Author Topic: အမောပြေဟာသမှတ်စု  (Read 444184 times)

0 Members and 1 Guest are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #210 on: June 01, 2011, 08:47:46 PM »
ငါ့လူနာတွေလည်းမင်းလိုပဲ

ဇနီးဖြစ်သူက ဘောလုံးဝါသနာအိုး ဆရာဝန်လေးအား …

“ကဲ … ကမ္ဘာ့ဖလားဘောပွဲတွေလည်း ပြီးသွားပြီ။ မောင်ရေ … ညပိုင်း ဆေးခန်းပြန်ဖွင့်ဖို့လုပ်တော့”

“အမယ် … မင်းက အခုမှ မင်းအမေအိမ်က ပြန်ရောက်လို့ မသိတာ။ ဆေးခန်းဖွင့်တာ သုံးရက်တောင်ရှိပြီ”

“ဟုတ်လား … ဒါဆို အတော်ပဲ။ ကျွန်မလည်း ပါသွားတဲ့ငွေလေး အမေ့ကို ကန်တော့ခဲ့လို့ အသုံးပြတ်နေပြီ”

“မိန်းမရေ … တိုးတိုးပြော။ ငါ့လူနာတွေလည်း ဘောလုံးပွဲရှုံးလို့ လောလောဆယ် အကြွေးကျနေတယ်ကွ”

“အယ်”


တို့လည်းလိုက်မယ် ချန်မထားနဲ့

ကမ္ဘာ့ဖလားဘောလုံးပွဲကာလ၌ ဆေးခန်းတစ်ခန်းတွင် လူနာတစ်ဦးကို ကုသအပြီး ဆရာဝန်က တပည့်ဖြစ်သူအား-

“နောက်တစ်ယောက်လွှတ်လိုက်”

“လူနာတစ်ယောက်မှ မကျန်တော့ဘူး ဆရာ”

“ဘယ်လိုဖြစ်တာလဲ။ ခုနယောက်ျားလူနာရော၊ မိန်းမလူနာရော အပြည့်ပါကွ။ တိုကင်တောင် မင်းကိုယ်တိုင်ပေးတာ ကုန်သွားတယ်မို့လား”

“ဟုတ်ပါတယ်ဆရာ။ အခုတိုကင်တွေပြန်အပ်ပြီး ယောက်ျားတွေက ဘောလုံးပွဲကြည့်ဖို့ မိန်းမတွေက ကိုရီးယားကားကြည့်ဖို့ ပြန်သွားကြပြီ ဆရာ”

“ဟိုက်”
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #211 on: June 01, 2011, 08:49:38 PM »
ကံကောင်းတာလား

အသက် ၄၀ အရွယ် ထိပ်ပြောင်နေသော ခင်ပွန်းက ကျန်းမာရေးဂျာနယ်ဖတ်ရင်း ဇနီးသည်အား ဝမ်းသာအားရဖြင့်

- “ထိပ်ပြောင်တာဟာ ကျန်းမာရေးကောင်းတယ်တဲ့ မိန်းမရေ”

“ဘာဖြစ်လို့လဲရှင့်”

 

“ထိပ်ပြောင်တာဟာ ကျားဟော်မုန်းမြင့်မားတာဖြစ်ပြီး ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေလည်းနည်းတယ်တဲ့။ ငါတော့ ကံကောင်းတာပဲ”

“ရှင့်အတွက် ကံကောင်းသလောက် ကျွန်မအတွက်တော့ ကံဆိုးတာလဲ”

“ဘာဖြစ်လို့ပါလိမ့်”

“မနေ့ကပေါ့၊ ဆယ်အိမ်မှူးလေးက သင်္ကြန်မှာ သက်ကြီးပူဇော်ပွဲလုပ်မလို့၊ အစ်မယောက်ျား အသက် ၇၀ ကျော်ပြီလားတဲ့”

“ဟိုက်”

 

အိမ်ရောင်းရန်ရှိသည်

ဆေးရုံမှ ဆင်းခါစလူ၏အိမ်သို့ မိတ်ဆွေတစ်ယောက် ရောက်လာပြီး ...

“ဘယ်နှယ်လဲ။ ခင်ဗျားရောဂါ ပျောက်သွားပလား”

“အင်း .. ပျောက်သွားပြီဆိုပါတော့။ နောက်တစ်ခါ ဘာဝေဒနာမှ မဖြစ်ချင်တော့လောက်အောင်ပဲ”

“ဘာဖြစ်လို့လဲဗျ”

“ပေးရှင့် (လူနာ)ဆိုတဲ့အတိုင်း ဆေးဖိုးဝါးခနဲ့ တခြားဝန်ဆောင်ခတွေ ရှင်းပေးလိုက်ရလို့ အကြွေးကို ခေါင်ခိုက်သွားတာပဲ”

“ဘယ်လောက်တောင်များလို့ ခေါင်ခိုက်ရတလာလဲဗျ”

“အိမ်ရှေ့ကဆိုင်းဘုတ်သာ ကြည့်တော့”

“ဟိုက်”
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #212 on: June 01, 2011, 08:50:42 PM »
ထူးဆန်းတဲ့ရောဂါ

အမျိုးသမီးတစ်ဦး ဆေးခန်းလာပြစဉ် ဆရာဝန်က ရင်းရင်းနှီးနှီးဖြင့်..

“အစ်မကြီး ခင်ပွန်း နားလေတာ ပျောက်ပလား”

“ပျောက်ဆို ဟုတ်မှ မဟုတ်ဘဲ ဆရာ”

“ဟင်.. ဒါဆို”

“အရင်က သူ့ရုံးခန်းမှာ စာရေးမလေးတွေပဲ ထားတော့ အနားတိုးပြောအောင် နားလေးချင်ယောင်ဆောင်နေတာ”

“အခုတော့ကော”

“လူကြီးက သူ့အကြောင်းသိလို့ စာရေးတွေ အခန်းကို နေရာပြောင်းလိုက်ပြီ”

“ဟိုက်”

 

ဟားဗတ်ကျောင်းသား

နစ်ကီက ဟားဗတ်တက္ကသိုလ်က ဘွဲ့ရခါစလူငယ်လေးပါ။ သူက သူ့ရှေ့ရေး နဲ့ပတ်သက်ပြီး သိပ်ကို စိတ်လှုပ်ရှား နေပါတယ်။

သူက တက္ကစီတစ်စီးပေါ်တက်တော့ တက္ကစီဒရိုင်ဘာက သူ့ကို"ကောင်းသောနေ့ပါဗျာ"လို့ နှုတ်ဆက်ပါတယ်။

နစ်ကီက အပြုံးနဲ့ "ကောင်းပါ့ဗျာ။ ကျုပ်က ဟားဗတ် တက္ကသိုလ် ကနေ အခုပဲကျောင်းဆင်းလာတာဗျ။

ကျွန်တော့ကို အသင့်ကြိုနေတဲ့ လောက ကြီးထဲ နေထိုင်ဖို့အရမ်းကို အသင့်ဖြစ်နေပြီ။ ကျွန်တော်ဘာတွေ လုပ်ရင် ကောင်းမလဲ၊ နောင်နှစ်တွေ ကြာတဲ့အခါ ကျွန်တော်ဘယ်လို ဖြစ်နေမလဲ တွေးပြီး စိတ်လှုပ်ရှားနေတာဗျ"လို့ပြောလိုက်ပါတယ်။

ဒါနဲ့ နစ်ကီကို ကားသမားက ဝမ်းသာအားရနဲ့ လက်ဆွဲနှုတ်ဆက်ရင်း

"တွေ့ရတာ ဝမ်းသာတယ်ဗျာ။ ကျွန်တော်က ဟားဗတ်ကနေ ၁၉၅၈ ခုနှစ်မှာကျောင်းဆင်းလာတဲ့သူပါ"လို့ ဆိုပါသတဲ့။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #213 on: June 01, 2011, 08:52:26 PM »
" ဟယ်.... လောက "

" လောကကြီး က တကယ့် ကို မတရားဘူး ....ကျွန်မ အဖို့  နေ့ တိုင်း မီးဖိုချောင်ထဲ ဝင်ပြီး မချက်ချင်ပဲနဲ့  ချက်နေရတယ် " " ဟုတ်တယ် လောကကြီး က မတရား ဘူး.... ငါလည်း နေ့ တိုင်း မင်းချက်ကျွေးတာတွေ မစားချင်ပဲ စားနေရတယ် "

" ရန်သူမှန်ရင် "

" ဒေါက်တာ ဆီမှာ ရန်သူမရှိဘူး လားဟင် " " ဟင့် အင်း မရှိပါဘူး .... သူတို့  အားလုံး ကိစ္စ ချောကုန်ကြပါပြီ "


" သူဌေး ၏ ဖြောင့် ချက် "

" တောကနေပြီး ဒီမြို့  ကို ကျွန်တော် ရောက်စမှာတော့ လက်ထဲမှာ ငါးဆယ်တန် တစ်ရွက်ပဲ ရှိတယ် ဗျ...အဲဒါနဲ့  ဈေးထဲမှာ အာလူးနည်းနည်း ၊ ခရမ်းသီးနည်းနည်း ၊ ကုလားပဲ နည်းနည်း စီဝယ်ပြီး ဟင်းချက်ရောင်းတာ တစ်ရာရတယ် ...ရလာတဲ့  ငွေတစ်ရာနဲ့  ကုလားပဲ၊ အာလူး ၊ ခရမ်းသီး ဝယ်ပြီး ဟင်းချက်တာ ငွေနှစ်ရာ ဖြစ်လာတယ် ..... " အော် သိပြီ သိပြီ ...အခုလို ဆပြန်တိုး အရင်းပြုပြီး ဟင်းချက်ရောင်းရင်း ကုမ္ပဏီပိုင် သူဌေးကြီး ဖြစ်လာတာပေါ့ နော် " " ဟင့် အင်း ... အဲလို ဟင်းချက်ရောင်းနေတုန်း တစ်နှစ်လောက် ကြာတော့  ကျွန်တော့်  ဦးလေး ဆုံးသွားတယ်..သူက လူပျိုကြီးဆိုတော့  အမွေဆက်ခံသူအဖြစ် ကျွန်တော့်  ကို သူပိုင်တဲ့  ကုမ္ပဏီ လွှဲပေးသွားတယ်လေ."
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #214 on: June 01, 2011, 08:53:32 PM »
" ပြောမိတာ မှားပါတယ် "

"မင်းကို မနေ့ က မင်းသမီး ဧည့် ခံပွဲအကြောင်း သတင်းယူခိုင်းလိုက်တာ တစ်နေကုန် ပြန်ပေါ်မလာဘူး.... ဘာဖြစ်လို့ လဲ "
" ဒီလိုပါ အယ်ဒီတာ ကြီးရယ် ...မွေးနေ့ ပွဲ ကျင်းပမယ့်  ဟိုတယ် အသွားမှာ ကားချင်း တိုက်မိလို့  ဆေးရုံတင်လိုက်ရတယ် .... အဲဒါ ဧည့်ခံပွဲ မကျင်းပတော့ လို့  ဘာမှ သတင်း ယူစရာ မရှိတော့ လို့  တိုက်ကို ပြန်မလာဖြစ်တော့ တာပါ "


" အပူ ကိုယ်စားလှယ် "

" အခုတလော ကျုပ်မှာ ပူပင်စရာ တွေ များလွန်းလို့  ကျူပ်အစားပူပေးမယ့်  ရှိရင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့  ဗျာ"
" ကိုင်း...ဒါဆို ကျုပ်ပူပေးပါ့ မယ် ...ငွေတစ်သိန်းသာ မစပါ "
" အဲဒါ ပထမဦးဆုံး အနေနဲ့  ခင်ဗျား ပူရမယ့်  အပူပဲ "
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #215 on: June 01, 2011, 08:54:16 PM »
" အခုမှ သိတယ် "

. " ကိုင်း အမှု့ ကတော့  ကွင်းလုံးကျွတ်လာပြီ... ငါ့ ကို အမှန်အတိုင်းပြောစမ်း.....အများပိုင်ငွေတွေ မင်းအလွဲသုံးစားလုပ်ခဲ့ သလား မလုပ်ခဲ့ ဘူးလား " " ဟင်း ...ကျွန်တော့် အမှု့ အတွက် ရှေ့ နေကြီး ရဲ့  လျှောက်လဲ ချက်ကြားရတော့ မှပဲ ကျွန်တော် ကျုးလွန်ခဲ့ မိတာ အလွဲသုံးစားမှု့  မဟုတ်တော့ မှန်း သိရတော့ တယ် ဗျာ "


" သူမရဲ့  ဖြစ်ပုံ "

" ဟဲလို ...ရဲစခန်းပါလား ရှင် " " ဟုတ်ပါတယ် .... ဘာများ ကူညီပေးရမလဲ ခင်ဗျာ "
" ဒီလိုပါ ရှင် ... အခုလို ညကြီး အချိန်မတော်မှာ ကျွန်မရဲ့  ခြံဝင်းထဲ ကို လူနှစ်ယောက် တစ်ပြိုင်တည်း ရောက်နေပါတယ် ...အဲဒါ တစ်ယောက် ကို ထွက်သွားအောင်ကူညီပါရှင် "


+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #216 on: June 01, 2011, 08:59:19 PM »
အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ "

မမြောက်ပါနဲ့ဗျာ

" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှမနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ "

အထင်နဲ့အမြင်

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #217 on: June 01, 2011, 09:02:10 PM »
ထင်တာကတခြား

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင် "

သိချင်လို့

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "

ပြင်ပအစားအစာ

" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် "
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #218 on: June 01, 2011, 09:03:08 PM »
သမ်းပြတာမဟုတ်ပါ

" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲသမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်းခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ "

ယောက်ျားဆိုတာ

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ
၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "

တလွဲမထင်ပါနဲ့

" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊
ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ "
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #219 on: June 01, 2011, 09:05:22 PM »
ဆရာ့ညွှန်ကြားချက်

" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် "

လိုချင်ရင်ပြောပါ

" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွှေးနဲ့ လိုချင်လို့လား
+5

Tags: