြီး အိမ်စာရေးခိုင်းလိုက်တဲ့ စာစီစာကုံးကို
သားကပေါက်ကရရေးလာလို့ဆိုပြီးရိုက်တာပါ။
ဆရာကြီးသင်ပုန်းပေါ်မှာရေးထားတဲ့ခေါင်းစဉ်အတိုင်း
သားသေသေချာချာရေးလာတာပဲဥစ္စာ။
ဦးဦးတို့၊အန်တီလေးတို့ သားရေးထားတာကိုဖတ်ကြည့်
သားသေသေချာချာကိုကြိုးစားရေးထားတာ။

                                 "တို့ဆရာ"
မြန်မာဓလေ့တွင် တို့ဆရာသည် မပါမဖြစ် ဖြစ်ပါသည်။
ကျွန်တော်တို့မိသားစုလည်း တို့ဆရာကို နှစ်သက်ကြပါသည်။
ကျွန်တော့်ထမင်းချိုင့်အတွက် မနက်စောစော မေမေ ဈေးသွားလျှင် တို့ဆရာအတွက် တစ်ခုခုဝယ်လာပေးရန် ဖေဖေကအမြဲသတိပေးပါသည်။
မေမေလည်း တစ်မျိုးမကအများကြီးဝယ်ကာ
ထည့်ပေးလိုက်တတ်ပါသည်။
ဘူးသီး၊ သခွားသီး၊ ခရမ်းကြွတ်သီး၊ဒညင်းသီးစသည့်ရာသီပေါ်
အသီးအနှံများ၊ ဆလတ်ရွက်၊ရှောက်ရွက်၊စသည့်ရာသီပေါ်အရွက်များ၊ ခံတက်ချဉ်၊ မုန်လာချဉ်စသည့်ချဉ်ပတ်များဟူ၍တို့ဆရာများစွာရှိပါသည်။
ကျွန်တော်အကြိုက်ဆုံးတို့ဆရာမှာ ငါးပိရည် နှင့် ဒညင်းသီးဖြစ်ပါသည်။


ကဲ.  ကြည့်၊ သားဘာမှားလို့လဲ။ဆရာကြီး
သင်ပုန်းပေါ်မှာရေးထားတဲ့ခေါင်းစဉ်အတိုင်းပဲမဟုတ်လား။
ကျွန်တော်မှန်ပါတယ်နော်။   နော်။ 

Forward Mail မှ ရပါသည်။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #267 on: June 06, 2011, 08:19:48 PM »
မလိမ်ရဘူး

၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာ လူတစ်ယောက် လိမ်တယ် မလိမ်ဘူး
ဆိုတာကို မျက်နာကြည့်ပြီး သိနိုင်အောင် တီထွင်နိုင်ခဲ့ပါပြီ။
ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာ
လိမ်တဲ့သူကို
ချက်ချင်း ပါးထရိုက်တာပါပဲ။
မယုံဘူးလား... အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။

ကိုဇော်ဂျီနဲ့ ပွင့် တို့ရဲ့ သားလေး မောင်မောရစ်တစ်ယောက် အိမ်ကို နောက်ကျပြီးမှပြန်ရောက်လာသည်။
ကိုဇော်ဂျီ
။ ။ သား မင်းဘာလို့ ကျောင်းနောက်ကျတာလဲ။
မောင်မောရစ် ။ ။ ဒီနေ့ကျောင်းက အချိန်ပိုရှိလို့ နောက်ကျတာအဖေရဲ့။
ဖြန်း.........................................
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကို
ရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ
။ ။ ဒီစက်ရုပ်က လိမ်ပြောတာကို အာရုံခံစားနိုင်တဲ့ စက်ရုပ်ကွ။
မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်
လိမ့်မယ်။
မောင်မောရစ် ။ ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။ ။
ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။ ။ "The Ten Commandments" ဇာတ်ကားပါ။
ဖြန်း..............................................
စက်ရုပ်က ရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်
မလိမ်ရဲတော့ပေ။
မောင်မောရစ် ။ ။ ဟုတ်...ဟုတ်..
Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီ အတော် ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ ။ ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။
မင်းအသက်အရွယ်လောက်တုန်းက ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း............................................................
တော်တော်လေးကို အသံကျယ်ပါဧ။်။
ကိုဇော်ဂျီကို စက်ရုပ်က ပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့် မိခင်ဖြစ်သူ
ပွင့် မီးဖိုချောင်မှ ထွက်လာပြီး ပြောလိုက်သည်။
ပွင့် ။ ။ ရှင်လည်း လိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့ အဲဒါရှင့်သားပဲလေ ။
ဖြန်း.....................................................................
ဒီတစ်ခါစက်ရုပ်ဧ။်
ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။

Forward Mail မှ ရပါသည်။
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #268 on: June 06, 2011, 08:21:20 PM »
ဝမ်းနည်းပါတယ်

“ဘူးတာရုံကို သွားဖို့
အတိုဆုံးလမ်းကို ကျေးဇူးပြုပြီး ညွန်းပြစေချင်ပါတယ်”
“၀မ်းနည်းပါတယ် ၊ မပြနိုင်ပါဘူး”
“ အော် ၊ ခင်ဗျားက ဒီအရပ်က မဟုတ်ဘူးနဲ့ထင်တယ်”
“ဒီအရပ်သားပါပဲ ၊ ဒါပေမယ့် ကျွန်တော်က တက္ကဆီသမားပါ”

ပိန်ဆေး

“ဂျင်နီ ၊ ယူ့ယောင်္ကျား အတော့်ကို ပိန် သွားပါလား ၊ ဘာဆေးသောက်သလဲ”
“ဘာဆေးမှ မသောက်ပါဘူး ၊ နေ့တိုင်းငါးသွားမျှားတယ်”
“ငါးမျှားတာနဲ့ ပိန်တာ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ ၊ သူက သူမျှားလို့ ရတဲ့ငါးနဲ့မှ ထမင်းစားတာလေ”
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #269 on: June 06, 2011, 08:23:24 PM »
မတွန်းနဲ့

ဘတ်စ်ကားပေါ်တွင်
“ခင်ဗျား ကျွန်တော်ကို ချည်းဘာဖြစ်လို့ တွန်းနေရတာလဲဗျာ”
“ကားက ဒီလောက်ကျပ်နေတဲ့ ဥစ္စာ လူရွှေးတွန်းနေရအုန်းမှာလား ဗျ”

ဆေးကောင်း

အလုပ်သင်ဆရာဝန်မှ ၀ါရင့်သမားတော်ကြီးအား မေးသည်။
“ဒေါက်တာခင်ဗျာ ၊ ချောင်းဆိုးရောဂါအတွက် ၊ ဘာဆေးညွန်းပေးလေ့ ရှိပါသလဲဗျာ”
“၀မ်းနှုတ်ဆေး”
“ဘာ ၊ ဘာ ၀မ်းနှုတ်ဆေး ၊ ဟုတ်လား ၀မ်းနှုတ်ဆေးက ချောင်းဆိုးတာကို
သက်သာစေလို့လားဗျာ”
“၀မ်းနှုတ်ဆေးစားထားတဲ့ လူတစ်ယောက်က တော်ရုံ ၊ တန်ရုံနဲ့ ဘယ်ချောင်းဆိုးရဲတော့မလဲ ၊ စဉ်းစားကြည့်စမ်းပါ”
+2

Tags: