Author Topic: အမောပြေဟာသမှတ်စု  (Read 477280 times)

0 Members and 2 Guests are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #200 on: June 01, 2011, 08:17:54 PM »
~ ပလုံ

ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..ညစာစားဖို့စားပွဲထိုင်ပြီးကြပြီဆိုတာနဲ့ဘာစကားမှမပြောရဘူး..
တစ်ရက်မှာညစာစားဖို့စားပွဲထိုင်နေကြတုန်း ရေးကြီးသုတ်ပြာနဲ့သားကြီးရောက်လာတယ်..ပြီးတော့…..
'''အမေ'''
''စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..''
'''ဟို..ကျွန်တော်..'''
''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..''
ဒီလိုနဲ့ထမင်းစားပြီးကြတော့
''ကဲပြောဘာလဲ''
'''ညီမလေးရေတွင်းထဲကျသွားလို့…'''  ;D
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #201 on: June 01, 2011, 08:19:48 PM »
မကြောက်ပါနဲ့ကွာ

ကလေး နှစ်ယောက် ဆေးခန်းတွင် ဆေးစစ်ရန် ထိုင်စောင်.နေကြသည်။ နှစ်ယောက်မှာ တစ်ယောက်က စတင် ငိုးကျွေးပါတော.သည်။
ပထမကလေး - မင်းဘာလို.ငိုနေတာလဲ။
ဒုတိယကလေး - ငါဒီကို သွေးလာစစ်တာဟ။
ပထမကလေး - အဲဒါ ငိုစရာလား။
ဒုတိယကလေး - သွေးစစ်ရင် ကျွန်တော့ လက်ညိုးကို ဆရာဝန်က အပ်နဲ.ဖောက်မှာလေ။
ထိုအခါမှာတော. ပထမ ကလေး က စတင်ငိုကြွေးပါတော.သည်။ ဒီတော့ ဒုတိယ ကလေးက အံ့အားသင့်စွာဖြင်.။
ဒုတိယကလေး - မင်းက ဘာလို.ငိုရပြန်တာလဲ။
ပထမကလေး - ငါက ဒီကို ဆီးလာစစ်တာလေ။ ဗြဲဗြဲ :'(

သူ့နေရာသူပြန်သွား

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲကခွဲထုတ်ထားတဲ့ဟာတွေရှင့် "
+6

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #202 on: June 01, 2011, 08:21:30 PM »
မေးမှသိတယ်

" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "

ပြောချင်တာကဒီလိုပါ

" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။
ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။
ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း .....
ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ "
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #203 on: June 01, 2011, 08:22:51 PM »
ဘယ်သူမှမပြောနဲ့နော်

" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကိုပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ "

စနစ်တကျအသုံးပြုနည်း

" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို
ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား "
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #204 on: June 01, 2011, 08:24:08 PM »
နားလေးသူမို့ပါ

" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် "

ဟိုတစ်မျိုး ဒီတစ်မျိုး

" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲဝင်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာသေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် "
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #205 on: June 01, 2011, 08:29:24 PM »
မျက်လှည့်

 

တက္ကသိုလ်တစ်ခု၏ နှစ်ပတ်လည်ညစာစားပွဲတွင်ဖြစ်သည်... ပါမောက္ခချုပ်ကြီးနှင့်ဇနီးတို့စားပွဲတစ်ခုတွင် ထိုင်နေကြသည်.. ဇနီးလုပ်သူမှ ပါမောက္ခချုပ်ကြီးအား ကပ်ပြောသည်..
ဟိုမှာဇွန်းတစ်ချောင်းတွေ့လား.. အရမ်းလှတယ်... ရှင်ပြန်ရင်ထည့်ခဲ့...
ဟာကွာ.. ငါ့အဆင့်နဲ့ဇွန်းခိုးရမယ်လို့မဟုတ်သေးပါဘူး....
မလိုချင်ဘူး.. .ယူဆိုယူခဲ့..ဒါပဲ..
ခဏအကြာ... ပါချုပ်မှ ဒုပါချုပ်အားလှမ်းခေါ်ပြီး...
ဟေ့လူ... ခင်ဗျားကျုပ်ကို ဟိုဇွန်းတစ်ချောင်းယူပေးစမ်းဗျာ...
ဒုပါချုပ်မှ.. ဘယ်ရမလဲဗျ.. လိုချင်ရင်ကိုယ့်ဟာကိုယူပေါ့.. ကျုပ်တောင်လိုချင်လို့ တစ်ချောင်းယူပြီး ဖိနပ်ထဲထည့်ထားပြီးပြီ... ခဏကြာသောအခါ ပါချုပ်မှ အားလုံးကြားအောင်လက်ခုပ်တီးလိုက်သည်...
ထို့နောက်... ကျွန်တော်အားလုံးကို မျက်လှည့်တစ်ခုပြပါ့မယ်.. ကြည့်ကြပါ..
ထို့နောက် သူ့မိန်းမပြောသည့်ဇွန်းကိုယူပြီး ဟောဒီမှာနော်... ဇွန်းတစ်ချောင်း.. အားလုံးတွေ့တယ်နော်... အခုကျွန်တော့်အိတ်ကပ်ထဲထည့်လိုက်ပြီ... သေချာကြည့်ကြနော်.... ဟောအခုဆိုရင် အဲဒီဇွန်းဟာ... ဒုပါချုပ်ရဲ့ဖိနပ်ထဲရောက်သွားပါပြီခင်ဗျာ... ဒုပါချုပ်ကြီး.. ခင်ဗျားဖိနပ်ချွတ်ပြလိုက်ပါ... ဒုပါချုပ်မှာ အောင့်သက်သက်နှင့် ဖိနပ်ထဲမှဇွန်းကိုယူပြီး စားပွဲပေါ်သို့ပြန်တင်လိုက်ရသည်.......
+8

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #206 on: June 01, 2011, 08:30:59 PM »
ပြန်ရမယ့်ပိုက်ဆံ

တစ်ခါက မောင်ကောက်ဆိုတဲ့ လူတစ်ယောက်ဟာ သူငယ်ချင်း မောင်ချမ်းသာထံ ပိုက်ဆံသွားချေးတယ်။

''သူငယ်ချင်းရေ … ငါ့ကို ပိုက်ဆံ တစ်သိန်းလောက် ချေးပါ။ ကိစ္စ အအရေးကြီးနေလို့ပါ'' တဲ့။

ဒါနဲ့ မောင်ချမ်းသာက “တစ်သိန်းတောင် … များလှချည်လား''

“အရေးကြီးလို့ပါ သူငယ်ချင်းရယ်။ ငါ မန္တလေးက ပြန်ရောက်ရောက်ချင်း တစ်ရက်မဆိုင်း ပေးပါမယ်”

''သေချာတယ်နော်''

''သေချာပါတယ်ကွာ၊ ငါ မန္တလေးက ပြန်ရောက်ရောက်ချင်း တစ်ရက်မဆိုင်း ပြန်ပေးမှာပါ''

ဒါနဲ့ မောင်ချမ်းသာက ပိုက်ဆံပေးလိုက်တယ်။ မောင်ကောက်ဟာ မောင်ချမ်းသာဆီ ပိုက်ဆံမဆပ်ဘူး။

ဒါနဲ့ မောင်ချမ်းသာ က မောင်ကောက်ကို သွားမေးတယ်။

''သူငယ်ချင်းရေ … မင်း ငါ့ပိုက်ဆံ ယူသွားတာ တစ်လ ကျော်နေပြီ ပြန်မဆပ်သေးဘူးလား''

''ပြန်ဆပ်ပါမယ်ကွာ … ငါ မန္တလေးက ပြန်ရောက်ရောက်ချင်း တစ်ရက်မဆိုင်း ပြန်ပေးမှာပါ''

''ဒါဆို … မင်း မန္တလေး မသွားရသေးဘူးလား''

''ဟင့်အင်း၊ မသွားရသေးဘူး''

''မင်း မန္တလေး ဘယ်တော့ သွားမှာလဲ''

'' ငါ….. မန္တလေးကို ဘယ်တော့မှ မသွားဘူး''
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #207 on: June 01, 2011, 08:32:02 PM »
ပြောချင်လွန်းလို့

မြန်မာနိုင်ငံတွင် ဂျပန်များအုပ်စိုးနေသော ဒုတိယကမ္ဘာစစ်အချိန်ကာလဖြစ်သည်။
မြန်မာနိုင်ငံသို့ ရောက်လာသော ဂျပန်စစ်သားတစ်ဦးသည် မြန်မာစကားအလွန်တတ်ချင်သဖြင့် အမြဲလေ့ လာလျက်ရှိသည်။
နေ့ စဉ် အရပ်သုံးမြန်မာစကားများကို လေ့ လာကျက်မှတ်သည့် အပြင် အိတ်ဆောင်မှတ်စုစာအုပ်လေးဖြင့် လည်း မြန်မာစကားအသံထွက်များကို ဂျပန်လိုရေးမှတ်ထားလေ့ ရှိသည်။
တစ်နေ့ တွင် ထိုဂျပန်စစ်သားသည် စက်ဘီးစီဒလျှက် မြို့ ထဲသို့ ထွက်လာစဉ် လမ်းလျှောက်လာသော မြန်မာတစ်ယောက်ကို မမျှော်လင့် ဘဲ စက်ဘီးနှင့် ဝင်တိုက်မိလေသည်။ အတိုက်ခံရသူမှာ ဘာမှမဖြစ်သော်လည်း ဂျပန်စစ်သားမှာမူ စက်ဘီးရောလူပါလဲကျသွားသည်။
ထိုအခါ လဲနေရာမှ ချက်ချင်းထကာ သူ၏ မှတ်စုစာအုပ်ကို ထုတ်လျှက် စာရွက်များကိုအပြင်းအထန်လှန်နေသည်။
ကိုရွှေမြန်မာမှာမူ သူ့ ကိုရေးမှတ်သွားကာ ဖမ်းဆီးမည် ထင်ပြီး ကြောက်လန့် နေ၏ ။
သို့ သော် ဂျပန်ကမူ သူ၏စာအုပ်ကိုကြည့်  ၍ အားရပါးရအော်လိုက်သံကို ကြားရသောအခါ ကိုရွှေမြန်မာမှာ ရယ်ချင်စိတ်ကိုမနည်းချုပ်တည်းထားရလေသည်။
ဂျပန်စစ်သားက မြန်မာစကားမပီတပီဖြင့် အော်လိုက်သည်ကတော့
``အောင်မလေးဗျ . . . ´´ ဟူသတည်း။
+7

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #208 on: June 01, 2011, 08:33:16 PM »
အ လိုက်ပုံများ

တစ်ခါက မြို့နဲ့အလွန်ဝေးတဲ့ တောင်ခြေရွာလေးတစ်ရွာကို မြို့ကလူတစ်ယောက် အလည်ရောက်လာတယ်။ သူလိုချင်တဲ့ဟာတွေ ၀ယ်ဖို့ပေါ့။ ရောက်သွားတော့ အိမ်တစ်အိမ်မှာတည်းတယ်။

“ရေဘယ်မှာချိုးရမလဲ”

“ချောင်းမှာချိုးတယ်”

“ဒါဖြင့် လိုက်ပို့ပေးပါ”

“သွားတာပေါ့”

ဒီလိုနဲ့ချောင်းရောက်တော့ လိုက်ပို့တဲ့လူလည်း ရေချိုးသတဲ့။ ဧည့်သည်က သူ့မှာပါလာတဲ့ အမွှေးဆပ်ပြာကို လိုက်ပို့တဲ့လူကို ပေးတိုက်သတဲ့။ မြို့ကလူ ရေချိုးပြီးလို့ လိုက်ပို့တဲ့လူကို ကြည့်လိုက်တယ်။ အဲဒီလူက ဆပ်ပြာမြုပ်တွေနဲ့ ရေမချိုးဘဲ ပြန်လာသတဲ့။ ဧည့်သည်က နားမလည်နိုင်ဘဲ ... ပြန်လာသတဲ့။ အိမ်လည်းရောက်ရော ...

“အဘရေ ... မြို့ကလာတဲ့သူ အ လိုက်ပုံများ မွှေးနေတာတွေကို ရေဆေးပစ်တယ်ဗျို့”ဟု ဆိုသတတ်။

“ဟုတ်လား ... အ လိုက်တဲ့ မြို့သားကွာ ..”
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #209 on: June 01, 2011, 08:36:22 PM »
ဒါလေးများ

မြို့တစ်မြို့တွင် လူရှုပ် လူနောက် တစ်ယောက်ရှိခဲ့တယ်။ သူ့အိမ်နိးချင်း အမျိုးသမီးများက သူ့ကို အရောမ၀င်ဘဲ ကြည့်မရသူတစ်ဦးအဖြစ် သဘောထားကြတယ်။ တနေ့မှာတော့ အပေါင်းအသင်းတွေက ဣနြေ္ဒတည်ငြိမ်တဲ့ မိန်းကလေး တစ်ယောက်ကို စကားတစ်ခွန်းနဲ့ ရယ်အောင် လုပ်ပြရမယ်။ ပြီးတော့ အဲသည်မိန်းကလေးက မင်းကို ပြန်ဆဲသွားအောင် လုပ်ပြရမယ်၊ ဖြစ်ပါ့မလားလို့ နောက်ပြောင်ကျီစယ်ကြတယ်။ စြဖ်ရင် မင်းကို ကောင်းကောင်းပြုစုမယ်လို့လည်း ပြောလိုက်ကြတယ်။

အဲသည်အခါမှာ သူက -

` အောင်မလေးကွာ၊ ဒါလေးများ လွယ်လွန်းလို့၊ ငါ ကောင်းကေင်း လုပ်ပြမယ်´ လို့ စိန်ခေါ်လိုက်တယ်။ အဲလို ပြောပြီး မကြာမီမှာပဲ တည်ငြိမ်တဲ့ မိန်းခလေးတစ်ယောက် သူ့အိမ်ရှေ့ ခွေးတစ်ကောင်နားမှ ရပ်နေတုန်းမှာပဲ ထိုသူက ခွေးရှေ့မှာ ဒူးထောက်လိုက်ပြီး ` အဖေ´ လို့ ခေါ်လိုက်တယ်။ အဲဒီအခါမှာ မိန်းခလေးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်တယ်။ အဲဒီနောက်မှာ သူက မိန်းခလေးကို ဦးညွတ်အလေးပြုရင်း ` အမေ´ ဟု ခေါ်လိုက်ရာ မိန်းခလေးက ပျစ်ပျစ်နှစ်နှစ် ဆဲဆိုပြီး အိမ်ပေါ်ကို တက်သွားတော့တယ်...

ဒါနဲ့ပဲ အပေါင်းအသင်းတွေက လူရှုပ်ကို ပြုစုလိုက်ရတော့တယ်။
+4

Tags: