Author Topic: အမောပြေဟာသမှတ်စု  (Read 426597 times)

0 Members and 3 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #140 on: May 22, 2011, 05:54:47 PM »
ခုခေတ်အဆိုတော်တွေ နာမည်

ဧည့်ခန်းမှာ ကျွန်မတို့ သီချင်းခွေထိုင်ကြည့်နေတယ်။ စာတမ်းထိုးပြီးတော့ မျက်စိသိပ်မကောင်းတဲ့ ခြံစောင့်အန်တီက ကျွန်မကိုမေးတယ်။

"ကြက်ဖဆိုတာ ဘယ်တစ်ယောက်လဲ?"

"ဟိုး..အင်္ကျီအဖြူနဲ့ တစ်ယောက်လေ..."

"ဟို ဝ ဝ တစ်ယောက် နဲ. ကုလားလိုလို ကရော"

"J မီတဲ့" ကျားပေါက်တဲ.

ဒါကိုသူက ဘာကြားမိတယ် မသိပါဘူး.... အခုလိုထပြောပါတယ်။

"ခုခေတ်အဆိုတော်တွေ နာမည်ရှားနေလား မသိဘူး။ တစ်ယောက်က ကြက်ဖ.. တစ်ယောက်က ကြက်မြီး တစ်ယောက်က ကျားကလေးတဲ့ .. ကြားကြားဖူးဘူး" !_!


မလော ပါနဲ့
လူတစ်ယောက်ဟာ စိတ်ရောဂါကုဆရာဝန်ဆီရောက်လာပြီး ဒေါသတကြီးနဲ့

"ဆရာ... ဆရာ.. ကျွန်တော်သည်းမခံနိုင်တော့ဘူးဗျာ။ ကျွန်တော့်မိန်းမလေ ညတိုင်းညတိုင်း နှိပ်ကလပ်သွားပြီး သူ့အပေါ် နည်းနည်းကောင်းတယ်ထင်တဲ့ ယောက်ျားတွေကို အခွင့်အရေးပေးတယ်ဗျာ။ အဲဒါ ကျွန်တော်ဘယ်လို လုပ်ရမလဲ" လို့ တိုင်ပင်တယ်။ အဲဒီအခါ ဆရာဝန်က

"မလောနဲ့.. ရူး.....ရူး...... မလောနဲ့ အသက်ကို၀၀ရှု.. ဖြည်းဖြည်းပြော၊ စိတ်သိပ်မလှုပ်ရှားနဲ့။ စိတ်ကိုငြိမ်ငြိမ်ထားပြီး ကျွန်တော့်ကိုပြောပါ။ ခင်ဗျားမိန်းမသွားသွားနေတဲ့ နှိုက်ကလပ်က ဘယ်ကလပ်လဲ?" ၉၉စနေ
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #141 on: May 22, 2011, 06:30:31 PM »
မေးပါရစေ
ဂျူးလူငယ်တစ်ယောက် အစ္စရေးတပ်မတော်ထဲဝင်ရန် လျှောက်လွှာတင်သည်။
စစ်သားစုဆောင်းရေးကော်မရှင်ရုံး တွင် ကောက်မရှင်ဥက္ကဌက ၄င်းကိုပြောသည်။
" ဆိုကြပါစို့ မင်းဟာ ကွင်းပြင်ထဲမှာ ရှေ့မှာ ရန်သူအာရပ် တစ်ယောက်ကို
တွေ့တယ်။ မင်း ဘာလုပ်မလဲ "
" သေနတ်ကို ကောက်ဆွဲပြီး ရန်သူကို ပစ်ချလိုက်ပါမယ် "
" မှန်တယ် ၊ နောက်အခြေအနေတစ်ခု၊ မင်းဟာ ကွင်းပြင်ထဲမှာ ရှေ့မှာ
အာရပ်ရန်သူ တစ်ယောက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာလဲ ရန်သူ အာရပ်တစ်ယောက်စီ
ရှိနေတယ်။ မင်း ဘာလုပ်မလဲ "
" သေနတ်ကို ကောက်ဆွဲပြီး ရန်သူသုံးယောက်စလုံးကို ပစ်ချလိုက်ပါမယ် "
" မှန်တယ်။ နောက် အခြေအနေတစ်မျိုး၊ မင်းက ကွင်းထဲမှာ၊ ရှေ့မှာ
ရန်သူသုံးယောက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာလဲ ရန်သူ သုံးယောက်စီ၊ ဒီကြားထဲ
တင့်ကားတစ်စီး မင်းဆီဦးတည်လာနေတယ်။ မင်း ဘာလုပ်မလဲ "
" သေနတ်ဆွဲပြီး ရန်သူတွေအားလုံး ကိစ္စတုံးအောင် ပစ်ချလိုက်မယ်။ တင့်ကားကို
ဗုံးနဲ့ပစ်ပြီး ဖျက်ဆီးလိုက်ပါမယ် "
" မှန်တယ်။ ကိုင်း ၊ နောက်အခြေအနေတစ်မျိုးကို စဉ်းစားကြည့်။ မင်းဟာ
ကွင်းထဲမှာ ရှေ့မှာ ရန်သူတစ်ရာ၊ ဘယ်နဲ့ ညာဘက်မှာလဲ ရန်သူတစ်ရာစီ၊
တင့်ကားသုံးစင်း မင်းဆီ ချဉ်းကပ်လာနေကြတယ်။ အပေါ်မှာလဲ ရဟတ်ယာဉ်ငါးစီး
ဝဲပျံနေတယ်။ မင်း ဘာလုပ်မလဲ "
လူငယ်အံကြိတ်ပြီး ပြောသည်။
" မေးခွန်း တစ်ခု မေးလို့ရမလား "
" မေးနိုင်တယ် "
" အစ္စရေးတပ်မတော်မှာ ကျွန်တော် တစ်ယောက်တည်း ရှိသလားဗျ
+7

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #142 on: May 23, 2011, 02:05:41 PM »
ပုံမှန်…

 

ဧည့်သည်       …      “ဒီမင်းသမီးက…ဒီဟိုတယ်ကို မကြာခဏ
                               လာတတ်သလား”
ဟိုတယ်စာရေး …    “ဟုတ်ကဲ့…သူ ပျားရည်ဆမ်း ခရီးထွက်တိုင်း
                               လာပါတယ်ခင်ဗျ”



ပြဿနာမရှိပါ…



ဒါရိုက်တာ …    “မင်းသား…ဒီအခန်းက ဟောဒီ ချောက်ကမ်းပါးကနေ

                        ခုန်ချရမယ့် အခန်းပဲ”

မင်းသား …    “စဉ်းစဉ်းစားစား လုပ်ပါဦး…ဒါရိုက်တာကြီးရယ်…

                      မတော်တဆ ကျိုးပဲ့ပြီး ကျုပ်သေသွားရင်

                     ဘယ်လိုလုပ်မလဲ”

ဒါရိုက်တာ …    “ပြဿနာမရှိဘူး မင်းသား… ခုန်သာချလိုက်၊

                        ဒီအခန်းက နောက်ဆုံးခန်းပဲ”



သေချာပြီ…



…အိမ်တံခါးကို လာခေါက်သံကြောင့် မစ္စဖာဖာက တံခါးဖွင့်လိုက်ရာ

လူငယ်လေးတစ်ယောက်က တံခါးဝမှာ ရပ်လျက်…

“ဒေါ်ဒေါ်က မုဆိုးမကြီးဖာဖာ ပါလားခင်ဗျာ”

“အေး…ဒေါ်ဒေါ်နာမည်က မစ္စဖာဖာပါပဲ၊ ဒါပေမယ့် မုဆိုးမတော့ မဟုတ်ဘူးကွဲ့”

“ဒါဆိုတော့ ဒေါ်ဒေါ်မုဆိုးမဖြစ်တာ သေချာပြီ။ အခုမစ္စတာဖာဖာရဲ့ အလောင်းကို

ကျွန်တော်တို့လာပို့တာပါ”



လျှောက်လဲချက်…



တရားသူကြီး…  “ကဲ…မစ္စဘရောင်… ရုံးတော်ကို အမှန်အတိုင်း ၀န်ခံပါ။

                    ခင်ဗျားဟာ ဘာကြောင့် ခင်ပွန်းဖြစ်သူကို မြှားနဲ့ ပစ်ရတာလဲ”

တရားခံ…       “ကလေးတွေ အိပ်ရာက နိုးကုန်မှာစိုးလို့ သေနတ်ကို

                    မသုံးမိတာပါ တရားသူကြီးရှင့်”




နည်းတောင်နည်းသေး…



“ဟေ့ကောင်…မနေ့ညက မင်းရဲ့အဖေကားကို ငါတို့ ယူမောင်းတာနဲ့

ပတ်သက်ပြီး သူက ငါတို့အားလုံးကို ဘာကြောင့် ဒေါကန်နေရတာလဲကွ”

“ဒေါကန်တာ နည်းတောင်နည်းသေးတယ်၊ ငါတို့ မနေ့က

ကားနဲ့ ပွတ်ဆွဲမိသွားတဲ့ အဘိုးကြီးဟာ ငါ့အဖေပဲကွ”


+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #143 on: May 23, 2011, 02:08:02 PM »
ရွှေဥာဏ်တော်စူးပါပေ့…


ဆရာ…“ဂျော့ဝါရှင်တန်ဟာ သူ့အဖေစိုက်ထားတဲ့ ချယ်ရီပင်ကို ပုဆိန်နဲ့

ခုတ်လှဲပစ်ခဲ့တယ်၊ ဒါပေမယ့် သူခုတ်လှဲတာဖြစ်ကြောင်း သူ့အဖေကို

မကွယ်မ၀ှက် ၀န်ခံခဲ့တယ်၊ ကဲ…တပည့်တို့၊ သူ့အဖေက ဘာကြောင့်

သူ့ကို အပြစ်မတင်တာလဲကွယ်”

ဝီလျမ်…“ဂျော့ဝါရှင်တန် လက်ထဲမှ ပုဆိန်ကြီးရှိနေလို့ပါ ဆရာ”




နားလေးသူ… 



 …လူနှစ်ယောက်သည် ရထားတစ်စင်းပေါ်တွင် မျက်နှာချင်းဆိုင်

ထိုင်ခုံတွေပေါ်မှာ ထိုင်နေကြ၏။

…တစ်ယောက်က…

“ကျုပ်နားတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး အခြေအနေဆိုးလာတယ်ဗျာ။

ဒါပေမယ့် ဒီနေ့လောက် ဆိုးတဲ့နေ့ မကြုံဖူးဘူး၊ ကျုပ် ဒီလောက်အထိ

နားလေးမယ်တောင် မထင်ဘူး၊ အခုဆို ကျုပ်နားတွေ ပင်းသွားပြီတောင်

ထင်တယ်ဗျာ၊ အခုပဲ ကြည့်လေ…။ ခင်ဗျား ကျုပ်ကို စကားပြောနေတာ

နာရီဝက်လောက် ရှိနေပြီ၊ ကျုပ်နားက ဘာသံမှ မကြားရတော့ဘူး” ဟု ၀မ်းနည်းစွာ ဆို၏။

…ထိုအခါ ကျန်တစ်ယောက်က…“ကျုပ်လည်း ဘာမှ မပြောမိပါလားဗျာ၊ ပျင်းလို့ ပီကေ ၀ါးနေတာပါ” ဟု ဆို၏။




သရုပ်ဆောင်…




“မင်း သရုပ်ဆောင် တတ်လား” ဟု ထုတ်လုပ်သူက လူငယ်ကို မေး၏။

“သရုပ်ဆောင် ဟုတ်လား၊ တစ်ခါက ပြဇာတ်တစ်ခုမှာ

သေတဲ့အခန်း တစ်ခန်း သရုပ်ဆောင်တာ ပရိတ်သတ်ထဲက

လူတစ်ယောက်ဆို မေ့တောင် မေ့သွားတယ်” ဟု လူငယ်က ဖြေ၏။

“အဲဒီလူက ဘယ်သူလဲ”

“ကျွန်တော့်ရဲ့ အသက်အာမခံ ကုမ္ပဏီဒါရိုက်တာလေ”





မှတ်ထားလိုက်လေ…



ထောင်မှူးသည် အကျဉ်းသားကို တောင်းပန်နေ၏။

“ငါ မင်းကို တောင်းပန်ပါတယ်ကွာ၊ မင်းကို လွှတ်ရမယ့်ရက်ထက်

တစ်လပိုပြီး ချုပ်ထားမိသလို ဖြစ်သွားတယ်”

…အကျဉ်းသားကလည်း ပြုံးရွှင်စွာဖြင့်…

“ရပါတယ် ထောင်မှူးကြီးရယ်၊  ကျွန်တော် နောက်တစ်ခါ

ထောင်ထဲ ရောက်လာရင် တစ်လပြန်နှုတ်လိုက်ပေါ့” ဟု ဆို၏။
+8

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #144 on: May 23, 2011, 02:10:29 PM »
မျက်စိစမ်းသပ်ခန်းမှ ဖြစ်ရပ်…


လူတစ်ယောက်သည် မျက်စိ အထူးကုဆေးခန်းသို့ သွားကာ

သူ့မျက်စိကို အစစ်ဆေးခံ၏။ မျက်စိဆရာဝန်က ထိုလူကို ထိုင်ခိုင်းပြီး

မျက်စိမြင်နိုင်အားကို စမ်းသပ်သည့် ကဒ်ပြားလေးကို ထောင်ပြ၏။

“ဒီကဒ်ပြားပေါ်က စာတွေကို ဖတ်လို့ရလား” ဟု ဆရာဝန်က မေးသည်။

“မရဘူး ဆရာ” ဟု ထိုလူက ဖြေ၏။

ဆရာဝန်က ရှေ့ကိုတိုးပြီး…

“ အခုဖတ်လို့ ရပြီလား” ဟု ဆို၏။
“မရဘူး ဆရာ”

ဆရာဝန်က ကဒ်ပြားကို ထိုလူနှင့် အနီးဆုံးနေရာသို့ ယူလာပြီး…
“ဒီလောက် နီးနေရင်တော့ ဒီစာတွေကို ခင်ဗျားကောင်းကောင်း ဖတ်လို့ရမှာ သေချာတယ်” ဟုဆို၏။
ထိုလူက… “မရဘူး ဆရာ၊ ကျွန်တော်က စာမှ မတတ်တာ” ဟု ဆိုလေ၏။



မလုံမလောက်…


ဆရာဝန် …        “ခင်ဗျား ဒီဆေးကို အစာစားပြီးတိုင်း

                          လက်ဖက်ရည်ဇွန်းနဲ့ လေးဇွန်းသောက်ရမယ်”

လူနာ …              “ဟာ…..ဒါဆိုရင်တော့ ဒုက္ခပဲဆရာ။

                          ကျွန်တော်တို့ တစ်အိမ်လုံးမှာ လက်ဖက်ရည်ဇွန်း

                          နှစ်ချောင်းပဲရှိတယ်”

 



ချစ်မိလေသောအခါ…


“အသုံးမကျလိုက်တဲ့ သမီး၊  ညဉ်းဟိုကောင်လေးကို လက်မထပ်ရဘူး၊

သူ့ဝင်ငွေက တစ်လ ဒေါ်လာ တစ်ရာ လောက်ပဲရတာ၊

နင်တို့ ဘယ်လို စားကြသောက်ကြမှာလဲ”

“အို…ဒါပေမယ့် ဖေဖေရယ်…တစ်ယောက်နဲ့တစ်ယောက်

ချစ်မိကြတဲ့အခါ တစ်လဆိုတဲ့ အချိန်လေးဟာ ခဏနဲ့ ကုန်သွားတာပါပဲ”
+6

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #145 on: May 23, 2011, 02:25:21 PM »
ပူမနေစမ်းပါနဲ့

"ဟေ့ လူတွေ လိုက်မယ်ဆို မြန်မြန်လုပ်ကြလေ ... ဟိုမှာ သဘောင်္က ဥသြ ဆွဲနေပြီ "
" အိုကွာ... သူ့ ဟာသူဘယ်လောက် ဥသြဆွဲဆွဲ .. လက်မှတ်က ငါ့ ဆီ မှာပဲဟာ "



ပေးချင်လို့ ပါ

" မေမေ သမီးကို ငွေငါးကျပ်လောက် ပေးပါ ..အိမ်ရှေ့ မှာအော်နေတဲ့  လူကို ပေးချင်လို့  "
"သူက ဘယ်လို အော်နေလို့ လဲ သမီးရဲ့  "
" အကြော်စုံ ရမယ် ...တစ်ခု ငါးကျပ် တဲ့  "



အံ့ရော .

တစ်ခါက သားအဖနှစ်ယောက်သည် တောင်ထိပ်တစ်ခုသို့ရောက်အောင်
ကြိုးစားပမ်းစားတက်ကြရာ မွန်းတည့်ချိန်တွင် တောင်ထိပ်သို့ရောက်သွားကြ၏။
ထို့နောက်ဖခင်ဖြစ်သူသည် ဂုဏ်ယူဝင့်ကြွားစွာ
သားဖြစ်သူထံလှမ်းပြောလိုက်သည်။
``တောင်အောက်ကိုပြန်ကြည့်စမ်း သား၊ သစ်ပင်တွေကစိမ်းစိုနေတယ်၊
မြစ်ကြီးကကွေ့ကောက်လို့ တို့မြို့လေးကိုပတ်ပြီးစီးဆင်းနေလိုက်တာ
ဘယ်လောက်သာယာလှပလိုက်သလဲ´´
``ဟာ .. တောင်အောက်မှာ ဒီလောက်သာယာသားနဲ့များ
ဘာဖြစ်လို့တစ်မနက်လုံးအပင်ပန်းခံပြီး တောင်ပေါ်ကိုတက်လာရတာလဲ အဖေရယ်´´
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #146 on: May 23, 2011, 02:47:21 PM »
ဘောလုံးဟာသများ

စောင့်မယ်

“ ရှင့်ကို ကျွန်မ မချစ်နိုင်ဘူး “

“ မင်းက မချစ်ပေမဲ့ ကိုယ်ကချစ်တယ်လေ … ကိုယ်ကဘောလုံးသမားပဲ အားကစား
စိတ်ဓာတ်အပြည့်ရှိတယ် … သည်းခံနိုင်တယ် … ဇွဲကောင်းတယ် “

“ ရှင်းရှင်းပြောမယ်ရှင် .. ကျွန်မမှာ ချစ်သူရှိတယ် “

“ ကိုယ်ကလည်း ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပေါ့ … ဘောလုံးသင်းထဲမှာ
အရန်အဖြစ်နေခဲ့တာ (၃) နှစ်ရှိပါပြီကွာ “




ဖြစ်မှဖြစ်ရလေ

တစ်ခါက သစ်ပင်ကိုင်းဖျားကနေ ပြုတ်ကျလာတဲ့ကြောင်ကို မြင်လိုက်ရတဲ့ ပိုင်ရှင်က

“ အို .. သေတော့မှာပဲ … ကယ်ကြပါဦးရှင် “

ဆိုပြီး အကူအညီတောင်းလိုက်တယ် .. အဲဒီအချိန် အပြေးလေ့ကျင့်ရင်း
ဖြတ်လာတုန်းဆုံမိတဲ့လူက

“ ကျွန်တော်ဖမ်းလိုက်မယ် “

ဆိုပြီး အောက်မကျခင် လေထဲဝဲပျံပြီး ဖမ်းလိုက်တယ် .. ဒါပေမယ့်
ကျေးဇူးတင်စကားမပြောနိုင်ခင်မှာပဲ ကြောင်ကိုလွှဲကန်လိုက်သတဲ့

“ ဟာ … ဘယ်လိုလုပ်လိုက်တာလဲ ရှင့် “

“ တောင်းပန်ပါတယ်ဗျာ … အကျင့်ပါနေလို့ပါ … ကျွန်တော်က ဂိုးသမားပါ “




တူဘူးလေ

ရွာနှစ်ရွာ ဘောလုံးကန်မယ်ဆိုတော့ ကိုရွှေရိုးက ဂိုးဖမ်းဖို့ တာဝန်ပေးကြတယ်

“ ခင်ဗျာက ရေထဲက ငါးရှဥ့်တောင် ရအောင်ဖမ်းနေတာပဲဗျာ … လက်သွက်ပါတယ် ..
ခုဟာက ဧရာမအလုံးကြီးဖမ်းရမှာပဲ “

ဒီလိုနဲ့ကန်ကြတော့ (၈) ဂိုး နဲ့ ရှုံးပါလေရော

“ ကိုစိန်ရိုး ဘယ်လိုဖြစ်တာလဲ “

“ ဟာကွာ … ဘောလုံးက ငါးရှဥ့်ဖမ်းသလို လက်ညှိုးနဲ့လက်သူကြွယ်ခံထားပြီး
လက်ခလယ်နဲ့ကုပ်ဖမ်းလို့မှ မရပဲကွာ … လွတ်ကုန်တာပေါ့ “




အ၀င်မခံဘူး

“ သမီးရဲ့ယောက်ျားက သူ့ကြောင့်အရောင်းအ၀ယ်တည့်သွားလို့ ပွဲခပေးတာကို
ပုတ်ထုတ်လိုက်တယ်ဆို “

“ ဟုတ်တယ် .. အမေ … သူက ဂိုးသမားဆိုတော့ အကျင့်ပါနေလို့တဲ့ “




ကိုယ့်အကြောင်းနှင့်ကိုယ်

“(၁-၀) နဲ့ရှုံးလာလို့ အသင်းသားတွေက စိတ်ညစ်နေကြတယ် … အဓိကကတော့ ဂိုးသမားပေါ့ “

“ စိတ်ညစ်မနေပါနဲ့ဗျာ … ဟိုဘက်သင်းက တဒိုင်းဒိုင်းရှုးနေတာ ..
တစ်ဂိုးတည်းဝင်တာ တော်သေးတာပေါ့ “

“ မင်းတို့မသိပါဘူးကွာ .. တခြားအလုံးတွေက ဘားတန်းဝင်မှန်လို့သာကိုး ”




ခွင့်လွှတ်နိုင်အောင်

ဟိုဘက်ရွာ ဒီဘက်ရွာ ဘောလုံးကန်ကြတော့ ဒီဘက်ရွာအသင်းက (၅)
ဂိုးတောင်ရှုံးလာသတဲ့ … ဒီတော့ ရွာသားတွေက ဂိုးသမားကို

“ ခင်းဗျားဗျာ … (၅) ဂိုးတောင် အ၀င်ခံရတယ်လို့ “

“ ဟိုဘက်အသင်းက (၄၊၅) ယောက် ၀ိုင်းသွင်းတာကွ “

“ လေးငါးယောက်ရှုးလည်း ဘောလုံးက တစ်လုံးတည်းပါဗျာ “

“ ငါကလည်း အဲဒီတစ်လုံးတည်းမို့ မကျေနပ်တာပေါ့ကွာ .. (၄၊၅) လုံး
ဝိုင်းရှုးရင် ကျေနပ်သေးတယ် … မင်းတို့ငါ့ကို ခုလိုပြောမှာ မဟုတ်ဘူး “
+7

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #147 on: May 23, 2011, 03:14:31 PM »
ဆက်စပ်နေတာကိုး

လူနာ။ ။"ဒေါက်တာ၊ ကျနော်ကို ကယ်ပါဦး၊ ညတိုင်း ညတိုင်း အိပ်မက်တစ်ခုတည်းကိုပဲ မက်နေတယ်။
ဘယ်နေရာ ကြည့်ကြည့် မီးတောက်မီးလျှံတွေကိုပဲ မြင်ရတယ်။ တစ်ကိုယ်လုံး ပူလောင်အိုက်စပ်နေတယ် ၊
အသက်ရှုလို့လည်း မ၀ဘူး.. ဆိုးဆိုးဝါးဝါး ခံစားရတယ် ဒေါက်တာရယ် "

ဆရာဝန်။ ။ "နေ့ခင်းမှာ ခင်ဗျား နေပူစာ လှုံတယ်ထင်တယ်"

လူနာ ။ ။ "မလှုံပါဘူး ဆရာ"

ဆရာဝန်။ ။"ဒါမှမဟုတ် မအိပ်ခင် အိပ်ရာကို သန့်ရှင်းအောင် ဖုန်တွေ ဘာတွေမခါဘူးထင်တယ်"
လူနာ ။ ။"ကျနော် အိပ်ခါနီးတိုင်း ခါပါတယ်ဆရာ "
ဆရာဝန်။ ။"ခေါင်းမြီး ခြုံအိပ်တယ်နဲ့ တူတယ်"
လူနာ။ ။ "မအိပ်ပါဘူးဆရာ"
ဆရာဝန်။ ။"ပိုက်ဆံကို မီးရှို့ ပစ်သလိုသုံးနေလို့ မိန်းမကခင်ဗျားကို အပြစ်တင်တယ် ထင်တယ်"
လူနာ။ ။"ကျွန်တော် အဲလိုလူ မဟုတ်ပါဘူး ဆရာ"
ဆရာဝန်။ ။"အင်း၊ အကြောင်းရင်းကို ဖော်ထုတ်ရ ခပ်ခက်ခက်ပဲ ဒါနဲ့ စကားမစပ် ခင်ဗျား ဘာလုပ်သလဲ"
လူနာ။ ။ "မီးသတ်သမားပါ"



  သူတို့မသိဘူး

မိမိကိုယ်မိမိ စပါးစေ့ဟု ထင်နေသော စိတ်ဝေဒနာရှင် တစ်ယောက် စိတ်ရောဂါ အထူးကု ဆေးရုံသို့ ရောက်လာသည်။

လအနည်းငယ်ကြာ ကုသမှု ခံယူပြီးနောက် မိမိကိုယ်မိမိ လူဖြစ်သည်ဟု အသိအမှတ်ပြုသောကြောင့် ဆေးရုံမှ
ဆင်းခွင့်ပေးလိုက်သည်။ သို့သော် ဆေးရုံမှ ထွက်ပြီး မိနစ်ပိုင်းအတွင်း ကြောက်လန့်တကြားဖြင့် ဆေးရုံထဲ
ပြန်ပြေးဝင်လာသည်။ ဆရာဝန်ကမေးသည်။
"ဘာဖြစ်လာတာလဲဗျ"
"လမ်းပေါ်မှာ ကြက်တွေ တွေ့လို့ဗျ"
"အဲဒါ ဘာဖြစ်လဲ၊ ခင်ဗျား ဘာကို ကြောက်စရာလိုလဲ အခုခင်ဗျားဟာ လူဖြစ်တယ် စပါးစေ့ မဟုတ်ဘူးဆိုတာ ခင်ဗျား သိနေတာပဲ"
"ဒါပေမဲ့ ကြက်တွေ အဲဒါကို မသိဘူးခင်ဗျ"

 

ဂျက်၊ ကွင်း၊ ကင်း( Jack, Queen, King)

ဆရာမက ကျောင်းသားများကို မေးသည်။
"ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူလက်ညှိုးထောင်ပါ"
ပီတာလေးလက်ညှိုးထောင်သည်။

"ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ"
"မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ ဘုရင်ကွယ်လွန်သွားရင်ကောကွ ယ်"
"အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်"
"ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်"
"အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်"


ကိုယ်ကျိုးနည်းပါပြီ

ယင်ကောင်မသည် ဆင်တကောင်နှင့် လက်ထပ်လိုက်သည်။ လက်ထပ်ပြီး နောက်တနေ့တွင် ဆင်သေသွားသည်။ ယင်ကောင်မ ငိုယိုနေသည်ကို မြင်သဖြင့် အိမ်နီးချင်းများက ဖျောင်းဖျကြသည်။

ဒီလောက်ထိ ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့ကွယ်၊ မင်းတို့ နှစ်ယောက်
အတူနေခဲ့ကြရတာလဲ ကြာမှ မကြာဘဲနဲ့

မကြာတာတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် သူ့ကို မြေမြုပ်ဖို့အတွက် ကျမ တသက်လုံး တွင်းတူးရမှာရှင့် ၊ အောက်မလေး
ကိုကိုဆင်ရယ် ၊ ဘယ်သူ့အားကိုးနဲ့ ကျွန်မကို တယောက်တည်း ထားခဲ့ရက်တာတုန်း၊
ဟီးးးးးးး ဟီးးးးးးးး
+6

Kakashi.Ydnb

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #148 on: May 24, 2011, 12:59:43 PM »
အခန်းတစ်ခန်းထဲတွင် ဖြစ်သည်။
ဆရာ သည် အခန်းထဲသို့  ဝင်လာပြီး ကျောက်သင်ပုန်း ပေါ်ကို မြန်မာနိုင်ငံ
မြေပုံအား ကပ်ထားလိုက်သည်။ ပြီးနောက် တပည့်များဖက်သို့  လှည့်ကာ
မပြုံးသော မျက်နှာထားဖြင့်.....

ဆရာ။  ။ ကဲ..ငါ့တပည့်တို့  ဒီမြန်မာ့မြေပုံကြီးကို မင်းတို့ 
သင့်တော်သလို ခွဲဝေယူကြ....
တပည့်များ။  ။.............

(ပါးစပ်ကြီးတွေဟလို့ ) (တချို့ ကလည်း မျက်လုံးကြီးပြူး....)
ဆရာ ထွက်သွားသည်နှင့် တပည့်များ မြေပုံအနီးသို့ ချဉ်းကပ်လာကြ၏
တစ်အောင့်အကြာ....

ဒါငါတို့ ရှမ်းမြေကွ..လာမထိနဲ့ ..မရဘူး....
ဒါငါတို့  ကချင်ကွ..ဟဲ့ကောင်..ဝေးဝေးနေစမ်း..
ဒါငါတို့  ရခိုင်ကွ..ငါတို့  ဗမာပြည်ကွ..ငါတို့  မွန်ကွ..ငါတို့ ......ငါတို့ ...
ငါတို့..........ဟာ...ကြာပါတယ်ကွာ...ချကွာ..သတ်ကွာ......အားအီးအူး

တပည့်များသည်  မြေပုံကြီးအား လုကြရင်း နောက်ဆုံးတွင်....
မြန်မာနိုင်ငံမြေပုံကြီးပင် စုတ်ပြတ်ပျက်စီးသွားလေတော့သည်.........။

နောက်တနေ့  ဆရာ ရောက်လာသောအခါ တပည့်များက ဆရာ့အား
မြေပုံကြီးကို အညီအမျှ ခွဲပေးပါရန် တောင်းဆိုကြသည် ။
ထိုအခါ ဆရာ က တပည့်များအားကြည့်ကာ တဟားဟားဖြင့်
အားရပါးရ ဟားတိုက်ရယ်တော့လေသည် ။
ပြီးနောက်...အရယ်ရပ်ကာ

အော်...သနားစရာလေးတွေပါလား...ဟားဟား..
မင်းတို့ က ခွဲဖို့ ဝေဖို့ ချည်းဘဲ စဉ်းစားကြသကိုးကွ...
လောဘ..မောဟ တွေ မှအသောမသတ်နိုင်ကြဘဲ...ကြည့်စမ်း..
မင်းတို့ ခွဲလိုက်ကြတာ မြန်မာမြေပုံတောင်မှ အပိုင်းပိုင်း အစစ
ဖြစ်သွားပြီ..မင်းတို့ က အခုထိ ခွဲဝေလို့ မပြီးသေးဘူး..
မင်းတို့ ဦးနှောက်ထဲမှာ ခွဲဖို့ ကိုစဉ်းစားနေကြတယ်...
မြန်မာနိုင်ငံထဲ အတူတူနေကြမယ်..ငါတို့  တိုင်းရင်းသားတွေ
အတူတူနေထိုင်ကြမယ်လို့ တော့  မစဉ်းမိကြဘူးလားကွ..ဟေ..
ဒီအတိုင်းသာ လုနေကြမယ်ဆိုရင်တော့ မင်းတို့ လက်ထက်မှာ
မြန်မာပြည်ကြီး စုတ်ပြတ်သတ်သွားလိမ့်မယ်ကွ.....ခုတောင်မှ
မြေပုံစာရွက်ဘဲ ရှိသေးတယ်..တကယ့် တကယ်ဆိုရင်တော့
ဟူး.........မတွေးရဲစရာဘဲ..ဟားဟား..လူတွေ လူတွေ...............

ဆရာ သည် တဟားဟားဖြင့် အခန်းမှ ထွက်ခွာသွားသည် ။
တပည့်များသည်.....................................................
+5

Kakashi.Ydnb

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #149 on: May 24, 2011, 01:13:42 PM »
*ကူညီချင်ပါတယ်*

ယောက်ျားကြီးတစ်ယောက် အများသုံး အိမ်သာထဲထိုင်နေသည်။ ကိစ္စပြီးသောအခါ
အိမ်သာထဲ စက္ကူရှာသည်။ ဘယ်မှာမှ မတွေ့ချေ။ ထို့ကြောင့် ဘေးခန်းကို
တံခါးခေါက်ပြီး မေးသည်။

"ခင်ဗျားဆီမှာ စက္ကူပို မပါဘူးလားခင်ဗျား"

"မပါဘူး...အဲ လိုချင်ရင်တော့ ခဲတံပေးနိုင်တယ်၊ ယူမလား ဟင်"

*နားမထိုင်းဘူး*

"ဒေါက်တာ ကျွန်တော် နှားစေးနေတယ် ခင်ဗျ..."

"ဒီလောက်အော်ပြောစရာ မလိုဘူး၊ ကျွန်တော် နားမပင်းဘူး၊ နားလည်းလား"

"ကိုင်း.....ကိုက်တဲ့ သွား.ဘယ်သွားလဲ ပြော"

*ခွေးစကား*

တယ်လီဖုန်းသံ မြည်လာသည်။ ခွေးမှလွဲ၍ အိမ်ထဲတွင် မည်သူမှ မရှိချေ.....
တယ်လီဖုန်းကို ခွေး ကောက်ကိုင်လိုက်သည်။

"၀ုတ်"

အခုစကားပြောနေတာ ဘယ်သူလဲ

"၀ုတ်"

"စကားကို သဲသဲကွဲကွဲ ပြောစမ်းပါ"

"သေသေချာချာ နားထောင်၊ ၀တစ်ချောင်းငင် တသက် ၀ုတ်၊ ၀ုတ် ၀ုတ်"

*မျက်စိဆရာဝန်*

အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။

"အ၀တ်အစား ချွတ်လိုက်ပါ"

"ဒေါက်တာ ကျွန်မ နားကိုက်တာ လာပြတာပါ"

"အဲဒါဆို နား၊ နှားခေါင်းနဲ့ လည်းချောင်း ဆရာဝန်ဆီ သွားပါ"

"ရှင်က ဘယ်သူလဲ"

"မျက်စိ ဆရာဝန်"

*ငြင်းပါ*

"ဒေါက်တာ...ကိုယ်ဝန်မရှိအောင် ဘာလုပ်ရမလဲ.ဟင်..
တိုတိုနဲ.လွယ်တဲ.နည်းပဲပြောပါ
ဆရာ.."

"ဟင့်အင်းလို့ ပြော"

*မြင်းပြိုင်ပွဲ*

မြင်းပြိုင်ပွဲ ကျင်းပနေစဉ် မြင်းတစ်ကောင်က တခြားတစ်ကောင်ကို မေးသည်။

"မင်းဆီမှာ မြင်းကောင်ရေအား ဘယ်လောက်ရှိသလဲကွ..။

*မဟာ့မဟာ ပြဿနာ*

"ပီတာ မင်းအဖေက ဘယ်သူလဲ" ဆရာမက ပီတာလေးကို မေးသည်

"ဟာ ဆရာမလဲ လုပ်ပြီ.....ဒီကိစ္စနဲ့ပဲ အိမ်မှာ အဖေနဲ့အမေ အမြဲ
ရန်ဖြစ်နေကျဗျ..."

"ပွဲစားဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် ဖွင့်ပြပါ."

"ဥပဒေဘောင်ထဲက ခေါင်ပုံဖြတ်သမား"

*မြစ်နဲ့ပင်လယ်*

ကမ်းတစ်ဖက်ပဲ ရှိရင် ပင်လယ်၊ ကမ်းနှစ်ဖက် ရှိရင် မြစ်
ခက်အောင် မလုပ်ပါနဲ့..။
+3

Tags: