Author Topic: အမောပြေဟာသမှတ်စု  (Read 444289 times)

0 Members and 1 Guest are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #220 on: June 02, 2011, 11:11:58 AM »
နှာဘူးပါဘုရား....

ကျွန်တော်တို့ ရွှေနိုင်ငံရဲ့ တစ်ချို့ မြို့ ရွာ နာမည်တွေဟာ
အင်မတန်မှ ကပေါက်တိ ကပေါက်ချာ နိုင်လွန်းတာပါ...ဥပမာ..
ပြွန်တန်ဆာတဲ့...နောက် ဂွေးချိုတဲ့..အဲ...ပြတိုက် ရောက်ဖူးတဲ့
ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျာ...အဲလိုပါ..ဘာကြောင့်
ဘယ်လို မှည့်ခေါ်ထားလဲဆိုတဲ့ သမိုင်းကြောင်းတော့ အတိအကျ
မသိရပါဘူး....။

ထားပါတော့လေ.. ခုက ပြတိုက်လေး ရောက်ဖူးခဲ့တဲ့ ရွာတစ်ရွာ
အကြောင်းလေး ပြောပြချင်လို့ပါ...ရွာနာမည်က ဂွေးကြီးရွာတဲ့..
ရပ်ရွာထုံးစံပေါ့ဗျာ.. ရွာဦးထိပ်မှာ ကျောင်းလေးဆောက် ဘုန်းတော်
ကြီးတစ်ပါး ကိုးကွယ်ထားတာပေါ့လေ...။

ရွှေမြန်မာတို့ ထုံးစံအတိုင်း မြို့ ရွာ ပညတ်ကို လိုက်လို့ ပုဂ္ဂိုလ်ကိုပါ
လိုက်ခေါ်လေ့ရှိတော့ ကျောင်းထိုင်ဘုန်းကြီးလည်း ကင်ပွန်းတပ်
စရာ မလိုပဲ 'ဂွေးကြီးဆရာတော်' ရယ်လို့ နာမည်တွင်သွားတာပေါ့.

ကျောင်းဘုန်းကြီးလည်း ဂွေးကြီးဆရာတော် ဂွေးကြီးဆရာတော်နဲ့
အခေါ်ခံရဖန်များတော့ ရှက်စိတ်လေးဝင်ပြီး အကြံထုတ်တာပေါ့..
မဖြစ်ချေဘူး...ငါတော့ ဒီနာမည်ကြီး ပျောက်အောင် တစ်ခုခုတော့
လုပ်မှပေါ့လေ..ဒါနဲ့ ကုသိုလ်ရလဲ နာမည်လဲ လှအောင် စေတီလေး
တစ်ဆူတည်မယ်ပေါ့..။

ဒီလိုနဲ့ ကိုးတောင်ပြည့်စေတီလေး တစ်ဆူတည်ပြီးတဲ့နောက်တော့
မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ရပါတော့တယ်..။

စေတီတည်ပြီးကာမှ ဆရာတော်ရဲ့ နာမည်သစ်လေးက ပိုလို့ ဝေ
စည်သွားတော့တယ်..." ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်" တဲ့.

ဇာတ်က မပြီးသေးဘူးဗျ...
တစ်နေ့ပေါ့ တစ်ခြားရွာမှာ ကထိန်ရှိလို့ ကြွရင်း ရေစက်ချအပြီး
မဲဖောက်လှူကြတာကိုး...။ အစီအစဉ်ကြေငြာတဲ့ သူကလည်း
ဟိုဘက်ရွာ ဒီဘက်ရွာ ကြားရအောင် မိုက်ကရိုဖုန်းနဲ့အော်တာလေ
မြောက်ကျောင်းဆရာတော် ပဒေသာပင်၁၀၀၀ ပါဘုရား.....
တောင်ဖီလာဆရာတော် ကြာသင်္ကန်းပါဘုရားပေါ့လေ...အလှည့်
ကျအော်ပေးရင်း ဆိုင်ရာဆရာတော်တွေကလည်း အလှူခံရတာ..။


ကိုးတောင်ပြည့် ဆရာတော်အလှည့်ရောက်လာပါပြီ...အစီအစဉ်
ကြေငြာသူကလည်း ပေါက်တဲ့ မဲကို ဖြေပြီး ခုလို အော်လိုက်ပါတယ်
" ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဘူးပါဘုရား"
ကဲ ...ကောင်းရော...ဆရာတော်လည်း စိတ်က မထိန်းနိုင်တော့ဘူး
လေ...ဘာကွ...လို့ အကျယ်ကြီး ပြန်အော်လိုက်တော့မှ ဟိုက ပြန်
ပြင်အော်တယ်...
နှာရှူဗူးမဲပေါက်တာပါဘုရား....တဲ့...။
ဆရာတော်လည်း အဲဒီကျမှ ဟင်းးးးးးးးးးးးးးးးးးရယ်လို့ သက်ပြင်းခိုးချ
လို့ ပြန်ကြွသွားလေတော့သတဲ့...။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #221 on: June 02, 2011, 11:36:41 AM »
  နှမြောတတ်သူ

     တနေ့မှာ စကော့တလန်သားတယောက်က သူ့နေတဲ့ တိုက်ရဲ့ အမိုးပေါ်ကို ဆေးတတ်သုတ်နေပါတယ်။ သူ့အိမ်က(၄)ထပ်တိုက်ပါ

သူတို့က မိသားစုတွေစုနေကြတာပါ။ သူဆေးတက်သုတ်နေချိန်မှာ သူ့မိန်းမက တတိယထပ်မှာ ထမင်းချက်နေပါတယ်။ အဲ့လိုဆေးသုတ်

နေရင်းနဲ့ ထိုလူဟာ ခြေချော်ပြီးအောက်ကို ပြုတ်ကျသွားခဲ့ပါတယ်။ ပြုတ်ကျတဲ့ အချိန်မှာ တတိယထပ်ကို ဖြတ်တော့ သူကသူ့မိန်းမ အတွက် စကားတခွန်းအော်လိုက်ပါတယ်။ အဲ့ဒီစကားကတော့ " ထမင်းတယောက်စာလျှော့ချက်ဟေ့" လို့ပဲဖြစ်ပါတယ်။ အဲ့လောက် နှမြောတဲ့ စကော့သားတွေပါ။

 တော်လိုက်ပုံက

       ဆရာမတစ်ယောက် သူ့ကျောင်းသားကလေးလေးတွေကို မြန်မာစာလုံးပေါင်းသတ်ပုံ အကြောင်းသင်ပေးနေပါတယ်။ အဲ့ဒီအချိန် မှာ ကျောင်းအုပ်ဆရာကြီးက ထိုဆရာမသင်နေတာလာကြည့်ပါတယ်။ ဆရာမကလည်း ပိုပြီး ဂရုစိုက်ပြီး ရှင်းပြနေတာပေါ့။ အဲ့ဒီအချိန် မှာ ရေးတော့အမှန်ဖတ်တော့ အသံအကြောင်းကို ရှင်းပြနေတယ်။ ဆရာမက " အင်္ဂလိပ်" ဆိုတဲ့ စာလုံးအကြောင်းကို ဥပမာပေး ရှင်းပြ တာပေါ့လေ။ ဒီလိုရှင်းပြပါတယ်။

" ကလေးတို့ရေ ရေးတော့အမှန် ဖတ်တော့အသံ တဲ့ကွယ့်။ ခုဒီစာလုံးမှာ အရေး ငသတ် အင်၊ ဂငယ်ရေ ဂ၊ အင်ဂ ။ လ လုံးကြီးတင် ပသတ် လိပ်၊ အင်ဂလိပ် ။ဒါပေမဲ့ အင်္ဂလိပ် လို့ဖတ်ရတယ်။ ကဲဆိုလိုက်ပါအုံးကွယ် အကျယ်ကြီး (၃)ခေါက်လောက် "

အဲ့အချိန်မှာ ကလေးတွေအော်လိုက်ပုံက " အကျယ်ကြီး အကျယ်ကြီး အကျယ်ကြီး " သံပြိုင် အော်လိုက်ကြပါတော့တယ်။

 
+5

Offline ကျော်စွာ

  • ကျောင်းသားကြီး
  • **
  • Posts: 126
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +840
Re: အမောပြေဟာသမှတ်စု
« Reply #222 on: June 02, 2011, 12:18:05 PM »
ဆေးခန်းထဲသို့ လူနာတစ် Uီး ထော့နဲ့ ထော့နဲ့ ဖြင့် ၀င်ရောက်လာပြီး ဆရာဝန်Aား
“ ဒေါက်တာ ကျွန်တော့် ဒူးခေါင်းနဲ့ ညို့သကျည်းက ဒဏ်ရာတွေ Aရမ်းနာနေလို့
ကြည့်ပေးပါUီးဗျာ”
“ ဟာ.... AညိုAမည်းတွေ လဲ စွဲလို့ပါလား.. ဒါ ချော်လဲတာတော့ မဖြစ်နိုင်ဘူး
တစ်ယောက်ယောက်က ရိုက်ထားတာပဲဖြစ်မယ်”
“ မဟုတ်ပါဘူး ဆရာရယ်... လိုင်းကားစီးတဲ့Aခါ ရှေ့ခုံနဲ့ နောက်ခုံက Aရမ်းနီးတော့
ကားဘရိတ်Aုပ်လိုက်တိုင်း ဆောင့်မိတဲ့ ဒဏ်ရာတွေပါ”
--------------------------------------------------------------------------------------
+4

Offline ကျော်စွာ

  • ကျောင်းသားကြီး
  • **
  • Posts: 126
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +840
Re: အမောပြေဟာသမှတ်စု
« Reply #223 on: June 02, 2011, 12:23:47 PM »
တနာပုံ တယ်လီပို့မှ တစ်ခါ Click လုပ်ပီးလျှင် သုံးနှစ် Aိပ်လို့ရသော ကွန်နက်ရှင်တစ်မျိုးကို
ဆန်းသစ်တီတွင်လိုက်ြပီဖြစ်ကြောင်း သိရှိရသည်။ Aဆိုပါ Aင်တာနက် ကွန်နက်ရှင်မှာ
မည်သည့်နိုင်ငံတွင်မှ စတင်သုံးစွဲခြင်း မရှိသေးပဲ မြန်မာနိုင်ငံမှ ပထမUီးဆုံး တီတွင်ခဲ့သော
မြန်နှုန်းနိမ့် ကွန်နက်ရှင်ဖြစ်သည်။ Aဆိုပါ မြန်နှုန်းနိမ့် ကွန်နက်ရှင်ကို တီတွင်ခဲ့သော
ရတနာပုံတယ်လီပို့မှ Aိုင်တီ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ က ထုတ်ဖော်ပြောဆိုရာတွင်
" ကျွန်တော်တို့ ဒီလို ဘယ်နိုင်ငံကမှ စတင်Aသုံးပြုနိုင်သေးတဲ့ ကွန်နက်ရှင်ကို
Aသုံးပြုနိုင်တာ ဂုဏ်Aရမ်းယူပါတယ်။ ကျွန်တော်တို့ Aနေနဲ့ ဒီလို ကွန်နက်ရှင်ကို
ထုတ်လွှင့်နိုင်ဖို့ တော်တော်လေး Aချိန်ကုန် ငွေကုန်ခံပြီး လူAပင်ပန်းခံ လုပ်ခဲ့ရပါတယ်။
ဒီကွန်နက်ရှင်ကြောင့် ဂင်းနစ်စံချိန်တောင် ချိုးဖျက်နိုင်လိမ့်မယ်လို့ယုံကြည့်ပါတယ်။ နောက်ပြီး
Aချိန်Aတော်ကြာကြာ ဒီ စံချိန်ကို ချိုးဖျက်နိုင်မယ့် နိုင်ငံပေါ်လာမယ်မထင်ပါဘူး"
ဟုပြောကြားခဲ့သည်။ ဆက်လက်ပြီး Aိုင်တီ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ က
မြန်မာလူမျိုးများAတော် များများမှာ ဂျီတော့နှင့် ဖေ့ဘွတ်ခ်သာAသုံးပြုကြသဖြင့် Aဆိုပါ
နှစ်ခုသာ ၀င်နိုင်သော Aင်တာနက် ကွန်ယက်တစ်ခု စီစU်ထားကြောင်း၊လက်ရှိ
ဈေးကွက်စီးပွားရေးဈေးကွက်နှင့် Aညီ Access has been denied၊ Network Error ၊
connection time out A စရှိသည့် စာမျက်နှာများတွင် လုပ်ငန်းရှင်များA နေဖြင့် မိမိတို့၏
စီးပွားရေးလုပ်ငန်းများကို ကြော်ငြာထည့်သွင်းနိုင်ကြောင်း ထည့်သွင်းပြောဆို သွားခဲ့သည်။
+1

Offline ကျော်စွာ

  • ကျောင်းသားကြီး
  • **
  • Posts: 126
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +840
Re: အမောပြေဟာသမှတ်စု
« Reply #224 on: June 02, 2011, 12:26:18 PM »
တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို
ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ Aိမ်ထောင်သက် ၂၅နှစ်A တွင်းမှာ တခါမှကတောက်ကဆ
မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ A ယ်ဒီတာက Aဲဒီ
ပျော်ရွှင်ချမ်းမြေ့တဲ့ Aိမ်...ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့
A စီA စU်တစ်ခု လုပ်လိုက်ပါတယ်။ A ယ်ဒီတာ ~ ဒီA ဖြစ်A ပျက်က မယုံ နိုင်စရာ
A့ံAားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို Aိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့
ကြပါသလဲ ခင်ဗျာ? ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို
ပြန်တွေးရင်းပြောပါတယ်... "ကျွန်တော်တို့တွေ Honeymoon A တွက် ရှီမလာ (Shimla)
ကိုသွားခဲ့ကြပါတယ်။ Aဲဒီမှာ မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။
Aဲဒီမှာ ကျွန်တော့်မြင်းက စီးရတာA ဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့
နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ Aဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ
ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။ ဒါပေမယ့် သူက မြေကြီးပေါ်ကနေ
လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို A သာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့
ပထမဆုံးA ကြိမ်နော်..." လို့ ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး
ခရီးဆက်ခဲ့တာပေါ့ဗျာ။ ခဏA ကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း
ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယA ကြိမ်နော်..." လို့ပြောပြီး
ဆက်သွားကြပြန်ပါတယ်။ တတိယA ကြိမ်မြောက် မြင်းက ခါချတဲ့A ခါမှာတော့
ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံAိတ်ထဲက ထုတ်ပြီး
မြင်းကို A သေပစ်သတ်လို က်ပါလေရောဗျာ။ ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း
ဘယ်လိုလုပ်လိုက်တာလည်းကွ။ သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို
မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!" လိုေAာ်လိုက်မိတယ်။ AဲဒီA ခါ ကျွန်တော့်မိန်းမက
ကျွန်တော့်ကိုေAးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ "ဒါ
ရှင့်ရဲ့ပထမဆုံးA ကြိမ်နော်..." တဲ့။ AဲဒီA ချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှမရှိဘဲ
နှစ်ယောက်A တူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ..."
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #225 on: June 02, 2011, 01:42:59 PM »
စိတ်ဆိုးလောက်တယ်

လူသတ်မှုတရားခံကို တရားသူကြီးက မေးသည်။“ခင်ဗျား၊ ဘယ်လိုသတ်သလဲဆိုတာကို ရုံးတော်ကို ရှင်းပြပါ´´ “ဒီလိုပါခင်ဗျာ၊ ကျွန်တော်ဟာ မီးယပ်နဲ့သားဖွားဆရာဝန်ဖြစ်ပါတယ်၊ တစ်နေ့တစ်နေ့မှာ ကျွန်တော့်ဆီကို အမျိုးသမီးလူနာ လေးဆယ်လာပြလေ့ရှိပါတယ်´´ “အဲ့ဒါဘာဖြစ်သလဲ၊ ခင်ဗျား ဘယ်လိုသတ်သလဲဆိုတာပြောပါ´´“ကျွန်တော်ရှင်းပြနေပါတယ်၊ ကျွန်တော်ဟာ မီးယပ်နဲ့သားဖွား ပြောရရင်တော့ မိန်းမရောဂါတွေကုသတဲ့ဆရာဝန်၊ တစ်နေ့မှာ လူနာလေးဆယ်လာတယ်။ ဒီကြားထဲ နောက်ဆရာဝန်တစ်ယောက်က ခွင့်သွားနေတော့ ကျွန်တော့်ဆီကို အမျိုးသမီးလူနာ တစ်နေ့ကို ရှစ်ဆယ်လာပါတယ်´´ “ဟုတ်ပြီလေ၊ ကျုပ်တို့သိချင်တာက သေသူကိုခင်ဗျား ဘယ်လိုသတ်လိုက်သလဲဆိုတာကိုပဲ´´“ကျွန်တော်ဟာ မီးယပ်နဲ့ သားဖွားဆရာဝန် တစ်နေ့ကို လူနာရှစ်ဆယ်လာတယ်၊ တစ်နေ့မှာ ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေရင်း အမျိုးသမီးငယ်တစ်ယောက် ကျွန်တော့်အနားကပ်လာပြီး၊ `ဦးလေး ကျွန်မကို တစ်ထောင်ပေးပါ၊ အဲ့ဒီလိုပေးတဲ့အတွက် ဦးကိုကျွန်မ တစ်စုံတခုပြမယ်´ လို့ပြောတယ်ဗျာ စဉ်းစားစာကြည့်ကြပေတော့´´

 

သတင်းစာများများဖတ်

သတင်းစာရှင်းလင်းပွဲတွင်ဖြစ်သည်။တာဝန်ရှိအရာရှိတစ်ဦးမှ မီဒီယာများအား ငါးနှစ်စီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေကို ရှင်းပြနေသည်။“ငါးနှစ်စီမံကိန်းမှာ လျာထားတဲ့အတိုင်း (—– )မြို့မှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုကို အောင်မြင်စွာ ဆောက်လုပ်ပြီးစီးသွားပြီ´´ စာနယ်ဇင်းထဲမှ တစ်ယောက်က ထပြောသည်။“အဲ့ဒီမြို့ကနေ မနေ့ကပဲ ကျွန်တော်ပြန်လာခဲ့တယ်၊ ဘာဓါတ်အားပေးစက်ရုံမှမရှိဘူး´´ အရာရှိက ဆက်ပြောသည်။“(—–)မြို့မှာ ဓါတ်မြေသြဇာ စက်ရုံတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်´´ (စောစောပိုင်းက ထပြောသူကပင်ပြောသည်)“မကြာမီက အဲ့ဒီမြို့ကိုရောက်ခဲ့သားပဲ၊ စက်ရုံနဲ့တူတာတောင် မတွေ့ခဲ့ပါဘူး´´ အရာရှိက စိတ်တိုစွာဖြင့်ပြောသည်။“ဒီမယ် ခင်ဗျား ဟိုဟိုဒီဒီလျှောက်သွားနေမယ့်အစား သတင်းစာများများဖတ်သင့်တယ်´´
+6

Offline ဖေဇော်ဂျီ

  • ကောလိပ်ဂျင်
  • ****
  • Posts: 255
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Don't Be Silly...Put a Condom on ur Willy~~
  • Respect: +3090
Re: အမောပြေဟာသမှတ်စု
« Reply #226 on: June 02, 2011, 11:56:36 PM »
ဘုံဆိုင်ထဲက ဟာသများ( ညီသစ် )...

၁။မှားပေလို့
အရက်မူးသမား နှစ်ယောက်သည် ပန်းခြံထဲမှာ အရက်သောက်ပြီး ကလေးများကစားကွင်းထဲသို့သွားက ရိုလာကိုစတာတက်စီးကြသည်။
နောက်ဆုံးမှာတော့ မူးနေသူ တစ်ယောတ်က ကျန်တစ်ယောတ်ဘက်သို့လှည့်ပြောလေတော့သည်။
"ဟေ့ကောင် ၊ ငါတို့ ဘတ်စ်ကားမှားစီးမိပြီကွ"

၂။ဆေးနည်းကောင်း
ဇနီးဖြစ်သူက ယောက်ျားအရက်သမားကို ကွာရှင်းမှဖြစ်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ရာ အိမ်နီးနားချင်းတစ်ယောက်က နောက်တစ်ကြိမ်ခန့် အခွင့်အရေးပေးလိုက်ပါဦးဟုဖျောင်းဖျကြသည်။
"ရှင်သူ့ကို ဆူညံပူညံလုပ်မယ့်အစား ကောင်းကောင်းမွန်မွန် ဆက်ဆံကြည့်ပါဦး"ဟုအိမ်နီးချင်းများက ဆိုကြသည်။
နောက်တစ်နေ့ညတွင် ယောက်ျားဖြစ်သူသည် လူမှန်းသူမှန်းမသိအောင်မူးပြီး အိမ်ကို ဒီယီးဒယိုင်ဖြင့်ပြန်ရောက်လာသည်။မိန်းမဖြစ်သူက သူ့ကိုအရင်လို ဆူညံပူညံမလုပ်တော့ပဲ  သူ့အတွက် လက်ဖက်ရည်တစ်ခွက် ဖျော်ပေးသည်။ခြေထောက်တွေကို နွေးထွေးအောင်လုပ်ပေးသည်။ အကျီနှင့် လည်စီးကိုပါချွတ်ပေးပြီး ဆံပင်တွေကိုပွတ်သပ်ပေးသည်။
"မောင်၊ ကျမတို့ အိပ်ရာဝင်ကျရအောင်"ဟု ဇနီးကချိုသာစွာပြောသည်။
"အေး.... ကောင်းသားပဲ၊ ကိုယ်အိမ်ပြန်ရင် အိမ်ကမယားကြီးက ကုလားထိုင်ပေါ်မှာပဲ အိပ်ခိုင်းမှာ"ဟု ယောက်ျားဖြစ်သူက အာလေးလျှာလေးဖြင့်ပြောသည်။

၃။ ဒီလိုမကြည့်ပါနဲ့
အရက်မူးသမားတစ်ယောက် ရေချိန်ကိုက်ပြီး ဆိုင်ထဲမှထွက်ကာ အိမ်ကိုလမ်းလျှောက်ပြန်ခဲ့သည်။
သူသည် လမ်းလျှောက်နေရင်းနှင့် တိရစ္ဆာန်ရုံထဲကို ဝင်မိလျက်သားဖြစ်နေ၏။
သူ့မျက်လုံးအစုံကို ဖြဲကြည့်တော့မှ ရေမြင်းထည့်ထားသော လှောင်အိမ်ရှေ့သို့ရောက်နေသည်ကို တွေ့လိုက်ရသည်။
အမူးသမားက ရေမြင်းကိုကြည့်ပြီးပြောလိုက်သည်မှာ
"ငါ့ကို ဒီလိုကြီးမကြည့်ပါနဲ့ မိန်းမရယ်၊ ဖြစ်ကြောင်းကုန်စင်ကို ငါရှင်းပြပါ့မယ်။"

၎။မထူးပါ
သူငယ်ချင်းနှစ်ယောက်သည် အရက်ကိုဆိုင်ပိတ်ချိန်အထိ သောက်ကြ၏။ ဆိုင်ပိတ်မှ နှစ်ယောက်သား ယိုင်ထိုး၊ယိုင်ထိုးနှင့် အိမ်ပြန်ခဲ့ကြသည်။
သူတို့နှစ်ယောက်ထဲမတစ်ယောက်မှာ အမူးလွန်နေသည်။ထို့ကြောင့် သိပ်မမူးသေးသူက အမူးလွန်နေသူကို
"ဟေ့ကောင်၊မင်းဒီပုံစံနဲ့ လမ်လျှောက်ပြန်ရင်တော့ မဖြစ်သေးဘူး။ ဘတ်စ်ကားစီးပြီးပြန်ပါလား။?"
ထိုအခါ အမူးလွန်နေသူက
"အဲဒါလည်း မထူးပါဘူးကွာ။ ငါဘတ်စ်ကားစီးပြီးပြန်လည်း ငါ့မိန်းမက ဘတ်စ်ကားကို အိမ်ထဲအဝင်ခံမှာ မဟုတ်ဘူးကွ"

၅။ ကျန်ပါသေးတယ်
"မနေ့ညက ခင်ဗျား အရက်မူးပြီးအိမ်ပြန်သွားတော့ ခင်ဗျားမိန်းမ ဒေါကန်နေသေးလားဗျ?"
"သိပ်ဒေါမကန်ပါဘူးဗျာ။ ကျုပ်ရှေ့သွားတွေ မရှိတော့တာသာကြည့်ပေတော့။အောက်သွားတွေတော့ ကျန်နေသေးတယ်လေ"

၆။မင်းကတော့အဆင်ပြေပါတယ်
သူငယ်ချင်းနှစ်ယောက် သောက်စားပြီးအိမ်ပြန်လာခဲ့ကြလေသည်။
တစ်ယောက်က...
      "ငါလမ်းလျှောက်တာ ယိုင်နေလား? ယိုင်နေတယ်ဆိုရင် ငါ့မိန်းမက ရိပ်မိသွားလိမ့်မယ်။ငါမူးနေတယ်ဆိုတာသူသိသွားရင်တော့ မလွယ်ဘူး။ ဆော်ပလော်တီးခံရလိမ့်မယ်။ မင်း ဒီမှာခဏရပ်နေ။ ငါမင်းရှေ့က လျှောက်ပြမယ်။ ယိုင်တယ်၊မယိုင်ဘူးဆိုတာ ငါ့ကိုပြောပြ။"ဟုဆိုကာ ရှေ့မှလျှောက်သွားသည်။
ကျန်တစ်ယောက်က ထိုသူလမ်းလျှောက်ပုံကို ကြည့်ပြီးပြော၏။
      "မင်းလျှောက်တာကတော့ ဖြောင့်နေတာပဲ။ဒါပေမယ့် မင်းနဲ့အတူ လျှောက်နေတယ့် ငနဲကတော့ လမ်းပြည့်အောင် ယိုင်ထိုးပြီးလျှောက်နေတယ်ကွ"

၇။တူလွန်းလို့ပါ
အမျိုးသမီးတစ်ယောက်နှင့် အမူးသမားတစ်ယောက် ဘားထဲတွင် အပြန်အလှန်စကားများနေကြသည်။
အမူးသမားက...
"မင်း ငါ့ကိုဒီလိုရန်စကားတွေ မပြောနဲ့ကွာ။မင်းပြောပုံက ငါ့အရင်မိန်းမကို ပြန်သတိရအောင်လုပ်သလို ဖြစ်နေတယ်။
ထိုအခါ အမျိုးသမီးက အော်ဟစ်ကာ...
"ကျုပ်က ရှင့်မယားကြီးပဲလေ"

၈။စိပ်ဆိုးမှာလား
သူငယ်ချင်းနှစ်ယောက် ဘားထဲတွင် စကားဖောင်ဖွဲ့နေကြသည်။
ပထမသူငယ်ချင်းက....
"ဟေ့ကောင်၊ငါသေသွားခဲ့ရင် ငါ့သချိုင်းပေါ်ကို အကောင်းစား ဝီစကီတစ်လုံးလောက် လောင်းချပေးပါကွာ"
ထိုအခါ ဒုတိယသူငယ်ချင်းက....
"လောင်းချပေးရမှာပေါ့ သူငယ်ချင်းရယ်။ဒါပေမဲ့ အဲဒီဝီစကီကို ငါ့ကျောက်ကပ်ထဲအရင် ဖြတ်ပြီးမှ လောင်းချပေးမယ်ဆိုရင် မင်းစိတ်ဆိုးမှာလားဟင်?"

၉။သွားပြီ
လူတစ်ယောက်သည် အမူးလွန်ပြီးအိမ်သို့မပြန်ပဲ လမ်းပျော်မလေးတစ်ယောက်နှင့် အတူနေလိုက်သည်။
မနက်ငါးနာရီထိုး သူအိမ်ပြန်ရောက်သွားသောအခါ သူ့မိန်းမ မအိပ်ပဲစောင့်နေသည်ကိုတွေ့လိုက်ရသည်။
ထိုအခါ အရက်သမားသည် မမူးသလိုလို၊ဘာလိုလိုနှင့် အဝတ်အစားတွေချွတ်သည်။ရုတ်တရက် သူ့မိန်းမကလှန်းပြောလိုက်သည်။
"ဘုရားသခင်၊ ရှင့်အတွင်းခံဘောင်းဘီ ဘယ်ရောက်သွားလဲ?"
ထိုအခါ အရက်သမားက သူ့အောက်ပိုင်းကို ငုံ့ကြည့်လိုက်ပြီး အလျင်အမြန် စဉ်းစားကာ ပြန်ဖြေလိုက်သည်။
"အို၊ဘုရားသခင်။ ကိုယ်အလုခံလိုက်ရပြီ"

၁၀။ကိစ္စမရှိပါဘူး
အမူးသမားနှစ်ယောက်သည် ဒယီးဒယိုင်နှင့် ရထားသံလမ်းအတိုင်း လမ်းလျှောက်ပြန်လာကြ၏။
တစ်ယောက်က ဇလီဖားတုံးတွေပေါ် နင်းရင်း
"ငါ့တစ်သက် ဒီလောက်များတဲ့ လှေကားထစ်တွေ မတွေ့ဖူးပါဘူးကွာ"
ထိုအခါ ကျန်တစ်ယောက်က သံလမ်းကိုကြည့်ပြီး
"လှေကားထစ်တွေများတာက သိပ်ကိစ္စမရှိပါဘူးကွာ၊လက်ရန်းကတော့ နိမ့်လွန်းတယ်ကွ"
+4

Offline ကျော်စွာ

  • ကျောင်းသားကြီး
  • **
  • Posts: 126
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +840
Re: အမောပြေဟာသမှတ်စု
« Reply #227 on: June 03, 2011, 12:52:09 PM »
ကျွန်ုပ်သည်ကား ငယ်စU်Aခါကတည်းက ဗေဒင်ပညာကို ဝါသနာပါသည့် Aားလျော်စွာ
ကမ္ဘာAရပ်ရပ်ရှိ နာမည်ကျော် ဝေဒပညာရှင်ကြီးများထံမှ လက္ခဏာ ခြေခဏာ ဟိုခဏာ
ဒီခဏာ နိမိတ်ဟော ရှေ့ဖြစ် နောက်ဖြစ် မှစ၍ တားရော့ကဒ်ဟောနည်း၊
ခေါင်းပန်းလှန်ဟောနည်း၊ နံကြားထောက်ဟောနည်း Aစရှိသည့် ဗေဒင်ဟောနည်း ပေါင်းစုံကို
Aွန်လိုင်းမှတဆင့် မေးလ်ပေးမေးလ်ယူ (Mail To Mail) စနစ်ဖြင့် သင်ကြားတတ်မြောက်ပြီး
သကာလ ကျက်သရေမင်္ဂလာ သာမက စိန်ခြူးကြာညောင်Aပေါင်းနှင့်ပါ ပြည့်စုံပြီး
ထူးချွန်ထက်မြက် Uာဏ်ရည်တက်သည့် Aမျိုးကောင်းသားတစ်ဦး ဖြစ်သည်နှင့်Aညီ
မည်သူမှ စိတ်မကူးမိသေးသော Aိုင်တီ၊ Aင်တာနက် လောကAတွက်
ရှေ့ဖြစ်ဟောစာတမ်းကြီး တစ်စောင်ကို ရေးသားဟောကြားပြုစု၍ နောင်ဖြစ်လာလတ္တံ့သော
ရှေ့ဖြစ်ဇာတ်ကြောင်းများAား နောင်လာ နောက်သားတို့ ဖတ်ရှုလေ့လာနိုင်ရန် Aလို့ငှာ
နာမည်ကျော် နည်းပညာဂျာနယ်တစ်စောင်ဖြစ်သော Net Guide ဂျာနယ် မှတဆင့်
“ဆြာသူရဿဝါ၏ မော်ဒန်နည်းကျ Aိုင်တီ Aင်တာနက် ရှေ့ဖြစ်ပြောဟောစာတမ်းကြီး”
Aမည်ဖြင့်ေAာက်ပါAတိုင်း ဒက်ဒက်ထိ ဟောပြောပေး လိုက်ရပေတော့လေသတည်း။
နောင်လာလတ္တံ့သော နှစ်Aနည်းငယ်Aတွင်း လူတစ်ယောက်လျှင် ကွန်ပျူတာ
တစ်လုံးထက်ပို ပိုင်ဆိုင်ကြရုံ မျှမက ဘယ်ဖက်တစ်လုံး ညာဖက်တစ်လုံးဖြင့်
ဂျောင်းဂျောင်းပြေး ကွန်ပျူတာများ Aသုံးပြုကြလတ္တံ့။ ကြီးမားလေးလံသော
ဒက်စတော့Aမည်ရှိ ကွန်ပျူတာများမှ Aရွယ်Aစားချုံ့၍ Laptop များ၊ Notebook များ
သုံးလာကြသလို Notebook ထက် သေးကွေးပေါ့ပါးသော Netbook များလည်း
သုံးလာကြပြီဖြစ်ရာ နောင်တွင် ဒီထက်ပို၍ သေးကွေးသော ကယ်ကူလေတာဘုတ်များ
ပေါ်ထွက်လာလတ္တံ့။ iPod များ၊ iPad များ Aသုံးပြု၍ Aားမရသည်၏ နောက်တွင် YouPod၊
YouPad၊ FatherPad၊ MotherPad များ တီထွင်သုံးကြပြီး ထိုမျှနှင့် Aားမရသေးပါက
FatherInLawPad၊ GrandMotherPad စသည်တို့ကိုပါ ကြံကြံဖန်ဖန် သောက်ကျိုးနည်း
တီထွင်Aသုံးပြုကြလတ္တံ့။ နည်းပညာပစ္စည်းများကို လူသုံးများလာသည့်Aခါ
နည်းပညာကုမ္ပဏီကြီးဖြစ်သော Apple ၏နောက်တွင် Orange, Mango, Banana
A စရှိသည့် နည်းပညာ ကုမ္ပဏီများ A စU်လိုက်A တန်းလိုက် တန်းစီပေါ်ထွက်လာလတ္တံ့။
ထုတ်လုပ်သည့်ပစ္စည်းက သုံးစွဲမည့်ဦးရေကို ကျော်လွန်၍ ရောင်းလိုAားက ဝယ်လိုAားကို
လည်ပင်းညှစ်လတ္တံ့။ ထိုA ခါ ကွန်ပျူတာများ၊ လက်ပ်တော့များကို ဘေထုပ် ကဲ့သို့
သုံးလုံးတစ်ထောင်ဈေးဖြင့်ေAာ်ရောင်းကြလတ္တံ့။ ခေတ်မှီနည်းပညာများ နေ့စU်နှင့်A မျှ
ပေါ်ပေါက်နေပြီး လူတို့မှာလည်း ၎င်းနည်းပညာရပ်များနောက်သို့ မမှီမကမ်း
ပြေးလိုက်ကြမည်ဖြစ်၍ လူတိုင်းလူတိုင်း ကွန်ပျူတာရှေ့တွင် ၂၄ နာရီလုံးလုံး
ထိုင်ရာမထကြတော့သဖြင့် ရာဇဝတ်မှုခင်းများ A လွန်A မင်း ကျဆင်းလတ္တံ့။
တိုးတက်လာသော နည်းပညာကို A သုံးချ၍ သုံးဖက်မြင် 3D စနစ်ဖြင့် Avatar ဇာတ်ကားကို
ရိုက်ကူးခဲ့သော နာမည်ကျော် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်လည်း ထိုA ချိန်တွင်
သုံးဖက်မြင်ထက်ကျော်လွန်ပြီး ဒူးရင်းသီးတစ်လုံးကို ရှုထောင့်ပေါင်းစုံမှနေ၍ A ဖက်ဖက်မြင်
နည်းပညာဖြင့် ရိုက်ကူးထားသည့် “ဒူးရင်းသီး” ရုပ်ရှင်ကားဖြင့်ေAာ်စကာရလတ္တံ့။
Aိုင်တီနည်းပညာရပ်များ တဟုန်ထိုး တိုးတက်လာသည်နှင့်တပြိုင်နက်
လူတို့A သုံးပြုကြသော A င်တာနက် ဆက်သွယ်ရေး စနစ်များ ယခုထက်ပို၍
ကောင်းမွန်လာလတ္တံ့။ ကွန်ပျူတာကို နဖားကြိုးထိုးစရာမလိုဘဲ A သုံးပြု၍ရသော ကြိုးမဲ့ Wi-
Fi A င်တာနက်စနစ်များ ကျယ်ပြန့်ထွန်းကား လာလတ္တံ့။ Wi-Fi A င်တာနက်လှိုင်း
ထုတ်လွှင့်သော တိုင်များမှာ လမ်းပေါ်မှ ဓါတ်တိုင်များနှင့် A ပြိုင်A ဆိုင် နေရာမရွေး
ခပ်စိပ်စိပ်ပေါက်ရောက်၍ မိုးတိုးမတ်တပ်ရပ်ကြလတ္တံ့။ မှတ်တိုင်တိုင်း၊
လမ်းကြိုလမ်းကြားတိုင်းတွင် ကွမ်းယာဆိုင်များနှင့်A ပြိုင် A င်တာနက်ဆိုင်များ
မှိုလိုပေါက်လတ္တံ့။ ထိုA ခါ လူတို့သည် “Wimax နဲ့တစ်ရာဖိုးလုပ်လိုက်၊
ကော်နက်ရှင်ထူထူလေးပေါက်ပေး၊ ADSL နဲ့က တစ်ရာ့ငါးဆယ်ဖိုး၊ ငါးဆယ်ဖိုး ပိုပေးနော်”
စသဖြင့် ကွမ်းယာဝယ်စားသလို ခပ်လွယ်လွယ် A င်တာနက်သုံးစွဲကြလတ္တံ့။ Internet
Service ပေးသော ကုမ္ပဏီများ A ပြိုင်A ဆိုင်ပေါ်ပေါက်ကာ ၎င်းနေရာဌာနများတွင်လည်း
Help Desk ဝန်ထမ်းဦးရေက A များဆုံးဖြစ်လတ္တံ့။ A င်တာနက် လောကကြီး
ကျယ်ပြန့်လာသည့်A တွက် Aွန်လိုင်းတွင်သီးသန့်သုံးစွဲမည့် Internet Language တစ်မျိုး
ပေါ်ထွက်လာလတ္တံ့။ ၎င်းဘာသာစကားကိုလည်း “နေကောင်းလား ဆိုလျှင် nay kaung lar ၊
ဘာလုပ်နေလဲ ဆိုလျှင် bar lote nay lae`” စသည်ဖြင့် ခက်ခဲပင်ပန်း ကြီးမားစွာ
တီထွင်ထားရသော A င်္ဂလိပ်မြန်မာ ရောသမမွှေ Burglish A မည်ဖြင့်
မြန်မာA င်တာနက်ယူဇာများမှ ကမ္ဘာတစ်လွှား Aားကျလောက်ေAာင် စတင်သုံးစွဲသည်မှစ၍
တစ်ချိန်တွင် ကမ္ဘာသုံး A င်တာနက် ဘာသာစကား (Global Internet Language) A ဖြစ်
သတ်မှတ်ခြင်းပင်ခံရသည်A ထိေAာင်မြင်လတ္တံ့။
-3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10915
Re: အမောပြေဟာသမှတ်စု
« Reply #228 on: June 03, 2011, 04:33:31 PM »
ဆရာဝန်ရဲ့ နောက်ဆုံးစကား

- အသက်နှစ်ဆယ်ခန့် ခပ်မိုက်မိုက် ကောင်မလေးတစ်ယောက် ဆရာဝန်နဲ့ လာဆွေးနွေးပါတယ်..
- "ဆရာ.. ကျမရည်းစားကို အရမ်းစိတ်ဆိုးတာပဲ... မျိုးမစစ်လို့တောင် ခေါ်သင့်တယ်...
သူ အရမ်းကို လွန်တာပဲ... တကယ်ပါပဲ"
- "ဟင်း... အရမ်း ရင့်သီးတဲ့ စကားလုံးပဲကွယ့်... ဒါပေမဲ့ မင်းမှာ အကြောင်းတော့ရှိမှာပေါ့လေ..
ငါ ကူညီနိုင်ရအောင် အဲဒီအကြောင်းပြောပြပါဦး..."
- "ဟုတ်ကဲ့ ဆရာ.. ဟိုတစ်ညကပေါ့... ကျမတို့ ကမ်းခြေတခုမှာ ကားရပ်ထားပြီး နေကျတုန်းက...
အဲဒီမှာ လူလည်း ပြတ်တယ်လေ... အဲဒီအချိန် သူက ကျမလက်ကို ကိုင်လိုက်တယ်.."
- "မင်းလက်ကို ဒီလိုကိုင်လိုက်တာလား"
- "ဟုတ်တယ် ဆရာ... ခုဆရာ ကိုင်ထားသလိုပဲ..."-
"အဲဒါကြောင့်ပဲ ဆိုရင်တော့ မျိုးမစစ်လို့ မခေါ်သင့်ပါဘူးကွယ်...
အဲဒါက မင်းနဲ့ မဝေးချင်ဘူးဆိုတဲ့ သဘောလေ.."
- "ပြီးတော့... သူက ကျမဖက်ကို တိုးလာပြီး.. ကျမကို ဖက်လိုက်တယ်..."
- "ဒီလိုလား"
- "ဟုတ်တယ် ဆရာ.. ဆရာလုပ်သလိုပဲ"
- "ဒါလည်း မျိုးမစစ်လို့ မခေါ်ပါဘူးကွယ်.. မင်းနဲ့အနားမှာ ထာဝရနေချင်တယ်လို့ ဆိုလိုတာလေ.."
- "ပြီးတော့ ကျမကို နမ်းတယ်.."
- "ဒီလိုလား"
- "ဟုတ် ဆရာ... ဆရာ ခုနမ်းတဲ့အတိုင်းပဲ.."
- "အလို နမ်းတာလေးနဲ့တော့ မျိုးမစစ်လို့ ပြင်းပြင်းထန်ထန် မခေါ်သင့်ပါဘူးကွယ်..
မင်းကို ကြင်နာတဲ့ အပြုအမူပါ..."
- "ပြီးတော့ သူ ကျမအင်္ကျီထဲ လက်ထည့်လိုက်တယ်... ဆရာ"
- "ဒီလိုလေးလား"
- "ဟုတ်... ဆရာ အဲဒီလိုပဲ.."
- "ဒါလည်း မျိုးမစစ်တဲ့ လုပ်ရပ်မဟုတ်ပါဘူးကွယ်... မင်းကို ကာကွယ်ချင်တဲ့ သဘောပါ..."
- "ပြီးတော့ သူ ကျမ အ၀တ်အစားတွေကို ဖြည်းဖြည်းချင်း ချွတ်လိုက်တယ်"
- "မင်း ငြင်းသေးလား"
- "ဟင်အင်း... ကျမ သူ့ကို ချစ်တော့ သူသဘောအတိုင်းပါပဲ.."
- "မင်း အ၀တ်အစားတွေကို ဒီလိုချွတ်လိုက်တာလား.."
- "ခုထိ သူ့ကို မျိုးမစစ်လို့ ခေါ်စရာ အကြောင်းမရှိသေးဘူးကွယ်..
ဘာလို့လဲဆိုတော့ သူက မင်းရဲ့ တကိုယ်လုံး စူးစမ်းချင်လို့ပဲလေ.."
- "ပြီးတော့ သူ ကျမကို နမ်းပြီး... ကျမနဲ့ ချစ်တင်းနှောတယ်..."
.......................
- "ခုငါတို့ လုပ်နေသလိုမျိုး သူလုပ်တာလား"
- "အင်း... ခုလိုအတိအကျပါပဲ ဆရာရယ်..."
- "မျိုးမစစ်လို့ မခေါ်သင့်သေးပါဘူးကွယ်... သူအတွက် မင်းရှိဖို့
လိုအပ်တယ်ဆိုတဲ့ သဘောပဲလေ..."
- "ဒါပေမဲ့... သူက သူ့မှာ အေအိုင်ဒီအက်စ် ရှိနေတယ်လို့ ကျမကို ပြောလိုက်တယ်လေ..."
- အပြင်ဘက်က လူနာတွေ့နဲ့ ဆေးခန်းဝန်ထမ်းတွေ ဆရာဝန်ရဲ့ စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရတယ်..


Credit to www.mutdfan.com
+9

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #229 on: June 03, 2011, 07:10:36 PM »
ဟာသ များ


၁။ ကောင်မလေး။ ။ ရှင် ကျွန်မတစ်ယောက်တည်းကို ချစ်တာသေချာလား..

ကောင်လေး။ ။ သေချာပါတယ်ကွာ.. ကိုယ်မနေ့ကဘဲ ကိုယ့်ရည်းစားစာရင်းကို သေချာ

ပြန်စစ်ကြည့်ပြီးပြီ..


၂။ ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ

စကားတွေဇွတ်ပြီး ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲ ?

ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်..


၃။ စားပွဲထိုး။ ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှားလားခင်ဗျာ

စားသုံးသူ။ ။ မင်းတို့ဆိုင်မှာ ကော်ဖီကဘာအရောင်နဲ့များရသေးလို့လဲ?


၎။ ကောင်လေး။ ။ ကိုယ်မင်းလက်ကလေးကို ကိုင်ထားပါရစေ။

ကောင်မလေး။ ။ နေပါစေ ကျွန်မလက်က ဒီလောက်မလေးပါဘူး..


၅။ တရားဟောဆရာ။ ။ ဆမ်.. ငါ့ကို အမှန်အတိုင်းပြောစမ်း. . .
မင်းဟာထမင်းမစားခင်မှာ

ဆုတောင်းလား. မတောင်းဘူးလား?

ဆမ်။ ။ ဆုတောင်းဖို့ မလိုပါဘူးခင်ဗျာ.. ကျွန်တော့်အမေက ဟင်းချက်ကောင်းပါတယ်…


၆။ ဆရာမ။ ။ ကဲ တစ်ထပ်တည်းကျတဲ့ တိုက်ဆိုင်မှု တစ်ခုခုကို နမူနာ ပြောပြ

စမ်းပါဦးကွယ်..

ကျောင်းသား။ ။ ကျွန်တော့်အဖေနဲ့ အမေဟာတစ်ချိန်တည်း တစ်နေရာတည်းမှာ

မင်္ဂလာဆောင်ခဲ့ပါတယ် ဆရာမ....


၇။ ဆရာ။ ။ ဂျော့ခ်ျဝါရှင်တန်ဟာ ခွင့်ပြုချက်မရဘဲ သူ့အဖေ သိပ်နှစ်သက်တဲ့

ချယ်ရီပင်လေးကို ပုဆိန်နဲ့ ခုတ်လှဲပစ်လိုက်တယ်.. ဒါပေမဲ့ သူ့အဖေက

သူ့ကိုအပြစ်မပေးခဲ့ဘူး.. အဲဒါဘာကြောင့်လဲဆိုတာ ဘယ်သူသိလဲ?

ကျောင်းသား။ ။ သူ့လက်ထဲမှာ ပုဆိန် ကိုင်ထားဆဲဖြစ်လို့ပါဆရာ


၈။ ဆရာမ။ ။ နေနဲ့လ ဘယ်ဟာက ပိုပြီး တို့တွေအတွက် အရေးကြီးတယ် ထင်သလဲ

ကျောင်းသား။ ။ လပါဆရာမ

ဆရာမ။ ။ ဘာဖြစ်လို့လက ပိုအရေးကြီးတာလဲ?

ကျောင်းသား။ ။ လက ကျွန်တော်တို့အလင်းရောင် လိုအပ်နေတဲ့ညမှ ပေါ်လာပြီးတော့

နေကတော့ အလင်းရောင်မလိုအပ်တဲ့ နေ့လည်မှ ပေါ်လာလို့ပါ။


၉။ ဆရာမ။ ။ ဆမ် မင်းဟာတော်တော်ကို စကားများပါလား

ဆမ်။ ။ ကျွန်တော်တို့မျိုးရိုးက စကားများတဲ့မျိုးရိုးမို့ပါ

ဆရာမ။ ။ ပြောစမ်းပါဦး မင်းတို့မျိုးရိုးကဘာတွေမို့လဲ

ဆမ်။ ။ ကျွန်တော့်အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့်အဖေကတော့ကျောင်းဆရာ

ဆရာမ။ ။ မင်းအမေကရော

ဆမ်။ ။ ကျွန်တော့်အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ..

Froward Mail ကရတာလေးပါ
+4

Tags: