Author Topic: အမောပြေဟာသမှတ်စု  (Read 426605 times)

0 Members and 3 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #230 on: June 04, 2011, 03:51:49 PM »
(၁) ကလေးအသစ်
                 
                  ဖခင်ဖြစ်သူက ညစ်ပေနေသော သားသမီးများကို ကြည့်၍
     " အင်း . . . ဒီကလေးတွေကို ရေချိုးပေးလိုက်ရင် ကောင်းမလား၊ က
     လေးအသစ်ထပ်ရအောင် လုပ်ရင်ကောင်းမလား "

(၂) မိန်းမ = စောင်
     
                 "မိန်းမဆိုတာ ဘာနဲ့တူလဲဗျ အနီးစပ်ဆုံး"
                 "စောင်နဲ့တူတာပေါ့၊ ခြုံလိုက်ရင် အိုက်တယ်၊
     ဖယ်လိုက်ရင် အေးလာပြန်ရော . . ."

(၃) သာတဲ့အချက်

                  "မိန်းမဆိုတာ ဓါးပြထက်ပိုပြီး ကြောက်စရာကောင်းတယ်
      ဆိုတာ အဟုတ်လားဗျ"
                   "သိပ်မှန်တာပေါ့ဗျာ၊ ဓါးပြကမှ ငွေပေးမလား၊ ဘဝပေးမ
      လားလို့ ကြိုက်ရာရွေးခိုင်းသေးတယ်။ မိန်းမကမှ နှစ်ခုလုံးယူတာဗျ"

(၄) ကံကောင်းသူ

                "အချစ်ရေးမှာ ကံကောင်းတဲ့သူဆိုတာ ဘယ်လိုလူမျိုးတွေလဲ
     ဗျ"
                "လူပျိုကြီး အပျိုကြီးတွေလေ"


                                                                      အမြူတေမဂ္ဂဇင်း
                                                                      (2008၊ ဇန်နဝါရီ)
+6

Offline မင်းသမီးလေး

  • စီနီယာမမ
  • ***
  • Posts: 133
  • ဂုဏ်ထူးဆောင်ရမှတ် 200
  • Respect: +959
Re: အမောပြေဟာသမှတ်စု
« Reply #231 on: June 04, 2011, 05:50:46 PM »
(၁) ကလေးအသစ်
                 
                  ဖခင်ဖြစ်သူက ညစ်ပေနေသော သားသမီးများကို ကြည့်၍
     " အင်း . . . ဒီကလေးတွေကို ရေချိုးပေးလိုက်ရင် ကောင်းမလား၊ က
     လေးအသစ်ထပ်ရအောင် လုပ်ရင်ကောင်းမလား "

(၂) မိန်းမ = စောင်
     
                 "မိန်းမဆိုတာ ဘာနဲ့တူလဲဗျ အနီးစပ်ဆုံး"
                 "စောင်နဲ့တူတာပေါ့၊ ခြုံလိုက်ရင် အိုက်တယ်၊
     ဖယ်လိုက်ရင် အေးလာပြန်ရော . . ."

(၃) သာတဲ့အချက်

                  "မိန်းမဆိုတာ ဓါးပြထက်ပိုပြီး ကြောက်စရာကောင်းတယ်
      ဆိုတာ အဟုတ်လားဗျ"
                   "သိပ်မှန်တာပေါ့ဗျာ၊ ဓါးပြကမှ ငွေပေးမလား၊ ဘဝပေးမ
      လားလို့ ကြိုက်ရာရွေးခိုင်းသေးတယ်။ မိန်းမကမှ နှစ်ခုလုံးယူတာဗျ"

(၄) ကံကောင်းသူ

                "အချစ်ရေးမှာ ကံကောင်းတဲ့သူဆိုတာ ဘယ်လိုလူမျိုးတွေလဲ
     ဗျ"
                "လူပျိုကြီး အပျိုကြီးတွေလေ"


                                                                      အမြူတေမဂ္ဂဇင်း
                                                                      (2008၊ ဇန်နဝါရီ)
ဒါဆိုမင်းသမီးတော့အချစ်မှာကံကောင်းပီပေါ့
0
ဘဝမှာ အောင်မြင်ကျော်ကြား ကြီးပွားချမ်းသာနေသူတွေထက်
နေ့စဉ် လောဘ ဒေါသ မောဟ တွေမရှိပဲ နေထိုင်နေတဲ့ သူရဲ့  ဘဝက ပိုအရသာရှိပါတယ်

Offline minchitko

  • စီနီယာ
  • ***
  • Posts: 273
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • minchitkokomg@gmail.com
  • Respect: +1982
Re: အမောပြေဟာသမှတ်စု
« Reply #232 on: June 05, 2011, 12:51:12 AM »
မင်းသမီးလေး ကြော်ငြာဝင်သွားပါတယ် !  ;D ;D ;D

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #233 on: June 05, 2011, 01:04:01 PM »


မလိုင်လုံး
ရှမ်းပြည်နယ်နှင်.မန်းတလေးဆက်သွယ်ပေးသောဂုတ်ထိပ်ရထားလမ်းစတင်ဖွင်.လှစ်ခါစကဖြစ်ပါသည်။မန်းတလေးသို.ရထားဆိုက်ပါသည်။
ဘူတာပလက်ဖောင်းနားတွင်အမျိုးသားတစ်ယောက်ဈေးရောင်းနေသည်။ ရှမ်းလူမျိုးဖြစ်သဖြင်.ဗမာစကားသိပ်မပီပါ။
မလိုက်လုံး...........မလိုက်လုံး...............တီလုံးတီမတ်   (မလိုင်လုံးတစ်လုံးတစ်မတ်) အော်ရောင်းနေသံကြားသဖြင်.ရထားပေါ်မှရှမ်းအဒေါ်ကြီးတစ်ယောက်
အောက်မဆင်းဘဲအပေါက်ဝတွင်တွန်.ဆုတ်တွန်.ဆုတ်လုပ်နေသည်။တွဲစောင်.ကဆင်းဖို.ပြောသည်။အဒေါ်ကြီးကမဆင်းသေး၊တွဲစောင်.ကအတင်းဆွဲပြီးဆင်း
စေမှမလိုင်လုံးအော်ရာင်းနေသူကိုလှည်.ကြည်.ပြီးကမန်းကတန်းဘူတာအပြင်သို.ထွက်သွားသည်။
(ရှမ်းစကားဖြင်.)  .မလိုက်လုံး.  = မဆင်းရဘူး
                       တီလုံး         =  ဆင်းရင်
                        တီမတ်       =     ကြိုးနဲ.တုပ်မယ်

 
ရှမ်းရိုးရာဟာသ
+6
« Last Edit: June 06, 2011, 09:57:29 AM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #234 on: June 05, 2011, 08:40:15 PM »
လျှို့ဝှက်ချက် ...


လူတစ်ယောက် ရဲဌာနကိုသွားပြီး သူ့အိမ်ကို ဖောက်ထွင်းသွားတဲ့သူနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားပါတယ်။ဌာနမှူးကတရားခွင်မှာ တွေ့နိုင်ပါတယ် လို့ ပြောပေမယ့် အဲဒီလူက တရားခံနဲ့တွေ့ပေးဖို့ကိုပဲ ပြောနေပါတယ်။

ဒါနဲ့ ဌာနမှူးက "ခင်ဗျားက ဘာမေးမှာမို့လို့ ဒီလောက်အရေးတကြီးတွေ့ ချင်နေရတာလဲ" လို့မေးတော့ အဲဒီလူ ပြန်ပြောတာက "ကျုပ်က ဒီလူ ကျုပ်အိမ်ထဲကို ကျုပ်မိန်းမအိပ်ပျော် နေတာ မနိုးအောင်ဘယ်လိုဝင်နိုင်ခဲ့လဲဆိုတာသိချင်လို့ဗျ။

အဲဒီလိုဖြစ်နိုင်အောင် ကျုပ်ကြိုးစားနေတာ နှစ်ပေါင်းတော်တော်ကြာပြီ" တဲ့။

မှားသွားပြီ . .
.


ပီတာက အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းကြီးမှာကော်ဇောခင်းပေးနေပါတယ်။

အားလုံးပြီးစီးတဲ့ အချိန်မှာဆေးလိပ်သောက်မယ်ဆိုပြီး ကြည့်တော့သူ့ ဆေးလိပ်ဘူးကို ရှာမတွေ့တော့ပါဘူး။

ဒါနဲ့ လိုက်ရှာ ကြည့်တဲ့အခါ ကော်ဇောရဲ့ အလယ်လောက်မှာ ဖုနေတာ ကို တွေ့လိုက်ရ ပါတယ်။

ကော်ဇောကို အစအဆုံးပြန်မပြီးယူဖို့ မဖြစ်နိုင်တာနဲ့ ဖုနေတာကို ပြား သွားအောင် ပီတာက တူနဲ့ ထုလိုက်ပါတယ်။

သူအလုပ်ပြီးသွားချိန်မှာ အိမ်ရှင်ကထွက်လာပြီး ပြောတာက

"ပီတာရေ ...မင်းစီးကရက်ဘူး ဒီမှာ ကျန်ခဲ့တယ်။ ဒါနဲ့ ငါမွေးထားတဲ့ ဟမ်းစတားလေးများ တွေ့မိသေးလားကွယ်"တဲ့။
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #235 on: June 05, 2011, 08:50:15 PM »
တော်တယ် ...


နစ်ခ်တစ်ယောက် သူ့သူငယ်ချင်းကို စက်ဘီးအသစ် စီးလာတာမြင်တော့ တအံ့တဩနဲ့ "မင်းဘယ်တုန်းကများ ဒီလောက်ကောင်းတဲ့ စက်ဘီးဝယ် လိုက်တာလဲကွာ"လို့ မေးလိုက် ပါတယ်။

ဒီတော့ သူငယ်ချင်းဖြစ်သူက စက်ဘီးကိုဘယ်လို ရခဲ့သလဲဆိုတာ ပြော ပြပါတယ်။

"မနေ့က ငါလမ်းလျှောက်နေတုန်း စက်ဘီးစီးလာတဲ့ မိန်းမတစ်ယောက် က ငါ့ရှေ့ရောက် တော့ စက်ဘီးကိုရပ်၊ အဝတ်တွေဆွဲချွတ်ရင်းရှင်ကြိုက် တာယူပါတဲ့။ ဒါနဲ့ ငါလည်းစက်ဘီး ယူခဲ့လိုက်တာ"လို့ပြောတော့ နစ်ခ်

ပြန်ပြောတာက"မင်းတော်တယ်ကွာ... အဝတ်တွေဆို မင်းနဲ့ တော်ချင်မှ တော်မှာကွ"တဲ့။

ဒိုင်းမွန်းပါတာ


မနက်ဖြန်ခါ ကိုယ့်မိန်းမရဲ့ မွေးနေ့။

မွေးနေ့လက်ဆောင် အဖြစ် ဘာလိုချင်သလဲလို့ အရင်အပတ်က သူ့ကို ကိုယ်မေးလိုက်တယ်။

‘ဘာပြောရမှန်း မသိပါဘူးရှင်၊ ဒိုင်းမွန်းပါတာ တစ်ခုခုပေးချင်တာသာ ပေးပါတော့ ’ လို့ သူကပြောတယ်။

ဒါနဲ့ ကိုယ်လည်း ဖဲထုတ်တစ်ထုပ် ဝယ်ပေးလိုက်တယ်။

နံနက်ပိုင်း ချိန်းထားလို့ပါ


ဆိုဗီယက်ပြည်ထောင်စု ခေတ်တုန်းကပါ။ လယ်သမားတစ်ဦးက ရှိသမျှ ပိုက်ဆံလေးတွေစုပြီး အတော်ကလေး ဟန်ကျလာတာနဲ့ မြို့တက်ပြီး ကားတစ်စီးဝယ်ပါတယ်။

ကားရောင်းတဲ့ မန်နေဂျာက-

“ခင်ဗျား ချက်ချင်းမရဘူး၊ တန်းစီစောင့်ရမယ်။ လာမယ့်နောက်နှစ်နှစ် ဒီအချိန်ကြမှ ကားလာယူပါ”လို့ ပြောတယ်။

လယ်သမားက-

“နံနက်ပိုင်းလား၊ ညနေပိုင်းလားခင်ဗျာ” လို့ ပြန်မေးတော့ စိတ်မရှည်တဲ့ မန်နေဂျာက-- “ဘယ်အချိန် ဖြစ်ဖြစ်ပေါ့ဗျာ။ ဘာအရေးလဲ” လို့ ပြောတယ်။ လယ်သမားက အခုလို ပြန်ပြောပါတယ်။

“မဟုတ်ပါဘူး ခင်ဗျာ။ နံနက်ပိုင်းမှာ အိမ်မှာ ရေပိုက်လာ ပြင်ပေးမယ့်သူနဲ့ ချိန်းထားလို့ပါ”
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #236 on: June 05, 2011, 09:00:08 PM »
ရွှေရောင်ဖျော့ ဆံပင်ပိုင်ရှင်တွေရဲ့ အပြော


ရွှေရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးနှစ်ယောက် စားသောက်ဆိုင် တစ်ဆိုင်ထဲတွင် ဘီယာတစ်ခွက်စီ မှာယူကာ တစ်နေရာ၌ ထိုင်ပြီး “ရက်ပေါင်း ၅၁ ရက်၊ ရက်ပေါင်း ၅၁ ရက်” ဟုအော်ပြီး ခွက်မြှောက် ဆုတောင်းကြသည်။

ငါးမိနစ်ခန့်ကြာလျှင် နောက်ထပ်ရွှေရောင် ဆံပင်နှင့် အမျိုးသမီးတစ်ယောက် ရောက်လာကာ ပထမအမျိုးသမီး နှစ်ယောက်ဆီသို့ သွား၍ ဆုတောင်း မင်္ဂလာပြုသည်။ နောက်ဆုံး ရွှေရောင်ဆံပင်ပိုင်ရှင် နောက်တစ်ယောက် ကတ်ဘူးတစ်ဘူး ကိုင်ပြီးဝင်လာကာ ထိုကတ်ဘူးကို စားပွဲအလယ်၌တင်ပြီး အရင်ရောက်နှင့်ပြီး သူများနှင့် အတူ “၅၁ ရက်” ဟု ဆိုကာ ဆုတောင်း မင်္ဂလာပြုကြပြန်သည်။

ဤအဖြစ်အပျက်ကို အစမှအဆုံး မြင်နေရသူ ဆိုင်ပိုင်ရှင်မှာ သိချင်သည့်စိတ်ဖြင့် သွားကြည့်ရာ စားပွဲပေါ်၌ ပဟေဠိဖြည့်သော ကတ်ဘူးကို တွေ့ရသောကြောင့် အမျိုးသမီး တစ်ယောက်ကို “ခင်ဗျာတို့ ဘာလုပ်နေတာလဲ” ဟု မေးရာ ၎င်းကဤသို့ ဖြေလိုက်လေသည်။

“ဒီလိုပါ၊ လူတွေက ရွှေရောင်ဆံပင် ပိုင်ရှင်တွေဟာ အကြတယ်၊ ထုံကြတယ်လို့ ပြောတာတွေကို ချေပလိုက်တဲ့ သဘောပါပဲ။ ဒီပဟေဠိဘူးပေါ်မှာ ၂ နှစ် ၄ နှစ် အတွင်းလို့ ရေးထားပေမယ့် ကျွန်မတို့က ၅၁ ရက်တည်းနဲ့ ပြီးအောင် လုပ်နိုင်ခဲ့ကြတယ်”

စုဆောင်းနေတယ်


စတာလင်ကို တစ်ဦးကမေးတယ်။

“ရဲဘော်ကြီးစတာလင် ဘာတွေလုပ်နေသလဲ”

“ကျွန်တော့်ကို ပြောတဲ့ ဟာသတွေ စုဆောင်းနေတယ်”

“တော်တော်များများ စုမိဆောင်းမိပြီလားခင်ဗျာ”

“အင်း- ဆိုပါတော့။ ထောင်သုံးထောင် အပြည့်လောက်တော့ရပြီ”

ပြဿနာ


ဧည့်သည် ။ ။ ဒီစွပ်ပြုတ်ကို မသောက်နိုင်ဘူး။

စားပွဲထိုး ။ ။ ကျွန်တော် မန်နေဂျာကို ခေါ်ပေးပါမယ် ခင်ဗျာ။

ဧည့်သည် ။ ။ မန်နေဂျာကြီးရေ၊ ကျွန်တော် ဒီစွပ်ပြုတ်ကို မသောက်နိုင်ဘူးဗျ။

မန်နေဂျာ ။ ။ ဝမ်းနည်းပါတယ် ခင်ဗျာ၊ ကျွန်တော်ပိုင်ရှင်ကို ခေါ်ပေးပါမယ်။

ပိုင်ရှင် ။ ။ ဘာပြဿနာ ဖြစ်နေလို့ပါလဲ။

ဧည့်သည် ။ ။ ပြဿနာ မဟုတ်ဘူး ။ စွပ်ပြုတ်သောက်ဖို့ ဇွန်းပါမလာလို့။
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #237 on: June 05, 2011, 09:11:10 PM »
အကြံကောင်း


ရှေ့နေ - ဝီလျံတစ်ယောက် ခက်ခဲလှတဲ့ အမှုအတွက် အတော့်ကို ခေါင်းခြောက် နေရပါ တယ်။ ဒါကြောင့် အမှုတွဲကို ကိုင်တွယ်နေတဲ့ တရားသူကြီးကို နှစ် ၁၀၀ ဘရန်ဒီတစ်လုံး လက်ဆောင် ပို့ပေးလိုက်ပါတယ်။

ဒါကို သူ့အမှုလည်း သိသွားတော့ “ဟာ…… ခင်ဗျား မသိဘူးလား။ ဒီတရားသူကြီးက လာဘ်ပေးလာဘ်ယူကို လုံးဝကြိုက်တာ မဟုတ်ဘူး။ အဲဒီလို လုပ်ရင်လည်း တရားသူကြီး တော့ ကျွန်တော့်ကို သတ်တော့မှာပဲဗျာ” လို့ ကြောက်လန့်တကြီးနဲ့ ဆိုတာကို ဝီလျံက ဒီလိုပြန် နှစ်သိမ့်ပါတယ်။

“ဘာမှ စိတ်ပူမနေနဲ့……. ကျုပ်က တစ်ဖက်ရှေ့နေရဲ့ နာမည်နဲ့ ပို့လိုက်တာပါဗျ”

်ရပ်


ဒေါက်တာဖီးလ်က ဂျိုးဇက်ဘက်လှည့်လိုက်ပြီး ‘တစ်ပတ်ထက်ပိုပြီး အသက်ရှည်ရှည် နေချင်သေးရင်တော့ မင်းမိန်းမတွေနဲ့ ရှုပ်နေတာ ရပ်လိုက်တော့’ တဲ့။

‘ကျွန်တော် သန်သန်မာမာကြီး ရှိသေးတာပဲဗျာ’

‘ငါသိတယ်၊ ဒါပေမဲ့ တစ်ယောက်က ငါ့မိန်းမဖြစ်နေလို့ကွ’ လို့ ဒေါက်တာ ဖီးလ်ပြန်ပက်လိုက်တယ်။

အသံတိတ်ဖြစ်သွားလို


အဝေးပြေးကားလမ်းမကြီးပေါ်မှာ ကားမောင်းလာသူကို ရဲကားက လိုက်တားပြီး သူ့မိန်းမ တစ်မိုင်လောက်မှာ ထွက်ကျ ကျန်နေရစ်ခဲ့ပြီလို့ ပြောတယ်။

‘အိုး ဘုရားသခင် ကျေးဇူးတော်ပဲ၊ ကျွန်တော်က ဘာသံမှ မကြားရတော့လို့ ကျွန်တော့် နားကန်းသွားပြီ ထင်နေတာ’လို့ ညဉ်းတွားတယ်။
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #238 on: June 05, 2011, 09:19:28 PM »
အဆင်သင့်လိုက်တာ


သမ္မတကြီးရဲ့အကူတစ်ဦးက မေးတယ်။

“သမ္မတကြီးခင်ဗျား၊ ကျွန်တော့်သားကို အိမ်ဖြူတော်မှာ အလုပ်တစ်နေရာ ပေးနိုင်မလား”

“ခင်ဗျားသားက အခုဘာလုပ်နေသလဲ”

သူဘာအလုပ်မှ မလုပ်ပါဘူးခင်ဗျားလို့ သူကပြန်ဖြေတယ်။

သမ္မတကြီးက အခုလိုပြန်ပြောပါတယ်။

“အင်း အဲဒါပိုကောင်းတယ်။ ကျုပ်တို့ သူ့ကို ဘာမှလေ့ကျင့်ပေးစရာ မလိုတော့ဘူးပေါ့ဗျာ”

လေထီးလို့ ထင်သွားတယ်


လေယာဉ်ပျံတစ်စင်းပေါ်မှာ ဟီလာရီကလင်တန်ရယ်၊ ဂျော့ဒဗလျူဘုရှ်ရယ်၊ ပြင်သစ်သမ္မတဆာကိုဇီရယ်၊ ပြီးတော့ ခရစ်ယာန် ဘုန်းကြီးတစ်ပါးရယ်၊ ချာတိတ်တစ်ယောက်ရယ် ပါလာပါတယ်။

အဲဒီအချိန်မှာ လေယာဉ်ပျံက စက်ချွတ်ယွင်းပြီး ပျက်ကျမလိုဖြစ်ပါတယ်။ လေထီးက လေးလုံးပဲပါတယ်။ ဘယ်သူအရင်ခုန်ဆင်းမလဲ။ ဟီလာရီက သူကမိန်းမသားမို့ အရင်ဆုံး ဆင်းပါရစေဆိုပြီး လေထီးတစ်လုံးဖွင့်ပြီး ဆင်းသွားတယ်။

အဲဒီနောက် ဂျော့ဒဗလျူဘုရှ်က “ကျုပ်က ကမ္ဘာပေါ်မှာ စမတ်အကျဆုံးလူဗျ။ လူတိုင်းက ကျုပ်ကိုလိုအပ်တယ်။ ကျုပ်ဆင်းပြီဗျာ” ဆိုပြီး ခုန်ဆင်းသွားတယ်။

အဲဒီနောက် ဆာကိုဇီကလဲ ပြင်သစ်လို ဘာတွေပြောမှန်းမသိပြောပြီး လေထီးယူဆင်းသွားပြန်ရော။ ဘုန်းကြီးနဲ့ ချာတိတ်လေးဘဲကျန်တော့တယ်။

“သားရယ်၊ ကျန်တဲ့လေထီးတစ်လုံးယူပြီး မင်းပဲ ဆင်းပါတော့။ ဘဘုန်း သေရဲပါတယ်ကွယ်” ဆိုပြီး ကလေးကိုပြောတယ်။ ကလေးက “ဘာတွေပြောနေတာလဲ။ တပည့်တော်တို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း ခုန်ဆင်းလို့ရပါတယ်” လို့ပြန်ပြောတယ်။ ဘုန်းကြီးက နားမလည်ဘူးဖြစ်သွားတယ်။ ချာတိတ်က ရှင်းပြပါတယ်။

“လေထီးနှစ်လုံးကျန်ပါသေးတယ်။ ဟိုစမတ် သိပ်ကျတယ်ဆိုတဲ့ ဘုရှ်က သားရဲ့ကျောပိုးလွယ်အိတ်ကို လေထီးထင်ပြီး ယူချသွားတာလေ”
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #239 on: June 05, 2011, 09:30:58 PM »
ဦးထုပ်တွေ ဖမ်းတယ်နော်


ကျောက်ပန်းတောင်းမြို့မှာ မော်တော် ဆိုင်ကယ်စီးပြီး ဆိုင်ကယ်စီးဦးထုပ်မဆောင်း တာ စစ်ဆေးရေးအဖွဲ့က တွေ့ရင် ဒဏ်ငွေ တစ်သောင်းကျော် ရိုက်ပါတယ်။ ဆိုင်ကယ်သမားတွေ့ရင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့ လက်တို့ပြီး သတိပေးနေတဲ့အချိန်ပါ။ မြို့လယ်လမ်းမကြီးပေါ်က မဟာစားသောက်ဆိုင်မှာလည်း လာတဲ့ဧည့်သည်တိုင်းကို ဆိုင်ရှင် ကိုသိန်းဝင်းက ‘ဦးထုပ်တွေ ဖမ်းနေတယ်နော် သတိထား’လို့ပြောပါတယ်။

ဆိုင်ကယ်ဦးထုပ်ကို မဆောင်းဘဲ လက်ကိုင်မှာ ချိတ်လာတဲ့ ကိုသန်းဆောင်ကိုလည်း ဒီလိုပဲ သတိပေးလိုက်ပါတယ်။ အဲဒီကိုသန်းဆောင်ပါပဲ ဆိုင်ကယ်စီးလာတာ၊ ဦးထုပ်မဆောင်းတာ စစ်ဆေးရေးအဖွဲ့က တွေ့ပါလေရော။ ‘ဘာဖြစ်လို့ ဦးထုပ်မဆောင်းတာလဲ’ မေးတော့ ကိုသန်းဆောင်မဖြေဘူး။ ‘ဦးထုပ်မဆောင်းရင် ဒဏ်ငွေဆောင်ရမယ်’ပြောမှ ကိုသန်းဆောင်က ပုဆိုးဟောင်းနဲ့ လုံလုံခြုံခြုံ ထုပ်သိမ်းထားတဲ့ ဦးထုပ်ကိုထုတ်ဆောင်းတယ်။ ‘ဘာဖြစ်လို့ယခုမှဆောင်းရတာလဲ’ မေးတော့ ‘ဆိုင်ကယ်ဦးထုပ်တွေ ဖမ်းနေတယ်ကြားလို့ ဝှက်လာတာ’လို့ ကိုသန်းဆောင်က ဖြေလိုက်တယ်။

ဘာမှတ်လဲ


ကွန်ပျူတာတက်နေသော ကျောင်းသားတစ်ယောက် အရပ်ထဲတွင် ရန်ဖြစ်ရာ ဒေါသတကြီးနှင့် ပြောလိုက်တာက-
“ဟေ့ကောင် မင်းငါ့ကို ဘာမှတ်လဲ။ Looping ထဲထည့်ပြီး Variable တွေနဲ့ ထုလိုက်လို့ အသက်ပျောက်သွားမယ်”
+3

Tags: