Author Topic: အမောပြေဟာသမှတ်စု  (Read 469887 times)

0 Members and 2 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #250 on: June 06, 2011, 12:05:41 PM »
စိတ်၏ချမ်းသာခြင်း

ကိုဘမောင် အရက်မူးပြီး အိမ်သို့ပြန်ရောက်လာသည်။ တံခါးကိုဖွင့်သည်။ ဝင်ဝင်ချင်း အသံဆိုးကြီးဖြင့် အော်သည်။

“ဟေ့ ငါပြန်လာပြီကွ၊ ငါပြောတာ ကြားလား၊ ပြန်လာပြီကွ ငါ၊ ငါပြောတာ မရှင်းဘူးလားကွ ဟေ”

မည်သူမှ မတုံ့ပြန်ချေ။ ကိုဘမောင် မီးဖိုချောင်ထဲ ဝင်သည်။ ကြောင်အိမ်ကို ဖွင့်ပြီးအထဲမှ ပန်းကန်များကို ကြမ်းပေါ်ကို ပစ်ချသည်။ ကွဲသံရှသံများ မြည်ဟီးသွားသည်။ ကိုဘမောင် ထပ်အော်သည်။

“ဟေ့ ငါပြန်လာပြီကွ။ ကြားလား”

တစ်ခန်းလုံး တိတ်ဆိတ်နေမြဲ၊ ကိုဘမောင် ဧည့်ခန်းထဲဝင်ပြီး ပန်းအိုးကို ပစ်ခွဲသည်။ ရုပ်မြင်စက်ကို စားပွဲနှင့်အတူ ကြမ်းပြင်ပေါ်ပေါက်ချသည်။ အခန်းထဲရှိသမျှ ပစ္စည်းတွေကို ပြောင်းဆန်နေအောင် လုပ်သည်။ ထို့နောက်တွင် ဖိနပ်မချွတ်ဘဲ အိပ်ရာပေါ် လှဲချလိုက်သည်။ နှုတ်မှလည်း ကျေနပ်သံဖြင့် ပြောသည်။

“တစ်ယောက်တည်း နေရတာ တယ်ကောင်းပါလားနော်”

အတုံ့အလှည့်

မော်စကိုမြို့၏ တစ်ခုသော အရက်ဘားသို့ လူကြီးတစ်ယောက်ဝင်လာပြီး ဘီယာတစ်ခွက် မှာသည်။ ဘောက်ချာပေးရန်လည်း ပြောသည်။ လူကြီးသည်အိတ်ထဲမှ တစ်ရူဘယ်တန် အကြွေစေ့၂၇ စေ့ကို ထုတ်လိုက်ပြီး စားပွဲထိုး၏ လက်ထဲမအပ်ဘဲ ဘားကောင်တာရှိရာ ဘေးဘက်ပစ်ပေးလိုက်သည်။ ပိုက်ဆံများ ပြန့်ကျဲသွားသည်။ ဘားမင်း၏မျက်နှာ ဒေါသရောင် သန်းသွားသည်။ သို့သော် ဧည့်သည်ကို မည်သို့မှပြန်မပြောချေ။ ပိုက်ဆံများကို ကောက်သိမ်းသည်။ စိတ်ထဲကတော့ မကျေနပ်။ နောက်တစ်နေ့တွင် မနေ့က လူကြီးရောက်လာပြန်ပြီး ဘီယာမှာသည်။ ၂၇ ရူဘယ်ပင်ကျရာ လူကြီးသည် အိတ်ထဲမှ ၅၀ ရူဘယ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပြီး ဘားမင်းကို လှမ်းပေးသည်။

“ဒီလူ့ကို ငါဒီတစ်ခါ ပြန်ဆုံးမရမယ်” ဟု ဘားမင်းတွေးလိုက်ပြီး ပြန်အမ်းငွေ ၂၃ ရူဘယ်ကို တစ်ရူဘယ်တန် ကြွေစေ့တွေချည်း ပေးလိုက်သည်။ ထို့နောက်ရော့ ပြန်အမ်းငွေ ဟုပြောကာ အခန်းထဲသို့ ပစ်ပေးလိုက်သည်။  ပိုက်ဆံများ ပြန့်ကျဲသွားသည်။ လူကြီးသည် စက္ကန့်ပိုင်းမျှ စဉ်းစားပြီး ချက်ချင်းအိတ်ထဲမှ တစ်ရူဘယ်တန် အကြွေစေ့ ၄ စေ့ထုတ်ကာ ဘားမင်းကို လှမ်းပြောသည်။ “နောက်ထပ် ဘီယာတစ်ခွက်”

ဒါကြောင့်ကိုး

လူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု အားနည်းချို့ယွင်းနေပါက အခြားအစိတ်အပိုင်းတွင် အားကောင်းအောင် သဘာဝတရားသည် ဖန်တီးထားလေ့ရှိကြောင်း ၊ ပါမောက္ခက စာသင်သားတို့ကို ရှင်းပြနေသည်။

“ဥပမာ ဆိုပါစို့။ မျက်စေ့ကန်းတဲ့လူတစ်ယောက်ဟာ အခြားတစ်ဖက်မှာ နား အင်မတန်ဆတ်တဲ့လူ ဖြစ်နေတတ်တယ်။ အလားတူပဲ ယောင်္ကျား ပီသတယ်၊ ခွန်အားဗလ ကောင်းတယ်ဆိုရင် စဉ်းစားဆင်ခြင်မှု အပိုင်းမှာ အားနည်းနေပြန်ရော”

ခန်းမထဲမှ မှတ်ချက်ချသံ ကြားရသည်။

“ဆရာကြီး ဘာကြောင့် ပါမောက္ခဖြစ်လာသလဲဆိုတာ အခုသဘောပေါက်ပြီ”
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #251 on: June 06, 2011, 12:13:06 PM »
ဝမ်းနည်းလွန်းလို့

တစ်ခါက ကျောင်းတစ်ကျောင်းမှာပါ  ရောက်သွားတော့ ကလေးတစ်ယောက်ဟာ အင်မတန် ရှိုက်ကြီး တငင်ငင် ငိုကြွေးနေလိုက်တာ။ ဒါနဲ့ ထိုကလေး အနားသို့ တိုးကပ်သွားပြီး တိတ်တိတ်မေးကြည့် လိုက်မိတယ်။ ကလေးဘာလို့ ငိုနေတာလဲ မေးတော့ ကလေးက သူတို့ ကျောင်းအုပ်ဆရာမကြီးဟာ အပေါ်ဆုံးကျောင်းဆောင်ထံမှ မတော်တဆ ပြုတ်ကျသွားပါကြောင်း ဒါနဲ့ အော် ဆရာမကြီးတွက် ဝမ်းနည်းလို့ ငိုနေတာဖြစ်မယ်ဆိုပြီး မေးကြည့်လိုက်တော့ ဟုတ်ပါတယ် သမီးသိပ်ဝမ်းနည်းမိပါတယ်။ “ဆရာမကြီး အပေါ်ထပ်ကနေပြုတ်ကျသွားတာ လူတွေ အားလုံးမြင်လိုက်ပြီး သမီးက မမြင်လိုက်ရလို့ပါ”


စစ်တပ်ထဲကအင်တာဗျူး

ကိုလိုနီနယ်ချဲ့လက်ထက်ကဖြစ်သည်။ နောက်နေ့တပ်အတွင်းသို့ အင်္ဂလိပ်အရာရှိ လာရောက်စစ်ဆေးမည်ဖြစ်သဖြင့် တပ်တွင်းအင်္ဂလိပ်စာတတ်သူ မြန်မာအရာရှိက တပ်သားများအား အင်္ဂလိပ်စာ သင်ပေးနေသည်။ ရဲဘော်တို့ အင်္ဂလိပ် အရာရှိလာရင် မေးခွန်းကို သိစရာမလိုတဲ့အတွက် မေးခွန်းကို မသင်တော့ဘူး။ မေးခွန်းပါသင်ရင် မမှတ်မိဖြစ်ကုန်လိမ့်မယ်။ ဒီတိုင်းပဲ မေးမှာဖြစ်တဲ့အတွက် ဒီတိုင်းပဲဖြေ။ အင်္ဂလိပ်အရာရှိ လာရင်ပထမဆုံးမေးမယ့် မေးခွန်းက အသက်ဘယ်လောက်ရှိပြီလဲလို့ မေးလိမ့်မယ်။

အဲဒီအခါ အသက်၃၀နှစ် (30years)လို့ဖြေပါ။ နောက်စစ်မှုထမ်းကာလ ဘယ်လောက် ရှိပြီလဲ မေးရင် ၅နှစ် (5years) လို့ဖြေပါ။ အဖေကဗမာလား မေးရင် ဟုတ်ပါတယ် (yes) လို့ဖြေပါ။ အမေကရောဗမာလား မေးရင် နှစ်ယောက်လုံး အတူတူပါပဲ (both) လို့ဖြေပါ။ ဒါနဲ့ပဲတပ်သားတွေ အဲဒါကိုအသေကျက် ထားကြလိုက်တယ်။ နောက်နေ့ အင်္ဂလိပ်အရာရှိ လာစစ်တော့ တပ်သားအားလုံးကို အဲဒီအတိုင်းပဲ မေးတယ်။ ဒါပေမယ့် နောက်ဆုံး တပ်သား ကိုဘောလုံး အလှည့်ရောက်တော့ မေးခွန်းပြောင်းမေးဖို့ စိတ်ကူးလိုက်တယ်။ ဒါနဲ့

"ရဲဘော်စစ်သက်ဘယ်လောက်လဲ။"

ကိုဘောလုံး "၃၀နှစ်ပါ။"

"ဒါဆိုအသက်ကရော။"

ကိုဘောလုံး '၅နှစ်ပါ။"

အရာရှိ မျက်လုံးပြူးသွားပြီး "ရူးနေလား"လို့မေးလိုက်တယ်။

ကိုဘောလုံး "ဟုတ်ပါတယ်။"

အရာရှိက"အိုးမိုင်ဂေါ့မင်းပဲရူးလားငါပဲရူးလားမသိတော့ပါဘူး။"

ကိုဘောလုံး "နှစ်ယောက်စလုံးပါပဲ။"

+5
« Last Edit: June 08, 2011, 10:52:19 AM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #252 on: June 06, 2011, 12:18:53 PM »
အကောင်းဆုံးသမားတော်

အရင်တုန်းကမြို့တစ်မြို့မှာ ဆေးဆရာတွေချည်းပဲ စုပြီးနေတဲ့ ရပ်ကွက်တစ်ခုရှိတယ်.... ထူးခြားတာက ဆေးဆရာတစ်ယောက်ယောက်က ကုလို့ လူနာတစ်ဦးဦး သေဆုံးခဲ့ရင် အုန်းခွံတစ်ခုကို ကုတဲ့ဆရာရဲ့ အိမ်ရှေ့မှာ လူမြင်အောင် ချိတ်ဆွဲထားရတယ်.... ၂ယောက်သေရင် ၂ခု ။ ၃ ယောက် သေရင်ရင် ၃ ခုပေါ့......... တစ်နေ့ ....

တခြားရပ်ကွက်က သားဖနှစ်ဦးမှာ ဖအေလုပ်တဲ့သူက အတော်ကြီးနေမကောင်းဖြစ်တော့ သားဖြစ်တဲ့သူကို ဆေးဆရာ ရပ်ကွက်သွားပြီး အကောင်းဆုံး သမားတော်ကိုရွေးပြီး ပင့်ခဲ့ဖို့ခိုင်းလိုက်တယ်..... သားဖြစ်တဲ့သူလည်း အဲဒီရပ်ကွက်သွာပြီး အကောင်းဆုံး သမားတော်ကို လိုက်ရှာတယ်....... ဒါပေမယ့် ...တစ်ယောက်မှ စိတ်တိုင်းမကျဘူးတဲ့.... ဘာကြောင့်လဲဆိုတော့ ဆေးဆရာတွေရဲ့ အိမ်ရှေ့တွေမှာက အုန်းခွံတွေ ပလူပျံနေ လို့လေ.... တချို့ အိမ်တွေက အခု ၂၀ ၊ ၃၀ ...တချို့  အိမ်တွေဆိုအများကြီးပဲတဲ့....အုန်းခွံ ဆွဲမထားတဲ့အိမ်ကတော့ တစ်အိမ်တောင်မရှိဘူးတဲ့..... သားဖြစ်တဲ့သူလည်း စိတ်ညစ်ညစ် နဲ့ လိုက်ရှာလိုက်တာ... ရပ်ကွက် အစွန်နားရောက်တော့ အုန်းခွံနှစ်ခုတည်းပဲ ဆွဲထားတဲ့ ဆေးဆရာတစ်ယောက်ရဲ့ အိမ်ကို ရှားရှားပါးပါးတွေ့ရသတဲ့......

သားဖြစ်တဲ့ သူလည်းဝမ်းသာအားရနဲ့ အိမ်ကိုပင့်လာတာပေါ့..... ဆေးဆရာလည်း အိမ်ရောက်တော့... လူနာအခြေအနေကြည့်ပြီး....ဆေးတွေတိုက်....ဆေးတွေပေးပြီး .....အပြန်ကျတော့ သားဖြစ်တဲ့သူက ပြန်လိုက်ပို့တာပေါ့... လမ်းရောက်တော့ သားဖြစ်တဲ့သူက စကားစတယ်.... "ဆရာက အိမ်ရှေ့ မှာအုန်းခွံ နှစ်ခုတည်းပဲ ဆွဲထားတယ် ဆိုတော့ အတော်စွမ်းတာပဲနော်"တဲ့..... "ဒါနဲ့ဆရာကလူနာ ဘယ်နှယောက် ကုဖူးလဲ"....လို့ ဆက်မေးတယ်.... ဆေးဆရာကြီးရဲ့ အဖြေစကားကြောင့် သားဖြစ်တဲ့သူ မျက်လုံးပြူးသွားတယ်......

ဆေးဆရာကြီးက လက်ညှိးနှစ်ချောင်းထောင်ပြီးတော့ ပြန်ဖြေတယ်...... " ..နှစ်ယောက်......."

နောက်မဖြစ်အောင်

ဆေးခန်းကို လက်မှာဒဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။ ဒီတော့ဆရာဝန်က.....

"ဘယ်လိုဖြစ်တာလဲ"

"ကားတံခါး ဆွဲပိတ်လိုက်တာ လက်ညှပ်သွားလို့ "

"ခင်ဗျား မူးနေရင်တော့ ဒီလို ခဏခဏဖြစ်နေမှာပဲ"

"နောက်မဖြစ်တော့ပါဘူး ဆရာ"

"အရက်ဖြတ်မယ်ပေါ့"

"ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ"
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #253 on: June 06, 2011, 12:25:25 PM »
ဈေးအသက်သာဆုံး car parking

သန်းကြွယ်သူဌေးကြီးသည် ဥရောပသို့ ခရီးမသွားခင် မာန်ဟတ်တန် (Manhattan, New York) ရှိ နယူးယောက်ဘဏ် (New York Bank) သို့ သူ၏ ဒေါ်လာ သုံးသိန်းကျော်တန် လိုး(စ်)လွိုက် (Rolls-Royce) ကားအား မောင်း ၍ထွက်လာခဲ့သည်။ နယူးယောက်ဘဏ်သို့ ရောက်သော် ဒေါ်လာ ၅,၀၀၀ ခုချက်ချင်း ချေးငှားချင်ကြောင်း ပြောသောအခါ

ဘဏ်ငွေချေးအရာရှိ - ဟုတ်ကဲ့သူဌေးမင်းခင်ဗျား။ ကျွန်တော်တို့ သူဌေးမင်းကို ခုချက်ချင်းပေးနိင်ပါသည် ဒါပေမဲ့ ဘဏ်စည်းကမ်းအရ အပေါင်ပစ္စည်းတစ်ခုခု တော့ထားရမှာဖြစ်ပါတယ် သူဌေးမင်း.

သူဌေးမင်း - အေး ဒါဆိုရင်လဲ ရော့ ဒီမှာ ငါရဲ့ လိုး(စ်)လွိုက် (Rolls-Royce) ကားသော့။ ဒီကား သုံးသိန်းကျော်တန်တယ်ဆိုတာ မင်းလဲသိပါတယ်.. ဒါဆို ငါကို ငွေ ၅,၀၀၀ ထုပ်ချေးပေးလို့ရပြီလား?

ဘဏ်ငွေချေးအရာရှိ - ဟုတ်ကဲ့ ရပါတယ် သူဌေးမင်း။ ခဏနော်။ ဘဏ်ငွေချေးအရာရှိသည် ကားသော့ကို ယူကာ ဝန်ထမ်းတစ်ယောက်အား ဘဏ်၏ ကားသိုလှောင်ရာ နေရာတွင် park ခိုင်းထားလိုက်ပြီး ကားအား အပေါင်အဖြစ် သိမ်းထားလိုက်သည်။ ရက် နှစ်ပါတ်မျှကြာသော် သန်းကြွယ်သူဌေးမင်းကြီးသည် ဘဏ်သို့ပြန်လာကာ ကားအားပြန်လာရွေး၏။

ဘဏ်ငွေချေးအရာရှိ - သူဌေးမင်းခင်ဗျား ချေးငွေက ဒေါ်လာ ၅,၀၀၀၊ အတိုးက ၁၅ ဒေါ်လာ နှင့် ပြားလေးဆယ်ကျပါတယ် သူဌေးမင်း။

သူဌေးမင်း - အေး ရော့ ဒေါ်လာ ၅,၀၁၅.၄၀။

ဘဏ်ငွေချေးအရာရှိ - ဒီမှာ သူဌေးမင်း ကားသော့ပါခင်ဗျား.. ဘဏ်ငွေချေးအရာရှိသည် သူဌေးမင်းအား ဘဏ်တံခါးဝ သို့လိုက်ပို့ပေးသောအခါ

ဘဏ်ငွေချေးအရာရှိ - သူဌေးမင်းကို ကျွန်တော်သိချင်တာလေး တစ်ခုလောက်မေးချင်လို့ပါ။ သူဌေးမင်းလို သန်းကြွယ်သူဌေးတစ်ယောက်က တကူးတက ကျွန်တော်တို့ဘဏ်ကို လာပြီး ငွေ ၅,၀၀၀ ကို ဘယ်လိုအကြောင်းများကြောင့် လာပြီးချေးရတာလဲဆိုတာကို စဉ်းစားလို့မရဘူးဖြစ်နေတယ်ဗျ။

သန်းကြွယ်သူဌေးကြီးသည် အသာအယာပြုံး၍..

သူဌေးမင်း - သြော်.. ကား parking ဖိုး တစ်နာရီကို အနည်းဆုံး $25 ကစတဲ့ ဒီလို မာန်ဟတ်တန် နယူးယောက် (Manhattan, New York) မြို့ကြီးမှာ ခု ငါ့လို ဒေါ်လာ ၃ သိန်းတန်ကျော်ကားကြီးကို စိတ်လဲချရ နှစ်ပါတ်လုံး park မှ ကားရပ်ခ ဒေါ်လာ ၁၅.၄၀ ပဲပေးရတဲ့ car parking lot ဘယ်မှာ သွားရှာမှာတုန်း..?
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #254 on: June 06, 2011, 12:32:11 PM »
မော်ဒန်ရည်းစားစာ

ချစ်ကို စပျစ်သီးလို အချစ်ကြီးခဲ့တာ တကယ်ပါ...
ရှောက်သီးလို လျှောက်ဖြီးတာ မဟုတ်ပါဘူး
မယုံရင် ဒူးရင်းသီးလို ဆူးနင်းပြီး လျှောက်ကြည့်ပါလား
နေကြာစေ့လို ရင်မှာပွေ့ပြီး
ထန်းမြစ်လို အရမ်းချစ်တာပါ ချစ်သူရယ်...
ဘူးသီးကြော်လို ရူးပြီးအော်နေတာလည်း မဟုတ်ပါဘူး
ဒညင်းသီးလို အပျင်းကြီးတဲ့ ချစ်ကို...
ကိုယ်ခွင့်လွှတ်နိုင်ပါတယ်
ငါးပိချက်လို အသိမခက်ပါနဲ့တော့ ...
တို့စရာနဲ့တူတဲ့ ကိုယ့်ကဗျာကို ဖတ်ပြီးရင် ပြန်ချစ်ပါတော့
မဟုတ်ရင် ဂျူးမြစ်လို အရူးဖြစ်ရပါတော့မယ်...

ဒါနဲ.မဆိုင်ပါဘူး

လန်ဒန်မြို့လယ် လမ်းမပေါ်၌ သူငယ်ချင်း မိန်းကလေးနှစ်ဦးဆုံမိပြီး စကားလက်ဆုံကျ လျက်ရှိသည်-

ပထမမိန်းကလေး ။ ။ မတွေ့တာကြာပြီနော်။

ဒုတိယမိန်းကလေး။ ။ အေး…….. အလုပ်တွေများနေလို့..

ပထမမိန်းကလေး ။ ။ ဘာတွေအလုပ်များနေတာလဲ ပြောစမ်းပါဦး..

ဒုတိယမိန်းကလေး။ ။ ဒီလိုဟာ ……. ငါနဲ့ စမစ်တို့ စေ့စပ်ထားတာ ဖျက်သိမ်းလိုက်ပြီ။

ပထမမိန်းကလေး ။ ။ ဟယ်…….. ဘာဖြစ်လို့လဲ။

ဒုတိယမိန်းကလေး။ ။ အရှင်းဆုံး ပြောရရင်တော့………… သူ့ကိုခံစားလို့ မရတော့ဘူး။

ပထမမိန်းကလေး ။ ။ ဟုတ်လား။

ဒုတိယမိန်းကလေး။ ။ ဟုတ်တယ်……….အဲဒါကြောင့် စေ့စပ်ထားတာ ဖျက်လိုက်တာ။

ပထမမိန်းကလေး ။ ။ ဒါနဲ့ ………… နင့်အင်္ကျီပေါ်က စိန်ရင်ထိုးက စမစ်နဲ့ စေ့စပ်ပွဲတုန်းက ပေးထားတာ မဟုတ်လား။

ဒုတိယမိန်းကလေး ။ ။ ဟုတ်တယ်……….. စမစ်ကို ခံစားလို့မရပေမယ့် ဒါနဲ.တော.မဆိုင်ပါဘူး
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #255 on: June 06, 2011, 12:36:59 PM »
ဦးထုပ်ကိုဆောင်း လုံလုံခြုံခြုံဆောင်း

“ယုံကြည်စိတ်ချ အဖော်နဲ့မှ သာယာလှပ ပျော်ရွှင်မဆုံး......... ဦးထုပ်ကိုဆောင်း” ဟူသည့် စာသားပါ လိင်ရောဂါ ပညာပေး ကြော်ငြာ TV မှ လာစဉ် အဒေါ်အပျိုကြီးက တစ်လွဲကောက်ချက်ချ၍ ဘေးမှတူနှင့်

တူမလေးတို့အား ....“အဲဒါကြောင့် နင်တို့ကို ဦးထုပ်ဆောင်းပါလို့ အတန်တန်ပြောတာ၊ ဦးထုပ်မဆောင်းဘဲ နေပူထဲသွားလို့ ဖျားတာ ဘယ်နှခါရှိပလဲ” ......

အမြန်ခေတ်

ယခုအခါ အလွန်ကျယ်ဝန်းတဲ့ အမေရိကန်ပြည်ထောင်စုကို လူတစ်ယောက်ဟာ ရှစ်နာရီနဲ့ ဖြတ်သန်းသွားနိုင်ပြီ ဖြစ်ပါတယ်။ လေယာဉ်နဲ့ ဖြတ်သန်းပျံဖို့က လေးနာရီ၊ လေဆိပ်သွားတာက လေးနာရီ။

Round Cord

အထွေထွေသမားတော်ကြီး တစ်ဦး၏ ဆေးခန်းသို့ နှလုံးရောဂါ အထူးကု ဆရာဝန်ကြီးတစ်ဦး လူနာအဖြစ် ရောက်ရှိလာ၏။

အထွေထွေ ။ ။ ပြော၊ ဘာဖြစ်သလဲ။
နှလုံး ။ ။ ကျွန်တော် ညဘက်ဆို ကောင်းကောင်းအိပ်မပျော်ဘူး ဆရာ။
အထွေထွေ ။ ။ အိပ်ဆေးပေးလိုက်မယ်။ တစ်ည တစ်လုံးသောက်။ ၁၀ ရက်သောက်။ တစ်သောင်းကျတယ်။
နှလုံး ။ ။ ဗျာ၊ ကျွန်တော်လည်း ဆရာဝန်ကြီးတစ်ယောက်ပါဗျာ။ အချင်းချင်း ဒီလောက်အထိ မရိုက်သင့်ပါဘူး။
အထွေထွေ ။ ။ လူတွေ ဘာဖြစ်လို့ နှလုံးရောဂါရသွားကြတာလဲဆိုတာ ခင်ဗျားကိုယ်တိုင်သဘောပေါက်သွား အောင်လို့ပါ။ တစ်သောင်းပဲဗျာ။ တစ်သောင်း၊ ကားသစ်လဲစီးဖို့ စီစဉ်ထားတယ်ဗျ။

 နှလုံးဆရာဝန်ကြီး အောင့်သက်သက်ဖြင့် တစ်သောင်းပေးပြီး ပြန်သွားသည်။ နောက်လေးလကြာသောအခါ အထွေထွေသမားတော်ကြီး နှလုံးအောင့်သဖြင့် နှလုံးအထူးကု ဆရာဝန်ကြီး၏ ဆေးခန်းသို့ ရောက်လာ၏။
နှလုံး ။ ။ ပြော၊ ဘာဖြစ်သလဲ။
အထွေထွေ ။ ။ ကျွန်တော်နှလုံး အောင့်အောင့်နေလို့ဗျာ။ ဘာဖြစ်မှန်း မသိဘူး။
နှလုံး ။ ။ နှလုံးငြိမ်ဆေးပေးလိုက်မယ်။ တစ်ရက် တစ်လုံး၊ တစ်လသောက်ပါ။ နှစ်သောင်းကျတယ်။
အထွေထွေ ။ ။ အလိုလေး။ များလှချည်လား။
နှလုံး ။ ။ ခင်ဗျား ကိုယ်တိုင် အခြေအနေအထွေထွေကို နားလည်သွားရင် နှလုံးအောင့်တာ မခံစားရတော့အောင်လို့ပဲ။ နည်းတယ်၊ များတယ် လာမလုပ်နဲ့။ ပေး၊ နှစ်သောင်း။ အိမ်သစ်တစ်လုံးဝယ်မလို့ဟာကို။ တစ်နေ့တွင် အဆိုပါ ဆရာဝန်ကြီးနှစ်ဦးလုံး ကျောက်ကပ်အထူးကု ဆရာဝန်ကြီးတစ်ဦး၏ ဆေးခန်းသို့ ရောက်လာသည်။ ၎င်းတို့၏ ကျောက်ကပ်များကို စစ်ဆေးပြီးနောက် ကျောက်ကပ်အထူးကုက ပြော၏။
ကျောက်ကပ်။ ။ ခင်ဗျားတို့ နှစ်ယောက်လုံး ကျောက်ကပ်ရောင်နေတယ်။ သောက်ဆေးပဲ ပေးလိုက်မယ်။ ဆေးဖိုးမပါ တစ်ယောက် လေးသောင်းစီပေး။
အထွေထွေ + နှလုံး ။ ။ လေးသောင်းဆိုတော့ များလွန်းအားကြီးတယ်ဗျာ။ Test လုပ်ရုံလေးနဲ့။
ကျောက်ကပ်။ ။ မရဘူးဗျာ။ ကျုပ်ခြံထဲရောက်လာရင် ကျုပ်ကြက်ပဲ။ ကျုပ်က ခင်ဗျားတို့လောက် မခိုင်သေးဘူး။ ပေး၊ လေးသောင်းစီ။
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #256 on: June 06, 2011, 12:41:06 PM »
နောက်ကျရတဲ့ အကြောင်းအရင်း..

ဆရာမ - ဖိုးထောင် မင်းဒီနေ့ဘာလို့ ကျောင်းနောက်ကျရတာလဲ။

ဖိုးထောင် - ဟို..လမ်းမှ လူတစ်ယောက် တစ်ထောင်တန် ကျပျောက်သွားလို့ပါဆရာမ..

ဆရာမ - သြော်ဟုတ်လား.. သူပိုက်ဆံ သားက ကူရှာပေးနေရလို့ ကျောင်းနောက်ကျသွားတယ် ဆိုပါတော့။

ဖိုးထောင် - မဟုတ်ပါဘူး ဆရာမ၊ ပိုက်ဆံကို ကျွန်တော် တက်နင်းထားမိလို့ပါ

မပူပါဘူး..

စားသောက်ဆိုင်တစ်ဆိုင်တွင် ဧည့်သည်မှာသောဟင်းများကို စားပွဲသို့ သယ်ဆောင်လာသော ဖိုးထောင်အား..

ဧည့်သည် - ဟင်းတွေသယ်လာတုန်းက ခင်ဗျားလက်မ ဟင်းရည်ပန်းကန်ထဲ ရောက်နေတာ ကျွန်တော်တွေ့လိုက်တယ်ဗျ.

ဖိုးထောင် - ဟာ ကျွန်တော်ဘာမှမဖြစ်ဘူးအစ်ကို.. ဟင်းရည်ကမပူပါဘူးအစ်ကိုရဲ့..

ဒါလောက်မှ မသိဘူးလား

ဒင်။ ။ ခွေးပျောက်သွားလို့။

ဒေါင် ။ ။ သတင်းစာထဲမှာ ခွေးပျောက်ကြော်ငြာ မထည့်ဘူးလား။

ဒင် ။ ။ ဘာကြောင့် ထည့်ရမှာလဲ၊ ခွေးမှ စာမဖတ်တတ်တာ။

အံ့ဩစေချင်တာ

တိရစ္ဆာန်တွေအတွက် ပစ္စည်းရောင်းတဲ့ဆိုင်ထဲကို အမျိုးသမီးတစ်ယောက်ရောက်လာပြီး သူ့ခွေးအတွက် ဆွယ်တာ ဝယ်တယ်။ အရောင်းစာရေးက ပုံစံနဲ့ အရွယ်အစားကိုမေးတော့ အမျိုးသမီးက မပြောပြတတ်ဘူး။

‘ခွေးကို ခေါ်လာမယ်ဆိုရင် သူနဲ့ တော်တာကို ကျွန်တော်တို့က ရွေးနိုင်တာပေါ့’

‘ဒါတော့ မဖြစ်ဘူး၊ ကျွန်မက ခွေးကို အံ့ဩစေချင်တာ’
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #257 on: June 06, 2011, 12:44:50 PM »


ကိုယ်လဲမင်းကို ချစ်ပါတယ်…

တစ်နေ့တွင် ထောင်သား တစ်ယောက်သည် ထောင်မှထွက်ပြေးလာကာ လမ်းတွင်တွေ့သော အိမ်တစ်အိမ်တွင် ဝင်ရောက်၍ စားစရာများနှင့် ပိုက်ဆံများ ဝင်ရှာသည်။ အိမ်ပေါ်သို့ ရောက်သော် ကုတင်ပေါ်တွင် အိပ်ပျော်နေကြသော လင်မယားအား တွေ့သည်။ ထောင်သားသည် လင်မယား နှစ်ယောက်စလုံးအား နိုး၍ လင်ယောက်ျားအား ထိုင်ခုံတွင် ကြိုးဖြင့် တုပ်ထားပြီး ထိုင်စေသည်။

ထိုနောက် ကုတင်ပေါ်ရှိ မယား၏ လည်ပင်းအား ထောင်သား နမ်းလိုက်သည်ကို သော်လည်းကောင်း၊ ထိုနောက် ထောင်သားနှင့် မယားသည် အိပ်သာထဲသို့ ဝင်သွားကြသည်ကိုသော်လည်းကောင်း  လင်ယောက်ျားက မြင်လိုက်သည်။ ထိုဖြင့်၍ လင်ယောက်ျားသည် အိမ်သာဘက်သို့ လှမ်း၍ မယားဖြစ်သူအား “အချစ်လေးရေ.. ဒီထောင်သား မင်းလည်ပင်းကို နမ်းလိုက်တဲ့ပုံက သူထောင်ထဲမှာ အနေကြာပြီး မိန်းမ မမြင်ရတာ ကြာပြီနဲ့တူတယ်.. ချစ်ချစ် ကိုယ်မင်းကို အရမ်းချစ်ပါတယ်ကွာ.. ဒါပေမဲ့ သူဘာပဲလုပ်လုပ် ငြိမ်ငြိမ်လေး ခံလိုက်နော်။

အရေးကြီးတာက ကိုယ်တို့နှစ်ယောက်စလုံး အသက်ချမ်းသာရာရဖို့ပဲ မဟုတ်လား.. အချစ်” အိမ်သာထဲမှ မယား၏ တုံ့ပြန်သံကြောင့် ခင်ပွန်းဖြစ်သူမှာ နှလုံးသွေးများ ရပ်တန့်သွားမလားထိ ထိတ်လန့် တုန်လှုပ်ကာ ပါးစပ်ဟောင်းလောင်းဖြင့် ကြက်သေသေ သွားပါတော့သည်။ ဇနီးသည် ပြောကြားလိုက်သည်မှာ….

“ကိုကိုရေ သူက ခင့်လည်ပင်းကို လာနမ်းတာ မဟုတ်ပါဘူး။ သူက ခင့်နားမှာ တိုးတိုးလေး ကပ်ပြီး သူက အခြောက်တဲ့၊ နောက်ပြီး ဗတ်စလင်းအဆီ ဘယ်မှာထားလဲလို့ ခင့်ကို မေးတာနဲ့ ခင်လဲကြောက်ကြောက်နဲ့ အိမ်သာထဲမှာလို့ပြောတော့ သူကလိုက်ပြပေးဆိုလို့ပါ။ ကိုကို ကျွန်မလဲ ကိုကို့ ကို အရမ်းချစ်တာပါပဲ။ တောင့်ခံထားနော် ကိုကို။ သူဘာပဲလုပ်လုပ် ငြိမ်ငြိမ်လေး ခံလိုက်နော်။ အရေးကြီးတာက ခင်တို့နှစ်ယောက်စလုံး အသက်ချမ်းသာရာ ရဖို့ပဲ မဟုတ်လား.. ကိုကိုရယ် နော် ကိုကို”
+4
« Last Edit: June 08, 2011, 10:50:37 AM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #258 on: June 06, 2011, 12:50:36 PM »
ဘယ်အပိုင်းလဲ..
ဖိုးထောင် -.................. ငါက ရန်ကုန်မှာ မွေးတာလေ။
ကြွက်လေး -............... ဟုတ်လား၊ ဘယ်အပိုင်းတုန်းကွ..
ဖိုးထောင် ....................- ဟ..မင်းကလဲ တစ်ကိုယ်လုံးပေါ့ကွ..

ဘယ်သူ့ကို ပြောတာလဲ

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီး မကြာဘူး။ ယောကျာ်းဖြစ်သူက အိမ်မွေးကြောင်နဲ့ ဆော့ကစားနေခဲ့တယ်။ ဒါကို မိန်းမက မြင်တော့ ‘နင် ဘာလို့ အဲဒီ့ဝက်နဲ့ ကစားနေတာလဲ’ လို့ ငေါက်လိုက်တယ်။ အငေါက်ခံရတဲ့ ယောက်ျားက ကြောင်ကို လက်ညှိုးထိုးပြီး ‘ဒါဝက်မဟုတ်ဘူး…. ကြောင်ကွ… ကြောင်’ လို့ ပြန်အော်လိုက်တယ်။ အဲဒီအခါမှာ မိန်းမက ယောက်ျားကို ‘နင့်ကို ငါမေးနေတာ မဟုတ်ဘူး။ ငါအဲဒီကြောင်ကို မေးနေတာ’ လို့ ပြန်အော်လိုက်တယ်။

ဝါရင့် ကားမောင်းသမား

ခရီးသည် အဘိုးကြီးတစ်ဦး တက္ကစီ စီးလာသည်။ ကားမောင်းသမား ကို စပ်စုပြီး သူကမေးသည်။

" စိတ်မရှိပါနဲ့ ငါ့ တူ ၊ သိချင်လို့ ပါ ၊ တကယ်လို့ ငါ့ တူ အရက် ဝမ်းပက် သောက်ထားရင် ကားမောင်းနိုင်ပါ့ မလား "

" မောင်းနိုင်တာပေါ့ ဗျာ "

" တူးပက်သောက်ထားရင်ကော"

" ဒါလည်းမောင်းနိုင်မှာပဲ"

" အင်း၊ ငါ့ တူကို ကြည့်ရတာ ပထမတန်းစား ကားမောင်းသမားနဲ့  တူတယ်၊ ဒါနဲ့  ဖန်ခွက်တစ်ခွက်အပြည့် သောက်ထားရင်ကော "

တက္ကစီသမား စိတ်တိုလာသည်။

" အဓိပ္ပာယ်မရှိတဲ့  မေးခွန်းတွေကို ဘာလို့ မေးနေရတာလဲ အဘိုးကြီး၊ အခုမောင်းနေတာ မြင်တယ်မဟုတ်လား "
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #259 on: June 06, 2011, 04:22:34 PM »
မွေးနေ့မင်္ဂလာ

“အဘ၊ ခုမွေးနေ့ဟာ ဘယ်နှနှစ်မြောက်လဲ”

“၈၅ နှစ်မြောက်ပေါ့ ငါ့မြေးရယ်”

“အဘ နှစ်ပေါင်း ၈၀ လောက် ဘာတွေ လုပ်ခဲ့လဲ”

“အမှားတွေ”

“ဟင်……… ခုရော ထပ်လုပ်ဦးမှာလား”

“သိပ်အလွန်အကျွံမမှားအောင်တော့ ကြိုးစားရမှာပေါ့ကွယ်။ ဒါပေမဲ့ မှားတော့မှားဦးမှာပါ”

 မှားသွားလို့



ဆယ်ကျော်သက် အရွယ်သမီးငယ်က နာရီဝက်ခန့် ဖုန်းပြောပြီးနောက် ဖုန်းချလိုက်ရာ ဖခင်ဖြစ်သူမှာ အံ့သြသွားပြီး

“ဟာ ငါ့သမီး ဒီတစ်ခါ ဖုန်းပြောတာ တယ်မြန်တာပဲ။ ခါတိုင်းဆို အနည်းဆုံး နှစ်နာရီလောက်ကြာတာ။ ဒီတစ်ခါ ဘယ်လိုဖြစ်တာလဲ”

“ဖုန်းနံပါတ်မှားလို့တဲ့ အဖေ” ဟု သမီးဖြစ်သူက ပြန်ပြောပါသည်။

ငတုံးလေး


ကလေးငယ်တစ်ဦး ဆံပင်ညှပ်ဆိုင်သို့ ဝင်လာသောအခါ ဆံပင်ညှပ်သူက ၎င်းဆံပင် ညှပ်ပေးနေသူအား အခုလိုပြောသည်။

“အဲဒီကလေးဟာ တော်တော်တုံးတဲ့ ကလေးလေးဗျ။ ခင်ဗျားကြည့်နေ ကျွန်တော်လက်တွေ့ပြမယ်” ဟုဆိုကာ ဆယ်တန်တစ်ရွက်နှင့် ငါးကျပ်တန် တစ်ရွက်ကို လက်တစ်ဖက်စီတွင် ကိုင်ထားရင်း

“ကဲ ကလေး မင်းဘယ်ဟာယူမလဲ”ဟုမေးရာ ကလေးငယ်က ငါးကျပ်တန်ကိုယူ၍ ထွက်သွားပါသည်။

“ကျုပ်ပြောတယ် မဟုတ်လား။ ဒီကလေးက ဘယ်တော့မှ တစ်ဆယ်တန် ယူရကောင်းမှန်း မသိဘူး” ဆံပင်ညှပ်သမားက ၎င်း၏ ဖောက်သည်အား ပြောလိုက်သည်။

ဆံပင်ညှပ်လာသူလည်း ဆံပင်ညှပ်ဆိုင်မှ ထွက်လာခဲ့ပြီး စောစောက ကလေး ရေခဲမုန့်ဆိုင်မှ ထွက်လာသည်ကို တွေ့သောအခါ မနေနိုင်တော့ဘဲ

“မင်းက တစ်ဆယ်တန် ဘာလို့ မယူတာလဲကွ” ဟု ကလေးငယ်အား မေးမြန်းရာ

“သားတစ်ဆယ်တန် ယူလိုက်ရင် နောက်ဆိုသားရေခဲမုန့် ဘယ်စားရတော့မလဲ ဦးရ”
+4

Tags: