Author Topic: အမောပြေဟာသမှတ်စု  (Read 488881 times)

0 Members and 2 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11011
Re: အမောပြေဟာသမှတ်စု
« Reply #150 on: May 24, 2011, 05:39:09 PM »
"အလောင်းအစား"

ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။ ကံကောင်းစွာ ဘဲ ဘဏ်သူဠေး နဲ. တွေ.တော. ပေါင်တစ်သန်း အပ်ဖို့   လာကြောင်း ပြော လိုက် တယ် ။

ဘဏ်သူဠေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာလာခဲ့တာပါလဲ ။

အဘွားကြီး ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ။

ဘဏ်သူဠေး ။ ။ မဖြစ်နိုင်တာပဲ ။

အဘွားကြီး ။ ။ ဒါဖြင့် မနက်ဖြန် မင်းတင်ပါးမှာ တက်တူးထိုးပြီးသား ဖြစ်နေရမယ် ဆိုတာကို ပေါင်တစ်သောင်းကြေး လောင်းမလား ။

ဘဏ်သူဠေး ။ ။ ဟာဗျာ..ကျွန်တော့်တင်ပါးမှာ ဘာလို့ တက်တူးထိုးရမှာလဲ ။ လောင်းရင် ကျွန်တော်ပဲ အချောင်ပေါင်တစ်သောင်းရနေမှာပေါ့ ။ အလကား မလိုချင်ပါဘူး ။

အဘွားကြီး ။ ။ မလောင်းဘူးဆိုရင် မင်းဘဏ်မှာ ငါ့ငွေတွေ မအပ်တော့ဘူး ။

ဘဏ်သူဠေး ။ ။ ကဲ..ဒီလိုဆိုရင်လည်း လောင်းမယ်ဗျာ ။

အဘွားကြီး ။ ။ အိုကေ..သဘက်ခါ ရှေ့ နေနှစ်ယောက်နဲ့ အတူတူ ငါပြန်လာခဲ့မယ် ။

ကြားရက်တွေထဲမှာ သူဠေးက သဘောကျပြီး တပြုံးပြုံးနဲ့ ပေါ့ ။ တင်ပါးမှာ ဘာတက်တူးမှ ထိုးစရာမလိုဘူး ။ ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ ။ ပေါင်တစ်သောင်း အလကားသက်သက် ပေးချင်လို့

လာလောင်းတာဆိုပြီး တွေးနေတယ် ။

သတ်မှတ်ထားတဲ့ ရက်ရောက်တော့ အဘွားကြီးက လူနှစ်ယောက်နဲ့ ရောက်လာတယ် ။

သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့ ဘဏ်သူဠေးက ဘောင်းဘီချွတ်ပြီး ဖင်ဗူးတောင်း ထောင်ပြတယ် ။

ဘဏ်သူဠေး ။ ။ ဟဲဟဲ..အဘွားရေ..အဘွားရှုံးပြီနော် ။ တစ်သောင်းလေး မစပါဦး ။

အဘွားကြီး ။ ။ အေး..ဒီမှာ တစ်သောင်း ။ ပါလာတဲ့ လူထဲက တစ်ယောက်က မေ့ လဲမလိုဖြစ်နေလို့ ဘဏ်သူဠေးက အဘွားကြီးကို မေးတယ် ။

ဘဏ်သူဠေး ။ ။ အဲဒီတစ်ယောက်က နေမကောင်းလို့ လား ။

အဘွားကြီး ။ ။ သြော်..ဒီလူလား..အရှုံးသမားလေ ။ ဘဏ်သူဠေး ဖင်လှန်ပြမယ် ဆိုတာကို မယုံဘူးဆိုလို့ ပေါင်တစ်သိန်းကြေး လောင်းထားတာ အခု သူရှုံးပြီလေ ။ အဲဒါကြောင့်ပါ ။


Credit to www.mutdfan.com
+7

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11011
Re: အမောပြေဟာသမှတ်စု
« Reply #151 on: May 24, 2011, 06:13:53 PM »
ငါးပိဖုတ်ကောင်းကောင်း

တောရွာမှာတုန်းက ဖြစ်ခဲ့တဲ့ ဟာသ ဖြစ်ရပ်မှန်လေးပါ။ အားလုံး ရယ်မောနိုင်ပါစေ။ ဘယ်ကနေစရမယ် မသိတော့ အဆင်ပြေသလို စလိုက်ပါတယ်။

တောမှာက နွေဆိုရင် မီးရှို့ပြီးတော့ ထင်းခုတ်တဲ့ဓလေ့ ရှိတယ်။ထင်းခုတ်တယ်ဆိုတာ လူစုပြီး အစုလိုက် ခုတ်ကြတာ များတယ်။ တောဓလေ့ဆိုတော့

သိတဲ့အတိုင်းပဲလေဗျာ တောထဲမှာ ထင်းတွေခွေပြီ ဆိုတာနဲ့ အိမ်မှာထဲကထမင်းကြမ်း အပြီးစား နေ့လည်စာကို ထမင်းထုပ်ထုပ်ပြီး သယ်ယူသွားရတာ

ထုံးစံတစ်ခုပေါ့။ ထမင်းထုပ်ကိုလဲ တောမှာကအင်ဖတ်တို့ ငှက်ပျောဖတ်တို့ ပေါတယ်ဆိုတော့ မီးကလေးကင်ပြီး ပျော့သွားတာနဲ့ထမင်းလေး ထည့်လိုက်ရုံပဲ။ ဘာချိုင့်မှ မလိုဘူးလေ။ ထမင်းစားချိန်

ရောက်ပြီဆိုတာနဲ့ ထင်းခွေလာတဲ့ လူတွေ အကုန်စုပြီး ထမင်းစားကြတာကလည်းတောဓလေ့ရဲ့ ပျော်စရာ တစ်ခုပါပဲ။တစ်နေ့ ထုံးစံအတိုင်းပဲ ထင်းခွေ ထွက်ကြတာပေါ့။ နေကလည်း ပူလိုက်တာဗျာ။

ခြစ်ခြစ်တောက်ပဲ အေးပေါ့ မီးရှို့ထားတာဆိုတော့ အားလုံး ပြောင်သလင်းခါနေပြီးအောက်ပိုင်းကို ရှင်းနေတာပဲ။ မီးလောင်တာ ဘယ်လောက် ပြင်းသလဲဆိုရင် စည်းမရှိကမ်းမရှိ ပါထားတဲ့ ချီးပုံလေးတွေတောင်

ခြောက်သယောင်ယောင်….ထင်းခွေရင်းနဲ့ နေလည် မွန်းတည့်ပြီ ဆိုတာနဲ့ အားလုံး ထမင်းဆာ နေကြပြီလေ။ဒါပေမယ့် အဖေလေ အဖေ မနားဘူးဗျာ ဇွဲနဲ့ ခုတ်နေတာ ဒီမှာက လူဦးရေ များလာတော့

ထင်းတောင် လု ခုတ်ရတာ ဆိုတော့ လောဘကြီးတာ မမှားပါဘူး။ သိုပေမယ့်ခလေးဖြစ်တဲ့ ကျွန်တော်တို့မှာ ထမင်းက ဆာနေပြီလေ။ အဲဒီ အချိန်မှာပဲ အဖေကသူအသံဝါကြီးနဲ့ ..

“အားလုံးပဲ ထမင်းစား နားကြမယ်ဟေ့” ဆိုတဲ့ အသံကြားတာနဲ့ ပျော်လိုက်တာဗျာ။ဗိုက်ကဆာနေပြီကိုး။ ပုံမှန် ၁၁း၃၀ ဆို စားနေကြဟာ ဒီနေ့ကျမှ ၁၃း၀၀ နာရီတောင်

ထိုးတော့မယ် ဆာလိုက်တာဗျာ။ အူကို လှိမ့်နေတာပဲ။ ဒါတောင် အဖေက ပြောသေးတယ်ဟင်းအကောင်းဆုံး အချိန်ကို စောင့်နေတာတဲ့။ အစက ဘာမှန်းမသိဘူး နောက်ကျမှ

အဖေက ..“တကယ်တမ်းတော့ လူတွေက ဟိုဟင်းစားချင် ဒီဟင်းစားချင် ဟိုဟာ မကြိုက်ရတာနဲ့ဒီဟာ မကြိုက်ရတာနဲ့” တဲ့ “တစ်ကယ်တမ်း ဗိုက်အရမ်း ဆာလာပြီ ဆိုတာနဲ့

ငပိဖုတ်တောင် အရမ်းကောင်းတာကို ပြောတာသား” ဆိုတော့မှ သဘောပေါက်တယ်။ပါတာက လူ ( ၅ ) ယောက် အားလုံး ၀ိုင်းထိုင်ပြီး ထမင်းထုပ်ကိုဖြည်လိုက်ပါတယ်။ ဟင်းထုပ်လေးတွေကို အလည်မှာစုပြီး

ထမင်းထုပ်ကိုမြေကြီးပေါ်မှာချပြီး စားရတာက ပျော်စရာပေါ့ဗျာ။ ကျွန်တော်ကို အမေက ထမင်းကိုဆီလေးဆမ်းပြီး ငါးပိဖုတ်ကို သေသေချာချာ ဖုတ်ပေးထားတာ မွှေးနေတာပဲဗျာ။

ထင်းခုပ်ရင်းနဲ့  ချက်ထားတဲ့ ဟင်းချိုပူပူလေးကို အလယ်မှာချပြီးဟင်းထုပ်လေးတွေ ၀ိုင်းထားတာ မျက်စိထဲ မြင်ပါရဲ့လား သူငယ်ချင်း။ထိုင်ပြီဆိုတာနဲ့ ဟင်းထုပ်တွေကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။ ဆီမပါတဲ့

ငါးခြောက်ဖုတ်က (၁)ထုပ်၊ အရည်မပါတဲ့ ကြက်သားက (၂)တုံး၊ ငါးကြော်ကတိုင်းပြီးများ ပေးလိုက်လေသလား မသိဘူး ဆိုဒ်တူ (၅)ကောင်၊ သားအဖ နှစ်ယောက်ကငါးပိဖုတ်။ ဒါပေမယ့် ဗိုလ်စွဲတာက ငါးပိဖုတ်ဗျ။

ဘာလို့လဲဆိုတော့ ဟင်းချိုနဲ့လိုက်ဖက်တဲ့ ဟင်းဆိုလို့ ငါးပိဖုတ်ပဲ ရှိတာကိုး ဟား ဟား ဟားဒါကြောင့်ပြောတာ အမြင်နုပ်ပေမဲ့ ရွှေထုပ်တယ်ဆိုတာ။ ထမင်းကလည်း ဆာဆာနဲ့စားလိုက်ကြတာဗျာ။

ဒါတောင်ပြောသေးတယ်..“မင်းငါးပိက မလတ်သလိုပဲ” တဲ့။“မဟုတ်တာဗျာ။ အမေကိုယ်တိုင် သေသေချာချာ ဖုတ်ပေးလိုက်တဲ့ ဟာကို” အားလုံးစားလိုက်ကြတာဗျာ ခင်ဗျားတို့ကို မြင်စေ့ချင်တယ် ပြိုက်ကနဲ ပြိုက်ကနဲပဲ။

အဲဒီအချိန် နောက်တစ်ယောက်က ထပ်ပြောလာတယ်။“ဟုတ်တယ်ကွ မင်းတို့ ငါးပိက မလတ်သလိုပဲ” ဆိုတော့ အဖေက“လူတွေ လူတွေ အဲဒါသာ ကြည့်တော့သားရေ ဗိုက်ဆာတုန်းက အရသာ မခံနိုင်ဘူး

ဗိုက်လေးပြည့်ပြီ ဆိုတာနဲ့ ဟိုဟာက ချိုတယ် ဟိုဟာက ခါးတယ်နဲ့”အင်းပေါ့နော် သူက အမေလုပ်တာ မကောင်းဘူး ပြောတာကိုး အဖေက ဘယ်ခံမလဲ ဟား ဟား….

အဲဒီအချိန် နောက်ဆုံး ကျန်တဲ့တစ်ယောက်က ထပ်ပြောလာတော့တယ်“ဟုတ်တယ် ဦးလေးရဲ့ ငါးပိက နည်းနည်းနံတယ် မလတ်တာလား မီးဖုတ်တာ မကျက်တာလား

မသိဘူး”(၃) ယောက်ဆိုတော့ အဖေ နည်းနည်းတွေသွားတယ် ဟုတ်တယ်လေ ထမင်းစားတာက (၅) ယောက်သားအဖနှစ်ယောက် ဖယ်လိုက်ရင် သူစိမ်း (၃)ယောက်မှာ (၃)ယောက် စလုံးက တစ်လေသံထဲ

ဆိုတော့ စဉ်းစားရတာပေါ့။ သိုပေမယ့် သူမိန်းမ ကျွန်တော် အမေကိုမကောင်းပြောတာလည်း မခံနိုင်တော့ ကိုယ်တိုင် ထကြည့်ရတာပေါ့။ ငါးပိကကုန်တောင် ကုန်တော့မယ်။ ငါးပိထုပ်ကို ကြည့်တယ် သေသေချာချာ

ကြည့်တယ်ပြီးတော့ မ တယ် မ လည်းပြီးရော…. တစ်ခွန်းထဲပဲ…….“ဟာကွာ” ဆိုပြီး အန်ပါလေရော… စားနေတဲ့ ကျွန်တော်တို့ ဘာလုပ်ရမှာလဲဟင်..“အဖေ ဘာဖြစ်လို့လဲ” မေးတော့ ဘာမှမပြောနိုင်ဘူး ငါးပိထုပ်ကို

လက်ညှိုးထိုးပြတယ်။ လေးယောက်သား ငါးပိထုပ်ကို သွားကြည့်တယ်။ ပြီးလည်း ပြီးရောလေးယောက်သား အန်လိုက်ကြတာ အပြိုင်အဆိုင် အန်လို့ဝမှ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်ရမလို ငိုရမလိုနဲ့ပေါ့။

သူငယ်ချင်းရေ ဖြစ်ပုံက ဒီလို….. ငါးပိထုပ်ကို ကျွန်တော်က မီးလောင်ထားတဲ့လူချီးခြောက်သရောင်ပေါ်မှာ တင်မိရက်သား ဖြစ်နေတော့ ငါးပိကိုကော်တော့လူတိုင်းက လက်ညှိုးလေးနဲ့ ကော်လိုက် ထမင်းထဲ

မြှုပ်စားလိုက် မဟုတ်လားစားရင်းစားရင်းနဲ့ ဘယ်လက်ညှိုးက ဖက်ကို ဖောက်မိသွားတယ်တော့ မသိဘူးသေချာတာကတော့ အောက်ကချီးပုံက တစ်ဝက်ကျိုးနေပြီ ဒီလိုဆိုတော့……

ဒါကြောင့် ဟိုကောင်ကတော့ ပြောသား ငါးပိက နံသလိုပဲလို့…..

 from  forward mail မူလရေးသူအားခရပ်ဒစ်ပေးပါသည်။
+7

Offline ဂိ ဂိ

  • အငြိမ်းစား ကထိက
  • ***
  • Posts: 558
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +3402
Re: အမောပြေဟာသမှတ်စု
« Reply #152 on: May 25, 2011, 01:27:15 PM »
ကွန်ပျူတာဆိုတာ.......


တခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ …
သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့စဉ်
ပြောဆိုဆွေးနွေးငြင်းခုန်ကြပါသတဲ့ …

တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီး
ဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့
မေးခွန်း ကို ရောက်သွားကြပါသတဲ့ …
လေသန်သန်နဲ့ ..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ …ကွန်ပျူတာ ဆိုတာ ဖြူ
သလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ ..ဘယ်သိမှာလဲ သူတို့က
မျက်မမြင်တွေကိုး ..

တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့
…အတွက် ..ကိုကြီးကျော် ရဲ့ ရုံးခန်းကို ရောက်လာကြပါသတဲ့ …
ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း ပြောပြတော့
..ကိုကြီးကျော်လဲ အတော် သဘောတွေ ကျသွားပါသတဲ့ …

" အမယ် တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစာသွား ပဟ …အစ်ကို ကူညီမယ် "
ဆိုပြီး ..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ …

ပြီးတော့ ..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့
သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုး
စမ်းပြီး ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့

ဒီလိုနဲ့ဘဲ ပထမ ဦးဆုံးတစ်ယောက်ကို ..အခန်းထဲကို ၀င်ခိုင်းပြီး စမ်းစေပါသတဲ့
ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကို ပြောသတဲ့ ..

" ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ …အပျိုမလေး ရဲ့ ဗိုက်သား
လိုပါဘဲလား ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကိုး " တဲ့
ကိုကြီးကျော် သဘောကျ သွားသပေါ့ …

ဥပမာ ကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့
" အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိ သွားပြီဘဲ "

နောက်တစ်ယောက် ၀င်သွားပါသတဲ့ …
သူလဲ ..ပြန်ထွက်လာပြီး …
" အော် ကွန်ပျူတာ ဆိုတာ ..အပျိုမ ကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ " တဲ့
" အမ် …မင်းက ဘယ်လို စမ်းတာလဲ " ဆိုတော့
" ကျနော် ထိုင်ပြီး စမ်းတာပါ" …တဲ့ "
" အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား
….ဟားဟား …"

နောက်ထပ် တစ်ယောက် ၀င်ပါသတဲ့ကွယ် ..
သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့ ..
" ကွန်ပျူတာဆိုတာ ..အပျို မ ကလေးရဲ့ …အသားလိုပါဘဲ ..နှိပ်လိုက်ရင်
ခွက်ဝင်သွားတယ်နော် …" တဲ့
" အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး "
ကိုကြီးကျော် လန့်တောင်နေပါတယ်တဲ့ ..
ဒီကောင်တွေရဲ့ ဥပမာက အပျို မ ထဲကကို မထွက် လို့ လေ

နောက်တစ်ယောက်လဲ ထွက်လာပြီး ..
" အပျိုမကလေးရဲ့ ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့ "
" အော် ဒီကောင်က မာသာဘုတ် ကို စမ်းမိတာကိုး "

နောက်ဆုံးတစ်ယောက် အထဲကို ၀င်သွားတော့ ကိုကြီးကျော် …စိတ်ဝင်တစား စောင့်နေမိတယ် …
သူတို့ ဥပမာပေးတွေက ကောင်းလွန်းနေတာကိုး ကွယ်

နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီး
ပြေးထွက်ရင်း ပြောသတဲ့

" ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ " လို့ ဆိုပြီး ရဲတွတ်နေတဲ့
ပါးကို လက်နဲ့ ပွတ်ရင်း ပြောသတဲ့ ..
ကိုကြီးကျော် ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲက
…မိန်းကလေးတစ်ဦးထွက်လာပြီး

" ဒီမယ် ကိုကြီးကျော် ..ရှင့် ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ
..ဒီနေ့ ဘာအချိုး ချိုးတာလဲ ပါးကျိုးသွားချင်လို့လား ..တော်ပြီ ရှင့်
အလုပ်က ထွက်တယ် …" ဆိုပြီး ထွက်သွားပါသတဲ့ ..သည်တော့မှ ကိုကြီးကျော်လဲ..

" ဟိုက် …ငါ့ ..အတွင်းရေးမှူးမ ကို အခန်းထဲက ထွက်ခိုင်းဖို့
မေ့သွားပါလား …တောက် ..ဟိုကောင်တွေ ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ
…" တဲ့လေ။ :D......

သူငယ်ချင်းတို့ရေ....
အခန်းထဲကို ပေးမဝင်မိစေကြနဲ့နော်...
တော်ကြာ....ဟဲ...ဟဲ..ဟဲ

ခရက်ဒစ်တူ --> မြန်မာဟာသဂရုပ်ဖေ့စ်ဘွတ်




တစ်ချက်ပြုံးလျှင် တစ်ရက်အသက်ပိုရှည်ပါတယ် အားလုံး ပြုံးနိုင်ကြပါစေ မောင်ဂိ



+7
လုပ်သလို မဖြစ်ရင် ... ... ဖြစ်သလို လုပ်မယ် ... ... ဒါဘဲ

Offline ngasai

  • ပထမနှစ်
  • *
  • Posts: 6
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +45
Re: အမောပြေဟာသမှတ်စု
« Reply #153 on: May 25, 2011, 10:56:46 PM »
သို့/ နည်းပညာ အကျော်အမှော်များရှင်
ကျွန်မအကူအညီတစ်ခု တောင်းလိုက်ပါတယ်။

မနှစ်က "ချစ်သူရည်းစား ၅.ဝဗားရှင်း"ကို "ခင်ပွန်းယောက်ျား ၁.ဝဗားရှင်း"အဖြစ် ကျွန်မတိုးမြှင့်ပြီးနောက် စစ်စတန်(System)တချို့ အခြေအနေဆိုးလာတာကို တွေ့ရပါတယ်။

အထူးသဖြင့် "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ ဖန်ရှင်ဖြစ်ပါတယ်။ ဒီဖန်ရှင်နှစ်ခုဟာ "ချစ်သူရည်းစား ၅.ဝဗားရှင်း"တုန်းက ဘာပြဿနာမှ မရှိခဲ့ပါဘူး။

အဲဒီအပြင် "ခင်ပွန်းယောက်ျား ၁.ဝ"ဟာ သုံးလို့ကောင်းတဲ့ ဆော့ဝဲလ်တချို့ကိုလဲ ပျက်စီးစေခဲ့ပါတယ်။ ဥပမာ-- "ရိုမန်တစ် ၉.၅"နဲ့ "ဂရုစိုက်မှု ၆.၅"တို့ဖြစ်ပါတယ်။ အဲဒီဆော့ဝဲလ်တွေကို "ဘောလုံးပွဲ ၅.ဝ"၊ "NBA ဘတ်စကက်ဘော ၃.ဝ"နဲ့ "ဂေါက်ပြိုင်ပွဲ ၄.၁"တို့နဲ့ ဝင်ရောက်အစားထိုးခဲ့ပါတယ်။

"စိတ်ချင်းစိတ်နားလည်မှု ၈.ဝ"ဟာလည်း လုံးဝ အလုပ်မလုပ်တော့ပါဘူး။ နောက်ပြီး "အိမ်အလုပ် ၂.၆"ကို ဖွင့်လိုက်တာနဲ့ စစ်စတန်တစ်ခုလုံး ဟမ်းသွားပါတယ်။ "တပျစ်တောက်တောက် ၅.၃"ကို ရမ်း(run)ပြီး ကျွန်မဖြေရှင်းခဲ့လည်း အချည်းနှီးပါပဲ။ ဒါကြောင့် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဖြေရှင်းပေးစေချင်ပါတယ်။

မှ/ စိုးရိမ်ပူပန်သူတစ်ဦး


သို့/ စိုးရိမ်ပူပန်သူ

ပထမဦးဆုံး သင့်ကိုသတိပေးချင်တာက "ချစ်သူရည်းစား ၅.ဝ"ဆိုတာ ဖြေဖျော်တဲ့ဆော့ဝဲလ်တစ်စုံသာဖြစ်ပြီး "ခင်ပွန်းယောက်ျား ၁.ဝ"က Operating system ဖြစ်တယ်။ http://ငါ့ကိုနင်ချစ်ခဲ့တယ်.htmlဆိုတဲ့ ဆိုက်ထဲဝင်ပြီး "မျက်ရည် ၆.၂" နဲ့ "အပြစ်ရှိတယ် ၃.ဝ"ဆိုတဲ့ဆော့ဝဲလ်ကို တောင်းလုပ်ချပြီး ရမ်းလိုက်ပါ။

တကယ်လို့ ဒီဆော့ဝဲလ်တွေ အလုပ်လုပ်တယ်ဆိုရင် "ခင်ပွန်းယောက်ျား ၁.ဝ"က အလိုလိုနေရင်း "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ဖန်ရှင်ကို လည်ပတ်လိမ့်မယ်။ တစ်ခုသတိထားရမှာက "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ဖန်ရှင်ကို လိုအပ်တာထက် ပိုမသုံးမိပါစေနဲ့။ တကယ်လို ပိုသုံးခဲ့ရင် "ခင်ပွန်းယောက်ျား ၁.ဝ"က "စိတ်တိုဒေါသ၂.၅"နဲ့ "အိမ်မကပ် ၇.ဝ"၊ "ဟိုတယ်တက် ၆.၁"ဆိုတဲ့ ဆော့ဝဲလ်တွေကို အလိုလိုနေရင်း ရမ်းမိတတ်တယ်။

"ဟိုတယ်တက် ၆.၁"တဲ့ ဆော့ဝဲလ်က လုံးဝ သုံးလို့မကောင်းတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်တယ်။ ဒီဆော့ဝဲလ်က "အငယ်အနှောင်း"ဆိုတဲ့ စမ်းသပ်ဖိုင်(testing file)ကို အလိုလိုနေရင်း တောင်းလုပ်ချတတ်တယ်။

နောက်ပြီး "ယောက္ခမ ၁.ဝ"ဆိုတဲ့ ဆော့ဝဲလ်ကိုလည်း တောင်းလုပ်မချမိပါစေနဲ့။ (ဒီဆော့ဝဲလ်က ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး မထင်ရင်မထင်သလို သင့်OSထဲရှိသမျှကို အပိုင်ယူသွားလိမ့်မယ်)

နောက်ပြီး နောက်ထပ်"ချစ်သူရည်းစား ၅.ဝ"အသစ်ကို ထပ်မတပ်ဆင်မိပါစေနဲ့။ ဒီဆော့ဝဲလ်ကို ကျွန်တော်တို့ လက်မခံသလို "ခင်ပွန်းယောက်ျား ၁.ဝ"နဲ့လည်း အံဝင်ခွင်ကျ မဖြစ်စေပါဘူး။ မမျှော်လင့်နိုင်တဲ့ မှားယွင်းမှုတွေ ဖြစ်စေတတ်ပါတယ်။

နောက်ဆုံးပြောရရင် "ခင်ပွန်းယောက်ျား ၁.ဝ"က အရမ်းကောင်းတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မှတ်ဉာဏ်(Memory)အကန့်အသတ်ကြောင့် အချိန်တိုတိုအတွင်းမှာ ပရိုဂရမ်အသစ်တွေကို သူ လက်မခံနိုင်သေးပါဘူး။ ဒါကြောင့် "အစားအသောက်ကောင်း ၃.ဝ" ၊ "အပြုအစု၊ ဆက်စီ ၇.၇"ဆိုတဲ့ plug in နှစ်ခုထပ်ဆက်ပေးပြီး မှတ်ဉာဏ်နဲ့ စစ်စတန်ကို တိုးချဲ့ပေးလိုက်ပါ။

ကံကောင်းပါစေ

credit Siam Tai Mai
+5

Offline bloodthirsty

  • စီနီယာ
  • ***
  • Posts: 148
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +984
Re: အမောပြေဟာသမှတ်စု
« Reply #154 on: May 26, 2011, 08:21:50 AM »
Facebook ခေတ် (from fwd mail)

အချစ်ရေ ..

အချစ် အမြန်ဆုံး နေပြန်ကောင်းလာပါစေလို့ မောင် ဆုတောင်းပေးပါတယ်။

အချစ်နေမကောင်းဘူး ဆိုတာကို သိသိချင်းပဲ မောင့်ရဲ့ Poker ဒေါင်းဖော်ဒေါင်းဖက် သူငယ်ချင်းတွေ၊ Mafia မိတ်ဆွေတွေ၊ မောင့် ဘောလုံးအသင်းကလူတွေ၊ ပြီးတော့ အချစ်ရဲ့ သူငယ်ချင်း လယ်သူမတွေ ၀ိုင်းပြီး သတင်းမေးကြ၊ ဆုတောင်းပေးကြတာ အချစ် Wall ပေါ်က မောင့် Post မှာ Comment တွေ ရာထောင်ချီသွားတယ် အချစ်ရယ်။

အချစ်ရဲ့ ဆေးရုံကုတင်ပေါ်ကပုံလေးကို မောင် Upload လုပ်ပြီး တင်လိုက်တော့လဲ ၀ိုင်းပြီး ၀မ်းနည်း Comment အားပေး Comment တွေ ပေးကြပြန်ရော။

အော် .. ဒါနဲ့ ပြောရဦးမယ်။ အချစ် အရင်တုန်းက ဆေးစစ်ထားတာတွေကို မောင် Scan ဖတ်၊ Upload လုပ်ပြီး အချစ်ရဲ့ ဆရာဝန် ကြည့်လို့ ရအောင် အဲဒီ Photo မှာ သူ့ကို Tag လုပ်ပေးထားတယ်။ အဲဒီ ဆရာဝန်က တော်တယ်နော်။ လူနာတွေကိုလဲ တော်တော် ဂရုစိုက်တယ်။ အချစ် ဆေးရုံပေါ်က ဆင်းတော့မှ သူ့ Wall ပေါ်မှာ မောင်တို့ ကျေးဇူးတင်စကား သွားရေးကြမယ်လေ နော်။ သူတင်သမျှ Post တွေကိုလဲ မောင် Like လုပ်ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။

အဲဒီ ဆရာဝန်နဲ့ မောင်နဲ့ Friend ဖြစ်နေလို့ အံ့သြသွားလား။ သူက မောင့် Mafia ဂိုဏ်းမှာ မောင့်ရဲ့ ညာလက်ရုံး အချစ်ရဲ့။ Mafia မှာ သူက မောင့်ထက်တောင် Level မြင့်သေးတယ်။

အချစ် ဆေးရုံပေါ်မှာ အေးအေးဆေးဆေး နေကောင်းအောင်သာ ဂရုစိုက်နော်။ ဟိုဟိုဒီဒီတွေ တွေးပြီး ဘာမှစိတ်ပူမနေနဲ့။

အချစ်ရဲ့ လယ်ကွက်လေးကို မောင် ပျိုးနှုတ်၊ မြက်ရိတ်၊ ပေါင်းသင်၊ ရေလောင်း၊ တိရိစ္ဆာန်တွေ အစာကျွေး အကုန်လုပ်ပေးထားတယ်။

အချစ်ရဲ့ စားသောက်ဆိုင်ကိုလဲ မောင်နေ့တိုင်း သွားသွားပြီး ဆိုင်ဖွင့်ပေးပါတယ် အချစ်ရဲ့။

ဒါနဲ့ စကားမစပ် အချစ်ရေ .. အချစ်သူငယ်ချင်း ဟို .. မီးပုံးပျံလေ မနေ့က သားလေးတစ်ယောက် ချောချောမောမော မွေးတယ် သိလား။ သူတို့ သားလေးက Photo ထဲမှာ ချစ်စရာလေး။ မောင်တောင် သူတို့ Wall ပေါ်မှာ သေချာသွားပြီး Congrat Comment ပေးလိုက်သေးတယ်။ မောင်တို့ကို အားကျစေချင်လို့နဲ့ တူပါတယ်။ ကလေး Photo မှာ မောင်တို့ ၂ယောက်ကို Tag ထားတယ် သိလား။

ဟွန်း .. အချစ် နေပြန်ကောင်းတော့မှ မြန်မြန် ကလေးယူပြီး အချစ်ဗိုက်ကို နေ့တိုင်း ဓာတ်ပုံရိုက် တင်ပြစ်မယ်။

ကဲ .. Note လဲ တော်တော် ရှည်သွားပြီ အချစ်ရယ်။ မောင် တစ်ခြား Comment ပေးစရာပေး၊ Like လုပ်စရာရှိတာတွေ လုပ်ပြီးရင် အချစ်ဆီ လာခဲ့တော့မယ်။

မောင့်ကို လွမ်းရင် ဒီမှာ Comment ပေးနော်။ အချစ် မြန်မြန် ကျန်းမာလာပါစေ။


ချစ်တဲ့မောင်

credits to http://myanmarinsingapore.com/
+4
SUCCESS is the only option, Failure's not.......!!!!!!!!!!!!

Offline bloodthirsty

  • စီနီယာ
  • ***
  • Posts: 148
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +984
Re: အမောပြေဟာသမှတ်စု
« Reply #155 on: May 26, 2011, 08:25:13 AM »
တစ်ပါတ်အတွင်း သတင်း အခြေအနေများကိုတင်ပြသွားမှာဖြစ်
> ပါတယ်။
>
> (၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင်း ယမန်နေ့ညနေက
> ပေါက်ကွဲအားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ
> အနီးတ၀ှိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။

> (စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ
> ပွဲချင်းပြီးသေဆုံးသွားခြင်ြးေ
ကာင့်ဖြစ်၏)အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့်
> ပေါင်တစ်ဖက်ပြတ်နေသည်ဟုယူဆပြီး ထောက်လှမ်းရေးမှ
> အပူတပြင်းစစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်း မှ အချဉ်တို့ထားသော
> ကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း သိရှိရသည်။ထိုကြက်ပေါင်အား
> အတင်းရေးမှူးတစ်မှ မိန်းမစားရန်အလို့ငှာ အိမ်သူပိုင်
> သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။
>
> (၂) သဘာငတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်း
> မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှူအခြေအနေများကို အငမ်းမရ
> သွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို
> မှာစားခဲ့သည်။
>
> (၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့
> ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ
> ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင်
> ပလက်ဖောင်း ဟိုဘက်ဒီဘက်ကိုဆက်သွယ်သော နှစ်ပေခန့်မြင့်သည့်
> မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန့်ကုန်ကျငွေမှာ
> အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ
> အသုံးပြုကျခံသွားမည်ဖြစ်သည်။
>
> (၄) အတင်းရေမှူး ၁ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယဉ်မသုံးရနေ့ ဖြစ်သော
> လွန်ခဲ့သောသောကြာနေ့က ယဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း
> ရဟတ်ယဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။
>
> (၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ
> စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာသော်လည်း
> အသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။
>
> (၆) လွန်ခဲ့သောလ က မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ
> ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်ကအ၀တ်အထည်ဟုယူဆရသော အ၀တ်ထည်ကို
>ေ၇ှးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ယမန်နေ့က သဘာပတိသည် သူ၏
> ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ၎င်းအ၀တ်ထည်ကို ပြတိုက်မှ
> ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။
>
> (၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက်
> ၀မ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက်
> ၀မ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင့်ပေါ့ဆောင်မိသဖြင့်
> နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။
>
> (၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီးမ ဇင်ဇင်သည်
> မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက်
> အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အဂ်လိမ်စာ
> ပိုမိုတတ်မြောက်စေရေးအတွက်လည်း အဂ်လိပ်စာများကို မြန်မာစာများဖြင့်ညပ်၍
> သင်ကြားသွားမည်ဟုသိရသည် ။ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First
> ၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat
> ထထ Dance.... အစရှိသောကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။
> တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။
>
> ပုံ/
> ပျံကျားရေးဝံကြီး

Sharing from forwarded mail
Zan

credit to http://myanmarinsingapore.com
+6
SUCCESS is the only option, Failure's not.......!!!!!!!!!!!!

Offline bloodthirsty

  • စီနီယာ
  • ***
  • Posts: 148
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +984
Re: အမောပြေဟာသမှတ်စု
« Reply #156 on: May 26, 2011, 08:28:50 AM »
၂၀၁၂ ကမ္ဘာပျက်ခဲ့ရင် (မရယ်ပါနှင့် မပြုံးပါနှင့်)


*၂၀၁၂ဟုတ်သော်ရှိ၊မဟုတ်သော်ရှိ........................
၂၀၁၂ ကမ္ဘာပျက်မလား မပျက်ဘူးလားဆိုတာကို အခုအချိန်မှာ ၁ လေး ၁လေး
လောင်းလို့ရပြီလို့ကြားရပါတယ်။

မလေးရှား ဘောလုံးပွဲဒိုင်တွေက ထောင့်ကန်ဘော
ဘယ်အသင်းစကန်မလဲအထိလောင်းလို့ရတယ်လို့ သိရပြီးတဲ့နောက်မှာ
ဒါဟာမထူးဆန်းတော့ပါဘူး။
ဘဒ္ဒကမ္ဘာကိုယ်တိုင် စတုတ္ဘမြောက် ဘုရားပွင့်ပြီးချိန်အပြီးမှာတင်
ကံတော်ကုန်မလိုဖြစ်နေတာ နည်းနည်းတော့ပျော်စရာကောင်းပါတယ်။
တချို့ဇာတ်သိမ်းတွေက ထင်သလိုတော့ မလှဘူးပေါ့။ ဟုတ်မလိုလိုနဲ့
မျက်နှာပြင်ကြီးခဲလာပြီးမှ အခုတော့ သူ့ထက်ကြီးတဲ့ တောင်ကြိးကို ကြက်ဥလို
တိုက်ခွဲရဦးမယ်ဆိုတော့လည်း ခါးချဉ်ကောင်လောက်တောင်
မာန်မကြီးနိုင်တော့ဘူးပေါ့လေ။

ဒီအကြောင်းကို ဖတ်ဖူးတဲ့သူတွေဆီက လိုက်လံမေးမြန်းပြီးသကာလမှာ ...
မပြေးသော်လည်းကန်ရာရှိတယ် ဆိုသလို၊ ဖြစ်တန်ရာရှိတာတွေလည်းတွေ့ရတယ်။
တိုက်ဆိုင်မှုတွေများလွန်းတဲ့အခါ မဖြစ်နိုင်ဘူးဆိုတာကိုက
မရှိသလောက်ရှားလာပြီ။

နောက်ဆုံးတော့ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ၂၀၁၂ ကတော့ ရောက်လာမှာပါ။
၂၀၁၁ မှာ အဲဒီ ၀င်တိုက်မယ့် ဂြိုဟ်ကို
တွေ့ရမယ်လို့ပြောတယ်လို့လည်းသိရပါတယ်။ တကယ်လို့သာ သိသာတဲ့
အကြောင်းအရင်းကို တွေ့ရမယ်ဆိုရင် …
လူတွေဘာတွေဆက်လုပ်ကြမလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။

တချို့လည်းတောထွက်ဖို့ နေ့ရွေ့ညရွေ့လုပ်နေတာ ၂၀၁၂
မတိုင်မီထွက်မှဆိုတာကောင်းကောင်းကြီးနားလည်သွားတယ်။

တချို့လည်း အခုအချိန်ကစပြီး သုံှးနှစ်အတွင်း မသောက်တော့ရင် နောက်
ဘီယာရှိတဲ့ ကမ္ဘာကို
ဘယ်လောက်စောင့်ရမယ်မပြောတတ်ဘူးလို့ကြုံးဝါးပြီးတစ်နေ့တစ်နေ့ပိုပိုသောက်လာကြပါပြီ။
၂၀၁၂ မှာ belly ချပ်ချပ်ရပ်ရပ်လေးဖြစ်အောင်
လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေလည်း ဗိုက်ချပ်ပြီးသေတော့ရောဘာထူးလဲဆိုပြီး
အဆီလျှော့မထားတဲ့နွားနို့တွေ တစ်ပတ်နှစ်ဗူး သုံးဗူးပြန်သောက်နေပါပြီ။

တစ်ချို့လည်း ဖုံတက်နေတဲ့ ချိတ်ပုတီးတွေကို အခု ပုံမှန်ပြန်စိပ်နေပါပြီ။
လခတိုးပြီးရဖို့ကြိုးစားတော့လဲ အလကားပဲလို့ပြောစပြုလာကြပါပြီ။
သေရင်ပြီးပြီဆိုသူတွေလည်း ပိုပြုံးလာတာကိုတွေ့ရပါတယ်။ တစ်ချို့တွေကတော့
နေရတာတန်လားမတန်လား အငြင်းပွားလာပါပြီ။ တစ်ချို့ကလည်း
ကြောက်တာကိုမသိမသာဖြစ်အောင် အလကား မဟုတ်တမ်းတရားတွေပါလို့
မယုံမရဲပြောရင်း
မျက်နှာတွေဖရိုဖရဲဖြစ်နေပါပြီ။(မျက်နှာပျက်သည်ဟုပြင်ဆင်ဖတ်ရှုပါရန်)။

မသေရင် ကိစ္စမရှိပါဘူး ..။ သေရင်တော့ ကိစ္စရှိပါတယ်။

အားလုံးတပြိုင်နက်သေမယ့်အရေးထက်ပျော်စရာကောင်းတာမရှိပါဘူး။ သေရတာက
ကြောက်စရာကောင်းတာမဟုတ်ပါဘူး။

ငရဲကို တပြုံကြီးရောက်သွားတယ်ဆိုပါစို့။ နည်းနည်းစိုးရိမ်စရာရှိတာက
ငရဲမှာ ၀န်ထမ်းမလုံလောက်တော့ ဆီနဲ့မကြော်ဘဲ
ဘာဘီကျူးပဲလုပ်လိုက်ရင်မချောင်ဘူး။ ငရဲသားက သေချာမနှိပ်စက်ဘဲ
ဖြစ်သလိုကြော်လိုက်ရင်လည်း နီကြွပ်ကြွပ်လေးမဖြစ်ဘဲ တခြမ်းတူးသွားတာမျိုး၊
ပဲခွပ်နဲ့ရွေခုတ်တာ ချော်ပြီး အသားတွေက အမြောင်းလိုက်လေးပါမသွားဘဲ
ဆံပင်မညှပ်တတ်ညှပ်တတ်နဲ့ ဆံသသမားညှပ်ထားတဲ့ဆံပင်လို
ကျိုးတိုးကျဲတဲတွေဖြစ်ကုန်မယ်။ ဒါကလည်းခဏပါ။

ငရဲခွေးတွေကလည်း လူတွေအများကြီးရောက်လာတော့
ကိုက်ရတာမောပြီးသေကုန်တယ်။လူတွေတင်ကိုက်ရတာမဟုတ်ဘူးလေ။
အင်းဆက်ဘ၀ရောက်နေကုန်သော ဝေနေယျတွေပါသေးတယ်။ ပုရွက်ဆိတ်တစ်ကောင်ကိုဆို
မိမိရရကိုက်ဖို့ သုံးရက်လောက် အားထုတ်ရတယ်။ ကြည့်လေအခုဆို တကမ္ဘာလုံးက
ပုရွတ်ဆိတ်တွေကို ကိုက်ရမယ့် ငရဲခွေးဆို သူ့ခေါင်းကိုသူထုထုပြီးကို
အူနေတော့တာ။ ပိုဆိုးတာက ငရဲကိုထပ်ချဲ့ဖို့ ဘတ်ဂျတ်မရှိဘူး။

တရုတ်ပြည်ကရောက်လာတဲ့သူတွေကိုကြတော့ တရုတ်ငရဲထိန်းတွေက စက်နဲ့ရိုက်ရတယ်။
ဒါတောင် စက်က မရိုက်နိုင်တော့ဘူး။ ပင်နီယံတွေကြွေကုန်တာ။
ငရဲမင်းကြီးလည်းခြေမကိုင်မိ လက်မကိုင်မိ၊ တခါတခါယောင်ယမ်းပြီး ခြေမ
ကိုက်မိ၊ လက်မ ကိုက်မိတွေပါ ဖြစ်လာသေးတယ်။ အရင်က ကျယ်လှပါပြီဆိုတဲ့
ကြေးအိုးကြီးငရဲဆိုပါတော့။ အခုလူတွေရော
ကြံ့တွေရောဆင်တွေရော၊မျောက်တွေရောငါးတွေရော …. ပိုးလောက်လမ်းတွေရော
ဖြုတ်တွေရော၊ သမင်၊ဒရယ်။ချေ၊ငယ်၊ဆိုင်၊ဆတ်၊ဖွတ်၊ပဒတ်တွေရော၊
ကြည်းရေလေသက်ရှိတွေ (၀က်၊ လိပ်နဲ့ ငှက်တွေ) ရော ၊ မိချောင်းမင်းတွေရော ၊
ဖွတ်မိချောင်းဖြစ်တွေရော၊ ကံဆိုးမရော၊ လှံပစ်သမားပါ အစုံအလင် တစုတဝေးထဲ
တစ်အိုးတည်းဝင်ထိုင်တော့ ခမ်းသွားတယ်။

အရင်က ကုလားဖြူစကားနဲ့ sinners လို့ခေါ်တဲ့သူတွေက အခုတော့ ငရဲမှာ
ဆင်းနားနေရသလိုဖြစ်လာတယ်။ ဆီတွေလည်းခမ်းပြီး။
ငရဲခွေးတွေလည်းသွားကျိုးကုန်ပြီ။ ငရဲထိန်းတွေလည်း လှံတွေကောက်
စိတ်တွေကောက်ဖြစ်ကုန်ပြီ။ ဆူးပင်တွေလည်း တက်တဲ့သူများလွန်းတော့
ဆူးတွေကျွတ်ပြီး နောက်ဆုံးချောတိုင်လိုလိုကိုဖြစ်သွားတယ်။

အ၀ီစိမှာ ဂျိုးကပ်ဖို့နေနေသာသာ အ၀ီစိကိုက ငါးပိအိုးလိုဖြစ်နေတယ်။
သစ်ပင်တွေ နာဂစ်မှာပါသွားတော့ ရုက္ခစိုးတွေ
ခြေသလုံးအိမ်တိုင်လျှောက်သွားရင်း ညဉ့်နက်လမ်းသွား ဖြစ်ကုန်တာနဲ့
ကမ္ဘာပျက်တော့ အ၀ီစိရောက်လာတာတင်မနည်းဘူး။ ငါးသလောက်ဥစားမိတဲ့သူတွေနဲ့
ဥနဲ့ပုစွန်စားတဲ့သူတွေလည်းအဲဒီမှာပဲ။ အားလုံးညပ်နေတာနဲ့ အ၀ီစိလည်း
ဂျမ်းဖြစ်သွားတယ်။ ငရဲကတာဝန်ကျသူတွေကလည်း တော်ပါပြီဗျာ
နှိပ်စက်နေတော့လည်း ကျုပ်တို့က ငရဲပြန်ကြီးတာပဲအဖတ်တင်တယ်။
နေသာသလိုနေပါတော့။ နောက်ကမ္ဘာပြန်ဖြစ်မှ အေးအေးပြန်ပါတွေဘာတွေဖြစ်ကုန်တယ်။

နတ်ပြည်ကပိုဆိုးသေးတယ်။ အားလုံးက နတ်သားတွေချည်းဖြစ်တယ်။
နတ်သမီးရမလားလို့လိုက်ရှာတော့ All male Nats ဖြစ်နေတယ်။
(မယ်တော်မိနတ်သားဖြစ်သည်ကို သတိပြုပါ။ မယ်တော်မိနတ်သမီးမဖြစ်ပါ။)
နည်းနည်းကြာတော့ အားလုံးက ရုပ်ပျက်လာတယ်။ နတ်ပြည်နတ်ပြည်နဲ့
အဲကွန်းမရှိ၊ရေခဲမုန့်မရှိ၊ ကိုးရီးယားကားမရှိ၊ shopping mall မရှိ၊
ဘောလုံးပွဲမရှိ၊
Golf Club မရှိ၊ ဘာရှိလဲတောင်ပြန်မေးယူရတယ်။ ဘာမှကိုမရှိတာ။ လမ်းမှာက
ရွှေတွေနဲ့ ရွှေမှသုံးလို့မရတာ ဘာလုပ်မလဲ။ တစ်ယောက်တစ်လှည့် သိကြားမင်း
အလှည့်ကျဖြစ်နေရတာ ကြာတော့ သေချင်စော်နံလာတယ်။

နတ်သားတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ချုံးပွဲချငိုနေကြတယ်။
မြောက်ကျွန်းကိုသွားဖို့ အားလုံးကတိုင်ပင်တယ်။ နတ်ဖြစ်ပြီး
နတ်သမီးမရှိတဲ့ဘ၀ဟာ ဖောင်အကြီးကြီးစီးမိပြီး ရေအကြီးကြီးငတ်နေတဲ့
သူဆင်းရဲနဲ့တူတယ်လို့ပြောလာကြတယ်။
မြောက်ကျွန်းကိုနတ်တွေအားလုံးသွားကြတယ်။ စာတွေအရတော့
မိန်းမချောတွေအပြည့်ဆိုတာကိုး။

မြောက်ကျွန်းရောက်တော့ နတ်တွေအားလုံးခွေခနဲလဲကျသွာတယ်။ …
မြောက်ကျွန်းဆိုတဲ့ ဆိုင်းဘုတ်တောင်ပြင်ထားပြီးသားဖြစ်နေတယ်။
အခြောက်ကျွန်းဖြစ်နေပြီ။ အလှတွေ အလွန်ပြင်ရင်း တစတစ အခြောက်တွေ
မြောက်ကျွန်းရောက်လာတာကနေစပြီး ဒီလိုဖြစ်ကုန်တာလို့ ပြောတယ်။ ဒါဝင်ရဲ့
အီဗော်လူးရှင်း သီအိုရီကို နတ်တွေအားလုံး မချိတင်ကဲလက်ခံလိုက်ရတယ်။
အားလုံးက နတ်ဖြစ်ရတဲ့ ဒုက္ခဆိုတဲ့ သီချင်းကို ခပ်ယဲ့ယဲ့လေးညည်းပြီး
နတ်ပြည်ပြန်ကြတယ်။

ဗြဟ္မာတွေလည်း ထပ်ခိုးအထိပြည့်နေတယ်။ ရူပဗြဟ္မာတွေက
စိတ်မရှိဘဲရုပ်ပဲရှိတယ်ဆိုတော့ ထပ်ခိုးထပ်လုပ်ဖို့သစ်သားမရှိတဲ့အခါ
ရူပဗြဟ္မာတွေကို ခဏသုံးလိုက်ရတယ်။ သူတို့ကစိတ်မဆိုးပါဘူး။ စိတ်မှမရှိဘဲ။
ဗြဟ္မာတွေက လူကောင်ထွားတော့ ရောက်လာသမျှချုပ်ပေးနေရတဲ့
ဗြဟ္မာကြီးတ၀င်းဝင်းဖက်ရှင်ဆိုင်က အပ်ထည်တွေမနိုင်တော့ဘူး။
ဈေးကွက်စီးပွားရေးအရနောက်ရောက်တဲ့ဗြဟ္မာဆို စွပ်ကျယ်ချိုင်းပြတ်ပဲရတယ်။
ဗြဟ္မာကြီးတ၀င်းဝင်းရဲ့ brand တ၀င်းဝင်းကိုတော့ ထုံးစံအတိုင်း
ရွှေစာလုံးနဲ့ထိုးပေးပါတယ်။ ဒါကလည်း သူတို့က ပရိတ်သတ်ကြီးကို
စေတနာတုံ့ပြန်နေတာပါလို့ ပြောပါတယ်။

၃၁ ဘုံမှာ ဘုံပျောက်သွားတဲ့လူတွေဖြစ်ရတာ နည်းနည်းတော့
ကသိကအောင့်နိုင်တာပေါ့။ ဘယ်ဘုံက ဘယ်ဘုံထက်သာသေးလို့လဲ …။
အားလုံးအတူတူသေပြီဆိုမှဖြင့် ငိုမယ့်သူက ကိုယ်နဲ့ပါလာတော့သေရတာ
နည်းနည်းအရသာပျက်တာမျိုးတော့ရှိကောင်းရှိမယ်။ နတ်ပြည်ရောက်တော့ အကုန်
အထီးတွေဖြစ်နေတဲ့အခါ နည်းနည်းတော့ ခေါ်ရတာ ထောက်သွားတယ်။

အရင်က ၂ပေတစ်လက်မက အခု ငါးလုံးခုနစ်ဖက် ခြောက်ဂါဝုတ် ဖြစ်လာတော့
ရယ်မိကောင်းရယ်မိနိုင်တယ်။ နည်းနည်းပြင်ဆင်ထားရတာပေါ့။
စကားမပီတဲ့သူကတော့ခက်တယ်။ နတ်တွေက ပါဠိလိုပြောရမယ်ဆိုတာနဲ့
ဘာသာစကားသင်ရခက်တယ်။ သိပ်တော့လည်းကိစ္စမရှိပါဘူး..
လက်ဟန်ခြေဟန်နဲ့ကြိုးစားပြောကြည့်ရတာပေါ့။

ဘယ်ဘုံမှာပဲပြန်တွေ့တွေ့ … လူတွေများများရှိလာတဲ့နေရာဟာ …. ကမ္ဘာဆန်နေဦးမှာပါ။ ။

ခင်မင်စွာဖြင့်

By..Zephyr.....
------------------------------------------------------------------------------------
*ပြက္ခဒိန်တွင် ရက်ကုန်၍သာ ကမ္ဘာပျက်ကြေးဆိုလျှင်
မိမိစားပွဲပေါ်မှပြက္ခဒိန်မှာ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကုန်ပြီ
ဖြစ်ကြောင်း...................
အလင်းစေတမန်မှမျှဝေတာပါ)
+1
SUCCESS is the only option, Failure's not.......!!!!!!!!!!!!

Offline bloodthirsty

  • စီနီယာ
  • ***
  • Posts: 148
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +984
Re: အမောပြေဟာသမှတ်စု
« Reply #157 on: May 26, 2011, 08:32:20 AM »
စင်ကာပူတွင် အလုပ်လုပ်သူများ အောင်မြင်ရေးအတွက်
•   Posted by mi kauk on January 7, 2011 at 4:30pm
•   Send Message   View mi kauk's blog
စင်ကာပူတွင် အလုပ်လုပ်သူများ အောင်မြင်ရေးအတွက် လိုက်နာဖွယ် နည်းလမ်းများ.....
၁) ရုံးချိန်ကို ၁စက်ကန့်မျှနောက်မကျပါစေနှင့် ရုံးရောက်ပြီးမှ မိတ်ကပ်လိမ်း၊ မနက်စာစား၊ အီအီးပါ စသည်များလုပ်ပါ။

၂) နေ့လည်အိပ်ငိုက်လျင် အိပ်သာသို့ ချက်ချင်း ပြေးပြီးအိပ်ပါ။ သူဌေးမရိပ်မိပါစေနှင့်။

၃) အလုပ်ပြောင်းလိုလျင် အနည်း ဆုံ: LV သို့ Gucci အိပ်တလုံးဆောင်ထားပါ၊ TAKA မှ တလုံးစီန် (အလုံးကြီးကြီး) လက်စွပ်ဝတ်နိုင်လျင် ရာထူး မြင့် မြင့်ရမည်။
ဘာမှ မတတ်ချင်နေ ထိုအသုံးဆောင် များနှင့် သစ်လွင်သော အ၀တ်အစားများ ၀တ်ပြီး အင်တာဗျူး လုပ်သူအား ရယ်မောရ်ျ စကားပြောပါ။
(LV အိတ်ဈေးကြီးရ်ျမ၀ယ်နိုင်သူများ မလေးရှား အတွင်အင်မတန်သေသပ်သော အတုရှိသည်။)

၎) အလုပ်ဝင်ပြီးရ်ျ ဘာမှမလုပ်တတ်လျင် နီးစပ်ရာ သူဌေးတယောက်ထံ အမြန်ကပ်ရ်ျ နှာခေါင်း သံဖြင့် စကားပြောပါ။ ရာထူးပါတက်မည်။

၅) နာမကျန်းခွင့် MC ယူချင်လျင် ကတိုးနှာရှုဆေးကို သူဌေးအလစ်တွင် ရှုရ်ျ သူဌေးရှေ့ တွင် ဟတ်ချိုး ခန ခန ချေပါလေ။ သူ သတိပြုမိရ်ျ မေးလျင် မျက်နှာ ညှိုးထားပြီး flu ဟုသာဖြေပါ။ ဖြေပြီး ၂ စက်ကန့် မှစရ်ျ အနည်း ဆုံး ခွင့် (၃) ရက် ကို ငြိုငြင်မှုကင်းစွာဖြင့် ရရှိမည်ဖြစ်သည်။
(သတိ- ဆေးခန်းများနှင့် စာချုပ်ချုပ်ထားသော ရုံးမှ ၀န်ထမ်းများ ဒီနည်းမသုံးရ ချက်ချင်းပြုတ်နိုင်သည်)

၆) ဒီအမှားက ငါလုပ်တာမဟုတ်ဘူး နင်လုပ်တာ ဆိုသော ပြန်လှန်ပြောဆိုမှုများကို ဝေးနိုင်သမျှရှောင်ရှားပါလေ။ ကိုယ်လုပ်တာမဟုတ်လင့်ကစား ဒီကိစ် စငါမသိလိုက်ဘူး ဒါပေမယ် နောက်တခါ ကျရင်သတိထားမှဖြစ်မယ် ဒီတစ်ကြိမ်တော့ ၀မ်းနည်းပါတယ် လို့ပြောလိုက်ပါ။ အခန့်သင့်လျင် သင် သူဌေးမှကျွေးသောနေ့လည်စာပါ စားရကိန်းရှိသည်။

ရ) သူဌေးနှင့် တွေ့လျင် ရိုသေစွာ လမ်းဖယ်ပေးချင်း ကိုယ်ကို ကိုင်းညွှတ်ရ်ျ စကားပြောခြင်း မပြုလုပ်ရ။ (မြန်မာ့ ယဉ်ကျေးမှုများ မလိုအပ်ပါ) သူဌေးအား သူ့ နာမည် သာခေါ်ပါ .... နာမည် ရှေ့တွင် ဟေ့ဘယ်သူ စသည်ဖြင့် ခေါ်နိုင်သည်။ မလိုက်နာပါက ရာထူး မတက်သည့် အပြင် နင်းပြားပုံစံဖြင့် ဆက်ဆံခြင်းခံရမည်။

ယုံကြည်စွာ ကျင့်သုံးကြည့်ပါ၊ လက်ရှိရာထူးတွင် မုချ ခိုင်မြဲမည့် အပြင် လစာပါတိုးနိုင်သည်။

မိတုတ် မလိုက်နာ ရ်ျ အလုပ်ပြုတ်ကာ မြန်မာပြည် ပြန်ပြီး ယခုသာကေတ ဆိုက်ကား ဂိတ်တွင်အကြော်ရောင်းနေရသည်။

မောင်သန်း လိုက်နာရ်ျ သူ့ သူဌေးမှ သုံးလိုရာသုံးရန် ကားတစ်စီးပေးထားသည်။

မိကောက်လိုက်နာရ်ျ ရုံးချိန်တွင် ဘလော့ ရေးနိုင်သည်။

စေတနာဖြင်
မိကောက်

credit to http://myanmarinsingapore.com
+8
SUCCESS is the only option, Failure's not.......!!!!!!!!!!!!

Offline bloodthirsty

  • စီနီယာ
  • ***
  • Posts: 148
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +984
Re: အမောပြေဟာသမှတ်စု
« Reply #158 on: May 26, 2011, 08:34:46 AM »
ပရော်ဖက်ရှင်နယ်....

၁၉၇၀ ခုနှစ်....ပြင်သစ်နိုင်ငံ လီယွန်မြို့ ဘူတာရုံတွင်ဖြစ်သည်....
ရထားဆိုက်သည်နှင့် ရထားပေါ်သို့ အပြေးအလွား တက်လာသော အမျိုးသမီးတစ်ယောက်ကို . ရထားပေါ်မှ အမျိုးသားတစ်ယောက်က လက်ကို ကူညီဆွဲတင်ပေးလိုက်သည်....
 
ကျေးဇူးတင်စကားပြောအပြီး....
 
အမျိုးသားက "ဒါနဲ့စကားမစပ် ခင်ဗျားက လက်နှိပ်စက် စာရေး မ လား"
 
အမျိုးသမီးက... "ဟုတ်ပါတယ်..... ရှင်ကရော အင်ဂျင်နီယာ လား ...."
 
သူက ....."ဟုတ်ပါတယ်....ကျွန်တော်အင်ဂျင်နီယာပါ...."
 
တစ်အောင့်လောက်ကြာတော့....
 
သူမက ...... "ဒါနဲ့နေပါအုန်း.. ကျမ လက်နှိပ်စက်စာရေး ဆိုတာ....ရှင်ဘယ်လိုလုပ်ပြီးသိတာလဲ......."
 
"အော်...ဒါလား....စောစောက....ခင်ဗျားလက်ကို ကိုင်ပြီးဆွဲတင်လိုက်တဲ့အချိန်မှာ...ခင်ဗျားရဲ့ လက်ချောင်းထိပ်တွေမှာ ....အသားမာတွေတက်နေတာ....သတိထားမိလိုက်တယ်လေ....ဒါကြောင့်ပေါ့.........ခင်ဗျားကရော ကျွန်တော်အင်ဂျင်နီယာဆိုတာဘယ်လိုလုပ်ပြီးသိတာလဲ....."
 
"ဒါလား.....ရှင့်ရဲ့ထီးက ကျွန်မရဲ့ စကတ်ကို အခုချိန်ထိ....ကရိန်းလို မ, တင်ထားလို့ပါ"
 
:P
 
 
ဘယ်သူ့ကိုမှ ထိခိုက်စေလိုချင်းမရှိပါ.....အပျော်သက်သက်ပါ.....

credit to http://myanmarinsingapore.com
+6
SUCCESS is the only option, Failure's not.......!!!!!!!!!!!!

Offline bloodthirsty

  • စီနီယာ
  • ***
  • Posts: 148
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +984
Re: အမောပြေဟာသမှတ်စု
« Reply #159 on: May 26, 2011, 08:41:22 AM »
တွေးတွေးပြီးရယ်

(၁)
နောက်ရည်းစားအသစ်နဲ့ ကြည်နူးနေတဲ့ကောင်မလေးကို ကောင်လေးက မကျေမနပ်ဖြစ်ပြီး လက်စားချေဖို့ ဆုံးဖြတ်လိုက်တယ်။ အဲလိုနဲ့တစ်နေ့မှာ ကောင်လေးက ပုလင်းတစ်လုံးကိုင်ပြီး "မင်းနောက်ထပ် သစ္စာမဖောက်ရဲအောင် မင်းကိုငါ ရုပ်ပျက်ဆင်းပျက်လုပ်ပစ်မယ်"လို့ ဆိုပြီး ကောင်မလေးကို ပုလင်းထဲကအရည်နဲ့ ပက်ထည့်လိုက်တယ်။ အရည်ကြောင့် ကောင်မလေးမျက်နှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကို ကြည့်ပြီး လူတွေထွက်ပြေးကြတယ်။

ကိုယ့်ရုပ်ပျက်စီးသွားပြီဆိုပြီး ကောင်မလေး အရမ်းလန့်မိတယ်။ ဒါပေမယ့် တအောင့်ကြာတဲ့အထိ မျက်နှာက စပ်ဖျင်းဖျင်းမဖြစ်တဲ့အပြင် နာလည်းမနာတော့ ကောင်လေးကို "နင် ငါ့ကို ဘာအရည်နဲ့ ပက်လိုက်တာလဲ" လို့မေးတယ်။

ကောင်လေးဖြေလိုက်တာက "မိတ်ကပ်ဖျက်ရည်ပါ" တဲ့....။

(၂)
တစ်ခါက သမ္မတနှစ်ဦး သူ့သက်တော်စောင့်က ပိုသစ္စာရှိတယ်။ ငါ့သက်တော်စောင့်က ပိုသစ္စာရှိတယ်ဆိုပြီး ပြိုင်နေကြတယ်။

အဲလိုနဲ့ ပထမသမ္မတက သူ့သက်တော်စောင့်ကို (၁ဝ)ထပ်တိုက်က ခုန်ချဖို့ အမိန့်ပေးတယ်။ အဲဒီမှာ သက်တော်စောင့်က ဒူးထောက်ပြီး "ကျွန်တော့်မှာ မိသားစုတွေ ရှိသေးတယ်" လို့ဆိုတယ်။

နောက်သမ္မတကလည်း သူ့သက်တော်စောင့်ကို ခုန်ချဖို့ အမိန့်ပေးတော့ သက်တော်စောင့်က ချက်ချင်းခုန်ချဖို့ပြင်တယ်။ ပထမသမ္မတကလန့်ပြီး တကယ်ခုန်ချမယ့် သက်တော်စောင့်ကို အမြန်ဖမ်းဆွဲလိုက်တယ်။ အဲဒီမှာ သက်တော်စောင့်က ပြောပါတယ်။

"ကျွန်တော့်ကို ဆွဲမထားနဲ့ ကျွန်တော့်မှာ မိသားစုတွေ ရှိသေးတယ်"လို့....

(၃)
မန်နေဂျာ အလုပ်ကိုရောက်လာတာနဲ့ စာရေးကြီးမိန်းမက မိန်းမဝတ်အတွင်းခံတစ်ထည် ကိုင်ပြီး ဝင်လာတယ်။ ပြီးတော့ မန်နေဂျာကို "ညက ကျွန်မယောက်ျားပြန်လာတော့ မိန်းမဝတ်အတွင်းခံတစ်ထည် ဝတ်ပြန်လာတယ်။ အဲဒါ သူ့ကိုနည်းနည်းပါးပါး ဆုံးမပေးပါဦး" လို့တိုင်တယ်။ မန်နေဂျာကလည်း ဆုံးမပေးမယ်လို့ဆိုပြီး သက်သေခံပစ္စည်း အတွင်းခံကိုယူပြီး အိတ်ကပ်ထဲ ထိုးထည့်ထားလိုက်တယ်။

ညရောက်တော့ မန်နေဂျာမိန်းမက အဝတ်လျှော်ရင်း အိတ်ကပ်ထဲက အတွင်းခံကိုတွေ့တော့ လှမ်းအော်တယ်။ "မောင် နောက်ဆို ဒီလိုမနောက်ရဘူးနော်.. မရဲ့အတွင်းခံကို ဒီလိုဖွက်မထားရဘူးနော်" တဲ့။

ဟာသလေးတွေ တင်ပေးပါဦးဆိုလို့ပါ... ဘာသာပြန် မျှဝေပါတယ်။

နိုင်းနိုင်းစနေ
+4
SUCCESS is the only option, Failure's not.......!!!!!!!!!!!!

Tags: