Author Topic: အမောပြေဟာသမှတ်စု  (Read 426454 times)

0 Members and 3 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #120 on: May 20, 2011, 01:21:41 PM »
သိချင်နေတာ

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "

ငတုံး ရှာပုံတော်

တစ်ခါက လူတစ်ယောက်ရှိတယ်။ သူကသူ့ကိုယ်သူ ပညာရှိလို့ အထင်ကြီးနေတဲ့သူပေါ့။ သူ့ တပည့် အခြွေအရံတွေကလည်း သူ့နားမှာဝိုင်း မြှောက်ပင့်စားနေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူ့တပည့်တွေထမ်းလာတဲ့ ဝေါယာဉ်ပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့ မြို့ထဲကိုထွက်လာရော လမ်းတစ်နေရာလည်းရောက်ရော လူတွေက သူ့ကို ” ငတုံးကြီး ” ဆို လက်ညိုးဝိုင်းထိုးပြီး အော်လှောင်ကြပါလေရော။

ဒီတော့ ပညာရှိဆိုသူက သူ့တပည့်ကို ” လူတွေက ငါ့ကို ငတုံးကြီးလို့ ခေါ်နေပြီ..သွားစမ်းကွာ မင်း ငတုံးသုံးယောက် ရအောင်အမြန်သွားရှာ ဖမ်းခေါ်လာခဲ့။ သူတို့ရှိမှ ငါခံသာမှာ။ မြန်မြန်သာသွားရှာချေ” လို့အမိန့်ပေးလိုက်တယ်။

ဒါနဲ့ တပည့်လုပ်သူလည်း ငတုံးရှာပုံတော် ဖွင့်တော့တာပေါ့။ မြို့တစ်နေရာရောက်တော့ လူတစ်ယောက်က ခေါင်းပေါ်မှာ လေးပင်တဲ့အထုပ် တစ်ထုပ်ရွက်လို့ မသက်မသာပုံစံနဲ့ မြင်းစီးလာတာ တွေ့လိုက်ရတယ်။ ဒါနဲ့ ” ခင်ဗျားက ဒီလောက်လေးတဲ့အထုပ်ကို ဘာလို့မြင်းပေါ်တင်မစီးဘဲ ခေါင်းပေါ်ရွက်လာရတာလည်း ” လို့ မေးတယ်။ ဒီတော့ မြင်းနဲ့လူက ” ဒီလိုလုပ်မှ ကျုပ်မြင်းသက်သာမှာပေါ့ဗျ ” လို့ပြောတယ်။ တပည့်လည်း ၀မ်းသာသွားတယ်။ ” ခင်ဗျားက ငတုံးဘဲ။ လာကျုပ်နောက်က လိုက်ခဲ့။ ရုံးတော်ကို သွားကြမယ်” ဆို ဖမ်းခေါ်လာခဲ့တယ်။

ဒီလိုနဲ့သွားရင်း မြို့အ၀င်ဂိတ်ကို ရောက်လာတယ်။ အဲ့ဒီမှာ လူတယောက် ၀ါးလုံးတစ်လုံးနဲ့ မြို့အ၀င်ဂိတ်ကိုဖြတ်မရဘဲ အခက်ခဲတွေ့နေတယ်။ သူက၀ါးလုံးကို အလျှားလိုက် လျိုမထည့်ဘဲ ဒေါင်လိုက်ထောင်ဝင်တော့ နိမ့်တဲ့အ၀င်ဂိတ်ထက် ပိုရှည်နေတဲ့ဝါးလုံးက ကန့်လန့်ဖြစ်ပြီး ၀င်မရဖြစ်နေတော့တာပေါ့။ ဒီတော့ တပည့်လုပ်သူက ” ခင်ဗျားလည်း နောက်ထပ်ငတုံးတစ်ယောက်ဘဲ။ ကျုပ်နဲ့လိုက်ခဲ့” ဆိုပြီး သူ့ဆရာပညာရှိဆိုသူရဲ့ အိမ်ကိုခေါ်လာခဲ့တယ်။

အိမ်ကိုရောက်တော့ ” တပည့်တော့ ငတုံး၂ယောက် ရလာပါပြီဆရာ.. နောက်တစ်ယောက်ဘဲ လိုပါတော့တယ် ” လို့ပြောတော့ ပညာရှိဆိုသူက ၀မ်းသာအားရနဲ့ ” ငတုံးတွေရလာပြီပေါ့၊ သူတို့ဘာလုပ်ခဲ့လဲ ဆိုတာအတိအကျ လျှောက်တင်စမ်း”  လို့ပြောတယ်။

ဒီတော့တပည့်က ” တစ်ယောက်က မြင်းသက်သာအောင် ခေါင်းပေါ်အထုပ်တင်ပြီး မြင်းကိုစီးတယ်.. ကျန်တစ်ယောက်က မြို့တံခါးကို ၀ါးလုံးရှည်တစ်လုံးနဲ့ ၀င်မရဖြစ်နေလို့ပါ “  လို့လျှောက်တင်လိုက်တယ်။
အဲ့ဒီတော ပညာရှိဆိုသူက ဟက်ဟက်ပက်ပက်ရယ်ရင်း..” ဟား..ဟား..ဟား  မင်းတို့ဟာ တကယ့်ကိုငတုံးတွေဘဲ၊ လာ..လာ မင်းတို့ကိုပိုပြီးတော်လာအောင် ငါပြုပြင်ပေးမယ် “
” မြင်းနဲ့လူ.. မင်းက မြင်းရဲ့အလျားထက်ပိုရှည်တဲ့ တုတ်တစ်ချောင်းရှာ.. ပြီးရင်တုတ်ထိပ်မှာ မင်းရဲ့လေးလှပါတယ်ဆိုတဲ့အထုပ်ကိုမြဲမြဲချည်.. ပြီင်္းတော့အဲ့ဒီအထုပ်ကို ပုခုံးမှာထမ်းပြီး  မြင်းစီးသွားရင် မင်းရဲ့မြင်း သက်သာသွားလိမ့်မယ်.. “

” နောက်..၀ါးလုံးနဲ့လူ.. မင်းက လွှတစ်ချောင်းရှာလိုက်၊ ပြီးရင်မြို့တံခါးမှာသွားတိုင်း.. တံခါးထက်ပိုရှည်ထွက်နေတဲ့ အပိုင်းကိုလွှနဲ့ဖြတ်လိုက်.. ဒါဆိုမြို့ဂိတ်ဝတံခါးကို မင်းဖြတ်လို့ရသွားလိမ့်မယ် ” လို့ပြောလိုက်တယ်။

အဲ့ဒီတော့ ပညာရှိဆိုသူရဲ့တပည့်က သူ့ဆရာကို အခုလိုပြောလိုက်တယ်။

” ဆရာရေ.. တတိယငတုံးကို တပည့်သွားရှာစရာ မလိုတော့ဘူးထင်တယ်..” ourmandalay
+8

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #121 on: May 20, 2011, 01:58:18 PM »
မနက်စာ

“ဟေ့ စားပွဲထိုး…။ မင်းတို့ဟိုတယ်ရဲ့ မနက်စာက ညံ့လှချည်လားကွ။ မန်နေဂျာကို ခေါ်စမ်းကွာ”

“မန်နေဂျာ မရှိဘူး ခင်ဗျ”

“ဘယ်သွားသလဲ”

“အပြင်မှာ မနက်စာ သွားစားပါတယ်”

(ဆရာကံချွန်ရဲ့ ဟာသ)

အတွေးကိုယ်စီ

တစ်ခါတုံးက ဂျာမန်ကောင်လေးတစ်ယောက်ရယ် ပြင်သစ်ကောင်လေးတစ်ယောက်ရယ် ခရီးထွက်ကြတယ်
သူတို့ကရထားနဲ့သွားကြတာအဲဒီတုံးကရထားတွေက မျက်နှာချင်းဆိုင်ထိုင်ရတဲ့ခုံတွေများတယ်
အဲဒီလိုနဲ့အဲဒီကောင်လေးနှစ်ယောက်နဲ့မျက်နှာချင်းဆိုင်ခုံမှာ အသက်ကြီးကြီးအဖွားကြီးတစ်ယောက်ရယ် ငယ်ငယ်ချောချောကောင်မလေးရယ်ထိုင်တယ်
ကောင်မလေးကအရမ်းချောတော့ကောင်လေးနှစ်ယောက်ကစိတ်ဝင်စားပြီးအသေငန်းကြတာပေါ့
ကောင်မလေးကလဲအဲဒါကိုသိတယ်
အဖွားကြီးကလဲသိတယ် သူတို့နှစ်ယောက်ကောင်မလေးကိုစိတ်ဝင်စားနေမှန်း
ဒီလိုနဲ့ ရထားကခရီးဆက်လာတာ လှိုင်ဂူထဲကိုရထားဖြတ်မောင်းသွားတော့ ရထားထဲလုံးဝမှောင်မဲသွားတယ်
အဲဒီအချိန်မှာ ''ပြွတ် ''ဆိုတဲ့အသံနဲ့အတူ'' ဖြန်း''ဆိုတဲ့ အသံထွက်လာတယ်
အဲဒီအချိန်မှာ အဖွားကြီးကတွေးတယ် ''ဟိုကောင်လေးနှစ်ယောက်ထဲကတစ်ယောက်ကတော်တော်မလွယ်တာပဲ မှောင်သွားတာနဲ့ကောင်မလေးကိုခိုးနမ်းတာပဲ''
ပြီးတော့''ကောင်မလေးကလဲရုပ်ကလေးချောသလောက်တော်တော်လက်သံပြောင်တာပဲ'' လို့တွေးတယ်
အဲဒီအချိန်မှာ ကောင်မလေးကဘယ်လိုတွေးလဲဆိုတော့ ''ဟိုနှစ်ကောင်ထဲကတစ်ယောက်ငါထင်ပြီး လစ်တုံးနမ်းလိုက်တာအဖွားကြီးဖြစ်နေတယ်
အဖွားကြီးကလဲ အသက်ကြီးသလောက်လက်သံတော်တော်ပြောင်တာပဲ''
အဲဒီအချိန်မှာဂျာမန်ကောင်လေးကဘယ်လိုတွေးလဲဆိုတော့ ''ဟိုပြင်သစ်ကောင် ခိုးနမ်းတာ ကောင်မလေးကမမြင်မကန်းနဲ့ငါ့ပါးကိုချထဲ့လိုက်တယ်''
ပြင်သစ်ကောင်လေးကတော့စိတ်ထဲမှာဒီလိုတွေးနေတယ် ''ကောင်းလိုက်တာကွာ ကိုယ့်လက်ကိုနမ်းပြီးဟိုကောင်ရဲ့ပါးကိုချရတာသိပ်အရသာရှိတာပဲ''  ရီဒါဒိုင်ဂျက်(စ်)
+7

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #122 on: May 20, 2011, 02:38:13 PM »
ဟုတ်တယ်နော်
*
စိတ်ရောက်ဂါကုဆရာဝန်က သူ့ ရဲ့ လူနာကိုမေးတယ်.........

"၁၀၀ ထဲကနေ ၁ နှုတ်ရင် ဘယ်လောက်ကျန်သလဲ"

လူနာကအတော်ကြာကြာ စဉ်းစားပြီးမှ....

"သုံည (၂) လုံးကျန်မယ်ဆရာ

ငွေ

သားက အဖေကို မေးသည်။
"ဖေဖေ ငွေဆိုတာ ဘာလဲပာင်?"

အဖေဖြစ်သူ မျှော်လင့်လေသံ နှင့် ပြန်ပြောသည်။
"ငွေဆိုတာ ကိုယ်ပိုင်ကား။ ၀ီစကီ နဲ့ မိန်းမချောတွေပါ။"

'ငွေမရှိဘူး ဆိုရင်ကော?
"အဲ့ဒါဆို ဘတ်စ်ကား။ လက်ဖက်ရည်ကြမ်းနဲ့ မင်းအမေပါ သားရယ်။"
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #123 on: May 20, 2011, 02:48:44 PM »
ကျွန်တော့်အဖေပါ

မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-

‘‘ ကျွန်တော့်သားကိုခွင့်ပေးဖို့ ခွင့်တိုင်တာပါ။’’
‘‘ ခု ဖုန်းဆက်တာဘယ်သူလဲ’’
‘‘ ကျွန်...ကျွန်..ကျွန်တော့် အဖေပါ ဆရာကြီး။’’

အယူအဆ

တစ်ခါက တိုင်းပြည်နှစ်ပြည်မှာ ညီနောင်ဝမ်းကွဲ မင်းနှစ်ပါး
အသီးသီးအုပ်ချုပ်လျှက်ရှိသတဲ့။ နောင်တော်မင်းသည် ညီတော်၏တိုင်းပြည်အား
စစ်မက်ပြုပြီး သိမ်းပိုက်ဖို့ အမြဲကြံစည်နေတယ်။
တစ်နေ့မှာ လူသူလက်နက်အလုံးအရင်းဖြင့် မြို့အားဝန်းရံပြီး ညီတော်အား .. ''
မေးခွန်း (၃)ခုမေးမည် ၊ မဖြေနိုင်က နိုင်ငံကိုသိမ်းမည်။
အားလုံးဖြေနိုင်လျှင် တပ်ရုတ်သိမ်း၍ ပြန်မည် …''  ဟု ရာဇသံပို့သည်။
ညီတော်မင်းလည်း ''မေးခွန်းအား မည်သူဖြေနိုင်မည်နည်း ၊ ဖြေနိုင်သူကို
အိမ်ရှေ့စံနှင်း၍ သူကောင်းပြုမည်'' ဆိုပြီးကြေငြာတာပေါ့။ ဒါပေမယ့်
ဘယ်သူမျှ မဖြေ၀ံ့ကြဘူးတဲ့ ။ ကိုယ်ဖြေလို့မှားသွားရင်ဖြင့်
ဒုက္ခများမှာကိုး .. ။
အဲဒီအချိန်မှာပဲ အမူးသမားတစ်ယောက် စင်ပေါ်တက်လာပြီး ''မေးခွန်းအား
ကျုပ်ဖြေမည် ၊ မေးပါ ..'' လို့ ဆိုသတဲ့။ အားလုံးကလည်း
အံ့အားသင့်နေကြတာပေါ့။ မဟာပညာရှိကြီး ဆိုပြီး အားကိုးတကြီးနဲ့
ကြည့်နေကြတယ်။

မေးခွန်းတွေကအသံတိတ်တွေ ၊ အမူအရာနဲ့ပဲမေးတယ်။

ပထမမေးခွန်းကိုစမေးတယ် -
မေးတဲ့သူက အမူးသမားကို လက်ငါးချောင်းထောင်ပြတယ်။
အမူးသမားက လက်ဆယ်ချောင်း ပြန်ထောင်ပြလိုက်တယ်။
အဖြေမှန်သွားပါတယ် ..

ဒုတိယမေးခွန်းက -
ရင်ဘတ်ကို လက်ဝါးနဲ့ပုတ်ပြတယ်။
အမူးသမားက ရင်ဘတ်ကိုကော ကျောကိုကော ပြန်ပုတ်ပြလိုက်တယ်။
ဒုတိယအဖြေ မှန်သွားပြန်ပါတယ် ..

တတိယမေးခွန်းမှာတော့ -
မေးတဲ့သူက အမူးသမားကို လက်သီးလက်မောင်း တန်းပြတယ်။
အမူးသမားက ပုဆိုးပြန်လှန်ပြလိုက်တယ်။

ဒီလိုနဲ့ အဖြေအားလုံးမှန်သွားပါတယ်။
ဝိုင်းထားတဲ့စစ်တပ်ကြီးလည်း ကတိအတိုင်း ပြန်ရုတ်သွားတယ်။

တိုင်းသူပြည်သားတွေကလည်း ချီးကျူး ၊ ဘုရင်ကလည်း အမူးသမားကို
အိမ်ရှေ့အရာနှင်းတာပေါ့။
နန်းတွင်းက ပညာရှိအမတ်တွေဟာ သူတို့တောင် မဖြေနိုင်တဲ့ မေးခွန်းတွေရဲ့
အဓိပ္ပါယ်ကို သိချင်လွန်းတဲ့အဆုံး အသစ်စက်စက် မဟာပညာရှိ အိမ်ရှေ့စံ
ကိုယ်တော်လေးထံ ချည်းကပ်မေးမြန်းကြတာပေါ့။
ဒီတော့ မဟာပညာရှိကိုယ်တော်လေးက ရှင်းပြတယ် ..
'' အလကားပါဗျာ .. ဒီကောင်တွေက ကျုပ်ကို အရက်သမားမှန်းသိလို့ ထင်တယ် ''
''မင်း တစ်နေ့ကို အရက်ငါးလုံး သောက်နိုင်လား''    လို့မေးတယ် ၊ ကျုပ်ကလည်း
''ငါးလုံးမကဘူး ဆယ်လုံးကုန်အောင်သောက်နိုင်တယ်'
'လို့ ပြန်ဖြေလိုက်တယ်။
ဒီတော့ ''မင်းဒီလိုသောက်တာ ရင်မပူဘူးလား'' ဆိုပြီး ရင်ဘတ်ကိုပုတ်ပြတယ်။
ကျုပ်လည်း ''ရင်တင်မကဘူး ကျောပါပူတာပေါ့ကွာ''  ဆိုပြီးပြန်ပြောလိုက်တယ်။
နောက်ဆုံး ''မင်းဒီလောက်မိုက်တာ ငါနဲ့ချမလား''
ဆိုပြီးလက်သီးလာထောင်ပြတယ်။ ကျုပ်လည်း ''မင်းနဲ့တော့မချဘူး မင်းတို့ကို
ဒါပဲထင်တယ်ကွာ'' ဆိုပြီး ပုဆိုးလှန်ပြလိုက်တာ
သူတို့ဘာမှပြန်မပြောရဲတော့ဘူးလေ .. ဟား ဟား ''

မေးခွန်းတွေရဲ့အဓိပ္ပါယ်အမှန်ကဒီလို ..
(၁) မင်းတို့ဘုရင်က ငါးပါးသီလနဲ့ပြည့်စုံလား .. ။
(အမူးသမားက လက်ဆယ်ချောင်းပြန်ထောင်ပြလိုက်တော့ '' ငါးပါးတင်မကဘူး
ဆယ်ပါးသီလနဲ့ပါ ပြည့်စုံတယ်'' လို့ထင်သွားတာ)

(၂) မင်းတို့ဘုရင်က တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်သလား .. ။
(အမူးသမားက ရင်ဘတ်ကော ကျောကုန်းကော ပုတ်ပြလိုက်တော့ ''ကျောသားရင်သား
မခွဲခြားပဲ စောင့်ရှောက်တယ်'' လို့ထင်သွားတယ်)

(၃) မင်းတို့ဘုရင်က လက်ရုံးရည်နဲ့ ပြည့်စုံလား .. ။
(ပုဆိုးလှန်ပြလိုက်တာကို '' လက်ရုံးရည်တင်မကဘူး ၊
နှလုံးရည်နဲ့ပါပြည့်စုံတယ်'' လို့ ယူဆသွားတာကိုး ...)
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #124 on: May 20, 2011, 03:20:56 PM »
အဘက အလကားမ လုပ်ပါ့ဘူးကွယ့်


တစ်ခါကကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကဒီလိုပါ။

လူငယ်တစ်စုတဲ့ မေမြို့ကို ပျော်ပွဲစားသွားကြသတဲ့။ သူတို့ထဲက တစ်ယောက်က မေမြို့မှာ ခြံနဲ့ အိမ်ပိုင် လေသည်။ သူတို့လည်းအဲဒါနဲ့ အဲဒီခြံမှာ တည်းကြတာပေါ့။ အဲဒီခြံထဲမှာ ခြံစောင့် အဘိုးကြီး တစ်ယောက်လည်း ရှိလေသည်။ ညနေရောက်တော့ သူတို့က အရက်သောက်ချင်လာကြတယ်လေ။ သွားဝယ်ရမှာကလည်းပျင်းတာနဲ့ အဘိုးကြီးကို ပိုက်ဆံပေးပြီး

‘အဘ ကျွန်တော်တို့ကို အရက်သွားဝယ်ပေးစမ်းပါ’

ဆိုပြီး လွတ်လိုက် ကြတယ်။ အဘိုးကြီးလည်း ခဏနေတော့ အရက်ပုလင်းလေးဝယ်ပြီး ပြန်လာလေသည်။ လူငယ်များသည်လည်း ပျော်ပျော် ပါးပါးနဲ့ အရက်သောက်ကြရာ တစ်လုံးကုန်သော်လည်း မမူးသဖြင့် ထပ်ဝယ်ခိုင်းလေသည်။ ထို့နောက် ထပ်သောက်ကြပြန်ရာ ထိုအခါလည်း မမူးပေ။ သို့နှင့် သူတို့လည်း မသင်္ကာတော့ သဖြင့် အဘိုးကြီး ကိုမေးကြသည်။

‘အဘကြီး ကျွန်တော်တို့ အရက်ကို သောက်ပြီး ရေရောများလာသလား’

အဘိုးကြီးက ပြန်ဖြေလေသည်။

‘ငါ့တူတို့ရယ် အဘကအလကား လုပ်ပါ့မလားကွဲ့’

‘ဒါဆိုလည်း ပြီးရောဗျာ ထပ်ဝယ်ချေဦး’

သူတို့ ထပ်သောက်ကြပြန်သည်။ ဒီတစ်ခါလည်း မမူးချေ။ အဘိုးကြီးကို ထပ်မေးကြပြန်သည်။

‘အဘ မလိမ်နဲ့ နော် အဘသောက်ပြီး ရေရောထားတယ်ထင်တယ်’
‘သြော် ငါ့တူတို့ရယ် အဘက အလကား လုပ်ပါ့မလားကွယ့်’

သို့နှင့် သူတို့ ထပ်ဝယ်ခိုင်းပြီး သောက် မမူး ထပ်မေး။ နောက်ဆုံးတော့ အဘိုးကြီးက

‘ငါတူတို့ရယ် အဘအလကား လုပ်ပါ့မလားကွဲ့’

ဟုဆိုကာ မူးလဲသွားလေ၏။
+6

Kakashi.Ydnb

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #125 on: May 21, 2011, 04:59:20 AM »
ဒီစာကို မဖတ်ပါနဲ့။ ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။
ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့ > ခင်ဗျားအတွက် ဘာမှ
အကျိုးရှိမှာ မဟုတ်ဘူး။ တကယ် အကျိုးမရှိလို့ မဖတ်ရဆိုပြီး >
ခေါင်းစဉ် တပ်ထားတာပေါ့။ ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့
ရွေးချယ်ပိုင်ခွင့်ပါ။ > တားမြစ်လို့ မရပါဘူး။ ဒါပေမယ့် လုံးဝ
မဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။ > ပြောနေရင်းနဲ့တောင် ခင်ဗျား
ဆက်ဖက်နေသေးတယ်နော်။ ကျနော်က ခင်ဗျား အတွက် > ပြောနေတာပါ။ ခင်ဗျား
ဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာ ခင်ဗျားအတွက် အကျိုး လုံးဝ >
မရှိလို့ပါ။ အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။
ကျနော်က > ခင်ဗျား အကျိုးကို ရှေးရှူပြီး မဖတ်စေချင်တာပါ။ > >
ဆက်မဖတ်နဲ့တော့နော်။ လုံးဝကို အကျိုး မရှိဘူး။ အကျိုး လုံးဝလုံးဝ
မရှိပါ။ > အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော်
ပြောမပြတတ်တော့ဘူး။ အလားတူဘဲ > .. မဖတ်ပါနဲ့ကိုလည်း
ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။ ဒီတော့ >
ရှင်းရှင်းပြောမယ်။ ဆက်မဖတ်နဲ့။ ပြောနေရင်းနဲ့တောင် ခင်ဗျားဖတ်လာတာ
များသထက် > များလာပြီ။ ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။
ဟုတ်ပြီလား၊ မဖတ်နဲ့တော့။ > ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့
မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။ လူ့စိတ်ကလည်း > အခက်သား၊
မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။ ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်က
> မဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။ မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့
မဖတ်စေချင်လို့ပါ။ >
အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။
ဒါဘဲ။ ကျနော်ပြောမယ်။
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #126 on: May 21, 2011, 05:59:04 PM »
အွန်လိုင်း မေတ္တာပို.နည်း(၈)ချက်..

 Gtalk ထဲက ကျူကျူများ
´ဖက်တီးကြီး´နဲ့ တိုးပါစေ
မပြောဘဲနဲ့ block လုပ်
Gtalk ´ဗိုင်းရပ်စ်´ ကိုက်ပါစေ
နှုတ်ဆက်တာကို စာမပြန်
´ရုပ်ဆိုးမကြီး´ ဖြစ်ပါစေ
မာနကြီးသော မမများ
´ငှက်ပျောတုံး´နဲ့ ညားပါစေ
Busy နေတယ်ပြောသူများ
´အလုပ်´ ပိပြီးပြားပါစေ
invisible လုပ်နေသူများ
ဖျာလိပ်နတ်ကြီးဖွက်ပါစေ
Asl လိမ်, ညာသူများ
ပါးစပ်မှာ ´၀ဲ´ ပေါက်ပါစေ
မိန်းကလေးယောင်ဆောင် Chat သူများ
´Gay ´စစ်စစ်ကြီးဖြစ်ပါစေ
Online ပေါ်က ´ငါ့ချစ်သူ´
ချမ်းသာကိုယ်စိတ်မြဲပါစေ။  / ငါတို့ရွာ
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #127 on: May 21, 2011, 06:09:09 PM »
အားနာရင် .


တစ်ခါက ရွာတစ်ရွာက ညောင်ပင်ကြီးတစ်ပင်မှာ အရမ်းအားနာတတ်တဲ့ ရုက္ခစိုးတစ်ပါးရှိပါတယ်။

ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့ . . . . . . . .

အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ့ တိုင်းလာပြီးပူဇော်ဆုတောင်းနေတဲ့ကောင်မလေးတစ်ယောက် ရှိပါတယ်။

တစ်ရက်နှစ်ရက်မဟုတ် လနဲ့ ချီပြီး နေ့ တိုင်းလာဆုတောင်းနေတော့ ရုက္ခစိုးကအားနာလာပါ တယ်။

ဒါနဲ့  ကောင်မလေး လာပူဇော်တဲ့အခါ ကိုယ်ထင်ပြပြီး ဟေ့ ကောင်မလေး၊

နင်ငါ့ကို နေ့ တိုင်းလာ ပူဇော်နေတာ ဘာကြောင့်လဲ လို့  မေးတယ်။

ဒီတော့ ကောင်မလေးက ဒီလိုပါ . . .ကျွန်မအဖေမှာ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ်။

သားသမီးတွေရလာရင်ပေးစားမယ်ဆိုပြီး အဲဒီသူငယ်ချင်းနဲ့  အဖေနဲ့ ကတိထားကြပါတယ်။

ဒါပေမယ့် အဖေရော သူ့  သူငယ်ချင်းပါ သမီးတွေပဲမွေးခဲ့တော့ သူတို့ ကတိအတွက် အရမ်းစိတ်မကောင်းဖြစ်နေကြတယ်။

ကျွန်မလည်းအဖေ့ကို စိတ်ချမ်းသာစေချင်တယ်။ အဲဒါကြောင့်ကျွန်မကိုယောကျာင်္းလေးဖြစ်အောင် အရှင်ရုက္ခစိုးကူညီပေးပါ လို့ ပြောပြပါတယ်။

ဒီတော့ ရုက္ခစိုးကြီးက ဟဲ့ နင်ယောကျာင်္လေးဖြစ်အောင် ငါကူညီဖို့ မတတ်နိုင်ဘူး။တခြားဆုတောင်းချေ လို့  ပြောရှာတယ်။

ဒါပေမယ့် ကောင်မလေးကလည်း ဒီဆုကိုပဲထပ်တလဲလဲတောင်းနေတော့ ရုက္ခစိုးကြီးကအားနာလာပြီးအင်း . . နင်ဒီလောက်ဆန္ဒပြင်းပြနေရင်လည်း နည်းလမ်းတစ်ခုတော့ရှိတယ်။

..................

ဒါပေမယ့် နင်ကတိတည်ရမယ်

ကျွန်မအဖေရဲ့ ဆန္ဒသာဖြည့်ဆည်းပေးနိုင်ရင် ကတိတည်ပါ့မယ်

ကောင်းပြီ။

နင့်ကိုငါ့ခါးအောက်ပိုင်းခဏငှားလိုက်မယ်။ဒါပေမယ့် တစ်နှစ်တိတိပြည့်တဲ့နေ့ ကျရင်နင်လာပြန်လဲရမယ် ဆိုပြီး ကတိတောင်းတယ်။

ကျေးဇူးကြီးပါတယ်အရှင်ရုက္ခစိုးကြီးရယ်။. . .ဒီလိုနဲ့ ပဲ ရုက္ခစိုးကြီးခမျာ နေရင်းထိုင်ရင်း ရုက္ခစိုးမကြီးဖြစ်သွားရှာတယ်။


ကောင်မလေးကတော့ ရုက္ခစိုးကြီးရဲ့ တန်ခိုးနဲ့ ကောင်လေးဖြစ်သွားတာကြောင့်သူ့ အဖေရဲ့ဆန္ဒအတိုင်းလက်ထပ်ပြီး ပျော်ရွှင်စွာနဲ့ နေထိုင်ခဲ့ပါတယ်။

ရုက္ခစိုးမကြီးကလည်းသူ့ ဗိမာန်မှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။တစ်နေ့ မှာတော့ ရုက္ခစိုးမကြီးရဲ့ ဗိမာန်နားကညောင်ပင်တစ်ပင်ကို
တခြားကရုက္ခစိုးတစ်ပါး Transfer နဲ့  ပြောင်း လာပါတယ်။ဖြစ်ချင်တော့ ရုက္ခစိုးအသစ်ကသူ့ ညောင်ပင်ရဲ့ ပတ်ဝန်းကျင်ကိုလေ့လာရင်း
ရုက္ခစိုးမကြီးကိုတွေ့ သွားပါလေရော။တောအုပ်လေးထဲမှာနှစ်ပါးထဲဆိုတော့ ဟိုရုက္ခစိုးက ရင်တွေဘာတွေခုန်ပြီးကြောင် တော့တာပဲ။

ရုက္ခစိုးမကြီးရဲ့ ညောင်ပင်ဆီ ကို အကြောင်းမရှိအကြောင်းရှာပြီးသွားလည်၊အချိန်ရတိုင်းလည်း ရုက္ခစိုးမလေးတွေကြိုက်တတ်တဲ့ဟာလေးတွေနဲ့  ချုပ် ရတာအမော။ရုက္ခစိုးမကြီးကလည်း သူ့ အကြောင်းသူသိတော့ ရှောင်ရှာပါတယ်။

ဒါပေမယ့် နေ့ တိုင်းနေ့ တိုင်း နားပူနားဆာလုပ်နေတာကြာတော့

ရုက္ခစိုးမကြီးကအားနာနာနဲ့ ပဲ . . . . . . . ။

ဒီလိုနဲ့ 

တစ်နှစ်ပြည့်တော့ကတိအတိုင်း ကောင်မလေးကရုက္ခစိုးကြီးရဲ့ခါးအောက်ပိုင်းကိုလာပြန်လဲပါတယ်။

ရုက္ခစိုးကြီးကလည်း ပြန်လဲမယ်ဆိုပြီးကိုယ်ထင်ပြတဲ့အခါ ကောင်မလေးအရမ်းအံ့သြသွားပါတယ်။ မယုံနိုင်စရာပါပဲ။

ရုက္ခစိုးကြီးမှာ ကိုယ်ဝန်ရှိနေပြီလေ။

ဗိုက်ကလေးကပူလို့  . . .။

ဒီတော့ ကောင်မလေးက အရှင်ရုက္ခစိုးကြီး ကျွန်မကတိအတိုင်းတစ်နှစ်အတိမှာပြန်လာခဲ့ပါတယ်ပေမယ့်

ဒီပုံစံကြီးနဲ့ တော့ပြန်မလဲနိုင်ပါဘူး လို့ ပြောပြောဆိုဆိုနဲ ပြန်ပြေးသွားပါလေရော။

အားနာတတ်တဲ့ ရုက္ခစိုး(မ)ကြီးမှာတော့ ဗိုက်ကြီးတစ်လုံးနဲ့  /ငါတို့ရွာ
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #128 on: May 21, 2011, 06:16:58 PM »
ရောက်ရင်တွေ့မယ်

အရက်သမားတစ်ယောက် အငှားကားကို တက်စီးသည်။ကားဆရာကို
အာလေးလျှာလေးနဲ့ပြောသည်။ ``ကား--ဆရာ၊ကျုပ်ကို----တောင်ဥက္ကလာပ
၈-ရပ်ကွက်ကို-------လိုက်ပို့စမ်းပါဗျာ။´´ ``အိမ်နံပါတ် ဘယ်လောက်လဲ။´´
``ဟိုရောက်တော့---မင်းဟာမင်း---တွေ့---ပါလိမ့်မယ်ကွ။´´
ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်

စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- "ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့
အရက်မျိုးငါသောက်ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်..
အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့"
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #129 on: May 21, 2011, 06:29:17 PM »
ကလေး ဘယ်နှစ်ယောက်ရှိလို့လဲ
အတွင်းရေးမှူး။ ။ ကျွန်မကိုပေးတဲ့ လစာက ကျွန်မမှာရှိတဲ့ အရည်အချင်းနဲ့တွက်ရင် သိပ်နည်းတာပဲ။
သူဌေး။ ။ မင်းကိုပေးထားတဲ့ လစာက မင်းဘေးစားပွဲမှာ ထိုင်တဲ့ ကလေးငါးယောက်ရှိတဲ့ အတွင်းရေးမှူးမထက် များတယ်ကွ။
အတွင်းရေးမှူး။ ။ ဒီမယ် သူဌေးမင်း၊ လစာဆိုတာ ရုံးမှာ အရည်အချင်းရှိရှိနဲ့ ကုန်ထုတ်လုပ်မှုကို ကြည့်တာလား၊ အိမ်မှာရှိတဲ့ ကလေးအရေအတွက်ကို ကြည့်တာလား။

ရဲဆေးတင်ရဦးမှာ
စာရေးဆရာကြီးတစ်ဦးကို သူ့မိတ်ဆွေက မေးနေတာပါ။
“ခင်ဗျားရေးနေတဲ့ ‘သတ္တိကိုမွေးမြူခြင်း’ ဆိုတဲ့စာအုပ် ဘယ်နှယ်လဲ”
“ခုထိ၊ ထုတ်ဝေသူကို သွားမပြ၀ံ့သေးဘူးဗျ”
+4

Tags: