Author Topic: အမောပြေဟာသမှတ်စု  (Read 482704 times)

0 Members and 1 Guest are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #240 on: June 06, 2011, 10:37:35 AM »
မြန်သလားမမေးနဲ့ ..
ကန်ထရိုက်တာနှစ်ဦးအကြွားပြိုင်နေကြသည်။
ပ-ကန်ထရိုက် ။ ။ ငါတို့ ကန်ထရိုက်အဖွဲ့နဲ့ဆောက်ရင် တိုက်တစ်လုံးဟာ
(7)ရက်နဲ့ပြီးတယ် ..
ဒု-ကန်ထရိုက် ။ ။ ဟွန်း .. ကြာလိုက်တာ။ ငါတို့ကန်ထရိုက်နဲ့သာဆောက်၊
မနက်ကစဆောက်ရင် ညနေဆို တိုက်ပိုင်ရှင်က အိမ်လခမပေးနိုင်လို့
တိုက်ခန်းငှားနေတဲ့သူတွေကိုနှင်ချနေတာ တွေ့ရလိမ့်မယ် ။

လက်ဆောင်ကောင်း ..

``နင့်သူငယ်ချင်းမွေးနေ့မှာ ဘာလက်ဆောင်ပေးလိုက်လဲ´´
``င့ါရဲ့အယ်ဇေးရှင်းခွေးကြီးနှစ်ကောင်လက်ဆောင်ပေးလိုက်တယ်´´
``ဟယ် .. ဒီလောက်အဖိုးတန်တဲ့
ခွေးကြီးနှစ်ကောင်ကိုအလကားလက်ဆောင်ပေးပြစ်ရလား နှမြောလိုက်တာ´´
``ကိစ္စမရှိပါဘူး .. ဒီနှစ်ကောင်ညမိုးချုပ်ရင် င့ါအိမ်ကိုပြန်ပြေးလာကြမှာပါ´´
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #241 on: June 06, 2011, 10:39:21 AM »
အားလုံးပေါင်းတော့ ..
အန်တီကြီး ။ ။ ဟေ့ .. အန်တီ့ကိုကြည့်ပြီးအသက်ဘယ်လောက်ရှိမယ်ဆိုတာ
ခန့်မှန်းကြည့်စမ်း ..
လူငယ် ။ ။ အင်း ဆံပင်ကိုကြည့်ပြီးပြောရင် 15 နှစ်အရွယ်၊
အန်တီ့သွားတွေကိုကြည့်ပြီးပြောရရင် အသက် 20 အရွယ်၊
ကိုယ်လုံးကိုကြည့်ပြီးပြောရရင်တော့ အသက်အစိတ်မကျော်ဘူးလို့ထင်ရတယ် ..
အန်တီကြီး ။ ။ ဟယ် .. တကယ်ပဲလားဟင် ..
လူငယ် ။ ။ တကယ်ပါ .. အဲ့ဒါတွေအားလုံးပေါင်းလိုက်ရင်တော့ အသက် 60 အရွယ်ပေါ့ ..

ပိုနီးလို့ ..
တစ်ကိုယ်လုံးညစ်ပတ်ပေရေနေအောင် ဆော့ထားသော သားငယ်ဖြစ်သူအား ဖခင်က ခေါ်ရ်ျဆူသည် ..
``မင်း တော်တော်ညစ်ပတ်တဲ့ကောင်ပါလား၊ ဖေဖေ့ကိုကြည့်စမ်း၊
ဖေဖေ့လိုသန့်သန့်ရှင်းရှင်း နေစမ်းပါလားကွ´´
ထိုအခါ သားဖြစ်သူက ပြန်ပြောလိုက်ပုံမှာ ..
``ဟာ .. ဖေဖေ့လိုတော့ ဘယ်သန့်ရှင်းပါ့မလဲ၊ ဖေဖေက အရပ်အမြင့်ကြီးပဲဟာ၊
ဖေဖေ့ထက်စာရင် သားက မြေကြီးနဲ့ပိုနီးတာကိုး´´
+7

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #242 on: June 06, 2011, 10:40:36 AM »
ရှင်းရော ..
``မင်း ကဗျာရွတ်ပြိုင်ပွဲမှာ မပါဘူးလား´´
``ငါ့ .. ငါ့ကို .. မ … မ .. ပြိုင်ရဘူးတဲ့´´
``ဘာဖြစ်လို့လဲ´´
``အ .. အရပ် .. ပု .. ပု .. ပုလို့တဲ့ကွ´´

ဒီနေ့ကံကောင်းပါလား ..
``င့ါဦးလေးက တောပစ်ထွက်တာ အရမ်းဝါသနာပါတယ်ကွ၊ သူတောပစ်ထွက်တိုင်း
အမြဲကံကောင်းတာချည်းပဲ´´
``ဟင် .. မင်းဦးလေး တောပစ်ထွက်တိုင်းအမြဲကံကောင်းတယ်သာပြောတယ် ..
တစ်ခါမှလည်း အမဲရပြီး ပြန်လာတာမတွေ့ပါလား´´
``လူမသေပဲပြန်ပြန်လာလို့ ကံကောင်းတယ်ပြောတာကွ´´
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #243 on: June 06, 2011, 10:43:44 AM »
ကျေးဇူးပြုရ်ျ ..
အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် အမျိုးသမီးတစ်ဦးသည် ကားတစ်စီးကိုလှမ်းတားပြီး ..
``ကျေးဇူးပြုပြီး ရှင် ကားပြင်တတ်လား၊ ကျွန်မကား စက်နှိုးလို့မရတော့လို့
ကူညီပါရှင်´´
``ခင်ဗျားကားက ဘာချွတ်ယွင်းသွားလို့လဲ´´
``ကာဘရိုက်တာထဲ ရေ၀င်သွားလို့ပါရှင်´´
``ဒါဖြင့် ကျွန်တော်လိုက်ကြည့်ပေးမယ်လေ၊ ခင်ဗျားကား ဘယ်မှာလဲ´´
``ဟိုရှေ့တံတားအောက်က မြစ်ထဲမှာပါရှင်´´

အားလုံးပေါင်းတော့ ..
သမီးရည်းစားနှစ်ယောက်ချိန်းတွေ့ကြရင်း မိန်းကလေးဖြစ်သူက ယောက်ျားလေးအား
သူ့ဓါတ်ပုံတစ်ပုံပေးသည်။ ယောကျာ်းလေးသည် နောက်ကျောကစာကိုဖတ်ပြီး
မျက်လုံးပြူးခဲ့ရလေသည်။
``ကိုကိုရယ် .. ကိုကို့ကို အချစ်စစ် အချစ်မှန်နဲ့ တကယ်ကိုချစ်မိတာပါ ..
နှလုံးသားက သစ္စာချစ်နဲ့ ထာဝရချစ်သူ .. သိန်း´´
သတိ
``ကိုကို၊ သူများတို့နှစ်ယောက် အဆင်မပြေလို့ ဖြတ်ကြရင်တော့
ဒီဓါတ်ပုံလေးပြန်ပေးနော်´´
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #244 on: June 06, 2011, 10:47:16 AM »
ကျွမ်းကျင်ရာလိမ္မာ ..
ပါတီပွဲသို့တက်ရန် အ၀တ်အစားဝတ်နေသောသူတစ်ဦး သူ၏လည်စီးကို တပ်ဆင်ရာ
စိတ်တိုင်းမကျဖြစ်နေသည်။ ထိုစဉ် သူ့အခန်းရှေ့မှဖြတ်သွားသော
သူတစ်ဦးကိုတွေ့သဖြင့် လှမ်းခေါ်ပြီး ..
``ကျွန်တော့ကို ကျေးဇူးပြုပြီး ဟော့ဒီလည်စီးလေး စည်းပေးပါခင်ဗျာ´´
``ရပါတယ်ဗျာ .. ကုတင်ပေါ်တက်ပြီး ပက်လက်အိပ်လိုက်ပါ´´
ထို့နောက် ထိုလူက လည်စည်းကို ကျွမ်းကျင်စွာပင် စည်းပေးလိုက်သည်။
``ကျေးဇူးပဲဗျာ .. ခင်ဗျားစည်းပေးလိုက်မှ စတိုင်ကျသွားတော့တယ်၊ ဒါနဲ့
ခင်ဗျားက မတ်တပ်စည်းမပေးပဲ ဘာလို့အိပ်ခိုင်းပြီး စည်းပေးတာလဲဗျ´´
``ကျွန်တော်က အအေးတိုက်မှာ အလောင်းတွေကိုပြင်ဆင်ပေးရတဲ့သူမို့ပါ´´

အရေးတယူ ..
``ဗျို့ .. အိမ်ရှင်တို့ အိမ်ရှင်တို့´´
အိမ်ရှင် ။ ။ ဘာကိစ္စလဲရှင် ..
``ကျွန်တော် ရေပိုက်ပြင်သမားပါ၊ အစ်မကြီးတို့အိမ်က ရေပိုက်ပြင်ဖို့ ခေါ်ထားလို့ပါ´´
အိမ်ရှင် ။ ။ ဟင် .. ကျွန်မတို့လည်း မခေါ်ရပါလားရှင် ..
``ဒါဖြင့် ဒီအိမ်က မစ္စတာမာတင်တို့အိမ် မဟုတ်ဘူးလား´´
အိမ်ရှင် ။ ။ မဟုတ်တော့ဘူးရှင့်၊ သူတို့ဒီအိမ်ကပြောင်းသွားတာ တစ်နှစ်လောက်ရှိပြီ ..
``ကဲ .. အဲ့ဒါသာကြည့်တော့ အစ်မကြီးရေ၊ သူတို့ပဲ အရေးကြီးလို့
ရေပိုက်အမြန်ပြင်ချင်တယ် လာပါဆိုလို့လာရတယ်၊ ဒီရောက်တော့
သူတို့ကပြောင်းသွားပြီတဲ့ .. ဟွန်း´´
+6

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10996
Re: အမောပြေဟာသမှတ်စု
« Reply #245 on: June 06, 2011, 11:39:27 AM »


ကပ်စေးနှဲ


တစ်ခါက ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ အလွန်ဝေးသောရွာမှ လူတစ်ဦးရောက်လာပြီး သူ့အိမ်တွင်ဆွမ်းကျွေးချင်သဖြင့် ဆွမ်းစားကြွရန် ဖိတ်လေသည်။ ထိုအခါ ဘုန်းကြီးက . . .
“အို . . . ဒကာကြီး၊ ဒီလောက် ဝေးတဲ့ရွာကနေ ဒီကျောင်းကိုလာပင့်ရအောင် ဒကာကြီးတို့ရွာမှာ ဘုန်းကြီးကျောင်း မရှိလို့လား”
“ရှိပါတယ် ဘုရား ဒါပေမယ့် တပည့်တော်ဟာ အလွန်ကပ်စေးနှဲလွန်းလို့ အလှူလုပ်ဆွမ်းကျွေးမယ်ဆိုတာကို ဘယ်သူမှ မယုံတာကြောင့် ခုလိုတပည့်တော်အကြောင်းမသိတဲ့ ရပ်ဝေးကိုလာပြီး ပင့်ရတာပါ။”

မှားတောင်မှားသေး


ခရီးသည်အပြည့် ကြပ်ညပ်နေတဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ ခရီးသည်တစ်ယောက်က သူ့ကို ခါးပိုက်နှိုက်နေတဲ့ လူကို ဖမ်းမိလိုက်ပါတယ်။

“ဟေ့ကောင် မင်းငါ့အိပ်ကပ်ထဲ ခါးပိုက်နှိုက်တာ အရှက်မရှိဘူးလားကွ”

“အံမာ၊ ခင်ဗျားကသာ ရှက်စရာကောင်းတာ၊ အိပ်ကပ်ထဲ တစ်ပြားမှ မရှိဘဲနဲ့များ”

ရိုးသားသူ


နစ်ခ်တစ်ယောက် မျက်ကွင်း နှစ်ဖက်စလုံးညိုပြီး ဖူးရောင်နေတဲ့ ပုံနဲ့ အိမ်ပြန်လာတော့ မိန်းမဖြစ်သူက ဘာဖြစ်လာရတာလဲလို့ မေးပါတယ်။ နစ်ခ်က မျက်နှာမသာမယာနဲ့
"ဓာတ်လှေကားထဲမှာကွာ၊ အမျိုးသမီး တစ်ယောက်ရဲ့ စကတ်နောက်ဇစ်က ဟနေတယ်။
ငါလည်း အမြင်မတော်တာနဲ့ ဆွဲတင်ပေးလိုက်တာကို အဲဒီအမျိုးသမီးက ငါ့ဘယ်ဘက် မျက်လုံးကို လက်သီးနဲ့ ထိုးတယ်လေ"လို့ ဆိုပါတယ်။
ဒါနဲ့ သူ့မိန်းမက "ဪ.. ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဒါနဲ့ နောက် တစ်ဖက်က ဘယ်လိုဖြစ်ရတာတုံး.."လို့ မေးတော့
နစ်ခ်ပြန်ဖြေတာက "သူက အရင်ပုံစံကိုပဲ ကြိုက်တယ်ထင်လို့ ဇစ်ပြန်ဆွဲချပေးလိုက် တယ်လေ"့။
+7
« Last Edit: June 08, 2011, 10:55:24 AM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10996
Re: အမောပြေဟာသမှတ်စု
« Reply #246 on: June 06, 2011, 11:48:39 AM »
ထပ်မလုပ်တော့ပါဘူး

အမျိုသမီးတစ်ထောင်ကို တယ်လီဖုန်းနဲ့ စစ်တမ်းကောက်ပါတယ်။
အဲဒီ စစ်တမ်းမေးခွန်းက အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ အတူ အိပ်ဖို့ စိတ်ကူးရှိပါသလားဆိုတဲ့ မေးခွန်းပါ။
တစ်ရာခိုင်နှုန်းက ဟင့်အင်းလို့ ဖြေတယ်။
နှစ်ရာခိုင်နှုန်းက အင်းလို့ ဖြေတယ်။
အဲ ၉၇ ရာခိုင်နှုန်းကတော့ ဘယ်တော့မှ ထပ်မအိပ်တော့ဘူးလို့ ဖြေပါတယ်။

မုတ်ဆိတ်မွေးအရင်ရိတ်

တစ်ရက်မှာ စတာလင်နဲ့ အတော်တူတဲ့လူတစ်ယောက်ကို ကေဂျီဘီက ဖမ်းလာပါတယ်။

“ခေါင်းဆောင်ကြီးခင်ဗျာ။ ခေါင်းဆောင်ကြီးနဲ့ အတော်တူတဲ့လူတစ်ယောက် ကျွန်တော်တို့ ခေါ်လာပါတယ်”

စတာလင်က အဲဒီလူကို သေသေချာချာကြည့်ပြီး သူ့ကို သတ်ပစ်လိုက်လို့ အမိန့်ပေးတယ်။

“အဲ.. သူမုတ်ဆိတ်မွေးတွေ ရိတ်ပစ်လိုက်ရင်တော့ ခေါင်းဆောင်ကြီးနဲ့ တူတော့မှာ မဟုတ်ပါဘူးခင်ဗျ”လို့ ခေါ်လာတဲ့သူက ပြောတယ်။

စတာလင်က ထပ်ကြည့်တယ်။ ပြီးတော့ အခုလိုပြောပါတယ်။

“အေး ကောင်းတယ်။ မုတ်ဆိတ်မွေးတွေ ရိတ်ပစ်လိုက်၊ ပြီးရင်သတ်ပစ်လိုက်”

နှုတ်ဆက်တာပါ


ဘရက်ဇညက်က သေအံ့မူးမူး ဖြစ်နေပြီး အိပ်ရာထဲ လဲနေတယ်။ အဲဒီ အချိန်မှာ ရဲဘော်ကြီး အင်ဒရိုပေါ့က ဝင်လာတယ်။

“ခေါင်းဆောင်ကြီး ဘရက်ဇညက်” ဘရက်ဇညက်က ဘာမျှ မတုံ့ပြန်ဘူး။ အဲဒါကြောင့် အင်ဒရိုပေါ့က ခပ်ကျယ်ကျယ် ထပ်ခေါ်လိုက်တယ်။

“ခေါင်းဆောင်ကြီး ဘရက်ဇညက်”

“ဟင် … ဘယ်သူလဲကွ”

“ကျွန်တော်ပါ။ ရဲဘော် အင်ဒရိုပေါ့”

“မင်းက ဒီကို ဘာလာလုပ်တာတုံး”

“ခေါင်းဆောင်ကြီးကို ခွဲခါနီး လာနှုတ်ဆက်တာပါ” ဘရက်ဇညက်က စဉ်းစားတယ်။ ပြီးတော့ အခုလို ပြောပါတယ်။

“ခွဲခါနီး လာနှုတ်ဆက်တာ။ ဟုတ်လား။ မင်းက ဘယ်သွား မလို့တုံး”
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10996
Re: အမောပြေဟာသမှတ်စု
« Reply #247 on: June 06, 2011, 11:52:51 AM »
ငတုံး

“နေစမ်းပါဦး.. မင်းပြောတော့ မင်းကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ငတုံးတွေများမှ များဆို”

မိုက်ကယ်က မကျေမချမ်းနဲ့ ဇနီးသည်ကို မြည်တွန်တောက်တီး နေပါတယ်။

“ဟုတ်တယ်လေ.. ကျွန်မကို လက်ထပ်ချင်တဲ့ သူတွေမှ အများကြီးပဲ”လို့ ဇနီးသည်ကဖြေတော့

“အေး.. ငါ့ဆန္ဒအရဆို မင်းကို ပထမဆုံး လက်ထပ်ခွင့်တောင်းတဲ့ ငတုံးကို မင်းလက်ထပ်ခဲ့ရင်ကောင်းမယ်”လို့ ဆိုပါတယ်။

ဒါနဲ့ ဇနီးကပြန်ဖြေတာက “အင်းလေ.. ကျွန်မလက်ထပ်ခဲ့တာပဲ..”တဲ့။

ဘေးထွက်ဆိုးကျိုး

ဝနေတဲ့ ဦးသန်းမြင့်ဟာ ပိန်ချင်လွန်းလို့ အလှပြင်ဆိုင်က မာမီတစ်ယောက်နဲ့ တိုင်ပင်ပြီး အားကစားရုံကို နေ့တိုင်းသွားပါတယ်။ သူ့မိန်းမပါ အားကစားရုံ လိုက်လာပြီး ကစား ကြပါတယ်။ တစ်လလောက်ကြာတော့ သူက အဆီမကျဘဲ သူ့မိန်းမက အဆီကျ လှပသွားပြီး အားကစားရုံမှာ တွေ့ရတဲ့ မော်ဒယ်ဘွိုင်း ကောင်လေးနဲ့ ပါသွားပါတယ်။ စိတ်ဆင်းရဲနေတဲ့ ဦးသန်းမြင့်က အဆီချဖို့ တိုင်ပင်တဲ့ မာမီကို သွားရန်တွေ့ပါတယ်။

“ခင်ဗျားပြောလို့ အားကစားရုံကို သွားပြီး ကစားတာ အခုတော့ မိန်းမပါ ပါသွားပြီ၊ အဲဒါ ခင်ဗျားကြောင့်”

“အစကတည်းက များပြောသားပဲ၊ ကစားတယ်ဆိုပေမယ့် နည်းစနစ်မှားရင် ဘေးထွက် ဆိုးကျိုးရှိနိုင်တယ်လို့”

သိနေတယ်လေ

မျက်နှာနဲ့ ခြေလက်တွေ ဖောရောင်နေတဲ့ အရက်သမားတစ်ယောက် ဆေးခန်းတစ်ခုထဲ ဝင်သွားတော့ ဆရာဝန်က ဖော်ရွေစွာနဲ့ ဆီးကြိုပြီး စစ်ဆေးပေးပါတယ်။

“ခင်ဗျား ခန္ဓာကိုယ်မှာ ရေဓာတ်များနေတယ်၊ အရက်လျှော့သောက်ပါ၊ ကြာရင်ဝမ်းဗိုက်တွေပါ ရေနဲ့ ပြည့်လာလိမ့်မယ်”

“အရက်ကိုတော့ မဖြတ်ပါရစေနဲ့၊ တခြားကုထုံးလေး ပေးပါဦး”

“ဒါဆိုရင် ခင်ဗျားသောက်နေကျဆိုင်မှာ မသောက်တော့ဘဲ တခြားဆိုင်ပြောင်းသောက်ဗျာ၊ ဒီဆိုင်က ရေရောတာ တရားလွန်တယ်”

“ဆရာက ကျွန်တော့်ဆိုင်အကြောင်း သိတယ်နော်”

“ခင်ဗျားသောက်တဲ့ဆိုင်နဲ့ ကျွန်တော်သောက်တဲ့ဆိုင်က တစ်ဆိုင်တည်းပဲလေ”
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10996
Re: အမောပြေဟာသမှတ်စု
« Reply #248 on: June 06, 2011, 11:57:00 AM »
မဖြေနိုင်တဲ့ မေးခွန်း

အပျိုကြီး မရွှေခြယ်တစ်ယောက်သည် အသုဘဆွမ်းကျွေး၊ နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနား၊ သွားလေသူအတွက် ဝတ်ပြု ဆုတောင်းပွဲများသို့ တက်ရောက်လေ့ရှိသည်။ သူ့အိမ်နီးချင်းက သူ့ကို မေးသည်။

“မရွှေခြယ်က နာရေးနဲ့ ပတ်သက်တဲ့ပွဲကိုပဲ သွားတယ်နော်၊ မင်္ဂလာဆောင်တွေကျတော့ မသွားဘူး၊ မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်ဆိုသလို ကုသိုလ်ပိုရချင်လို့လား”

“မဟုတ်ပါဘူး၊ အဲဒီလိုပွဲတွေမှာ ဘယ်သူကမှ ‘ခင်ဗျားအလှည့် ဘယ်တော့လဲလို့’ မမေးကြလို့ပါ”

အကြောင်းရင်း

ကိုကြီးချမ်းဟာ မော်ဒယ်လေးတွေ၊ မင်းသမီးလေးတွေကို သိပ်သဘောကျပါတယ်။ ဗီဒီယို မင်းသမီးလေးတွေကို ရလိုရငြား အကြံအစည်နဲ့ စာရေးဆရာ လုပ်နေရာကနေ ဇာတ်ညွှန်းဆရာဘက် ပြောင်းသွားပါတယ်။ သူ့ပါးစပ်ကတော့ စိတ်ထဲက ဆန္ဒနဲ့ အမြဲ ဆန့်ကျင်နေပါတယ်။

“ငါကတော့ ရုပ်ရှင်လောကထဲရောက်နေပေမယ့် မင်းသမီးတွေကို ယူဖို့မပြောနဲ့ ကြိုက်တောင် မကြိုက်ဘူး”

ဓာတ်မသိတဲ့ ချိုဝိုင်က မေးလိုက်ပါတယ်။

“ဘာဖြစ်လို့ မကြိုက်ချင်တာလဲ” ဓာတ်သိတဲ့ ဝေမှူးက ဖြေလိုက်ပါတယ်။

“သူတို့ဘက်က မကြိုက်လို့ပေါ့ကွ”

တော်တော်ညံ့တာ


ဖိုးတက် ။  ။ ဟေ့ကောင် ဇော်ထွန်း၊ ဆပ်ကပ်သွားကြည့်တာ ကောင်းလားကွ။

ဇော်ထွန်း ။  ။ အခြားပြကွက်တွေ ကောင်းပေမယ့် ဓားပေါက်ခန်းတော့ ငါမကြိုက်ဘူးကွ။

ဖိုးတက် ။  ။ ဘာဖြစ်လို့လဲ။

ဇော်ထွန်း ။  ။ ဓားပေါက်တဲ့လူက တော်တော်ညံ့တာကွ၊ အချက် ၂၀လောက် ပေါက်တာတောင် တစ်ချက်မှမမှန်ဘူး။
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10996
Re: အမောပြေဟာသမှတ်စု
« Reply #249 on: June 06, 2011, 12:01:13 PM »
စိတ်တိုင်းကျ

ဖလက်ချာ တစ်ယောက် သွားဆရာဝန် ထံသို့ရောက်လာသည်။

“သွားနှုတ်ရင် ဘယ်လောက်ပေးရမလဲ”

“၃ ပေါင်ပါ”

“ဟ.. များလှချည်လား။ ၁၅ မိနစ်လောက်ပဲလုပ်ရမယ့်ကိစ္စကို ၃ ပေါင်ဆိုတော့ များလွန်းလှတာပေါ့ဗျ..”

ထိုအခါ ဆရာဝန်က ပြုံးလိုက်ပြီးပြောသည်။

“ရတယ်လေ.. ဒါဆို ပိုက်ဆံနဲ့ တန်အောင် ၁ နာရီလောက်ကြိုးစားပြီး နှုတ်ပေးမှာပေါ့”

စော်ကားမှု

ဂျာနယ်သတင်းထောက် တစ်ဦးကို ထိုးကြိတ်သောကြောင့် ဘာသာတော့ဗ်အား ဖာဂူဆန်ကရုံးခန်းသို့ ခေါ်ကာဆူသည်။

“မင်းဘာလို့ သတင်းထောက်ကို ဒီလောက်အထိ ထိုးတာလဲကွ။ သွားတွေတောင် ကျိုးသွားတယ်”

“ဆရာမသိဘူးနော်... သူကျွန်တော့်ကစားပုံတွေ၊ ဂိုးသွင်းပုံတွေကို ဂျာနယ်ထဲမှာ ဖော်ပြတယ်ဗျ...”

“ဟ... ဒါကောင်းတာပေါ့။ မင်းအတွက် ဂုဏ်ယူစရာပဲဟာ”

“ဘယ်ကလာဆရာရယ် ...။ သူဖော်ပြတာက ရယ်စရာကဏ္ဍမှာဗျ...”

ကျေးဇူးပါဖေဖေ

ပီတာတစ်ယောက် သူ့ရဲ့ ဆယ်ကျော်သက်အရွယ် သားငယ်အတွက် ဘယ်တုန်းကမှ ရတက်မအေးခဲ့ရပါဘူး။ သားကို လမ်းမှားရောက်မှာ စိုးရိမ်တဲ့စိတ်နဲ့ နေရာတကာ ချုပ်ချယ်မိတာကို စဉ်းစားမိတော့ အပြစ်ရှိသလိုပါပဲ။ ဒါနဲ့ သူ့သားငယ် ၁၈ နှစ်ပြည့်တော့ အရွယ်ရောက်ပြီလို့ယူဆတာနဲ့ ခွင့်ပြုသင့်တာတွေ ခွင့်ပြုရမယ်လို့ သိမြင်လာပါတယ်။

ဒါနဲ့ သားဖြစ်သူကို ခေါ်ပြီး “သားရေ မင်းလည်း အရွယ်ရောက်ပြီ။ အဖေက သားကို ဟိုဟာ မလုပ်နဲ့၊ ဒီဟာ မလုပ်နဲ့ တားခဲ့လို့ သားလည်း စိတ်ကျဉ်းကျပ်နေမှာပဲ။ ဒီနေ့ကစပြီး ဆေးလိပ်သောက်ချင်တယ်ဆို သောက်နိုင်ပြီ” လို့ဆိုတော့ ပီတာရဲ့သားက ပြန်ပြောတာက “ကျေးဇူးတင်ပါတယ် ဖေဖေ။ ကျွန်တော်က လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဆေးလိပ်ဖြတ် ပြီးပါပြီ”
+4

Tags: