Author Topic: အမောပြေဟာသမှတ်စု  (Read 470219 times)

0 Members and 2 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #190 on: May 30, 2011, 10:54:37 AM »
မြန်မာစစ်သူကြီးရဲ.ဆောင်ပုဒ်

တစ်ခါက အင်္ဂလန်မှာ နိုင်ငံထိပ်သီး လျှို့ဝှက်အစည်းအဝေးတစ်ခုပြုလုပ်ကြတယ်....
အဲဒီတုန်းက မြန်မာပြည်က ဘုရင်စနစ်အုပ်စိုးတဲ့အချိန်ဆိုတော့
မြန်မာပြည်ကလည်း စစ်သူကြီးတစ်ဦးတက်ရောက်တယ် ။ စစ်သူကြီးက
နန်းဝတ်နန်းစားနဲ့ နှုတ်ခမ်းမွေးနဲ့ ခန့်ချောကြီး
အစည်းဝေးပြီးတော့ အပြန်မှာပေါ့ လေယာဉ်နဲ့ပြန်ကြရတယ်။ လေယာဉ်ပေါ်မှာက မြန်မာလူမျိုး ၊ ဂျာမန်လူမျိုး ၊
ကုလားလူမျိုးနဲ့ တရုတ်လူမျိုးပါတယ် ။ အဲဒီမှာ လေယာဉ်က ချို့ယွင်းမှုဖြစ်ပါလေရော ။
လေယာဉ်မှုးကပြောတယ်
“ လေယာဉ်က မရတော့ဘူး ကျွန်တော်နဲ့ အတူ တစ်ယောက်ပဲနေခဲ့လို့ရမယ် အလေးချိန် မမျှတော့ဘူး ”
အဲဒီမှာ အားလုံးတဘောတူ လေယာဉ်မှုးတစ်ယောက်ထဲကိုပဲ ချန်ခဲ့ပြီး ၄ ယောက်လုံးအတူတူခုန်ချပြီး အသေခံမယ်ပေါ့။ဒီလိုနဲ့.........
ဂျာမန်ကစပြီး
“ ဟစ်တလာမျီုး သွေးနီတယ်ကွ”လို့အော်ပြီး ခုန်ချသွားတယ်
ကုလားက ဗန်ချာကုလား ။ သူကလည်း
“ ဆံပင်ရှည်ပေမယ့် မိန်းမ မဟုတ်ဘူး”လို့အော်ပြီး ခုန်ချသွားပြန်တယ်
တရုတ်နဲ့ မြန်မာ နှစ်ယောက်ပဲကျန်တော့တယ်
တရုတ်က အပေါက်ဝမှာ ဒူးတုန်နေတယ် မခုန်ချရဲဘူး
စိတ်ထဲမှာလဲ မြန်မာအရင်အော်ပြီး ခုန်ဆင်းပါစေပေါ့
မြန်မာ ခုန်ချပြီးရင် သူနေခဲ့တော့မယ်ပေါ့
အဲဒီအချိန်မှာပဲ သူ့အနောက်က မြန်မာက
“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်လိုက်တော့ တရုတ်ပျော်သွားတယ်
ဒါပေမယ့်သူထင်တာလွဲသွားတယ် မြန်မာက

“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်ပြီး နောက်ကနေ သူ့ တင်ပါးကို ကန်ချလိုက်တယ်လေ ..
----------------------


အဲဒါပိုခက်တယ်

တစ်ခါက အမျိုးသမီး ၁ ဦး အမှိုက်ပုံရှင်းလင်းရင်း အာလာဒင် မီးခွက် ၁ ခု ကောက်ရပါတယ် ။
ကြားဖူးနားဝ ရှိတဲ့အတိုင်း မီးခွက်ကိုလက်နဲ့ ပွတ်လိုက်တဲ့အခါ မီးခွက်စောင့်နတ် ထွက်လာပါတယ်..
( အာလာဒင် ) - ကဲ အလိုရှိရာ ဆု ၁ ခုတောင်းစေ ..
( အမျိုးသမီး ) - ဟုတ်ကဲ့ ဒီမြေပုံလေးကိုကြည့်ပါ ။ ကျွန်မတို့ ပြည်နယ်
အဲဒီနေရာဝန်းကျင်မှာ စစ်ပွဲတွေဖြစ်နေတာ တော်တော်ဆိုးပါတယ် အဲဒါကိုရပ်တန့် ပေးစေချင်ပါတယ် ..
( အာလာဒင် ) - Oh ..ဒါတော့မဖြစ်နိုင်ဘူး ..စစ်ပွဲက ဖြစ်ပွားနေတာ
နှစ်ပေါင်းရာချီနေပြီ ဒါကို ရပ်တန့်  ပေးရမယ်ဆိုတာ တော်တော်ကိုခက်ခဲတဲ့
ကိစ္စပဲ ..တစ်ခြား ဆု ၁ ခု တောင်းပါ..
( အမျိုးသမီး ) - ဟုတ်ကဲ့ ဒါဆို ကျွန်မ ကို အိမ်ထောင်မှုနိုင်နင်းတဲ့
သားသမီးနဲ့  ဇနီးကို ချစ်ခင်ကြင်နာပြီး လောင်းကစား အသောက်စားကင်းတဲ့
အားကစားပွဲတွေ အားပေးနေတာကို
အချိန်တိုင်းလုပ်မနေပဲ သစ္စာအလွန်ရှိတဲ့ ခင်ပွန်း ၁ ယောက်လောက် ရချင်ပါတယ် ..
( အာလာဒင် ) - OH Ho Ho , ခဏလေးနော် တဆိတ်လောက် ..ခုန ကမြေပုံလေး ပြန်ကြည့်ပါရစေ.

http://newworldnanda.ning.com/
+7

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #191 on: June 01, 2011, 05:46:19 PM »
ကင်မရာဝယ်ပါ

ကန်ပေါင်တွင်ထိုင်ကာ ပန်ချီဆရာတစ်ဦး ရှုမျော်ခင်းပုံဆွဲနေသည်၊ ကင်မရာတစ်လုံးနှင့် သားအဖနှစ်ယောက် ပန်းချီဆရာအနားရောက်လာကြသည်၊ အဖေကသားကိုပြောသည်။

“တွေ့တယ်မဟုတ်လား၊ ကင်မရာမရှိုတဲ့လူဟာ အင်မတန်ပင်ပန်းတယ်”


မစပ်စုပါနဲ့

ရထားဘူတာ၏ လက်မှတ်အရောင်းဌာနသို့ လူတစ်ယောက် အူယားဖားယား ပြေးလာပြီး လက်မှတ်ရောင်းသူကိုပြောသည်။

“လက်မှတ်တစ်စောင်ပေးပါ”

“ဘယ်သွားမှာလဲ”

“ဘယ်သွားသွားပေါ့၊လက်မှတ်သာမြန်မြန်ပေးစမ်းပါ၊ဟိုမှာထားထွက်တော့မယ်”

ကောင်းလာပါပြီ
ဆရာဝန်ကလူနာကိုမေးသည်။

“ဘယ့်နှယ့်လဲ၊ ခင်ဗျားရဲ့ မှတ်ဥာဏ်ပြန်ကောင်းလာပြီလား”

“အင်းကောင်းလာပါပြီ၊ ဒါနဲ့ ခင်ဗျားကဘယ်သူလဲဗျ၊ ကျွန်တော့်ကိုသိလို့လား”




+6

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #192 on: June 01, 2011, 05:51:17 PM »
ဈေးများပိုပေါမလားလို့

အရက်ဘားထဲသို့ စကောတလန်သားတစ်ယောက်ရောက်လာပြီး ဘားမှစားပွဲထိုးကို မေးသည်။

“ကော့ညက်တစ်ခွက် ဘယ်လောက်လဲ”

“ဘားမှာ ထိုင်ပြီးသောက်ရင် နှစ်ဖရန့်၊ ရပ်ပြီးသောက်ရင်တော့ တစ်ဖရန့်ခွဲပဲ ကျပါတယ်”

“ခြေတစ်ချောင်းပဲ ထောက်ပြီးသောက်ရင်ကော”

အလျင်မလိုဘူး

ရထားလက်မှတ်စောင့်က အမျိုးသမီးကြီးကို ပြောသည်။

“အစ်မကြီး၊ ဒါကအမြန်ရထား အစ်မကြီးလက်မှတ်က ရိုးရိုလက်မှတ်ဖြစ်နေတယ်၊ ဒါကြောင့် ပိုက်ဆံထပ်ပေးရပါမယ်။”
“ဘာပြောတယ်၊
ရထားကိုအရှိန်လျှော့မောင်းချင် မောင်းလိုက် ငါအလျင်မလိုဘူးဟေ့”

အရေးကြီးတယ်


တပ်ကြပ်ကြီးက ရဲဘော်များကို ပြောသည်။

“အခု တာဝန်ဟာ အလွန်အရေးကြီးတဲ့ တာဝန်ဖြစ်တယ်၊

အလွန်လည်း အန္တရာယ်များတယ်၊ ဒါကြောင့် ငါ့ဆီက ပိုက်ဆံမချေး

ထားတဲ့ ရဲဘော်သုံးယောက် ရှေ့ကို တစ်လှမ်းတိုး”

မျက်စိပါပေမယ့်


ကိုချူချာ မော်တော်ကားဝယ်သည်။ ဝယ်သောကားကို မောင်း

လာရာ သစ်ပင်ကိုဝင်တိုက်မိသည်။ ကိုချူချာ ကားထဲမှထွက်လာကာ

ရှေ့မီးနှစ်လုံးကို ပိတ်ကန်ရင်း ပါးစပ်ကလည်း ပြောသည်။

“မျက်လုံးကျတော့ ဒီလောက်ကြီးပြီး ဘာကိုမှမမြင်ဘူး။ တောက်”




.
+6

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #193 on: June 01, 2011, 05:53:37 PM »
လောင်စာကုန်မှ

မိန်းမတစ်ယောက် ဆရာဝန်ထံ ဖုန်းဆက်ပြောသည်။

“ဆရာ၊ ကျွန်မယောကျာ်း ဓာတ်ဆီသောက်မိလို့”
“အခု သူဘာလုပ်နေလဲ”

“သူခြံကို ပတ်ပြေးနေတယ်”

“ထားထားလိုက်၊ ဆီကုန်ရင် သူ့အလိုလိုရပ်သွားလိမ့်မယ်”

သူ့ထက်သူလူစွမ်းကောင်း


ထောင်ထဲသို့ လူသစ်ဝင်လာသည်။ လူဟောင်းများက ဝိုင်းမေးကြ

သည်။

“ဘာပုဒ်မနဲ့ ကျလဲ”

“၄၀၁”

“အဲဒါဘာလဲ”

“လူသားစားတဲ့အမှု”

အကျဉ်းသားများရှဲခနဲ ဖြစ်သွားသည်။ မိမိတို့ကိုအခန်းပြောင်းပေးရန်

ထောင်ပိုင်ကြီးဆီ တောင်းပန်ကြသည်။ တစ်ယောက်သာ နေရာမှမရွေ့ဘဲ

အေးအေးဆေးဆေး နေသည်။ လူသစ်က မေးသည်။

“ခင်ဗျားကော ဘာအမှုနဲ့ကျတာလဲ”

“ပုဒ်မ ၄၀၂”

“အဲဒါကကော ဘာလဲ”

“လူသားစားတဲ့လူကိုမှ ရွေးစားမှု”
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #194 on: June 01, 2011, 07:41:01 PM »
*မှတ်ကရော*

အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။
ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။

"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။
ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။
အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။
အဲ … ဒါမှမဟုတ် …"

စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။
"မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #195 on: June 01, 2011, 07:42:32 PM »
*စိတ်ကူးယဉ်*
စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး
အရောင်းဝန်ထမ်းအမျိုးသမီးအား မေးသည်။
လူငယ် ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့....ဘာစာအုပ်များလဲ ရှင်
လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက "
ယောင်္ကျားတွေဟာ မိန်းမ တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ " ဆိုတဲ့
အကြောင်းပါ
ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက " စိတ်ကူးယဉ် စာပေများ " ဆိုတဲ့ စင်မှာ
ရှာကြည့်ပါရှင်
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #196 on: June 01, 2011, 07:48:01 PM »
ကူညီပါရှင်...


အမျိုးသားတယောက်ပေါ့ဂျာ။ဆိုရရင် ကိုမွှေးနီပေါ့။.အဝေးပြေးလမ်းမပေါ်မှာကားမောင်းလာတာပေါ့။
အဲ့ဒီမှာ။အမိျူးသမီးတယောက်က လက်ပြပြီးကားကို ရပ်ခိုင်းတာပေါ့။
ကိုမွှေးနီကလဲ အသာတကြည်ရပ်ပေးတာပေါ့ဂျာ။(ကောင်မလေးကတားတာဆိုတော့လေ ဟဲဟဲ)
အမျိုးသမီးက ကျမကိုတခုကူညီပါလို့ပြောတာပေါ့။
ကိုမွှေးနီကလဲမေးလိုက်တယ် ဘာကူညီပေးရမလဲခင်ဗျ။
ရှင်ကားပြင်တတ်သလားလို့ အမျိုးသမီးကမေးတယ်။
ကိုမွှေးနီက အင်းပါ နဲနဲပါးပါးတော့ရပါတယ် ခင်ဗျားကားက ဘာဖြစ်တာလဲပြောလေ လို့ပြန်မေးလိုက်တယ်
ဒီလိုပါရှင် ကာဘရိုက်တာထဲ ရေ၀င်သွားလို့ပါရှင် ။
အော် ရပါတယ် ပြောပါ ကားကဘယ်နားလေးလဲ။
အော်....ဟိုတံတားအောက်က ချောင်းထဲမှာပါရှင် တဲ့။
ကိုမွှေးနီ စကားတလုံးထဲပဲထွက်လိုက်နိုင်တယ် ဟိုက် တဲ့။
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #197 on: June 01, 2011, 08:02:58 PM »
ကလေးအတွေး

ဂျွန်နီလေးက အရုပ်ဆိုင်ထဲ ဝင်ပြီး အရုပ်တွေကို လျှောက်ကြည့်နေပါ တယ်။ အရုပ်တွေ ထဲက လေယာဉ်ပျံအရုပ်လေးကို သဘောကျပြီး ဝယ်ဖို့ အရောင်းစာရေးကို ပိုက်ဆံပေး လိုက်ပါတယ်။

ဂျွန်နီလေးရဲ့ ပိုက်ဆံကို မြင်ပြီး အရောင်းစာရေးက

 

"ကလေး ... မင်းပိုက်ဆံက ကစားတဲ့ ပိုက်ဆံတုတွေကွ၊ မင်း ဒီအရုပ်ကို လိုချင်ရင် တကယ့် ပိုက်ဆံပေးမှရမယ်"လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဂျွန်နီလေးကဘာမှမပြောဘဲ ဆိုင်ထဲက ထွက်သွားပါတယ်။ ဒါကြောင့် စာရေးက "ဟေ့ ကောင်လေး မင်းပိုက်ဆံက အစစ်မဟုတ်ဘူးကွ"လို့ လှမ်းအော်တော့ ဂျွန်နီလေး ပြန်ဖြေတာက "ခင်ဗျားရဲ့ လေယာဉ်ပျံကလည်း အစစ်မဟုတ်ဘူးလေ"တဲ့။

..............................................................................

အထင်ကြီးမိခါမှ

"ကျွန်တော့ကို လစာတိုးပေးသင့်နေပြီဘော့စ်၊ကျွန်တော့ကို နောက်ထပ် ကုမ္ပဏီသုံးခုက တောင် လိုက်ချဉ်းကပ်နေပြီ"လို့ဝန်ထမ်းတစ်ယောက်က သူ့ရဲ့ အလုပ်ရှင်ကိုသူ့ကိုလစာ တိုးပေးဖို့ လာပြောပါတယ်။

သူ့အလုပ်သမားကို တခြားကုမ္ပဏီကနေ ပိုက်ဆံပိုပေးပြီး ခေါ်ဖို့ပြင်နေ တယ်လို့ ထင်သွား တဲ့ အလုပ်ရှင်က "ဒီလိုဆိုတော့ မင်းနောက်ကို ဘယ် ကုမ္ပဏီတွေကများ လိုက်ချဉ်းကပ် နေတာလဲ"လို့မေးတော့ သူပြန်ဖြေတာက

"လျှပ်စစ်မီး၊ တယ်လီဖုန်း ပြောခတွေ ဆောင်ပေးတဲ့ ကုမ္ပဏီနဲ့ ဂက်စ် ကုမ္ပဏီတွေပါ။ သူတို့ကို ကျွန်တော်ပိုက်ဆံ မရှင်းရသေးဘူး"တဲ့။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #198 on: June 01, 2011, 08:03:55 PM »
ကြော်ငြာ

ပီတာက သူငယ်ချင်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ် က သူသွားခဲ့တဲ့ စားသောက်ဆိုင်မှာ သူစားခဲ့တဲ့အမဲသားစတိတ်က တော်တော်များပြီး အရသာလည်းကောင်းတယ်လို့ ညွှန်းပြီး အဲဒီဆိုင်ကိုခေါ်သွားပါတယ်။

ဆိုင်ရောက်တော့ထောင့်ကျကျစားပွဲမှာ ထိုင်လိုက်ပြီး အမဲသားစတိတ်တွေ မှာလိုက် ပါတယ်။

စားပွဲထိုးက စားစရာတွေလာချတဲ့ အချိန်မှာ တကယ့်ကိုစိတ်ပျက်စရာ ကောင်းလောက် အောင် ဟင်းတွေက နည်းနေပါတယ်။ဒါနဲ့ပီတာလည်း "ဟိုနေ့ကလေးတင် မင်းတို့ဆိုင်မှာ ငါစားခဲ့တာ။ အမဲသား စတိတ်ဆို များလွန်းလို့ ကုန်တောင် မကုန်ဘူး။ အခုဘယ်လိုဖြစ်ရ တာတုန်း"လို့ မေးလိုက်တော့ စားပွဲထိုးပြန်ဖြေတာက "ဒါက ဒီလိုရှိ ပါတယ်။

လူကြီးမင်းက အဲဒီနေ့တုန်း က ပြတင်းပေါက်နားက ခုံမှာထိုင်ခဲ့ တာလေ"တဲ့။

..............................................................................

လှို့ဝှက်ချက်

လူတစ်ယောက် ရဲဌာနကိုသွားပြီး သူ့အိမ်ကို ဖောက်ထွင်းသွားတဲ့သူနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားပါတယ်။ဌာနမှူးကတရားခွင်မှာ တွေ့နိုင်ပါတယ် လို့ ပြောပေမယ့် အဲဒီလူက တရားခံနဲ့တွေ့ပေးဖို့ကိုပဲ ပြောနေပါတယ်။

ဒါနဲ့ ဌာနမှူးက "ခင်ဗျားက ဘာမေးမှာမို့လို့ ဒီလောက်အရေးတကြီးတွေ့ ချင်နေရတာလဲ" လို့မေးတော့ အဲဒီလူ ပြန်ပြောတာက "ကျုပ်က ဒီလူ ကျုပ်အိမ်ထဲကို ကျုပ်မိန်းမအိပ်ပျော် နေတာ မနိုးအောင်ဘယ်လိုဝင်နိုင်ခဲ့လဲဆိုတာသိချင်လို့ဗျ။

အဲဒီလိုဖြစ်နိုင်အောင် ကျုပ်ကြိုးစားနေတာ နှစ်ပေါင်းတော်တော်ကြာပြီ" တဲ့။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #199 on: June 01, 2011, 08:12:33 PM »
သိသင့်တယ်
" ဟောပြောပွဲသွားမလို့၊ လိုက်မှာလား "
" အဲဒီလူက ဘာလုပ်လုပ်ရှုံးနေတာ၊ အမွေရတဲ့သိန်း ၈၀၀ကုန်ပြီ၊ သူပြောမှာကို မင်းက သွားနားထောင် မယ်ပေါ့လေ "
" သူ သိန်း၈၀၀ကုန်တဲ့အထိ မှားထားတာတွေကို တို့က ၅၀၀၀ တည်းပေးပြီးသိရမှာကွ၊ တန်ပါတယ် "

ထိန်းမလား
" မင်းအိမ်ထောင်ပြုဖို့သင့်ပြီ၊ ငါတို့အရပ်ထဲက သူဌေးမကြီးက သမီးလေးတယောက်တည်းရှိတာ "
" ဟုတ်လား "
" သူကသူ့သမီးလေးကို စောင့်ရှောက်မယ့်သူဆိုရင် သဘောကျမယ်လို့ပြောနေတာ "
" သူ့သမီးက ဘယ်အရွယ်လောက်ရှိပြီလဲ "
" ခြောက်လ "

ဂုဏ်ရှိစေရမယ်
" မင်းက အန်တီသမီးကို မေတ္တာရှိလို့ဆို "
" ဟုတ်ပါတယ်ခင်ဗျာ "
" အန်တီရဲ့သဘောထားကိုပြောပြမယ်၊ အန်တီက သမက်အတွက်ဂုဏ်မငယ်ချင်ဘူးကွယ် "
" အဲဒီအတွက်တော့စိတ်ချပါခင်ဗျာ၊ အန်တီရဲ့ချမ်းသာကြွယ်ဝမှုကို ခုကတည်းကကျွန်တော် ပြောနေတာပါ "
+4

Tags: