Author Topic: အမောပြေဟာသမှတ်စု  (Read 444479 times)

0 Members and 2 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10915
Re: အမောပြေဟာသမှတ်စု
« Reply #130 on: May 21, 2011, 06:44:27 PM »
တစ်ခါက ကျနော် လမ်းဘေးဆိုင်တစ်ခုမှာထိုင်ရင်း တွေ့ ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ

အလုပ်သမား၂ယောက် တူတူ ရောက်လာကြသည်။ ပထမ တယောက်က မြေတွင်းကလေးတွေ တူးသည်။ သိပ်မကြာ နောက်တယောက် ထိုမြေတွင်းကလေးတွေကို လိုက်လိုက်ဖို့နေသည်။

တတွင်းမဟုတ် နှစ်တွင်းမဟုတ်လုပ်နေကြတာ နေ့ဝက်တောင် ကျိုးလာပြီဆိုတော့ ဘေးနားက လူတွေက စိတ်ဝင်စားလာသည်။ကြည့်နေတဲ့သူတွေထဲက မနေနိုင်တော့ လူတယောက်က မြေတူးနေတဲ့သူကိုသွားစပ်စုကြည့်သည်။

" အကိုတို့ အကိုတို့  ခင်ဗျားတို့ ဘာလုပ်နေကြတာတုန်းဗျ မနက်မိုးလင်းကတည်းက တယောက်က တွင်းတူးလိုက် နောက်တယောက်က လိုက်ဖို့လိုက်နဲ့" " သြော် ကျွန်တော်တို့လား အလုပ်လုပ်နေကြတာလေဗျာ....ကျနော်က တွင်းတူတယ်.. ကျနော်နဲ့ ပါလာတဲ့ တစ်ယောက်က မြေဖို့ တယ်။ သူလည်း သူ့အလုပ်သူလုပ် ကျွန်တော်လည်း ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေကြတာလေ။

ဒါပေမယ့် တခုပဲ ရှိတယ် ဒီနေ့ သစ်ပင်စိုက်တဲ့တယောက် ခွင့်ယူထားလို့ မလာဘူးဗျ။ ကျွန်တော်ရယ် မြေလိုက်ဖို့တဲ့သူရယ် နှစ်ယောက်ထဲဖြစ်နေတာ" တဲ့               

mmDailyNews ကို အရင်ဖတ်ပါဦး

ပင်လယ်ကူးသင်္ဘော နစ်သွားပြီး သင်္ဘောသား တစ်ယောက် ကျွန်းတစ်ကျွန်းပေါ်တွင် တစ်ယောက်တည်း သောင်တင်နေခဲ့သည်။

သူရောက်ရှိနေသော ကျွန်းသည် ကမ္ဘာ့တိုက်ကြီးများနှင့် အတော်ဝေးသော ၀င်ရိုးစွန်းဒေသ ဖြစ်နေသဖြင့် ကျွန်းပေါ်တွင် သူရောက်နေသည့် နှစ်များစွာကြာသည် အထိ ကျွန်းအနီးအပါးသို့ မည်သည့်သဘောင်္မျှ ရောက်မလာခဲ့သည့် အတွက် နေရပ်သို့ ပြန်ရောက်ရန် မျှော်လင့်ချက် မရှိသလောက် ဖြစ်နေခဲ့သည်။ အစာရေစာ ပေါများ၍ လှပသော ကျွန်းပေါ်တွင် သစ်လုံးအိမ်လေး ဆောက်ကာ သူနေခဲ့သည်။

ထိုအချိန်တွင် ဂြိုဟ်တုမှ ကမ္ဘာအနှံ့ ဓာတ်ပုံရိုက်ယူရာတွင် ထိုကျွန်းလေး ပေါ်တွင် အသက်မသေဘဲ ကျန်ရစ်ခဲ့သူ သင်္ဘောသားတစ်ဦး ကျန်ရှိနေကြောင်း တွေ့ရှိ၍ သက်ဆိုင်ရာ သဘောင်္ာကုမ္ပဏီကို အကြောင်းကြားလိုက်သည်။

တစ်နေ့ ထိုသူ ကမ်းခြေတွင် စိတ်ပျက်လက်ပျက် ထိုင်နေစဉ် သင်္ဘောကြီးတစ်စီး ရောက်ရှိလာကာ ကျွန်းနှင့်မလှမ်းမကမ်းတွင် ရပ်နားလိုက်ပြီး လှေကလေးတစ်စင်း ကမ်းခြေဆီသို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရာ သူ မပြောပြတတ်လောက်အောင် ၀မ်းသာသွားခဲ့သည်။
ထိုလှေပေါ်မှ သင်္ဘောအရာရှိတစ်ဦး ဆင်းလာပြီး သူ့ကို Laptop တစ်လုံး ကမ်းပေးလိုက်သဖြင့် သူက နားမလည်နိုင်စွာ ပြန်ကြည့်သည်။
သင်္ဘောအရာရှိက ……..

“လက်ရှိကမ္ဘာကြီးမှာ ဘယ်နေရာမဆို အင်တာနက်သုံးလို့ ရနေပြီဗျ။ ရော့…….. ခင်ဗျား မသုံးရတာ ကြာရောပေါ့။ သုံးလိုက်ပါဦး”

“ဟုတ်လား………. ဒါဆို ၀မ်းသာစရာပဲပေါ့ဗျာ။ ဒါကထားပါဗျာ………. ကျွန်တော့်ကို အရင်ကယ်ဦးလေဗျာ။ ကျွန်တော် ပြန်ချင်ပြီ”

ထိုအခါ သင်္ဘောအရာရှိက သူ့ကို လေအေးအေးလေးနှင့် ပြောလိုက်သည်။

“mmDailyNews အပါအ၀င် ကမ္ဘာ့သတင်းဝက်ဘ်ဆိုက်တွေကို ကြည့်ပြီး လက်ရှိ ကမ္ဘာကြီးရဲ့ အခြေအနေကို သိအောင် အရင်လေ့လာ လိုက်ပါဦး။ ပြီးမှ ခင်ဗျား အကယ်ခံချင် မခံချင် ကျွန်တော့်ကို ပြောပါ”

 /myogyi
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10915
Re: အမောပြေဟာသမှတ်စု
« Reply #131 on: May 21, 2011, 06:48:17 PM »
တစ်ခုခုတော့ ဖြတ်ရမယ်*

ဆရာဝန်- ခင်ဗျား ဆေးလိပ်သောက်တာ ရပ်လိုက်ပါ။

လူနာ - ကျနော် လုံးဝဆေးလိပ် မသောက်တတ်ပါဘူးဆရာ။

ဆရာဝန်- ဒါဆို အရက်လုံးဝ မသောက်ပါနဲ့ ။

လူနာ - အရက်လည်း လုံးဝ မသောက်တတ်ပါဘူး ။

ဆရာဝန်- ခင်ဗျား အာလူးကြော် ကြိုက်လားဗျ ။

လူနာ - ဟုတ်ကဲ့ အာလူးကြော်ကို သိပ်ကြိုက်ပါတယ် ။

ဆရာဝန်- ဒါဆို အာလူးကြော်နောက်မစားနဲ့တော့ ။


*မှားချက်*

“ခင်ဗျားရဲ့ သွေးခုန်နှုန်း ကိုစမ်းကြည့်ရတာ
နာရီ လိုပဲ မှန်နေတာပဲ”
“ဒေါက်တာက ကျွန်မ လက်ပတ်နာရီကို
စမ်းကြည့်နေတာကိုး ရှင့်”

*ဆောရီးဗျာ*

“ ခင်ဗျား ကားနဲ့ တိုက်မိလို့ ဒဏ်ရာရပြီး
သတိမေ့နေတဲ့လူဟာ ဘယ်သူလဲဆိုတာ သိသလားဗျ”
“အေးဗျာ ၊ မတိုက်ခင်တုန်းက သူ့နာမည်နဲ့ လိပ်စာ
မေးမထားမိဘူး”
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10915
Re: အမောပြေဟာသမှတ်စု
« Reply #132 on: May 21, 2011, 07:08:46 PM »

*သူ့ထင်မြင်ချက်*


“ခွဲစိတ်ခန်းထဲ ၀င်တဲ့အခါ ဆရာဝန်တွေ
သူနာပြုတွေအားလုံး ဘာဖြစ်လို့ သူတို့မျက်နှာတွေ
ပေါ်မှာ အ၀တ်ဖြူတွေ စည်းထားကြတာလဲ မသိဘူးနော်”
“မတော်တဆ ခြေချော် လက်ချော် ဖြစ်သွားရင်
သူတို့ကို မမှတ်မိအောင်လို့ နေမှာပေါ့”

*တူညီသော သဘောထား*

“အခု ကျွန်တော် အရွယ်ရောက်ပြီ ဖေဖေ၊
လွတ်လပ်မှု၊စွန့်စားမှု၊ မိန်းမလှလှ ရလိုမှုတွေဟာ
ကျွန်တော်တို့လို လူငယ်တွေရဲ့ လိုလားချက်ပါပဲ။
ဒါတွေကို စိတ်ဝင်စားမိလို့ ဖေဖေအနေနဲ့ ဆူမယ်ဆိုရင်
သား အိမ်မှာ မနေဘူး ဆင်းသွားမယ်ဗျာ”
“ငါ့ကိုလည်း ခေါ်သွားပါကွာ
ဖေဖေလည်း သားသဘောနဲ့ ထပ်တူပါပဲ”
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10915
Re: အမောပြေဟာသမှတ်စု
« Reply #133 on: May 21, 2011, 07:59:09 PM »
အလှည့်

"ဟလို.. FBI ကလားခင်ဗျား"

"ဟုတ်ကဲ့.. အမိန့်ရှိပါ"

"တွမ်တစ်ယောက် ထင်းထဲမှာ ဆေးခြောက်တွေ ဖွက်ထားကြောင်း သတင်းပေးချင်လို့ပါ"

"လိပ်စာပေးခဲ့ပါ။ ကျွန်တော်တို့ သွားရောက်စစ်ဆေးပါမယ်"

နောက်တစ်နေ့မှာ တွမ်တို့အိမ်ကို စစ်ဆေးရေးသမားတွေ သွားရောက်ခဲ့တယ်။ ထင်းထားတဲ့နေရာကို စစ်ဆေးပြီး ထင်းတွေအားလုံး ခွဲစစ်ခဲ့ပေမယ့် ဆေးခြောက်တွေ မတွေ့ခဲ့ဘူး။ တွမ်ကို ပြောဆိုဆုံးမပြီး စစ်ဆေးရေးသမားတွေ ထွက်ခွာသွားခဲ့ကြတယ်။

တအောင့်နေတော့ တွမ်ရဲ့ တယ်လီဖုန်းမြည်လာခဲ့တယ်။

"ဟေး... တွမ်.. FBI ကလူတွေ မင်းထင်းတွေ ခွဲပစ်လိုက်ပြီလား"

"ခွဲပြီးပြီ"

"ဒါဆိုရင် မင်းဖုန်းဆက်အလှည့်.. ငါ့အိမ်ရှေ့က မြေတွေလှန်ချင်လို့ကွ"


လိ
တစ်နေ့မှာ ရှင်ဘုရင်တစ်ပါး တိုင်းခန်းလှည့်လှည်ဖို့ ပြင်ဆင်တော့ လှပချောမောပြီး၊ ကာမဂုဏ်ကြီးတဲ့ မိဖုရားကို စိတ်မချဖြစ်နေခဲ့တယ်။ မှူးမတ်တွေနဲ့ မိဖုရားလျှောက်မလုပ်အောင် မိဖုရားရဲ့ private နေရာမှာ အထူးစီမံထားတဲ့ ညှပ်တစ်ခု ထည့်ထားလိုက်တယ်။ အဲဒီညှပ်က အရာဝတ္ထုကို ပြတ်အောင်ညှပ်နိုင်တဲ့ ညှပ်ဖြစ်တယ်။ ဒီလိုနဲ့ရှင်ဘုရင် စိတ်ချလက်ချ တိုင်းခန်းလှည့်လည်ခဲ့တယ်။
တစ်ပတ်အကြာ တိုင်းခန်းလှည့်လည်ရာက ပြန်လာပြီးနောက် မှူးမတ်တွေကိုခေါ်ပြီး ဘုရင်ကြီးစစ်ဆေးခဲ့တယ်။ မှူးမတ်အားလုံးကို အဝတ်ချွတ်ပြီး ဘုရင်ကြီးစစ်ဆေးခဲ့တယ်။ မှူးမတ်တိုင်းရဲ့ private နေရာက ပြတ်နေတာကို တွေ့လိုက်တယ်။ နောက်ဆုံးကျန်တဲ့ မှူးမတ်တစ်ယောက်တည်း အကောင်းပကတိ ဖြစ်တာကိုတွေ့တော့ ရှင်ဘုရင်က သစ္စာရှိတဲ့မှူးမတ်၊ ယုံကြည်ရတဲ့မှူးမတ်ဆိုပြီး ဆုချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ မှူးမတ်ကို အလိုရှိရာတောင်းဆိုဖို့ ဘုရင်က ပြောပေမယ့် မှူးမတ်က ဘာမှမပြောခဲ့ဘူး။ နောက်ဆုံး ဘာဖြစ်လို့ မတောင်းဆိုတာလဲလို့ ဘုရင်က စိတ်မရှည်စွာနဲ့မေးမှ မှူးမတ်က စကားပြောဖို့ ပါးစပ်ဟလိုက်တယ်။ ဒါပေမယ့် မှူးမတ်ပါးစပ်ထဲကလျှာ တစ်ဝက်ပြတ်နေတာကို ဘုရင်ကြီးတွေ့လိုက်တယ်။
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10915
Re: အမောပြေဟာသမှတ်စု
« Reply #134 on: May 22, 2011, 10:31:43 AM »
မြန်မာကြက်တစ်ကောင် နဲ့ တရုတ်ကြက်တစ်ကောင်

မြန်မာတစ်ယောက်နဲ့ တရုတ်တစ်ယောက် စကားပြောရင်းနဲ့ ညင်းခုံနေကြတယ်။

သူ့တို့တိုင်းပြည်က တိုက်ကြက်တွေ ဘယ်လောက်ကောင်းကြောင်း
စကားနိုင်လုကြရင်း တိုက်ကြက်ချင်းခွပ်ဖို့ စိန်ခေါ်လိုက်ကြတယ်။
ရှုံးတဲ့ကြက်ဘက်ကလူက တနှစ်ကျွန်ခံကြေး တဲ့။
ဒါပေမဲ့ ကြက်ခြင်းတိုက်ကြမှာက ခုချက်ခြင်းမဟုတ်ဘူး၊ နောင် ၅ နှစ်နေမှ တိုက်ကြမှာ...
ဘာလို့လဲဆိုတော့ မိမိတို့ရဲ့ ကြက်တွေကို စိတ်ကြိုက်မွေးမြူ
ပြုစုပျိုးထောင်ပြီး အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးကြဖို့ ၅ နှစ်
အချိန်ယူလိုက်တာလေ။
အဲ...၅ နှစ်လည်းပြည့်ရော... ...
... ... ...
တရုတ်ကြက်နဲ့ ဗမာကြက် ခွပ်လက်ဆုံကြပြီ ခင်ဗျ..
တရုတ်ကြက်က အကောင်နဲနဲသေးပေမဲ့ သွက်လက်ဖြတ်လတ်ပုံဘဲ။
ဗမာကြက်ကတော့ ကိုယ်လုံးကိုယ်ထည် ပိုကြီးပေမဲ့ ထုံထိုင်းထိုင်းပုံထွက်နေတယ်။
စ, လွတ်ပါပြီဆိုကတည်းက ဗမာကြက်က ကွင်းလည်မှာ ငိုက်နေပါလေရော၊ ဒါပေမဲ့
ကိုရွှေဗမာ ကြက်ပိုင်ရှင်က မပူဘူး...အေးဆေးဘဲ သူ့ကြက်အခြေအနေကို
ကြည့်နေတယ်။
လျောင်ကီးတို့ရဲ့ ကြက်ကတော့ အတက်လေးတပြပြ အတောင်ပံလေး
တသသနဲ့ပေါ့...ကွင်းထဲဝင်လာပြီဆိုကထဲက တဘက်ကဗမာကြက်ကို
ပြေးပြေးခွပ်နေလိုက်တာ ခြေထောက်မှာ စက်တပ်ထားလားမှတ်ရတယ်...
အတောင်ပံခပ်သံကလည်း တဖျန်းဖျန်းနဲ့... ပြင်းမှပြင်း
ရန်သူကို ဘေးကတမျိုး၊ ရှေ့ကတဖုံ၊ နောက်ကတသွယ် ပယ်ပယ်နယ်နယ်ကို
တီးနေလိုက်တာများ တရုတ်ကြက်ဘက်က အားပေးနေတဲ့လူတွေရဲ့အော်သံ
ဝက်ဝက်ညံနေရော... ...
ဗမာကြက်ကတော့ ဘာမှပြန်မလုပ်ဘူးခင်ဗျ။ တခါတခါ နဲနဲနာသွားရင်
မျက်လုံးလေးတဖက်ဖွင့်ကြည့်ပြီး ပြန်အိပ်သွားပြန်တယ်။
အဲလို...ခွပ်ရင်းခွပ်ရင်းနဲ့ ကြာလာတော့ တရုတ်ကြက်
သက်လုံကျလာတယ်..သိပ်မကြာခင်မှာဘဲ တော်တော်လေးအမောဖောက်လာပြီး ဗမာကြက်ရဲ့
အတောင်ပံကြား ခေါင်းထိုးပြီး
နားနေပါလေရော...
ကံဆိုးခြင်တော့ သူ့ဟာသူခွပ်ရင်းနဲ့ သူ့ခြေထောက်မှာ၊ ခေါင်းမှာ၊
ကိုယ်လုံးမှာ ထိခိုက်မိပြီး သွေးစ နဲနဲထွက်နေတာကိုး...
သွေးညှီနံ့လဲရရော ဗမာကြက်ခေါင်းထောင်လာတယ်...ဘေးဘီဝဲယာ
လှည့်ပတ်ရှာလိုက်တော့ သူ့အတောင်ပံကြားက တရုတ်ကြက်ဆီကကိုး ...
ဘာမှပြောမနေဘူး...တခါထဲ တရုတ်ကြက်ခေါင်းကို ဖမ်းဆွဲပြီး တစ်ကောင်လုံးကို
ဖဲ့ရွဲ့စားလိုက်တာ အချိန်ပိုင်းလေးအတွင်းမှာဘဲ အရိုးပါးပါး ကျန်တယ်။
ဗမာပရိတ်သတ်တွေရဲ့ အော် အလှည့်ပေါ့...၊ ဝေး...ဟေး...ဟေး... ...
ဗမာကြက်ပိုင်ရှင်ကတော့ ပြုံပြုံး ပြုံးပြုံးနဲ့။
ခဏနေတော့ ရှုံးတဲ့ကြက်ပိုင်ရှင် မောင်တရုတ်တစ်ယောက်
ဗမာကြက်ပိုင်ရှင်ရဲ့ရှေ့ ဒူးထောက်ရောက်လို့လာတယ်။
ပြီးတော့ ဇဝေဇဝါမျက်နှာနဲ့ မေးလာတယ်.. ...
"ကျနော်တော့ နားကိုမလည်တော့ဘူးဗျာ၊ မရှုမလှရှုံးမဲ့သာရှုံးတာ ကျနော့်ကြက်ဟာ
နယ်နယ်ရရ ကြက်မဟုတ်ဘူး၊ အိန္ဒိယ စစ်တကောင်းနယ်က အရက်စက်ဆုံး
အကြမ်းတမ်းဆုံး
တိုက်ကြက်ဖ နဲ့ မွန်ဂိုလီယားကြက်မကို မျိုးစပ်ပြီး ပြည်မကြီးက
ဓါတ်ခွဲခန်းမှာ အကောင်းဆုံး စမ်းသပ်စစ်ဆေးပြီးမွေးမြူခဲ့တာ၊
သူ့ကိုနိုင်တဲ့ကြက် တရုတ်ပြည်မှာတော့ တစ်ကောင်မှ မရှိတော့ဘူး၊ အချိန် ၅
နှစ်တောင်ကြာအောင် လေ့ကျင့်ပေးခဲ့ရတာ၊ ခင်ဗျားတို့ကြက်ကိုရော ဘယ်လို
မွေးမြူခဲ့ပြီး ဘယ်လောက်တောင်လေ့ကျင့်ပေးခဲ့ရသလဲ"

ဒီတော့ ဗမာကြက်ပိုင်ရှင်က ပြန်ဖြေတယ်... ...
"အထွေအထူးတော့မရှိပါဘူးကွာ...၊ လဒ တစ်ကောင်ကို တိုက်ကြက်ဖနဲ့တူအောင်
ယိုးဒယားသွားပြီး ပလပ်စတစ်ဆာဂျရီလုပ်လိုက်တာ ၂ ရက်ဘဲ ကြာတယ်၊
+8

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10915
Re: အမောပြေဟာသမှတ်စု
« Reply #135 on: May 22, 2011, 10:43:15 AM »
*တစ်ရက်လို*

ဆရာဝန်က လူနာကို ဖုန်းဆက်ပြီးပြောသည်။
"ဟဲလို၊ ဦးဘမောင်ပါလား"
"ဟုတ်ပါတယ်"
"ကျွန်တော် ဒေါက်တာ ကောင်းထိုက်ပါ။ ဦးဘမောင်ကို ကျွန်တော် သတင်းနှစ်ခု
ပြောစရာရှိပါတယ်။ တစ်ခုက မကောင်းတဲ့သတင်း။ နောက်တစ်ခုကတော့ အင်မတန်ကို
ကောင်းတဲ့သတင်းပါ။ ဘာသတင်းက စပြောရမလဲ"
"မကောင်းတဲ့ သတင်းက စပြောဗျာ"
"ဟုတ်ကဲ့။ ဟိုတစ်နေ့က လူကြီးမင်း လာပြီး ဆေးတွေစစ်သွားတာ ရလဒ်တွေ သိပါပြီ။
ဒီရလဒ်တွေအရ လူကြီးမင်းဟာ အများဆုံး သုံးရက်ပဲ လူ့ပြည်မှာ နေရဖို့ ရှိပါတယ်
ဘုရား၊ ဘုရား။ ဒီလောက်တောင် အခြေနေ ဆိုသလားဗျာ။ အင်း၊ အင်မတန်ကောင်းတဲ့
သတင်းကကော"
"လူကြီးမင်းကို ကျွန်တော် ဖုန်းဆက်နေတာ နှစ်ရက်ရှိပါပြီ။ အခုမှပဲ
ဆက်လို့ရပါတယ်"

*မေ့တတ်တဲ့အရွယ်*

"ဒေါက်တာ။ ကျွန်တော့အသက် ၈ဝ- ရှိပြီ။ ဒါပေမယ့် အခုအချိန်ထိ အမျိုးသမီး
ချောချောလှလှကို တွေ့ရင် သူ့နောက် လိုက်မိနေတုန်း"
"ဟာ ဒါကောင်းတာပေါ့ အန်ကယ်ရယ်"
"ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဘာအတွက် ကျွန်တော် လိုက်သလဲဆိုတာ ဘယ်လိုမှ
စဉ်းစားလို့ မရဘူး"
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10915
Re: အမောပြေဟာသမှတ်စု
« Reply #136 on: May 22, 2011, 10:53:56 AM »
ခရီးသွားရင်းကြုံရတဲ့ ဟာသ
“လေယာဉ်ပျံပေါ်တွင်ကြေညာသောသတိပေးချက်”

“လေယာဉ်ပေါ်မှ ထွက်ခွာတဲ့ အခါ လူကြီးမင်းတို့ ရဲ့ ပစ္စည်းများကို မကျန်ခဲ့ အောင် ဂရုစိက်စေချင်ပါတယ်။ ကျန်ခဲ့ တဲ့ပစ္စည်းများကို လေယာဉ်မောင်၊ မယ်များခွဲယူမြှာဲဖစ်ပါတယ်။ အထူးသဖြင့် ကလေးနှင့် မိမိဇနီးများကို မကျန်ခဲ့ အောင်ဂရုစိုက်ပါ”
“ခါပတ်ပတ်ပါ။ မီးကိုပိတ်တော့ မှာ ဖြစ်ပါတယ်။ မိမိထိုင်ခုံမှထ၍ သွားလိုရာသွားနိုင်ပါတယ်။ လေယာဉ်ပျံအပြင်ကိုတော့  မထွက်ပါနှင့်ခင်ဗျား”
“ဒီခရီးစဉ်မှာ ဆေးလိပ်သောက်ခွင့်မပြုပါ။ အိမ်သာထဲ တွင်လည်း ဆေလိပ်သောက့်ခွင်.မရှိပါ။ အိမ်သာထဲတွင် ဆေးလိပ်သောက်သည်ကိုတွေ့ ရှိပါက လေယာဉ်ပျံပေါ်မှ ချက်ချင်း ဖယ် ရှားပစ်မည်ဖြစ်ကြောင်း သတိပေးပါသည်။

ပိတ်မိနေသောအခန်း

"ရဲဌာနကပါလားခင်ဗျာ .."
ရဲဌာန ချူပ်သို. ဖုန်းဆက်သောအသံသည်တုန်တုန်ရီရီ ဖြစ်နေသည်။
"ဟုတ်ပါတယ် ရဲဌာနကပါ "
"တော်ပါသေးရဲ.ခင်ဗျာ ။ အဖွားကြီးတစ်ယောက်ရဲ. အိပ်ခန်းထဲမှာ သူခိုးတစ်ယောက် ပိတ်မိနေတာကို သတင်းပို.ချင်လို.ပါ ။
ကျေးဇူးပြုပြီးမြန်မြန်လာပါခင်ဗျာ "
"အခု ဖုန်းဆက်နေတာ ဘယ်သူပါလဲ " ဟုရဲက မေးသည်။
တစ်ဖက်ဖြေသည်မှာ
"သူခိုးပါခင်ဗျာ "
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10915
Re: အမောပြေဟာသမှတ်စု
« Reply #137 on: May 22, 2011, 10:59:58 AM »
တစ်နေ့မှ မိန်းကလေးတစ်ယောက်က တက္ကစီငှားဖို့ ဖုန်းဆက်ပါတယ့်။

မိန်းကလေး .... ဟလို ကျွန်မ +++ လမ်းထိပ်မှာပါ။ တက္ကစီတစ်စီး လွတ်ပေးလို့ရမလား?
တက္ကစီသမား .... ဟုတ်ကဲ့.. ခင်ဗျား ဘာအဝတ်အစား ဝတ်ထားသလဲ?
မိန်းကလေး ... အဖြူရောင်အင်္ကျီနဲ့ အပြာရောင်စကပ်ပါ
တက္ကစီသမား ... ဘယ်အထိလဲ? (ဘယ်အထိ ပို့ရမလဲ?)
မိန်းကလေး... ဒူးအထိပါ

အမေး နှင့် အဖြေ


    ၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

    အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
    အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။

    အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
    အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။

    အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
    အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။

    အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။
    အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။

    အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။
    အဖြေ။  မောင်လွင်မဟုတ်ရင်လုံးဝမသိကြောင်း ၀န်ခံပါသည်။
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10915
Re: အမောပြေဟာသမှတ်စု
« Reply #138 on: May 22, 2011, 11:09:49 AM »
ဘာသာပြန်

အမေး။ How do you do?
အဖြေ။ ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ။

အမေး။ Long time no see.
အဖြေ။ အရှည်ကြီးက အချိန်မမြင်ဘူးဟ။

အမေး။ Fine for smoking
အဖြေ။ ဆေးလိပ်သောက်လို့ အဆင်ပြေပါတယ်။

အမေး။ We need to check the time table.
အဖြေ။ ကျုပ်တို့ နာရီစားပွဲနဲ့ ကျားထိုးရဦးမယ်ဗျ။

အမေး။ Free Burma.
အဖြေ။ မြန်မာပြည်ကြီးကို အလကားယူသွားဗျာ (ပိုက်ဆံပေးဖို့မလို)

အမေး။ Save the forest.
အဖြေ။ တောအုပ်ကြီးကို သိမ်းထားစမ်းပါ။

အမေး။ Free Alcohol Zone
အဖြေ။ အရက်အလားကား ရသော နေရာဖြစ်သည်။

အမေး။ Wash Basin
အဖြေ။ ရေဇလုံကို ဆေးပါ

ငါမဟုတ်ဘူး

သစ်ခုတ်သမား နှစ်ဦးသည် အိမ်တစ်အိမ်၏ ရှေ့တွင် ရပ်လိုက်ပြီး တံခါးကို
ခေါက်လိုက်သည်။
“နေကောင်းရဲ့လား ၊ ဂျက်”
“ကောင်းတယ် ၊ သူငယ်ချင်းတို့”
“ငါနဲ့ အယ်ဒီနဲ့ အခုပဲတောထဲမှာ လူသေ အလောင်းတစ်လောင်းတွေ့ခဲ့တယ် ၊ ငါတို့က
သေတဲ့သူက မင်းထင်လို့”
“ဒါနဲ့ သူပုံပန်းက ဘယ်လိုရှိလဲ”
“အရပ်အမောင်းက မင်းအရွှယ်ပဲ”
“ရှပ်အင်္ကျီ အနီရောင်နဲ့လား”
“မဟုတ်ဘူး အညိုရောင်ကွ”
“ဒါဆိုရင်တော့ ငါ မဟုတ်ဘူး”

သိရအောင်ပါ

ဆံရှည်ကိုယ်တော်တစ်ဦး ဆံပင်ညှပ်နေစဉ် ဖြစ်သည်။
လူငယ်“ဆံပင်ညှပ်နေတုန်းမှာ ဘာဖြစ်လို့ ကျွန်တော် နှာခေါင်းကို
ကိုင်ထားရတာလဲဗျာ”
ဆံပင်ညှပ်ဆရာ “အော် ဒါလား ၊ မင်းမျက်နှာ ဘယ်ဘက်မှာ ရှိလဲဆိုတာ သိရအောင်လို့ပါ”
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10915
Re: အမောပြေဟာသမှတ်စု
« Reply #139 on: May 22, 2011, 05:39:22 PM »
တစ်နေ့မှာ ခရီးသွားတစ်ယောက် ခရီးသွားရင်း လမ်းမှားခဲ့တယ်။ ခရီးသွားက လမ်းဘေးမှာ ဆော့ကစားနေတဲ့ ကလေးတစ်ယောက်ရဲ့ ခေါင်းကိုကိုင်ပြီး လမ်းမေးတယ်။

"ဟေ့.. ချာတိတ် ဒီနေရာကို ဘယ်လိုခေါ်လဲ?"

"ဒါ ကျွန်တော့်ခေါင်းလေဗျာ"

၂ ခု
လူတွေကြိတ်ကြိတ်တိုးနေတဲ့ ပဲရစ်မြို့ရဲ့ ရထားဘူတာရုံတစ်ခုမှာ တိုးရစ်တစ်ဦးက အလန့်တကြား ထအော်တယ်။

"ဟာ..... ကျုပ်ပိုက်ဆံအိတ် မတွေ့တော့ဘူး"

ဒါကို ပြင်သစ်အဘိုးအိုတစ်ဦးက ပုခုံးတွန့်ပြပြီး "ဘုရားသခင်ကို အမြန်ကျေးဇူးတင်ပါ"လို့ပြောတယ်။ အဘိုးအိုကဆက်ပြီး "ပဲရစ်မြို့ရောက်ရင် အရာနှစ်ခုကို ခင်ဗျားတင်းတင်း ဆုပ်ကိုင်ထားရတယ်။ တစ်ခုက ပိုက်ဆံအိတ် နောက်တစ်ခုက ဇနီး၊ ခင်ဗျားဘေးမှာ ခင်ဗျားဇနီးရှိနေသေးတာကိုက ခင်ဗျားကံကောင်းလို့ပဲ"

ခင်ဗျားကံကောင်းလို့"

ပထမလူ: အရင်ပတ်က ကျွန်တော့်မိန်းမမျက်စိထဲ သဲတစ်ပွင့်ဝင်သွားတယ်။ ဆရာဝန်သွားပြတော့ ကျွန်တော့်ငွေ ၃ရာကုန်သွားတယ်။

ဒုတိယလူး ဟာ.. ခင်ဗျားကံကောင်းတာပေါ့။ အရင်ပတ်က ကျွန်တော့်မိန်းမမျက်စိထဲ အနွေးထည်တစ်ထည် ၀င်သွားတယ်။ နောက်တော့ ကျွန်တော့်ငွေ ၃ထောင်ကုန်သွားတယ်။



+3

Tags: