Author Topic: အမောပြေဟာသမှတ်စု  (Read 476663 times)

0 Members and 2 Guests are viewing this topic.

Offline သားကြီး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 809
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • ကျောင်းနေပျော်၍စာတော်ရမည် :D
  • Respect: +8201
Re: အမောပြေဟာသမှတ်စု
« Reply #180 on: May 26, 2011, 10:22:44 PM »
[b]ဘ၀ပြောင်းသွားပြီး[/b]
ဟေ့သူငယ်ချင်း မင်းကျောင်းသားလား
ဟင့်အင်း ကျွန်တော်တက္ကသိုလ်တက်နေပြီးလေ
အော် အော် ကျောင်းသားဘ၀ကကျော်လို့ကျောင်းသူနားရောက်သွားပြီးကို

ဖေဖေကော ဘယ်တော့လဲ
မေမေသားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်က အန်တီလေးကို ဖက်နမ်းတာဗျသိလား
နေပါစေ သားရယ် သူတို့ကလက်ထပ်တော့မှာပဲ
ဒါဆို သားတို့ဖေဖေကော အိမ်ဖော်ကောင်မလေးကိုလက်ထပ်တော့မှာတဲ့လားဟင်

မောင့်လက်မှတ်လို့
မောင်ရေ ကျွန်မရင်ဘက်ကရင်ထိုးလေး ခါပိုက်နှိုက်သွားပြီး ဒုက္ခပါပဲ
မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံးနဲ့မင်းရင်ဘက်လာနှိုက်တာ မင်းမသိဘူးလား
ကျွန်မက မောင့်လက်မှတ်လို့ကြည့်နေလိုက်တာ

ကိုယ့်မိန်းမအကြောင်းကိုယ်အသိဆုံးပါ
ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ကြိုးစာနေတာ ခုနကပဲ
ကျွန်တော်တွေခဲ့တယ်ဗျ
ဟုတ်လားသူကြိုးစားတာအောင်မြင်သွားလား
ဟင့်အင်း
အဲ့ဒါဆို ကျွန်တော်မိန်းမ မဖြစ်နိုင်တော့ဘူး


ကာကွယ်ရေးပစ္စည်း
လူရွယ်တစ်ဦး ဆေးဆိုင်သို့ရောက်လာကာ အရောင်းသမကိုတိုးတိုးပြောသည်
အမျိုးသမီးက ကျယ်ကျယ်ပြန်ပြောသည်
ဘာ ကာကွယ်ရေးပစ္စည်းလဲ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့် ကာကွယ်ရေးဝန်ကြီးဋ္ဌာနမဟုတ်ဘူး ..

သုံးစရာရှိတာသုံးမှပေါ့
ယောက်ျားအပေါ် သစ္စာဖေါက်ရပုံအကြောင်းကို မိန်းမကရှင်းပြနေသည်
ပိန်ချုံးပြီး ထမင်းဆာနေတဲ့လူတစ်ယောက် ရောက်လာတယ် ကျွန်မ သူ့ကိုသနားသွားတယ်
ဒါနဲ့ သူ့ကိုရေချိုးခိုင်းပြီးအစာကျွေးလိုက်တယ် တစ်ဆက်တည်း
အစ်မကြီးရဲ့  ယောက်ျားအသုံးမပြုတဲ့ပစ္စည်းရှိသလားလို့မေးတယ် အဲ့ဒီမှာ ရှင်ကျွန်မရဲ့
ကိုယ်ခန္ခာကို အသုံးမပြုတာကြာပြီးပဲလို့ သတိရလိုက်တယ်..

ပျောက်နေတဲ့ငွေပြန်ရစေတဲ့နည်း
သူငယ်ချင်း မင်းသမီးကို ငွေကိုင်စာရေးနဲ့ လက်ထပ်ခွင့်ပြုလိုက်တယ်ဆိုတာအမှန်ပဲလား
အမှန်ပဲ
မင်းပဲ ဒီကောင့်ကိုမယုံဘူးဆို
မယုံဘူးလေ ဒါပေမဲ့ အခုတော့ ငါ့ဆီက သူခိုးတဲ့ငွေတွေကို ငါ့သမီးလက်ထဲကိုသူအပ်တော့မယ်လေ

 :) :) :) :) :) :) :) :) :)  သားကြီး
+2

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4203
Re: အမောပြေဟာသမှတ်စု
« Reply #181 on: May 26, 2011, 11:41:26 PM »
မီးသတ်ကား ဂိမ်း

ကောင်လေး      ငါတို့ မီးသတ်ကား ဂိမ်းကစားရအောင်
ကောင်မလေး    ဘယ်လိုကစားရတာလဲ?
ကောင်လေး      ငါ့ရဲ့လက်ချောင်းလေးတွေနဲ့ နင့်ခြေတံတလျှောက် တက်လာမယ်။
                      နင်ရပ်စေချင်တဲ့အခါကြရင် "မီးနီ"လို့အော်လိုက်
ကောင်မလေး    ကောင်းပြီလေ။ ကစားကြတာပေါ့

ခဏလောက်ကြာလို့ ပေါင်လယ်ကျော်လာတဲ့အခါ ကောင်မလေးက "မီးနီ" လို့အော်လိုက်တယ်။
အဲဒီမှာကောင်လေးပြောလိုက်တာက "မီးသတ်ကားက မီးနီရပ်စရာမလိုဘူးလေ"  ဟုသာ။
+7
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4203
Re: အမောပြေဟာသမှတ်စု
« Reply #182 on: May 27, 2011, 12:38:16 AM »
ချစ်စွာသော မပိပိ (Vig**a),

ကျနော့ကို အောက်ပါအချက်အလက်များကြောင့် လုပ်အားခတိုးပေးသင့်ကြောင်းအသိပေးအပ်ပါသည်။

#၁    ခွန်အားသုံး၍ အလုပ်လုပ်ရခြင်း
#၂    အလွန်နက်ရှိုင်းသောနေရာများ၌လုပ်ရခြင်း
#၃    ဘာပဲလုပ်လုပ် ခေါင်းကိုအရင်စိုက်၍လုပ်ရခြင်း
#၄    ပိတ်ရက် ကြားရက် စနေ တနင်္ဂနွေ မကျန်လုပ်ရခြင်း
#၅    စိုစွတ် မှောင်မည်းပြီး အလုံပိတ်ထားသောအခန်းထဲ တွင်သာလုပ်ကိုင်ရခြင်း
#၆    လုပ်ငန်းခွင်သဘောအရ ရောဂါအချိန်မရွေး ရရှိနိုင်ခြင်း

လေးစားစွာဖြင့်
မောင်ငယ်ပါ (Pe**s)
+6
« Last Edit: May 27, 2011, 01:14:37 PM by drlanmadawthar »
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4203
Re: အမောပြေဟာသမှတ်စု
« Reply #183 on: May 27, 2011, 12:53:57 AM »
ချစ်ရပါသော မောင်ငယ်ပါ (Pe**s)

အချိန်အတော်ကြာစဉ်းစားကြည့်ပြီးနောက် မင်းတောင်းဆိုထားတဲ့အတိုင်း လုပ်အားခတိုးပေးဖို့တောင်းဆိုထားတဲ့အတိုင်းဆောင်ရွက်ပေးဖို့ရာ
 အောက်ပါအချက်အလက်များကြောင့် မဖြစ်နိုင်ကြောင်း ပြန်လည်အသိပေးအပ်ပါသည်။

#၁    သင့်အလုပ်ချိန်ဟာ များသောအားဖြင့်  ၁၀မိနစ် ဝန်းကျင်သာကြာမြင့်ခြင်း
#၂    သင်ဟာ အလုပ်ချိန်ပြီးတိုင်းမှာ အိပ်ပျော်နေလေ့ရှိခြင်း
#၃    အလုပ်လုပ်ဖို့ အမြဲတန်း နှိုးဆော်နေရပြီး ဘယ်တော့မဆိုအလုပ်လုပ်ဖို့ တတ်ကြွမနေခြင်း
#၄    ဘယ်သောအခါမှ အလုပ်ချိန်နှစ်ဆိုင်းဆက်တိုက်/ အချိန်ပို မလုပ်နိုင်ခြင်း
#၅    အလုပ်ပြီးသွားတိုင်း အလုပ်ခွင်မှာ ပေပွနေခြင်း
#၆    အလုပ်ခွင်ထဲ ဝင်/ထွက်တိုင်းမှာလဲ မလိုအပ်ပဲ safety jacket ကြီးဝတ်ထားခြင်း

လေးစားစွာဖြင့်
ပိပိ (Vag**a)
+6
« Last Edit: May 27, 2011, 01:15:22 PM by drlanmadawthar »
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4203
Re: အမောပြေဟာသမှတ်စု
« Reply #184 on: May 27, 2011, 01:19:23 AM »
အိမ်နီးချင်းကောင်း

မနေ့ညကဗျာ ဘေးအိမ်ကကောင် ည ၂:၃၀ လောက်ကြီးအိမ်ကို တံခါးလာခေါက်တယ်။
တကယ်ဗျာ ည နှစ်နာရီ ခွဲ ကြီး။
ဘာပဲဖြစ်ဖြစ် ဒီကောင်ကံကောင်းသွားပါတယ်။
တော်သေးလို့ ကျနော်လဲ အဲဒီအချိန်ထိ မအိပ်သေးပဲ ဒရမ်တီးနေပေလို့။

အကြံဉာဏ်ကောင်းလေးတခု


တနေ့တော့ ကျနော့ကောင်မလေးက သူ့အိမ်ကိုလာလည်ဖို့ဖိတ်ပါတယ်။
ကျနော်ရောက်သွားတဲ့အချိန်မှာတော့ သူ့ညီမလေးကလွဲပြီးဘယ်သူမှမရှိကြပါဘူး။
သူ့ညီမကလဲ အစွမ်းကုန်လှနေပြီး ကျွန်တော့်ကိုဆွဲဆောင်နေပြန်ရော။
တအောင့်လောက်ကြာတော့ ကျနော့် နားကိုလာပြီး ပက်ကျိနက်ကျိ အီစီကလီလာလုပ်ပါတော့တယ်။
ကျွန်တော် ခဏလောက်တော့ သည်းခံပါသေးတယ်။ နောက်ဆုံး မအောင့်အီးနိုင်တော့တာနဲ့အဆုံး အိမ်ရှေ့ကိုထွက်ပြီး ကားဆီသွားဖို့ လှည့်ထွက်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ကျနော့် ကောင်မလေးက ရုတ်တရက်ထွက်လာပြီး လှမ်းဖတ်လိုက်ကာ " ကို့ ကိုတကယ်ယုံသွားပြီး ပိုချစ်သွားပြီ" ဟုပြောလေသည်။

ပုံပြင်လေးရဲ့ရည်ရွယ်ချက် "အဖော် ကို အမြဲတန်း ကားထဲမှာပဲထားပါ"
+6
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

getitout

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #185 on: May 27, 2011, 10:19:05 AM »
ကောင်မလေးတစ်ယောက်ပြန်ပေးသောရည်းစားစာ

အကိုရေ

တစ်ထမ်းလောက်ဆိုရင်တော့ ညီမအတွက်လုံလောက်မယ်ထင်ပါတယ်....။ေ၇ချိုးရင်ဆပ်ပြာမတိုက်တတ်ပေမဲ့ ခေါင်းလျှော်ရင်လည်း
ဂျီးမကုတ်တတ်ပါဘူး။ဘ၀မှာအားတိုင်းလုပ်နေတဲ့အလုပ်ကြောင့် လက်ဆစ်တွေလည်းရောင် လာပါပြီ ။ အကို ကို သတိ၇ပေမဲ့ ညီမစိတ်ကအိမ်ကို
ဘဲလွမ်းနေတာပါ ........။ ညီမဘ၀ဟာ သောင်ပြင်မှာလွှတ်နေတဲ့ခွေး လိုပါဘဲ .....။ညီမဟာရေထဲမျှောနေတဲ့ ချီးတုန်းလေးပါ ....။အကို မှဆယ်
မစားရင်လည်း ဘယ်သူမှ ဆယ်စားမှာမဟုတ်တဲ့ဘ၀မို့ အတွယ်အတာမဲ့စွာ ရေထဲမှာ မပျော်ဝင်သွားချင်လို့ ဆယ်စားလိုက်ပါ အကို ရယ် ......။

အချိန်တိုင်းမှာအကိုဟာ ညီမ စိတ်တွေကို စိုးမိုးနေလို့ အခုဆိုရင် အိမ်သာတတ်၇င်တောင် ညီမအတွက် မလုံခြုံတော့ပါဘူး ...အကို ရယ်
တကယ်တော့ညီမဟာမြွေတစ်ကောင်ပါ ....။အဆင်အသွေးလှလှနဲ့ အဆိပ်လည်းပြင်းတဲ့မြွေပေါ့ ...။ဒါပေမဲ့လေ အကိုရယ် ညီမဟာ မြွေဆိုပေမဲ့
ငပျင်းတစ်ယောက်လို အမြဲ ခွေအိပ်နေတာတော့ မဟုတ်ပါဘူး ...။အကို သွားရာနောက်ကတကောက်ကောက်လိုက်ရင်စားပြီ အကို ကို ဘဲအမြဲ ..
ဦးစားပေး၇ှင်းခိုင်းမှာပါ ..။

အကို ရေ .....အချိန်တိုင်း.....နေ့ တိုင်းမှာ.....ဘယ်ချက်တင်ဆိုင် ဘယ်လိုထိုင် ရမယ်စဉ်းစားရင် နဲ့ ပဲ လုံးပါးပါးလာတဲ့ ညီမ ဘ၀ဟာ
ခွေးရက်တဲ့ ထန်းလျက်ခဲ လိုပိန်လီရှုံ့ တွနေတာကြာပါပြီ......။အကို ကို သတိ၇ပေမဲ့ အကိုဆီလည်း ပိုက်ဆံ၇ှိမှာမဟုတ်လို့ လာမချီး(ချည်း)တော့
ပါဘူး ...။ဒီညတော့ ရေသာသောက် အိပ်လိုက်ပါတော့မယ်........။

အကိုရေ ညီမအချစ် အတိမ်တနက်ကို ပေတံနဲ့တိုင်းမနေပါနဲ့တော့ ......အကိုအဖြေမှမရ၇င် ဆရာမရိုက်မှာမလို့ ပါ ..။(မနေ့ ကဆရာမပေး
ထားတဲ့အိမ်စာလေ)။တကယ်တော့ အချစ်ဆိုတာ အနေနီးတာဝေးတာနဲ့ မဆိုင်ပါဘူး ......အကို ရေ ..အနေနီးမှဖြစ်မယ်ဆို၇င်တော့ အိမ်ကကြောင်
ကြီးနဲ့ ညီမဖြစ်နေတာကြာပါပြီ...ဟီ..ဟိ။ အကို ရဲ့ အချစ်နဲ့ညီမအဝေးကြီးလည်းမနေနိုင်ပါဘူး အကို ရယ် ..........ဒါမို့ နောင်အကို နဲ့ မဝေးရလေ
အောင် အကို ကို ထောင်ချပေးထားချင်ပါတယ်......။

ဘယ်တော့မှမလွဲနိုင်တာ ၇မ်းပြောတဲ့စကားတွေဆိုတာကို အကိုယုံလားဟင်.....။ဘယ်သူတွေဘာဘဲ ဖြစ်ဖြစ်ညီမကတော့ တီကောင် မဖြစ်
ချင်ဘူး (မြေကြီးမကြိုက်လို့ ) အို .........ရူးတယ်ဘဲဆိုဆို အကို၇ယ် ညီမကတော့ ငို၇င်နှပ်ချီးထွက်တယ် .......။ထူးချင်ထူး မထူး၇င်ရူးဆိုကြတာမို့
ညီမကတော့ထူးချင်တယ်.......မယုံရင် ညီမ.............လို့ အကို အော်ခေါ်ကြည့်ပလား ညီမ ရှင် ဆိုပြီ ပြက်ပြက်သားသား ရဲရဲဝံ့ဝံ့ ကြီးထူးရဲပါတယ်
.............................။
ဘ၀ဆိုတာတိုက်ပွဲဆို ၇င် ညီမကတော့ လောက်လေးဘဲကိုင်ချင်တယ် ....အကို ကောဘာကိုင်မယ်လို့  စဉ်းစားထားလဲ .....?အကိုကို ချစ်တယ်..
.........ဒါပေမဲ့ဘ၀င်မမြင့်နဲ့ဦး.....စတာ..ဟီး..ဟီး...ယောက်ျားပီပီ အော်ငိုပြရင်တော့စဉ်းစားမယ်လေ...........စိတ်ကြီးဝင်တာတော့မဟုတ်ပါဘူး....

အဲ့ဒါပါဘဲ အကို ရေ အကို ကို ညီမ ဘယ်လောက်ချစ်လဲဆို တာ ....အကို မချစ်၇င် ညီမဘ၀ဟာ ငပိတို့ ခံရတဲ့ မျောက်လို ခုန်ဆွခုန်ဆွဖြစ်နေ
တော့မှာပါ ....................
နောက်ဆုံးပြောချင်ကတော့ .......
ညီမကို မှအကို မချစ်၇င် အကို ချီးကားတိုက်သေပါစေ.......
အကို ချစ်တဲ့နောက်ရည်းစားလဲ .........အနူ(၇)ရက် သူတောင်းစား(၇)ရက် ဖြစ်ပါစေ...........
အကို လည်းအနူ(၇)ယောက် သူတောင်းစား(၇)ယောက် ၇ပါစေ သတည်း...........................ဒါပဲ     ;D ;D 8) 8) :P :P
0

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #186 on: May 27, 2011, 11:24:03 AM »
ဆိုက်ကား အားလား


ဘာပြောတယ် လော်ရာ´

`စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´

`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´

`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့
ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´

`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။
ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´

`အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´

`၀င်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။ မင်း ရန်ကုန်က
မာစတာသင်တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း စာခန့်တွေဖတ်လို့ရမယ်။
ပြီးတော့…´

`ရှိတ်စပီးယားပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို
အံ့သြမိပါရဲ့´

`ဘာကွ .. အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို
အချိန်မှာတော့
မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား´

`သိပ်တော့မထူးပါဘူး´

`ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင်
နောက်နှစ်ဆန်းမှာထွက်လာမယ့်
Window Popa (၀င်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open
source တို့ Linux တို့ရဲ့ ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 )
ကိုရော
ဘယ်လိုကိုင်တွယ်မလဲ .. ။ အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window Vista
နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွားတော့။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို
မလာနဲ့တော့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ်တွေမှာဆိုရင်
ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ´

`ဘာဆိုင်လဲဒယ်ဒီရာ´

`ဆိုင်တာပေါ့ .. On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆ.သ.ရ)
အမျိုးအစားဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ´

`Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ´

`ဒယ်ဒီသိပြီ .. ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး ..
။ မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ
လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့်တင်ရေးကို M.R.T.V ၂၃က
တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။
သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ
ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့
သမီးဗမာစာသင်တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့
.. ဟုတ်ပြီလား´

`ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ´

`ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် `မိုးယံဆင်´ငါးထပ်
လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။
ပြီးတော့ မြကျွန်းသာပန်းခြံထဲက
ရေအောက်ပြခန်းလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလို့လေ´

`စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ´

`ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး
. ဗမာပြည်မှာ မရတာမရှိတော့ဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့
၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။
သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး
တစ်ကောင်လုံးဝါးစားလို့ရအောင်
လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့
အဖြူရောင်ပုန်းရေကြီးလား
.. ဒါမှမဟုတ်´

`တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက ..´

`သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင်
ဒါတွေထည့်စဉ်းစားဖို့ကို
မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့
လေရှုဘူးတွေ ထုတ်ပေးမယ်။
နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့
သမီးမပူရတော့ဘူး။
သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube
တွေရှိတယ်။ အဲဒီအပေါ်
ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး သမီးကို Reception
ကိုပို့ပေးလိမ့်မယ်။
အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်
.. ။ နောက် ဘာတဲ့ ဆက်သွယ်ရေး ဟုတ်လား။ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့
အင်တာနက်ကွန်နက်ရှင်ရပြီး
GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ .. ကိုယ့်ဖုန်းကိုယူလာဖို့ မေ့ရင်လည်း
မပူနဲ့။ လေဆိပ်မှာ
လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။
Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။
အများစုကတော့
ဆသရလို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ´

`သြော် ကောင်းလိုက်တာနော် အစိုးရနဲ့နိုင်ငံရေးရော ……. ´

`အစိုးရ … အစိုးရ .. ဒီအစိုးရတော့ကွာ .. ဒီလိုရှိတယ် … ဒယ်ဒီပြောမယ်´

ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်းအိပ်ယာလန့်နိုးသွားကာ
ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို့လေသတည်း။



Forward mail တစ်စောင်ကရပါတယ်ဗျာ..
+5

Offline zawye

  • အငြိမ်းစား ကထိက
  • ***
  • Posts: 1059
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +7670
Re: အမောပြေဟာသမှတ်စု
« Reply #187 on: May 27, 2011, 04:14:17 PM »
BSN ရဲ့ ၇ ရက်သားသမီး ဟောစာတမ်း
ဧပြီလသည် ၁၂ လ ရာသီထဲတွင် အပျော်တို့ဖြင့် ထုံမွှမ်းနေသော လတလ ဖြစ်ပါသည်။

ထို့ပြင် မြန်မာတို့၏ မိရိုးဖာလာ ယုံကြည်မှုများအရ သိကြားမင်းသည် အဆိုပါ လတွင် ကျွဲ၊ နွား တကောင်ကောင်ကို စီးကာ လူ့ပြည်သို့ ဆင်းလာသည် ဟုသိရသည်။ သို့သော် ...

သင်္ကြန်စာ အဆိုအရ သိကြားမင်းတြားကြီးသည် သူ၏ စီးတော် ကျွဲ နွားများကို ဂီရိဒဏ်ခံ လယ်သမားများအား လှူဒါန်းလိုက်သောကြောင့် လည်းကောင်း၊ တိုးတက်လာနေသော ခေတ်ကို အမီလိုက်ချင်သောကြောင့် လည်းကောင်း၊ ယူကရိန်းနှင့်ရုရှားလုပ် လေယာဉ်ကို စီးလျက် ဆင်းသက်လာရာ၊ လမ်းခုလတ်တွင် လေယာဉ် အတောင်ပံကျိုးသောကြောင့် လေထီးကြီးစီးပြီး မြေပြင်သို့ ရုတ်တရက် ခုန်ဆင်းလာမည်ဟုဆိုသည်။ ထို့ပြင် မကောင်းမှု ပြုသူများကို ဖမ်းဆီးနိုင်ရန် အတွက် ပေါ်တင်ကြီးမလာဘဲ သန်းခေါင်ယံ အချိန်ကျမှ ခွေးတိုးပေါက်က တိုးဝင်လာမည် ဟုလည်း ဆိုထားသည်။

သို့အတွက်ကြောင့် အဆိုပါ ဧပြီလအတွင်း ၇ ရက် သားသမီးများ အတွက် ဆောင်ရန် ရှောင်ရန် လိုအပ်ချက် များကို ပို့စ် မော်ဒန် နည်းဖြင့် တွက်ချက် ဟောပြောပေးလိုက်သည်။
အားလုံး Happy Burmese New Year

တနင်္ဂနွေသားသမီး။ ။ တွက်ချက်မှုများအရ အသင်တို့၏ နာမည်များသည် သိကြားမင်း၏ ခွေးသားရေ ပုရပိုဒ်တွင် မဆံ့လောက်အောင် များပြား နေသောကြောင့် အထူး သတိထား နေထိုင်သင့်သည်။ သို့မဟုတ်ပါက သိကြားမင်း ပြန်အတက်တွင် တခါတည်းလိုက်ပါသွားရကိန်း ရှိသည်။
အချစ်ရေးမှာ မြားနတ်မောင်က ဆရာ ခေါ်ရလောက်အောင် စန်းထနေသော ကာလဖြစ်သည်။ တခါမှ ပြန်မကြည့်ဖူးသော ခယ်မလေးကပင် အထာတွေလာ ပေးနေတတ်သည်။ မှတ်ချက်- လိုက်ပွဲဆိုပြီး ဆွဲမစားလိုက်ပါနှင့်။ ၀မ်းချောနိုင်သည်။ ဘာလုပ်လုပ် အဆင်မပြေသော ကာလဖြစ်သည်။ အလိုလိုနေရင်း ခွေးကဲ့သို့အူချင်နေလိမ့်မည်။ သင်္ကြန်ကာလအတွင်း ရေပက် ခံမထွက်ပဲ
ရေဝေးအနီးတွင် ခဏတာ အနားယူနေခြင်းက သင့်အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်လျှင် ကျန်းမာရေးအနေဖြင့် ပက်လက်လှန်ပြီး ဘယ်တော့မှမအိပ်လေနှင့်။ မကြာမီ လွှတ်တင်တော့မယ့် ဂြိုဟ်တု တလုံး ဖြစ်သွားနိုင်သည်။

ယတြာ-  မဏ္ဍပ်လိုမျိုး မဏ္ဍပ်ရှေ့ တွင် ချီးထုပ်တထုပ်ကိုင်ပြီး ငါအကြမ်းဖက်သမား ဟု ၃ကြိမ်တိုင်တိုင်အားလုံးကြားအောင် အော်လိုက်ပါ... သင်ကံကောင်းခွင့်ကြုံ ပါပြီ။


တနင်္လာ။   ။ ဘာလုပ်လုပ် ရွှေထီးဆောင်းရသည့် ကာလဖြစ်သည်။ လုပ်သမျှ အရာအားလုံး အိုကေနေမည်။ သို့သော် ဆင်ကိုတော့ တက်မစီး မိရန် ဂရုပြုပါ။ အပျိုလူပျိုများ လုံးဝ အိမ်ထောင်ကျကိန်းရှိသည်။ အိမ်ထောင်မကျပါက ထောင်ကျနိုင်သည်ကို သတိပြုပါ။ ထို့ကြောင့် သင်္ကြန်ကာလအတွင်း ခြင်ထောင်ထဲက လုံးဝမထွက်ပါနှင့်။ ရွှေငွေမ၀င်ဘဲ ခြသေ့င်္ကြီးတကောင် လေးဖက်ထောက်ပြီး
ဝင်လာတတ်သည်။ ကြောက်စရာမလိုပါ။ စောင်ခြုံပြီး ကျောကုန်းကို တင်းပုတ်နဲ့ ထုပေးလိုက်ပါ။ စီးပွားရေး အဆင်မပြေသူများ- ယောက်ျားဆို ပါက လူကုန်ကူးပြီး မိန်းမဆိုလျှင်မျောက်မွေးပါ။ သင်္ကြန်ကာလအတွင်းအပျော်မလွန်ကဲပါနှင့်။ အပျော်၏ သားကောင်ဖြစ်သွားနိုင်သည်။ ကံစမ်းမဲနှိုက်ရင် ဖွတ်ကြီး ၂ ကောင် လက်ဆောင် ရလာတတ်သည်။ ကျန်းမာရေးအနေဖြင့် ခွေးစီးလေ့ကျင့်ပါ။

ယတြာ- ဘိန်းဖြူရောင်းရန်ရှိသည်စာတန်းကို အများမြင်သာအောင် အိမ်ရှေ့  မှာ ချိတ်ဆွဲထားလိုက်ပါ ...

အင်္ဂါ။   ။ ကိုယ့်သေတွင်း ကိုယ်တူး ချင်နေသောကာလ ဖြစ်သဖြင့် လစ်ဗျားသို့ ခရီးသွားချင်နေစိတ် ထိန်းမရအောင် ပြင်းပြ နေပေလိမ့်မည်။ ဘယ်မှမသွားပါနှင့်။ ဖြစ်နိုင်လျှင် ခြေထောက်ကို ကြိုးတုတ်ထားပါ။ မသွားမဖြစ်ဆိုပါက သရဏဂုံကြိုတင်ထားပါ။ စီးပွားရေး လုပ်လိုသူများ တောက်တဲ့မွေးပါ။ ပညာရေးလိုက်စားသူဖြစ် ပါက ရန်ကုန်တက္ကသိုလ်ထဲကို ဖြတ်လျှောက်ရုံဖြင့် Ph.D တလုံး ရလာနိုင်သည်။ ၀န်ထမ်းများ နိုင်ငံတော်ဆီမှ ၄'-၆' ရှိသော မြေကွက်များ ရရှိတတ်သည်။ သွားလာရင်း မာစတာကီး တချောင်း ကောက်ရတတ်သည်။ လူဝံကြီး ၂ကောင် ညအိပ် တည်းခိုရန် ရောက်လာလျှင် သင်၏အကြံအစည်ကို ချက်ချင်း အကောင်ထည်ဖော် ဆောင်ရွက်ပါ။ စာနယ်ဇင်းသမားများ ဘန်ကီမွန်း၏ ဖိတ်ကြားချက်အရ လစ်ဗျားနှင့် ဖူကူရှီးမားအနီး သို့ အလည်တခေါက် သွားရလိမ့်မည်။ ကျန်းမာရေးအနေဖြင့်မူအိမ်သာအနီးစောင်းတီးခြင်းကို ရှောင်ကြည်ပါ။

ယတြာ- ခွေးများအား ဖိတ်၍ စတုဒီသာ ထမင်းရည်တိုက်ကျွေးလိုက်ပါ...

ဗုဒ္ဓဟူး။    ။ ကံကြမ္မာ အလွန်ညံ့သော လဖြစ်သည်။ စိတ်ညစ်စရာများ တခုပြီးတခု ကြုံရလိမ့်မည်။ ကာလနဂါးက ဆရာ ခေါ်ရလောက်အောင် ကုလားသေ ကုလားမော အိပ်တတ်သူကို လုံခြုံရေးခန့်မိသဖြင့် ရှိသမျှ စည်းစိမ် တက်တက်ပြောင် ရလိမ့်မည်။ အိုင်တွေ့တိုင်း ခြေဆေးချင်နေလိမ့်မည်။ သတိထားပါ။ ငယ်ရွယ်သူများ တဦးနှင့် တဦးရင်ဖွင့်ရင်း ရင်ပွင့်သွားတတ်သည်။ ဆီသွားထုတ်ရင် အိမ်ထောင်ကျလာကိန်း ရှိသည်။ တလအတွင်း မင်္ဂလာ ၇ကြိမ် ဆောင်ရမည်...( မှတ်ချက် လူ ၇ ယောက်နှင့်ဖြစ်သည်) မျက်နှာတွင် အိုးမဲသုတ်ပြီး ဘဏ်ရှေ့ လမ်းလျှောက်ခြင်း ကို ရှောင်ကြည်ပါ။ ကျန်းမာရေး ကောင်းစေရန် လိပ်ကို ပက်လက်လှန် ထားသကဲ့သို့လမ်းလျှောက်ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း မိန်းမကို ပခုံးပေါ် တင်ထမ်းပြီး ခြင်ထောင်ကို အပတ်တထောင် ပတ်ပါ။

ယတြာ- မိတ်ဖက်ဖြစ်သော ခြသေ့င်္နဲ့အတူ မနက်တိုင်းလမ်းထလျှောက်ပါ...

ကြသပတေး။   ။ စိုင်ကော်လို့ ချုံပေါ်ရောက်ပြီးမှ ခါးဝတ်ပုဆိုးပါမလာသဖြင့် ဆင်းအကောက်တွင် ဆင်နင်း ခံရကိန်းရှိသည်။ သို့ကြောင့် ဤလအတွင်း ပုဆိုးလုံးဝမ၀တ်ပါနှင့်။ ၀င်လာ မစဲတသဲသဲ ဆိုရလောက်အောင် ခေါင်းညိတ်တတ်ရုံဖြင့် နေစရိတ် စားစရိတ် တရက် တသောင်းနှုန်းဖြင့် တလလျှင် ငွေ ၃ သိန်း ရနိင်သည် အလိုလိုနေရင်း မြွေပွေးကို ခါးပိုက်ပိုက်ချင်နေလိမ့်မည်။ မနက်မိုးလင်းတိုင်း ကြက်ဖလို တွန်ချင်နေလိမ့်မည်။ သင်္ကြန်တွင်း ရေပက်ခံထွက်ရင်း အရူးတယောက်မှ အဖေဟု လိုက်ခေါ်ခြင်းခံရတတ်သည်။ ထီထိုးပါ...အကြီးအကျယ်ပွပေါက်တိုးမည်။ ဦးပေါင်းကျားကို ပေါင်းထားသော အလောင်းစည်သူမင်းကြီး သင့်အိမ်ကို လမ်းမှားပြီးရောက်လာတတ်သည်။ ရှောက်သီးသုပ်နဲ့ ရေခဲမုန့်ကျွေးလိုက်ပါ။ သင်သည် ထူးဆန်းသော ပြောင်းလဲမှု အဖြစ် နဖူးမှ ချိုတချောင်း ထွက်လာတတ်သည်။ ရာဟုသက်ရောက် အားအလွန် ကောင်းနေမည်ဖြစ်သဖြင့် နွားနို့ ဆိတ်နို့ စသော နို့အပေါင်း သောက်သုံးခြင်းမှ ရှောင်ကြည်ပါ။

ယတြာ- ကြောင်မုဆိုးမ၏ နှုတ်ခမ်းမွှေးနှင့် လိပ်မွှေးကို မတွေ့တွေ့အောင်ရှာပြီး ကိုယ်နှင့် မကွာ ဆောင်ထားလိုက်ပါ...

သောကြာ။   ။ ဤနေ့ မွေးဖွားသော သားသမီးများသည် သောကြာဆိုသည့်အတိုင်း သောက်တိုင်း မမူး လုပ်တိုင်းမပြီးပဲ ကြာနေသဖြင့် သူတပါး မျက်စောင်းထိုးခြင်း စိတ်ကောက်ခြင်း ခံရတတ်သည်။ သင်၏ ရည်မှန်းချက် အားလုံး ဧရာဝတီမြစ်ကို အလျားလိုက် ဖြတ်ကူးနေကဲ့သို့ မရေမရာဖြစ်နေလိမ့်မည်။ အလုပ်မရှိ ကတုံးကို သန်းရှာချင်နေလိမ့်မည်။ မိမိကိုယ်မိမိ အရူး ဆိုသူတယောက်မှ သင့်အားမိတ်ဆွေ ဖွဲ့လာနိုင်သည်။ လင်မယားကွဲကိန်းရှိသဖြင့် လက်မခံပါနှင့်။ သူ၏ သျှောင်ထုံးကိုသာ ဆွဲပြီး တံတောင်ဖြင့် ၃ ချက်လောက် ခပ်ပြင်းပြင်း တွတ်ထည့်လိုက်ပါ။ ပါရမီ ဖြည့်ဖက် လိုက်ရှာနေသူများ ရုံးတက်ရုံးဆင်း ပါရမီစီးပါ။

ယတြာ- ကျား ၂ ကောင်ကို ကွမ်းယာ ဆေးလိပ် လောင်းလှူလိုက်ပါ...

စနေ။    ။ နဂါးတို့ မျက်စောင်း အရွယ်မရွေးဆိုသကဲ့သို့ တွေ့သမျှ အရွယ် သုံးပါးကို တဦးချင်း မျက်စောင်း ထိုးရုံမျှမကပဲ ရောသမမွှေချင် နေလိမ့်မည်။ အားလုံးထဲတွင် ဒေါသ အကြီးဆုံးလူဖြစ်သည့်အတွက် တခုခုကို အမြဲတမ်း ထုထောင်းချင်နေလိမ့်မည်။ နောက်ဆုံးထောင်းစရာမရှိ ကိုယ့်ပေါင်ကိုယ်လှန် ထောင်းတတ် သည်။ စိန်ဂေဟာမဟုတ်ပဲ ဂေဟာတခုခုတွင် တူနှစ်ကိုယ် ဂဟေဆက်ရကိန်းရှိသည်။ အရပ်ပုလွန်းသဖြင့် လူကြီး ဟု သင်က ပြောသော်လည်း သင်၏ချစ် သူကမူ သင့်အား ကလေး ဟုသာထင်နေလိမ့်မည်။ နေ၀င်းမြင့်၏ ကျွဲပွဲစာအုပ်ကိုဖတ်ရင်း ကျွဲကဲ့သို့ အော်ချင်နေလိမ့်မည်။ ကျွဲကြီးဆိုသော လူတယောက်နှင့်လည်း နပန်းလုံးရတတ်သည်။ လက်ညှိုးညွှန်ရာ ရေဖြစ်နေသော အချိန်ဖြစ်သည်။ ကင်းကောင် ကြီး တကောင်
ဝင်လာပါက အလွန်ကံကောင်းပြီဖြစ်သည်။

ယတြာ- မိမိ၏မွေးနံဖြစ်သော နဂါး ဆိုသော အမည်ကို နံကားသွားအောင် အော်ဟစ်လိုက်ပါ......

ဗဒင်နဲ့ဘာမှမဆိုင်သော

ဘယ်ဒင်ရဲ့ အကို
ညာဒင်
Credit & Suorce to BS News
+6
« Last Edit: May 27, 2011, 04:35:01 PM by zawye »
sex is something we do but love is main thing we live

Offline ဂိ ဂိ

  • အငြိမ်းစား ကထိက
  • ***
  • Posts: 558
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +3397
Re: အမောပြေဟာသမှတ်စု
« Reply #188 on: May 27, 2011, 07:17:34 PM »
IT ခေတ် မြန်မာစကားပုံဖွင့်ဆိုချက်များ


Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။

ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်

Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။

ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း

Connection ကောင်းရာ လိုင်း/ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။

ဂါထာပေး တေးဖြစ်

မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။

ငါးစိမ်းမြင် ငါးကင်ပစ်

ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။

စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်

ဆေးရိုးသည် = Access Denied Page

ဆင့်ပါးစပ် နှမ်းပက်

ဆင့်ပါးစပ် = Internet Users

နှမ်း = Internet Bandwidth

ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး

မိုးခြိမ်းသဖြင့် အင်တာနက်လိုင်းကျသွားသည်.... :D

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်

ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည်

တစ်ရွာ တစ်ကျီဆောက်သည်

ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်

ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည်

ကောင်းမလားလို့ Windows 7 (64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။

ဒူးလောက်တင်မှ ရင်လောက်ကျသည်

Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။

နဂိုရှိမှ နကိုင်းထွက်သည်

Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသာ အသစ်ဝယ်မှရမည်။

ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်)

မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို ဆိုလိုသည်။

ပျက်အစဉ် ပြင်ခဏ

MPT (ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက် အရမ်းကောင်းသည်)

ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်

ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...

ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ

ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။

ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း

ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။

မမှားသောရှေ့နေ၊ မသေသောဆေးသမား

မကျဖူးသော ကွန်နက်ရှင်လိုင်း....

မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်

နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။

ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ

Mac Book Air, Pro, iPad 2, iPhone 5

လင်းတလောက်တော့ ငှက်တိုင်းလှသည်

လင်းတ = မြန်မာပြည် ကွန်နက်ရှင်

လယ်ထွန်သွား နွားမေ့

အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို ဆိုလိုသည်။

လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်)

ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင် လဲ သရဲကားထဲက သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့)

ဝက်ဖြစ်မှ မစင်မကြောက်နှင့်

အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။

သန်းခေါင်ထက် ညဥ့်တိုးမနက်

Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။

သေချင်တဲ့ကျား၊ တောပြောင်း

မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။

အုတ်ရောရော ကျောက်ရောရော

Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါ တက်လာလေ့ရှိသည်။

အရေးကြီးတော့ သွေးနီးရာ

အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့် မျှဝေသည်။

အငိုလွယ်လျက် အရှိုက်ခက်သည်

Download လွယ်သလောက် Upload ခက်သည်။

အရူးမီးဝိုင်းသလို

တပြိုင်တည်း G-talk 20 ဦး ခန့် ကိုပြောခြင်း။

အကြံတူရန်သူ

အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။

အနာပေါ်တုတ်ကျသည်

ဤစာကို MPT မှ လူများဖတ်သည့်အခါ ဖြစ်မည့်ပုံစံ.. :D

credit to moegyo @ mmteashop.com





တစ်ချက်ပြုံးလျှင် တစ်ရက်အသက်ပိုရှည်ပါတယ် အားလုံး ပြုံးနိုင်ကြပါစေ မောင်ဂိ

+2
« Last Edit: May 27, 2011, 07:20:29 PM by ဂိ ဂိ »
လုပ်သလို မဖြစ်ရင် ... ... ဖြစ်သလို လုပ်မယ် ... ... ဒါဘဲ

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10980
Re: အမောပြေဟာသမှတ်စု
« Reply #189 on: May 29, 2011, 07:24:47 PM »
ပညတ်သွားရာ ဓာတ်သက်ပါအောင်လို.

ရိုးရိုးအေးအေး စားရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ
အဆင်မပြေသဖြင့် သူတို့ လမ်းထိပ်တွင် ဟောခန်း ဖွင့်စားနေသော
ဗေဒင်ဆရာထံသွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များ ကြုံနေရခြင်းမှာ
ကိုဘမောင်အိမ်တွင် မလျှော်ကန်၊ မသင့်မြတ်သည်များ ရှိသောကြောင့်ဆိုပြီး အိမ်အထိ
လိုက်ကြည့် လေတော့သည်။

 အိမ်သို့ ရောက်ရောက်ခြင်းပင်...

ဗေဒင်ဆရာ။ ။ “သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာ ထိုးထားတဲ့
ခတ္တာပန်းတွေကို စွန့်ပစ်လိုက်တော့... ဖြစ်နိုင်ရင် နောက်လည်း မထိုးနဲ့ဗျာ...
နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ...”

ကိုဘမောင်။ ။ “ဘာလို့လဲ ဆရာ၊ ဘုရားကို ပန်းထိုးတာ မကောင်းဘူးလား...”

ဗေဒင်ဆရာ။ ။ “ခင်ဗျားတို့ အဲဒါတွေကြောင့် အခက်အခဲတွေ ရှိနေတာပေါ့... ဒီမှာ
ခတ္တာဆိုတာ “ခက်တာ” နဲ့ အသံဆင်တယ်ဗျ...။ ခက်တာတွေ ဖြစ်တတ်တယ်။ စပါယ် ဆိုတာကလည်း
“စကတည်းက ပယ်ခံရတယ်” ဆိုတဲ့ အဓိပ္ပာယ်ကို ဖြစ်စေတယ်...”

ကိုဘမောင်။ ။ “ဟုတ်လား ဆရာ၊ ဒါဆို ဘာကို ဘုရားကပ်ရမလဲ...”

ဗေဒင်ဆရာ။ ။ “ဒီမှာ အလွယ်လေးလေ... ကောက်ညှင်းပေါင်းလှူ...”

ကိုဘမောင်။ ။ “ဟုတ်လား... ကောက်ညှင်းပေါင်းလှူရင် ကောင်းတယ်လား...”

ဗေဒင်ဆရာ။ ။ “မသိရင်မှတ်၊ ကောင်းညှင်းပေါင်းဟုတ်ဘူး၊ ကောင်းခြင်းပေါင်း၊
ကောင်းခြင်းတွေ ပေါင်းလာအောင်... ပြီးတော့ သြဇာရှိအောင် သြဇာသီးကို လှူ...
ဒါလေးများ ဘာခက်တာမှတ်လို့... ပညတ်သွားရာ ဓာတ်သက်ပါတယ်တဲ့ ကိုဘမောင်ရ...”

ကိုဘမောင်။ ။ “ဟုတ်ကဲ့ဆရာ၊ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ... ကျနော်
အလုပ်ကလည်း ပြောင်းရွှေ့ကြဦးမယ်။ မပြောင်းချင်ဘူး ဆရာရယ်...”

ဗေဒင်ဆရာ။ ။ “မပြောင်ချင်ဘူးလား... အလွယ်လေး ကိုဘမောင်ရယ်...
အိမ်ရှေ့ကခြံထဲမှာ... ပြောင်းဖူးရယ်၊ ချဉ်ပေါင်ရယ်၊ ဘူးသီးရယ် သုံးမျိုးကို
စိုက်လိုက်...”

ကိုဘမောင်။ ။ “ဟုတ်၊ ဆရာ... အဲဒါဆို မပြောင်းရတော့ဘူးပေါ့...”

ဗေဒင်ဆရာ။ ။ “ဟုတ်တယ်လေ... အဲဒီသုံးမျိုးရဲ့ အစစာလုံးတွေက ပြောင်းချဉ်ဘူး
မဟုတ်ဘူးလား၊ ဒီတော့ ပညတ်သွားရာ ဓာတ်သက်ပါပြီးတော့...”

ကိုဘမောင်။ ။ “ဟုတ်၊ ဟုတ်ကဲ့ ဆရာ၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် အတော်လေး
စဉ်းစားစရာတွေ ဖြစ်လာပါတယ်... ကျေးဇူးပါ”

ဗေဒင်ဆရာ။ ။ “ရပါတယ်ဗျ... ဓာတ်တူရင် နတ်ကူသတဲ့ဗျာ...”

ဒီလိုနဲ့ ဗေဒင်ဆရာလည်း ပြန်သွားတော့သည်။ နောက်တစ်ပတ် ကိုဘမောင်က
ဆရာအိမ်လာကြည့်ပါဦး ဆရာပြောသလို ဟုတ်မဟုတ် ဆိုတာနဲ့ ဗေဒင်ဆရာလည်း တစ်ခေါက်
ထပ်လိုက်သွားသည်။ ဟိုရောက်တော့ သူပြောထားတဲ့အတိုင်း သြဇာသီးတွေ၊ မင်းဂွတ်သီးတွေ
ဘုရားလှူထားတာ တွေ့ရသည်။

ဗေဒင်ဆရာ။ ။ “ဒါနဲ့ ကိုဘမောင် မင်းဂွတ်သီးတွေက...”

ကိုဘမောင်။ ။ “ဆရာ့ နည်းစနစ်အတိုင်းလေ... မင်း Good သွားအောင်...
မင်းဂွတ်သီးကို လှူထားတာ”

ဗေဒင်ဆရာ။ ။ “ဟုတ်လားဗျ”

ကိုဘမောင်။ ။ “ဟုတ်တယ် ဆရာ၊ ပြီးတော့ ကျွန်တော် နောက်တစ်ပတ် ရွှေတောင်ဘက်ကို
ခရီးထွက်မလို့...”

ဗေဒင်ဆရာ။ ။ “ရွှေတောင်... ဟုတ်လား...”

ကိုဘမောင်။ ။ “ဟုတ်တယ်ဆရာ၊ ဆရာပြောသလို ပညတ်သွားရာ ဓာတ်သက်ပါအောင်လေ...
ရွှေတောင်ကြီး ဆိုက်အောင်၊ ရွှေတောင်ဘက်ကို ခရီးထွက်မလို့...”

ဗေဒင်ဆရာ။ ။ “ဟား... ဟား... ဟား...”

ကိုဘမောင်။ ။ “မဟားပါနဲ့ ဆရာ၊ ဟား ဟား ဆိုတဲ့ အတိုင်း သူများတွေ ဆရာ့ကို
ဟားပါလိမ့်မယ်...”

ဗေဒင်ဆရာ။ ။ “အော်... ကိုဘမောင်ရယ်”

ကိုဘမောင်။ ။ “မအော်ပါနဲ့ ဆရာ၊ ပညတ်သွားရာ ဓာတ်သက်ပါပြီး အော်နေရပါမယ်၊
ပြီးတော့ ကျွန်တာ့်ကိုလည်း “ကိုဘမောင်ရယ်” ဆိုပြီး အတင်းမရယ်ခိုင်းပါနဲ့...”

ဗေဒင်ဆရာ။ ။ “ဟိုက်၊ ခက်တော့တာပဲ...”

ကိုဘမောင်။ ။ “ခက်တော့တာပဲလို့ချည်း မညည်းပါနဲ့ဆရာ၊ ဆရာ့နောက်ကို ခက်တာတွေ
လိုက်လာပါလိမ့်မယ်... ရော့ သောက်ဆရာ...”

ကိုဘမောင်က ရေနွေးတစ်ခွက်ငှဲ့ပေးတော့ ဗေဒင်ဆရာလည်း ယူသောက်လိုက်သည်။
ပြီးတော့မှ... ချိုချို ခါးခါး ဘယ်လို အရသာကြီးမှန်းမသိသဖြင့်...

ဗေဒင်ဆရာ။ ။ “အာ... ဒါ... ဒါ... ဘာကြီးလဲ၊ ကိုဘမောင်...”

ကိုဘမောင်။ ။ “ဘကြီးလဲ လို့ မအော်ပါနဲ့ ဆရာ... ပညတ်သွားရာ ဓာတ်သက်ပါပြီး ဆရာ့
ဘကြီးတစ်ယောက်ယောက် ချော်လဲနေပါ့မယ်... ”

ဗေဒင်ဆရာ။ ။ “အာ... ခင်ဗျားဗျာ...”

ကိုဘမောင်။ ။ “ခုနက အရည်ကလေ... ကြံရည်ဖန်ရည် တိုးအောင်ဆိုပြီး ကြံရည်ရယ်
အဖန်ရည်ရယ် ရောသောက်တာလေ...”

ဗေဒင်ဆရာ။ ။ “ဟာ... ခင်ဗျားဗျာ... ဒီမယ်၊ ကိုဘမောင် ဗေဒင် ပညာကို အလွယ်လေး
မှတ်နေလား...”

ကိုဘမောင်။ ။ “ပညာလို့ မပြောပါနဲ့ ဆရာ... ပြင်ညာ ဆိုရင် ပြင်ပြီး ညာနေရပါမယ်။
ဗေဒင်နည်းစနစ်လို့ ပြောပါ ဆရာ...”

ဗေဒင်ဆရာ။ ။ “အာ... ဒါနဲ့ ထိုင်ခုံတွေလည်း မတွေ့ပါလား...“

ကိုဘမောင်။ ။ “ဟုတ်တယ်ဆရာ၊ ကျွန်တော် ရောင်းပစ်လိုက်တာ။ အရင်တစ်ပတ်
ဆရာပြန်သွားကတည်းက ကျွန်တော်တွေးမိတာလေ... ထိုင်လည်း ထိုင်၊ ခုန်လည်း ခုန်ဆိုတာ
သိပ်မဟုတ်ဘူးလိုပဲ ဓာတ်ပျက်နေသလားလို့ပါ...”

ဗေဒင်ဆရာ။ ။ “ဟိုက်...”

ကိုဘမောင်။ ။ “မဟိုက်ပါနဲ့ ဆရာ... အလကားနေရင်း မောဟိုက်နေပါ့မယ်...”

ဗေဒင်ဆရာ။ ။ “အာ... ကိုဘမောင်...”

ကိုဘမောင်။ ။ “ပြီးတော့ ခုနက ဆရာ့ ဆိုင်ရဲ့ ဆိုင်းဘုတ်ကို တွေ့တယ်...
ပြင်ပါဆရာ...”

ဗေဒင်ဆရာ။ ။ “ဗျာ... ကျွန်တော့်ဆိုင်းဘုတ်က ဘာဖြစ်လဲ...”

ကိုဘမောင်။ ။ “ဟောခန်းဆိုတာလေ ဆရာ...”

ဗေဒင်ဆရာ။ ။ “ဟုတ်ကဲ့...”

ကိုဘမောင်။ ။ “ဟောပြီးရင် ခန်းခန်းသွားတယ်လို့ အဓိပ္ပာယ် မရဘူးလား ဆရာ... ရသမျှ
ငွေတွေ ခန်းကုန်မှာပေါ့ ဆရာ...”

ဗေဒင်ဆရာ။ ။ “အာ...”

ကိုဘမောင်။ ။ “ပြီးတော့... မနောမယ ဆိုတာလေ... မယ ဆိုတာ “မရ” မပိုင်ဆိုင်တာနဲ့
အသံတူတယ်လေ... ပညတ်သွားသလို...”

ဗေဒင်ဆရာ။ ။ “တော်၊ တော်... ကိုဘမောင်...”

ကိုဘမောင်။ ။ “ဟုတ်ကဲ့၊ ကျွန်တော် တော်လာပြီးလား ဆရာ၊ ကျေးဇူးတင်ပါတယ်...”

ဗေဒင်ဆရာ။ ။ “အာ... ဒါနဲ့ ဘယ်အချိန်ရှိပြီလဲ... ပြန်မလို့...”

ကိုဘမောင်။ ။ “သိဘူးဆရာ၊ နာရီဆိုတာ နာလည်းနာတယ်၊ ရီလည်းရီတယ်ဆိုတော့
မချိပြုံးသလို အဓိပ္ပာယ်ထွက်တယ်လို့ ကျွန်တော်ခံစားရတာနဲ့ အိမ်မှာ ဘာနာရီမှ
မထားတော့တာ...“

ဗေဒင်ဆရာ။ ။ “အာ... ဟာဗျာ...”

ဤသို့ဖြင့် ဗေဒင်ဆရာသည် ကိုဘမောင်အိမ်မှ တချိုးတည်း ဆင်းပြေးလေတော့သည်။

credit to  http://mutdfan.com
+7

Tags: